← Chapters

အခန်း (၅၀၁)

Vol. 34 Ch. 501

အခန်း (၅၀၁)

Vol. 34 Ch. 501

ချက်ချင်းပဲ လူများက တစ်ယောက်ပြီးတစ်ယောက် လွင့်စဉ်ထွက်သွားကြ၏။ ပြီးနောက် အလွန်တရာ နာကျင်သည့် အော်ဟစ်သံများနှင့် အော်ဟစ်လျက် ရှိနေ၏။ အနည်းငယ်သော ဒဏ်ရာရရှိသူများက သူတို့၏ ပစ္စည်းများကို ဆုပ်ကိုင်ရင်း အသားကုန် လူးလွန့်လျက် ရှိနေ၏။ အပြင်းအထန် ဒဏ်ရာရရှိသည့် သူများမှာတော့ မျက်လုံးများပင် စိမ်းပြာလျက် ရှိနေပြီး နာကျင်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေ၏။

ဝူလဲ့က အေးစက်စက်နှင့် ပြောလိုက်သည်။ “ဘယ်သူရှိသေးလဲ။ ဘယ်သူထပ်လာချင်သေးလဲ”

ထိုအခိုက်မှာပဲ လူပေလူတေတစ်ဦးက ရှေ့ဆီသို့ ရုတ်တရက် ပြေးဝင်လာ၏။ သူက အရှိန်မထိန်းနိုင်ချေ။ သူ၏ အရှိန်က တကယ့်ကို ပြင်းထန်၏။

ဝူလဲ့၏ မျက်နှာထားက ခက်ထန်သွားခဲ့၏။ သူမက ထိုသူ၏ ခြေထောက်နှစ်ချောင်းကြားထဲသို့ ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။

“အား…”

ထိုသူသည် နင်းသတ်ခံလိုက်ရသည့် ဖားတစ်ကောင်ကဲ့သို့ပင် ကားကားကြီးဖြင့် လေထဲသို့ လွင့်စင်သွားခဲ့၏။ သွေးများက လေထဲတွင် ပန်းထွက်လာခဲ့၏။ ဤအချိန်မှာတော့ သူ၏ ငယ်ပါသည်သာမက သူ၏ တင်ပဆုံရိုး တစ်ခုလုံးက ကျိုးကြေသွားခဲ့၏။

“ဘယ်သူ ရှိသေးလဲ။ ဝူလဲ့က အော်ဟစ်လိုက်သည်။

“ဘယ်သူ ရှိသေးလဲ” ရှမ့်နုကလည်း လိုက်ကာ အော်ဟစ်၏။

တည်ရှိနေသည့် လူများအားလုံးက ရှေ့သို့ ဆက်လက်ကာ မတိုးဝံ့ကြတော့ဘဲ လူအုပ်ထဲမှသာ အော်ဟစ်၏။ ထောင်ပေါင်းများစွာသော လူများက အမျိုးသမီးစစ်သည် ရာပေါင်းများစွာနှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ ရှေ့သို့ တစ်လှမ်းမှပင် မတိုးရဲကြချေ။ သူတို့က လက်များကို ဝှေ့ယမ်း၍ အော်ဟစ်ရုံသာလျှင် တတ်နိုင်ကြသည်။

“ရှမ့်လန်က လူလိမ်။ ကောင်းကင်နဲ့ မြေကြီးက သူ့ကို ဒဏ်ခတ်သင့်တယ်”

“သွားတိုင်ကြစို့။ ဝန်ကြီးချုပ်ရုံးကို သွားတိုင်မယ်။ ရှမ့်လန်က လူလိမ်တင် မဟုတ်ဘူး။ လူမြင်ကွင်းမှာ လူသတ်ဖို့ပါ ကျူးလွန်နေတယ်။ သွားတိုင်ကြစို့”

“သူတော်စင်ဘုံကျောင်းကို သွားပြီး ဆန္ဒပြရမယ်”

