← Chapters

အခန်း (၅၀၂)

Vol. 34 Ch. 502

အခန်း (၅၀၂)

Vol. 34 Ch. 502

ကျူးဟုန်ပင်းက ဆိုလိုက်၏။ “အဘိုး.. ကျုပ်ထင်တာ ရှမ့်လန်က အရမ်းကို ပေါ့ပျက်ပျက်နိုင်တယ်။ သူက လောကကြီးတစ်ခုလုံးကို ပျက်စီးစေချင်တာလို့ပဲ မြင်တာ။ သူ့ရဲ့ပုံစံက ပါရမီရှင်တစ်ယောက်ရဲ့ ပုံစံမျိုး မပေါက်ဘူး”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ဒီကောင်လေးက နတ်မိစ္ဆာတစ်ကောင် ဝင်စားတာပဲ ဖြစ်လိမ့်မယ်။ မလိုအပ်ဘူး ထင်ရင် သူ့ကို သွားပြီး ပြဿနာမရှာနဲ့”

ပြီးနောက် ကျူးဟုန်ကျူးက အဝေးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ “ပြီးတော့ သူနဲ့ အရမ်းကြီး မရင်းနှီးနဲ့။ မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်”

..............

ကောင်းကင်ကြီး တစ်ခုလုံး မဲမှောင်သွားပြီ ဖြစ်၏။ မြို့တော်ကြီး တစ်ခုလုံးက ငြိမ်သက်ခြင်း မရှိသလိုပင် ဆူညံပွက်လောရိုက်နေသည်။

တတိယမင်းသား၏ ရုံးအပြင်ဘက်တွင် ထောင်ပေါင်းများစွာသော လူများက ဒူးထောက်ကာဖြင့် တောင်းဆိုနေခဲ့ကြ၏။ “ကျုပ်တို့ တိုင်ချင်ပါတယ်”

“ကျုပ်တို့ တိုင်ချင်ပါတယ်။ ရှမ့်လန်က လူလိမ်ပါပဲ။ ရှမ့်လန်ကို အပြစ်ပေးပေးပါ”

ကျောင်းတော်သား တော်တော်များများတို့က အစာငတ်ခံကာ ဆန္ဒပြကြ၏။ သူတို့က အလှည့်ကျ ငိုကြွေး အော်ဟစ်လျက် ရှိနေ၏။ လူတစ်ယောက်ချင်းစီတိုင်းသာ အချိန်တိုင်း အော်ဟစ်ငိုကြွေးနေမည်ဆိုပါက သူတို့၏ လည်ချောင်းများက ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လူတစ်ထောင်လျှင်တစ်ကြိမ် အလှည့်ကျ အော်ဟစ် ကြသည်။

ထို့အပြင် သူတို့က အော်သည့်အသံကိုလည်း တကယ့်ကို စိတ်နှလုံး ဝမ်းနည်းသည့် အသံမျိုး ဖြစ်အောင် တီထွင်၍ အော်ဟစ်ကြ၏။ ထိုစာမေးပွဲဖြေဆိုသူများက စာစစ်ဌာနကို ရိုက်ချိုးဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ပြီး သူတော်စင်ဘုံကျောင်း ရှေ့တွင် ငိုကြွေးသည်သာမက နန်းမြို့တော်ကြီး တစ်ခုလုံးအားလည်း ရှုပ်ထွေးအောင် ပြုလုပ်ခဲ့၏။ သို့ပေမည့် နန်းမြို့တော်ဆီမှ တုံ့ပြန်မှု တစ်စုံတစ်ရာ ပေါ်မလာခဲ့ချေ။ ထိုအရာက ကျောင်းတော်သား အားလုံးကို မျှော်လင့်ချက် အလင်းတန်းတစ်ခု ပေးလိုက်သကဲ့သို့ပင်။

အရှင်မင်းကြီးက အရှုံးပေးရပေတော့မည်။ အားလုံးအနေနှင့် ပိုမိုကာ ကြိုးစားသင့်၏။ လူပိုမိုများလာရန် လိုအပ်၏။ ထိုသို့ဆိုလျှင် ရှမ့်လန်က ကျိန်းသေပေါက် ဒုက္ခရောက်ပေလိမ့်မည်။ ဤတစ်ကြိမ် စာပေစာမေးပွဲတွင် လိမ်လည်မှု မရှိဘူးဆိုလျှင်တောင်မှ လိမ်လည်မှု ရှိကိုရှိလာရပေလိမ့်မည်။ ထိုမှသာ သူတို့က စာမေးပွဲကို ပြန်လည် ဖြေဆိုခွင့်ရမှာ ဖြစ်၏။

