ဆုလာဘ်နှင့်ပြစ်ဒဏ်များ
Vol. 20 Ch. 276
၁၈ နှစ်အရွယ်မျက်နှာလေးနှင့် ရိုးရိုးယဥ်ယဥ်သိမ်မွေ့လှပသည့်အသွင်အပြင်ရှိ၏။
အနုစိတ်ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်လိုပင်။
ရှဲလျူရှူး ဂိုဏ်အမျိုးမျိုး၌ မရေမတွက်နိုင်သည့်အလှအပများစွာမြင်ဖူးသော်လည်း သူ့ရှေ့က အလှအပကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။
သို့ပေမယ့်...
ထိုအခိုက်အတန့်၌, သူခံစားနေရတာ တဖျတ်ဖျတ်ရင်ခုန်နေတာမဟုတ်ပေ။
ထိတ်လန့်နေတာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့က ငယ်ရွယ်ပုံပေါ်သည့်မိန်းခလေးက...
....
အခြားသူမဟုတ်ပေ။
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ဖြစ်၏။
ရှဲလျူရှူး စိတ်တွေ လေးလံသွား၏။
ကြည့်ရတာ ကျီရူယွဲ့မှန်နေပုံပင်။ ဂိုဏ်းချုပ်က အမှန်တကယ်ပဲ ချိန်းကြိုးပြတ်ပြီး ချောက်ထဲကျသွားခဲ့သည်။
ထို့ပြင်,ဂိုဏ်းချုပ်က သူ့စာပို့ခိုရပြီး အပြေးလာခဲ့တာဖြစ်သည်။
သူမ သူ့ကို အပြစ်တင်လိမ့်မည်လား?....
ထိုအရာကိုတွေးကာ ဒူးထောက်ပြီး ပြောလိုက်သည်။
"ဂိုဏ်း...."
သို့ပေမယ့် သူပြောလို့မပြီးသေးခင်....
ယွဲ့မင်ကျူး သူ့ကို ကြားဖြတ်ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ငါ့လုံခြုံရေးကို အရမ်းစိုးရိမ်နေတယ်, ဟုတ်တယ်မလား...."
ချောက်ကမ်းပါးထိပ်၌ ဤလောက်လူအများကြီးရှိမည်ဟု သူမမျှော်လင့်မထားပေ။
သူမကိုယ်ပိုင်ဂိုဏ်းသားတွေအပြင်, မြင့်မြတ်ဂိုဏ်း၊ အသင်္ချေဓားဂိုဏ်း၊ စိတ်ဝိညာဥ်သားရဲဂိုဏ်းအဖွဲ့ဝင်တွေလည်းရှိနေခဲ့သည်။
ဘုရားရေ...
ရမ္မက်ဂိုဏ်းချုပ် ချောက်ထဲကြပြီး ဂျူနီယာတစ်ယောက်က ကယ်ခဲ့ရတယ်ဆိုတာကို သူမ ဘယ်လိုလုပ် ဂိုဏ်းအားလုံကို သိခွင့်ပေးနိုင်မည်နည်း။
ထိုသတင်းသာပျံ့သွားလျှင် သူမက ဂိုဏ်း ၉ ဂိုဏ်း၏ အလှောင်ခံရတော့မည်ဖြစ်သည်။
ထို့ကြောင့် အလျှင်အမြန် ရှဲလျူရှူးကို သတိပေးပြီး တင်းမားစွာကြည့်လိုက်သည်။
ဟမ်?...
ရှဲလျူရှူး ရုတ်တရက် ကြောင်အသွား၏။
မင်းက ဂိုဏ်းချုပ်မဟုတ်ဘူးလား?...
