အခန်း (၄၉၃)
Vol. 34 Ch. 493
လီအန်းက ပြောလိုက်၏။ “စည်းမျဉ်းစည်းကမ်းတွေအရ စာမေးပွဲဖြေဆိုသူရဲ့ နာမည်ကို ဖွင့်ပြီးကြည့်လို့ မရပါဘူး”
နင်ယွမ်ရှန်းက တုန်လှုပ်သွားခဲ့သည်။ “မဖြစ်နိုင်ဘူး။ ငါတို့နိုင်ငံမှာ ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ ပါရမီရှင်မျိုး မရှိဘူး။ တကယ်လို့ ရှိတယ်ဆိုရင်လည်း လျှန်းလျှန်းတောက် ကျော်ကြားနေတာ ကြာခဲ့ပြီပေါ့”
နင်ယွမ်ရှန်းက ပခုံးတွန့်လိုက်၏။ “ဖြစ်နိုင်တာက… မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး ... သွား။ အရူးလန်ကို ဒီကိုခေါ်ခဲ့စမ်း။ ငါ သူ့ကို မေးစရာရှိတယ်”
ပြီးနောက် သူက အရူးလန်၏ နာမည်အရင်းကို အကြိမ်ပေါင်းများစွာ ရွတ်ဆိုလျက်ရှိနေ၏။ ထိုသူ၏ နာမည်ကို နင်ယွမ်ရှန်းက သေသေချာချာ မမှတ်မိချေ။ သူအနေနှင့် သာမန်လူတစ်ယောက်၏ နာမည်ကို အဘယ်သို့ မှတ်မိနေမည်နည်း။
“ကောင်းပါပြီ” လီအန်းက အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။
နာရီဝက်ကြာမြင့်ပြီးနောက် အရူးလန်က နန်းတော်ထဲ၌ ပေါ်ပေါက်လာခဲ့၏။ ခြေထောက်များက တုန်ယင်လျက်ရှိ၏။ ပြီးနောက် သူက မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်၏။
“အင်း… ဒီသာမန်လူက အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်” ပြီးနောက် သူက မြေပြင်ပေါ်သို့ ပုံလဲသွားခဲ့၏။ မတ်တပ်ပင် မထနိုင်ခဲ့ချေ။
ဤလူက သရုပ်ဆောင်ရခြင်းကို နှစ်သက်၏။ သူ့ကဲ့သို့သော လူတစ်ယောက်အနေနှင့် အထူးစာမေးပွဲခန်းထဲသို့ ဝင်ရောက်ခြင်းကပင်လျှင် ကြီးကျယ်မြင့်မြတ်သည့်အရာ ဖြစ်၏။ ဘုရင်မင်းမြတ်နှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံရခြင်း ဆိုသည်မှာ တကယ်ကို ကြောက်လန့်မှုများနှင့် ပြည့်နှက်စေသည့်အရာ ဖြစ်၏။ သူက အသက် ၃၀ နီးပါးခန့် ရှိပြီး ကြည့်ကောင်းသည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမည့် သူက သူတောင်းစားများ အနီးပတ်ဝန်းကျင်တွင်သာ ကြီးပြင်းခဲ့သူဖြစ်သည်။
ဘုရင်မင်းမြတ်က သူ့နှင့် ခပ်ဝေးဝေးတွင် ရှိနေ၏။ အရူးလန်က သူတောင်းစား မဖြစ်တော့ဘူး ဆိုလျှင်တောင်မှ နင်ယွမ်ရှန်း၏ မျက်လုံးထဲမှာတော့ သူတောင်းစားတစ်ယောက်သာ ဖြစ်၏။ ဘဝ တစ်သက်တာလုံး သူတောင်းစားဖြစ်မည့်သူပင်။ ထို့ကြောင့် သူက အနီးသို့ မကပ်ချေ။ တစ်ဖက်လူနှင့် သူတို့အတူတူ လေရှူနေရသည်ကိုပင် မနှစ်မြို့သလို ခံစားမိ၏။ ဤကဲ့သို့သော အပြုအမူမျိုးက မောက်မာဝင့်ကြွား လွန်းလှ၏။
