← Chapters

အခန်း (၄၈၆)

Vol. 34 Ch. 486

အခန်း (၄၈၆)

Vol. 34 Ch. 486

များပြားလွန်းလှသည့် မေးခွန်းများကို မြင်ရပြီးသည့်နောက် တကယ့်ကို မွန်းကျပ်သလိုပင် ခံစားရမှာ သေချာ၏။

စာလုံးရေပေါင်း ၁၀၀၀၀ ကျော်နီးပါး ရှိသည့် လေးအုပ်ငါးကျမ်းထဲမှ စာလုံးများကို မေးမြန်းထားခြင်းဖြစ်သည်။ ထိုအရာကို မည်မျှ ကောင်းမွန်သည့် ဦးနှောက်ပိုင်ရှင်က မှတ်သားနိုင်မည်နည်း။ ထို့ကြောင့် လက်ရေးလှ စာမေးပွဲဆိုသည်မှာ အရိုးရှင်းဆုံးဖြစ်သလို ကြောက်မက်ဖွယ်ရာကောင်းသည့် အရာတစ်ခုလည်း ဖြစ်သည်။

စာမေးပွဲ စစ်ဆေးသူများအတွက်တော့ ထိုအရာက သာမန်ပင် ဖြစ်၏။ မေးခွန်းပေါင်း ၉၀ တွင် ၅၀ က လွယ်လွယ်ကူကူ အရာများကို မေးမြန်းထားခြင်းဖြစ်ပြီး ၃၀ က ရှားပါးသည့် အရာများကို မေးထား၏။ နောက်ဆုံး ၁၀ မှာတော့ တကယ့်ကို ဆိုးဆိုးဝါးဝါး အလွန်အမင်း ကြမ်းတမ်းပြီး ခက်ခဲနက်နဲသည့် မေးခွန်းများကို မေးထားခြင်း ဖြစ်၏။

အထူးသဖြင့် နောက်ဆုံးမေးခွန်း ၁၀ ခု ဖြစ်၏။ ထိုအရာက မိမိကိုယ်ကိုယ် သတ်သေချင်လောက်သည်အထိ ဆိုးဝါးလွန်းသည့် မေးခွန်းများ ဖြစ်၏။ ဤမေးခွန်းများကို ကြည့်ရှုပြီးနောက် စာမေးပွဲ ဖြေဆိုသူများက မတွေးဘဲ မနေနိုင်တော့ချေ။

“သောက်ကျိုးနည်း၊ ဒါဘာကြီးလဲ။ ဂန္ထဝင် လေးအုပ်ငါးကျမ်းစာအုပ်ထဲမှာ ဒီလို စာသားတွေ ပါနေသေးတာလား။ ငါမယုံနိုင်ဘူး”

အချက်အလက်အားဖြင့် စာမေးပွဲစစ်ဆေးသူများက ဤမေးခွန်းများကို ဖန်တီးထားခြင်း သူတို့ပင်လျှင် စာအုပ်ကို လှန်၍ မကြည့်ပါက ဤမေးခွန်းများကို ဖြေဆိုနိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမည့် အရူးလန်ကတော့ တကယ့်ကို ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်ဖြစ်၏။ ထို့ပြင် ဓာတ်ပုံရိုက်ထားသကဲ့သို့ စွဲမြဲသည့် မှတ်ဉာဏ်ကိုလည်း ပိုင်ဆိုင်သူ ဖြစ်သည်။ မည်သူမှ လေးအုပ်ငါးကျမ်းထဲတွင် ရှိနေသည့် အရာများကို မမှတ်မိသော်လည်း အရူးလန်ကတော့ အရာအားလုံးကို မှတ်မိ၏။ သူက ဤမေးခွန်း ၉၀ လုံးကို လွယ်လွယ်ကူကူ ဖြေဆိုနိုင်စွမ်း ရှိနေ၏။