ထောင်ပေါင်းများစွာသော လူများက စာစစ်ဌာနမှ ထွက်ခွာသွားခဲ့၏။ ထိုထဲမှ တချို့က ထျန်းရွှဲ့ရုံးဆီသို့ သွားရောက်ပြီး ရှမ့်လန်က စာမေးပွဲ၌ လိမ်ညာ လှည့်ဖြား ဖြေဆိုကြောင်း နှင့် လမ်းမပေါ်တွင် လူသတ်မှု ကျူးလွန်ခြင်း အကြောင်း သွားရောက် တိုင်ကြားကြ၏။ တချို့က သူတော်စင်ဘုံကျောင်းဆီသို့ သွားရောက်ကြ၏။ မြို့တော်တစ်ခုလုံးက ဗရမ်းဗတာနှင့် ဆူညံပွက်လောရိုက်လျက် ရှိနေ၏။

သူတော်စင် ဘုံကျောင်းဆိုသည်မှာ ကျောင်းတော်သားများစွာတို့အတွက် လျှို့ဝှက်လက်နက် တစ်ခု ဖြစ်၏။ ရှေးခေတ် တရုတ်ပြည်တွင်လည်း ထိုနည်းလည်းကောင်းပင်။ စာမေးပွဲ လိမ်ညာမှုနှင့် ပတ်သက်လာလျှင် စာဖြေသူများက သူတော်စင်ကြီး၏ ရုပ်တုကို သယ်ဆောင်ကာ လမ်းမပေါ်တွင် လှည့်လည်သွားတတ်ကြသည်။

သို့နှင့် သူတို့က ကွန်ဖြူးရှပ် သူတော်စင်ဘုံကျောင်းရှေ့တွင် ဒူးထောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လျက် ရှိနေကြ၏။

မြို့တော်ရှိ သူတော်စင်ဘုံကျောင်းက အစောပိုင်းတုန်းက မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်ပြီး ယခု ကျောင်းကြီးမှာတော့ အသစ်စက်စက် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ အသစ်စက်စက် သူတော်စင်ဘုံကျောင်း၏ အပြင်ဘက် မြေကွက်လပ်တွင် စာမေးပွဲဖြေဆိုသူ နှစ်ထောင်ကျော်တို့က ဒူးထောက်ကာ အော်ဟစ်ငိုကြွေးလျက် ရှိနေကြသည်။

“ကောင်းကင်ဘုံက တရားမမျှတဘူး”

“ကောင်းကင်ဘုံက တရားမမျှတဘူး”

“ဒီစာစစ်ဌာနကြီးကလည်း မသန့်ရှင်းတော့ဘူး။ ရှမ့်လန်က လူလိမ်ပဲ”

“ရှမ့်လန်က လူလိမ်ပဲ။ ရှမ့်လန်ကို မိုးကြိုးပစ်ချပြီး သတ်ပစ်တော်မူပါ”

မူလက စာမေးပွဲ ကျရှုံးသည့် လူများက ဘုံကျောင်းဆီသို့ ရောက်ရှိလာခဲ့၏။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် လူပေါင်းများစွာတို့က ရောက်ရှိလာခဲ့ကြ၏။ စာမေးပွဲ မဖြေဆိုသည့် တခြားသော ကျောင်းတော်သားများပင် ရောက်ရှိလာ၏။

အဘယ့်ကြောင့်ဆိုသော် သူတို့က စာမေးပွဲ ကျရှုံးဖူးပြီး လက်ရှိအခြေအနေတွင်လည်း စာမေးပွဲကို ဖြေဆိုရန် မျှော်လင့်ချက်ဟူ၍ မရှိတော့ချေ။ လတ်တလော ဘာမှမဆိုင်ဘဲ လာရောက် အားဖြည့်ခြင်းပင်။

နောက်ပိုင်း စာမေးပွဲ အောင်မြင်ခဲ့ပြီးသည့် တချို့ကပါ ရောက်ရှိလာခဲ့ကြ၏။

အဆိုးဆုံးမှာတော့ စာဖြေသူ နှစ်ဦးပင် ဖြစ်၏။ ဤတစ်ကြိမ် အထူးစာမေးပွဲကို ရှင်းလင်းစွာ အောင်မြင်ခဲ့သည် ဆိုသော်လည်း သူတို့က သူတော်စင် ဘုံကျောင်းဆီသို့ လာရောက်ကာ အော်ဟစ်လျက် ရှိနေ၏။ တကယ့်ကို တမင်သက်သက် ဒုက္ခပေးနေခြင်းသာဖြစ်သည်။

“အားလုံးသောသူတွေက စာမေးပွဲကျတဲ့သူတွေပဲ။ ကောင်းကင်ဘုံက မမျှတဘူး”

“ကောင်းကင်ဘုံက မမျှတဘူး။ ရှမ့်လန်ကို ကောင်းကင်ဘုံက ဒုက္ခပေးပါစေ”

..................

