← Chapters

ပင်လယ်ဖြူတိုက်ပွဲ

Vol. 81 Ch. 1240

ပင်လယ်ဖြူတိုက်ပွဲ

Vol. 81 Ch. 1240

လူသားလောက၌ ဖြစ်သည်။

အရှေ့ဘက်တိုက်မှ တယ်လီပို့ လမ်းကြောင်း လုံးဝ ပိတ်သွားသည်မှာ ၃လ ရှိနေပြီ ဖြစ်သည်။

တယ်လီပို့ လမ်းကြောင်း ပိတ်ထားပြီး ဖြတ်သန်း မရနိုင်ဘဲ ပင်လယ်ဖြူက တစ်ခုတည်းသော ကာကွယ်ရေးလိုင်း တစ်ခုကို တည်ထောင်ထား ခဲ့သော်လည်း လူသားအများအပြားက ပင်လယ်ကို ဖြတ်ကူးကာ အနောက်ဘက် တိုက်သို့ ထွက်ပြေးရန် ရောက်ရှိ၍ လာနေကြဆဲ ဖြစ်သည်။

ပင်လယ်ဖြူ၏ အနောက်ဘက် ကမ်းခြေမှ ခုခံကာကွယ်နေကြသော စစ်သည်များက ထိုဒုက္ခသည်များအတွက် လမ်းကြောင်းကို လုံးဝ ဖြတ်တောက်ခြင်း မရှိခဲ့ပေ။ သူတို့က ထွက်ပြေးလာသော သင်္ဘောများကို အရှေ့ပင်လယ် ဧရိယာရှိ ကာကွယ်ရေးဇုန်ကို ဖြတ်သန်းရန်အတွက် လမ်းညွှန်ပေးရန် အထူး လမ်းညွှန်သင်္ဘော အဖွဲ့တစ်ဖွဲ့ကို တည်ထောင် ခဲ့ကြသည်။ သို့သော် ပင်လယ်ဖြူ၏ ပင်လယ်ပြင်မှာ အလွန်ပင် ကြီးမားပြီး ပင်လယ်နက်ရေပြင် ပတ်ဝန်းကျင်မှာ အလွန် ကြမ်းတမ်းနေရာ လမ်းညွှန် သင်္ဘော ဧရိယာသို့ ရောက်ရှိ နိုင်သော သင်္ဘောများ၏ အချိုးအစားမှာ အတော်လေးကို နည်းပါးလှပေသည်။ ကြမ်းတမ်းသော လှိုင်းလုံးများကြားတွင် လူ မည်မျှလောက် သေဆုံးခဲ့ရသည်ကို မသိရသော်လည်း မည်သို့ပင် ဖြစ်စေကာမူ နောက်ဆုံးတွင် အသက်ရှင်သန်နိုင်မည့် အလင်းရောင်တစ်ခု ရှိနေသေး၏။

လွန်ခဲ့သော ရက်အနည်းငယ်တွင် သင်္ဘောအများအပြားက လမ်းညွှန်အဖွဲ့၏ လမ်းညွှန်မှု အောက်တွင် ပင်လယ်ဖြူ၏ အနောက်ဘက် ကမ်းသို့ ဘေးကင်းစွာ ရောက်ရှိခဲ့သော်လည်း အချိန်ကြာမြင့် လာသည် နှင့်အမျှ လမ်းညွှန်အဖွဲ့သည် သင်္ဘောများကို ပို၍ပို၍ နည်းပါးစွာ တွေ့ရှိရသည်။ ၎င်းမှာ အရှေ့ဘက်တိုက်မှ အခြေအနေ ပို၍ပင် ဆိုးရွားလာကြောင်း ညွှန်ပြနေသည်။

လွန်ခဲ့သော ၃လအတွင်း လူသားနှင့် နတ်ဆိုး မဟာမိတ်စစ်တပ်က အစီအစဉ် များနှင့် ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့ပြီး ကမ်းရိုးတန်းတလျှောက်တွင် တစ်ခုတည်းသော ခံတပ်များကို တည်ဆောက်ကာ စိစစ်ခြင်းနှင့် လေ့ကျင့် ခြင်းတို့မှတစ်ဆင့် အချိန်တို အတွင်း ပူးပေါင်းရေတပ်တစ်ခုကို ဖွဲ့စည်းခဲ့သည်။

