← Chapters

အလွယ်တကူထိန်းချုပ်နိုင်ခြင်း

Vol. 20 Ch. 274

အလွယ်တကူထိန်းချုပ်နိုင်ခြင်း

Vol. 20 Ch. 274

ယွဲ့မင်ကျူးလည်း ဂျန်ဖန်း၏ ပုံမှန်မဟုတ်သည့်အမူအရာကို သတိထားမိ၏။

သူမက လျှောက်လာပြီး ကြည့်လိုက်သည့်အခါ အစောပိုင်းနံရံကလို တူညီသည့်ခြေရာတစ်ခုတွေ့လိုက်၏။

ဖတ်ပြီးလျှင် မူးဝေစေသည့် ထူးဆန်းသည့်စာလုံးတွေပင်။

သို့ပေမယ့် ဤတစ်ချိန်စာလုံးတွေက ပိုကြီးပြီး သူမ မနည်းဖတ်လိုက်ရ၏။

"နဂါးကိုးကောင်သုံးချောင်းထောက်အိုး။ တောင်တစ်လုံးလိုလေးလံပြီး နတ်အသွင်ပြောင်းခြင်းအဆင့်မှ မနိုင်မည်ဖြစ်သည်။"

နတ်အသွင်ပြောင်းခြင်းအဆင့်?....

ယွဲ့မင်ကျူး မူးဝေချင်သလို ဖြစ်သွား၏။

"နတ်အသွင်ပြောင်းခြင်း၊ ဒါက သန္ဓေသားအဆင့်အထက်က ဒဏ္ဍာရီလာနယ်ပယ်မလား....."

"အဲ့အဆင့်မှာရှိတဲ့လူတိုင်းက ကောင်းကင်ဘုံပုံရိပ်တွေနဲ့ ခေါင်းပဲဖော်ထားပြီး အမြှီးဝှက်ထားတဲ့ နဂါးတွေလေ.."

"အဲ့လိုလူကပဲ ဒီဆေးမီးဖိုကို လှုပ်ရှားအောင်လုပ်နိုင်တယ်...."

......

"ငါမမနိုင်တာ မအံ့သြတော့ပါဘူး...."

သူမက အနည်းငယ် သက်ပြင်းချလိုက်သည်။

ကြည့်ရတာ သူမအရည်အချင်းမရှိတာကြောင့် မဟုတ်ပဲ ဆေးမီးဖိုမှာကို ပြဿနာရှိနေတာဖြစ်သည်။

ဘယ်လိုကောင်းကင်ဆန့်ကျင်သည့်ပစ္စည်းနဲ့လုပ်ထား၍ ဤလောက်ထိလေးရလဲဆိုတာ သူမသိချင်၏။

ယွဲ့မင်ကျူး ဆက်ဖတ်လိုက်သည်။

"မဟုတ်ရင်, ကြယ်ငါးလုံးဝိညာဥ်သခင် ဒီနေရာကိုရောက်လာလျှင်လည်း ဤမီးဖိုကို ယူသွားနိုင်သည်...."

ယွဲ့မင်ကျူး ပဟေဠိဖြစ်သွားည်။

"ဝိညာဥ်သခင်တစ်ယောက်ကလည်း ဒါကို ယူသွားနိုင်တာလား...."

"ဝိညာဥ်သခင်တစ်ယောက်နဲ့တွေ့ရင် ဒီဆေးမီးဖိုက ပိုပေါ့လာတယ်ပေါ့...."

"ဒါပေမယ့် ကြယ်ငါးလုံးဝိညာဥ်သခင်ကတော့ အနည်းငယ်ဟာသပဲ။ ဒီလိုတည်ရှိမှုက စာအုပ်တွေထဲမှာပဲရှိမှာ....."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်တောင် ကြယ်သုံးလုံးဝိညာဥ်သခင်ပဲရှိတာ....."

ဂျန်ဖန်း စဥ်းစားနေလိုက်သည်။

ဝိညာဥ်သခင်တစ်ယောက်က ဤဆေးမီးဖိုကို မနိုင်သည်လား....

