ပေါင်းစည်းခြင်း
Vol. 81 Ch. 1237
အလင်းရောင်တွင် အလွန် ပြင်းထန်သော တုန်ခါခြင်း သို့မဟုတ် ပျက်စီးခြင်း မရှိခဲ့ပေ။ ဖုံးလွှမ်းထားသော ဧရိယာ အတွင်းရှိ အရာအားလုံးက ငြိမ်သက်၍ သွားခဲ့သည်။ နောက်မှ တိုးဝင်လာသော အသူရာချောက်နက် မကောင်းဆိုးဝါးများ၏ စီးကြောင်းနှင့် ထိတ်လန့်နေသော သိဒ္ဓိအလင်းမြို့တော် တို့ အပါအဝင် ဖြစ်သည်။
အရာအားလုံး စတင် ပျက်ယွင်းလာ၏။
သွေးနီရောင် ချော်ရည်များက အမှန် တကယ်တွင် ကြည်လင်သော စမ်းချောင်း အဖြစ်သို့ ပြောင်းလဲ၍ သွားခဲ့သည်။ အသူရာချောက်နက် မကောင်းဆိုးဝါးများက ရွှံ့ရုပ်တုများ အဖြစ်သို့ ခဲသွားခဲ့ပြီး ကြည်လင်သော စမ်းချောင်းဖြင့် ဆေးကြောခြင်း ခံရကာ တစ်ကောင်ပြီးတစ်ကောင် မြေသားနှင့် ကျောက်တုံးများ အဖြစ်သို့ ပျော့ပျောင်း သွားခဲ့သည်။ ပြိုလဲသွားသော သိဒ္ဓိအလင်း မြို့တော်က သစ်ပင်များ တစ်ပင်ပြီး တစ်ပင် ပေါ်လာသည်နှင့်အမျှ တောအုပ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မြေပြင်က ပန်းများနှင့် ပေါင်းပင်များဖြင့် ပြည့်နေပြီး အသက် စွမ်းအားဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် ထိုနေရာတွင် အသက်များ မတည်ရှိတော့ဘဲ လုံးဝ တိတ်ဆိတ်မှုကို ဖော်ပြနေ၏။
လုံးဝတိတ်ဆိတ်မှု နှင့် အသက်စွမ်းအား တို့ ပေါင်းစပ်သွားခဲ့ပြီး ထူးဆန်းသော အခြေအနေ တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထိုအရာမှာ အသစ် ဖန်တီးခြင်းပင်။ အခြား ရှုထောင့်မှ ကြည့်လျှင် ၎င်းမှာ အမှန်တကယ်တွင် အခြား ပျက်စီးခြင်း တစ်မျိုး ဖြစ်သည်။
အလင်းရောင်၏ အလယ်ဗဟိုမှ အဖြူရောင် အလင်းက ရုတ်တရက် အနည်းငယ် မှေးမှိန်သွားခဲ့သည်။ ၎င်းမှာ လက်သည်း တစ်ခု၏ အထဲတွင် ဖမ်းမိ ထားပြီး ဖြစ်သည်။
ထိုသည်း၏ အရေပြား စုတ်ပြဲသွားပြီး အစိမ်းရင့်ရောင် သွေးများ အဆက်မပြတ် စီးကျနေ၏။ လက်သည်း သာမကဘဲ ကြောက်မက်ဖွယ်ရာ ပုံရိပ် တစ်ခုလုံး သည်လည်း အပိုင်းပိုင်း ပြတ်တောက်၍ နေသည်။ ဒဏ်ရာများ အလွန်နက်ရှိုင်းရာ အရိုးများကိုပင် မြင်တွေ့နိုင်၏။
“ပုရွက်ဆိတ်စုတ်။ မင်းက ငါ့ရဲ့ဝိညာဉ် ဇစ်မြစ်ကို တကယ် ဒဏ်ရာ အပြင်းအထန် စေခဲ့တယ်...” ဆိုစဘတ် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ မတည်ငြိမ်သော စိတ်ခံစားချက် အောက်တွင် သူ၏ လက်သည်းထဲမှ အဖြူရောင် အလင်းကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏ ပခုံးများနှင့် တံတောင်ဆစ် များပေါ်မှ အရိုးဆူးများ တုန်ခါသွားပြီး အစိမ်းရောင် အရွက်များ ထွက်ပေါ်လာတော့သည်။