စာပေစာမေးပွဲ၏ ပင်မ စာစစ်သူ လက်ထောက်ဝန်ကြီးနှင့် တခြားသော စာစစ်သူ ငါးယောက်တို့က မျက်နှာများ ဖြူလျော်ပြီး တုန်ယင်လျက် ရှိနေကြ၏။ ဤတစ်ကြိမ် ရလဒ်က ကြီးမားသည့် ဂယက်ရိုက်ခတ်မှုကြီး ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြပြီး ဖြစ်သော်လည်း ဤမျှထိကြီးမားလိမ့်သည်ဟု မထင်မှတ်ခဲ့ချေ။

“ငါသိသားပဲ။ ဒီလိုဖြစ်မယ်ဆိုတာ သိသားပဲ။ အစောကြီးတည်းက ကျူးဟုန်ပင်းကိုပဲ ပထမပေးလိုက်သင့်တယ်”

“အဓိကကိစ္စက စာပေစစ်ဆေးပွဲမှာ လိမ်လည်မှု မရှိခဲ့ဘူး။ စာဖြေသူတွေ မယုံရင် စာရွက်တွေ လာပြီး စစ်ဆေးလို့ရတယ် မဟုတ်လား”

ဟန်လင်းကျောင်းမှ ပထမ စာစစ်သူက မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။ “သူတို့က အမှန်တရားကို ဂရုစိုက်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား။ သူတို့ကတော့ ပြဿနာကို ပိုပြီးကြီးအောင် လုပ်ချင်တာပဲ။ ပြီးရင် စာမေးပွဲ ပြန်ဖြေခွင့်ရဖို့ ကြိုးစားနေတာ”

“စာမေးပွဲ ပြန်မဖြေရရင်တောင် သူတို့က အရှင်မင်းကြီး အလျှော့ပေးအောင် ဖိအားပေးပြီးတော့ အရူးလန်ရဲ့ ပထမနေရာနဲ့ အောင်မြင်သွားခဲ့ရတဲ့ သူတောင်းစား ဆယ်ယောက်တို့ရဲ့ အခြေအနေကို ပြန်လည် ဖြုတ်ချပစ်ဖို့ အတွက် တောင်းဆိုကြမှာပဲ။”

“သူတို့က ရူးနေကြပြီလား။ ဘုရင်မင်းမြတ်ရဲ့ အကျင့်စရိုက်ကို သူတို့ မသိဘူးလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း အခွန်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စစ်ရေးဗျူရိုကို ဝိုင်းထားတုန်းကတောင် အရှင်မင်းကြီးက သူတို့အားလုံးကို မောင်းထုတ်ခဲ့တာ မဟုတ်ဘူးလား”

ပထမ စာစစ်သူက ပြောလိုက်၏။ “အဲဒီတုန်းက နောက်တစ်နေ့ စာမေးပွဲ ဖြေဆိုရမှာ ဆိုတော့ အရူးလန်နဲ့ တခြားသောသူတွေ အောင်မှာ မဟုတ်ဘူးထင်ပြီး ခဏလောက် ဆုတ်ခွာသွားခဲ့ကြတာပဲ။ အခု သူတို့က စာမေးပွဲ ကျရှုံးသွားခဲ့ကြပြီ။ ဒီတော့ ရှမ့်လန်အပေါ် မကျေနပ်မှုတွေကို အခွင့်အရေးယူပြီး ဒီကိစ္စကို မကြီးကြီးအောင် လုပ်တော့မယ်”

“ဒါဆိုရင် ကျုပ်တို့ အားလုံးက ယစ်ပူဇော် ခံရတော့မှာလား။ အကယ်၍ အရှင်မင်းကြီးကသာ ဒီစာဖြေသူ ထောင်ချီကို နှစ်သိမ့်ဖို့အတွက် လိမ်လည်မှုတစ်ခုအဖြစ် ကြေညာလိုက်မယ်ဆိုရင် ကျုပ်တို့ ခြောက်ယောက်က စတေးခံတွေ ဖြစ်သွားမှာပေါ့။”