စာမေးပွဲ အောင်မြင်ပြီးသား သူများကတော့ ပြဿနာရှာလိုစိတ် မရှိကြချေ။ သို့ပေမည့် ဤအချိန်မှာတော့ သူတို့က ထုတ်ဖော်ပြောဆိုရန် မရဲကြချေ။ ထုတ်ဖော်ကာ ပြောလိုက်သည်နှင့် တပြိုင်နက် အားလုံးသော ကျောင်းတော်သားတို့၏ ရန်သူတော်များ ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ရှမ့်လန်နှင့် ပူးပေါင်းသူများအဖြစ် ကင်ပွန်းတပ်ခံရပေမည်။

“ရှမ့်လန်က လိမ်ညာခဲ့တယ်။ မင်းတို့ကလည်း လိမ်ညာခဲ့တာပဲ။ မဟုတ်ရင် မင်းတို့ ဘယ်လိုလုပ် စာမေးပွဲ အောင်မှာလဲ”

ထိုသို့ပြောသည် ဆိုပါက မည်သို့လုပ်မည်နည်း။

ထိုအချိန်မှာတော့ နန်းမြို့တော်ထဲမှ ပြည့်တန်ဆာများကလည်း နောက်ကျ မကျန်ခဲ့ချေ။ စုစုပေါင်း ပြည့်တန်ဆာ ဆယ်ဦးကျော်တို့က စာမေးပွဲ ဖြေဆိုသူများကို ထောက်ခံရန် ရောက်ရှိလာခဲ့ကြ၏။ သူတို့ လုပ်နိုင်သည်က ပရဟိတပင် ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များကို ပရဟိတအဖြစ် ရောင်းချခြင်း မဟုတ်ချေ။ သူတို့၏ အသံကို အလှုလုပ်ခြင်း ဖြစ်၏။

သူတို့က သူတော်စင်ဘုံကျောင်း၏ အပြင်ဘက်မှ စာမေးပွဲကျရှုံးသူများအတွက် မမောမပန်းနှင့် သီချင်းများကို သီဆိုပေးကြ၏။ ပညာရှိများက ကဗျာများကို သီဆိုကြ၏။ သူတို့ကတော့ ဤနေရာတွင် သီချင်းများကို သီဆို၏။

ပြောရမည်ဆိုလျှင် ဤပြည့်တန်ဆာများက အဘယ့်ကြောင့် ရောက်ရှိလာရသနည်း။ သူတို့က ရှမ့်လန်ကို မနှစ်သက်ကြသောကြောင့်ပင်။

အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က သူတို့ထံသို့ တစ်ခါမှ မလာဖူးသလို သူတို့ကိုလည်း တစ်ခါမှ ထောက်ပံ့ခဲ့ခြင်း မရှိသောကြောင့်ပင်။ ဆန့်ကျင်ဘက်အနေဖြင့် ရှမ့်လန်က အဆင့်နိမ့် ပြည့်တန်ဆာတန်းကိုသာ တိတ်တဆိတ် သွားခဲ့ဖူး၏။ အထဲသို့ ဝင်ခဲ့ခြင်း ရှိ၊ မရှိက အရေမကြီးချေ။ သွားဖူးခြင်းကသာ အဓိက ကျသည်။

‘ရှင် ရှမ့်လန်က ဂုဏ်သရေရှိ ပညာတတ်တစ်ယောက်ပဲ။ ဘယ်လိုဖြစ်ပြီး ကျွန်မတို့လို အလှပဂေးတွေကို မရှာဘဲနဲ့ အဆင့်နိမ့် ပြည့်တန်ဆာတွေဆီကို သွားရတာလဲ။ ဒါဘာလဲ။ ကျွန်မတို့ကို အထင်သေးတာလား’