စာမေးပွဲဖြေဆိုသူ တော်တော်များများတို့က မေးခွန်း ၉၀ အတွက် အနည်းဆုံး ၆ နာရီနီးပါးခန့် ကြာမည်ဖြစ်ပြီး နောက်ဆုံး မေးခွန်း ၁၀ ခု ကတော့ သူတို့၏ ကံတရားပေါ် မူတည်နေ၏။ သို့ပေမည့် အရူးလန်မှာတော့ ထိုအရာများကို အစမှအဆုံးထိ ရေးသားရန် နာရီဝက်ထက် အချိန်နည်းနည်းကိုသာလျှင် အသုံးပြုရပေမည်။ သူ၏ မှန်ကန်နှုန်းက ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်။

ပြီးနောက် သူက နောက်ထပ် ကျန်ရှိနေသေးသည့် စာတမ်းများကို ပြန်လည်ကာ ဖြေဆို၏။ ရေတွက်၍မရအောင် များပြားသည့် စာအုပ်များကို အခုတလော သူ ဖတ်ရှုခဲ့၏။ တကယ်တမ်းမှာတော့ ရှမ့်လန်က ထိုအရာအားလုံးကို သူ့အား ပေးထားခြင်း ဖြစ်၏။ တော်တော်များများသော စာအုပ်တို့သည် ဟန်ခေတ်မှ စာအုပ်များဖြစ်သည်။ ထို့ကြောင့် အရူးလန်က အရာအားလုံးကို သေသေချာချာ ဖြေဆိုနိုင်စွမ်း ရှိနေ၏။

အရူးလန်က တကယ်ကို ကြမ်းတမ်းလွန်း၏။ ထို့အပြင် သူ၏ပါရမီကလည်း ရှမ့်လန်ထက် ပိုမိုကာ သာလွန်၏။ သူက ရှမ့်လန်ကဲ့သို့ AI ကို အသုံးပြုခြင်း မဟုတ်ချေ။ သာမန်ရိုးရိုး ဦးနှောက်ကိုသာ အသုံးပြု၍ ရေးသားနေခြင်းသာ ဖြစ်၏။ ဤအရာက ရှမ့်လန်ကိုပင် အံ့အားသင့်စေခဲ့သည်။

အရူးလန်အတွက် အရာအားလုံးက လွယ်ကူလျက် ရှိနေသည်။ ပုံမှန်အားဖြင့် စာမေးပွဲ၏ ပထမဦးဆုံး နေ့တွင် တစ်နေ့လုံး အချိန်ဖြုန်းရ၏။ ထို့ကြောင့် ညဘက်အထိ စာမေးပွဲဖြေဆိုနိုင်ရန် ဖယောင်းတိုင်များကိုပင် ထွန်းညှိပေးရ၏။

သို့ပေမည့် အရူးလန်မှာတော့ ဤမေးခွန်းများ အားလုံးကို ဖြေဆိုရန် နာရီဝက်ထက် နည်းနည်းကိုသာလျှင် အသုံးပြု၏။ သူ့အနေနှင့် အဖြေကို ထပ်မံစစ်ဆေးရန်ပင် မလိုအပ်ချေ။

“ဟင်း... ပျင်းစရာကောင်းလိုက်တာ။ ဒီအချိန်တွေကို ငါ ဘယ်မှာ သွားဖြုန်းရမလဲ” ယခု အရူးလန်က အိပ်ရာမှ စောစောထခဲ့သည့် အကြောင်းအရာကိုပင် နောင်တရမိနေ၏။ သူ၏ခန္ဓာကိုယ်က အားနည်းလျက် ရှိနေ၏။ ခဏလောက်နေတော့ သူ အိပ်ငိုက်လာခဲ့၏။ သူ ပြန်အိပ်လျှင် ကောင်းမည်လား။

