← Chapters

အခန်း (၄၈၉)

Vol. 34 Ch. 489

အခန်း (၄၈၉)

Vol. 34 Ch. 489

စာမေးပွဲစစ်ဆေးသူများသည် အံ့အားသင့်စရာပင်ဖြစ်၏။ သူတို့က စာမေးပွဲဖြေဆိုသူများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်းရှိနေ၏။ သို့ပေမည့် စာမေးပွဲစစ်ဆေးသူအားလုံးတို့သည် စာမေးပွဲအဖြေလွှာများကို အမှတ်ခြစ်နေချိန်မှာတော့ စိတ်ခံစားချက်တစ်ခုတည်းသာရှိ၏။ ထိုအရာက မူးနောက်နောက် အော့အန်ချင်သလို ခံစားနေမိခြင်းပင်။

စုစုပေါင်း စာမေးပွဲစစ်ဆေးသူက ခြောက်ယောက်သာရှိ၏။ အဓိက စာမေးပွဲစစ်ဆေးသူများသည် စာမေးပွဲ၏ အဖြေလွှာများကို အမှတ်ခြစ်သည့်အလုပ်တွင် ပါဝင်ခြင်း မရှိကြချေ။ ထိုသူတို့က စုစုပေါင်း စာမေးပွဲစစ်ဆေးသူ ငါးယောက်ခန့် ရှိ၏။

နန်းမြို့တော်ကြီးက ကြီးမားသည့် စာမေးပွဲတည်နေရာတစ်ခုဖြစ်ပြီး စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် လူပေါင်းက သုံးထောင်ကျော် ရှိ၏။ သာမန်အားဖြင့် စာမေးပွဲစစ်ဆေးသူတစ်ယောက်ချင်းစီတိုင်းက အဖြေလွှာ ခြောက်ရာကျော်ကို အမှတ်ခြစ် စစ်ဆေးရမှာဖြစ်၏။ စာမေးပွဲစစ်ဆေးသူများ၏ တိကျ မှန်ကန်မှုနှုန်းက ကိုးဆယ်ရာခိုင်နှုန်းနီးပါး ဖြစ်သည်။

အဓိကအားဖြင့် သူတို့က နိုင်ငံ့ရေးရာမူဝါဒများကို ဖြေဆိုသည့်အပိုင်းဖြစ်၏။ ထိုအရာတွင် အတွေးအခေါ်များက တစ်ယောက်နှင့်တစ်ယောက် ထပ်လျက်ရှိနေပြီး စကားလုံးများနှင့် အချို့သော ဝါကျများဆိုလျှင် ထပ်တူညီလျက် ရှိ၏။ စကားပြေများ၏ ငါးဆယ်ရာခိုင်နှုန်းခန့်က ပုံစံခွက်တစ်ခုထဲမှ ထွင်းထု၍ ထွက်လာသကဲ့သို့ပင်။

ဤအရာက အစားအစာကို မြည်းစမ်းခြင်းနှင့်တူသည်။ အစားအစာကို ထပ်တလဲလဲ မြည်းစမ်းနေသည်ဆိုပါက ထိုအရာကို အရသာကင်းမဲ့သလို ခံစားမိမည် မဟုတ်ပါလား။ ထို့အတူ ယခုစာမေးပွဲဖြေဆိုသူ ငါးရာ၊ ခြောက်ရာခန့်တို့၏ စာပေလွှာများကို ဤကဲ့သို့ စားသုံးစစ်ဆေးနေရသည့်အချိန်မှာတော့ တကယ်ပင် အန်ထွက်လုမတတ် ဖြစ်နေကြ၏။

အချို့သောစကားပြေများမှာ တကယ့်ကိုကောင်းမွန်လွန်းပြီး တကယ့်ကိုပြင်းထန်၏။ အနည်းငယ် ဖတ်ရှုလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသလိုပင် ခံစားမိ၏။ သို့ပေမည့် ထိုကဲ့သို့သော အရာများကလည်း အနည်းငယ်တော့ ထပ်တူညီလျက် ရှိနေသေး၏။ ထပ်တူညီသည်ဆိုသည်နှင့် တကယ်ပင် အရသာခံနိုင်စွမ်း ယိုယွင်းလာပေလိမ့်မည်။