“အင်း… ငါခဏကြည့်အုံးမယ်” မိန်းမစိုးလီက အရူးလန်၏ စာမေးပွဲအဖြေလွှာကို လှမ်းပေးလိုက်သည်။
နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ဒါ မင်းရဲ့စာမေးပွဲအဖြေလွှာလား”
အရူးလန်က ဦးတိုက်ကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်ဟာပါပဲ”
ပြောပြီးပြီးချင်းမှာပဲ ဘုရင်မင်းမြတ်နှင့် လီအန်းတို့က ကြောင်သွားခဲ့၏။ တကယ်ပင် တစ်ဖက်လူ၏ စာမေးပွဲ အဖြေလွှာ ဖြစ်လို့နေခဲ့၏။ တစ်ဖက်လူက စာရွက်ဗြောင်ကြီးကိုသာ ပေးအပ်ခဲ့သည်ဟု အားလုံးက ထင်မှတ်ခဲ့၏။ အဘယ်သို့ ထင်ရမည်နည်း။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် အဖြေလွှာများကို ဖြေဆိုခဲ့သူတစ်ယောက် ဖြစ်လို့နေခဲ့၏။ လောကကြီးတစ်ခုလုံးကို အံ့အားသင့်စေချင်သည်လား။
ဘုရင်မင်းမြတ်က ပျော်ရွှင်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် အရူးလန်က ကြောက်မက်ဖွယ်ရာကောင်းသည့် ပါရမီနှင့် ထွန်းတောက်လာမည့် လူမျိုးဖြစ်သောကြောင့်ပင်။ ထို့အပြင် ထိုအရာက သူ့ကို အကျိုးကျေးဇူး ရှိစေနိုင်၏။
လက်တလောတွင် မင်းမှုထမ်းများအားလုံးက နေ့စဉ်နေ့တိုင်းဆိုသလို သူ့ကို တောင်းဆိုလျက် ရှိနေ၏။ အရူးလန်နှင့် သူတောင်းစားဆယ်ဦးတို့ကို စာမေးပွဲဖြေဆိုခွင့်ပေးခဲ့သောကြောင့် သူ့ကို နားပူနားဆာ ပြုလုပ်နေခြင်းပင်။ ယခုအချိန်မှာတော့ အရူးလန်က အကောင်းဆုံး ပြုလုပ်ခဲ့၏။ နင်ယွမ်ရှန်းအနေနှင့် သူ၏ စိတ်အဟုန်ကို ထုတ်ဖော်ပြသရမည့်အချိန်မျိုးကို ကျရောက်လာခဲ့၏။ ဆိုလိုသည်မှာ ပါရမီရှင်များကို သူက မျက်လုံးနှင့် ကြည့်ရှု၍ မြင်နိုင်ခဲ့သည်ဟူသည့် အဓိပ္ပာယ်ပင်။
သို့ပေမည့် ဘာမှန်းမသိသော်လည်း ဘုရင်မင်းမြတ်က စိတ်လှုပ်ရှားခြင်း မရှိချေ။ မသက်မသာပင် ခံစားနေမိ၏။ သို့ပေမည့် ဤမသက်မသာမှုက အဘယ်ကြောင့်ဖြစ်ကြောင်း သူ ရှာဖွေ မတွေ့ရှိခဲ့ချေ။ မကြာခင်မှာပဲ သူက နားလည်သွား၏။ ‘အရူးလန်… ခင်ဗျားက ဒီလို ထိုက်တန်တဲ့အရာတွေကို ရေးသားနိုင်တဲ့လူတစ်ယောက် ဖြစ်မယ်လို့ ထင်နေတာလား။ ခင်ဗျားက တကယ်ကို ထိုက်တန်တဲ့ လူတစ်ယောက်လား’
