← Chapters

အခန်း (၄၈၅)

Vol. 34 Ch. 485

အခန်း (၄၈၅)

Vol. 34 Ch. 485

ကျူးကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသတရားများနှင့် တုန်ယင်သွားခဲ့၏။ သူက ကျန်းချုံးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ကျန်းချုံး... ခင်ဗျားက ကျုပ်ကို အရမ်း ဝမ်းနည်းစေခဲ့တယ်”

အမှန်ပင် ဝမ်းနည်းစေခဲ့၏။ အိမ်ရှေ့စံမင်းသားက ကျန်းချုံးကို စိတ်ဓာတ်ကျအောင် ပြုလုပ်ခဲ့၏။ သို့ပေမည့် ကျူးကျွင်းက ဘယ်တော့မှ ပြုလုပ်ခဲ့သည် မဟုတ်ချေ။ တစ်လျှောက်လုံး ကျူးကျွင်းက ကျန်းချုံးကို မထင်မှတ်ထားလောက်အောင် ထောက်ပံ့ပေးခဲ့၏။ ကျန်းချုံး အကျဉ်းချခံနေရသည့် အချိန်တွင်တောင်မှ ကျူးကျွင်းက မရပ်မနား ပြေးလွှားလှုပ်ရှားခဲ့သည်။

ပိုမို၍ အရေးကြီးမားသည်မှာ ကျန်းချုံးဆိုသည်မှာ တကယ်ကို မြေပြင်အောက်တွင် တည်ရှိနေသည့် ပါရမီရှင်မျိုး ဖြစ်၏။ ဟုတ်ပေ၏။ ကျန်းချုံး တုံ့ကျန်းမြို့စားအိမ်တော်ကို ဖျက်ဆီးခဲ့ပြီးနောက် ဘုရင်မင်းမြတ်၏ မျက်လုံးထဲသို့ ဝင်ရောက်လာခဲ့၏။ သို့ပေမည့် တိတိကျကျ ပြောရမည်ဆိုလျှင် ကျန်းချုံးသည် အခက်အခဲပေါင်းများစွာမှ ကျူးကျွင်း ပြုစုပျိုးထောင်ခဲ့ရသူဟု သတ်မှတ်ရပေမည်။

ကျန်းချုံးက ထပ်မံကာ ဦးညွှတ်လိုက်၏။ “တောင်းပန်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး”

ကျူးကျွင်းက ကျန်းချုံးကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်၏။ သူ့အနေနှင့် မည်သည့်ခြိမ်းခြောက်မှု၊ မည်သည့် စကားပြောဆိုမှုများကိုမှ မပြုလုပ်ဘဲ တိုက်ရိုက်ဆိုသလို လှည့်ထွက်သွားခဲ့၏။ သူ့အနေနှင့် မည်သည့်ခြိမ်းခြောက်မှုကိုမှ ပြောဆိုနေစရာပင် မလိုအပ်ချေ။

အိမ်ရှေ့စံမင်းသား၏ အဖွဲ့ဘက်မှ နောက်ထပ် ကြီးမားသည့် တိုက်ခိုက်မှုများ ပိုမိုကြမ်းတမ်းစွာ ကျရောက် လာတော့မည်ဖြစ်ကြောင်း အားလုံးသောသူတို့က သိရှိပြီး ဖြစ်ပေလိမ့်မည်။

သစ္စာဖောက်ဆိုသည်မှာ ရန်သူထက်ပင် ပိုမိုကာ ဆိုးဝါး၏။

ကျန်းချုံးအနေနှင့် သစ္စာဖောက်ဟု မိမိကိုယ်ကို ခံစားမိခြင်း မရှိသည်ဆိုလျှင်တောင်မှ အိမ်ရှေ့စံမင်းသား၏ ဘက်ခြမ်းမှ လူများ၏ မျက်လုံးထဲမှာတော့ ကျန်းချုံးက သစ္စာဖောက်ပင် ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် သူ၏ အခွင့်အာဏာကို သက်သေပြနိုင်ရန် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မိုးကြိုးပစ်ချခြင်းကဲ့သို့သော ကြမ်းတမ်းသည့် နည်းလမ်းများကို အသုံးပြုပေတော့မည်။

