← Chapters

အခန်း (၄၉၇)

Vol. 34 Ch. 497

အခန်း (၄၉၇)

Vol. 34 Ch. 497

စစ်ဆေးရေးမှူးများက ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ တကယ်ပင် တုန်လှုပ်သွားခဲ့ကြ၏။ ရလဒ်က ကောင်းမွန်လျက်ရှိနေ၏။ သို့ပေမည့် အဘယ့်ကြောင့် တစ်ဖက်လူများက မိမိကိုယ်ကို အပြစ်တင်နေရသနည်း။ မိမိမျှော်လင့်ထားသလောက် မရောက်သောကြောင့်သာ နောင်တတရားများဖြင့် အပြစ်တင်နေခြင်း ဖြစ်ပေလိမ့်မည်။ တကယ့်ကို ရည်မှန်းချက်ကြီးမားသည့် လူများပင်။ ထို့ကြောင့် သူတို့က စက်ဝိုင်းများကို ဝိုင်းပေးလိုက်ကြ၏။

ရှစ်နာရီခန့် ကြာမြင့်ပြီးနောက် တတိယနေ့၏ မြင်းစီးမြားပစ်စစ်ဆေးပွဲက တရားဝင်ပြီးဆုံးသွားခဲ့၏။ စည်းမျဉ်းများအရ သတ်မှတ်ထားသည့်အချိန်တွင် ယုန်ငါးကောင်ကို မသတ်နိုင်သည့်လူက ထုတ်ပယ်ခံရမည် ဖြစ်၏။ ထို့ကြောင့် ဖြေဆိုသူ ၂၀၀ အနက် ၈၀ သာလျှင် ကျန်ရှိတော့၏။ ဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းက ထုတ်ပယ်ခံခဲ့ရသည်။

ဤအရေအတွက်က တကယ်ပင် အံ့အားသင့်စရာကောင်းလှ၏။ ယခင်က ဖြေဆိုသူ ၂၀၀ အနက် ၁၀၀ သာလျှင် နောက်ဆုံးခြေလှမ်းသို့ တက်ရောက်နိုင်မည် ဖြစ်ပြီး ယခု ဤတစ်ကြိမ်ထဲတွင်ပင်လျှင် ၈၀ သာ ကျန်ရှိတော့၏။

မကြာခင်မှာပင် စစ်ဆေးရေးမှူးများက သဘောပေါက်သွား၏။ အဘယ့်ကြောင့်ဆိုသော် သာမန်မဟုတ်သည့် လူဆယ်ယောက်ကျော် တည်ရှိနေသောကြောင့်ပင်။ ဤလူများက တကယ့်ကို အင်အားကြီးမားလွန်းလှပြီး တစ်ဦးလျှင် ပျမ်းမျှ ယုန် ၁၅ ကောင်အား သတ်ဖြတ်ခဲ့၏။ သူတို့က သူတို့နှင့် အုပ်စုတူ ဖြေဆိုသူများ အားလုံးကို နောက်ကောက်ချ ချန်ခဲ့၏။ ထိုကြောင့် ကျန်သူအားလုံးက ကျရှုံးကုန်သည်။

ပါရမီရှင်များနှင့် ယှဉ်ပြိုင်၍ စာမေးပွဲဖြေဆိုခဲ့ရသည့် လူများအတွက်တော့ တကယ်ကို ဆိုးဝါးသည့် ကံဆိုးခြင်း တစ်မျိုးပင် ဖြစ်၏။ ထို့အပြင် ဤအကြိမ်၌ ဆယ်ယောက်ကျော်တောင် ရှိ၏။ တကယ့်ကို များပြားလွန်းသည့် ပါရမီရှင်များပင်။ တခြားသောသူများအတွက်တော့ ဆိုးဝါးလွန်းလှချေ၏။

ညရောက်သည့်အချိန်မှာတော့ စာမေးပွဲဖြေဆိုသူ ၁၀၀ ကျော်တို့၏ မျက်လုံးများက နီရဲလျက် ရှိနေကြ၏။ သူတို့က ဒေါသတကြီးဖြင့် ဆဲဆိုရင်း အမဲလိုက်ကွင်းဆီမှ ထွက်ခွာသွားခဲ့ကြသည်။