ဟုတ်ပေ၏။ နင်ယွမ်ရှန်းက တကယ်ကို အလုပ်အကျွေး ပြုစုရန် ခက်ခဲသည့် လူမျိုးပင် ဖြစ်၏။ တစ်ဖက်လူက တကယ်ကို တော်လွန်းသည့် လူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင် သူက ကြိုက်ခြင်း၊ မကြိုက်ခြင်း အပေါ်တွင် အခြေခံ၍ သုံးသပ်တတ်သူ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူကို သူနှင့်မထိုက်တန်သလို ခံစားနေမိသည်။
ဤအရာက ယောက်ျား၏ စွန့်ပစ်မှုကိုခံရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးလေးတစ်ယောက် ကဲ့သို့ပင် ဖြစ်၏။ အချို့သောသူများက ထိုမိန်းမကို တာဝန်ယူခင်၏။ သို့ပေမည့် အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မရဲ့ဗိုက်ကို တာဝန်ယူဖို့ ရှင်က ထိုက်တန်မှု မရှိဘူး”
ထိုကဲ့သို့ပင်။
ဘုရင်မင်းမြတ်၏ မျက်နှာများက အေးစက်သွားခဲ့သည်။ “အရူးလန်… ဝန်ခံစမ်း။ အထူးစာမေးပွဲမှာ မင်း လိမ်ညာခဲ့တယ် မဟုတ်လား”
မိန်းမစိုးရှောင်လီက လက်ကိုဝှေ့ယမ်းလိုက်၏။ ချက်ချင်းပဲ အားလုံးသောသူတို့က နောက်သို့ ဆုတ်ခွာသွားခဲ့၏။
အရူးလန်က စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ဘုရင်မင်းမြတ်က ပြောဆို ပြုမူလျက် ရှိနေ၏။ ဘုရင်မင်းမြတ် ကြိုက်နှစ်သက်သည့်လူများမှလွဲ၍ တခြားသောသူအားလုံးက ဝက်လို၊ ခွေးလိုပင် ဖြစ်သည်။ ယခု သူလည်း အပါအဝင် ဖြစ်သည်။
ဘုရင်မင်းမြတ်က အေးစက်စက် ပြောလိုက်၏။ “အရူးလန်… မင်းလိမ်ရဲတယ်ဆိုရင် မင်းကို ငါ အစိတ်စိတ် အပိုင်းပိုင်း ခုတ်ဖြတ် သတ်ဖြတ်ပစ်မယ်”
အရူးလန်က ဦးတိုက်လိုက်သည်။ “အရှင်မင်းကြီး… ကျုပ်တစ်ချက်ကလေးမှ လိမ်ညာမှု မပြုလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အစစ်အမှန်တရားကို ပြောရမယ်ဆိုရင် ကျုပ်အနည်းငယ်တော့ လိမ်ညာခဲ့တယ်လို့ ဆိုနိုင်တယ်”
ဘုရင်မင်းမြတ်က မျက်ခုံးကိုပင့်လိုက်၏။ ပြီးနောက် မေးမြန်းလိုက်၏။ “အမှန်တရားကို ပြောစမ်း”
အရူးလန်က ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။ “အင်း… မူဝါဒရေးရာစာတမ်း ပြီးတော့ ကဗျာ၊ စကားပြေနဲ့ ပတ်သက်လို့ရင် သခင်လေးရှမ့်က ကြိုတင်ပြီး ရေးသားပေးထားတာပါ။ ဒီအရာကို ကျုပ်က သေသေချာချာ မှတ်သားထားပြီး အထူးစာမေးပွဲခန်းမှာ ပြန်ကူးယူရေးသားခဲ့တာပါပဲ”