စာမေးပွဲခန်းက တစ်စုံတစ်ခုသော အလိမ်အညာများ ပေါ်ပေါက်မည် စိုးသောကြောင့် မည်သူမှ အိမ်ပြန်ခွင့်မရှိပေ။ ဤနေရာမှာ နေထိုင်ပြီး တရပ်စပ်ဖြေဆိုရသည်။

ပြီးနောက် အရူးလန်က စာရွက်များကို အသာပင် လိပ်ပြီး ဖုံးလိုက်၏။ စားပွဲပေါ်သို့ ခေါင်းတင်ကာ အိပ်လိုက်၏။

အိပ်မောကျပြီး ၁၅ မိနစ်လောက်ကြာတော့ ဒုတိယ စာစစ်သူအကြီးအကဲသည် သူ့အနားမှ ဖြတ်လျှောက် သွားခဲ့သည်။

ဤအရူးလန်က တကယ့်ကို ဆိုးဝါးလွန်း၏။ စာမေးပွဲက အခုမှ စတင်ခြင်း ဖြစ်၏။ သို့ပေမည့် အိပ်မောကျနေပြီ ဖြစ်၏။ တစ်ဖက်လူအတွက် မျှော်လင့်ချက်ဟူ၍ မရှိတော့ချေ။ ဤကဲ့သို့ အသုံးမဝင်သည့် လူတစ်ယောက်က အဘယ့်ကြောင့် စာမေးပွဲလာရောက်ဖြေဆိုရသနည်း။

ရှမ့်လန်အတွက် ရှက်ရွံ့မှု၊ နင်ကျန်းအတွက် ရှက်ရွံ့မှုသာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ဤနှစ်ယောက်တို့က ရှက်ရွံ့မှုကို ကြောက်လန့်သည့် လူများမဟုတ်ချေ။

တစ်ယောက်က တကယ့်ကို ဆိုးဆိုးဝါးဝါး အရည်ထူသည့် လူမျိုးဖြစ်ပြီး ရှက်ရွံ့မှုဆိုသည့် အဓိပ္ပာယ်ကို ဘာမှန်းသိရှိသူ မဟုတ်ပေ။

တခြားသော တစ်ယောက်မှာတော့ မည်သည့်ဂုဏ်ပုဒ်၊ ဂုဏ်သတင်းမှ မရှိဘဲ ကံဆိုးသည့် လူတစ်ယောက်ပင်။ ရှက်ရွံ့ရန်အတွက် အခွင့်အရေးပင် ရှိသည့် လူတစ်ယောက် မဟုတ်ချေ။

ပတ်ဝန်းကျင်တွင် ရှိနေသည့် စာမေးပွဲစစ်ဆေးသူအားလုံးက အရူးလန်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို မြင်ရတော့ အထင်အမြင်သေးသလို ရယ်မောလိုက်မိ၏။

‘ဒီသူတောင်းစားက တကယ့်ကို အသုံးမဝင်ဘူးပဲ။ စာမေးပွဲက အခုမှ စတာ သူက အိပ်ပျော်နေပြီ”

“ဒီလိုကောင်မျိုးက သမက်တော်ရှမ့်ဆိုတဲ့ကောင်မျိုးကြောင့် ဒီလိုအခြေအနေမျိုးထိ ရောက်လာတာလေ။ လူတွေအားလုံးက သမက်တော်ရှမ့်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးဖို့တောင် မစောင့်နိုင်တော့ဘူးနဲ့တူတယ်။ တစ်ယောက်ကို တံတွေးနဲ့ တစ်ခါထွေးမယ်ဆိုရင် ကြောက်စရာကြီးပဲ”

ဤလူများ၏ အသံက တိုးတိုးပြောနေခြင်း မဟုတ်ချေ။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်၏။ လူပေါင်းများစွာတို့က ထိုအရာကို ကြားနေသည်။