“ချီးထဲမှပဲ.. ငါတို့အဖွဲ့ထဲမှာ တကယ့်ကို သောက်တလွဲကောင်တွေ ရှိနေတာပဲ။ မြင်းရဲ့ ကျောပေါ်မှာလည်း အရမ်းမြန်တယ်။ ယုန်တွေကို ပစ်ခတ်တဲ့နေရာမှာလည်း အရမ်းကို မြန်တယ်။ တစ်ယောက်တည်း ယုန် ၁၇ ကောင်လုံးကို သတ်ဖြတ်ခဲ့တယ်။ ကျုပ်က သူ့နောက်က လိုက်ခဲ့တာ တစ်ချက်ကလေးမှတောင် မပစ်လိုက်ရဘူး။ ချိန်ရုံနဲ့တင် ဟိုက သေသွားခဲ့ပြီ။ မဟုတ်ရင် ကျုပ် အထုတ်ခံရမှာ မဟုတ်ဘူး”

“အစ်ကိုတော်.. ခင်ဗျားက ကံကောင်းတာ။ ကျုပ်တို့ရဲ့ အဖွဲ့ထဲမှာလည်း မွန်းစတားနှစ်ကောင် ရှိတယ်။ အဲအချိန်တုန်းက...”

“ဒီတစ်ကြိမ် အထူးသိုင်းပညာစစ်ဆေးပွဲက တကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ။ ဒီလိုကောင်မျိုးတွေ ပါလာတာ မဟုတ်သေးပါဘူး”

“ဟုတ်တယ်။ ဒါနဲ့ ဟိုကြောင်တောင်ကောင် ရှမ့်လန်ရဲ့ အောက်မှာ ရှိနေတဲ့ သူတောင်းစား ဆယ်ယောက်က ဘယ်ရောက်သွားလဲ”

“သူတို့က ပထမနေ့တည်းက ထွက်သွားရပြီနေမှာပေါ့။ ဘာဖြစ်လို့လဲ သူတို့ကို ကူညီချင်လို့လား”

“မဟုတ်ဘူး။ သူတို့ ဟန်ရေးပြနေတာကို ကျုပ်ကြည့်ချင်တာ။ ရှမ့်လန်က လူပေလူတေ ၁၀၀ ကျော်တို့နဲ့ အလောင်းအစား ပြုလုပ်ထားခဲ့တယ်။ တကယ်လို့ ရှုံးပြီဆိုရင် သူ့ကို အားလုံးက တံတွေးထွေးလိမ့်မယ်”

“အဲဒီအရူးရှမ့်လန်က တံတွေးထွေးခံရမယ် ဟုတ်လား။ ကောင်းလိုက်တာ။ ကျိန်းသေပေါက် သွားပြီးတော့ ကြည့်ရမယ်။ ဒါသတင်းကောင်းတစ်ခုပဲ”

ရုတ်တရက် တစ်စုံတစ်ယောက်က ပြောလိုက်၏။ “အဲဒီ လူပေလူတေ ၁၀၀ ကျော်တို့ ချေးစားရတာမျိုးလည်း ဖြစ်နိုင်တယ် မဟုတ်လား”

အားလုံးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်း မကြားဘူးလား။ အရူးလန်က စာမေးပွဲခန်းထဲမှာ သုံးရက်တိတိ အိပ်နေတာတဲ့။ ပြီးတော့ သူက ဗလာစာရွက်ကိုပဲ ပေးခဲ့တာ။ ပြီးတော့ ဒီသိုင်းပညာစာမေးပွဲမှာ ပါရမီရှင်အများကြီးတွေ ရှိတယ်။ ဒီသူတောင်းစား ဆယ်ယောက်က သိုင်းပညာကို လေ့ကျင့်ခဲ့တာ တစ်လနီးပါးလောက်ပဲ ရှိတယ်။ မြင်းကို ဘယ်လိုစီးရမှန်းတောင် သိတဲ့လူတွေ မဟုတ်ဘူး။ ဘယ်လိုလုပ်အောင်မြင်နိုင်မှာလဲ။ သူတို့ ထွက်ခွာသွားခဲ့တာ ကြာလောက်ပြီ။ ဒီတော့ ရှမ့်လန်က ကျိန်းသေပေါက် ရှုံးလိမ့်မယ်။ ဒီညမှာ လူပေလူတေအကုန်လုံး ... ပါးစပ်ထဲက တံတွေးတွေတောင် စုနေလောက်ပြီ။ ရှမ့်လန်ရဲ့ မျက်နှာကို မနက်ဖြန် ထွေးဖို့။”

............