ပြောပြောပြီးချင်းမှာပဲ ဘုရင်မင်းမြတ်က ပျော်ရွှင်သွားခဲ့၏။ “ဟား… ဟား… ဟား… ဟား…။ ငါ ထင်မှတ်ထားတဲ့အတိုင်းပဲ”
သူထင်မှတ်ထားသည့်အတိုင်းသာ ဖြစ်၏။ ဤခွေးကောင်လေးကြောင့်သာ ဖြစ်သည်။
လောကကြီးထဲတွင် သူ၏ အတိုင်ပင်ခံအဖြစ် ထိုက်တန်သည့်သူက တစ်ယောက်တည်းသာလျှင် ရှိ၏။ ထိုအရာက ရှမ့်လန်ပင် ဖြစ်၏။ ရှမ့်လန်သာ သူ့နှင့် တူညီစွာ မောက်မာနိုင်၏။ တူညီစွာပင် ဉာဏ်ကောင်း၏။ တူညီသော အကျင့်သိက္ခာများ တည်ရှိ၏။
အရူးလန်က ထိုက်တန်ပါမည်လား။ တခြားမည်သူမှ ထိုက်တန်လိမ့်မည် မဟုတ်ချေ။ ထင်မှတ်ထားသည့်အတိုင်း ဤအဖြေလွှာများအားလုံးက ရှမ့်လန်ရေးသားခဲ့ခြင်း ဖြစ်၏။ သူခန့်မှန်းသည်မှာ အမှန်ပင်ဖြစ်၏။ စိတ်ထဲတွင် ဖြစ်နေသည့် မနှစ်မျို့သော အကြောင်းအရာများအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး ဘုရင်မင်းမြတ်က စိတ်လှုပ်ရှားမိနေ၏။ သူက ရေနွေးတစ်ခွက်ကို ကောက်ထည့်ပြီး ပျော်ပျော်ရွှင်ရွှင်နှင့် သောက်သုံးလိုက်သည်။
အရူးလန်နှင့် ရှောင်လီတို့က အကူအညီမဲ့သလို ခံစားနေမိ၏။ ခဏကြာပြီးနောက် ဘုရင်မင်းမြတ်က အရေးကြီးသည့်အကြောင်းအရာတစ်ခုကို သတိရသွား၏။
“ရှမ့်လန်က ဒီစကားပြေနှင့် ကဗျာကို ကြိုပြီး ဘယ်လိုလုပ် ရေးပေးထားရတာလဲ။ မေးခွန်းပေါက်ကြားသွားခဲ့တာလား” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။
အရူးလန်က ပြောလိုက်၏။ “ရှမ့်က ကျုပ်ကို နိုင်ငံရေးရာစာတမ်း ၁၀၀၀ ကျော်နဲ့ ကဗျာ ၃၀၀၀ ကျော်တို့ကို ကြိုပြီး ပြင်ဆင်ပေးထားတယ်”
ပြောပြောပြီးချင်းမှာပဲ ဘုရင်မင်းမြတ်နင်ယွမ်ရှန်းက ကြောင်အသွားခဲ့၏။ နိုင်ငံရေးရာစာတမ်း ၁၀၀၀ ကျော်နှင့် ကဗျာပေါင်း ၃၀၀၀ ကျော်။ ဤအရာက များပြားလွန်းသည့်အရာ မဟုတ်ပါလား။ ခွေးသူတောင်းစားလေး ရှမ့်လန်က ထိုမျှ များပြားသည့် အရာများကို ရေးသားပေးထားနိုင်သည်လား။
အရူးလန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ တခြားနိုင်ငံရေးရာစာတမ်းနဲ့ ကဗျာအားလုံးက အခုဖြေထားတာတွေ လောက်တော့ မကောင်းမွန်ပါဘူး။ ဒါပေမဲ့ သခင်လေးရှမ့် တွေးထားတဲ့ မေးခွန်းတွေက ကွက်တိ လာကျနေတယ်။ ပြီးတော့ ဒီစကားလုံးတွေအားလုံးက နှလုံးသားထဲက ထွက်ပေါ်လာခဲ့တဲ့ စကားလုံးတွေလိုပဲ။ သခင်လေးရှမ့်က နတ်ဘုရားလိုပဲ။ သူက အရာအားလုံးကို ပြုလုပ်နိုင်တဲ့လူတစ်ယောက်။ သေသေချာချာ စဉ်းစဉ်းစားစား တွေးတောပြီးတဲ့နောက်မှာ သူက ဒီမေးခွန်းကို ခန့်မှန်းနိုင်ခဲ့တာပဲ ဖြစ်မယ်”