ဆိုစဘတ်၏ မျက်နှာ တွန့်သွားသည်။ သူ၏ လက်သည်းက အစိမ်းရင့်ရောင် စီးကြောင်းများနှင့်အတူ ပျံထွက်သွားပြီး လက်ထဲမှ ဖန်တီးခြင်း စာအုပ်ကို တစ်လွှာပြီး တစ်လွှာ ဖုံးအုပ်လိုက်သည်။ သူ၏ ကိုယ်တစ်ခုလုံးနှင့် သူ၏လက်ထဲမှ သွေးဆဲလ်များ တဖြည်းဖြည်း မှေးမှိန်၍ သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ဆက်သွယ်ရေး အတော်လေး အဆင့် မြင့်နေပြီ ဖြစ်သော လောကအတွက် သတင်းက အလွန်ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။ အထူးသဖြင့်... သတင်းဆိုးပင်။
နောက်ရက် အနည်းငယ် အတွင်းတွင် လောကတစ်ခုလုံးကို တုန်လှုပ်စေသော သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။
သိဒ္ဓိကျောင်းတော်၏ အခြေစိုက်စခန်း ကမ်းပါးဖြူက အသူရာချောက်နက်၏ လုံးဝ ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ၎င်းမှာ နယ်မြေသေ ဖြစ်လာခဲ့သည်။
ကမ်းပါးဖြူက မရေမတွက်နိုင်သော သိဒ္ဓိကျောင်းတော် ယုံကြည်သူများ၏ နှလုံးသားထဲမှ မြင့်မြတ်သော နေရာတစ်ခု ဖြစ်ပြီး အလင်းရောင် နတ်ဘုရား၏ ကောင်းချီးရှိသည်။ ၎င်းကို ကောင်းကင် တမန်တော် သုံးပါး ဦးဆောင်သော အစွမ်းထက် ကောင်းကင်တမန်များနှင့် မရေမတွက်နိုင်သော ကျက်သရေဆောင် စစ်သည်တော်များက ကာကွယ်ထား၏။ ၎င်းမှာ အမြင့်ဆုံး ယုံကြည်မှု၏ အဓိက အမြုတေ ဖြစ်သည်။ မမျှော်လင့်ဘဲ ၎င်းကို အသူရာချောက်နက် မကောင်းဆိုးဝါးများ အမှန်တကယ် လုံးဝ ဖျက်ဆီးခဲ့လေသည်။
ကျက်သရေဆောင် စစ်သည်တော်တွေကာ။ တမန်တော်တွေကော။
နတ်ဘုရား....တွေကော...
သိဒ္ဓိကျောင်းတော် ယုံကြည်သူများ သာမကဘဲ လူသားအားလုံး ထိတ်လန့်၍ သွားကြသည်။ သိဒ္ဓိကျောင်းတော် ကဲ့သို့သော ဧရာမ အဖွဲ့အစည်းကြီးပင် အသူရာချောက်နက်ကြောင့် နင်းချေခြင်း ခံရသည်ဆိုလျှင် ဒီမကောင်းဆိုးဝါးများကို တားဆီးနိုင်မည့်သူ မည်သူ ရှိဦးမည်နည်း။
