← Chapters

အခန်း (၄၈၄)

Vol. 34 Ch. 484

အခန်း (၄၈၄)

Vol. 34 Ch. 484

ကျူးဟုန်ပင်းဆိုသည်မှာ ကျူးကျွင်း၏ ပဉ္စမသားဖြစ်ပြီး နန်းမြို့တော်ထဲတွင် ပါရမီ အရှိဆုံးလူငယ်ပင် ဖြစ်၏။ အသက် ၁၇ နှစ်သာလျှင် ရှိနေသေးသည်။

ဟုတ်ပေ၏။ သူ့၏ အဘိုးနှင့် အဖေတို့က သူ့ကို တားဆီးထားခဲ့သည်သာ မဟုတ်ပါက လွန်ခဲ့သည့် နှစ်အနည်းငယ် တည်းက စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထိုသူက ပါရမီများနှင့် တောက်ပ လင်းလက်နေသည့်လူပင်။ နိုင်ငံ့ရေးရာစာတမ်း၊ သို့မဟုတ် ကဗျာ နှစ်ခုလုံးတွင် ထူးချွန်၏။

ကျူးကလန်သည် တကယ့် ပါရမီရှင်များနှင့် ပြည့်နှက်နေသည်ဟု ပြောရပေလိမ့်မည်။ ကျူးကလန်ဆီမှ မည်မျှ များပြားသည့် ကျောင်းတော်သားများ ထွက်ပေါ်ခဲ့ကြောင်း ရေတွက်၍ပင်မရတော့ချေ။ လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း အနည်းဆုံး ကျူးကလန်၏ ပညာရှိသုံးယောက်တို့က ထင်ပေါ်ကျော်ကြားခဲ့၏။ သူတို့မိသားစု၏ လွှမ်းမိုးမှုက တခြားသောနိုင်ငံများဆီသို့ပင် ရောက်ရှိခဲ့ပြီး တောင်ဝင်ရန်နိုင်ငံတွင်ပင်လျှင် လူသိရှင်ကြား ကျော်ကြားသည့် မျိုးနွယ်စုတစ်စု ဖြစ်သည်။

ကျန်းချုံးက ထပ်မံကာ မေးမြန်းလိုက်၏။ “ဒါ အရူးလန်ရဲ့လက်ရာလား”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။

ကျန်းချုံးက ပြောလိုက်၏။ “မယုံကြည်နိုင်စရာပဲ။ တစ်လအတွင်း သူ ဒီလိုစာတမ်းမျိုးကို ရေးနိုင်တယ်ပေါ့။ တကယ့်ကို ပါရမီရှင်ပဲ”

ပြီးနောက် ကျန်းချုံးက မေးမြန်းလိုက်သည်။ “ဒါဆိုရင် မင်းသားနင်ကျန်း ဘယ်မှာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “သူက ခင်ဗျားအခက်အခဲဖြစ်မှာ စိုးမိတယ်။ ဒါကြောင့် သူ ခင်ဗျားကို လာမတွေ့တာ ဖြစ်လိမ့်မယ်”

နင်ကျန်း၏ အမြင်အရဆိုလျှင် ကျန်းချုံးက ရှမ့်လန်ကို လာတွေ့ခြင်းဖြစ်ပြီး သူ့ကို လာတွေ့ခြင်းမဟုတ်ချေ။ နင်ကျန်းက နန်းပလ္လင်ကိုဆက်ခံရန် ကြွေးကြော်ခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ကျန်းချုံးမှာတော့ အိမ်ရှေ့စံ မင်းသား၏ဘက်ခြမ်းဆီမှ အရေးကြီးသည့် ရာထူးရာခံနှင့် လူတစ်ယောက်ဖြစ်၏။ နင်ကျန်းသာ ကျန်းချုံးနှင့် တွေ့သည်ဆိုပါက အိမ်ရှေ့စံမင်းသား သံသယဝင်ပေလိမ့်မည်။ ကျန်းချုံးကလည်း ခက်ခဲသည့်နေရာသို့ ရောက်ရှိသွားပေလိမ့်မည်။