နောက်တစ်နေ့ နံနက်ခင်းဆီသို့ ရောက်ရှိလာခဲ့၏။ မူးမတ်များ၊ အရပ်ဘက်၊ စစ်ဘက် အရာရှိအားလုံးတို့က သူတို့၏ ဓားများကို သွေးနေကြပြီ ဖြစ်၏။ နန်းမြို့တော်ကြီး တစ်ခုလုံးကလည်း ဗရမ်းဗတာ ဖြစ်နေကြ၏။ လူပေါင်းများစွာက အခွင့်အရေးကို အသုံးချပြီး မီးလောင်ရာ လေပင့်လျက် ရှိနေ၏။

သူတို့က အခွင့်အရေးကို အသုံးချပြီး ရှမ့်လန်၏ လက်အောက်မှ သူတောင်းစား ၁၁ ဦးတို့၏ ကျောင်းတော်သားဘွဲ့များကို ပြန်လည်ကာ ရုပ်သိမ်းချင်၏။ သူတို့က အခွင့်အရေးကို အရယူပြီး ရှမ့်လန်ကို ဒုက္ခပေးချင်ကြ၏။ ဤလူစုက ဤမျှလောက်ပင် ရှမ့်လန်ကို မုန်းတီးကြသည်။

သို့ပေမည့် သူတို့၏ ပစ်မှတ်က ရှမ့်လန် မဟုတ်ချေ။ သူတို့က ရှမ့်လန်ကို အသုံးချပြီး ဘုရင်မင်းမြတ်ကို သိက္ခာကျစေချင်ခြင်းပင်။ ဘုရင်မင်းမြတ်က သူတောင်းစား ၁၁ ဦးကို စာမေးပွဲ ဖြေဆိုခွင့် ပြုလိုက်၏။ ဤအရာက အရပ်ဘက်၊ စစ်ဘက် အရာရှိကြီးများအားလုံးကို တကယ်ပဲ ဒေါသထွက်စေခဲ့၏။

သူတို့က ၁၀ နှစ်ကျော်ကြာ စာသင်ခဲ့၊ ၁၀ နှစ်ကျော်ကြာ သိုင်းပညာကို လေ့ကျင့်ခဲ့ပြီးမှ စာမေးပွဲ ဖြေဆိုခွင့်ရရှိပြီး အရာရှိ ဖြစ်လာခဲ့ကြ၏။ သို့ပေမည့် ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကြောင့် ရှမ့်လန်က သူတောင်းစား ၁၁ ယောက်ကို ကြုံရာကျပန်း ရှာဖွေပြီး စာမေးပွဲ ဝင်ရောက် ဖြေဆိုခိုင်းသည်။

လောကကြီးတွင် ဤကဲ့သို့သော အကြောင်းအရာက ဘယ်မှာ ရှိမည်နည်း။ သူတို့၏ ဂုဏ်သိက္ခာများကို မည်သည့်နေရာတွင် သွားကာ ထားရမည်နည်း။ မဟုတ်သေးပေ။ ပညာရှိကြီးများ၏ လမ်းစဉ်ကို မည်ကဲ့သို့ တည်တံ့အောင် ထိန်းသိမ်းနိုင်တော့မည်နည်း။

သူတောင်းစား ၁၁ ယောက်က စာမေးပွဲ မအောင်လျှင် တော်သေး၏။ သို့ပေမည့် ၁၁ ယောက်လုံးက အောင်မြင်သွားခဲ့၏။ ထို့အပြင် အရူးလန်က ပထမပင် ရရှိသေး၏။

မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုသို့ဆိုလျှင် သူတို့ အရပ်ဘက် စစ်သည်၊ အရာရှိများ၏ မျက်နှာကို ပိတ်ရိုက်ခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။

အရှင်မင်းကြီးက အရည်အချင်းရှိသူကို မြင်တတ်ပြီး သူတို့ အရာရှိများက မျက်စိကန်းနေသည်ဟု ဆိုလိုရင်း ရောက်သည် မဟုတ်ပါလား။ သူတို့ မည်သို့ သည်းခံရမည်နည်း။ ယခု ထောင်ပေါင်းများစွာသော စာမေးပွဲ ကျဆုံးသည့် လူများနှင့် ကျောင်းတော်သားများက လှုပ်ရှားနေကြပြီ ဖြစ်၏။ ထိုအရာက သူတို့အတွက် အခွင့်အရေးပင်။ လူတိုင်းက မီးလောင်ရာကို လေပင့်လျက် ရှိနေ၏။ သူတို့ကလည်း ဤလိမ်ညာမှု ကိစ္စကို အတည်ဖြစ်အောင် ပြုလုပ်ရပေလိမ့်မည်။