ပင်လယ်ဖြူ အရှေ့ဘက် ကမ်းရိုးတန်း၌ ဖြစ်သည်။

တလက်လက်ဖြစ်နေသော သွေးများက ကမ်းခြေပေါ်မှ မြေပြင်ကို ဖုံးလွှမ်းထား၏။ ကောင်းကင်မှ တိမ်များနှင့် အနီးအနားမှ ရေပြင်များပင် အနီရောင် ဟပ်နေသည်။

အဆုံးမဲ့ မကောင်းဆိုးဝါး စစ်တပ်သည် ပြည့်ကျပ်နေပြီး ဟိန်းဟောက်သံများနှင့် အော်ဟစ်သံများ နေရာလွတ် တစ်ခုလုံးကို ပြည့်နှက်နေ၏။

ထိုအသူရာချောက်နက် မကောင်းဆိုးဝါးများက နောက်ဆုံးသော အသက်သွေးကြောဖြစ်သည့် ကမ်းရိုးတန်းကို သိမ်းပိုက်ထားခြင်းက အရှေ့ဘက်တိုက်မှ လူသားအားလုံးမျာ အခြေခံအားဖြင့် ပျက်စီးသွားကြောင်းကို ဆိုလိုပေသည်။

အသူရာချောက်နက် မကောင်းဆိုးဝါးများက အလွန်အမင်း အားကောင်းကြသော်လည်း သူတို့က ကြီးမားကျယ်ပြန့်လှသော ပင်လယ်ဖြူကို အတင်းအကျပ် ဖြတ်ကူးနိုင်စွမ်း မရှိပေ။

ပင်လယ်ဖြူက အလွန်ပင် ကြီးမား ကျယ်ပြန့်လှသည်။ ၎င်းကို အိပ်မက်ဆိုး တောနက်ကဲ့သို့ နေရာလေးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ သာမန် သင်္ဘောတစ်စင်းက ပင်လယ်ပြင်ကို ဖြတ်သန်းရန် လနှင့်ချီ ကြာမြင့်ပေသည်။ ပျံသန်းနိုင်စွမ်း ရှိသော မီးလျှံစုန်းမနှင့် အသူရာချောက်နက် သခင်ပင် အထူးအဆင့်သို့ ရောက်နေသော မကောင်းဆိုးဝါးများမှလွဲ၍ ခြေထောက်ကို မြေကြီးပေါ် မထိဘဲ အနောက်ဘက်သို့ တိုက်ရိုက် ပျံသန်းနိုင်ခြင်း မရှိပေ။ သို့သော် ၎င်းမှာ ရိုးရှင်းသော ပျံသန်းမှု တစ်ခု မဟုတ်ဘဲ စစ်ပွဲ ဖြစ်သည်။ ယခု လူသား မဟာမိတ်စစ်တပ်က ရန်သူများ အင်အား ကုန်ခမ်းသွားရန်ကို စောင့်ဆိုင်းနေသည်။ သူတို့က ပင်လယ်ပြင်တွင် ရေတွက်၍ မရနိုင်သော ကာကွယ်ရေး လိုင်းများနှင့် ထောင်ချောက်များ ဆင်ထားကြသည်။ ထိုကဲ့သို့ မဆင်မခြင် သွားရောက်ခြင်းက တစ်ယောက်တည်း အနက်ရှိုင်းဆုံးအထိ သွားရောက်ခြင်းနှင့် အရေအတွက်တွင် အကြီးမားဆုံး အားသာချက် ဆုံးရှုံးလိုက် ရခြင်းနှင့် ညီမျှသည်။ ထို့အပြင် အကယ်၍ သူတို့က လမ်းထဲတွင် စွမ်းအားများစွာ ကုန်ဆုံးခဲ့ပါက လူသား အစွမ်းထက် ပုဂ္ဂိုလ်များ အလွယ်တကူ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

အကယ်၍ ခီလီယာနာက ချော်ရည် အေးသွားပြီး ပင်လယ်ကို ကုန်းမြေအဖြစ် ပြောင်းလဲ ပစ်လိုက်သော စွမ်းအားကို အသုံးပြုခဲ့ပါက ထိုကြီးမားကျယ်ပြန့်သော ပင်လယ်ဖြူ၌ အောင်နိုင်ရန် အသာထား။ ကုန်ကျစရိတ် တစ်ခုတည်းကပင် အလွန် မြင့်မားပေလိမ့်မည်။

ပင်လယ်ဖြူက အသူရာချောက်နက် အတွက် ကြီးမားလှသော ပြဿနာတစ်ခု ဖြစ်စေနေပုံရ၏။ ကံဆိုးစွာပင် အရာရာက ထိုမျှလောက် မရိုးရှင်းပေ။