ခဏတာ အတွင်း ပို၍များလာသော လူများက တိုက်၏ အနောက်ဘက်သို့ ထွက်ပြေး ခဲ့ကြသည်။ အင်ပါယာများက ကျက်သရေပြာ အင်ပါယာ တည်ရှိရာ အရှေ့ဘက် တိုက်နှင့် အလှမ်းဝေး နေသေးသည်။ ဧကရာဇ်များနှင့် တော်ဝင် မျိုးနွယ် မိသားစုများက ထွက်ပြေးနှင့်ပြီး ဖြစ်သည်။ ပြည်သူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေး ခဲ့ကြသည်။ တရားဥပဒေ ကမောက်ကမ ဖြစ်နေ၏။ မရဏနက် နောက်လိုက်များ၊ ရာဇဝတ်သားများသည် ဒုက္ခပေးရန် အခွင့်အရေး ယူနေသည်။ လူသားလောက တစ်ခုလုံး မကြုံစဖူး ဖရိုဖရဲ ဖြစ်နေ၏။
သို့သော် ကျက်သရေပြာ အင်ပါယာနှင့် သိဒ္ဓိအလင်းတောင်တို့ပင် အသူရာချောက်နက် မကောင်းဆိုးဝါးများကြောင့် ဖျက်ဆီးခြင်းခံရသည်ဖြစ်ရာ ထွက်ပြေးလျှင် မည်သည့် နေရာက လုံခြုံနိုင်မည်နည်း။
ချန်လွေ့သည် သိဒ္ဓိအလင်းတောင် ဖျက်ဆီးခံရပြီး နောက်တစ်နေ့ သတင်းကို လက်ခံရရှိခဲ့ပြီး သူလည်း တုန်လှုပ်၍ သွားခဲ့သည်။ သူက [ကြယ်ဂိတ်]ကို ချက်ချင်း အသက်သွင်းလိုက်ပြီး အလင်း နတ်ဘုရားကျောင်း၏ ကြယ်အမှတ်သို့ ရောက်ရှိလာခဲ့သည်။
အသေအချာပင် မူလ ကမ်းပါးဖြူသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲ၍ သွားခဲ့သည်။ သိဒ္ဓိအလင်းမြို့တော်နှင့် သိဒ္ဓိအလင်းတောင်တို့သည် တောအုပ် အပျက်အစီးများ ဖြစ်နေ၏။ ချန်လွေ့က ထိုအထဲမှ ရင်းနှီးသော စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။ ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားပင်။
ဖန်တီးခြင်း စာအုပ်ကို အသုံးပြုခဲ့တဲ့ ကောင်းကင် တမန်တော် သုံးပါးကြောင့် ဖြစ်ရမယ်။ ဒါပေမဲ့ ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားရဲ့ လွှမ်းမိုးမှုနဲ့ စွမ်းအားက အတော်လေး အံ့သြစရာ ကောင်းတယ်။ ချန်လွေ့ပင် ထိတ်လန့်မိသွားသည်။
ဘယ်လိုတိုက်ပွဲမျိုး ဖြစ်ခဲ့တာလဲ။
ရန်သူက ခီလီယာနာ၊ ဆိုစဘတ် ဒါမှမဟုတ် ဒီလော့စ်ရိုလား။
ဖန်တီးခြင်းစာအုပ် အခု ဘယ်မှာလဲ။ ကောင်းကင် တမန်တော် သုံးပါးစလုံးက ကျဆုံးသွားပြီလား။
အခြား အသက်ရှင် ကျန်ရစ်သူတွေ ရှိသေးလား။
မည်သို့ပင် ဆိုစေကာမူ ကမ်းပါးဖြူ ပျက်စီးခြင်းက အမှန်တရား တစ်ခု ဖြစ်လာ၏။ ချန်လွေ့က ပျက်စီးနေသော ကမ်းပါးဖြူတွင် မနေနေခဲ့ပေ။ သူက နတ်ဆိုးဘုံသို့ တန်းတန်း ပြန်သွားခဲ့ပြီး နောက်တစ်ကြိမ် တံခါးပိတ် လေ့ကျင့်မှု အခြေအနေသို့ မဝင်ရောက်ခင် ဆက်စပ် နေသော ကိစ္စရပ် အချို့ကို စီစဉ်ခဲ့သည်။
ဒီနေ့ ကမ်းပါးဖြူက မနက်ဖြန်မှာ တခြား နေရာတစ်ခု ဖြစ်နိုင်တယ်။ နတ်ဆိုးဘုံတောင် ဖြစ်နိုင်တယ်...