ဤအရာက အရူးလန်၏ နှလုံးသားထဲတွင် ခံစားရသည့်စကားလုံးများသာ ဖြစ်သည်။
နင်ယွမ်ရှန်းက အော်ဟစ်လိုက်၏။ “ရှမ့်လန်၊ ဒီခွေးကောင်လေး… သူက မေးခွန်းကိုတောင် ကြိုပြီးတော့ ထုတ်ရဲတယ်ပေါ့။ သေစမ်း ...”
‘အရှင်မင်းကြီး… ခင်ဗျားရဲ့ သရုပ်ဆောင်မှုက တကယ်ကို ဆိုးဝါးလွန်းတယ်လေ။ ခင်ဗျားက သေစမ်း… သေစမ်းလို့ ပြောပြီး ဘယ်လိုလုပ် ပြုံးနေရတာလဲ’
ပြီးနောက် နင်ယွမ်ရှန်းက တခြားအရေးကြီးသည့် မေးခွန်းတစ်ခုကို သတိရသွား၏။ အရူးလန်က အချိန် တစ်လတည်းသာလျှင် ရှိ၏။ အဘယ်သို့ ထောင်နှင့်ချီသည့် နိုင်ငံရေးရာစာတမ်းများကို မှတ်သားနိုင်ရသနည်း။ ထို့အပြင် ဓမ္မဓိဋ္ဌာန်နှင့် တွက်ချက်မှုမေးခွန်းအားလုံးကိုလည်း ဖြေဆိုနိုင်သည်။
“မင်းက လေးအုပ်ငါးကျမ်းနှင့် ပတ်သက်တဲ့အရာ အကုန်လုံးကို မှတ်မိနေခဲ့တာလား” ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။
အရူးလန်က ခေါင်းညိတ်လိုက်သည်။
ဘုရင်မင်းမြတ်က ထပ်မံကာ မေးမြန်းလိုက်၏။ “တစ်လအတွင်း မင်းက ထောင်နဲ့ချီတဲ့ စကားပြေတွေ အကုန်လုံးကို မှတ်သားနိုင်ခဲ့တယ်ပေါ့”
အရူးလန်က ထပ်မံကာ ခေါင်းညိတ်လိုက်၏။ ဘုရင်မင်းမြတ်က ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ ဤကဲ့သို့ တစ်ချက်ကြည့်ရုံနှင့် မှတ်သားနိုင်သည့် မှတ်ဉာဏ်ပါရမီရှင်မျိုး တည်ရှိနေသည်လား။
“လီအန်း… စာအုပ်တစ်အုပ် ရှာပေးလိုက်စမ်း။ ပြီးရင် သူ့ကို အမွှေးတိုင်တစ်တိုင် ထွန်းပေးလိုက်။ စာလုံးရေ ၅၀၀၀ ကို သူ့ကို မှတ်ခိုင်း”
ရှောင်လီက ချက်ချင်းပဲ စာအုပ်တစ်အုပ်ကို ရှာပြီးနောက် အရူးလန်ကို ကမ်းပေးလိုက်၏။ ပြီးနောက် အမွှေးတိုင်တစ်တိုင်ကို ထွန်းလိုက်၏။ ၁၅ မိနစ်ခန့် ကုန်လွန်ပြီးနောက် အမွှေးတိုင် ကလည်း ကုန်ဆုံးသွားခဲ့၏။
ရှောင်လီက အရူးလန်ဆီမှ စာအုပ်ကို ပြန်ယူ၏။ အဆုံးသတ်မှာတော့ အရူးလန်က အရာအားလုံးကို စာလုံးတစ်လုံးမှ မလွဲအောင် မှတ်သားနိုင်ခဲ့၏။ ရှောင်လီက တကယ်ကို အံ့အားသင့်လျက်ရှိနေ၏။ ဘုရင်မင်းမြတ် ကလည်း ထိုနည်းလည်းကောင်းပင်။
“ပါရမီရှင်…”