“ဒါတွေအားလုံးက ရှမ့်လန်ကြောင့်ပဲ။ အဲဒီ ငါးမွှေထိုးကောင်က ဘာလို့ ဒီလောက် ရှုပ်ရှုပ်ရှက်ရှက် လုပ်ရတာလဲ။ အရူးလန်နဲ့ သူတောင်းစား ဆယ်ယောက်တို့ စာရင်းဝင်သွားရင် ပြီးပြီပေါ့။ အိမ်မှာပဲ ငြိမ်ငြိမ်နေပြီး ပျော်ပျော်နေလိုက်ပေါ့။ ဘယ်လိုဖြစ်ပြီးတော့ အောင်စာရင်းကြေညာတဲ့နေရာထိ ထွက်လာပြီး ဒီလူတွေကို ရန်စရတာလဲ” ထိုစာစစ်သူက ပြော၏။

“အသုံးမဝင်ဘူး။ ရှမ့်လန်က ထွက်လာပြီး ဒီလူတွေကို လာစတယ်ဆိုတာ မီးလောင်ရာ လေပင့်တဲ့ ကိစ္စရပ် ဆိုပေမဲ့ အိမ်ထဲမှာ ပုန်းနေပြီး မျက်နှာမပြရင်လည်း ဒီလူတွေက ပြဿနာရှာအုံးမှာပဲ။ ပြောရမယ်ဆိုရင် ပြဿနာ ရှာချင်တဲ့လူက ပြဿနာရှာမှာပဲ။”

“ဒါဆိုရင် ကျုပ်တို့ ဘာလုပ်ကြမှာလဲ”

အခွန်ဘဏ္ဍာ ဝန်ကြီးဌာနမှ ဒုတိယ စာစစ်သူက ပြောသည်။ “အဓိက သော့ချက်က ကျူးမိသားစုရဲ့ လက်ထဲမှာပဲ ရှိတာ။ တကယ်၍ ဝန်ကြီးချုပ်ကျူးကသာ ပညာတတ်တွေဘက်က ရပ်တည်ပေးလိုက်မယ်ဆိုရင် အရှင်မင်းကြီးက ခြေတစ်လှမ်းဆုတ်ပြီး ရှမ့်လန်ကို အပြစ်ပေးရလိမ့်မယ်”

.....................

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ရွှဲ့ပြည်နယ် အရပ်ဘက်အရာရှိ အသိုင်းအဝိုင်း၏ ပင်မပုဂ္ဂိုလ် ဖြစ်ပြီး တကယ်လည်း သတ္တိရှိလွန်းသူ တစ်ယောက်ပင်။

ကျူးမိသားစု၏ အိမ်တော်အတွင်းမှာတော့ .....

ကျူးဟုန်ပင်းက သူ၏ အဘိုးရှေ့တွင် သူ၏ ပင်ကိုယ်စရိုက်အမှန်ကို ထုတ်ပြလျက် ရှိနေ၏။

“အဘိုး.. ဒါကို ကျုပ် လက်မခံနိုင်ဘူး။ ကျုပ် လေးနှစ်လုံးလုံး ပြင်ဆင်လာခဲ့တာ။ ဒီနှစ် စာပေစာမေးပွဲမှာ ပထမရဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာ။ ကျုပ်လိုချင်တာ စာမေးပွဲ သုံးခုလုံးမှာ ပထမရဖို့ပဲ။ ဒါပေမဲ့ အခု ကျုပ် သူတောင်းစား တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရတယ်။ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ဒါ လိမ်လည်မှုပဲ ဖြစ်မယ် အဘိုး။ ကျေးဇူးပြုပြီး စုံစမ်းပေးပါ။”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက သူ၏ မြေးဖြစ်သူအား ကြင်နာနူးညံ့သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“အပြင်က အခြေအနေ ဘယ်လိုရှိလဲ” ဝန်ကြီးချုပ်ကျူးက မေးလိုက်၏။