‘အရှင်မင်းကြီး.. ရှမ့်လန်ကို ဘယ်လောက်ပဲ ပစားပေးပေး လူထောင်ပေါင်းများစွာကို လွန်ဆန်နိုင်ပါ့မလား။ အရပ်ဘက်၊ စစ်ဘက် အရာရှိ တစ်ရာကျော်ကိုလည်း လွန်ဆန်နိုင်ပါ့မလား’

ထို့ကြောင့် အရာရှိပေါင်းများစွာတို့က သူတို့၏ အင်္ကျီလက်များထဲတွင် တိုင်တန်းစာများကို ဝှက်ထားခဲ့ကြ၏။ သူတို့က နန်းတွင်း ညီလာခံ အစည်းအဝေး စသည်နှင့် ရှမ့်လန်ကို အသေသတ်ရန် စောင့်ဆိုင်းလျက် ရှိနေ၏။ အမှန်တရားကိုတော့ သူတို့က မည်သို့မှ ဂရုမစိုက်ကြချေ။

...........

ညီလာခံ အဓိက ခန်းမဆောင်ကြီး အတွင်းမှာတော့ အရပ်ဘက်၊ စစ်ဘက် အရာရှိ ရာပေါင်းများစွာတို့က လက်ဝါးများကို ပွတ်သပ်ကာ ဟန်ထုတ်လျက် ရှိနေ၏။ ဤအချိန်မှာပဲ အပြင်ဘက်ဆီမှ လှုပ်ရှားသံ ထွက်ပေါ်လာခဲ့၏။ လူတိုင်းက ဦးညွှတ်လိုက်ကြ၏။

“ဝန်ကြီးချုပ်ကျူး”

“ဝန်ကြီးချုပ်ကျူး”

“ဆရာကြီးကျူး”

ကျူးဟုန်ကျူး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူ ဖြတ်သန်းသွားရာ တည်နေရာတိုင်းတွင် အရပ်ဘက်၊ စစ်ဘက် အရာရှိ အားလုံးက ဦးညွှတ်ကာ နှုတ်ဆက်လာခဲ့ကြ၏။ ကျူးဟုန်ကျူးပင် ရောက်ရှိလာခဲ့ပြီ။ လူတိုင်းက ကျောထောက်နောက်ခံ ရရှိသွားပြီ ဖြစ်၏။ တိုက်ပွဲကို သူတို့ သေချာပေါက် အနိုင်ရရှိပေတော့မည်။

ဝန်ကြီးချုပ်ကျူးသာ လှုပ်ရှားသည် ဆိုပါက အရှင်မင်းကြီးပင်လျှင် အလျှော့ပေးရပေလိမ့်မည်။ လူတိုင်းက ကျူးဟုန်ကျူးကို ထောက်ခံကြ၏။

အရာရှိတစ်ဦးက မျက်ရည်လည်ရွှဲဖြင့် ပြောဆိုလိုက်သည်။ “ဝန်ကြီးချုပ်ကျူး.. ခင်ဗျားက ကျုပ်တို့ရဲ့ ခေါင်းဆောင်ပါပဲ။ ကျုပ်တို့ ပညာတတ်တွေရဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးပါအုံး။ ဒီ ပညာတတ်တွေက အရမ်းကို သနားဖို့ ကောင်းတယ်”

“ထောင်ပေါင်းများစွာသောပညာတတ်တွေက သူတော်စင်ဘုံကျောင်းရဲ့ အပြင်ဘက်မှာ ဒူးထောက်ပြီး အော်ဟစ်နေကြတယ်။ သူတို့ရဲ့ လည်ချောင်းက သွေးတွေတောင် ထွက်နေပြီ။ ပြီးတော့ သူတို့က အစာငတ်ခံ ဆန္ဒပြနေကြပြီ။ နန်းမြို့တော်မှာ ရှိတဲ့ ပြည့်တန်ဆာတွေတောင်မှ မခံစားနိုင်လွန်းလို့လို့ စာမေးပွဲကျတဲ့ လူတွေအတွက် ထောက်ခံပေးနေကြပြီ။”