သူက မြေပြင်ပေါ်ရှိ ဝိညာဥ်စွမ်းအားဖြင့် ထွင်းထုထားသည့်စာလုံးတွေကိုကြည့်ပြီး တစ်ခုခုကို နားလည်သွားခဲ့သည်။

တိတ်တဆိတ် သူ့ဝိညာဥ်စွမ်းအားကိုထုတ်လွတ်ပြီး ဆေးမီးဖိုကိုဖုံးလွမ်းလိုက်သည်။

ထို့နောက် မကြည့်လိုက်၏။

သူ့ကိုအံ့အားသင့်စွာပဲ, အတွေးတစ်ခုဖြင့် ဆေးမီးဖိုက အမှန်တကယ်လှုပ်ရှားလာခဲ့သည်။

ကံမကောင်းစွာပဲ, သူ့ဝိညာဥ်စွမ်းအားက ကြယ်ငါးလုံးဝိညာဥ်သခင်နှင့် အလှမ်းဝေးနေခဲ့သည်။

သူက မမနိုင်ခဲ့ပေ။

လှုပ်အောင်ပဲလုပ်နိုင်ခဲ့၏။

သို့ပေမယ့် ထိုအရာက ဂျန်ဖန်းထင်မြင်ချက်ကို အတည်ပြုပေးလိုက်သည်။

ဤမီးဖိုကိုမဖို့ ဝိညာဥ်စွမ်းအားလိုအပ်၏။

"ဟမ်?...."

ယွဲ့မင်ကျူး တစ်ခဏကြောင်သွားပြီး ဆေးမီးဖိုကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"ခုလေးတင် ဆေးမီးဖို လှုပ်သွားသလိုပဲ...."

ဂျန်ဖန်း စိတ်ရှုပ်သည့်အမူအရာ ပြသလိုက်၏။

"ဟုတ်လို့လား..."

ယွဲ့မင်ကျုး ဆေးမီးဖိုကိုလှုပ်ကြည့်လိုက်သည့်အခါ မလှုပ်မရှားရှိနေဆဲဖြစ်ပြီး သူမအထင်မှားတာဟု သံသယရှိသွားသည်။

"ထူးဆန်းတယ်, ငါ ဘာလို့ ဒီနေ့ ထင်ယောင်ထင်မှားတွေ ခဏခဏဖြစ်နေရတာလဲ..."

ထိုအစိမ်းရောင်အလင်းတန်းကိစ္စ....

ယခု သုံးချောင်းထောက်အိုးလည်း အတူတူပင်။

ထိုအရာက တကယ်ထူးဆန်း၏။

ဂျန်ဖန်း ရယ်ချင်စိတ်ကိုဖိနှိပ်ပြီး ပြောလိုက်သည်။

"ဒီဆေးမီးဖိုနဲ့ပတ်သက်ပြီး ငါတို့ဘာမှမလုပ်နိုင်ဘူး...."

"ဘယ်သူမှလဲ ဒါကို ယူမသွားနိုင်ဘူးလို့ ငါယုံတယ်...."

"တစ်နေ့အခွင့်အရေးရတဲ့အခါ, ပြန်လာယူကြတာပေါ့....."

သူက အခြားလူတစ်ယောက် ဤမီးဖိုကို ယူသွားမှာ မစိုးရိမ်ပေ။

ဒဏ္ဍာရီလာနတ်အသွင်ပြောင်းခြင်းအဆင့် ဒါမှမဟုတ် ကြယ်ငါးလုံးဝိညာဥ်သခင် ယောက်မလာခဲ့လျှင်ပင်။

သို့ပေမယ့် ဤလူအရောက်အပေါက်နည်းနည်းသည့်နှင်းပြင်ကြီးကို ထိုကဲ့သို့လူယောက်လာတာနှင့်ယှဥ်လျှင်....

သူ ကြယ်ငါးလုံးဝိညာဥ်သခင်ကို ချိုးဖြတ်သွားတာကမှ ဖြစ်နိုင်ချေရှိသေး၏။

လက်ရှိ သူ့ဝိညာဥ်စွမ်းအားက ကြယ်လေးလုံးဝိညာဥ်သခင်နှင့် ညီမျှ၏။

သူ့ဝိညာဥ်စွမ်းအားသာ အနည်းငယ်တိုးတက်လာလျှင် ဤသုံးချောင်းထောက်အိုးကို မနိုင်ပြီပင်။

ယွဲ့မင်ကျူး ခေါင်းညိတ်လိုက်၏။

"ဒီဆေးမီဖိုစုတ်ကို ဒီမှာပဲ ထားခဲ့ရမှာပဲ..."

"ဒီလိုခက်ခဲတဲ့အခြေအနေနဲ့ ဘယ်သူက ယူသွားနိုင်မှာလဲ...."

"ဒါပေမယ့်... နင် ဒီလိုပဲ ထွက်သွားတော့မှာလား...."

"ဒီပုလင်းတွေနဲ့ ခရားတွေ မယူတော့ဘူးလား...."