ကျန်းချုံးက ပြောလိုက်သည်။ “အရှင့်မင်းသားက တကယ့်ကို လူကြီးလူကောင်းဆန်တာပဲ”

ပြီးနောက် ကျန်းချုံးက ပြောလိုက်၏။ “အင်း.. ကျုပ် အရှင်မင်းကြီး ပေးတဲ့ရာထူးကို ငြင်းပယ်ခဲ့တယ်။ ကျန်းရှစ်စီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးကို ကျုပ် လက်မခံခဲ့ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီကိစ္စက ဆရာကျန်းအတွက်တော့ ခက်ခဲမှာပဲ။”

အိမ်ရှေ့စံမင်းသား၏ အာမခံပေးမှုကို ကျန်းချုံးက ငြင်းပယ်ခဲ့၏။ ဤဟာက မျက်နှာကိုပိတ်ရိုက်ခြင်း ဖြစ်ပြီး အိမ်ရှေ့စံမင်းသားကို သစ္စာဖောက်ခြင်း ဖြစ်၏။ အိမ်ရှေ့စံမင်းသားနှင့် ကျူးကလန်တို့က အဘယ်သို့ သည်းခံကြမည်နည်း။

သစ္စာဖောက် ...။

ဟုတ်ပေ၏။ ကျိန်းသေပေါက် သစ္စာဖောက်ဆိုလျှင် သုတ်သင် ရှင်းလင်းပစ်ရပေလိမ့်မည်။ ထို့ကြောင့် ကျန်းချုံးသည် အိမ်ရှေ့စံမင်းသားဘက်ခြမ်းဆီမှ တန်ပြန်တိုက်ခိုက်မှုကို ခံရမှာ သေချာ၏။

ထို့အပြင် တခြားသောကပ်ဘေးတစ်ခုကလည်း ရှိနေသေး၏။ နောက်ဆုံးအကြိမ်တုန်းက အကျဉ်းချခံရ၏။ ဤတစ်ကြိမ်မှာတော့ အကျဉ်းချခံရလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။ မည်ကဲ့သို့သောကပ်ဘေးမျိုးကို ခံစားရမည်မှာတော့ အိမ်ရှေ့စံ၏ စိတ်ဆန္ဒအပေါ်တွင် မူတည်နေသည်။

ရှမ့်လန်က ပြောလိုက်၏။ “စိတ်မပူပါနဲ့ ဆရာကျန်း... ကျုပ် ခင်ဗျားအတွက် စကားပြောပေးမယ်။ အရှင်မင်းကြီးက ကျုပ်ကို စိတ်တိုနေတယ်ဆိုပေမဲ့ သူက ကျုပ်စကားကို နားထောင်ပါလိမ့်မယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဒါဆိုရင်လည်း ရှမ့်ကို အရင်ဆုံး ကျေးဇူးတင်ရတော့မှာပေါ့”

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “ဟုတ်ပြီ။ ဒါပေမဲ့ အခုတလော ကျုပ်ရဲ့ အရေးပါမှုက နိမ့်ပါးသွားခဲ့တယ်။ မင်းကြီးပျံ့ရှောင်းရဲ့ စကားလုံးတစ်ခုက အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့တယ်။ သူသာ စကား ပြောပေးမယ်ဆိုရင် အိမ်ရှေ့စံမင်းသားဘက်က တန်ပြန်တိုက်ခိုက်မှုက ရပ်တန့်သွားလိမ့်မယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဒါက ကံကြမ္မာအပေါ်မှာ မူတည်နေပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် ကျုပ် ကျန်းချုံးက ဆုံးဖြတ်ပြီးသွားပြီဆိုရင် အဲအရာနဲ့ပတ်သက်ပြီး ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး”

…….