အိမ်စေကြီးက ဆိုလိုက်သည်။ “လူထောင်ပေါင်းများစွာက ရုံးကို သွားပြီးတော့ တိုင်တန်းနေကြတယ်။ ရှမ့်လန်က စာပေစာမေးပွဲမှာ လိမ်လည်ခဲ့တယ်လို့ ပြောတယ်။ နောက်ထပ် လူထောင်ပေါင်းများစွာက သူတော်စင်ဘုံကျောင်းကို သွားပြီး ငိုကြွေးနေခဲ့ကြတယ်။ လူအရေအတွက်က ပိုပိုပြီး များလာပြီ။ ဒီကိစ္စက ပိုပြီးတော့ ကြီးလာပါပြီ”

ဝန်ကြီးချုပ်ကျူးက ပြော၏။ “နန်းတော်ကကော ဘယ်လိုတုံ့ပြန်လဲ”

အိမ်စေက ပြောလိုက်သည်။ “ဘာတုံ့ပြန်မှုမှ မရှိပါဘူး။ အရှင်မင်းကြီးက ဒီကိစ္စကို လုံးဝမသိသလိုပါပဲ”

ကျူးဟုန်ကျူးက ခေါင်းညိတ်လိုက်၏။ “သိပြီ”

အိမ်စေကြီးက မေးလိုက်သည်။ “အရှင်.. အရှင်မင်းကြီးက ဘာကို ဆိုလိုတာလဲ။ သူက ရှမ့်လန်ကို စတေးပြီး ပညာတတ် ထောင်ပေါင်းများစွာတို့နဲ့ အပေးအယူ လုပ်မှာလား”

ကျူးဟုန်ကျူးက ခေါင်းခါလိုက်၏။ “မဟုတ်ဘူး။ အရှင်မင်းကြီးက ငါ့ရဲ့ တုံ့ပြန်မှုကို စောင့်နေတာပဲ”

ရှေ့တွင်ရှိနေသည့် အခြေအနေက တကယ်ကို ရှုပ်ထွေး၏။ လူတိုင်း၏ အကြည့်က ဝန်ကြီးချုပ် ကျူးဟုန်ကျူး၏ အပေါ်တွင် မူတည်လျက် ရှိနေ၏။ အကယ်၍ ဤစာမေးပွဲတွင် လိမ်လည်မှု အမှန်တကယ် ရှိခဲ့သည် ဆိုပါက ကျူးဟုန်ပင်းက ပထမဦးဆုံး သားကောင် ဖြစ်လာပေလိမ့်မည်။

ပြီးနောက် ကျူးဟုန်ကျူးက ပညာတတ် အသိုင်းအဝိုင်း၏ ခေါင်းဆောင်လည်း ဖြစ်၏။ သူသာ စာမေးပွဲကျသည့် လူများဘက်မှ ရပ်တည်ပေးလိုက်ပါက မရေမတွက်နိုင်သည့် လူအားလုံးတို့၏ နှလုံးသားကို ရရှိပေးလိမ့်မည်။ ထိုအချိန်သို့ရောက်သည်ဆိုပါက ရှမ့်လန်က ဤဝန်ကြီးချုပ်ကို တားဆီးနိုင်တော့မည် မဟုတ်ချေ။ နင်ယွမ်ရှန်း ပင်လျှင် နောက်ဆုတ်ပေးရပေလိမ့်မည်။

“အရှင်.. အိမ်ရှေ့ တံခါးဝမှာ ဒူးထောက်ပြီး တောင်းပန်နေတဲ့ ပညာတတ်တွေ အများကြီးပဲ။ ပိုပိုပြီး များလာနေပါပြီ”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက မျက်လုံးများကို မှိတ်ထားပြီး နားစွင့်နေ၏။ မျှော်လင့်ထားသည့် အတိုင်းပင် အော်သံကို ကြားလိုက်ရ၏။ “ဝန်ကြီးချုပ်ကျူး၊ ကျေးဇူးပြုပြီး လောကကြီးက ပညာတတ်တွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ”

“ဝန်ကြီးချုပ်ကျူး... ကျေးဇူးပြုပြီး ကျုပ်တို့အားလုံးကို ကူညီကယ်ဆယ်ပေးပါ။”