ဤသို့ပင် စာမေးပွဲစစ်ဆေးသည့် ခန်းမဆောင်အတွင်းတွင် အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းက တကယ့်ကို ပျင်းရိငြီးငွေ့စရာ ကောင်းလွန်းလှ၏။

“ဖျပ် ဖျပ် ဖျပ်”

ဤအရာက နားထောင်လိုက်ရုံနှင့် တစ်စုံတစ်ယောက် လိင်ဆက်ဆံနေသည့်အသံကဲ့သို့ပင် ထင်မှတ်မှားရ၏။ သို့ပေမည့် အထင်မလွဲကြနှင့်။ ဤအရာက စာမေးပွဲအဖြေလွှာများကို အောက်သို့ပစ်ချနေသည့်အသံဖြစ်သည်။

စာမေးပွဲစစ်ဆေးသူများက သူတို့မကြိုက်သည်နှင့်တပြိုင်နက် ထိုအရာကို တစ်ချက်တည်းကြည့်ပြီး ဆယ်ကြောင်းခန့်ဖတ်၏။ ဆယ်ကြောင်းခန့်ဖတ်ရှုပြီးနောက် အဖြေလွှာစာအိတ်ထဲသို့ ပြန်ထိုးထည့်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

မှန်ပေ၏။ တကယ့်ကို မြေပြင်ပေါ်သို့ ပစ်ချခြင်းဖြစ်၏။ ရှုထောင့်အရ ကြည့်ရှုရမည်ဆိုလျှင် ဤအဖြေလွှာ အားလုံးက အောင်မြင်ရန် အခွင့်အရေးတော့ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ပြန်လည် စစ်ဆေးခြင်းကို ပြုလုပ်ရန်ရှိနေသောကြောင့်ပင်။

သို့ပေမည့် ဤအရာက ယုတ္တိဗေဒ အရသာလျှင်ဖြစ်၏။

လက်တွေ့တွင်တော့ အဖြေလွှာများ မြေပေါ်သို့ ရောက်ရှိသည်နှင့် ပြန်လည်ထွက်ပေါ်လာနိုင်သည့် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် မြေပေါ်သို့ပစ်ချခံရသည့် အဖြေလွှာများက မတရားသဖြင့် ပစ်ချခြင်း ခံခဲ့ရသည်လား။ ကိုးဆယ့်ကိုးဒသမကိုး ရာခိုင်နှုန်း မဟုတ်ပေ။

စာစစ်သူများက မည်သို့ပင်ဖြစ်စေ သူတို့၌ သတ်မှတ်ထားသည့် အရည်အသွေး စံနှုန်းတစ်ခုရှိ၏။ ယခုအချိန်တွင် ကျူးဟုန်ပင်းကဲ့သို့သော ကောင်းကင်ဘုံ၏ ပါရမီရှင်မျိုးပင် ဝင်ရောက်ယှဉ်ပြိုင်နေသောကြောင့် အထူးစာမေးပွဲက လိမ်လည်ခိုးချ၍ ဖြေဆိုနိုင်သည့်အရာမျိုး မဟုတ်ပေ။ ထို့ကြောင့်ပင် ဤအရာက တကယ့်ကို အစစ်အမှန် မူရင်းအရည်အချင်းများနှင့် ဖြေဆိုခဲ့ကြောင်း သိရှိနိုင်၏။

ထို့အပြင် အထူးစာမေးပွဲတွင် လူမည်မျှ အောင်မြင်နိုင်မှုနှုန်းကို လက်ခံမည်နည်း။ သတ်မှတ်ထားသည့် အရေအတွက် မရှိသော်လည်း ပုံမှန်အားဖြင့် လူတစ်ရာထက် ကျော်လွန်လိမ့်မည် မဟုတ်ချေ။ စုစုပေါင်း အရေအတွက်၏ လူသုံးဆယ်တွင် တစ်ဦးမျှသာ အောင်မြင်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် စာမေးပွဲ အဖြေလွှာများ၏ ကိုးဆယ်ရာခိုင်နှုန်းက ပထမအဆင့်၌ လွှင့်ပစ်ခြင်း ခံခဲ့ရ၏။ ထို့ကြောင့် စာစစ်သူတိုင်း၏ စိတ်ထဲတွင် သိရှိနေသည်မှာ ပထမအဆင့်၌ ဆယ်စောင်တွင် တစ်စောင်သာ ရွေးချယ်ရန်ဖြစ်၏။