“ဝန်ကြီးချုပ်ကျူး... ဒီစာမေးပွဲမှာ လိမ်လည်မှု တကယ်ရှိပါတယ်။ သူတောင်းစား ၁၁ ယောက်လုံးက အောင်သွားခဲ့တယ်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဝန်ကြီးချုပ်ကျူး... ရှမ့်လန်က ပြဿနာရှာခဲ့တာပါ။ ဒီကောင်က တကယ်ကို ပြဿနာရှာတဲ့ လူတစ်ယောက်ပဲ”

“ဝန်ကြီးချုပ်ကျူး.. နန်းတွင်းစာမေးပွဲဆိုတာ နိုင်ငံတော်ရဲ့ အသက်သွေးကြောပါပဲ။ စာမေးပွဲမှာ လိမ်လည်မှုတွေ ရှိနေတယ်ဆိုရင် နိုင်ငံရဲ့ အခြေခံ အုတ်မြစ်ကို ဖြိုဖျက်ဆီးသလိုနဲ့ တူတူပါပဲ။”

ပြီးနောက်မှာတော့ အရာရှိပေါင်းများစွာတို့က တစ်ညီတစ်ညွတ်တည်း ဦးညွှတ်ကာ ပြောဆိုလိုက်ကြ၏။ “ဝန်ကြီးချုပ်ကျူး... ကျေးဇူးပြုပြီး တရားမျှတမှုကို ရှာဖွေပေးပါအုံး”

ဝန်ကြီးချုပ်ကျူးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ အလျင်မလိုကြနဲ့အုံး။ ကျုပ် အရင်ဆုံး လျှောက်တင်လိုက်မယ်”

အရာရှိပေါင်းများစွာတို့က အတိုင်းမသိပင် ဝမ်းသာသွားခဲ့ကြ၏။ ဤအရာက အကောင်းဆုံး ဖြစ်၏။ ကျူးဟုန်ကျူးက သတ္တိရှိသော ပညာတတ်တစ်ယောက် ဖြစ်ပြီး အရှင်မင်းကြီး၏ ဆရာနှင့် ယောက္ခမတော်လည်း ဖြစ်၏။ ထိုသူသာ လှုပ်ရှားပါက ရှမ့်လန်က သေချာပေါက် သေဆုံးရပေလိမ့်မည်။ အရှင်မင်းကြီးကလည်း အလျှော့ပေးရပေလိမ့်မည်။

လူတိုင်းက သူ၏ နောက်မှ တိတ်ဆိတ် လိုက်ပါမည့် အကြံအစည်ကို စဉ်းစားထားခဲ့ကြ၏။

ခဏကြာမှာပဲ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ကြွချီလာonf။ “လျှောက်တင်စရာ ရှိတာ လျှောက်တင်။ မလျှောက်တင်ရင် ညီလာခံသိမ်းမယ်”

ချက်ချင်းပဲ အရာရှိအားလုံးက ဝန်ကြီးချုပ်ကျူးကို လှမ်းကြည့်၏။

ဝန်ကြီးချုပ်ကျူးသည် ရှေ့ဆီသို့ လှမ်းထွက်ပြီး ဦးညွှတ်လိုက်သည်။ “အရှင်မင်းကြီး... ကျုပ် လျှောက်တင်စရာ ရှိပါတယ်”

အရှင်မင်းကြီးက ကြင်နာစွာ ပြောလိုက်၏။ “ပြောပါ ဝန်ကြီးချုပ်”