“ဝန်ကြီးချုပ်ကျူး.. ကျေးဇူးပြုပြီး ကျောင်းတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးပါ။” သူတို့အားလုံးတို့က ငိုကြွေးကာ တောင်းဆိုလျက် ရှိသည်။

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက လက်ယမ်းပြလိုက်၏။ တခြားသောသူများက ဆုတ်ခွာသွားခဲ့ပြီး သူ၏ မြေးဖြစ်သူ ကျူးဟုန်ပင်းသာလျှင် ကျန်ရှိ၏။

“ငါ့မြေး.. မင်းက မာနကြီးပြီး စိတ်ကြီးဝင်တတ်တယ်။ ဒါက ကောင်းတဲ့ အရာတစ်ခုပဲ။ ကျူးမိသားစုမှာ ဒီလိုမာန်မာနတွေ ရှိသင့်တယ်။”

ကျူးဟုန်ကျူးက ငြင်သာစွာ ပြောလိုက်၏။ “ဒါပေမဲ့ မင်းဒီတစ်ခေါက် ဒုတိယရတာကို အဘိုးက တကယ်ကို ပျော်နေမိတယ်”

ဤစကားကို ကြားသည့် အချိန်မှာတော့ ကျူးဟုန်ပင်းက တုန်လှုပ်သွားခဲ့သည်။

ကျူးဟုန်ကျူးက ပြောလိုက်၏။ “ငါ့မြေး.. ဒီနေ့ အဘိုး မင်းကို သင်ခန်းစာတစ်ခု ပေးမယ်။ ပြီးပြည့်စုံခြင်း ဆိုတာက ရှိတဲ့အရာ မဟုတ်ဘူး”

ကျူးဟုန်ပင်းက ဆိုလိုက်သည်။ “ဒါက စာထဲမှာ ဖတ်ခဲ့ဖူးပါတယ်။ မာနကြီးတဲ့နဂါးက နောင်တရတတ်တယ်။ ပြီးတော့ ကြာကြာ မရှည်နိုင်ဘူးတဲ့။ ဒါကို ကျုပ် အခါတစ်ရာမက ဖတ်ဖူးပါတယ် အဘိုး”

ကျူးဟုန်ပင်းသည် တခြားသောသူများနှင့် ယဉ်ကျေးသည် ဆိုသော်လည်း သူ၏ အဘိုးရှေ့မှာတော့ ဘာကိုမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းနှင့် ငြင်းဆိုလျက် ရှိနေ၏။

“ဟုတ်တယ်။ ဒါပေမဲ့ မဟုတ်ပြန်ဘူး” ကျူးဟုန်ကျူးက ပြောလိုက်သည်။

ကျူးဟုန်ပင်းက မေးမြန်းလိုက်၏။ “ကျုပ် ပထမရနိုင်တယ်။ ကျုပ်ရဲ့ ဂုဏ်ပုဒ်ကြောင့် ဒုတိယသာ ရမယ်ဆိုရင် ဒီကိစ္စ အဓိပ္ပာယ် မရှိဘူး။ ကျုပ် မကျေနပ်ဘူး။”

“ဟား ဟား ဟား ဟား…”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ဒေါသ မထွက်ချေ။ သူက စာရွက် အနည်းငယ်ကို ကမ်းပေးကာ ပြောလိုက်သည်။ “ငါ့မြေး.. မင်းဒီစာရွက်ကို သေချာဖတ်ကြည့်။ ဒီစာတမ်းနဲ့ ကဗျာတွေကို ကြည့်။ မင်းရဲ့ စာရေးဟန်နဲ့ယှဉ်ရင် ဘယ်လိုလဲ”

ကျူးဟုန်ပင်းက ယူကြည့်လိုက်၏။ ပထမဦးဆုံး အနေနှင့် သူက အမြန်ဖတ်ကြည့်၏။ ပြီးနောက် နှစ်ခေါက် ဖတ်ကြည့်၏။ ချက်ချင်းပင် သူ၏ မျက်နှာက နီရဲသွားပြီး အရှက်ပင် ရသွားခဲ့၏။

ကျူးဟုန်ကျူးက ပြုံးလိုက်သည်။ “ငါ့မြေး... သူ့ရဲ့ နိုင်ငံရေးရာ စာတမ်းနဲ့ ကဗျာတွေက မင်းရဲ့ စာနဲ့ယှဉ်မယ်ဆိုရင် ဘယ်လိုလဲ”