ငါ့ ဇာတိမြေနဲ့ ငါ့ရဲ့ အမြတ်နိုးရဆုံး လူတွေ ဖျက်ဆီးခံရနိုင်တယ်။
အဲဒါကြောင့် ငါ့ရဲ့စွမ်းအား မြှင့်တင်ဖို့က ပိုပြီး အရေးကြီးလာပြီ။
နက္ခတ်တာရာများ ပေါင်းစပ်ခြင်း တိုးတက်မှုမှာ စိတ်ကူးထားသလောက် ချောမွေ့ခြင်း မရှိခဲ့ပေ။ ဇိုလာသည်ပင် ခီလီယာနာကို ရင်ဆိုင်စဉ်က ရရှိခဲ့သော ခံစားချက်ကို ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် စူပါစနစ်တွင် ချန်လွေ့က လူတိုင်းမှ အသက်သွင်းလိုက်သော နက္ခတ်တာရာ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဂြိုဟ် ယုံကြည်မှုနှင့် အသက်ကို အခြေခံ၍ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ လျှို့ဝှက်ချက်များကို ပိုမို၍ပင် ကောက်ချက်ချနိုင်ခဲ့ရာ ၎င်းမှာ စွမ်းအား များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
သို့သော် ခီလီယာနာနှင့် တိုက်ခိုက် ခဲ့ဖူးသော ချန်လွေ့က ထိုအရာမှာ မလုံလောက်ကြောင်း လိုနေသေးကြောင်း ကောင်းကောင်း သိနေသည်။
ပိုပို၍ များလာသော ဒုက္ခသည်များကို ရင်ဆိုင်ရသဖြင့် အနောက်ဘက်မှ အင်ပါယာများက ဖိအားများအောက်တွင် ရှိနေသည်။ အကြီးမားဆုံး နဂါးလင်းလက် အင်ပါယာက သက်ရောက်မှု အရှိဆုံးပင်။ အသူရာချောက်နက်က အရှေ့ဘက် အဝေးတွင် ရှိနေသည်ကို အသာထား။ ပြေးဝင်လာနေသော ဒုက္ခသည်များမှာ သူတို့ ကိုယ်တိုင် ကပ်ဘေးတစ်ခု ဖြစ်၏။ အစားအသောက်၊ အဝတ်အထည်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ဖောင်းပွမှု ရှိနေပြီး ငွေကြေးတန်ဖိုးများ လျင်မြန်စွာ ကျဆင်းနေသည်။ အဓိကရုဏ်းများနှင့် လုယက်မှု ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်နေသည်။ တရားဥပဒေ ကမောက်ကမ ဖြစ်နေ၏။
ဧကရာဇ် လက်ဇ်သည် လက်ရှိ အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးရန် အနီးနားမှ အနောက်ဘက် တိုက်ရှိ တိုင်းပြည် ခေါင်းဆောင်များ၏ အစည်းအဝေး တစ်ခုကို အလျင်စလို ခေါ်ဆိုခဲ့သည်။ ပထမဆုံး ပြဿနာမှာ ဒုက္ခသည်များကို ပြန်လည် နေရာ ချထားရေး ဖြစ်သည်။ လူအများအပြားနှင့် ဆက်တိုက် အပျက်သဘော သက်ရောက်မှုများကြောင့် နဂါးလင်းလက်အင်ပါယာကဲ့သို့သော အင်ပါယာတစ်ခုပင် ဒုက္ခသည်များစွာကို လက်ခံနိုင်ခြင်း မရှိပေ။ ထို့အပြင် ၎င်းမှာ အစသာ ရှိသေးသည်။ အချိန် ကြာမြင့် လာသည်နှင့်အမျှ အသူရာချောက်နက် ပျံ့နှံ့လာသည်နှင့် အခြေအနေ ပို၍ပင် ဆိုးလာလိမ့်မည်။
ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက်တွင် အင်ပါယာများက ဒုက္ခသည် ပြန်လည် နေရာချထားရေး၊ ကုန်စည် ဈေးနှုန်းများ၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များ အပေါ် သဘောတူညီချက် အချို့ ရရှိခဲ့ကြသည်။