မကောင်းဆိုးဝါး စစ်တပ်တွင် အထူး တွန့်လိမ် လှုပ်ရှားမှုများ ရှိနေလေသည်။ ထူးဆန်းသော အရာများကို ပင်လယ်ထဲသို့ တစ်ခုပြီးတစ်ခု တွန်းပို့နေ၏။

သွေးစွန်း သင်္ဘောများပင်။

ထူးဆန်းပြီး ကြောက်စရာကောင်းသော သင်္ဘောများ၏ မျက်နှာပြင်ပေါ်တွင် အရေပြားကဲ့သို့ သွေးနီရောင် အသားစများ တွန့်လိမ်ပြီး အနည်းငယ် ကျုံ့ဝင်နေ၏။ ၎င်းမှာ အသက်ရှူနေသလို ထင်ရသည်။ ပင်မကိုယ်ထည်၏ အရိုးစုမှာ တကယ့် အရိုးဖြစ်သည်။ ကျောရိုးများ၊ ခြေထောက် အရိုးများ၊ ဦးခေါင်းခွံများ... အရိုးအမျိုးမျိုး ရောနှောနေ၏။ ထိုအရိုးများ၏ ဇစ်မြစ်မှာ လူသားများ၏ အလောင်းများဖြစ်ကြောင်း ထင်ရှားပေသည်။ သင်္ဘောတစ်စင်းစီက ရေတွက်၍ မရနိုင်သော အသက်များ၏ ပျက်စီးခြင်းကို ကိုယ်စားပြုပေသည်။

သွေးစွန်း သင်္ဘောများ ရေထဲသို့ ဝင်ရောက်ပြီးနောက် အသူရာချောက်နက် မကောင်းဆိုးဝါးများက သင်္ဘောများပေါ် တစ်ကောင်ပြီးတစ်ကောင် ခုန်တက်လိုက် ကြသည်။ သင်္ဘောက အသက်ရှိသတ္တဝါ တစ်မျိုးမျိုးကဲ့သို့ပင် မောင်းနှင်သူ မပါဘဲ အလိုအလျောက် မောင်းနှင်နေသည်။

သွေးသင်္ဘောများ ပို၍ပင် ပေါ်လာပြီး အသူရာချောက်နက် မကောင်းဆိုးဝါးများ အသုတ်လိုက်နှင့် ပြည့်ကျပ်နေလျက် ပင်လယ်ဖြူထဲသို့ သယ်သွားခဲ့သည်။

ပင်လယ်ဖြူ၏ အရှေ့ပင်လယ်ပြင်တွင် မီးပြတိုက်များပေါ်မှ မှော်မျက်လုံးများက အကွာအဝေးအတွင်းသို့ ရောက်လာသော ထိုမကောင်းဆိုးဝါးများကို ချက်ချင်းပင် ရှာဖွေ တွေ့ရှိခဲ့ပြီး အနောက်ဘက်တိုက် မဟာမိတ် စစ်တပ် ထောက်လှမ်းရေး ဌာနသို့ ချက်ချင်း ပြန်အစီရင်ခံခဲ့သည်။ ပင်လယ်ဖြူ၏ အနောက်ဘက်ကမ်းနှင့် ပင်လယ် အခြေစိုက်စခန်းတွင် စောင့်ဆိုင်း နေသော ရေတပ်များကလည်း စတင်၍ လှုပ်ရှားခဲ့ကြသည်။

ပင်လယ်က ကုန်းမြေနှင့် မတူပေ။ စစ်တပ် ရွှေ့ပြောင်းခြင်းက တစ်ညတည်း မပြီးစီးနိုင်။ အသူရာချောက်နက် စစ်တပ် ပင်လယ်ကို ဖြတ်ကူးနေကြောင်း သတင်း ရရှိပြီးနောက် ပင်လယ်ပြင် ပိတ်ဆို့မှုနှင့် မှော်ကာကွယ်မှုများ အားလုံးကို ဖွင့်လှစ် လိုက်ပြီ ဖြစ်သည်။

၇ရက်ကြာ ရွက်လွှင့်ပြီး နောက်တွင် အသူရာချောက်နက်၏ သွေးစွန်းသင်္ဘော အုပ်စုက နောက်ဆုံး၌ မဟာမိတ်စစ်တပ်မှ ချထားသော ပထမဆုံး ကာကွယ်ရေးလိုင်း နှင့် ကြုံတွေ့ခဲ့ရသည်။

ဘုန်း...