မနက်ဖြန်တွင် အထူးစာမေးပွဲရှိ၏။

ကျောင်းတော်သား တစ်ထောင်ကျော်တို့က အစိုးရရုံးဆီသို့ ရောက်ရှိလာခဲ့ပြီး အော်ဟစ်ဟစ်ကြွေးလျက် ရှိနေ၏။ ချက်ချင်းပဲ ထိုနေရာ၌ နန်းတွင်းအမှုထမ်းတို့နှင့် ရှုပ်ထွေးသွားခဲ့၏။ လူများက ပိုမိုကာ စုစည်းလာခဲ့သည်။

“ရှမ့်လန်ရဲ့ သူတောင်းစားတွေ စာမေးပွဲဝင်ဖြေခွင့်ကို ပယ်ဖျက်ပေးပါ။ မဟုတ်ရင် ကျုပ်တို့ စာမေးပွဲဖြေမှာ မဟုတ်ဘူး”

“ရှမ့်လန်နဲ့ သူတောင်းစားတွေ စာမေးပွဲဖြေဆိုခွင့်ကို ရုပ်သိမ်းပေးပါ။ မဟုတ်ရင် ကျုပ်တို့ စာမေးပွဲဖြေမှာ မဟုတ်ဘူး”

လူပေါင်းထောင်ချီတို့က သံပြိုင်အော်ဟစ်နေခဲ့ကြ၏။

ထိုစကားကို တစ်စုစည်းတည်း အော်ဟစ်နေခြင်း ဖြစ်၏။ အသံများက ပိုမို ကျယ်လောင်လာခဲ့ပြီး မိုင်အနည်းငယ် အဝေးဆီမှပင် ကြားရသည်။

လက်ရှိအခြေအနေကို မြင်ချိန်မှာတော့ ယခုနှစ် အထူးစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခြင်း မရှိသည့် တခြားသော ကျောင်းတော်သားနှင့် သိုင်းပညာရှင်များပါ ပါဝင်လာခဲ့ကြ၏။ သူတို့အားလုံးက ကျောင်းတော်သားနှင့် သိုင်းပညာရှင်များဖြစ်၏။ ထို့ကြောင့် ကျောင်းတော်သားနှင့် သိုင်းပညာရှင်များ၏ အထူးစာမေးပွဲဂုဏ်သိက္ခာကို ကာကွယ်ပေးရပေလိမ့်မည်။

အဆုံးသတ်မှာတော့ စုစုပေါင်း လူဦးရေ တစ်သောင်းလောက် စုဝေးလာခဲ့ပြီဖြစ်၏။ တကယ့်ကို ကြီးမားလွန်းသည့် လူစုလူဝေးကြီး ဖြစ်လာခဲ့၏။

ကျောင်းတော်သားနှင့် သိုင်းပညာရှင်အားလုံးတို့က အစိုးရရုံးကြီးတစ်ခုလုံးကိုပင် ဝိုင်းရံထားခဲ့ကြ၏။ လူများလာသည်ဆိုပါက ဥပဒေက သက်ရောက်မှုမရှိချေ။ ဤဌာနရှိ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကလည်း ဆုံးဖြတ်မှု မပြုလုပ်နိုင်ခဲ့ကြချေ။ သို့ပေမည့် ဤနှစ်ယောက်တို့က ရှမ့်လန်၏ အပြုအမူနှင့် ပတ်သက်၍ တကယ်ပင် အထင်အမြင်သေးလျက် ရှိနေသည်။

“ရှမ့်လန် ခွေးကောင်လေး... မင်း အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို အခွင့်အရေးယူပြီး ငါတို့ကို ဒုက္ခပေးနေတာပဲ။ သူတောင်းစား ၁၁ ယောက်ကိုတောင် စာမေးပွဲဝင်ဖြေခိုင်းရတယ်လို့။ မင်းက စာမေးပွဲဖြေဆိုတဲ့ လူတွေရဲ့ ဂုဏ်သိက္ခာကို နင်းချေနေတာနဲ့ တူတူပဲကွ”