ထို့ပြင် ကျန်းချုံး၌ မည်သည့်နောက်ခံမှ မရှိချေ။ သူက ရှမ့်လန်နှင့် တူညီသည့် လူတစ်ယောက် မဟုတ်ချေ။ ရှမ့်လန်က ရွှမ်ဝူနယ်စားအိမ်တော်နှင့် ဘုရင်မင်းမြတ်၏ ကာကွယ်မှုကို ခံထားရ၏။

သို့ပေမည့် ကျန်းချုံးမှာတော့ နောက်ခံပေးမည့်လူဟူ၍ ဘယ်သူမှ မရှိချေ။ အိမ်ရှေ့စံမင်းသား၏ ဘက် တစ်ခုတည်းကသာလျှင် သူ၏ နောက်ခံဖြစ်၏။ သို့ပေမည့် ယခု ထိုနောက်ခံကိုပင်လျှင် လွှတ်ပစ်ခဲ့၏။ မည်မျှ ကလေးဆန်လိုက်သနည်း။ မည်မျှ ဦးနှောက်ဉာဏ်ရည် မပြည့်ဝလိုက်သနည်း။

တံခါးထိပ်ဆီသို့ ရောက်သည့်အချိန်မှာတော့ ကျူးကျွင်းက စကားလုံးတစ်ခုကို လှမ်းပြောလိုက်သေးသည်။ “ကျန်းချုံး... အကောင်းဆုံး လုပ်ခဲ့တယ်”

.......

ထန်ပြည်နယ်တွင် နန်းတွင်းစာမေးပွဲဆိုသည်မှာ ပြည်နယ်စာမေးပွဲနှင့် စီရင်စုစာမေးပွဲဟူ၍ ခွဲခြားထား၏။ စုန့်နိုင်ငံတွင်တော့ ပြည်နယ်စာမေးပွဲ၊ စီရင်စုစာမေးပွဲနှင့် နန်းတွင်းစာမေးပွဲဟူ၍ ခွဲခြားထား၏။ ယန်ခေတ်မှာတော့ စုန့်ခေတ်ကဲ့သို့ပင် ထပ်တူ၏။

မင်နှင့် ချင်ခေတ်များမှာတော့ စီရင်စုစာမေးပွဲနှင့် နန်းတွင်းစာမေးပွဲဟူ၍ ထပ်မံခွဲခြားခဲ့ပြန်၏။

တော်ဝင်ရန်နိုင်ငံတော်တွင်တော့ စီရင်စုစာမေးပွဲနှင့် ပြည်နယ်စာမေးပွဲဆိုသည်မှာ တူညီသည့် အရာမျိုးဖြစ်ပြီး အတူတူဟု တရားဝင် သတ်မှတ်၏။

ယခု အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေကြသည့် လူများသည် နန်းမြို့တော်ထဲ၌ လူပေါင်း ၃၀၀၀ ခန့်အထိ ရှိ၏။ မနေ့ကတုန်းက ဤလူများက အရူးလန်သည် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် အရည်အချင်း ပြည့်မီသူတစ်ယောက် မဟုတ်သောကြောင့် ထုတ်ပယ်ရန် သို့မဟုတ် သူတို့က စာမေးပွဲကို မဖြေဆိုတော့ဟု ပုန်ကန်ခဲ့ကြသည်။

ဘုရင်မင်းမြတ်က ဒေါသထွက်ခဲ့ပြီး စာမေးပွဲ မဖြေဆိုပါက မည်သူ့ကိုမှ ဂရုစိုက်မည် မဟုတ်ကြောင်း ပြန်ကြားခဲ့၏။ အဆုံးသတ်မှာတော့ ဤလူများက ကြောက်လန့်သွားခဲ့ကြ၏။ ထို့ကြောင့်ပင်လျှင် အားလုံးသော သူတို့က အမြီးကုတ်ကာ အိမ်သို့ ပြန်ခဲ့ကြ၏။

သူတို့၏ စိတ်ထဲတွင်တော့ အရူးလန် အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုတော့ကော ဘာဖြစ်သနည်း။ သူတို့က ၁၀ နှစ် ကျော်ကျော် လေ့ကျင့်ခဲ့သည့် လူများဖြစ်၏။ ထို့ပြင် စာမေးပွဲကို အကြိမ်ပေါင်းများစွာ ဝင်ရောက် ဖြေဆိုခဲ့ပြီး အရူးလန်မှာတော့ သူတောင်းစားတစ်ယောက်သာ ဖြစ်၏။ စာအုပ် မည်မျှများများကို ဖတ်ရှုနိုင်မည်နည်း။ ကျောင်းသို့ပင် တစ်ခါမှ မသွားခဲ့ဖူးချေ။ နန်းတွင်းစာမေးပွဲ၏ ခက်ခဲမှုများကို မည်သို့ ကျော်ဖြတ်မည်နည်း။