သို့သော် လက်ရှိ ဆွေးနွေးနေသည်မှာ ရောဂါတစ်ခုကို ကုသ သကဲ့သို့ ယာယီ ဖြေရှင်းနည်း တစ်ခုမျှသာ ဖြစ်ကြောင်း လူတိုင်း အသေအချာ သိရှိကြသည်။ ရောဂါ လက္ခဏာများကိုသာ ကုသ၍ ရနိုင်သော်လည်း အရင်းအမြစ်ကို မကုသနိုင်ပေ။ စစ်မှန်သော အရင်းအမြစ် မှာ အသူရာချောက်နက်ပင်။
ထို့ကြောင့် အစည်းအဝေးက နောက်ဆုံးတွင် အရေးအကြီးဆုံး အဓိက အကြောင်းအရာ များထဲမှ တစ်ခုကို ဆွေးနွေးခဲ့သည်။ အသူရာချောက်နက် ကို မည်သို့ ကိုင်တွယ်ရမည်ကိုပင်။
လက်ရှိတွင် အသူရာချောက်နက်သည် လူသား လောက၏ အရှေ့ဘက်ခြမ်းမှ အင်ပါယာ အများစုကို ဖျက်ဆီးပစ်ခဲ့ပြီး အလယ်ပိုင်းနှင့် အရှေ့ဘက်ခြမ်းများက နောက်ဆုံးသော ထွက်သက် တစ်ခုဖြင့် ရုန်းကန်နေရုံသာ ဖြစ်သည်။ အကယ်၍ ထိုအတိုင်းသာ ဆက်လက်ဖြစ်ပွားနေပါက ထိုကဲ့သို့ ရူးသွပ်မှုက တစ်လျှောက်လုံး ပျံ့နှံ့လာပေလိမ့်မည်။ ၎င်းမှာ လောက တစ်ခုလုံးကို အနှေးနှင့်အမြန်ပင် ဖုံးလွှမ်း သွားပေလိမ့်မည်။ ထိုအချိန် လူသားများ လုံးဝ မျိုးသုဉ်းသွား ပေလိမ့်မည်။
အသူရာချောက်နက်၏ စွမ်းအားကို မဖျက်ဆီးနိုင်လျှင်ပင် မကောင်းဆိုးဝါးများကို ရပ်တန့်ရမည်။ သို့မဟုတ်လျှင် လူသားများက အသူရာချောက်နက် မရောက်ရှိလာခင် ရှုံးနိမ့်သွားပေလိမ့်မည်။
အသူရာချောက်နက်၏ တိုက်ခိုက်ရေး စွမ်းအားမှာ မေးခွန်းထုတ်စရာ မရှိပေ။ ယခင်က ဖျက်ဆီးခံခဲ့ရသော နိုင်ငံများမှ ကြည့်လျှင် မကောင်းဆိုးဝါးများနှင့် ပတ်သက်၍ ကြောက်မက်ဖွယ် အကောင်းဆုံး အရာမှာ သူတို့၏အဆုံးမဲ့ အရေအတွက်များနှင့် ကြောက်ရွံ့မှု မရှိသော အထူးဂုဏ်သတ္တိတို့ပင် ဖြစ်၏။ ကျက်သရေပြာ မြို့တော်မှ တိုက်ပွဲသည် လူသားများနှင့် အသူရာ ချောက်နက် အကြား အနိုင်ရခဲ့သော တစ်ခုတည်းသော တိုက်ပွဲသာ ဖြစ်သည်။ နောက်ဆုံးတွင် လန်ဘိစ်က စစ်တပ်နှင့် ပြည်သူများနှင့် အတူ ကျက်သရေပြာ အင်ပါယာမှ ရွှေ့ပြောင်းထွက်ခွာခဲ့သည်။
စစ်တပ်၏ အရေအတွက်နှင့် ခွန်အား ရှုထောင့်မှ ကြည့်လျှင် လူသား မဟာမိတ် စစ်တပ်ပင်လျှင် အသူရာချောက်နက်ကို မျက်နှာချင်းဆိုင် မယှဉ်နိုင်သည် ဖြစ်ရာ ပထဝီဝင် အားသာချက်များ ကဲ့သို့သော အခြားအချက်များ အပေါ် အားကိုးရမည် ဖြစ်သည်။
ကျက်သရေပြာအင်ပါယာကဲ့သို့ ခိုင်မာသော ဆူးခံတပ်သည် နှစ်နာရီသာ ခံနိုင်ရည်ရှိခဲ့သည်။ သို့သော် ထိုပထဝီဝင် အားသာချက်မှာ သဘာဝ မဟုတ်ပေ။
ဧကရာဇ် လက်ဇ် အဆိုပြုခဲ့သော ပထဝီဝင် အချက်မှာ အကြီးမားဆုံး သဘာဝ အတားအဆီး ဖြစ်သည်။ ၎င်းမှာ ပင်လယ်ဖြူပင်...