ဤဌာနကြီး၏ ဝန်ကြီးသည် အတိတ်တုန်းက စာမေးပွဲ၌ ဒုတိယနေရာ ရခဲ့၏။ ဒုတိယဝန်ကြီးမှာတော့ သိုင်းစာမေးပွဲတွင် ဒုတိယအဆင့်ရခဲ့သူ ဖြစ်၏။ သူတို့နှစ်ယောက်လုံးက ကိုယ်တိုင်ကိုယ်ကျ ပေါ်ပေါက်လာခဲ့ပြီး သိုင်းပညာရှင်နှင့် ကျောင်းတော်သားများအားလုံးကို နှစ်သိမ့်လိုက်၏။

“စိတ်မပူနဲ့။ ကျုပ်တို့ နန်းတော်ထဲကို သွားမယ်။ ပြီးရင် အရှင်မင်းကြီးကို သတင်းပို့မယ်။ အရှင်မင်းကြီးက ကျိန်းသေပေါက် မျှတတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ပြုလုပ်ပေးမှာပါ”

အားလုံးသောသူတို့က ငြိမ်သက်သွားခဲ့ကြသည်။ “အရှင်မင်းကြီးက တကယ့်ကို တရားမျှတတဲ့ လူတစ်ယောက်ပါ။ လူတွေရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ဖြူစင်တဲ့စိတ်ဓာတ်ကို သူ မြင်ပါလိမ့်မယ်”

ပြီးမှာတော့ ဦးဆောင်လျက်ရှိနေသည့်လူများက စတင်ကာ အော်ဟစ်လိုက်ကြ၏။

ရှမ့်လန်၏ သူတောင်းစား ၁၁ ယောက်သည်ကို အထူးစာမေးပွဲကို ဖြေဆိုခွင့်ပေးပါက နိုင်ငံ၏ဂုဏ်သိက္ခာ ကျဆင်းပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့နှစ်ယောက်သည် တိုင်ကြားစာများကို ယူဆောင်ကာဖြင့် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းဆီ သွားရောက်ကာ ပေးပို့ကြသည်။

“အရှင်မင်းကြီး.. လူပေါင်းတစ်သောင်းကျော်တို့က ကျုပ်တို့ရုံးကို လာပြီး ဝိုင်းနေကြပါတယ်။ ရှင်းပြချက် ကောင်းကောင်း မပေးဘူးဆိုရင် အကုန်ရှုပ်ထွေးသွားမှာ စိုးရတယ်။ လူပေါင်းတစ်သောင်းကျော်တို့က စာမေးပွဲကို ဝင်မဖြေဘူးလို့ ပြောကြတယ်။ အားလုံးက ပုန်ကန်ကြမယ်တဲ့”

“အရှင်မင်းကြီး... ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်သိက္ခာအတွက် ... ဒီစာမေးပွဲအတွက် .... ရှမ့်လန်ကို ကျိန်းသေပေါက် အပြစ်ပေးပေးပါ။ လူတွေကို ကျုပ်တို့ စိတ်ပျက်စေလို့ မဖြစ်ပါဘူး”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သွေးဖြင့်ရေးသားထားသည့် စာနှစ်စောင်ကို ကြည့်ရှုလိုက်၏။ ထိုအရာ၏ အောက်တွင် လူပေါင်းတစ်သောင်းကျော်တို့က လက်မှတ်များရေးထိုးထားခဲ့၏။ တကယ့်ကို ကြိုးစားပမ်းစားဖြင့် တားဆီးနေခဲ့ကြခြင်း ဖြစ်၏။

သူ နင်ယွမ်ရှန်းက ကြီးမားသည့် အောင်ပွဲတစ်ခုကို ရရှိခဲ့၏။ ထိုအရာကို အောင်ပွဲခံရန် အထူးစာမေးပွဲတစ်ခုကို ကျင်းပခဲ့ကြ၏။ သို့ပေမည့် တစ်ဖက်လူများက သူ့ကို ဘယ်အတွက်ကြောင့် လာရောက်ကာ ဖိအားပေး တောင်းဆိုနေရသနည်း။