စတုတ္ထနေ့ ယနေ့သည် သိုင်းစာမေးပွဲ၏ နောက်ဆုံးနေ့ ဖြစ်၏။ ထန်ခေတ်၏ သိုင်းပညာစာမေးပွဲတွင် စစ်ဆေးမှုက လှံနှင့် တိုက်ခိုက်ခြင်း ဖြစ်၏။ ကျဉ်းမြောင်းသည့် လမ်းတစ်ခုထဲတွင် မြင်းကို စီးနင်းခဲ့ပြီး ဘေးဘယ်ညာတွင် ရှိနေသည့် သစ်သားရုပ်အားလုံးကို လှံဖြင့် လိုက်လံကာ ထိုးနှက်ရခြင်း ဖြစ်၏။ ပါဝင်ယှဉ်ပြိုင်သူများက အမြန်ဆန်ဆုံး မြင်းစီးနင်းပြီး ထိုအရုပ်များ၏ ဦးခေါင်းကို လှံဖြင့် လိုက်လံထိုးခွင်းရ၏။ တကယ့်ကို ခက်ခဲလွန်းလှ၏။

သို့ပေမည့် ရွှဲ့ပြည်နယ်၏ စာမေးပွဲမှာတော့ ဓားမော့တိုက်ခိုက်ခြင်း ဖြစ်ပြီး တကယ့်ကို ရူးသွပ်လောက်ဖွယ်ရာပင်။ ပါဝင်ယှဉ်ပြိုင်သူများက ၃၀၀ မီတာရှိသည့် လမ်းကြောင်းတစ်ခုကို ဖြတ်သန်း စီးနင်းရမှာ ဖြစ်ပြီး လမ်းတစ်လျှောက်တွင် ရွံ့ဘောလုံး ၂၀ ကို ထားရှိ၏။ ထို ရွံ့ဘောလုံး အလုံး ၂၀ တို့နှင့် ပစ်ခတ်မှာ ဖြစ်သည်။

တစ်ခါတစ်ရံတွင် တစ်လုံး၊ တစ်ခါတစ်ရံတွင် နှစ်လုံး။ တကယ်တမ်းမှာတော့ နှစ်လုံးထက် ပို၍ မလာနိုင်ပေ။ ဖြေဆိုသူများအားလုံးက ရွံ့ဘောလုံးဖြင့် ထိမှန်ခံ၍ မဖြစ်ချေ။ ထို့အပြင် မြင်းကိုလည်း အရှိန်အပြည့် စီးနင်းနေရမှာ ဖြစ်ပြီး မိမိတို့၏လက်ထဲတွင် ရှိနေသည့် ဓားရှည်များကို အသုံးပြု၍ ရွံ့ဘောလုံး များကို တိုက်ရိုက် ဖျက်ဆီးနိုင်၏။

ဤအရာက အရှိန်အဟုန်နှင့် စီးနင်းရင်း မျက်စိလျင်ခြင်းကိုသာ စစ်ဆေးခြင်းမဟုတ်ဘဲ ဆုံးဖြတ်နိုင်စွမ်းနှင့် တိကျမှုကိုပါ ထပ်တိုးစမ်းသပ်ခြင်း ဖြစ်၏။ ဤတစ်ကြိမ်မှာတော့ အဖွဲ့လိုက်ယှဉ်ပြိုင်မှု မဟုတ်တော့ချေ။ တစ်ဦးချင်းစီတိုင်းက အလှည့်ကျ ဝင်ရောက်ကာ စစ်ဆေးခံရမှာ ဖြစ်သည်။

လန်နံပါတ် သုံးက ပထမဦးဆုံး ဝင်ရောက်ခဲ့ပြီး လန်နံပါတ် ငါးကတော့ ဒုတိယဖြစ်၏။ လန်နံပါတ် သုံးသည် သူ၏ မြင်း ဘေးတစ်ဖက်ဆီသို့ အသာပင် ဖနောင့်နှင့် ပေါက်ပြီး ရှေ့ဆီသို့ လျင်မြန်စွာ ထိုးထွက်သွားခဲ့၏။ ချက်ချင်းပဲ ဘယ်ဘက်ခြမ်းဆီမှ ရွံ့ဘောလုံးတစ်လုံးက သူ၏ မျက်နှာတည့်တည့်ဆီသို့ ပျံသန်းလာ၏။ သူက လက်ထဲတွင် ရှိနေသည့် ဓားရှည်နှင့် တစ်ခါတည်း ခုတ်ပိုင်းလိုက်၏။ ရွံ့ဘောလုံးက လမ်းလယ်မှာပင် ကြေမွပျက်စီးသွားခဲ့၏။ ပြီးနောက် ဒုတိယတစ်လုံး၊ တတိယတစ်လုံး ....။