ပင်လယ်ဖြူ၏ ပင်လယ်ပြင်မှာ အလွန် ကြီးမားပြီး လူသားလောကကို အရှေ့နှင့် အနောက်ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ဆိုလိုသည်မှာ အရှေ့နှင့် အနောက်တွင် သိဒ္ဓိအင်ပါယာတစ်ခုစီ ရှိနေသော်လည်း အချိန်အကြာကြီး စစ်အေးတိုက်ပွဲများသာ ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ အကယ်၍ အကွာအဝေး အလွန်ပင် နီးကပ်နေပါက အကျိုးစီးပွား ပဋိပက္ခများ အောက်တွင် မကြာခဏ စစ်ပွဲများ ရှိနေပေလိမ့်မည်။ မူလက အလယ်တွင် တိမ်စီးနင်း အင်ပါယာလည်း ရှိနေခဲ့ပြီး သူတို့ကို သိဒ္ဓိအင်ပါယာ သုံးခုဟု ခေါ်ဆိုခဲ့ကြသည်။
ပင်လယ်ဖြူကြောင့်ပင် လူသားလောက၏ အရှေ့မှ အနောက်သို့ ပုံမှန် လမ်းကြောင်းဖြင့် သွားရောက်ရန် အချိန်များစွာ ကြာမြင့်ခြင်း ဖြစ်သည်။
ကြယ်အလင်း အင်ပါယာ၊ လိုင်ရာ အင်ပါယာနှင့် အခြားအင်ပါယာများက ပင်လယ်ဖြူကို ဖြတ်ကူးရန် တယ်လီပို့ လမ်းကြောင်း ဆောက်ရန် အားထုတ်မှု များစွာ ပြုလုပ်ခဲ့ကြသည်။ တယ်လီပို့ လမ်းကြောင်းဖြင့် အရှေ့နှင့် အနောက် တိုက်များအကြား ခရီးသွားလာချိန်ကို များစွာ ချွေတာနိုင်သည်။ ထို့ကြောင့်ပင် လက်ဇ်က ချန်လွေ့ကို ကျက်သရေပြာ အင်ပါယာတွင် သတို့သမီး ကြိုဆိုရန် တစ်လကျော်သာ ပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ တယ်လီပို့ လမ်းကြောင်း ပျက်စီးသွားခဲ့ပါက သူတို့ ပင်လယ်ဖြူကို သင်္ဘောဖြင့်သာ ဖြတ်ကူးနိုင်မည် ဖြစ်ပြီး ၎င်းမှာ အရာအားလုံး အဆင်ပြေပါက အနည်းဆုံး လအနည်းငယ် ကြာမြင့်မည် ဖြစ်သည်။
ထို့ကြောင့် ပင်လယ်ဖြူက လူသားများ အတွက် အသူရာချောက်နက်ကို ခုခံရန် အကောင်းဆုံး အတားအဆီး ဖြစ်သည်။ အသူရာချောက်နက် မကောင်းဆိုးဝါးများက ပုံမှန်အားဖြင့် မီးတောက် စွမ်းအားများ ရှိကြသည်။ ပင်လယ်နှင့်ဆိုလျှင် မကောင်းဆိုးဝါးများ ချုပ်တည်းခြင်း ခံရပေလိမ့်မည်။
အရေး အကြီးဆုံးသော တာဝန်မှာ ပင်လယ်ဖြူတစ်လျှောက်မှ အင်ပါယာများတွင် ခိုင်မာလှသည့် တစ်ခုတည်းသော ကာကွယ်ရေးလိုင်း တစ်ခုကို လျင်မြန်စွာ တည်ထောင်ရန် ဖြစ်ပြီး ထို့နောက် အသူရာချောက်နက် စစ်တပ်နှင့် ရေတပ်တိုက်ပွဲများ အတွက် ပြင်ဆင်ရန် ရေယာဉ်စုများနှင့် လေကြောင်း ဗိုလ်ခြေ အများအပြား ဖွဲ့စည်းရန်ပင်။