ယွဲ့မင်ကျူးအာရုံက ဆေးပုလင်းစင်တွေဆီ ပြန်ရောက်သွား၏။

သူမမျက်လုံးတွေက တပ်မက်မှုတွေနှင့် တောက်ပနေခဲ့သည်။

"ဒီသန္ဓေသားကျင့်ကြံသူက ဝိညာဥ်သခင်ဆိုမှတော့ စိတ်ဝိညာဥ်ဆေးလုံးတွေ အများကြီးရှိမှာပဲ..."

"ကျန်ခဲ့တာတွေက သူ့အတွက်မလိုအပ်တာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်...."

"ဒါပေမယ့် ငါတို့အတွက်တော့, တကယ်ကို ရှားပါးတဲ့အခွင့်အရေးပဲ...."

ဂျန်ဖန်း အကူအညီမဲ့စွာ ရယ်လိုက်သည်။

"ဆေးလုံးဘယ်လောက်အဆင့်မြင့်မြင့် ဒိတ်ကုန်နေလောက်ပြီ...."

"နှစ်တစ်ရာတောင်ကြာပြီလေ။ ရှိခဲ့ရင်တောင် ဖုန်မှုန့်တွေအဖြစ်ပြောင်းသွားလောက်ပြီ..."

"ပြီးတော့, ဒီဂူအိမ်တော်က အရင်ကပိုင်ရှင်ရှိဖူးတာ မင်းမေ့နေပြီလား။ စိတ်ဝိညာဥ်ဆေးသာရှိရင်, အဲ့လူသုံးပြီးလောက်ရောပေါ့...."

အာ....

ယွဲ့မင်ကျူ ရေအေးနဲ့လောင်းချခံရသလို ခံစားလိုက်ရသည်။

သူမနှလုံးသား အေးစိမ့်သွား၏။

မဆန္ဒမရှိစွာပဲ ကျောက်စိမ်းပုလင်းတစ်ခုကောက်ယူကာ အဖုံးဖွင့်ကြည့်လိုက်သည်။

ထွက်လာသည့်အနက်ရောင်မီးခိုးငွေ့က သူမမျက်နှာကို ထိလုနီးပါးဖြစ်သွားသည်။

ဂျန်ဖန်းပြောသည့်အတိုင်းပင်, ရှိလျှင်တောင် ပြာအဖြစ်ပြောင်းသွားပြီပဲဖြစ်သည်။

သို့ပေမယ့် သူမက လက်မလျော့ချင်သေးပဲ ပုလင်းများစွာကို လိုက်ဖွင့်ကြည့်လိုက်သည်။

ရလဒ်က အတူတူပင်။

ထိုအရာက သူမကို ယူကျုံးမရဖြစ်သွားစေ၏။

"ငါ့မှာတော့သေတော့မလို့တောင်ဖြစ်ခဲ့ရတာ။ နောက်ဆုံးရလိုက်တော့ ပေါက်ကွဲအဆောင်လေးတစ်ခုတဲ့လား...."

သန္ဓေသားဂူအိမ်တော်ကိုရှာဖွေရာ၌ သူမဘယ်လောက်မျှော်မှန်းထားမှန်း မည်သူမှမသိပေ။

သို့ပေမယ့် ရလဒ်က မျှော်မှန်းထားသည်နှင့် တခြားစီပင်။

ဂျန်ဖန်း အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရ၏။

ထိုအရာက ဂူထဲ၌ ရတနာမရှိလို့မဟုတ်ပေ။

အများစုက သူရသွားလို့ပင်ဖြစ်သည်။

သူက သူမကို နှစ်သိမ့်လိုက်၏။

"သခင်မလေးယွဲ့, စိတ်အေးအေးထားပါ...."

"ဒီကမ္ဘာကြီးမှာ ကိုယ်လိုချင်တဲ့အတိုင်းတော့ အမြဲဘယ်ဖြစ်ပါ့မလဲ...."

"ပေါက်ကွဲအဆောင်တစ်ခုရတာလည်း မဆိုးပါဘူး..."