တကယ်ကို အံ့အားသင့်စရာ ဖြစ်၏။ သို့ပေမည့် ရှမ့်လန်က ပိုမိုကာ အံ့အားသင့်စရာ ကောင်း၏။ ဤအရူးလန်က နှစ်ပေါင်းများစွာ လှည့်လည်လျှောက်သွားနေခဲ့သည့် သူတောင်းစား ဖြစ်၏။ ထိုသူက ပါရမီရှင် ဖြစ်ကြောင်း မည်သူမှ သတိမပြုမိခဲ့ချေ။ ရှမ့်လန်မှာတော့ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သိရှိ၏။ ပါရမီရှင်ဆိုသည်မှာ ရွေးချယ် တင်မြှောက်သည့်သူမရှိဘဲ ပေါ်ပေါက်လာနိုင်လိမ့်မည် မဟုတ်ချေ။ ပါရမီရှင်များကို ရှာဖွေတတ်သည့်လူက အံ့အားသင့်စရာပင်။
ပြီးနောက် ဘုရင်မင်းမြတ်က ခက်ခဲသည့်ပြဿနာတစ်ခုကို ရင်ဆိုင်နေခဲ့ရ၏။ အထူးစာမေးပွဲကို သူ အဆင့် မည်ကဲ့သို့ သတ်မှတ်ပေးရမည်နည်း။ ကျူးဟုန်ပင်းကို ပထမနေရာ ထားရမည်လား။ သို့ပေမည့် အရူးလန်၏ စကားပြေနှင့် ကဗျာက တကယ်ကို ထူးချွန်လွန်း၏။ ဤကဗျာက ပိုမိုကောင်းမွန်ကြောင်း အားလုံးသော သူတို့က သိရှိပြီး ဖြစ်၏။ ထိုသို့ဆိုလျှင် အရူးလန်ကို ပထမနေရာအဖြစ် ထားရမည်လား။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် အုတ်အော်သောင်းတင်း ဖြစ်ကုန်ပေလိမ့်မည်။
ပိုမို၍ အရေးကြီးမားသည်မှာ အရူးလန်၏ စကားပြေနှင့် ကဗျာက ကူးယူရေးသားထားသည့်အရာ ဖြစ်ပြီး မူရင်းပိုင်ရှင်က ရှမ့်လန်ဖြစ်၏။ ဤကဲ့သို့ အစစ်အမှန် ပါရမီမျိုး မရှိဘူးဆိုသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် ပေါ်ပေါက်သွားသည်ဆိုပါက ပြဿနာတက်ပြီး ရှက်ရွံ့စရာများ ဖြစ်ပေလိမ့်မည်။ ထို့အပြင် လိမ်ညာ လှည့်စား ဖြေဆိုသည်ဟူ၍ တခြားသောသူများက သတ်မှတ်ကြပေလိမ့်မည်။
ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်က တကယ်ကို ခက်ခဲသည့်အရာတစ်ခုကို ရင်ဆိုင်ရပြီဖြစ်ကြောင်း နားလည်လိုက်၏။
“အင်း… အရူးလန်… မင်းရဲ့စကားပြေနဲ့ ကဗျာ စွမ်းရည်က ဘယ်လိုရှိလဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။
အရူးလန်က ပြန်လည်ကာ ဖြေဆို၏။ “အင်း… မဆိုးပါဘူး။ အရှင်မင်းကြီးအနေနဲ့ မေးခွန်းမေးမယ်ဆိုရင် ကျုပ်အနေနဲ့ တစ်ခါတည်း ပြန်ပြီးဖြေနိုင်ပါတယ်”
နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်၏။ ထို့အပြင် သူက မေးခွန်းမေးမြန်းရသည်ဟု ကြိုက်နှစ်သက်သည့် လူတစ်ယောက် ဖြစ်ပြီး ဟန်ထုတ်ကြွားဝါရသည်ကိုလည်း နှစ်သက်သည့်လူ ဖြစ်၏။ ခဏအတွင်းမှာပဲ သူက နိုင်ငံရေးရာမေးခွန်းများနှင့် ကဗျာများအားလုံးကို စတင်ကာ မေးမြန်းလိုက်သည်။
..............