ရေမျက်နှာပြင်ပေါ်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ကောင်းကင်သို့ တက်သွားခဲ့သော ရေတိုင်လုံး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သွေးစွန်းသင်္ဘောတစ်စင်းက ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားကြောင့် စုတ်ပြဲသွားခဲ့၏။ သင်္ဘောပေါ်မှ မကောင်းဆိုးဝါးအများစု သေဆုံးသွားခဲ့ပြီး အေးစက်သော ပင်လယ်ရေ အထဲသို့ ကျသွားခဲ့ကြသည်။ အနီးအနားရှိ သင်္ဘောများ အပေါ်သို့ မတက်ရောက်နိုင်ခဲ့သော မကောင်းဆိုးဝါးများက ပင်လယ်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ရသည်။

ပေါက်ကွဲမှုက အလွန် အားကောင်းရာ အနီးနားမှ သွေးစွန်းသင်္ဘော နှစ်စင်း၏ ကိုယ်ထည်များသည်ပင် စုတ်ပြဲသွားပြီး ကြောက်မက်ဖွယ်ရာ အရိုးများ ပေါ်လွင် သွားစေသည်။ သို့သော်လည်း သွေးစွန်း သင်္ဘောများတွင် အတိုင်းအတာ တစ်ခု အထိ ပြန်ကောင်းမွန်နိုင်စွမ်း ရှိပုံရသည်။

ဘုန်း ဘုန်း ဘုန်း...

ဆက်တိုက် ပေါက်ကွဲသံများ ထွက်ပေါ် လာခဲ့ပြီးနောက် သွေးစွန်းသင်္ဘောများက ပေါက်ကွဲမှုများ အထဲ၌ နောက်တစ်ကြိမ် နစ်မြုပ်သွားခဲ့သည်။

၎င်းမှာ ရေတပ်စစ်ပွဲ၌ အသုံးအများဆုံး ကာကွယ်ရေး လက်နက် ဖြစ်သည့် ရေမြှုပ်မိုင်းများပင်။

ရေမြှုပ်မိုင်းများသည် ရေမျက်နှာပြင် အပေါ်တွင် မျောနေပြီး တိုက်မိလျှင် ပေါက်ကွဲသည်။ ပေါက်ကွဲမှု၏ စွမ်းအားမှာ အတော်လေး အံ့ဩဖွယ် ကောင်းလှသည်။ သွေးစွန်း သင်္ဘောများတွင် အထူး ပြန်ကောင်းမွန်နိုင်စွမ်း ဂုဏ်သတ္တိ အချို့ ရှိလျှင်ပင် မိုင်းများကို တိုက်မိပြီးနောက် သင်္ဘောများ အများအပြား ဖောက်ခွဲခြင်း ခံခဲ့ရသည်။

ကုန်းမြေပေါ်မှ စစ်ပွဲကဲ့သို့ပင် အသူရာချောက်နက် ရေယာဉ်စုက မရပ်တန့်ဘဲ ရှေ့သို့ ဆက်လက် ရွေ့လျား သွားခဲ့သည်။

ဆက်တိုက် ပေါက်ကွဲမှုများက မှော်စက်ဝိုင်း ထောင်ချောက် အချို့ကို အသက်ဝင်စေခဲ့သည်။ ရေမျက်နှာပြင် အပေါ်တွင် ထူးဆန်းသော တုန်ခါမှုတစ်ခု ရှိနေပြီး အလင်းတန်းများ ထွက်လာ၏။ သွေးစွန်းသင်္ဘော တစ်စင်းကို ပစ်ခတ်ပြီး နောက်တွင် ၎င်းမှာ အလင်းယိုင်သွားပြီး အခြားသင်္ဘောတစ်စင်းဆီ သွားလိုက်ဟန် တူသည်။ ထိုနည်းအတိုင်းပင် ရေတွက်၍ မရသော အလင်းတန်းများက ကြီးမား လှသော ပုံစံကွက် တစ်ခုအဖြစ် ရောယှက် သွားခဲ့သည်။

ထိုအလင်းများက မည်သည့် သေစေ နိုင်စွမ်းမှ မရှိဘဲ နေရာချထားရန်အတွက် အသုံးပြုခြင်း ဖြစ်သည်။ ၁၀စက္ကန့်ခန့် ကြာပြီးနောက် စစ်မှန်သော မှော်စက်ဝိုင်း အသက်ဝင်လာခဲ့သည်။