မူလအားဖြင့် နင်ယွမ်ရှန်းကလည်း ရှမ့်လန်နှင့် ပတ်သက်၍ ဒေါသကြီးနေသူပင်။ သူက အံကြိတ်ကာ မသိသလို ဟန်ဆောင်နေခဲ့ရ၏။ ယခု လူပေါင်းတစ်သောင်းကျော်တို့က သူ့ကို လာရောက်ကာ တွန်းအားပေးနေ၏။ သူ၏ ဒေါသက အကြီးအကျယ် ထွက်ပေါ်လာခဲ့၏။ သူက ချက်ချင်းပဲ ရှမ့်လန်ဆီသို့ ဘက်ပြောင်းသွားသည် ကျောင်းတော်သားအားလုံးတို့သည် သူတို့နှစ်ယောက်၏ ဘုံရန်သူများ ဖြစ်လာခဲ့၏။ သူ၏ ဒေါသတရားများသည် ထိုသူများဆီသို့ ရောက်ရှိသွားခဲ့သည်။

နင်ယွမ်ရှန်းက ရယ်မောလိုက်၏။ “စာမေးပွဲ မဖြေဘူးဟုတ်လား။ ကောင်းတယ်။ အရမ်းကောင်းတယ်။ သူတို့သဘောပဲ။ စာမေးပွဲမဖြေချင်ရင် မဖြေကြနဲ့။ စာမေးပွဲကိုတော့ ဆက်ပြီးတော့ လုပ်မှာပဲ။ တကယ်လို့ ဝင်မဖြေချင်တဲ့လူရှိရင် ရတယ်။ ဘယ်သူမှ မဝင်ဖြေကြနဲ့။ တစ်ယောက်ဖြေမယ်ဆိုရင် အဲတစ်ယောက်ကို ငါ လက်ခံမယ်။

နန်းတွင်းအစောင့်တွေ အကုန်လုံးကို စုစည်းထား။ ဝင်ပြီး အလုပ်ရှုပ်နေတဲ့လူတွေအကုန်လုံး ထပ်ပြီးတော့ အလုပ်ရှုပ်နေတယ်ဆိုရင် ရိုက်နှက်ကြစမ်း။ ခေါင်းမာတဲ့လူတွေ အကုန်လုံးကို ဖမ်းပြီး ထောင်ထဲ ထည့်ထားလိုက်” ဘုရင်မင်းမြတ်က အမိန့်ထုတ်လိုက်သည်။

အမိန့်ရောက်လာချိန်မှာတော့ ပညာရေးဝန်ကြီးဌာနကို ဝန်းရံလျက်ရှိနေသည့် ကျောင်းတော်သားနှင့် သိုင်းပညာရှင်အားလုံးတို့က ကြောက်လန့် သွားခဲ့ကြ၏။ မိမိအိမ်ဆီသို့ အသီးသီးပြန်သွားခဲ့ကြ၏။

နောက်တစ်ရက်မှာတော့ အထူးစာမေးပွဲက တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

......

ကျန်းချုံးတစ်ယောက် အိမ်ရှေ့စံမင်းသား၏ အာမခံပေးမှုကို ငြင်းပယ်ပြီး ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို ငြင်းပယ်ခဲ့ကြောင်း သတင်းက ပေါက်ကြားသွားခဲ့ပြီ ဖြစ်၏။

လောကကြီးထဲတွင် သတင်းဖောက်ထွင်း၍ မရနိုင်သည့် နံရံဟူ၍ မရှိချေ။

အိမ်ရှေ့စံမင်းသားက ဒေါသထွက်နေ၏။ ကျူးကျွင်းကလည်း တုန်လှုပ်နေမိ၏။ သူက အိမ်ရှေ့စံ မင်းသား၏ အိမ်တွင် နှစ်နာရီတိတိ နေထိုင်ပြီး အိမ်ရှေ့စံမင်းသားကို နောက်ဆုံးအချိန်မှ ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

ပြီးနောက် ကျူးကျွင်းက သူကိုယ်တိုင်ပင်လျှင် ကျန်းချုံးကို လာရောက်တွေ့ဆုံခဲ့သည်။

“ဘာကြောင့်လဲ” ကျူးကျွင်း၏ အသံများက တုန်ယင်လုနီးပါးပင်။ ကျန်းချုံး ငြင်းပယ်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ ထို့ပြင် မည်သည့်အကြောင်းအရင်းမှလည်း မရှိပေ။