တစ်ဖက်လူများအတွက် ရှမ့်လန်က ပညာရည်ပြည့်ဝသည့် ကျောင်းတော်သားတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် အဆုံးသတ်မှာတော့ ရှမ့်လန်ကိုယ်တိုင်ပင်လျှင် ကျောင်းတော်သား မဟုတ်ပေ။ ထိုအရာကို အားလုံးသောသူတို့က သိရှိပြီး ဖြစ်၏။

အရူးလန်က နေ့စဉ်နေတိုင်း အိမ်၌သာ နေထိုင်နေကြောင်း သူတို့ ကြားခဲ့၏။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးနှင့် သူတို့ကို မည်သို့ ယှဉ်ပြိုင်မည်နည်း။ လောကကြီးထဲတွင် တကယ့်ကို မောက်မာဝင့်ကြွားစွာ တည်ရှ ိနေထိုင်သည့် ဤကဲ့သို့ ခွေးလိုကောင်မျိုးလည်း တည်ရှိနေသေးသည်လား။ သူတို့အနေနှင့် ထိုသူ့ကို ဆိုးဆိုးဝါးဝါး ဂုဏ်သိက္ခာကျဆင်းအောင် နင်းချေပစ်ရန် ဆုံးဖြတ်ထားလိုက်ကြသည်။

ပြီးနောက် ဤလူများသည် အိမ်မှာပင် စားလိုက်သောက်လိုက်နှင့် လုပ်နေကြရ၏။ စာမေးပွဲက မနက်ဖြန်ကျင်းပမှာ ဖြစ်၏။ သို့ပေမည့် သူတို့က ကောင်းကောင်းအိပ်နိုင်ခြင်း မရှိကြချေ။

ထို့အတူ သူတို့က အရက်ကိုလည်း နည်းနည်းသာလျှင် သောက်၏။ အများကြီး မသောက်ရဲကြချေ။ အရက်နာကျမည်ကို စိုးရိမ်သောကြောင့်ပင်။

တချို့သော ပိုက်ဆံရှိသည့် လူများမှာတော့ ပြည့်တန်ဆာများကို ရှာဖွေကာဖြင့် စိတ်လက်အပန်းဖြေမှုကို ပြုလုပ်ကြ၏။ သို့ပေမည့် အပြင်းအထန် မဟုတ်ကြချေ။ သူတို့၏ ခါးများ နာကျင်မည်ကို စိုးရိမ်သောကြောင့်ပင်။ ပိုက်ဆံမရှိသည့် လူများကတော့ ကိုယ့်လက်ကိုယ်သာ အားကိုးရ၏။

အရူးလန်က လက်ရှိအချိန်တွင် စိတ်ချမ်းသာနေ၏။ သူက အနည်းငယ်တော့ တွန့်ဆုတ်လျက် ရှိနေ၏။ အပြင်ဘက်ကို ထွက်ပြီး စိတ်ပြေလက်ပျောက် နေချေ၏။ သူက နေရာတစ်ခုကိုပင် ရွေးချယ်ခဲ့ပြီးသား ဖြစ်၏။ ချန်းဖန်မြို့စားအိမ်တော်နှင့် သုံးလီအကွာအဝေးတွင် တည်ရှိနေသည့် နွေဦးပန်း ဆောင်ကြာမြိုင်ပင် ဖြစ်သည်။

ဟုတ်ပေ၏။ နာမည်ကို ကြားပြီးသည်နှင့် ထိုအရာက အဆင့်နိမ့်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိပြီး ဖြစ်ပေမည့်။ သို့ပေမည့် အရူးလန်သည် အနည်းငယ် သပ်ရပ်သည့် ဆောင်ကြာမြိုင်ထဲသို့ပင် ဝင်ရောက်ဖူးသူ မဟုတ်ပေ။ ခပ်ဝဝ ၊ ဈေးပေါသော မိန်းမများနှင့်သာ ပျော်ပါးဖူးသူ ဖြစ်၏။