ပြီးနောက် လူပေါင်းများစွာတို့က အချင်းချင်း လှမ်းကာ စကားပြောပြီး ဆူညံသွားခဲ့ကြ၏။

စာမေးပွဲစစ်ဆေးသူတစ်ယောက်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “တိတ်ကြစမ်း။ အသံထွက်ရဲတဲ့ ဘယ်သူမဆို စာမေးပွဲခန်းထဲက ကန်ထုတ်ခံရမယ်”

ပြီးနောက် စာမေးပွဲ စစ်ဆေးသူများကလည်း အရူးလန်ကို ဘေးတစ်ဖက်တွင် အသာထားကာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေခဲ့၏။ ထို့ပြင် အိပ်စက်ခြင်းဆိုသည်မှာ စာမေးပွဲခန်းကို နှောင့်ယှက်ခြင်း မဟုတ်ချေ။ အိပ်စက်ခြင်းကို မဆိုနှင့်။ တစုံတစ်ခု ပြုလုပ်နေမည်ဆိုလျှင်တောင် တခြားအသံမထွက်သည် ဆိုပါက အဆင်ပြေ၏။

.......................

အချိန်အတော်ကြာ အိပ်စက်ပြီးနောက် အရူးလန်က အိပ်ရာမှ နိုးထလာခဲ့၏။ ကောင်းကင်ပေါ်တွင် နေက အလယ်တည့်တည့်သို့ ရောက်၍ မွန်းတည့်ချိန်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိရှိလိုက်ရ၏။ သူ အချိန်အတော်ကြာ အိပ်စက်ခဲ့၏။ သို့ပေမည့် လေးနာရီလောက်ပင် မကြာခဲ့ချေ။ ဤအချိန်မှာတော့ သူ့အနေနှင့် သည်းခံရန် ခက်ခဲလာခဲ့သည်။

သူ ထမင်းစားချင်၏။ တကယ်ကို အရသာရှိသည့် ပေါက်စီ သို့မဟုတ် အသားပေါင်းများကို စားသုံးချင်သည်။ အရူးလန်က ဆက်ကာ မအိပ်ချင်တော့ချေ။ သူ ဘာလုပ်ရမှန်းလည်း မသိချေ။

ထို့ကြောင့် အရူးလန်က မျက်လုံးကို မှိတ်ပြီး စိတ်ထဲတွင် မှတ်သားထားသည့် စာအုပ်များကို ဖတ်ရှုလျက် ရှိနေ၏။ သူက ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း စာအုပ်ကို သေသေချာချာ ပြန်လည်ကာ ဖတ်ရှုရင်း အရသာခံ၏။

မည်မျှ အံ့အားသင့်စရာ ကောင်းလိုက်သနည်း။ ကံကောင်းစွာဖြင့် သူ၏ ခေါင်းထဲတွင် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းနှင့် အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲက တည်ရှိနေ၏။ မဟုတ်ပါက စာမေးပွဲခန်း ထဲတွင် ပျင်း၍ သေသွားလောက်သည်။

ဟုတ်ပေ၏။ သူ၏ စိတ်ထဲတွင် မာယာမျဉ်းပြိုင်များ စာအုပ်လည်း ရှိသေး၏။ သို့ပေမည့် ထိုအရာက စာမေးပွဲခန်းထဲ ဖတ်ရှု၍ ကောင်းသည့် အရာမျိုး မဟုတ်ချေ။ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်လျှင် မည်သို့လုပ်မည်နည်း။ စာမေးပွဲခန်း၏ အလယ်ဆိုသည်မှာ တစ်စုံတစ်ခု ပြုလုပ်ရန် သင့်တော်သည့် နေရာမျိုး မဟုတ်ချေ။

အားလုံးသောသူတို့က စာမေးပွဲအတွက် ဦးနှောက်ကို ခြစ်ထုတ်ကာ စာမေးပွဲဖြေဆိုနေ၏။ အရူးလန်မှာတော့ ပျင်းရိလွန်းသောကြောင့် အချိန်များ မြန်မြန်ကုန်ဆုံးရန် ထိုင်ကာ ဆုတောင်းလျက်ရှိ၏။