ယွဲ့မင်ကျူး အပြင်းအထန် မျက်မှောင်ကြုတ်သွား၏။

သူပြောတာ မမှားပေ။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ပေါက်ကွဲအဆောင်က ဂိုဏ်း ၉ ဂိုဏ်း၌ အဖိုးတန်၏။

ဤခရီးက အလဟသမဟုတ်ဘူးလို့ ဆိုလိုနိုင်သည်။

သို့ပေမယ့်, သန္ဓေသားဂူအိမ်တော်အတွက် သူမမျှော်လင့်ချက်ကတော့ အကြီးအကျယ်စိတ်ပျက်ခဲ့ရ၏။

ထို့နောက် ရုတ်တရက် နားလည်လိုက်၏။

ဂျန်ဖန်း ဘာတစ်ခုမှမရပေ။

သူမကတောင် ပေါက်ကွဲအဆောင် ရလိုက်သေး၏။

မြေကမ္ဘာအဆင့် ခြေထောက်နည်းစနစ်ကလည်း ကျင့်ကြံလို့မရပေ။

သူတွေ့သည့် ထူးဆန်းသည့်ပစ္စည်းကလည်း ယူသွားလို့မရပေ။

သူကမှ တကယ့် လက်ဗလာနှင့် ပြန်ရသူဖြစ်သည်။

ထိုအရာကိုတွေးပြီး သူမ သူ့အပေါ် အကြွေးတင်သလို ခံစားလိုက်ရ၏။

"နင်က ပစ္စည်းနှစ်ခုယူရမယ်လို့ ငါတို့သဘောတူထားခဲ့တာ။ ဒါပေမယ့် အခုတော့ နင် ဘာမှမရလိုက်ဘူး...."

ခဏစဥ်းစားပြီး သူမလည်ပင်းမှ အဆောင်လည်ဆွဲတစ်ခုကို ဖြုတ်ယူလိုက်သည်။

အနီရောင်ကြိုးနှင့် ပန်းရောင်ဗုဒ္ဓအဆောင်တစ်ခုဖြစ်ပြီး အထဲမှ ထူးဆန်းသည့်ပန်းရောင်မြူတစ်ခု ထုတ်လွတ်နေခဲ့သည်။

သူမ အတော်တွန့်ဆုတ်နေ၏။

သို့ပေမယ့် တစ်ခဏတွေးပြီးနောက် ဂျန်ဖန်းကို ပေးလိုက်သည်။

"ယူလိုက်, ငါအလျော်ပေးတာလို့သဘောထားလိုက်...."

အဆောင်မှပူနွေးမှုကိုခံစားမိပြီး ဂျန်ဖန်း အမှတ်မထင် သူမ၏ကြီးမားသည့်ရင်ဘတ်ကို ကြည့်လိုက်မိသည်။

သူက အလျှင်အမြန်ပဲ ပြန်ပေးလိုက်သည်။

"ငါမလိုချင်ဘူး...."

ယွဲ့မင်ကျူးပြောလိုက်သည်။

"သိမ်းထားလိုက်ပါ။ ဒါက ငါနှစ်အတော်ကြာဝတ်ဆင်ထားတဲ့ ကာကွယ်ရေးရတနာတစ်ခုလေ...."

"အဆင့်ကတော့... ဘယ်လိုပဲဖြစ်ဖြစ် သေခြင်းရှင်ခြင်းအခြေအနေ မဟုတ်ရင် မသုံးနဲ့..."

ဂျန်ဖန်း အခိုင်အမာငြင်းနေတာမြင်တော့....

သူမက အဆောင်ကို ဂျန်ဖန်းလည်ပင်းမှာ တိုက်ရိုက်ဆွဲပေးလိုက်ပြီး မကျေမနပ်ပြောလိုက်သည်။

"နင်က ယောက်ျားကောဟုတ်ရဲ့လား။ ဘာလို့ မိန်းမကြီးတစ်ယောက်လိုပြုမူနေတာလဲ....."

ဂျန်ဖန်း ကို့ရို့ကားယားပြောလိုက်သည်။

"ငါက မင်းနောင်တရမှာစိုးလို့ပါ...."

ယွဲ့မင်ကျူး ရယ်လိုက်၏။

"ငါ... ငါဘယ်တော့မှ နောင်တမရဘူး...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

မင်းပြောတာ မင်းမှတ်ထားပါ....

နှစ်ယောက်သား ဂူအိမ်တော်ကို နောက်တစ်ကြိမ်စစ်ဆေးပြီး ရတနာမရှိတာသေချာသည့်အခါ အတူအကွထွက်လာခဲ့ကြသည်။

သူတို့က နှင်းပြင်ကြီးနှင့် ချောက်ကမ်းပါးကို ပြန်ရောက်လာခဲ့ကြသည်။

မြေပြင်က သံကြိုးအပိုင်းအစတွေကိုကြည့်ပြီး ယွဲ့မင်ကျူး မနေနိုင်ပဲ သက်ပြင်းချလိုက်သည်။

"ငါအသက်ရှင်နေသေးတာ မယုံနိုင်စရာပဲ....."