“ဖျပ် ဖျပ် ဖျပ် ဖျပ်”

စာမေးပွဲအဖြေလွှာများ တစ်စောင်ပြီးတစ်စောင် မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့၏။ လေထုတစ်ခုလုံးကလည်း စိတ်ပျက်ငြီးငွေ့မှုများနှင့် လေးလံလျက်ရှိနေသည်။ စာဖြေသူများ၏ အဖြေလွှာများက တစ်သုတ်ပြီးတစ်သုတ် ပိုမိုကာ ဆိုးဝါးလာခဲ့၏။ စကားလုံးများနှင့် ထုတ်ဖော်မပြောကြားသော်လည်း စာစစ်သူအားလုံးတို့၏ မျက်နှာပေါ်တွင် ထိုအရာက ထင်ထင်ရှားရှား ပေါ်ပေါက်လျက်ရှိနေသည်။

ဤတစ်ကြိမ်မှာတော့ စာစစ်မှူးချုပ်သည် မင်းမှုရေးရာဌာနမှ လက်ထောက်ဖြစ်၏။ သူကအဖြေလွှာများကို ဖတ်ရှုနေ၏။ ဤလက်ထောက်ဝန်ကြီးက တကယ့်ကို ရက်စက်လွန်းသူဖြစ်၏။ တစ်ချက်ကြည့်၊ စာကြောင်းဆယ်ကြောင်း ကို ဖတ်ရှုပြီး အသေးငယ်ဆုံးသော အမှားအယွင်းတစ်ခုကိုတွေ့သည်နှင့် ထိုအဖြေလွှာကို အောင်မြင်နိုင်သည့်စာရင်းမှ ပယ်ချခဲ့၏။

“ဖျပ် ဖျပ် ဖျပ်”

အစောင်သုံးဆယ်ကျော်ကို လွှင့်ပစ်ပြီး နောက်ဆုံးမှာတော့ အစောင်တစ်စောင်ကို သူ၏ညာဘက်ခြမ်းရှိ စားပွဲပေါ်တွင် ချန်ထားခဲ့၏။ ဤလက်ထောက်ဝန်ကြီးက လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ခန့်တုန်းက စာမေးပွဲတွင် တတိယအဆင့်နှင့် အောင်မြင်ခဲ့သူဖြစ်၏။ သူ၏စံနှုန်းများက ထိပ်တန်းအဆင့်၌ ရှိသည်။

စာဖြေသူများ၏ စကားပြေနှင့်ကဗျာများကို တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ထိုအရာက စံသတ်မှတ်ချက် ပြည့်မီသည်လား၊ မပြည့်မီသည်လားဆိုသည်ကို သိရှိနိုင်၏။ ထို့ကြောင့်ပင်လျှင် နန်းတွင်းစာမေးပွဲများက ခက်ခဲခြင်း ဖြစ်၏။

ရာဂဏန်းတွင်တစ်ယောက် ထူးချွန်သူများသည် စင်မြင့်ပေါ်သို့ တက်ခွင့်မရဘဲ ဒေသဆိုင်ရာ စာမေးပွဲခန်းများမှ ပယ်ချခြင်းခံခဲ့ရ၏။ ထောင်ဂဏန်းတွင် တစ်ယောက် ထူးချွန်သည့်ပါရမီရှင်များမှသာလျှင် ဤစာမေးပွဲခန်း အတွင်းသို့ ရောက်ရှိလာနိုင်၏။ ထိုအထဲတွင်မှ ထူးချွန်သူဆိုသည်မှာ သောင်းဂဏန်းမှ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