ကျူးကျွင်းဆိုသည်မှာ ကျူးမိသားစု၏ အဖွဲ့ဝင်ဖြစ်ကြောင်း ကျန်းချုံးက သိရှိပြီးသား ဖြစ်၏။ ထို့ပြင် ကျန်းရှစ်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆိုသည့် ရာထူးသည် ကျန်းချုံး မျှော်လင့်နေသည့် ရာထူးထက် ပိုမိုကာ မြင့်မားသည့် လုပ်ပိုင်ခွင့်ရှိ၏။ ထိုရာထူးတွင်ထိုင်ပြီးနောက် ပိုမို အဆင့်မြင့်မားသည့် ရာထူး တည်နေရာသို့ တက်လှမ်းနိုင်မှာ သေချာ၏။

ကျူးကျွင်းက ပြောလိုက်သည်။ “ကျန်းချုံး.. မင်း အိမ်ရှေ့စံမင်းသားကို ပြဿနာ ရှာလိုက်သလိုပဲ။ ဘာလို့လဲ။ အချိန်မီ မင်းကို လာပြီး မကယ်တင်လို့လား”

ကျန်းချုံးက တုန်လှုပ်သွားမိ၏။ ခေါင်းကို အသာခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ပါဘူး”

သူ့အနေနှင့် အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်၍ မည်သည့် ရန်ငြိုးရန်စမှ မရှိချေ။ ဘုရင်မင်းမြတ်က ကြမ်းတမ်းလွန်း၏။ ထို့အတူ အိမ်ရှေ့စံမင်းသားကလည်း ကြမ်းတမ်းလွန်းလှချေ၏။ ထိုအရာကို သူ သေသေချာချာ သိသည်။

ဘုရင်မင်းမြတ်က ဘုရင်တစ်ပါးဖြစ်သလို အိမ်ရှေ့စံမင်းသားမှာတော့ လူငယ်ဘုရင်တစ်ပါးပင် ဖြစ်၏။ သို့ပေမည့် လူငယ်ဘုရင်ဆိုသည်မှာလည်း ဘုရင်တစ်ပါးပင်။

ပြောရမည်ဆိုလျှင် သူ့အနေနှင့် ဘုရင်မင်းမြတ်ဖြစ်လာမည့် အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်၍ အဘယ်သို့ ရန်ငြိုးရန်စဟူ၍ ထားရှိနေမည်နည်း။ မဟုတ်လျှင် ကလေးဆန်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျူးကျွင်းက ပြောလိုက်သည်။ “ဒါဆိုရင် ဘာကြောင့်လဲ”

ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်က ကျုပ်ရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ ပြီးတော့ ကျုပ်တို့က ပိုင်ရီစီရင်စုမှာ ဘေးချင်းယှဉ်ပြီး အတူတူတိုက်ခိုက်ခဲ့ကြတယ်။ ကျုပ် သူနဲ့ရန်သူ မဖြစ်ချင်ဘူး”

ကျူးကျွင်းက ကြောင်အသွားခဲ့၏။ ဤအရာက အကြောင်းအရင်း ဖြစ်နေသည်လား။ ကျန်းချုံး ဘယ်တုန်းက ဤမျှ ကလေးဆန်သွားသနည်း။ ထို့ပြင် နိုင်ငံရေးရာအရ ပြုလုပ်ရသည့် နေရာမျိုးတွင် ခံစားချက်ဟူ၍ တကယ်တမ်း လိုအပ်နေသည်လား။

‘ခင်ဗျား ကျန်းချုံးက ကိုယ့်ရဲ့စေ့စပ်ထားတဲ့ ချွေးမတစ်ယောက်ကိုတောင် သတ်ပစ်လောက်တဲ့အထိ ကြမ်းတမ်း ရိုင်းစိုင်းခဲ့တာလေ။ အခု ဘယ်လိုဖြစ်ပြီး စိတ်ခံစားချက်တွေနဲ့ ပျော့ညံ့သွားရတာလဲ’

