← Chapters

အခန်း (၄၈၃)

Vol. 34 Ch. 483

အခန်း (၄၈၃)

Vol. 34 Ch. 483

ထိုကဲ့သို့ပင် ကျန်းချုံးက ချန်းဖန်မြို့စားကြီး၏ အိမ်ဆီသို့ မောင်းနှင်သွားခဲ့၏။ နင်ကျန်း၏ အိမ်အပြင်ဘက်နှင့် မနီးမဝေးတွင် လူပင်လယ်ကြီးတစ်ခု ရောက်ရှိနေကြောင်း ကျန်းချုံးက မြင်ရ၏။ အနည်းဆုံး လူပေါင်း ထောင်ချီလောက်ရှိ၏။

“ဘာတွေဖြစ်နေတာလဲ”

ကျေးကျွန်အိုကြီးက ပြောလိုက်၏။ “သခင်လေးရှမ့်က သူတောင်းစား ၁၁ ယောက်ကို အရာရှိအဖြစ် ခန့်အပ်ခဲ့တယ်။ ပြီးတော့ အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ ကြိုးစားပေးခဲ့တယ်။ ဒီတော့ ဒီမှာရှိနေတဲ့ ကျောင်းတော်သားတွေ၊ သိုင်းပညာရှင်တွေက မပျော်ရွှင်ကြဘူးလေ။ နေ့စဉ်နေ့တိုင်းဆိုသလို ဒီကိုလာပြီး သခင်လေးရှမ့်ကို ကျိန်ဆဲနေခဲ့ကြတယ်။

မင်းသားနင်ကျန်းရဲ့ အိမ်ကို ဝိုင်းပြီးတော့ ပိတ်ထားခဲ့ကြတယ်။ သူတို့က သခင်လေးရှမ့်ကို ထွက်တောင်းပန်ဖို့ တောင်းဆိုနေကြတာပဲ။ ပြီးတော့ သူတောင်းစား ၁၁ ယောက်ကို အထူးတရားရုံး အကျဉ်းထောင်ထဲ ပို့စေချင်ကြတယ်”

“အင်း... နောက်ဖေးတံခါးက သွားကြရအောင်”

သို့ပေမည့် နောက်ဖေးတံခါးသို့ ရောက်သည့်အချိန်မှာလည်း လူတော်တော်များများက ဝိုင်းပိတ်ထားခဲ့၏။

“ဆရာကျန်း”

“ဒါ... ဒါ အရှင်ကျန်းချုံးပဲကွ”

ကျန်းချုံးကို မြင်သည့်အချိန်မှာတော့ လူများက စိတ်လှုပ်ရှားသွားမိကြသည်။

“အရှင်ကျန်းချုံး.. ခင်ဗျားက ညီလာခံထဲမှာ အရေးကြီးတဲ့လူတစ်ယောက်ပဲ။ ဒီကို ခုလာတာ ရှမ့်လန်ကို လာပြီး ဆူငေါက်တာ မဟုတ်လား”

“အရှင်ကျန်းချုံး... ခင်ဗျားက ကျော်ကြားတဲ့ပညာရှိဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဆို။ သူတော်စင်ကြီးတွေအတွက် လာပြီးတော့ တရားမျှတမှုကို ရှာဖွေပေးတာလား။ ရှမ့်လန်ကိုသာ မသုတ်သင်နိုင်ဘူးဆိုရင် ကောင်းကင်ကြီက သည်းမခံနိုင် ဖြစ်လိမ့်မယ်”

ကျန်းချုံးက မည်သို့မှ မနေနိုင်ချေ။ ထိုသူတို့ကို လှမ်းကာကြည့်ရှုလိုက်၏။ လောကကြီးထဲတွင် ဤကဲ့သို့ မေ့မေ့ပျောက်ပျောက် ရှိတတ်သည့်လူမျိုး ရှိနေသည်လား။ ရှမ့်လန်တစ်ယောက် ကျန်းရှစ်စီရင်စုတွင် လူ မည်မျှများများကို သတ်ဖြတ်ခဲ့သနည်း။ ထိုအရာကို ဤလူများ မေ့လျော့နေခဲ့၏။