မြို့တော်နှင့် လက်အောက်ခံ ခရိုင်အသီးသီးတွင် လူဦးရေ တစ်သန်းမှ ငါးသန်းခန့်ရှိ၏။ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် စာမေးပွဲကျင်းပပြီး အကြိမ်တိုင်း၌ လူတစ်ရာကိုရွေးချယ်၏။ ဤသည်မှာ ပီကင်းတက္ကသိုလ်သို့ ဝင်ခွင့်ထက်ပင် ပိုမိုကာခက်ခဲနေသေး၏။

ဤလက်ထောက်ဝန်ကြီးက တကယ့်ကို လျင်မြန်လွန်းလှချေ၏။ သူက ကျူးဟုန်ပင်း၏ စာမေးပွဲအဖြေလွှာများကို အဆက်မပြတ် လှန်လောကာရှာဖွေနေ၏။ ဟုတ်ပေ၏။ ဤသည်မှာ ပါရမီရှင်တစ်ဦးကို တွေ့ဆုံလိုသည့် သူ၏စိတ်အားထက်သန်မှုကြောင့်ပင်။

ထို့အပြင် ဝန်ကြီးချုပ်ကို မျက်နှာလုပ်ချင်သည့် အကြောင်းပြချက်လည်း ပါ၏။ သူ့ကို ကျူးမိသားစု၏ ဘက်တော်သား ဟု သတ်မှတ်နိုင်၏။ သို့ပေမည့် ပုံမှန်အားဖြင့် သူက လိမ်လည်မှုများကို မပြုလုပ်ချင်ပေ။ စာပေတွင် ပထမ မရှိ၊ သိုင်းတွင် ဒုတိယ မရှိဟူသည့် စကားပုံရှိသည် မဟုတ်လား။

စာပေဆိုသည်မှာ ပုဂ္ဂလိကဆန်၏။ ထူးခြားပြောင်မြောက်သည့် လက်ရာတစ်ခု မပေါ်ထွက်သရွေ့ အများသဘောတူသည့် ပထမနေရာကို ရရှိနိုင်ရန် ခက်ခဲပေမည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူတစ်ဦး၏ ဂုဏ်သိက္ခာ ကျော်ကြားမှုက အရေးကြီးလွန်း၏။ ကျူးဟုန်ပင်း၏ ပါရမီက လောကသုံးပါး၌ပင် ကျော်ကြား၏။ သူက နန်းမြို့တော်၏ စာမေးပွဲ၌ ကျော်ကြားဆုံးဖြစ်လာမှာ သေချာ၏။

ယခင်စာမေးပွဲတွင် မပါဝင်ခဲ့သော်လည်း အိမ်တွင် မေးခွန်းတစ်စုံကို ဖြေဆိုခဲ့ပြီး စာစစ်သူအနည်းငယ်က ထိုအဖြေကို စစ်ဆေးပေးခဲ့၏။ နောက်ဆုံးမှာတော့ အကယ်၍ ကျူးဟုန်ပင်းသည်သာ စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ပါက ကျိန်းသေပေါက် ပထမနေရာကို ရရှိပေလိမ့်မည်။

ယခင် ဆောင်းဦးစာမေးပွဲက လွန်ခဲ့သည့်နှစ်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကျူးဟုန်ပင်းက ဆယ့်ခြောက်နှစ် အရွယ်သာရှိသေး၏။ ထိုမတိုင်မီ ဆောင်းဦးစာမေးပွဲကလည်း လွန်ခဲ့သည့်လေးနှစ်ကဖြစ်ပြီး ထိုစဉ်ကလည်း ကျူးဟုန်ပင်းက ဆယ့်သုံးနှစ်သာရှိသေး၏။ မပါဝင်ခဲ့သော်လည်း မေးခွန်းများကိုရရှိခဲ့ပြီး ထိုမေးခွန်းများကို အိမ်၌ဖြေဆိုခဲ့၏။

စာစစ်သူအနည်းငယ်တို့က ထိုအရာကို စေတနာဖြင့် စစ်ဆေးပေးခဲ့ပြီး သူက အမြဲတမ်း ပထမနေရာကို ရရှိခဲ့သည်။