နောက်ဆုံးမှာတော့ ပထမဦးဆုံးရက်က ကုန်လွန်သွားခဲ့ပြီး ဖြစ်၏။ မနက်ဖြန်စာမေးပွဲက ယခုထက် ပို၍ ခက်ခဲပါစေကြောင်း အရူးလန်က စိတ်ထဲတွင် တောင်းဆုပြုမိနေ၏။ သူ့အနေနှင့် ဦးနှောက်ကို အသုံးပြုချင်မိသည်။

.....................

အထူးစာမေးပွဲ၏ ဒုတိယနေ့ ...။

ယနေ့စာမေးပွဲကတော့ တကယ့်ကို မဟာဗျူဟာနှင့် ပတ်သက်သည့် စာမေးပွဲပင် ဖြစ်၏။ တော်ဝင်ရန်အင်ပါယာ၏ စာမေးပွဲက မဟာဗျူဟာကို အလုံးစုံ အားထား၏။ ထို့ကြောင့် ဒုတိယနေ့ စာမေးပွဲက တကယ့်ကို အရေးကြီးသည့် အရာမျိုးပင်။ ထို့ပြင် ရာခိုင်နှုန်းများလည်း ပါဝင်၏။

ဥပမာအားဖြင့် စာမေးပွဲတွင် ဒုတိယရက်မဟာဗျူဟာအတွက် ၅၀ ရာခိုင်နှုန်းပေးပြီး တတိယရက် ကဗျာအတွက် ၃၀ ရာခိုင်နှုန်း၊ ပထမရက်အတွက် လက်ရေးလှနှင့် အမေးအဖြေ စာမေးပွဲအတွက် တွက်ချက်မှုအတွက် ၂၀ ရာခိုင်နှုန်း ပေးသည်။

ထို့ကြောင့် မဟာဗျူဟာ အောင်မြင်ပါက စာမေးပွဲတစ်ခုလုံး အောင်မြင်ဖို့ မျှော်လင့်နိုင်၏။ မဟာဗျူဟာသာ ကျရှုံးသည်ဆိုပါက တခြားသောနှစ်ရက်တွင် မည်မျှကောင်းမွန်အောင်ရေးရေး မည်သည့်မျှော်လင့်ချက်မှ မရှိချေ။

ထို့ကြောင့်ပင် ရှမ့်လန်က အရူးလန်အား လွန်ခဲ့သည့်လအတွင်းတွင် ထောင်နှင့်ချီသည့် နိုင်ငံရေး စာတမ်းများကို ဖတ်ရှုရန် အတင်းတွန်းအားပေးခဲ့ခြင်း ဖြစ်၏။ မင်နှင့် ချင်ခေတ်တို့မှ မေးခွန်းများသည် ပုံမှန်အားဖြင့် လေးအုပ်ငါးကျမ်းဆီမှ ထုတ်ယူထားခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် တော်ဝင်ရန်နိုင်ငံ၏ မဟာဗျူဟာက လေးအုပ်ငါးကျမ်းထဲတွင် ရှိနေသည့် အရာများကို ထုတ်ယူရန် မလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုထဲတွင် မပါဝင်သည့် မေးခွန်းများလည်း ပါဝင်သောကြောင့်ပင်။ စည်းမျဉ်းစည်းကမ်းများ နောက်သို့လိုက်သည့် အုပ်စိုးသူအားလုံးတို့သည် လေးအုပ်ငါးကျမ်းထဲမှ မေးခွန်းများကို ယူရသည်အား နှစ်သက်သည်။