ရုတ်တရက် သူမနှစ်ပေါင်းများစွာဝတ်ဆင်ခဲ့သည့် ကာကွယ်ရေးအဆောင်က အဖိုးမတန်တော့ဘူးဟု ခံစားမိ၏။

အဆုံးမှာတော့ ဂျန်ဖန်းကုသပေးလို့သာ မဟုတ်လျှင်...

ယခုလောက်ဆို သူမသေနေလောက်ပြီပင်။

"ကောင်းပြီ, နင့်ကြိုးက ဘယ်မှာလဲ...."

ယွဲ့မင်ကျူး မေးလိုက်သည်။

"နင်အပေါ်တက်ဖို့ ငါကူညီပေးမယ်...."

သူမက ဂျန်ဖန်း အောက်ဆင်းဖို့ ကြိုးသုံးခဲ့သည်ဟု ယူဆလိုက်၏။

ဂျန်ဖန်း ကြောင်သွား၏။

"ကြိုး?...."

ထို့နောက် သူမဘာဆိုလဲဆိုတာ နားလည်သွားပြီး ပြောလိုက်သည်။

"ငါ ကြိုးယူမလာဘူး....."

ဘာ?....

ယွဲ့မင်ကျူးခန္ဓာကိုယ်တောင့်တင်းသွားပြီး လှပသည့်မျက်လုံးတွေက ပြူးကျယ်နေခဲ့သည်။

"နင်က ကြိုးယူမလာဘူးပေါ့...."

"ဒါဆို ဘယ်လိုဆင်းလာတာလဲ....."

ဂျန်ဖန်း အပေါ်ကိုညွှန်ပြပြီး ပြောလိုက်သည်။

"ဒါပေါ့, လျောဆင်းလာတာလေ...."

လျောဆင်းလာတယ်?....

ဤချောက်ကမ်းပါးက အလွန်မတ်စောက်ပြီး တောင်တက်ကျွမ်းကျင်သည့်လူတောင် လုံလုံခြုံခြုံ ဆင်းလာနိုင်မည်မဟုတ်ပေ။

ဟုတ်ပါသည်။ လူတစ်ယောက်က ကံကောင်းပြီး အောက်ဆင်းနိုင်ကောင်း ဆင်းလာနိုင်၏။

သို့ပေမယ့် ပြန်တက်ဖို့က မဖြစ်နိုင်ပေ။

ယွဲ့မင်ကျူး စိုးရိမ်သွား၏။

"နင် မိုက်လှကြီလား...."

"ဘယ်လိုလုပ်ကြိုးမယူလာတာလဲ...."

"နင်က ငါ့ကို ရူးအောင်လုပ်နေတာပဲ...."

သူတို့လွတ်မြောက်တော့မည်ဟု သူမထင်ခဲ့၏။

သို့ပေမယ့် ကြိုးမရှိဖူးဟု ပြောနေခဲ့သည်။

ဂျန်ဖန်း မဲ့လိုက်ပြီး ချောက်နံရံနား ကပ်သွားလိုက်သည်။

"မင်းမလိုက်ဘူးလား...."

ယွဲ့မင်ကျူး ညည်းတွားလိုက်သည်။

"ဘယ်လိုသွားမှာလဲ။ နင်က နံရံပေါ်လမ်းလျှောက်နိုင်လို့လား...."

ဂျန်ဖန်း သူမကို လျစ်လျူရှုထားလိုက်သည်။

ထို့နောက် သူ့ခြေထောက်အောက်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေစီးဆင်းလာပြီး အထီးကျန်ငန်းရိုင်းအရိပ်ကို အသုံးပြုလိုက်သည်။

လက်နောက်ပစ်ထားပြီး မတ်စောက်သည့်ချောက်ကမ်းပါးပေါ် စတင်လမ်းလျှောက်တော့၏။

သူက အသာအယာရွေ့လျားနေပြီး မြေပြင်မှာ လမ်းလျှောက်နေသလိုပင်။

ယွဲ့မင်ကျူး ကြောင်သွား၏။

သူမမျက်လုံးတွေ တဖြည်းဖြည်းပြူးကျယ်လာ၏။ ထိုနောက် မျက်ခွံတွေကျုံ့သွားကာ အပ်ပေါက်လောက်ရောက်သည်အထိပင်။

သူမက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

"နင်...နင့်လှုပ်ရှားမှုနည်းစနစ်က အောင်မြင်ခြင်းကြီးအဆင့်...."

All Chapters