ကျူးကျွင်းက အေးစက်စက်ပြောလိုက်၏။ “ခင်ဗျား ကျန်းချုံးက ဒီလို စိတ်ပိုင်းဆိုင်ရာအရ အားနည်းတဲ့လူ တစ်ယောက် မဟုတ်ပါဘူး”

ကျန်းချုံးက တကယ်ပင် ထိုသို့မဟုတ်ချေ။ အထူးသဖြင့် ကျန်းချုံး ဆိုသည်မှာ အစဉ်အမြဲ ထက်ရှနေသည့် ဓားတစ်စင်းဖြစ်ပြီး ကြမ်းတမ်းလွန်းသည့် ပြတ်သားသော အရာရှိတစ်ယောက်အဖြစ် ထင်ရှား၏။

သို့ပေမည့် လူသားတစ်ယောက်၏ နှလုံးသားဆိုသည်မှာ သံမဏိနှင့် ပြုလုပ်ထားသည် မဟုတ်ချေ။ သူ၏သား ကျန်းကျင်းသေဆုံးခြင်းသည် ကျန်းချုံး၏ နှလုံးသားကို အပေါက်တစ်ခုအဖြစ် ဖြစ်ကျန်စေ၏။ ပြီးနောက် ကျန်းချုံးက အူရောင်ငန်းဖျားရောဂါကို ခံစားရပြီး ငရဲဆီသို့ အလည်တစ်ခေါက် သွားခဲ့ရ၏။ သူက ရှမ့်လန်၏ ကယ်တင်မှုကို ခံယူခဲ့ရသည်။ အဆုံးသတ်မှာတော့ သူက ပိုင်ရီစီရင်စု၌ ငရဲခန်းတိုက်ပွဲကို ၁၅ ရက်တိတိ တိုက်ခိုက်ခဲ့ရ၏။ သူ၏လူတစ်ကိုယ်လုံးက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လုရွှမ်ရေးသားခဲ့သည့် ကဗျာထဲတွင် ကြမ်းတမ်းပြတ်သား ရက်စက်လွန်းသည့် လူသားတစ်ယောက် အား အစစ်အမှန်သူရဲကောင်းတစ်ယောက်ဟု ပြောဆို၍ မရနိုင်ခဲ့ချေ။ သူ၏သားကိုပင်လျှင် သနား ညှာတာမှု မရှိခဲ့သည့် သူတစ်ယောက်အနေနှင့် သူက လူကောင်းတစ်ယောက် ဖြစ်နိုင်မည်လား။ မဟုတ်ပေ။

သေခြင်းနှင့် ရှင်ခြင်းတရားများကို ကြုံဆုံခဲ့ပြီးနောက် ကျန်းချုံး၏ တကယ်ကို မာကျောလွန်းလှပါသည် ဆိုသော သံမဏိနှလုံးသားက မမာနိုင်တော့ချေ။ ပျော့ခွေသွားခဲ့ပြီဖြစ်၏။ သူ၏ စိတ်ခံစားချက်များက တခြားသော အဆင့်တစ်ခုဆီသို့ တိုးတက်ရောက်ရှိသွားခဲ့သည့်ပုံပင်။

အတိတ်တုန်းက သူက အားကောင်းသည့် အရာရှိအရာခံ တစ်ယောက်ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန် တွင်တော့ နိုင်ငံအတွက် အရေးကြီးသည့် အရာရှိတစ်ယောက် ဖြစ်လာခဲ့၏။ စိတ်နှလုံးသား အေးစက်ပြီး မောက်မာဝင့်ကြွားလွန်းသည့် လူတစ်ယောက်က တစ်စုံတစ်ယောက်အမတွက် အရေးကြီးသည့် လူတစ်ယောက် ဖြစ်နိုင်၏။ သို့ပေမည့် နိုင်ငံအတွက် အရေးကြီးသည့် လူတစ်ယောက်တော့ ဖြစ်မလာနိုင်ပေ။