သို့ပေမည့် နင်ယွမ်ရှန်းကတော့ ထိုစည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် ဘုရင်မင်းမြတ် ဟုတ်ပါရဲ့လား။ ကျိန်းသေပေါက် မဟုတ်ချေ။ ထို့ကြောင့် ရွှဲ့ပြည်နယ်၏ စာမေးပွဲက လေးအုပ်ငါးကျမ်းထဲမှ မဟုတ်ချေ။ ပိုမို၍ အရေးကြီးသည်မှာ နင်ယွမ်ရှန်းက မိမိကိုယ်ကိုယ် အထင်ကြီးသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူက စာမေးပွဲ စစ်ဆေးသူများကို ယုံကြည်သူ မဟုတ်ချေ။ ထို့ကြောင့် သူ့ဘာသူ မေးခွန်းထုတ်ရခြင်းကို နှစ်သက်သူ တစ်ယောက်ပင်။

ယခုနှစ် အထူးစာမေးပွဲတွင် စာမေးပွဲဖြေဆိုမည့် ငါးမျိုးထဲမှ သုံးခုက နိုင်ငံရေးရာနှင့် ပတ်သက်သည့် ယုတ္တိဗေဒများ၊ ကဗျာများ၊ ထိုအရာအားလုံးကို ဘုရင်မင်းမြတ်ကိုယ်တိုင် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်၏။

ဤအရာက လူပေါင်းများစွာတို့ကို ရူးသွပ်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်၏ မေးခွန်းများက တကယ့်ကို ရဲတင်းပြီး ကြမ်းတမ်းလွန်းသောကြောင့်ပင်။ သို့ပေမည့် ဘုရင်မင်းမြတ် ဖြစ်သောကြောင့် သူက ရဲတင်းရဲ၏။ ဖြေဆိုသူများကတော့ ရဲတင်းရဲလိမ့်မည် မဟုတ်ချေ။ ဥပမာအားဖြင့် ထိုကဲ့သို့သော စာများကို ဖြေဆိုရန် တကယ်ပင် စိုးရွံ့ရပေသည်။

ဒုန်း...

အသံ ထွက်ပေါ်လာခဲ့၏။ စာမေးပွဲ မေးခွန်းများကို လိုက်လံကာ ပေးဝေ၏။ အားလုံးသောသူတို့က စာမေးပွဲ မေးခွန်းများကို ကြည့်ရှုရန် မစောင့်မျှော်နိုင်သလိုပင် ဖြစ်နေ၏။ အားလုံးသောသူတို့က မေးခွန်းများ မခက်ခဲစေရန် ဆုတောင်းနေမိ၏။ သို့ပေမည့် ဆုတောင်းမပြည့်ခဲ့ချေ။ မေးခွန်းများက တကယ်ကို ခက်ခဲခဲ့၏။

မေးခွန်းက မြေရှင်ယာရှင်စနစ်ပင် ဖြစ်၏။ စုနန်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီးနောက် မူဝါဒသစ်၏ အောင်မြင်မှုကို ကြွေးကြော်ရန် အချိန်ရောက်ပြီလား ဟူသည့် မေးခွန်းပင်။

သို့ပေမည့် ထိုအရာက တော်ဝင်ရန်နိုင်ငံတော်၏ စာမေးပွဲဆိုပါက အံ့အားသင့်စရာ မဟုတ်ချေ။ မူဝါဒသစ်က ပြီးဆုံးလုနီးပါး ဖြစ်၏။

သို့ပေမည့် ရွှဲ့ပြည်နယ်မှာတော့ မူဝါဒသစ်က တန်းလန်းကြီး ဖြစ်၏။ ကျရှုံးသည်ဟုပင် ပြောဆိုရပေမည်။ စုနန်ကို သုတ်သင်ခဲ့သော်လည်း မူဝါဒသစ်ကြောင့် မဟုတ်ချေ။ ထိုအရာက ပုန်ကန်သောကြောင့်သာ ဖြစ်သည်။