တစ်ကြိမ်သွားရောက်ကာ လည်ပတ်မည်ဆိုလျှင် ငွေဒင်္ဂါး ငါးပြားကုန်ကျမှာ ဖြစ်ပြီး ထိုအရာက အရူးလန် တတ်နိုင်ခဲ့သည့် ဈေးအကြီးဆုံးသော ကုန်ကျငွေပင်။

နှစ်နာရီနီးပါး တွန့်ဆုတ်ပြီးနောက် သူက မသွားရန် ဆုံးဖြတ်လိုက်၏။ ရှမ့်နုက ဝိတ်ချနေပြီ ဖြစ်၏။ အကယ်၍ သူ အရူးလန်ကသာလျှင် ဆောင်ကြာမြိုင်ကို သွားပါက သူမ စိတ်ဓာတ်ကျသွားမည် မဟုတ်ပါလား။

ထို့ကြောင့် သူက မာယာမျဉ်းပြိုင်များ စာအုပ်ကို ဖွင့်ကာ ဖတ်ရှု၏။

နောက်တစ်နေ့ မနက်ခင်းမှာတော့ ရှမ့်လန်က အရူးလန်အား စာမေးပွဲခန်းဆီသို့ ရှမ့်နုကို လိုက်ပါ ပို့ဆောင်စေ၏။ သူက လိုက်ပါ မပို့ဆောင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက စောစော မထနိုင်သောကြောင့်ပင်။

သို့ပေမည့် နင်ကျန်းမှာတော့ စောစောစီးစီးထပြီး အရူးလန်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကာ ပို့ဆောင်သည်။

“အရှင်.. ကျေးဇူးပြု၍ နေခဲ့ပါ။ ကျုပ် စိတ်မပျက်စေရပါဘူး” အရူးလန်က ဦးညွှတ်လိုက်၏။ သူ့အနေနှင့် ရှမ့်လန်၏ အရှေ့တွင် လွတ်လွတ်လပ်လပ် အမူအရာမျိုးဖြင့် နေထိုင်သည်ဆိုသော်လည်း နင်ကျန်း၏ အရှေ့မှာတော့ သူက လေးလေးနက်နက် ပြောဆိုတတ်၏။

နင်ကျန်းက ပြောလိုက်သည်။ “အကောင်းဆုံး လုပ်ပါ။ ရလဒ်နဲ့ ပတ်သက်ပြီး တခြားတောင်းဆိုစရာ များများစားစား မရှိပါဘူး”

ပြီးနောက် ရှမ့်နုက ချန်းဖန်မြို့စားအိမ်တော်၏ ရထားလုံးကို မောင်းနှင်ကာ စာမေးပွဲခန်းဆီသို့ ဦးတည်သွားခဲ့၏။

လမ်းတစ်လျှောက်တွင် မီးအိမ်များက ကြယ်လိုပင် ထွန်းညှိထားခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော် လူပေါင်း ၃၀၀၀ ကျော်တို့က အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုမှာ ဖြစ်သောကြောင့်ပင်။

................

ချန်းဖန်မြို့စားအိမ်တော်၏ ရထားလုံးရောက်ရှိလာသည်ကို မြင်သည့်အချိန်မှာတော့ လူအားလုံးက ပစ်မှတ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင်။

“အရူးလန်က ဒီရထားလုံးထဲမှာပဲ”

“ဒီမောက်မာပြီး မပြည့်စုံတဲ့ သူတောင်းစား”

ချက်ချင်းပဲ ဘေးတစ်ဖက်တွင် ရှိသော လူများက ထကာပြောကြ၏။ “ဒီလိုမျိုး မောက်မာပြီး မပြည့်စုံတဲ့ကောင်မျိုးကို အဖက်လုပ်မနေကြနဲ့”

“ဘာကြောင့်လဲ”

“ဘာကြောင့်ရမှလဲ။ မပြည့်စုံပါဘူးဆို မင်းတို့က ဘာလို့ သူနဲ့သွားပြီး နှိုင်းနေရတာလဲ”