ပင်လယ်ရေက အလျင်အမြန် စတင်၍ လည်ပတ်လာပြီး ကြီးမားသော ဝဲဂယက် တစ်ခု ပေါ်လာခဲ့သည်။ ၎င်းတွင် မီတာ တစ်ထောင်ကျော် အချင်း ရှိနေသည်။ နေရာချထားသော အကွာအဝေးအတွင်းမှ သွေးစွန်းသင်္ဘောများ အားလုံး ဝဲဂယက် အထဲသို့ စုပ်ယူခံလိုက်ရပြီး လျင်မြန်စွာ ဝါးမျိုခြင်းခံလိုက်ရ၏။

မီးလျှံ စုန်းမနှင့် အသူရာချောက်နက် သခင်ကဲ့သို့ အစွမ်းထက် အသူရာ ချောက်နက် မကောင်းဆိုးဝါးများစွာက ကောင်းကင်သို့ တစ်ကောင်ပြီးတစ်ကောင် တက်သွားခဲ့ကြသည်။ အချို့မှာ ဝဲဂယက် အပေါ်သို့ အစွမ်းထက် တိုက်ခိုက်မှုများပင် သုံးနိုင်ခဲ့သော်လည်း ရေယာဉ် အများစုမှာ ဝဲဂယက်ကြောင်း ဝါးမျိုခံလိုက်ရဆဲပင်။

အမှန်မှာ ၎င်းသည် မှော်စက်ဝိုင်း ကိုယ်တိုင်၏ စွမ်းအား မဟုတ်ဘဲ ပင်လယ် စွမ်းအား ဖြစ်သည်။

မှော်စက်ဝိုင်း လုပ်ဆောင်ချက်အမှန်မှာ တိုက်ခိုက်ရန်မဟုတ်ဘဲ အချိန်အကြာကြီး စုစည်းထားနေသော ပင်လယ်၏ သဘာဝ စွမ်းအားကို အသက်ဝင်စေရန် ဖြစ်ပြီး အံ့ဩဖွယ်ရာ စွမ်းအားနှင့် အတိုင်းအတာ ရှိသည့် ထိုသို့သော ဝဲဂယက် တစ်ခုကို ဖန်တီးရန် ဖြစ်သည်။

ပင်လယ်ထဲ နူးညံ့ပျော့ပျောင်းသော ရေက ကြီးမားသော စွမ်းအား ရှိနေရာ တိုက်ရိုက် တိုက်ခိုက်ရန် မလိုအပ်ပေ။ စစ်ပွဲပတ်ဝန်းကျင် ဖြစ်သော ပင်လယ်က ရန်သူကို အလိုလို ရှင်းလင်းပစ်နိုင်၏။

ရေတပ်စစ်ပွဲဆိုသည်မှာ ထိုအရာပင်။

သို့သော် အသက်ဝင်သွားပြီ ဖြစ်သော ကာကွယ်ရေးလိုင်းက သက်ရောက်မှုကို ဆုံးရှုံးသွားခြင်းနှင့် ညီမျှသည်။ ၎င်းက နောက်ဆက်တွဲ ပျက်စီးမှု သို့မဟုတ် ခြိမ်းခြောက်မှုများကို မလုပ်နိုင်တော့ပေ။

ရှေ့ပြေး တပ်ဖွဲ့များ ထက်ဝက်ခန့် ဝါးမျိုခံခဲ့ရသော်လည်း သွေးစွန်းသင်္ဘော ရေယာဉ်စုက တူညီသော အရှိန်ဖြင့် ရှေ့ဆက်သွားနေဆဲ ဖြစ်သည်။ သူတို့က အဖော်များ ပျက်စီးသွားခြင်းကြောင့် အနည်းငယ်မျှ သက်ရောက်မှု မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် ကျွန်းတစ်ကျွန်းရှိ ဌာနချုပ်တွင် ဖြစ်သည်။

ထောက်လှမ်းရေးအရာရှိက အစီရင်ခံလိုက်သည်။ “ဗိုလ်ချုပ်။ ရန်သူက အရှေ့ပင်လယ်ပြင်(၂၇) ဧရိယာမှာ ပေါ်လာပြီ။ ဝဲဂယက် ကာကွယ်ရေးလိုင်းနဲ့ ရေနဂါး ကာကွယ်ရေးလိုင်း အသက်ဝင် သွားပါပြီ...”

တပ်မှူး ဆန်ဒရိုက စဉ်းစားနေသော အမူအရာကို ထုတ်ဖော် ပြသလိုက်သည်။ “ကာကွယ်ရေးလိုင်း နှစ်ခု အသက်ဝင်တဲ့ ကြားက အချိန်ကို အစီရင်ခံ။”

“တစ်နာရီပါ...”