ပိုမို၍ အရေးကြီးမားသည်မှာ တော်ဝင်ရန်နိုင်ငံတော်ပင်လျှင် ထိုကဲ့သို့သော မေးခွန်းများကို မမေးရဲချေ။ ရွှဲ့ပြည်နယ်အနေနှင့် ထိုကဲ့သို့သော မေးခွန်းကို မေးမြန်းရန်အတွက် သင့်တော်ပါရဲ့လား။

သို့တစေ သူတို့ စာမေးပွဲဖြေဆိုသူများအနေနှင့် ဘာလုပ်နိုင်မည်နည်း။ မေးလျှင် ဖြေရမှာ ဖြစ်၏။

မူဝါဒသစ်၏ နောက်ဆုံးသောရည်မှန်းချက်က တော်ဝင်မျိုးနွယ်ဟောင်း အားလုံးတို့၏ လယ်ယာမြေ မြေပိုင်နက်များနှင့် သီးသန့်စစ်သည်အားလုံးတို့ကို ဖယ်ရှားရန်သာမက နန်းတွင်းရှိ ဝန်ကြီးအို၊ ဝန်ကြီးဟောင်းများနှင့် အသစ်ပေါ်ပေါက်လာမည့် ပညာတတ်ဝန်ထမ်းများနှင့် လဲလှယ်ရန် ဖြစ်၏။ နိုင်ငံတော်တစ်ခုလုံးကို ပိုမိုကာ အဆင့်မြင့်မားသည့် အခြေအနေတစ်ခုဆီသို့ ပြောင်းလဲရန် ဖြစ်သည်။

ပြောရမည်ဆိုလျှင် ထိုအရာက အာဏာဗဟိုပြုသည့် စနစ်ပင် ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ မည်သို့လုပ်ခဲ့သနည်း ဆိုသည်ကို ကြည့်ရှုသင့်၏။ ထိုအရာက အချင်းချင်း ဆွေးနွေး၍ ကောင်းသည့် အကြောင်းအရာမျိုး ဖြစ်သော်လည်း မေးခွန်းထဲတွင် ထည့်ကာ ဖြေဆိုရန်ဆိုသည်မှာတော့ ဖြစ်သင့်သည့် အကြောင်းအရာမျိုး မဟုတ်ချေ။

သို့ပေမည့် အရူးလန်က ထိုအရာကို ဖတ်ရှုပြီးသည့်နောက် ပျော်ရွှင်သွားမိ၏။ သူက မူလအားဖြင့် ခက်ခဲသည့် မေးခွန်းများ၊ သူ၏ ဦးနှောက်ကို အလုပ်ပေးရသည့် မေးခွန်းများကိုသာ လိုချင်၏။ မဟုတ်ပါက သူ့အနေနှင့် တစ်နေ့လုံး ဘာမှလုပ်စရာမရှိဘဲ အချိန်ဖြုန်းရပေလိမ့်မည်။

ယခု မိမိ၏ ကိုယ်ပိုင်ဦးနှောက်နှင့် ဖြေဆိုရမည့် မေးခွန်းများဖြစ်ကြောင်း သိရှိပြီးနောက် သူက ပျော်ရွှင်သွားခဲ့၏။ ထိုအရာက သူ၏ အကြိုက်ပင် ဖြစ်၏။ ထိုအရာကို မည်ကဲ့သို့ သေသေချာချာ ရေးသားရမည်။ အသက်ဝိညာဉ်ပြည့်စုံသည့် စာတမ်းဖြစ်အောင် မည်ကဲ့သို့ ရေးသားရမည်ဖြစ်ကြောင်း သူက သိရှိ၏။