ကျူးဟုန်ပင်းက ခေါင်းငုံ့လိုက်၏။ “ကျုပ်ရဲ့ စာထက် အများကြီး သာပါတယ်”

ကျူးဟုန်ကျူးက မေးလိုက်သည်။ “ဘယ်လောက်သာလဲ”

ကျူးဟုန်ပင်းက ဆိုသည်။ “အများကြီး... အများကြီးပါပဲ”

ကျူးဟုန်ကျူးက မေးမြန်းလိုက်၏။ “ဒါဆိုရင် မင်းကို တစ်စုံတစ်ယောက်က ဖိနှိပ်နေတယ်လို့ ထင်သေးလား”

ကျူးဟုန်ပင်းက ခေါင်းကို ခါယမ်းလိုက်သည်။

ကျူးဟုန်ကျူးက ပြောလိုက်၏။ “ကိုယ့်ထက်တော်တဲ့လူက အမြဲရှိနေတတ်တယ်။ ငါ့မြေးက ထူးချွန်တယ် ဆိုပေမဲ့ မကောင်းဆိုးဝါးတွေနဲ့ တွေ့တဲ့အခါမှာ ယှဉ်ပြိုင်ဖို့ ခက်တယ်။ သူတို့ကို ယှဉ်ပြိုင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး”

ကျူးဟုန်ပင်း၏ နှလုံးသားထဲတွင် ဒေါသများ ပြည့်နှက်နေ၏။ “ကျုပ်ကို နောက်ထပ် အချိန် ၁၀ မိနစ်ပေး။ ကျုပ် ဒီလူထက် မညံ့စေရဘူး”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ပြောလိုက်သည်။ “တကယ်တော့ ဒီစာမေးပွဲမှာ လိမ်လည်မှု ရှိနေတယ်လို့ ပြောရင် မမှားဘူး။ ဒီစာတမ်းနဲ့ ကဗျာတွေက ရှမ့်လန်ရေးတာ။ အရူးလန် ရေးတာ မဟုတ်ဘူး”

“ရှမ့်လန် ဟုတ်လား”

ကျူးဟုန်ပင်းက အံ့အားသင့်သွား၏။ “သူလား”

“ဟုတ်တယ်”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “သူက ဒီနှစ်မှာ အသက် ၂၀ ပဲ ရှိသေးတယ်။ မင်းထက် သုံးနှစ်ပဲ ကြီးတယ်။ ဒီစာမေးပွဲအတွက် သူက စာတမ်းတွေ၊ ကဗျာတွေ အများကြီးကို ရေးပြီးတော့ အရူးလန်ကို အလွတ် ကျက်ခိုင်းခဲ့တာပဲ။ နောက်ဆုံးမှာတော့ အရူးလန်က အောင်သွားခဲ့တယ်။”

ကျူးဟုန်ပင်းက မေးမြန်းလိုက်၏။ “အဘိုး.. ဒီကိစ္စကို ဘယ်လိုသိတာလဲ”

ကျူးဟုန်ကျူးက ပြောလိုက်၏။ “ဒါပေါ့။ အရှင်မင်းကြီးက ငါ့ကို ပြောပြတာပေါ့။ သူက ဒီလိုကိစ္စတွေကို ငါ့အပေါ် ဘယ်တော့မှ ဖုံးကွယ်မထားဘူး။”

ပြီးနောက် ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ပြောလိုက်ငည်။ “ငါ့မြေး.. မင်းတရားမျှတမှုကို ဆက်ပြီး ရှာချင်သေးလား။ အရူးလန်က သူ့ရဲ့ အရည်အချင်းနဲ့ ပထမရတာ မဟုတ်ဘူး။ သူ့စာတွေက မင်းစာတွေလောက် မကောင်းဘူး”

ကျူးဟုန်ပင်းက ခေါင်းကို ခါယမ်းလိုက်၏။ “ကျုပ်ကို တစ်စုံတစ်ယောက်က ဖိနှိပ်တယ်ထင်လို့ ဒေါသ ထွက်ခဲ့တာပါ။ အခုတော့ ကျေနပ်သွားခဲ့ပါပြီ”

All Chapters