ဘေးတစ်ဖက်တွင် ရှိနေသည့် လူများက ပြောလိုက်သည်။ “မဟုတ်ဘူး။ အဲဒီမောက်မာပြီး မပြည့်စုံတဲ့ကောင်ဆိုတာက အရူးလန် မဟုတ်ဘူး၊ ရှမ့်လန်ပဲ။ အရူးလန်က အဲဒီရှမ့်လန်ထက် ပိုပြီး ဆိုးတဲ့နေရာမှာ ရှိတယ်။ သူ့အတွက် သတ်မှတ်ထားတဲ့ စကားလုံးဆိုတာတောင် မရှိဘူး။ သူက အမှိုက်တစ်စလိုပဲ။ လူသားတစ်ယောက်လို့ သတ်မှတ်ဖို့တောင်မှ ထိုက်တန်တဲ့လူတစ်ယောက် မဟုတ်ဘူး။”

“ဟုတ်တယ်။ ဒါက ကောင်းတဲ့စကားလုံးပဲ။ အမှိုက်လိုလူပဲ။ အမှိုက်လိုလူမျိုးကို ဘာလို့ လိုက်ပြီး ပြောဆိုနေမှာလဲ”

“ကျုပ်တို့အားလုံးက ပညာတတ်တွေချည်းပဲ။ ပြီးတော့ နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမယ့် လူတွေ။ ဒီလိုလူမိုက်မျိုးက ဝင်ရောက်ဖြေဆိုတယ်ဆိုတာ မမျှတသလို ဖြစ်တာပေါ့”

“အင်း.. မမျှတတာ မဟုတ်ဘူး။ ဒါ လူကဖန်တီးထားတဲ့ ကပ်ဘေးကြီးတစ်ခုပဲ။ ဒီလောကကြီးမှာ ရှမ့်လန်ဆိုတဲ့ သမက်တော်တစ်ကောင် ရှိနေလို့ ဒီလိုကိစ္စမျိုးတွေ ဖြစ်နေရတာ”

“အင်း.. ဒါဆိုရင် ကျုပ်တို့ အဲဒီ ရှမ့်လန်ဆိုတဲ့ကောင်ကို ဘာလို့ သွားမရိုက်ရတာလဲ။ ဒီနေရာမှာ မှောင်နေပြီ။ ကျုပ်တို့သွားပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် သူတို့ ဘာတတ်နိုင်မှာလဲ”

“အင်း.. အထဲမှာ ရှမ့်လန် မပါဘူးကွ။ အရူးလန်ပဲ ရှိတာ။”

“ဒါဆိုရင် အရူးလန်ကို ရိုက်ကြမယ်လေ။”

ရုတ်တရက် အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် လူအားလုံးတို့က ရူးရူးမူးမူးဆိုသလိုပဲ အရူးလန်၏ ရထားလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူတို့က ဒေါသတကြီးဖြင့် လှမ်းကာ ကြည့်ရှု၏။ ဤကဲ့သို့သော ဒေါသတရားများကို ဖိနှိပ်ဖို့ဆိုသည်မှာ ခက်ခဲလှသည်။

လက်ရှိအချိန်သည် အရူးလန်ကို ဝင်ရောက် တိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်၏။ လူပေါင်း ၁၀၀ ကျော်တို့က မည်သို့မှ မနေနိုင်တော့ချေ။ အရူးလန်၏ ရထားလုံးဆီသို့ ချဉ်းကပ်လာခဲ့၏။

ထိုအချိန်မှာပဲ ရှမ့်နု၏ အသံက ထွက်ပေါ်လာခဲ့သည်။ “အရူးလန်ကို သတ်ချင်တာလား။ ကောင်းပြီ။ လုပ်ကြလေ။ ညီအစ်မတို့ .... သူတို့ ရထားလုံးရဲ့ ၃ ပေနီးပါးကို ကပ်လာတာနဲ့ သူတို့အားလုံးရဲ့ဥတွေကို ဖိချေလိုက်”

“ကောင်းပါပြီ”

အနားတွင် ရှိနေသည့် အမျိုးသမီးစစ်သည်တော် ၂၀ ကျော်တို့က တပြိုင်နက်တည်း အော်ဟစ်လိုက်၏။

ချက်ချင်းပဲ ကျောင်းတော်သားရာချီတို့က လျင်လျင်မြန်မြန် နောက်ဆုတ်ထွက်ခွာသွားခဲ့ကြ၏။ ဥများကို နင်းချေခံရခြင်း။ ဤရက်အနည်းငယ်တွင် သူတို့က ထိုအရာကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရ၏။ သူတို့၏ ဥများပင်လျှင် နာကျင်နေသည်ဟုပင် ခံစားမိသည်။