နင်ကျန်း၊ ရှမ့်လန်နှင့် ကျန်းချုံးတို့က သူတို့၏ နိုင်ငံရေးရာ စာတမ်းများကို သုံးသပ်ရန် သူ့အား နမူနာ ပေးခဲ့၏။ သို့ပေမည့် ထိုအရာက သူ့အတွက် လုံလောက်သည့် အရာမျိုး ဖြစ်ခဲ့သည်။ အထူးသဖြင့် ကျန်းချုံးပင် ဖြစ်၏။ ကျန်းချုံးက အင်ပါရီယာ ကျောင်းတော်သားတစ်ယောက် ဖြစ်ပြီး သူ၏ စာတမ်းများက တကယ့်ကို ကောင်းမွန်လွန်းလှ၏။ သူက ကျန်းချုံး၏ စာတမ်းအားလုံးကို သေသေချာချာ ဖတ်ရှုဖူးသည်။

ရှမ့်လန်က သူ့ကို နိုင်ငံရေးစာတမ်းမှာ ၃၀၀၀ ကျော် ဖတ်ရှုရန် ဖိအားပေးခဲ့၏။ အားလုံးသော အရာများက ထင်ရှားသည့် အရာများ ဖြစ်၏။ တရုတ်ပြည်၏ ကျော်ကြားသည့် နိုင်ငံရေးရာစာတမ်းများ ဖြစ်သည်။ ထိုထဲတွင် လုကျန်းယွမ်၏ မြေရှင်ယာရှင်စနစ် စာအုပ်များလည်း ပါဝင်၏။ တကယ့်ကို ပညာပိုင်းအရ အထူးရတနာများပင် ဖြစ်၏။

ယခင်တုန်းက အရူးလန်၏ နိုင်ငံ့ရေးရာစာတမ်းဖြေဆိုမှုများက အသက်ဝိညာဉ် ကင်းမဲ့ခဲ့၏။ ယခု အချိန်မှာတော့ ထိုအသက်ဝိညာဉ်က အရိုးထဲထိပင် ဝင်ရောက်နေသကဲ့သို့ပင်။ အရူးလန်က အလောတကြီးနှင့် မဖြေဆိုခဲ့ချေ။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ အတွေးများကို စတင်ကာ စဉ်းစား၏။ ပြီးနောက် သူက ပဉ္စမမင်းသား နင်ကျန်းကို ကိုယ်စားပြုပြီး သူ၏ အတွေးများက နင်ကျန်း၏ အတွေးများကဲ့သို့ပင် ကိုယ်စားပြု၏။ ထို့ကြောင့် သူ၏ဖြေဆိုမှုများက တကယ့်ကို ကြက်သီးထစရာပင် ဖြစ်ပေလိမ့်မည်။

နင်ကျန်းက ဘာဖြစ်သနည်း။ နင်ကျန်းက အားအနည်းဆုံးသော နန်းပလ္လင်ကို ယှဉ်ပြိုင်သူတစ်ယောက် ဖြစ်၏။ ဟုတ်ပေ၏။ ဘုရင်မင်းမြတ်၏ စိတ်နှလုံးအတွင်းပိုင်းတွင် ထိုအရာကို သဘောတူညီ ရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် သူက တစ်ဖက်လူ၏ ခံစားချက်များကို ဦးတည်ကာ ရေးသားလျက် ရှိနေ၏။ သူအနေနှင့် ဦးတည်ရာကို သေချာပေါက် ရွေးချယ်ထားခဲ့၏။

ဘုရင်မင်းမြတ်အနေနှင့် အိမ်ရှေ့စံမင်းသားနင်ကျန်း၏ အတွေးများကို ကျိန်းသေပေါက် မြင်ရရန် သူက ကြိုးစားထား၏။ သူက အားရပါးရ ရေးသား၏။

“ဟား ဟား ဟား။ ငါလုပ်နိုင်ခဲ့ပြီ။ လုပ်နိုင်ခဲ့ပြီ။ ရှမ့်၊ အိမ်ရှေ့စံမင်းသားနင်ကျန်း... ကျုပ် ခင်ဗျားတို့ကို စိတ်မပျက်စေရဘူး”

All Chapters