တစ်နည်းဆိုရသော် ကျူးဟုန်ပင်းက အသက်ဆယ့်သုံးနှစ်နှင့် ပြည်နယ်အဆင့်စာမေးပွဲတွင် ပထမနေရာ ရရှိခဲ့ခြင်းပင်။ ထိုအချိန်တည်းက သူက ကျော်ကြားလာခဲ့၏။ စာဖြေသူများက ပထမရမည်ဟု ပြောဆိုရုံသာမက ဘုရင်မင်းမြတ်ကိုယ်တိုင်ကပင်လျှင် တကယ့်ကို မိုင်ထောင်ချီပြေးနိုင်သည့် မြင်းမျိုးကောင်း ဟု ချီးကျူးခဲ့၏။

ဘုရင်မင်းမြတ်က ကျူးမိသားစုအပေါ်တွင် တကယ့်ကို သဘောကောင်းလွန်းလှပြီး ကျူးမိသားစု၏ ကလေးများကို မိမိ၏သားသမီးများသဖွယ် ဆက်ဆံ၏။ ကျူးဟုန်ပင်းအပေါ်တွင်လည်း ဘက်လိုက်မှု အချို့ရှိ၏။ ထို့ကြောင့် ယခင် ဆောင်းဦးစာမေးပွဲ နှစ်ခုဆက်တိုက် ပထမရရှိသည့်သူများက မပျော်မရွှင် ခံစားနေရ၏။ မိမိတို့က လိမ်ညာခံလိုက်ရသလိုပင် ခံစားနေမိသည်။

ဟုတ်ပေ၏။ တရားဝင်ဖြေဆိုနေသည့်သူများက ချီးကျူးမှုကို မခံရဘဲ နောက်ကွယ်မှ ဝင်ရောက်ဖြေဆိုပြီး ပထမ ရရှိခဲ့သည့်လူကိုတော့ အားလုံးသောသူတို့က ချီးကျူးလျက် ရှိနေ၏။

နောက်ဆုံးမှာတော့ အကယ်၍ ကျူးဟုန်ပင်းသည်သာ ပြည်နယ်စာမေးပွဲကို တရားဝင် ဝင်ရောက်ဖြေဆိုနေသည်ဆိုပါက ပထမရမှာ သေချာသည်ဟု ပြောဆိုသည်။

တစ်နည်းဆိုရသော် ယခင်နှစ်ကြိမ်ဖြေဆိုခဲ့သည့် ထိပ်တန်းအောင်မြင်သူများ အားလုံးက တရားဝင် ပထမများ မဟုတ်ကြသလိုပင်။ မည်သို့ပင်ဆိုစေကာမူ ကျူးမိသားစု၏မျိုးဆက်များက ကောင်းကင်၏ မျက်နှာသာ ပေးခြင်းကို ခံထားရသည်သူများဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်သာ နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး ပထမရရှိခဲ့သည်ဆိုလျှင် အခြားသောသူများက လိမ်ညာသည်ဟုပင် ခံစားကြမှာသေချာ၏။ ကျူးဟုန်ပင်းက အိမ်တွင် စာမေးပွဲဖြေဆိုခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ပထမရရှိခဲ့သော်လည်း အောင်စာရင်းတွင် တရားဝင် မဖြစ်ခဲ့ချေ။ တတိယအကြိမ် လာရောက်ဖြေဆိုပြီး ပထမ ရရှိမှသာလျှင် ထိုအရာက မျှတသည့်ရလဒ်ဖြစ်မည်ဖြစ်ပြီး မည်သူကမှ မမှန်မကန်ဟု ပြောဆိုရဲတော့မည် မဟုတ်ချေ။

ကျူးဟုန်ကျူးက ဝန်ကြီးချုပ်ဖြစ်သော်လည်း မိမိ၏မြေးဖြစ်သူကို နှစ်ကြိမ်တိုင်တိုင် စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့် တားဆီးခဲ့၏။ ဤအရာက လုံလောက်သည့် တရားမျှတမှုတစ်ခု ဟုတ်ပါရဲ့လား။