ကျူးဟုန်ကျူး၏ နှလုံးသားများက တုန်ယင်သွားခဲ့၏။ အရှင်မင်းကြီးက ဝန်ကြီးချုပ် ဟူသည့် စကားလုံးကို မခေါ်ဝေါ်သည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကျူးဟုန်ကျူးက လျှောက်တင်လိုက်၏။ “တစ်စုံတစ်ယောက်က စာမေးပွဲမှာ လိမ်လည်မှု ရှိနေပါတယ်လို့ ဆိုပါတယ်။ ကျုပ် စစ်ဆေးပြီးပါပြီ။ လိမ်လည်မှုဆိုတာ တကယ့်ကို အခြေအမြစ် မရှိပါဘူး။ လူတစ်စုက မမှန်မကန် လှုံ့ဆော်ပြီး ကိုယ်ကျိုးအတွက် စာမေးပွဲ ဖြေဆိုတဲ့သူတွေကို သွေးထိုး ပြဿနာရှာခြင်း ဖြစ်ပါတယ် အရှင်မင်းကြီး ... သူတို့ကို ပြင်းပြင်းထန်ထန်နဲ့ အပြစ်ပေးပါ”

ဤစကား ထွက်ပေါ်လာသည်နှင့် အရာရှိအားလုံးတို့က အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြ၏။ ‘ဝန်ကြီးချုပ်ကျူး... ခင်ဗျား ဒါ ဘာအဓိပ္ပာယ်လဲ။’

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒါဆိုရင် ဝန်ကြီးချုပ်ရဲ့ သဘောအရ သူတို့ကို ဘယ်လို အပြစ်ပေးသင့်လဲ”

ကျူးဟုန်ကျူးက ပြောလိုက်၏။ “မိုးကြိုးပစ်သလိုမျိုးပဲ ပြင်းထန်တဲ့ နည်းလမ်းနဲ့ တရားမျှတမှုကို ထုတ်ဖော် ပြသပေးရပါမယ်။ မရိုးမသားနဲ့ ပြဿနာရှာတဲ့လူတွေကို သတ်သင့်သူကို သတ်၊ ရာထူးက ဖြုတ်ချသင့်သူကို ဖြုတ်ချ၊ နယ်နှင်သင့်သူကို နယ်နှင်ဒဏ်ပေးပါ။ ပြီးတော့ လမ်းမှားကို လိုက်ပါသွားခဲ့တဲ့ စာမေးပွဲ ဖြေဆိုတဲ့လူ၊ အောင်မြင်ပြီးတဲ့လူတွေ အကုန်လုံးကို အပြစ်ပေးတော်မူပါ”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “အင်း… အိမ်တစ်အိမ်မှာ အသက်ကြီးတဲ့လူ တစ်ယောက်ရှိတယ်ဆိုတာ ရတနာတစ်ခု ရှိသလိုပဲ။ ဝန်ကြီးချုပ်... ခင်ဗျားက နိုင်ငံတော်အတွက် တကယ့်ကို အတွေ့အကြုံ ရင့်ကျက်စွာနဲ့ စီစဉ်တတ်ပါပေတယ်။ ခင်ဗျား ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ အရာရှိတို့... ခင်ဗျားတို့မှာ တခြား သဘောထားတွေ ရှိသေးလား”

အရှင်မင်းမြတ် စွပ်စွဲရန် ကြံရွယ်ထားခဲ့သည့် အရာရှိများက ဦးညွှတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ဉာဏ်ပညာကြီးမားလှပါတယ်။ ကျုပ်တို့ သဘောတူပါတယ်”

အရှင်မင်းကြီးနှင့် ဝန်ကြီးချုပ်ကျူးက သဘောတူညီသွားပြီ ဖြစ်၏။ သူတို့က ဘယ်လိုလုပ် သူတို့၏ သဘောထားကို ထုတ်ဖော်ပြသရတော့မည်နည်း။

“နင်ချီ.. မင်းက ထျန်းရွှဲ့မြို့တော်ရဲ့ ကာကွယ်ရေးတပ်ချုပ်တစ်ယောက်ပဲလေ။ ဒီကိစ္စကို မင်းဆီ လွှဲအပ်ထားလိုက်မယ်” အရှင်မင်းကြီးက ပြုံးကာ ပြောလိုက်၏။

တတိယမင်းသား နင်ချီက ဦးညွှတ်လိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး”

အရှင်မင်းကြီးက ထပ်မံကာ ပြောလိုက်၏။ “နင်ကျန်း... မင်းက မင်းရဲ့ တတိယအစ်ကိုတော်နဲ့အတူ ဒီကိစ္စကို ကိုင်တွယ်လိုက်”

နင်ကျန်းက ရှေ့ကို လှမ်းထွက်လာခဲ့၏။ “ကောင်းပါပြီ အရှင်မင်းကြီး”