ကျန်းချုံးက တံခါးကို ခံစားချက်ကင်းမဲ့စွာဖြင့် အသာခေါက်လိုက်၏။ အမျိုးသမီးစစ်သည်တစ်ယောက်က တံခါးကို ဖွင့်ပေး၏။ ကျန်းချုံးကို မြင်ရသည့်အချိန်မှာတော့ သူမက အံ့အားသင့်စွာဖြင့် နှုတ်ဆက်လိုက်သည်။ “ဆရာကျန်း”

ကျန်းချုံးက ပြော၏။ “အင်း... ကျုပ် အရှင်သားနင်ကျန်းနဲ့ သခင်လေးရှမ့်ဆီ လာလည်တာပါ”

အမျိုးသမီးစစ်သည်တော်က ပြောလိုက်သည်။ “အရှင်သားနင်ကျန်းနဲ့ သခင်လေးရှမ့်တို့က ဒီမှာ မရှိပါဘူး”

ကျန်းချုံးက ပြောလိုက်၏။ “ဒါဆိုရင်လည်း အိမ်မှာပဲ စောင့်နေတော့မယ်။ အဆင်ပြေတယ် မဟုတ်လား”

အမျိုးသမီးစစ်သည်တော်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ရပါတယ်၊ ရပါတယ်”

ပြီးနောက် သူတို့က ကျန်းချုံးကို အိမ်တော်အတွင်းသို့ ကြိုဆိုခဲ့၏။ ပိုင်ရီခရိုင်တိုက်ပွဲတွင် သူတို့က ကျန်းချုံးနှင့်အတူ ဘေးချင်းယှဉ်ကာ တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် ကျန်းချုံးကို တကယ်ပဲ ချီးကျူး လေးစားမိကြပြီး သခင်လေးရှမ့်လန်၏ သူငယ်ချင်းကောင်းဖြစ်ကြောင်းလည်း သိရှိထား၏။

အပြင်ဘက်တွင် ရှိနေသည့် ကျောင်းတော်သားများက အခွင့်အရေးကို အရယူပြီး အထဲသို့ ဝင်ချင်စိတ်ရှိ၏။ ရုတ်တရက် အမျိုးသမီးစစ်သည် တစ်ဒါဇင်ကျော်တို့က ရှေ့ကို လှမ်းတက်ကာ အော်ဟစ်လိုက်သည်။ “အနားကပ်ရဲတဲ့လူ ဘယ်သူမဆို ဥတွေ နင်းချေခံရမယ်”

သူမက လက်နှစ်ဖက်ကို အသာညှစ်ပြလိုက်၏။ လက်ထဲတွင် ရှိနေသည့် သကြားသီးက ကွဲကြေသွား၏။

“ခွပ် ခွပ် ခွပ်”

ရုတ်တရက် ကျောင်းတော်သားအားလုံးတို့က ပခုံးတွန့်ကာ ကြောက်လန့်သွားခဲ့ကြသည်။

...........

ရှမ့်လန်က နန်းမြို့ထဲကို ဝင်ရောက်လာခဲ့၏။ မကြာခင်မှာပဲ မုန်တိုင်းတစ်ခုက စတင်ပေတော့မည်။ လူပေါင်းများစွာတို့က လာရောက်ကာ ကြည့်ရှု၏။

ရှမ့်လန်က မြင်းသည်တော် တစ်ဒါဇင်ကျော်တို့ကို ဦးဆောင်ကာဖြင့် ရွှမ်ဝူဂိတ်၏ အနောက်ဘက်လမ်းဆီမှ လှမ်းလျှောက်လာခဲ့ကြ၏။ သူက သူ၏ အကန့်အသတ်ကို ဂရုစိုက်သည့်လူ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘေးတစ်ဖက်တွင် နင်ကျန်းရှိ၏။ ထို့ကြောင့် ရွှမ်ဝူဂိတ်၏ လမ်းဆီမှ လှမ်းလျှောက်ဖို့ သူ့၌ အရည်အချင်း ပြည့်မီသည်။