အရူးလန်က တကယ်ပင် ထိရှသွားခဲ့၏။ “ရှမ့်နု.. မင်းငါ့ကို အရမ်းဂရုစိုက်တာပဲ။ ဒီတစ်သက်တာမှာ မင်းကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”

ရှမ့်နုက ပြောလိုက်သည်။ “ပါးစပ်ပိတ်ထား။ နောက်ထပ် စကားတစ်လုံး ထပ်ပြောမယ်ဆိုရင် ရှင့်ရဲ့ဥတွေကိုလည်း နင်းချေပစ်လိုက်မယ်”

အရူးလန်၏ နှလုံးသားက ပြင်းပြင်းထန်ထန်နှင့် ခုန်သွားခဲ့၏။ သူက စိတ်ထဲတွင် အော်ဟစ်လျက်ရှိ၏။ ‘ညီမလေးရှမ့်နု.. လာပါ။ လုပ်ချင်သလို လုပ်လိုက်ပါ’

ထို့ကြောင့် တစ်ဖက်လူများက အရူးလန်ကို တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ချေ။

ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းတော်သား အားလုံးတို့က အဝေးဆီသို့ ရှောင်ရှားသွားခဲ့ကြ၏။ အရူးလန်၏ ရထားလုံးအနားတွင် နေထိုင်ရခြင်းမှာ သူတို့ကို အရှက်ခွဲသလိုပင် ခံစားစေမိကြ၏။

“ဖွီ ...... ဖွီ”

“အင်း.. ဒီလိုအမှိုက်မျိုးနဲ့ အတူတူ လမ်းလျှောက်နေရတာကိုက လူသားမဆန်တော့ဘူး”

“အင်း.. ဒါက လူလို့ သတ်မှတ်လို့မရတဲ့ အမှိုက်တစ်ကောင်ပဲ”

“လောကကြီးထဲမှာ ရှမ့်လန်ဆိုတဲ့ သမက်တော်ကြောင့် ဒီလိုကိစ္စမျိုးတွေ ဖြစ်နေတာပဲ”

လမ်းတစ်လျှောက်မှာတော့ အရူးလန်၏ ရထားလုံးက အေးဆေးသက်သာစွာ ခရီးဆက်နေသည်။ သို့ပေမည့် လူပေါင်းများစွာတို့၏ ဆဲဆိုခြင်းကို ခံနေရ၏။ လူတစ်ယောက်က တံတွေးထွေးလိုက်သည်နှင့် တပြိုင်နက် လူပေါင်းများစွာတို့က အရူးလန်၏ ရထားလုံးတည်ရှိရာ နေရာဆီသို့ လှမ်းကာ တံတွေးထွေးကြ၏။ ထို့ကဲ့သို့ပင် အရူးလန်၏ ရထားလုံးသွားရာ လမ်းတစ်လျှောက်တွင် တံတွေးများနှင့်ပင် ပြည့်နှက်နေခဲ့၏။

အချိန်အနည်းငယ်ကြာပြီးနောက် သူတို့က ကြီးမားသည့် စာမေးပွဲခန်းကြီးဆီသို့ ရောက်ရှိလာခဲ့ကြ၏။ ရထားလုံးဆီမှ ထွက်လျှောက်ပြီး စာမေးပွဲခန်း အထဲသို့ ဝင်ရောက်ရန် တန်းစီလိုက်သည်။

ပလိပ်ရောဂါကြီး တည်ရှိနေသကဲ့သို့ပင် သူ ဖြတ်သန်းသမျှ တည်နေရာတိုင်းက ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကျောင်းတော်သားအားလုံးက သူ့ကို ရှောင်ရှားကြ၏။ “အမှိုက်.. လူသားလိုတောင် ပြောဖို့ ထိုက်တန်တဲ့ လူ မဟုတ်ဘူး”

အရူးလန်က တန်းစီထားသည့် လူများ၏ အနောက်ဆီသို့ လှမ်းလျှောက်သွား၏။ အဆုံးသတ်မှာတော့ သူ့၏အရှေ့တွင် ရှိနေသည့် လူဟူသမျှ ပျောက်ကွယ်သွား၏။ ထို့ကြောင့်ပင်လျှင် အရူးလန်က နောက်ဆုံး တည်နေရာမှသည် ရှေ့ဆုံး တည်နေရာဆီသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