ဆန်ဒရို ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။ “ရန်သူရဲ့အရှိန်က ငါတို့ ထင်ထားတာထက် ပိုမြန်နေတဲ့ပုံပဲ။ သူတို့ မိနစ်၅၀ အတွင်း လောက်မှာပဲ ရေခဲ ကာကွယ်ရေးလိုင်းကို ရောက်နိုင်တယ်။ ပထမဆုံး ရေယာဉ်စုကို ချက်ချင်း ထွက်ခွာဖို့ အမိန့်ပေးလိုက်။ အသူရာ ချောက်နက် ရေခဲ ကာကွယ်ရေးလိုင်းကို ကျော်ဖြတ်ပြီးသွားရင် မျက်နှာချင်းဆိုင် တိုက်ခိုက်မှုတစ်ခု စတင်လိုက်။ ဒုတိယနဲ့ တတိယ ရေယာဉ်စုတွေ မိနစ်၃၀အတွင်း ထွက်ခွာ။ အသူရာချောက်နက် စစ်တပ်ကို အသုတ်လိုက် ဖြတ်တောက်။ စစ်တပ် တစ်ခုလုံးရဲ့ အလွှာနဲ့ အခင်းအကျင်းကို အာရုံစိုက်...”

“အမိန့်အတိုင်းပါ...”

ဆန်ဒရိုဘေးတွင် နတ်ဆိုး မဟာမိတ် စစ်တပ်၏ ဒုတိယတပ်မှူး ဂီရန့် ရှိနေပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဒီလူသား ဗိုလ်ချုပ်က တကယ့်ကို ထူးကဲတာပဲ။ သူက ကာကွယ်ရေးလိုင်း နှစ်ခု အသက်ဝင်တဲ့ အချိန်ကွာခြားချက် ကနေ အသူရာချောက်နက် ရေယာဉ်စုရဲ့ ရွက်လွှင့်တဲ့ အရှိန်ကို ချက်ချင်း ခန့်မှန်းခဲ့တယ်။ သူက ကိုယ်ပိုင်ရေယာဉ်စု စေလွှတ်ဖို့ အချိန်နဲ့ ပတ်သက်ပြီးလည်း အတော်လေးကို တိကျတယ်။ ဒုတိယနဲ့ တတိယ ရေယာဉ်စုတွေရဲ့ ဖြတ်တောက် တာက ပါရမီရှင် တစ်ယောက် လက်ရာပဲ။ ရန်သူရဲ့ အခင်းအကျင်းကို ဖြိုခွဲနိုင်တယ်။ အသူရာ ချောက်နက် စစ်တပ်ရဲ့ အဆုံးမဲ့ ဂုဏ်သတ္တိကိုလည်း ခုနှိမ်နိုင်တယ်။

“ဟေး။ ငါ ပြောပြမယ်။ ဒါက ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။” သူ့ဘေးမှ ပါ့ဂ်လီအိုက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ခေါင်းကုတ်နေသည်။ “သူတို့ကို တိုက်ရိုက် ရှင်းပစ်ဖို့ နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် စေလွှတ်လိုက်။ ဥပမာ ဒြပ်စင်တွေမှာ ကျွမ်းကျင်တဲ့ အရူးမ တစ်ယောက်ကိုပေါ့။ တကယ်လို့ သူက အဆုံးသတ် မှော်တိုက်ကွက် အနည်းငယ် သုံးလိုက်မယ်ဆိုရင် မျက်နှာပြင်တောင် အပြောင်ရှင်းသွားလိမ့်မယ်။”