တစ်မိနစ်ကြာမြင့်ပြီးနောက် လန်နံပါတ်သုံး၏ စစ်ဆေးမှုက ပြီးဆုံးသွားခဲ့၏။ သူက ရွံ့ဘောလုံးတစ်လုံးမှ ထိမှန်ခဲ့ခြင်း မရှိသော်လည်း ရွံ့ဘောလုံး ၁၁ လုံးကိုသာ ရိုက်ထုတ်နိုင်ခဲ့၏။ စည်းမျဉ်းစည်းကမ်းများအရ ရွံ့ဘောလုံးသုံးလုံးထက် ပိုမိုထိမှန်ခံရသူများက ချက်ချင်းထုတ်ပယ်ခံရမှာ ဖြစ်၏။ ရွံ့ဘောလုံး သုံးလုံးအောက်သာ ရိုက်ခတ်နိုင်သည့်သူများက ချက်ချင်း ထုတ်ပယ်ခံရပေလိမ့်မည်။

လန်နံပါတ်ငါးက ဒုတိယမြောက် ဝင်ရောက်ယှဉ်ပြိုင်သူ ဖြစ်၏။ အလားတူပင် သူက စစ်ဆေးမှုကို ပြီးမြောက်ရန် တစ်မိနစ်သာလျှင် အချိန်ကြာခဲ့၏။ သူက ရွံ့ဘောလုံးတစ်လုံးကိုမှ ထိမှန်ခဲ့ခြင်း မရှိသည့်အပြင် ရွံ့ဘောလုံး ကိုးလုံးကို ရိုက်ခတ်နိုင်ခဲ့၏။

စာမေးပွဲစစ်ဆေးသူ ဆယ့်သုံးဦးက ဤပညာရှင်များ၏ နံပါတ်များကို သေသေချာချာ မှတ်မိနေကြပြီ ဖြစ်၏။ တွန့်ဆုတ်မှုတစ်ချက်မရှိဘဲ ဖြေဆိုသူနှစ်ဦး၏ နံပါတ်များကို စက်ဝိုင်းဝိုင်းလိုက်သည်။

ခြောက်နာရီခန့် ကြာမြင့်ပြီးနောက် စစ်ဆေးမှု၏ စတုတ္ထနေ့က ပြီးဆုံးသွားခဲ့၏။

ဓားသိုင်းစာမေးပွဲ၏ နောက်ဆုံးနေ့မှာတော့ ဖြေဆိုသူ ၈၀ အနက် ၃၀ က ထုတ်ပယ်ခံလိုက်ရ၏။ ဖြေဆိုသူ ၅၀ သာလျှင် ကျန်ရှိတော့၏။ ယခုနှစ်၏ အထူး သိုင်းပညာစစ်ဆေးပွဲကြီးက တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဖြေဆိုသူ ၃၀၀၀ ဝင်ရောက်စစ်ဆေးခံခဲ့ကြပြီး ၅၀ သာလျှင် အောင်မြင်ခဲ့သည်။

ဤအရာက သမိုင်းတစ်လျှောက် တကယ့်ကို အနိမ့်ဆုံးမှတ်တမ်း ဖြစ်၏။ ဖြေဆိုသူများမှာ အလွန်တရာ အားနည်းသောကြောင့် မဟုတ်ချေ။ အကြောင်းအရင်းမှာ သာမန်ထက် ထူးကဲသူများ၊ ပါရမီရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့သောကြောင့်ဖြစ်၏။

စာမေးပွဲ အဖြေလွှာများကို အကဲဖြတ်ရသည်မှာ နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ အချိန်ပေးရ၏။ သို့ပေမည့် သိုင်းပညာ စစ်ဆေးမှုမှာတော့ ထိုသို့မဟုတ်ချေ။ လျင်လျင်မြန်မြန်ဖြင့် ပြီးမြောက်သွားခဲ့၏။ တစ်ဆင့်ပြီးတစ်ဆင့် ဖြုတ်ထုတ်ပယ်သည့်စနစ်ကို အသုံးပြုခဲ့သောကြောင့်ပင်။