တယ်လီပို့ လမ်းကြောင်းကို ဖျက်ဆီး ပစ်ရပေမည်။ ပင်လယ်ဖြူ အရှေ့ဘက်မှ အင်ပါယာများ အတွက်မူ... ၎င်းမှာ သူတို့၏ ကိုယ်ပိုင် ထွက်ပြေးနှုန်း အပေါ်တွင်သာ မူတည်နိုင်၏။
ပထဝီဝင် အခြေအနေ တစ်ခုတည်းဖြင့် မလုံလောက်ပေ။ အလွန်ဆုံး ၎င်းမှာ အသူရာချောက်နက်ကို ခဏသာ တားဆီး နိုင်မည် ဖြစ်သည်။ ပိုမို၍ များပြားပြီး ပိုမို၍ အင်အားကောင်းသော တပ်ဖွဲ့များကို လိုအပ်ပေသည်။
နဂါးများ၊ နတ်သူငယ်များ၊ လူပုများ၊ အော့ခ်များ...
ထိုအရာများကို ပေါင်းထည့်လိုက်လျှင် နတ်ဆိုးများ အလေးချိန်နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။
ကျက်သရေပြာ မြို့တော် တိုက်ပွဲတွင် နတ်ဆိုး စစ်ကူများက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထူးခြားသော အားကောင်းသည့် စစ်တပ်ကို ရွှေရောင် နယ်မြေ စစ်ပွဲတွင် အမှန်တကယ် မပြသခဲ့ပေ။ အကယ်၍ ထိုထူးဆန်းသော တပ်ဖွဲ့များသာ မရှိခဲ့ပါက ဆန်ဒရိုနှင့် မျိုးနွယ်စုများထံမှ စစ်ကူများ ရှိလျှင်ပင် လန်ဘိစ်နှင့် ကျက်သရေပြာမြို့တော်က အသူရာချောက်နက် စစ်တပ်ကို ထိန်းထား ရနိုင်မည် မဟုတ်ပေ။
နတ်ဆိုးများနှင့် ပေါင်းစည်းမှသာ အသူရာချောက်နက်ကို ယှဉ်ပြိုင်နိုင်မည် သို့မဟုတ် အနိုင်ယူနိုင်မည် ဖြစ်သည်။ ယခု တံခါးသည် ရွှေရောင်နယ်မြေတွင် ရှိနေဆဲ ဖြစ်သည်။ လူသားများက အသူရာချောက်နက်ကြောင့် ဖျက်ဆီးခြင်း ခံရသည်နှင့် နတ်ဆိုးများ သေချာပေါက် အသက် ချမ်းသာရာရမည် မဟုတ်ပေ။ သူတို့က အခြေခံအားဖြင့် တူညီသော ကံကြမ္မာကို မျှဝေကြသည်။ နတ်ဆိုးဘုံ၏ ဧကရီအရှင်မ သုံးပါး... နတ်ဆိုးဘုံကို အမှန်တကယ် ထိန်းချုပ်ထားတဲ့ အာသာ အပါအဝင် ထိုအမှန်တရားကို နားလည် နိုင်မည်ဟု လက်ဇ်က ယုံကြည်သည်။
ရွှေရောင် နယ်မြေ စစ်မြေပြင်မှာ အာသာက ဒီအကြောင်းပြချက်ကြောင့် ကောင်းကင် တမန်တော် သုံးပါးနဲ့ တိုက်ခိုက်တာကို ရပ်ခဲ့တာ မဟုတ်လား။