ထို့ကြောင့်ပင် ဤတစ်ကြိမ်စာမေးပွဲ၌ ကျူးဟုန်ပင်းက ပထမနေရာကိုရယူရန် သန္နိဋ္ဌာန်ချထားခဲ့၏။ စာစစ်သူများကလည်း ဤကဲ့သို့ဖြစ်လာရန် ပျော်ရွှင်စွာ ဆောင်ရွက်ပေးကြ၏။

သို့ပေမည့် အဖြေလွှာသုံးထောင်ကျော်ရှိပြီး ထိုထဲတွင် ကျူးဟုန်ပင်း၏ အဖြေလွှာကို ကောက်ယူ ရွေးချယ်ရန် ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။ စာမေးပွဲအဖြေလွှာများကို စစ်ဆေးခြင်းဆိုသည်မှာ ထိုသို့သော ဖိအားများကို ရရှိစေခဲ့သည်။

“ဖျပ် ဖျပ် ဖျပ်”

ထိုကဲ့သို့ စာရွက်လွှင့်ပစ်သည့် အသံများမှလွဲ၍ အခြားမည်သည့်အသံကိုမှ မကြားရသကဲ့သို့ပင်။

အလွန်ရှားပါးသည့် အခွင့်အရေးတစ်ခုသာရှိ၏။ ထိုအရာမှာ စာစစ်သူတစ်ဦးက ကောင်းမွန်သည့် စကားပြေတစ်ခုကို ဖတ်ရှုခဲ့ပြီး အခြားသော စာစစ်သူများကို ခေါ်ယူကာ မျှဝေဖတ်ရှုစေခြင်းပင်။ ထိုကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာမှသာလျှင် ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ ဝင်ခွင့်ရပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးဆိုသည်ကလည်း နာရီပေါင်းများစွာကြာမှ တစ်ကြိမ်ဆိုသလောက်သာ ပေါ်ပေါက်တတ်၏။

“ကောင်းတယ်။ ကောင်းတယ်ဟ” ရုတ်တရက် စာစစ်သူတစ်ယောက်က စားပွဲကိုထုလိုက်၏။ လူတိုင်းက လန့်ဖျပ်သွားခဲ့သည်။

ထိုစာစစ်သူ၏ လက်များက တုန်ယင်လျက်ရှိနေလေပြီး သူ၏လက်ထဲတွင်ရှိနေသည့် စာမေးပွဲအဖြေလွှာက မြေပြင်ပေါ်သို့ လျှောကျသွား၏။ သူက ချက်ချင်းပဲ ပြန်လည်ကာ ကောက်ယူလိုက်၏။

လက်ထောက်ဝန်ကြီးက လှမ်းကာမေးမြန်းလိုက်သည်။ “မြေပေါ်ကျသွားတဲ့ စကားပြေက ကောင်းလို့လား”

စာစစ်သူတစ်ယောက်က လှမ်းကာပြောဆိုသည်။ “အရမ်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မဆိုးပါဘူး”

လက်ထောက်ဝန်ကြီးက လှမ်းကာပြောဆိုလိုက်၏။ “ဒါဆိုလည်း အောက်ကို ကျပလေ့စေတော့”

ဤသို့နှင့်ပင် ကံမကောင်းသောသူ၏ အဖြေလွှာက မြေပြင်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဤစာစစ်သူက ဤဘာသာရပ်တွင် ပထမ စာစစ်မှူးချုပ်အဖြစ် သတ်မှတ်နိုင်သည့်လူဖြစ်၏။

“အင်း စာစစ်မှူးချုပ်.. ခင်ဗျားရဲ့စာမေးပွဲအဖြေလွှာကို ခဏချထားပြီး ဒီအဖြေလွှာကို လာကြည့်ပါအုံး။ ဒီဟာက လုံးဝ အံ့မခမ်းပဲ”

ပြီးနောက် ပထမနှင့် ဒုတိယစာစစ်မှူးတို့က အဖြေလွှာကို စာစစ်မှူးချုပ်၏ စားပွဲပေါ်သို့ ယူဆောင် လာခဲ့ကြ၏။ ပြီးနောက် အခြားစာစစ်သူများကလည်း မိမိတို့၏အဖြေလွှာများကို စားပွဲပေါ်တွင်ချပြီး တည်နေရာတစ်ခုဆီသို့ ဝိုင်းရံလာခဲ့ကြ၏။