လူတိုင်းက အံ့အားသင့်သွားသည်။ ‘အရှင်မင်းကြီး... ဒါ ဘာအဓိပ္ပာယ်လဲ။ နင်ကျန်းလို အသုံးမကျတဲ့ မင်းသားတစ်ပါးကလည်း ဒီကိစ္စကို ကိုင်တွယ်ခွင့် ရသွားတာလား’

အကြီးအကဲ အနည်းငယ်တို့မှာတော့ ထိုကိစ္စကို သေသေချာချာ သဘောပေါက်သွားကြ၏။ အရှင်မင်းကြီးက ရှမ့်လန်အတွက် မည်သူ့ကို လက်စားချေတော့မည်နည်း။ နင်ကျန်း၏ လက်ကို ငှားပြီး လက်စားချေရန် ကြိုးစားခြင်း ဖြစ်၏။

လူတိုင်းက မကျေမနပ် ဖြစ်နေ၏။ အဘယ့်ကြောင့်နည်း။ ဤမျှ ကြီးမားလွန်းသည့် ဂယက်ရိုက်မှုကြီးက ရှမ့်လန်ကြောင့် ဖြစ်လာခြင်းပင်။ သို့ပေမည့် ရှမ့်လန်ကို အပြစ်ပေးရမည့်အစား ရှမ့်လန်အတွက် လက်စားချေပေးရန် စီစဉ်လျက် ရှိသည်။

“လီအန်း... မင်း နန်းတွင်း အစောင့်တပ်ကို ခေါ်သွား။” နှစ်နာရီအကြာမှာတော့ မြို့တော်ကာကွယ်ရေးရုံးမှ စစ်သည်များ ထွက်လာခဲ့ကြ၏။ သူတို့က သူတော်စင် ဘုံကျောင်းဆီသို့ တိုက်ရိုက်ဆိုသလိုပဲ သွားကြ၏။

ထိုအချိန်မှာတော့ ပြည့်တန်ဆာ တစ်ဒါဇင်ခန့်တို့က စာမေးပွဲ ကျရှုံးသည့် လူများကို အားပေးရန် သီချင်းများကို သီဆိုနေဆဲပင် ဖြစ်သည်။

မိန်းမစိုးကြီး ရှောင်လီက ထိုသူတို့ကို တစ်ချက်ကြည့်ပြီး ရွံရှာဟန်ဖြင့် မျက်မှောင်ကြုံ့လိုက်၏။ “သတ်ပစ်လိုက်”

ချက်ချင်းပဲ စစ်သည်တော်များက ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီး ထိုပြည့်တန်ဆာအားလုံးကို သတ်ဖြတ်လိုက် ကြ၏။ သွေးများက နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။ ချက်ချင်းပဲ သူတော်စင် ဘုံကျောင်းကြီး တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ အော်ဟစ်သံအားလုံးက ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။

......................

တတိယမင်းသား နင်ချီမှာတော့ သူတော်စင်ဘုံကျောင်းရှိ စာမေးပွဲ ကျရှုံးကြသည့် လူများကို တာဝန်ယူရ၏။ နင်ကျန်းကတော့ ပြဿနာရှာသည့် လူများကို တာဝန်ယူရ၏။

ဟုတ်ပေ၏။ နင်ကျန်းဟု ခေါ်ဆိုသည် ဆိုသော်လည်း တကယ်တမ်း ပြုလုပ်သည့် လူမှာတော့ ရှမ့်လန်ပင် ဖြစ်သည်။

ရှမ့်လန်၌ စာရင်းရှည်ကြီး ရှိနေ၏။ ထိုအထဲတွင် လူပေါင်း တစ်ထောင်ကျော် ရှိ၏။ အားလုံးသောသူတို့က သူနှင့် လောင်းကစား ပြုလုပ်ခဲ့ကြသည့် လူပေလူတေများပင်။ သို့ပေမည့် ထိုသူတို့က သဘော မတူညီခဲ့သည့်အပြင် မီးလောင်ရာ လေပင့် ပြုလုပ်ပြီး ပြဿနာရှာခဲ့၏။