အစ်ဇဘယ်လာက ခေါင်းခါလိုက်ပြီး ပြောသည်။ “အသူရာချောက်နက် မကောင်းဆိုးဝါးတွေက အဆုံးမဲ့ပဲ။ ဇိုလာ သူတို့ကို ဆက်တိုက် သတ်နေရင်တောင်မှ သူတို့ အကုန်လုံးကို မသတ်နိုင်ဘူး။ ဒါက အရေးမပါရှိတဲ့ အသူရာချောက်နက် စစ်တပ်ရဲ့ အရှိန်ကို နှေးကွေးစေရုံပဲ ဖြစ်နိုင်မယ်။ တကယ့် အရင်းအမြစ်က အုပ်စိုးသူ သုံးဦးပဲ။ တကယ်လို့ ရှင်က အုပ်စိုးသူ သုံးဦးကို အနိုင်ယူနိုင်မယ်ဆိုရင် အသူရာချောက်နက်စစ်တပ်က တိုက်ခိုက်စရာ မလိုဘဲနဲ့ အလိုလို ပြိုလဲ သွားလိမ့်မယ်။ အဆင့်မြင့် စွမ်းအားအရ ဆိုရင် ကျွန်မတို့က အားနည်းတဲ့ဘက်မှာ ရှိနေတယ်။ အခု ကျွန်မတို့ အေးဆေး နေနေပြီးတော့ ပြိုင်ဘက်ကို တန်ပြန်ဖို့ နည်းဗျူဟာတွေ အများဆုံး သုံးရမယ်။ ချန်လွေ့၊ ဇိုလာ၊ မိုက်ကယ်နဲ့ အခြား သူတွေ အပါအဝင် နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်တွေက ဘယ်လိုမျိုး စွမ်းအားမှ ဖြုန်းတီးလို့ မရဘူး။ ပြီးတော့ သူတို့က အလွယ်တကူ ထုတ်ဖော်ပြသလို့ မဖြစ်ဘူး။ စိတ်ရှည်ရှည် စောင့်နေရမယ်။ အသူရာချောက်နက်ရဲ့ အုပ်စိုးသူတွေကို ကိုယ်ပိုင် ပေါ်လာဖို့ သွေးဆောင်ရမယ်။ အဲဒါနဲ့မှ ကျွန်မတို့ အနိုင်ရဖို့ အခွင့်အရေး ရှိနိုင်မယ်။”

“မဒမ်-ဒေါ်လေး ရှင်းပြစရာ မလိုပါဘူး။ တစ်ယောက်ယောက်ရဲ့ အိုင်ကြူက အမြဲ အနုတ်လက္ခဏာ ဖြစ်နေတာ။ ဒါကြောင့် အင်အားတွေ အလကား မဖြုန်းတီးပါနဲ့။” ပြဿနာရှာသူမှာ ရိုမန်ပင် ဖြစ်သည်။ “ဒါကြောင့် သူက တစ်ခါတလေ မှော်စစ်တုရင်မှာ သော်သော်ကိုတောင် မနိုင်တာကိုး။”

ပါ့ဂ်လီအို၏ မျက်နှာက မည်းသွားပြီး ရိုမန်ကို မထီမဲ့မြင် ကြည့်လိုက်ကာ သူ ပြန်ပြောသည်။ “မင်းရဲ့ အိုင်ကြူက မုဆိုးမတွေ ဇနီးတွေကို တွေ့တဲ့အခါမှပဲ အပေါင်းလက္ခဏာ ဖြစ်တာ။”

“ပါးစပ်ပိတ်ထား ရှင်တို့ နှစ်ကောင်။ ဒီနေရာက ဌာနချုပ်ပဲ။ ဈေး မဟုတ်ဘူး။” ဒေလီယာ သည်းမခံနိုင်တော့ဘဲ ထိုသူ နှစ်ယောက်ကို အပြင် ဆွဲထုတ်သွား၏။

အရှေ့ပင်လယ်ပြင်(၂၇)တွင်...

ပင်လယ်ပြင် ရေခဲအဖြစ် အေးခဲနေပြီ ဖြစ်သည်။ ထိုသို့သော အေးခဲမှုက ရုတ်တရက် ပေါ်လာခဲ့ပြီး ဧရိယာက လျင်မြန်စွာ ပျံ့နှံ့နေဆဲ ဖြစ်သည်။ သွေးစွန်း သင်္ဘောများ၏ ကြီးမားသော ဧရိယာများ အေးခဲနေပြီး ပုံမှန်အတိုင်း မရွက်လွှင့်နိုင်ကြပေ။ အသူရာချောက်နက် သခင်များစွာက အောက်သို့ ခုန်ချလိုက်ပြီး ရေခဲကို ခွဲရန် မဟာဓားများကို အသုံးပြု ခဲ့ကြသည်။

သူတို့က ရေခဲကို ခွဲမပြီးခင်မှာပင် ကောင်းကင်မှ အလင်းရောင် ရုတ်တရက် မှေးမှိန်သွားပြီး အမှောင်တိမ်တိုက်တစ်ခု အဝေးမှ ကောင်းကင်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အနီးကပ်ကြည့်လိုက်ရာ ကြီးမားသော သတ္တုရုပ်သေး ပုံစံများကို မြင်တွေ့နိုင်သည်။ စုစည်းရုပ်သေးများ...