အင်ပါယာအားလုံးက နတ်ဆိုးများနှင့် စည်းလုံးရန် သဘောတူညီခဲ့သော်လည်း သူတို့အားလုံး အတော်လေး သတိထား နေကြ၏။ လူသားများ အရေးကြီးဆုံးနှင့် အားအနည်းဆုံး ဖြစ်နေချိန်တွင် နတ်ဆိုးများက ဆိုးသွမ်းသော ရည်ရွယ်ချက်များဖြင့် မဖျော်ဖြေဘဲ အမှန်တကယ် ပူးပေါင်း ဆောင်ရွက် ကြမည်လား။ လူသားလောကကို တိုက်ရိုက် အောင်နိုင်ရန် ထိုကဲ့သို့ အခွင့်အရေးကို တိတ်တဆိတ် စီစဉ်၍ နေကြသည်လား။ မည်သို့ပင် ဆိုစေကာမူ နှစ်ဖက် အကြားမှ အငြိုးအတေးက အချိန်တိုအတွင်းတွင် ပြေလည်မည် မဟုတ်ပေ။ ၎င်းမှာ အိမ်ထဲသို့ ဝံပုလွေကို ခေါ်ဆောင်လာခြင်း ဖြစ်မဖြစ် မည်သူမှ အာမခံနိုင်ခြင်း မရှိပေ။ သို့သော် လက်ရှိ အခြေအနေမှ ကြည့်လျှင် လူသား၏ ကိုယ်ပိုင် စွမ်းအားအပေါ် အားကိုးပြီး တစ်ယောက်တည်း တိုက်ခိုက်ခြင်းမှာ အခြေခံအားဖြင့် သေလမ်း တစ်ခု ဖြစ်ကြောင်း လူတိုင်း အသေအချာပင် သိရှိကြသည်။
ပူးပေါင်း ဆောင်ရွက်မှုက မဖြစ်မနေ လိုအပ်သည်။
အနည်းငယ် မျှော်လင့်မထားသည်မှာ ဧကရာဇ် လက်ဇ်က နတ်ဆိုးဘုံသို့ သံတမန် စေလွှတ်ပြီး ခဏအကြာတွင် သူက နတ်ဆိုးဘုံ၏ အင်ပါယာ သုံးခု မဟာမိတ်ထံမှ တိကျသော အဖြေတစ်ခု ချက်ချင်း ရခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် နှင့် အသူရာချောက်နက်ကို အတူတကွ ကိုင်တွယ်ရန် သဘောတူညီခဲ့သည်။
နတ်ဆိုးဘုံက လူသားလောကသို့ တပ်များ စေလွှတ်လိုက်မည် ဖြစ်ပြီး ပင်လယ်ဖြူတွင် အသူရာချောက်နက် စစ်တပ်ကို တိုက်ခိုက်ရန် လူသားများနှင့် လက်တွဲမည် ဖြစ်သည်။
လူသားလောက ရှုထောင့်မှ ကြည့်လျှင် ထိုအရာမှာ ကျက်သရေပြာ မြို့တော်၏ နောက်ဆုံး တိုက်ပွဲအပြီး နတ်ဆိုးဘုံမှ ပေးပို့လိုက်သော ဒုတိယမြောက် တပ်ဖွဲ့ အသုတ် ဖြစ်သည်။ နတ်ဆိုးဘုံ၏ ရှုထောင့်မှ ကြည့်လျှင် ယခုတစ်ကြိမ်က လူသား လောကနှင့် အမှန်တကယ် အင်အား ပေါင်းစည်းခြင်း ဖြစ်သည်။ အကြောင်းမှာ ယခုတွင် ယခင်တစ်ခေါက် စေလွှတ်လိုက်သော ချန်လွေ့၏ ရှေးဟောင်းဗိုလ်ခြေသာ မဟုတ်တော့ဘဲ နတ်ဆိုးများ၏ တကယ့်စစ်တပ်များ ဖြစ်သောကြောင့်ပင်။
ဆိုလိုသည်မှာ ၎င်းက လူသားများနှင့် နတ်ဆိုးများအကြား ပထမဆုံးသော စစ်မှန်သည့် ပူးပေါင်းဆောင်ရွက်မှုပင် ဖြစ်လေသည်။