နောက်ဆုံးအကြိမ်ထိ ကျန်ရစ်သူများက အခြေခံအားဖြင့် အောင်မြင်သည်ဟု သတ်မှတ်နိုင်၏။ နောက်ဆုံးလုပ်ဆောင်ရန် ရှိသည်မှာ ရလဒ်ထွက်ပေါ်လာမည်ကို စောင့်စားခြင်းဖြစ်ပြီး ရလဒ်၏အဆင့်ကို ခန့်မှန်းခြင်းသာ ဖြစ်၏။

စာပေစစ်ဆေးပွဲ၏ အဆင့်သတ်မှတ်ပုံမှာ စံနှုန်းကို ဦးစားပေးပြီး သိုင်းပညာ စစ်ဆေးပွဲ၏ အဆင့် သတ်မှတ်ပုံကမူ ရိုးရှင်းလွန်း၏။ စစ်ဆေးရေးမှူးများ၏ အမှတ်အသားပြု စက်ဝိုင်း အရေအတွက်ကို ပေါင်းလိုက်ရုံသာလျှင် ရှိ၏။ မည်သူမဆို အမှတ်အများဆုံးနှင့် စက်ဝိုင်းအများဆုံး ရရှိသည်ဆိုပါက ထိပ်ဆုံးအဆင့်တွင် ရပ်တည် နိုင်ပေလိမ့်မည်။

အဆင့်သတ်မှတ်ခြင်းကို နံပါတ်စဉ်များနှင့်သာ ပြုလုပ်ပြီး နာမည်များကို မည်သူမှ မသိရှိရပေ။ သဘာဝအတိုင်းပင် တချို့သော ဖြေဆိုသူများက ထင်ပေါ်ကျော်ကြား၏။ သူတို့က မြင့်မြတ်သည့် မျိုးရိုးမှ ဆင်းသက်လာခဲ့သူများ ဖြစ်သည်။ တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားလျှင်ပင်၊ မျက်နှာဖုံးများဖြင့် ဆင်မြန်းထားလျှင်ပင် သူတို့၏ ပုံသဏ္ဍာန်ကို မှတ်မိနေကြဦးမည် ဖြစ်၏။

သို့ပေမည့် အလုံးစုံ တရားမျှတမှုရှိရန်ဆိုသည်မှာ မဖြစ်နိုင်သည့်အရာပင် ဖြစ်၏။ အတော်အသင့် မျှတမှု ရှိနေခြင်းကပင်လျှင် တကယ့်ကို အထင်ကြီးစရာ ကောင်းနေ၏။ အနည်းဆုံးအနေဖြင့် သိုင်းပညာ စစ်ဆေးပွဲတွင် လိမ်ညာသည်ဆိုသည့် ကိစ္စရပ်မျိုး မရှိနိုင်ချေ။

အနည်းငယ် ရှိခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာကလည်း အဆုံးအဖြတ်ပေးနိုင်သည့် အခိုက်အတန့်မျိုးတွင် စစ်ဆေးရေးမှူးများက ညှာတာပေးခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့ပေမည့် အဆုံးစွန်၌ အရာအားလုံးတို့က စစ်မှန်သည့် အရည်အချင်းပေါ်တွင် မူတည်လျက် ရှိနေ၏။ အလေးမခြင်း ဖြစ်စေ၊ မြားပစ်ခြင်းဖြစ်စေ၊ စွမ်းဆောင်ရည်ကို တိုင်းတာသည့် အညွှန်းကိန်းများက ရှင်းလင်း ပြတ်သားပြီး သံသယဖြစ်ဖွယ်ရာဟူ၍ မရှိသည်မှာ ထင်ရှား၏။

စစ်ဆေးရေးမှူး ၁၃ ဦးတို့သည် ဖြေဆိုသူများ၏ အဆင့်သတ်မှတ်မှုကို အပြီးသတ်ရန် တစ်နာရီပင် အချိန် မယူလိုက်ရပေ။ ပြီးနောက် စစ်ဆေးရေးမှူး ဆယ်ဦးကျော်တို့၏ သက်သေပြုမှုအောက်မှာတော့ သူတို့က ဖယောင်းတံဆိပ်ခတ်နှိပ်ထားသည့် သေတ္တာကို ဖွင့်လှစ်ပြီး နံပါတ်စဉ်စာရင်းကို ထုတ်ယူလိုက်ကြ၏။ သူတို့က စာရင်းပေါ်ရှိ နံပါတ်များနှင့် ဖြေဆိုသူများ၏ အမည်နာမများကို ပြောင်းလဲသတ်မှတ်လိုက်ကြသည်။