စုစည်းရုပ်သေးများသည် တိုက်ခိုက်မှု တစ်ခု စတင်ရန် ထိုးဆင်း၍ မလာခဲ့ဘဲ ဗုံးများကို အောက်သို့ ပစ်ချ၍ နေခဲ့ကာ အမြင့်တွင်သာ ရှိနေခဲ့ကြသည်။

သွေးစွန်း သင်္ဘောများ အေးခဲနေသော အခြေအနေမှ အပြည့်အဝ ပြန်လည်၍ မကောင်းမွန်သေးသောကြောင့် သူတို့တွင် ရှောင်တိမ်းရန် နည်းလမ်း မရှိခဲ့ပေ။ ထူထဲသော ဗုံးမိုးထဲတွင် ကြီးမားလှသော ပေါက်ကွဲမှု တစ်ခုက ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုအပြင် နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသော ဧရာမ လှိုင်းလုံးများက အေးခဲနေသော ပင်လယ် အပြင်ဘက်မှ သွေးစွန်းသင်္ဘောများစွာကိုလည်း တိမ်းမှောက်သွားစေခဲ့သည်။

အသူရာချောက်နက် စစ်တပ်က ထိုကဲ့သို့ တုံ့ပြန်မှု မရှိဘဲ အရိုက်ခံရရန် ဆန္ဒမရှိကြပေ။ အနီးအနားမှ အသူရာ ချောက်နက်သခင်များနှင့် မီးလျှံ စုန်းမများ လေထဲသို့ တစ်ယောက်ပြီး တစ်ယောက် တက်လာကြပြီး စုစည်းရုပ်သေးများကို ရင်ဆိုင်ခဲ့ကြသည်။ သို့သော် စုစည်း ရုပ်သေးများက မတိုက်ခိုက်ချင်ကြပေ။ ထိုဗုံးများကို ချလိုက်ပြီးနောက်တွင် သူတို့ ချက်ချင်းပင် ဆုတ်ခွာသွားခဲ့ကြသည်။

အသူရာချောက်နက် သခင်နှင့် မီးလျှံ စုန်းမများက အနီးကပ် လိုက်လံဖမ်းဆီး ခဲ့ကြပြီး အချို့မှာ တိုက်ခိုက်မှုများ စခဲ့ကာ အချို့သော စုစည်းရုပ်သေးများကိုပင် ပစ်ချခဲ့ကြသည်။ ရုပ်သေးရုပ်များက ဆက်လက် ထွက်ပြေးနေပြီး နောက်သို့ လှည့်မကြည့်ခဲ့ကြပေ။

အသူရာချောက်နက် သခင်များနှင့် မီးလျှံ စုန်းမများ ဖြားယောင်းခြင်းခံလိုက် ရပြီးနောက်တွင် ရေခဲ ကာကွယ်ရေး လိုင်းကြောင့် အေးခဲနေသော သွေးစွန်း သင်္ဘောများက လုံးဝကို မပျော်ဝင်နေ သေးသော်လည်း မဟာမိတ် စစ်တပ် ရေယာဉ်စုက အဝေးတွင် ပေါ်လာခဲ့သည်။ မှော်သလင်းကျောက် အမြောက်များက မလှုပ်ရှားနိုင်သော ထိုပစ်မှတ်များကို ချိန်လိုက်သည်။ ဗုံးများ တင်ထားသော လေသင်္ဘောများက ရေယာဉ်စု၏ နောက်တန်းမှ ဖြည်းညှင်းစွာ မြင့်တက်၍ လာနေ၏။ လေကြောင်း လွှမ်းမိုးနိုင်စွမ်း ဆုံးရှုံးသွားသော ထိုသွေးစွန်းသင်္ဘော ရေယာဉ်စုအတွက် ထိုသို့ အတော်လေး နှေးနှေး ရွေ့နေသော လေသင်္ဘောများက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးသော သေမင်းနှင့် ဘာမှ မခြားနားပေ။

စုစည်းရုပ်သေးကို လိုက်ဖမ်းနေသော အသူရာချောက်နက်သခင်များနှင့် မီးလျှံ စုန်းမများက တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိပုံရသည်။ သူတို့က စစ်ကူအတွက် ပြန်လာတော့မည့် အချိန်တွင် ဧရာမနဂါး အုပ်စုတစ်စုက နောက်မှ ရုတ်တရက် ပေါ်လာပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

အဝေးမှ ဧရာမ မိခင်သင်္ဘောပေါ်တွင် ပိုများလှသော စုစည်းရုပ်သေးများသည် ကောင်းကင်သို့ မြင့်တက်၍ လာခဲ့ပြီး လောက တစ်ခုလုံး၏ ကံကြမ္မာနှင့် ဆက်စပ်နေသော ပင်လယ်ဖြူတိုက်ပွဲက တရားဝင် စတင်လာတော့သည်။

All Chapters