လူများက တဖြည်းဖြည်းပိုမိုကာ များပြားလာခဲ့ကြ၏။ “ရှမ့်လန် လူပြက်.. မင်း ဒီကို ပြန်လာရဲသေးတယ် ဟုတ်လား”

“အထူးစာမေးပွဲက သဘက်ခါ ကျင်းပတော့မယ်။ ရွှမ်ဝူမြို့ကို မပြန်နိုင်ဘဲ ဒီနေရာမှာတင် တစ်ခါတည်း ရိုက်သတ်ခံရလိမ့်မယ်”

ဤလအတွင်း ရှမ့်လန်က နန်းမြို့တော်တွင် မရှိခဲ့ချေ။ လူပေါင်းများစွာတို့က ရှမ့်လန်ကို ရွှမ်ဝူမြို့ဆီသို့ ထွက်ပြေး သွားခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့ကြ၏။

“ရှမ့်လန်.. သူတောင်းစား ၁၀ ယောက် ဘယ်ရောက်သွားလဲ”

“သခင်လေးရှမ့်လန်.. ကျုပ်တို့ လောင်းထားတယ်နော်။ ခင်ဗျားသိတယ်မလား” လူအုပ်ထဲမှ လူတစ်ယောက်က လှမ်းကာအော်ဟစ်သည်။

ထိုအချိန်မှာတော့ ရှမ့်လန်က တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။ သို့ပေမည့် သူ လက်ကို ဝှေ့ယမ်းလိုက်သည့် အချိန်မှာတော့ အဖွဲ့တစ်ခုလုံးက ရပ်တန့်လိုက်ကြ၏။ ရှမ့်လန်က ရထားလုံးထဲမှ ထွက်လျှောက်ကာ မေးလိုက်၏။

“ဘာလဲ... ချေးစားမဲ့ လောင်းကြေးလား”

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. နန်းမြို့တော်ထဲမှာ ကျုပ်နဲ့ အလောင်းအစားပြုလုပ်ချင်နေတဲ့ လူပေလူတေတွေ အများကြီးရှိတယ်လို့ ကျုပ်ကြားခဲ့တယ်။ အကယ်၍ အရူးလန်နဲ့ တခြား သူတောင်းစား ၁၀ ယောက်တို့သာ စာမေးပွဲ အောင်သွားခဲ့မယ်ဆိုရင် ခင်ဗျားတို့က ချေးဆယ်ပိဿာစီ စားရမယ်။ တကယ်လို့ မအောင်ဘူးဆိုရင် ခင်ဗျားတို့က ကျုပ်ကို တံတွေးနဲ့ လာထွေးမှာ မဟုတ်လား”

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် ဒီအလောင်းအစားကို လက်ခံတယ်။ ကဲ ယူခဲ့ကြတော့”

ဝူလဲ့က စာရွက်ရှည်ကြီးကို ယူဆောင်လာခဲ့၏။ ပြီးနောက် အရူးလန်နှင့် လန်ညီအစ်ကိုတို့သာ စာမေးပွဲကို အောင်မြင်သည်ဆိုပါက ရှုံးနိမ့်သူများက ချေးဆယ်ပိဿာကို စားရမည်ဖြစ်ပြီး စာမေးပွဲကို ရှုံးနိမ့်သည်ဆိုပါက ရှမ့်လန်၏ မျက်နှာကို တံတွေးနှင့် လာရောက်ကာ ထွေးနိုင်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ယောကျာ်းတစ်ယောက်ဆိုတာ ယုံကြည်မှုမရှိဘဲနဲ့ မတ်မတ်မရပ်နိုင်ဘူး။ ဒီတော့ ရှေ့ကိုတိုးပြီးတော့ လက်မှတ်လာထိုးကြ”

ထိုစကားကိုပြောသည့်အချိန်မှာတော့ လူအပေါင်းများစွာတို့က အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။ “ရှမ့်လန်.. မင်းက လွန်လွန်းလာပြီ။ မင်းရဲ့အပြုအမူကို ကြည့်ရတာ တကယ့်ကို အရှက်အရွံ့ ကင်းမဲ့နေတာပဲ”