သူတို့က တစ်ချက်သာ ကြည့်ရှုလိုက်၏။ စိတ်ထဲတွင်လည်း ကြွေးကြော်လိုက်ကြသည်။ “နောက်ဆုံးတော့ တွေ့ပြီပဲ”

ဤသည်မှာ ကျူးဟုန်ပင်း၏ စာမေးပွဲအဖြေလွှာပင် ဖြစ်ရပေလိမ့်မည်။ လက်ရေးကလည်း အလွန်ကို ရင်းနှီးပြီး တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သိနိုင်၏။

အမှန်တကယ်တွင်လည်း စာစစ်မှူးတစ်ယောက်တည်းကသာ ကြည့်ရှုနေခြင်းမဟုတ်ဘဲ ရှိရှိသမျှသော စာစစ်သူ အားလုံးက ကြည့်ရှုနေကြခြင်းဖြစ်၏။ တစ်ဖက်မှာတော့ သူတို့က ကျူးမိသားစုကို မျက်နှာလုပ်လိုသော်လည်း ပိုမို၍ အရေးကြီးမားသည်မှာ သူတို့က ရတနာကိုတူးဖော်လိုပြီး မည်သူ ကံအကောင်းဆုံး ဖြစ်မည်ကို ကြည့်ရှုလိုကြခြင်းပင်။

ကျူးဟုန်ပင်း၏ စာမေးပွဲအဖြေလွှာကို ရရှိသူက ကံကောင်းသူ ဖြစ်ပေလိမ့်မည်။ ယခု စာစစ်မှူးချုပ်၏ လက်ထဲတွင် ထိုအရာက တည်ရှိနေပြီး သူ၏နောက်မှ စာစစ်သူငါးယောက်တို့က စုရုံးကာဖြင့် ထိုအရာကို ကြည့်ရှုနေကြ၏။

“ကောင်းလိုက်တာ”

“ကောင်းလိုက်တာ။ သခင်လေး ကျူးဟုန်ပင်းက တကယ့်ကိုပါရမီရှင်ပဲ”

“မေးခွန်းကိုးဆယ်ထဲမှာ သူက ရှစ်ဆယ့်ရှစ်ခုတောင် မှန်အောင်ဖြေနိုင်တယ်”

“မေးခွန်းသုံးဆယ်ထဲမှာဆိုရင် သူကနှစ်ဆယ့်ကိုးခုတောင်မှန်တယ်”

“ဘယ်လိုပါရမီရှင်မျိုးပါလိမ့်”

“စုစုပေါင်း မေးခွန်းတစ်ရာ့နှစ်ဆယ်ရှိတာ အရင်နန်းတွင်းစာမေးပွဲမှာ အများဆုံး ဘယ်နှစ်ခုမှန်ဖူးလဲ”

“တစ်ရာ့တစ်ဆယ့်ငါးခု။”

“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က နန်းတွင်းစာမေးပွဲမှာ ပထမရခဲ့တဲ့ ကျန်းကျိရှု၊ အခုသူက ကျန်းရှစ်အုပ်ချုပ်ရေးမှူးရုံးရဲ့ စာရေးချုပ်ကြီးတောင် ဖြစ်နေပြီ”

ကျန်းကျိရှု၊ ကျူးမိသားစု၏ နောက်ထပ်ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင် အသက်သုံးဆယ့်ကိုးနှစ်သာ ရှိသေး၏။ အုပ်ချုပ်ရေးမှူးရုံး၏ စာရေးချုပ်ကြီးတစ်ယောက် ဖြစ်၏။ သူ၏ရာထူးက ကျန်းချုံးနှင့် တူညီသော်လည်း သူက ကျန်းချုံးထက်ပိုမိုကာ အသက်ငယ်၏။ နှစ်ယောက်လုံးက ကျန်းမျိုးနွယ် အမည် တူညီကြသော်လည်း တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး သွေးသားတော်စပ်မှု မရှိချေ။