“သူ့ကို စားပွဲခုံတစ်ခုံ ပေးလိုက်။ ပြီးရင် စုတ်တံနဲ့ မင်ကော၊ စာရွက်တွေရော ပေးလိုက်”
အရူးလန်က စားပွဲခုံရှေ့တွင်ထိုင်ပြီးနောက် တစ်ချက်ကလေးမှ မတွေးတောဘဲ စတင်ကာ ရေးသား၏။ နှစ်နာရီ မကြာခင်မှာပဲ ဘုရင်မင်းမြတ် မေးမြန်းထားခဲ့သည့်အဖြေအားလုံးကို ရေးသားထားခဲ့ပြီး ဖြစ်၏။ ထိုအရာ အားလုံးကသူ၏ ကိုယ်ပိုင်လက်ရာများ ဖြစ်၏။ စိတ်ထဲတွင် ရှိနေသည့် ကဗျာနှင့် စကားပြေများပင် ဖြစ်၏။ အရူးလန်အနေနှင့် ရှမ့်လန်ပေးထားသည့်အရာများမှ ကူးယူထားခြင်း မဟုတ်ချေ။ လုံလောက်အောင် ကောင်းမွန်ခဲ့၏။
ရှောင်လီက ထိုစကားပြေနှင့် ကဗျာများကို နင်ယွမ်ရှန်းဆီသို့ ကမ်းပေးသည်။
ဘုရင်မင်းမြတ်က တွန့်ဆုတ်လို့ နေခဲ့၏။ အရူးလန်လက်ထဲမှအရာကို သူက မထိတွေ့ချင်ပေ။ သို့ပေမည့် သူ့အနေနှင့် ထိုအရာကို မထိတွေ့၍လည်း မရပေ။ ဤလူက ရှမ့်လန် ရွေးချယ်ထားသည့် လူတစ်ယောက် ဖြစ်၏။ သူတောင်းစား ဖြစ်သည်ဆိုလျှင်တောင် ရှားပါးသည့် ပါရမီရှင်နှင့်လူမျိုးပင်။
“ထားလိုက်တော့။ ငါ ဒီကဗျာလေးကို အနည်းငယ်လောက် ထိမိသွားတယ်။ နောက်မှ လက်သွားဆေးလိုက်လည်း ရတာပဲ” ဘုရင်မင်းမြတ်က နိုင်ငံရေးရာစာတမ်းကို မြန်မြန်ဆန်ဆန် ဖတ်ရှု၏။ ပြီးနောက် ကဗျာကို ထပ်မံကာ ဖတ်ရှုပြန်၏။ ပြီးနောက်မှာတော့ သူက တကယ်ကို အံချီးနပမ်း ဖြစ်နေ၏။
သူက ဒုတိယအကြိမ်မြောက် သေသေချာချာ ဖတ်ရှုပြန်၏။ ကောင်းမွန်စွာ ရေးသားထားကြောင်း သိသာလွန်းသည်။ ဟုတ်ပေ၏။ ရှမ့်လန်နှင့်တော့ ကွာခြားချက်များ ရှိနေ၏။ တကယ်ကို ကြီးကြီးမားမား ကွာခြားနေခြင်းပင်။ သို့ပေမည့် စာသားများက လှပလွန်းပြီး ထိပ်တန်းစကားပြေတစ်ခုပင် ဖြစ်၏။ အသက်ဝိညာဉ်လွတ်ကင်း နေသည့်တစ်ချက်သာ ရှိ၏။ ထိုအရာတစ်ခု လွတ်ကင်းသည်မှလွဲ၍ အရာအားလုံးက ပြည့်စုံသည်။