မကြာခင်မှာပင် စာရင်းတစ်ခု ထွက်ပေါ်လာပြီ ဖြစ်၏။ စစ်ဆေးရေးမှူး ၁၃ ဦးလုံးတို့က တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကြည့်ရှုနေမိကြ၏။ ၁၃ ဦးလုံး၏ မျက်နှာများက အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။

ဘာတွေဖြစ်ကုန်သနည်း။ သရဲတစ္ဆေများ ခြောက်လှန့်နေသည်လား။ အားလုံးက ရူးသွပ်သွားသည်လား။

လန်ညီအစ်ကို ၁၀ ယောက် .... အားလုံးက စာရင်းထဲတွင် ပါဝင်နေ၏။ အကောင်းဆုံးသော ရလဒ်မှာ လန်နံပါတ်တစ် ဖြစ်၏။ သူက အဆင့် ၃ နေရာတွင် ချိတ်၏။ ဒုတိယ အကောင်းဆုံးသူမှာ လန်နံပါတ်နှစ် ဖြစ်ပြီး အဆင့် ၅ တွင် ချိတ်၏။ အဆိုးဆုံးမှာ လန်နံပါတ်ကိုး ဖြစ်၏။ သူက အဆင့် ၁၉ တွင် ရှိ၏။

ဤသည်မှာ ရှမ့်လန်၏ လက်အောက်တွင် ရှိနေသည့် သူတောင်းစား ဆယ်ယောက်လုံးက စာမေးပွဲကို အောင်မြင်သည်ဟူ၍ အဓိပ္ပာယ်ပင်။ ထိုမျှမက ရလဒ်များကလည်း တကယ့်ကို ကောင်းမွန်လွန်းနေ၏။ ငါးဦးက ထိပ်ဆုံး ဆယ်ယောက်စာရင်းမှာ ပါဝင်ပြီး ဆယ်ဦးလုံးက ထိပ်ဆုံး ၂၀ စာရင်းတွင် ပါဝင်ခဲ့သည်။

“ရှမ့်လန်က သူတောင်းစားတွေ။ ဒုက္ခိတတွေကို ခေါ်ဆောင်ခဲ့တာ မဟုတ်လား”

“ဟုတ်တယ်လေ”

“သူက လျှို့ဝှက်လေ့ကျင့်မှုကို တစ်လပဲ ပြုလုပ်ပေးရသေးတယ်။”

“သူတို့ကို သူလျှို့လုပ်ပြီး လာချောင်းမှာ စိုးလို့ ကန်လယ်ကောင်မှာ ရှိနေတဲ့ ကျွန်းပေါ်က စံအိမ်ပျက်ကြီး တစ်ခုထဲမှာ သွားပြီး လေ့ကျင့်ခဲ့ကြတယ်တဲ့။ နောက်ဆုံး ဘယ်သူမှ မကြည့်နိုင်ခဲ့ဘူး”

“ဘယ်သူကမှလည်း သူတို့ကို စိတ်မဝင်စားပါဘူး”

“အခုတော့ သူတို့ ဆယ်ယောက်လုံးက အောင်မြင်သွားခဲ့ကြပြီ။ ဒါတကယ့်ကို ထူးခြားလွန်းနေပြီပဲ”

“သူတို့က သိုင်းပညာကို အခြေခံတောင် မရှိဘဲနဲ့ စတင်လေ့ကျင့်ခဲ့ကြတာလေ။ တစ်လအတွင်း ဒီလိုတောင် ဖြစ်သွားခဲ့တာလား။ မယုံကြည်နိုင်လောက်အောင်ပဲ”

ဤနေရာတွင် ရှိသည့် စစ်ဆေးရေးမှူး ၁၃ ဦးလုံးက လောကတွင် တစ်ခါမှ မကြုံဖူးသည့် အရာတစ်ခုကို မြင်လိုက်ရသည့်ကဲ့သို့ပင် ခံစားနေကြ၏။ အဖြစ်အပျက်က တကယ့်ကို အံ့အားသင့်ဖွယ်ရာကောင်းပြီး တကယ်လည်း စိုးရွံ့စရာ ကောင်း၏။

သိုင်းပညာ ရွေးချယ်ပွဲက အလွန်များ လွယ်ကူသွားခဲ့သည်လား။ လုံးဝ မဟုတ်ချေ။ ဝင်ရောက်ဖြေဆိုသူ ၃၀၀၀ တွင် ၅၀ သာလျှင် အောင်မြင်ခဲ့၏။ ဤအရာက ကောင်းကင်က ငြင်းပယ်ရလောက်သည့် အောင်မြင်မှုမျိုးဖြစ်ကြောင်း သက်သေခံလျက် ရှိသည်။