နင်ကျန်းကလည်း ထိုအရာနှင့် ပတ်သက်၍ အကူအညီမဲ့သလို ခံစားနေမိ၏။ မြင့်မြတ် တည်ကြည်လွန်းသည့် လူတစ်ယောက်ဖြစ်သောကြောင့် သူက ဤသို့ အလောင်းအစား ပြုလုပ်ခြင်းကို အမုန်းဆုံးဖြစ်၏။ ရှမ့်လန်၏ အပြုအမူမှာတော့ အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ အရာအားလုံးကို ပြုလုပ်နိုင်စွမ်းရှိနေ၏။

သို့ပေမည့် ရှမ့်လန်၏ အပြုအမူကို မြင်ရသည့်အချိန်မှာတော့ လူအပေါင်းများစွာတို့က ထိုအရာကို လိုက်လံ လောင်းရန် ပြင်ဆင်လျက် ရှိနေ၏။ စာရွက်ကိုမြင်တော့ လူအားလုံးက အနည်းငယ် တွန့်သွားသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဘာလဲ။ ကြောက်နေတာလား”

“ဘယ်သူက မလုပ်ရဲရမှာလဲ”

ရဲတင်းလွန်းသည့် လူပေလူတေတစ်ယောက်က ရှေ့ကို လှမ်းတက်လာပြီး နာမည်ကိုရေးကာ လက်မှတ်နှိပ်ခဲ့၏။ ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ.. လူအပေါင်းများစွာတို့က ရှေ့ကို ရောက်ရှိလာခဲ့၏။ လူဦးရေ ရာထောင်နှင့် ချီလာခဲ့သည်။

“အကုန်လုံး ရှေ့ကိုတိုးပြီး လက်မှတ်ထိုးကြမှာလား။”

“အကုန်လုံးဟုတ်လား။ တခြားသူတွေ ရှိသေးလား”

မရှိတော့ချေ။ ဤနေရာတွင် လူပေလူတေအများစုသာ လာရောက်ကာ လောင်းကစားမှုကို ပြုလုပ်ကြ၏။ အခြားသောလူများမှာမူ လာရောက်ကြည့်ရှုခြင်းသာ ရှိ၏။ သူတို့က အပျော်ကြည့်ရှုခြင်းပင်။ လောင်းကစားခြင်း၌ ပါဝင်ပတ်သက်ခြင်း မရှိချေ။

လက်မှတ်ပေါင်း ထောင်ချီ ရေးသားထားခဲ့သည့် စာရွက်ကို ယူဆောင်ပြီးနောက် ရှမ့်လန်က နင်ကျန်း၏ ချန်းဖန်မြို့စားကြီးအိမ်တော်ဆီသို့ ပြန်လာခဲ့၏။ သူက တံခါးဆီသို့ ရောက်ရောက်ချင်း လူအုပ်ကြီးကို မြင်လိုက်ရ၏။ ထိုထဲတွင် နန်းမြို့တော်ဆီမှ ကျောင်းတော်သားများနှင့် သိုင်းပညာရှင်များ ပါဝင်နေ၏။

“ရှမ့်လန် ပြန်လာပြီ။ ရှမ့်လန်ပြန်လာပြီ ဟေ့”

“ရှမ့်လန် သူတော်စင်ဘုံကျောင်းကို သွားပြီး ချက်ချင်း မင်းရဲ့အပြစ်ကို ဝန်ခံစမ်း”

“ရှမ့်လန် သူတောင်းစား ၁၁ ယောက်ကို ခေါ်ပြီး အထူးတရားရုံးရဲ့ အကျဉ်းထောင်ထဲကို သွား”

“ရှမ့်လန် ... မင်းက ကျောင်းတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ချနေတဲ့လူပဲ”

လူပေါင်း ၁၀၀၀ တို့က ရှေ့ဆီသို့ လှမ်းတက်လာပြီး ရှမ့်လန်ကို သတ်ဖြတ်ချင်သည်အထိ အော်ဟစ်နေသည်။ “ရှမ့်လန်... ဒီကနေ ထွက်သွားစမ်း။ ငါတို့ကို ရှင်းပြချက်ပေးစမ်း”

“ရှမ့်လန်... မင်း ရှေးသူတော်စင်တွေကိုတောင် သိက္ခာချရဲတယ် ဟုတ်လား”