သို့ပေမည့် စာမေးပွဲခန်းမထဲတွင် ဤကဲ့သို့ စာမေးပွဲအဖြေလွှာများ များများစားစား ရှိ၏။ ကျောင်းတော်သား တော်တော်များများက ဤကဲ့သို့ စကားပြေများကို ရေးသားပြီး ဖြစ်၏။ အရူးလန်၏ ပါရမီက ဘုရင်မင်းမြတ်ကို အထင်ကြီးစေခဲ့၏။ ဤကဲ့သို့သော အခြေအနေတစ်ခုကို တစ်လအတွင်း ရောက်အောင် ပြုမူနိုင်စွမ်း ရှိခြင်းမှာ ပါရမီပင် ဖြစ်၏။
ဘုရင်မင်းမြတ်၏ စံချိန်စံညွှန်းအရ အထူးစာမေးပွဲကို အောင်မြင်ခွင့်ပေးဖို့ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။ သို့ပေမည့် ထိပ်ဆုံးသုံးခု စာရင်းကို ဝင်ဖို့ဆိုသည်မှာတော့ ကံတရားက အနည်းငယ် လိုအပ်လျက်ရှိ၏။ ပြောရမည်ဆိုလျှင် အရူးလန်၏ ပါရမီက တကယ်ကို ကောင်းမွန်လွန်း၏။ သို့ပေမည့် ထိပ်ဆုံးထိ ရောက်အောင် ထုတ်ဖော်ရန် ထိုက်တန်သည့်အရာမျိုး မဟုတ်သေးချေ။
တခြားသော ဘုရင်မင်းမြတ်တစ်ယောက်သာ ဆိုပါက အရူးလန်ကို ဒုတိယနေရာသာ ပေးမှာဖြစ်ပြီး ကျိန်းသေပေါက် စွန့်စားလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် နင်ယွမ်ရှန်းမှာတော့ ရှားပါးလွန်း၏။ သူက ပြည့်စုံမှုကို နှစ်သက်၏။ နှလုံးသားထဲတွင် ဤစာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့်သူက ရှမ့်လန်သာလျှင် ဖြစ်၏။ အရူးလန်က ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်၏။ သူက ရှမ့်လန်ကို ဒုတိယနေရာ မပေးချင်ပေ။ ထို့ကြောင့် အံကိုကြိတ်ပြီး ပထမနေရာကို ပေးရန် ဆုံးဖြတ်လိုက်၏။ အုတ်အော်သောင်းတင်း ဖြစ်သွားမည်ဆိုလျှင်တောင်မှ တကယ်ကို အုတ်အော်သောင်းတင်း အဖြစ်ခံလိုက်ပေလိမ့်မည်။ သူ ဘာကို ကြောက်ရွံ့နေရမည်နည်း။
ဘုရင်မင်းမြတ်က လက်ကိုဝှေ့ယမ်းလိုက်၏။ “အရူးလန်… ခင်ဗျားပြန်တော့”
အရူးလန်က ဦးတိုက်လိုက်၏။ “ဒီသာမန်လူက ထွက်သွားပါတော့မယ်”