စစ်ဆေးရေးမှူး ၁၂ ဦးလုံးက အဓိက စစ်ဆေးရေးမှူးများဖြစ်သူ စစ်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးထံသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ အားလုံး၏အကြည့်တွင် စိုးရိမ်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ သူတို့ ဘာလုပ် ရမည်နည်း။ အကယ်၍ ဤစာရင်းကိုသာ ထုတ်ပြန်လိုက်သည်ဆိုပါက မုန်တိုင်းတစ်ခုကို အသက်သွင်းလိုက်သလို ဖြစ်ပေလိမ့်မည်။ စာမေးပွဲ ကျရှုံးခဲ့ကြသည့် သိုင်းပညာရှင်များက စစ်ရေးဝန်ကြီးဌာနကို အုပ်စုဖွဲ့၍ လာရောက် ဖျက်ဆီးခြင်းပင် ပြုလုပ်ပေလိမ့်မည်။

လန်ညီနောင် သူတောင်းစား ဆယ်ယောက်လုံး အောင်မြင်သွားခဲ့သည်လား။ အိမ်ခြေရာမဲ့ တစ်ယောက်တောင်မှ ဤကဲ့သို့ ဝင်ရောက်ဖြေဆိုခွင့် ရှိနေသည်ဆိုမှတော့ ဤနေရာတွင် လိမ်ညာလှည့်ဖျား ထားသည့် အရာတစ်ခုခု ရှိမှာ သေချာ၏။

စစ်ရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးကလည်း အလုံးစုံ မလုံခြုံသလိုပင် ခံစားလာမိ၏။ ပထမဦးဆုံး အနေနှင့် အထူးစာမေးပွဲတွင် နာမည်ကျော် မိသားစုများမှ မျိုးဆက်နှစ်ယောက်တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့၏။ သူတို့က ထိပ်ဆုံးအဆင့် နှစ်နေရာတွင် တည်ရှိ၏။ ရွှယ်မျိုးနွယ်စု၏ ရွှယ်လုဖြစ်ပြီး သူက ဤတစ်ကြိမ် အထူး သိုင်းပညာ စစ်ဆေးပွဲတွင် ပထမနေရာကို ရရှိခဲ့၏။ လက်ရှိအခြေအနေတွင် သူ၏အသက်က အသက် ၂၀ ရှိပြီဖြစ်သည်။

ကျန်းပေနယ်စားကြီး နန်းကုန်းအို၏ သားဖြစ်သူ နန်းကုန်းချိုးက ဒုတိယနေရာကို ရရှိခဲ့၏။ ယခုနှစ်တွင် သူက အသက် ၁၇ နှစ်သာလျှင် ရှိသေး၏။ တော်ဝင်မျိုးနွယ်တချို့၏ မျိုးဆက် ခုနစ်ဦးကလည်း မအောင်မြင်ခဲ့သော်လည်း သူတို့၏ အဆင့်မှာ မတိုးသာ၊ မလျှော့သာ အခြေအနေမျိုးတွင် ရှိနေ၏။ သူတို့က ထိပ်ဆုံးသုံးဦး စာရင်းဝင်သင့်သော်လည်း အဆင့်လေးသာလျှင် ရရှိခဲ့၏။ ထိပ်ဆုံး ၁၀ ဦးစာရင်း ဝင်သင့်သူများက ထိပ်ဆုံး ၁၀ ဦး၏ အစွန်အဖျားပိုင်းတွင်သာလျှင် ချိတ်ခဲ့၏။

ဟုတ်ပေ၏။ ယခုထက် ပိုမိုကာ ဆိုးရွားသည့် ကိစ္စရပ်ရှိသေး၏။ အမှန်တကယ် အောင်မြင်နိုင်သည့် အရည်အချင်း ရှိသူ ၁၀ ဦးခန့်က စာမေးပွဲမှ ထုတ်ပယ်ခြင်း ခံခဲ့ရသလိုပင်။ အရာအားလုံးက ဤလန်ညီနောင် သူတောင်းစား ဆယ်ယောက်ကြောင့် ဖြစ်၏။ သူတို့က တကယ့်ကို ကောင်းကင်က ငြင်းပယ်ရလောက်သည်အထိ ထူးချွန်လွန်းသည့်လူများဖြစ်ပြီး သူတို့နှင့် တစ်ဖွဲ့တည်းကျခဲ့သည့် ပြိုင်ဘက်များအားလုံးကို ဖိနှိပ်နင်းချေခဲ့သည်။