ပြီးနောက်မှာတော့ ရှာဖွေမည့်ဝန်ထမ်းများက စတင်ကာ ရှာဖွေ၏။ ဤအချိန်တိုလေးသည် တကယ့်ကို ရှက်ရွှံ့ဖွယ်ရာ ကောင်းသည့် အရာမျိုး ဖြစ်၏။ ခန္ဓာကိုယ်၏ နေရာအနှံ့ကို လှန်လှောရှာဖွေခြင်း ဖြစ်သည်။ သို့ပေမည့် အရူးလန်က တစ်ချက်လေးမှ ဂရုမစိုက်ပေ။ သူက ထို့ထက်ပိုမိုကာ ရှက်ရွှံစရာကောင်းသည့် အရာမျိုးကို ကြုံဆုံခဲ့ရသောကြောင့်ပင်။

သူက ရှက်ရွံ့မှုကို မခံစားရသည့်သာမက စိတ်လှုပ်ရှားမှုကိုပင် ခံစားနေ၏။ ကံဆိုးစွာဖြင့် သူ့ကို ရှာဖွေသည့် လူများက ယောက်ျားများ ဖြစ်၏။ မိန်းမများ မဟုတ်ချေ။ မဟုတ်ပါက သူ့အတွက် အလွန် သာယာနာပျော်ဖွယ် ဖြစ်ပေလိမ့်မည်။

ရှာဖွေပြီးနောက် အားလုံးသောသူတို့က စာမေးပွဲခန်းဆီသို့ ဝင်ရောက်သွားခဲ့ကြ၏။ စာမေးပွဲစစ်ဆေးသူ လေးယောက်တို့ကလည်း ဝင်ရောက်လာခဲ့၏။ အင်ပါရီယာ နန်းတွင်းအစောင့်အရှောက် ရာချီတို့ကလည်း ဝင်ရောက်လာခဲ့၏။

စာမေးပွဲဟောခန်းကြီး၏ တံခါးက ပိတ်သွားခဲ့သည်။

ပြီးနောက် ‘ဒုန်း’ ဟူသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ တရားဝင်ဆိုသလိုပဲ စာမေးပွဲ မေးခွန်းများက တစ်ယောက်ပြီး တစ်ယောက်ဆီသို့ ရောက်ရှိလာခဲ့၏။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ နန်းပလ္လင်ဆက်ခံသည့် နှစ် ၂၀ မြောက်အဖြစ် ကျင်းပသည့် အထူးစာမေးပွဲကြီး တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

............

ပထမဦးဆုံး စာမေးပွဲသည် လက်ရေးလှနှင့် တွက်ချက်ခြင်းပင် ဖြစ်၏။ မေးခွန်း အနည်းငယ်သာရှိသော်လည်း ထိုအရာက ကြီးမားလွန်းသည့် တောင်ကြီးကဲ့သို့ပင် ဖိအား ကျဆင်းစေ၏။

လက်ရေးလှ ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။

ထန်ခေတ်၏ လေးအုပ်ငါးကျမ်းထဲမှ စာလုံးများကို ပြန်လည် မေးမြန်းထားခြင်းဖြစ်သည်။ ထိုထဲတွင် စာပိုဒ် ၁၀ ခု တည်ရှိနေပြီး ငါးခုကို မှန်မှန်ကန်ကန်ဖြင့် လှပအောင် ရေးသားနိုင်သည် ဆိုပါက စာမေးပွဲအောင်မြင်၏။

မေးခွန်းအားလုံးကို ဖြေဆိုရမည် ဖြစ်ပြီး တစ်ခုမှ ချန်ထား၍ မရချေ။ သို့ပေမည့် ယေဘူယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအရာက မှတ်ဉာဏ်ကို ဦးစားပေးခြင်း ဖြစ်၏။ အလွန်ရှားပါးသည့် စကားလုံးများလည်း မဟုတ်ချေ။ လေးအုပ်ငါးကျမ်းတွင် ရှိနေသည့် ဂန္တဝင် စာသားများကို မှတ်မိထားရန်သာ လိုသည်။

All Chapters