“သူတောင်းစား ၁၁ ယောက်ကိုတောင် အထူးစာမေးပွဲ ဝင်ပြီးဖြေဆိုခိုင်းသေးတယ်။ မင်းက လောကကြီးရဲ့ အပြစ်သားပဲ”

ရှမ့်လန်က ရထားလုံးထဲမှ ထွက်လျှောက်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်၏။ “အားလုံးပဲ။ ခင်ဗျားတို့ ကျုပ်ကို သတ်ဖြတ်ချင်နေတာလား။ ခင်ဗျားတို့အနေနဲ့ ရုံးဌာနတွေဆီ သွားပြီး တိုင်ကြားလို့ ရတယ်လေ။ ခင်ဗျားတို့ စာမေးပွဲ မဖြေဆိုချင်ဘူးဆိုလည်း ထွက်သွားလို့ရတယ်။ ခင်ဗျားတို့ ကြိုက်တာလုပ်ခွင့်ရှိတယ်။ သက်ဆိုင်ရာက အရူးလန်နဲ့ တခြားသောသူတွေ စာမေးပွဲဖြေဆိုခွင့် အရည်အချင်း မပြည့်မီဘူးလို့ တရားဝင် ပိတ်ပင်လိုက်မယ်ဆိုရင် ကျုပ်တို့ ဖြေဆိုခွင့်ရမှာ မဟုတ်ဘူး”

ထိုစကားကိုကြားသည့်အချိန်မှာတော့ အားလုံးက ကြောင်အသွားခဲ့ကြ၏။ ပြီးနောက် ဤအရာက အဓိပ္ပာယ်ရှိသည်ဟု သူတို့ ခံစားမိ၏။ သူတော်စင်များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အလို့ငှာ၊ နန်းတွင်းစာမေးပွဲ၏ ဂုဏ်သိက္ခာတရားကို ကာကွယ်ရန်အလို့ငှာ သူတို့က ရှေ့ဆီသို့ လှမ်းတက်ပြီး တားဆီးရပေလိမ့်မည်။ စာမေးပွဲကို သူတို့က ငြင်းပယ်ပိုင်ခွင့် ရှိနေသည်။

လူပေါင်း ၁၀၀၀ ကျော်တို့သာ စာမေးပွဲကို မဖြေဆိုဘဲ ပုန်ကန်ပါက ရှမ့်လန်နှင့် သူတောင်းစား ၁၁ ယောက်သာ ကျန်ရှိပေတော့မည်။ ထို့ကြောင့် စာမေးပွဲဝင်ရောက်မဖြေဆိုခြင်းဖြင့် ဆန္ဒပြနိုင်သည် မဟုတ်ပါလား။

“ဒါဆိုရင် ဌာနဆိုင်ရာတွေဆီ သွားပြီး ပြောကြရအောင်။ သူတောင်းစားတွေ စာမေးပွဲဖြေဆိုဖို့ အရည်အချင်း ပြည့်မီတယ်ဆိုရင်တောင် ကျုပ်တို့က သူတို့နဲ့ တန်းမညှိနိုင်ဘူး” လူပေါင်း ၁၀၀၀ ကျော်တို့ အော်ဟစ်ပြီး အစိုးရရုံးများဆီသို့ ဦးတည်သွားခဲ့၏။

ရှမ့်လန်နှင့် အခြားသောသူများသည် ချန်းဖန်မြို့စားအိမ်တော်ဆီသို့ လှမ်းဝင်လိုက်ကြသည်။

“အင်း.. အဘိုးကျန်း ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ” ရှမ့်လန်က ကျန်းချုံးကို မြင်သည့်အချိန်မှာတော့ ပျော်ရွှင်သွားမိ ၏။

ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ်အိမ်မှာ လူတွေပြည့်နေတယ်။ အိမ်မပြန်ရဲဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား အချိန်ကောင်းမှာ လာခဲ့တာပဲ။ ကျုပ်ကို ဆောင်းပါးတစ်ခု ဖတ်ကြည့်ပေးပါအုံး”