“အင်း... မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်လွန်သွားခဲ့တာ အမှန်ပဲ။ ဒီကျူးဟုန်ပင်းက ဆယ်စုနှစ်များစွာထဲက စံချိန်ကို ချိုးဖျက်ခဲ့တယ်။ အခု သူက ကျန်းကျိရှုထက်တောင်မှ ပိုပြီးတော့ တော်နေသေးတာကိုး”

တွက်ချက်မှုက တော်ဝင်ရန်နိုင်ငံ၏ နန်းတွင်းစာမေးပွဲတွင် အသုံးနည်း၏။ ထို့အပြင် ဤသည်က အမှတ်ငါးဆယ်ရလျှင် အောင်မြင်သောစနစ်ဖြစ်၏။ မေးခွန်းတစ်ရာ့နှစ်ဆယ်ထဲမှာ ခြောက်ဆယ်အောက်ကို ရရှိပါက ထိုသူ၏ အခြေခံဗဟုသုတက ညံ့ဖျင်းသည်ဟု အဓိပ္ပာယ်ပေါ်၏။

ကျူးဟုန်ပင်းက မေးခွန်းပေါင်း တစ်ရာတစ်ဆယ့်ခုနစ်ခုကို မှန်ကန်အောင် ဖြေဆိုခဲ့၏။ တကယ့်ကို ပါရမီရှင် တစ်ယောက်ကဲ့သို့ပင်။

ပထမနှင့် ဒုတိယစာစစ်မှူးချုပ်တို့က ပြုံးကာပြောလိုက်သည်။ “ဒီစံချိန်က အနည်းဆုံး ဆယ်နှစ်လောက်အထိ ဘယ်သူကမှ ချိုးဖျက်နိုင်မှာ မဟုတ်တော့ဘူး”

ပဉ္စမစာစစ်မှူးချုပ်က လှမ်းကာပြောဆို၏။ “ဖြစ်နိုင်တာက ကျူးမိသားစုရဲ့ နောက်မျိုးဆက်က ဒီစံချိန်ကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်မှာပါ”

အားလုံးက တုံ့ပြန်ခြင်း မရှိကြချေ။ လူတိုင်းက ကျူးမိသားစုကို မျက်နှာလုပ်ကြရမည် မှန်သော်လည်း တစ်ဖက်လူမှာတော့ တကယ့်ကို မျက်နှာလုပ်လွန်းနေ၏။ နိုင်ငံရေးရာစာတမ်းနှင့် တွက်ချက်မှုများက အရေးမကြီးသောကြောင့် လူတိုင်းက အနည်းငယ်သာ ချီးကျူးပြီး ဆက်လက်ကာ မပြောဆိုခဲ့ချေ။

နောက်အရေးကြီးသည့် အပိုင်းမှာတော့ ထပ်မံကာစစ်ဆေးရမည့် စကားပြေနှင့်ကဗျာများပင် ဖြစ်၏။ ကျူးဟုန်ပင်း၏ မြေရှင်ယာရှင်စနစ်အပေါ် သုံးသပ်ချက်က ပထမစာပိုဒ်နှင့်ပင် စာစစ်သူများအားလုံးကို တုန်လှုပ်စေခဲ့၏။ အထင်ကြီးစရာလည်း ကောင်းလွန်း၏။ တကယ့်ကို ဂုဏ်သရေရှိ မိသားစုမှ မျိုးဆက်တစ်ဦး ဖြစ်၏။ သတ္တိလည်း ရှိလွန်း၏။ ရှုထောင့်တစ်ခုလုံးက ရှင်းရှင်းလင်းလင်း ဖြစ်ရုံသာမက ထက်မြက်လွန်း၏။

“ကောင်းတယ်။ ကောင်းလိုက်တာ”

အစပိုင်းတွင် လက်ထောက်ဝန်ကြီးက တိတ်တဆိတ်သာ ဖတ်ရှုနေ၏။ ပြီးနောက် သူက ကျယ်လောင်စွာ ထကာအော်ဟစ်မိသည်အထိ မိမိစိတ်ကို မထိန်းနိုင်ခဲ့ချေ။ ဤသည်မှာ တကယ့်ကို ကောင်းမွန်လွန်းစွာ ရေးသားထားခြင်း ဖြစ်သည်။

All Chapters