သို့ပေမည့် ရှမ့်လန်က တကယ့်ကို ကောင်းမွန်လွန်းသည့် ဦးနှောက်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် မည်သူမှသည် သူ၏ မျက်လုံးအောက်မှ လွတ်မြောက်မသွားခဲ့ချေ။

ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ရရှိခဲ့ပြီးနောက် ဝူလဲ့၊ နာကျည်းမှု၊ အရူးလန်၊ လန်ညီနောင်၊ အားလုံးတို့က လူပေလူတေအားလုံးကို လိုက်လံကာ ဖမ်းဆီးကြတော့၏။ ပုန်းနေရင် အလုပ်ဖြစ်မည်ဟု ထင်နေသည်လား။ အားလုံးသောသူတို့က အိမ်သို့ပြန်ပြီး တံခါးပိတ်ထားရုံနှင့် လွတ်ကင်းမည်ဟု ထင်မှတ်နေသည်လား။

နှစ်ရက်အတွင်းမှာပဲ လူပေလူတေပေါင်း ရာချီတို့ကို ဖမ်းဆီးခဲ့ပြီးပြီ ဖြစ်၏။ ပြီးနောက် သူတို့အားလုံးကို စွန့်ပစ်ထားခဲ့သည့် စစ်စခန်း တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ကြ၏။

ရှမ့်လန်က ထိုသူတို့၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။

လူပေလူတေများက ဒူးထောက်ထိုင်ချလိုက်သည်။ “သခင်လေးရှမ့်လန်.. ဒီကိစ္စ ကျုပ်တို့နဲ့မဆိုင်ပါဘူး။ လူမှားပြီး ဖမ်းတာပါ”

“သခင်လေးရှမ့်လန်.. ကျုပ်တို့ မှားမှန်း ကျုပ်တို့ သိပါပြီ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို လွှတ်ပေးပါ။”

“သခင်လေးရှမ့်လန်... ကောင်းကင်ကြီးက ကြင်နာသနားတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူတွေကို သနားညှာတာပေးပါအုံး”

“သခင်လေးရှမ့်လန်... ဒီအချိန်မှာ ကျုပ်တို့ကို လက်လွှတ်ပေးလိုက်မယ်ဆိုရင် ကျုပ်တို့ နေ့စဉ်နေ့တိုင်း ခင်ဗျားအတွက် ကောင်းတဲ့ အကြောင်းအရာတွေကိုပဲ ပြောပါ့မယ်” လူပေလူတေအားလုံးက သနားစရာပင် ဖြစ်၏။ သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ၊ နှပ်ချေးများပင် စိုရွှဲလျက် ရှိ၏။

ရှမ့်လန်က နှာခေါင်းကို ပိတ်ကာ ပြောလိုက်သည်။ “အင်း… ရှေ့မှာ ကြီးမားတဲ့ ချေးတွင်းကြီး ရှိတယ်။ ဒီတော့ ခင်ဗျားတို့အားလုံး ကန်ထဲဆင်းပြီး ချေးစားရမယ်။”

အမိန့်အတိုင်းပဲ နန်းတွင်းအစောင့်များက ခပ်ဝေးဝေးဆီသို့ သွားရောက်ပြီး စောင့်ကြည့်လျက် ရှိနေကြ၏။ တချို့သော နန်းတွင်းအစောင့်များက ဓားများကို ဆွဲထုတ်ထားကြပြီး ထွက်ပြေးမည့်လူများကို ခုတ်ပိုင်းရန် ပြင်ဆင်ခဲ့ကြ၏။

လူပေလူတေ ရာချီတို့သည် ကြီးမားလွန်းသည့် ချေးတွင်းထဲသို့ ခုန်ဆင်းရသည်။ လူပေါင်း ၅၀၀ ကျော်ထက်မနည်းက အပေါ်သို့ အောင်အောင်မြင်မြင်နှင့် ပြန်လည် တက်လာနိုင်ခဲ့၏။ သို့ပေမည့် ကျန်ရှိခဲ့သည့် လူပေလူတေများမှာတော့ ချေးတွင်းထဲ နစ်ကာဖြင့် သေဆုံးသွားခဲ့ကြ၏။ ထိုသူတို့၏ သေဆုံးခြင်းက တကယ့်ကို ဆိုးဝါးလွန်းလှချေသည်။

All Chapters