ရှမ့်လန်က စာတမ်းတစ်ခုကို ရွေးချယ်ပြီး လှမ်းပေးလိုက်၏။ ဤစာတမ်းက အရူးလန်၏ လက်ရာဖြစ်၏။ ကျန်းချုံးက ပထမဦးဆုံးစာပိုဒ်ကို ဖတ်ပြီး ချက်ချင်းကြောင်အသွား၏။

“ကောင်းလိုက်တာ။ ကောင်းလိုက်တဲ့ အရေးအသားပဲ။ ဒါက တကယ့်ကို ပြိုင်ဘက်ကင်းပြီး ဉာဏ်အလင်းရစေတယ်”

ပြီးနောက် သူက ဆက်လက်ကာ ဖတ်ရှု၏။ ၁၅ မိနစ်ခန့် ကြာပြီးနောက် သူက ထိုစာတမ်းကို ပြီးဆုံးအောင် ဖတ်ရှုပြီးဖြစ်၏။ ဒုတိယအကြိမ် ထပ်မံကာ ဖတ်ပြန်၏။ ပြီးနောက် တတိယအကြိမ် ဖတ်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဘယ်လိုလဲ”

ကျန်းချုံးက ပြန်မေးလိုက်သည်။ “ဒါ ရှမ့်ရဲ့လက်ရာ မဟုတ်ဘူး မဟုတ်လား”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”

ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်ရဲ့လက်ရာဆိုလရင် ဒီလိုပုံစံ မဟုတ်ဘူးလေ။ ဒါက အရမ်းကို ရဲတင်းလွန်းတယ်။ ရေးထားတဲ့ပုံစံက နက်နဲတဲ့အဓိပ္ပာယ်တွေလည်း ပါတယ်။ နိုင်ငံ့ရေးရာစာတမ်းနဲ့ ပတ်သက်ရင် အဖွင့်စာပိုဒ်မှာတင် ကြောင်အသွားစေနိုင်တယ်။ နောက်မှာလည်း တစ်ချက်ကလေးမှ ပြစ်ချက်မရှိအောင် သုံးသပ်ရေးသားထားခဲ့တယ်။ ဒီစာတမ်းရဲ့ စာပိုဒ်တစ်ခုချင်းစီတိုင်းက အံ့အားသင့်စရာကောင်းတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေခဲ့တယ်။ ဒါပေမဲ့ တစ်စုံတစ်ခု ယိုယွင်းနေတယ်”

ကျန်းချုံးက လေ့လာမှုတွင် တကယ့်ကို အားကောင်းသည့်လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အရူးလန်၏ နိုင်ငံရေးစာတမ်းမှ ပြစ်ချက်ကို ကောင်းကောင်းမြင်နိုင်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီနိုင်ငံရေးရာစာတမ်းရဲ့ အဆင့်အတန်းအရ ပြောရမယ်ဆိုရင် စာမေးပွဲ အောင်နိုင်လား”

ကျန်းချုံးက ပြော၏။ “လိုတာထက်တောင် ပိုနေတယ်။ ကျိန်းသေပေါက် အောင်ရမှာပေါ့။ ပြီးတော့ အမှားအယွင်းဆိုလို့ တစ်ချက်လေးမှ ရှိတာ မဟုတ်ဘူး”

ကျန်းချုံးက အောင်မြင်သည်ဟု ပြောဆိုသည်ဆိုပါက ကျိန်းသေပေါက် အောင်မြင်နိုင်သည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ဒီအရာက ထိပ်ဆုံးသုံးခုစာရင်း ဝင်နိုင်လား”

ကျန်းချုံးက ခဏလောက် တွေဝေသွားသည်။ “အင်း.. ထိပ်ဆုံးသုံးခုစာရင်းကို ဝင်ဖို့အတွက် ၆၀ ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ ပထမနေရာကို ရောက်ဖို့အတွက်တော့ မျှော်လင့်ချက် မရှိဘူး။ ကျုပ်က ကျူးဟုန်ပင်းရဲ့ စာတမ်းတွေကို တော်တော်များများ ဖတ်ခဲ့ဖူးတယ်။ အားလုံးက တကယ်ကို အဆင့်အတန်း မြင့်မားတယ်”

All Chapters