ကျန်းချုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။ သူက ရှင်းပြရန် အကြံအစည် မရှိချေ။

ကျူးကျွင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားရဲ့ အမူအကျင့်ကို ခင်ဗျား သိတယ်မလား”

ဟုတ်ပေ၏။ ကျန်းချုံးက ကောင်းကောင်းသိ၏။ အိမ်ရှေ့စံမင်းသား၏ အမူအကျင့်က ဘုရင်မင်းမြတ်နှင့် တူညီ၏။ သူက ဘုရင်မင်းမြတ်ကဲ့သို့ပင် စိတ်ခံစားချက် မရှိချေ။ ပိုမိုကာပင် အေးစက်သည်ဟု ထပ်မှတ်ရမည်။

ထို့ပြင် အိမ်ရှေ့စံမင်းသားက မောက်မာဝင့်ကြွားပြီး လုပ်ချင်ရာကို ပြုလုပ်တတ်သူ တစ်ယောက်ဖြစ်၏။ အရေးကြီးသည့် အချိန်အခါမျိုးတွင် သူက ဂုဏ်သိက္ခာအတွက် ဘုရင်မင်းမြတ်ကိုပင်လျှင် စိန်ခေါ်ရဲသည့် လူတစ်ယောက်ဖြစ်၏။

ဥပမာအားဖြင့် နောက်ဆုံးအကြိမ်တုန်းက ရှမ့်လန်သည် ပိုင်ရီစီရင်စုတွင် ကောင်းမွန်သည့် ကိစ္စရပ်များကို ပြုလုပ်ခဲ့သည်။ ထိုအရာကို သိရှိပြီးနောက် ရှမ့်လန်ကို ဘုရင်မင်းမြတ်က အလွန်အမင်း နှစ်သက်သွားခဲ့ကြောင်း သိရှိသည်ဆိုလျှင်တောင် အိမ်ရှေစံမင်းသားက ဝင်ရောက်လှုပ်ရှားရဲသည်။

ပထမဦးဆုံး သူက စစ်သည်များကို စေလွှတ်၍ ရှမ့်လန်အား ဗာမေလီယန်ဂိတ်တံခါး၌ ပြဿနာ ရှာခဲ့၏။ ထို့ပြင် ရှမ့်လန်နှင့် သူ၏စစ်သည်များကို အကျဉ်းချ၍ သီးသန့်နေထိုင်ရန်ပင် စီစဉ်ခဲ့၏။ ထိုတင်သာမကသေးချေ ရှမ့်လန်၏ အိမ်တော်ကို ဝန်းပိတ်ထားရန် စစ်သည်များကိုပင် ထပ်မံကာ စေလွှတ်ခဲ့၏။

ဘုရင်မင်းမြတ်က သိရှိသည်ဆိုလျှင်တောင် ထိုအရာကို မသိသလို ဟန်ဆောင်ရ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က အိမ်ရှေ့စံမင်းသား၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် ရှမ့်လန်ကို လာရောက်ဖိနှိပ်ခြင်းအတွက် အိမ်ရှေ့စံမင်းသားကို အပြစ်တင်၍ မရတော့ပေ။

ကျူးကျွင်းက ပြောလိုက်၏။ “ခင်ဗျားကို အခွင့်အရေး ပေးဖို့ ကျုပ်က အိမ်ရှေ့စံမင်းသားဆီမှာ ၄ နာရီတိတိ ဆွဲဆောင်ခဲ့ရတယ်။ ကျန်းရှစ်စီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို ခင်ဗျားလိုချင်နေတာပဲ မဟုတ်လား။ ခင်ဗျား ပြန်မဖြေခင် သေသေချာချာ စဉ်းစားသင့်တယ်”

ကျန်းချုံးက ဦးညွှတ်ကာ ပြောလိုက်၏။ “ပြည်နယ်အုပ်ချုပ်ရေးမှူးကျူး... ကျုပ် သေသေချာချာ စဉ်းစားပြီးပါပြီ”

All Chapters