ဤစာရင်းကိုသာ ထုတ်ပြန်လိုက်ပါက ကျိန်းသေပေါက် အကြီးအကျယ် ဂယက်ရိုက်ကုန် ပေလိမ့်မည်။ စစ်ရေးဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးတစ်ဦးအနေနှင့် သူက ဤဆုံးဖြတ်ချက်ကို ချမှတ်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူက တစ်စုံတစ်ဦးကို သတိရလိုက်မိ၏။ မိန်းမစိုးကြီးရှောင်လီပင် ဖြစ်၏။

ဤရက်ပိုင်းအတွင်း လီအန်းက သုံးကြိမ်တိုင်တိုင် ရောက်ရှိလာခဲ့၏။ အရှင်မင်းကြီးက ဤသိုင်းပညာ စစ်ဆေးပွဲကို တကယ့်ကို စိတ်ပါဝင်စားမှုရှိကြောင်း ထင်ရှား၏။ ဤစာရင်းကိုသာ ထုတ်ပြန်လိုက်ပါက မည်သူ တစ်ဦးတစ်ယောက်ကမှ တာဝန်ခံမှုကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ တကယ့်ကို ကြီးမားသည့် ပြဿနာကြီးတစ်ခုကို ခေါင်းပေါ်တင်လိုက်သကဲ့သို့ပင် ဖြစ်ပေမည်။ သို့ပေမည့် ခြွင်းချက်အနေဖြင့် ပြုလုပ်လူတစ်ဦးတော့ ရှိသည်။ ထိုသူက အလုံးစုံသော အာဏာကို ပိုင်ဆိုးသည့် အရှင်မင်းကြီးပင် ဖြစ်သည်။

“မိန်းမစိုးကြီးရှောင်လီကို သွားခေါ်လိုက်”

ခဏအကြာမှာတော့ မိန်းမစိုးရှောင်လီက ဝင်ရောက်လာ၏။ “မိန်းမစိုးရှောင်လီ ဒီစာရင်းကို ကြည့်ပါအုံး”

လီအန်းက ထိုစာရင်းကို ယူကာ ကြည့်ရှု၏။ ပြီးနောက် သူက အလွန်တရာ တုန်လှုပ်သွားခဲ့၏။ ပြီးနောက် ဝမ်းလည်းသာသွားမိ၏။ တကယ်ကို အောင်မြင်သွားခဲ့သည်လား။ အံ့အားသင့်စရာ မကောင်းပေဘူးလား။ တုန်လှုပ်မှု အပြီးမှာတော့ သူက သဘာဝအတိုင်းပင် တကယ်ပဲ ဝမ်းမြောက်သွားခဲ့သည်။

လီစွမ်းကဲ့သို့ပင် သူက အရှင်မင်းကြီးအပေါ်၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ သစ္စာစောင့်သိသူတစ်ယောက် ဖြစ်၏။ အရှင်မင်းကြီး အကျိုးရှိမည့် မည်သည့်အရာကိုမဆို သူက ထောက်ခံပေလိမ့်မည်။ ရလဒ်က အဓိပ္ပာယ် မရှိလောက်အောင် ဖြစ်ပြီး စိုးရွံ့စရာကိစ္စရပ်ကြီး ဖြစ်သည်ဆိုလျှင်တောင်မှ ဤအရာက အရှင်မင်းကြီးအတွက် အကျိုးရှိသည်မှာ သေချာ၏။

ဟုတ်ပေ၏။ ထိုအရာက အရှင်မင်းကြီးအတွက် တကယ်ပင် အကျိုးရှိ၏။ ဤရလဒ်ဖြင့်ဆိုလျှင် အရှင်မင်းကြီးကို ဘက်လိုက်သည်ဟု မည်သူက စွပ်စွဲဦးမည်နည်း။ အရှင်မင်းကြီးက နန်းတွင်းစာမေးပွဲကို ကစားစရာတစ်ခုလို သဘောထားရဲသည်ဟု မည်သူက ပြောရဲမည်နည်း။

ဘုရင်မင်းမြတ်က နန်းတွင်းစာမေးပွဲကို ကလေးကစားစရာကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

All Chapters