သို့ပေမယ့် တပည့်ကြီးတစ်ယောက်အနေဖြင့်, သူက လုံလောက်အောင်ဉာဏ်ကောင်း၏။
တစ်ခဏစဥ်စားပြီး နောက်ကွယ်ကအဓိပ္ပာယ်ကို နားလည်သွား၏။
အခြားဂိုဏ်း ၄ ဂိုဏ်းမှပတည့်တွေ ရှိနေ၍ ဂိုဏ်းချုပ်အထောက်အထားထုတ်ပြောလျှင် သူမဂုဏ်သတင်း အမှန်တကယ်ထိခိုက်မည်ပင်။
ထို့ကြောင့် အလျှင်အမြန်မတ်တပ်ရပ်ပြီး တွေဝေစွာပြောလိုက်သည်။
"ဟုတ်တယ်, ဂိုဏ်းချုပ်က မင်းကို အရမ်းစိုးရိမ်နေတာ..."
"မင်းလုံခြုံတာမြင်ရတော့, ငါတို့အားလုံးစိတ်သက်သာယာရသွားပါပြီ...."
ပြောနေရင်း ရမ္မက်ဂိုဏ်းတပည့်တွေဘက်လှည့်ပြီး အကြည့်တစ်ချက်ကြည့်လိုက်သည်။
သူတို့က တစ်ခဏကြောင်သွားပြီး နားလည်သလိုနားမလည်သလိုလိုနှင့် ရှဲလျူရှူးဦးဆောင်မှုနောက်ကို လိုက်လိုက်ကြသည်။
ဂျန်ဖန်း သံသယရှိသည့်အမူအရာပြသလာ၏။
ဘာကြောင့် ရှဲလျူရှူးနှင့် အခြားလူတွေ အရမ်းထူးဆန်းနေရသနည်း။
သို့ပေမယ့် ထိုအရာက သူ့ကိစ္စမဟုတ်ပေ။
သူက ယွဲ့မင်ကျူးကိုအောက်ချပေးပြီး အကြံပေးလိုက်သည်။
"ရှဲလျူရှူး, မင်းရဲ့ဂျူနီယာညီမကိုကောင်းကောင်းဂရုစိုက်ပါ...."
"ငါအချိန်မှီကယ်လို့သာမဟုတ်ရင်, အခုလောက်ဆို သူမသေနေလောက်ပြီ...."
ရှဲလျူရှူး နှလုံးသားခုန်ပေါက်သွား၏။
ဂိုဏ်းချုပ်၏ ပြုတ်ကျသည့်ဒဏ်ရာက ထိုမျှလောက်တောင်ပြင်းထန်သည်လား?....
ယွဲ့မင်ကျူး မျက်နှာပျက်သွား၏။
အဆုံးမှာတော့ ဤအရာတွေက သူမတပည့်တွေဖြစ်သည်။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမဂုဏ်သိက္ခာကျန်ပါအုန်းမည်လား?...
သူမက ခြောက်ကပ်စွာ ချောင်းဟန့်ပြီး ပြောလိုက်သည်။
"အဲ့လောက်မပြင်းထန်ပါဘူး...."
"ပြုတ်ကျပြီး ဒဏ်ရာလေးနည်းနည်းရသွားရုံပါ။ ချဲ့ကားမပြောပါနဲ့...."
ဂျန်ဖန်း မပြောမဆိုနှင့် သူမနဖူးကိုပုတ်ပြီး ပြောလိုက်သည်။
"ကုသတုန်းက နာကျင်မှုကို မင်းမေ့သွားပြီလား...."
"ခုချိန်ထိ သင်ခန်းစာမရသေးဘူး။ မင်း နောက်တစ်ကြိမ်ဒုက္ခရောက်မှာမြင်ယောင်နေသေးတယ်...."
ဟစ်...
ရှဲလျူရှူး မျက်လုံးတွေ တုန်လှုပ်မှုကြောင့် ပြူးကျယ်နေပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ကျီရူယွဲ့လှပသည့်မျက်လုံးတွေလည်း ပြူးကျယ်နေခဲ့သည်။
ရမ္မက်ဂိုဏ်းတပည့်တွေ၏နှလုံးသား ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။
ဂျန်ဖန်း.. သူတို့ဂိုဏ်းချုပ်ကို ဆူနေသည်လား?....
ကမ္ဘာကြီးရူးသွားကြပြီလား?....
ယွဲ့မင်ကျူး ပါးတွေ နီရဲသွား၏။
သူမအကြောင်းထုတ်ပြောတာကတစ်ကြောင်း၊ တပည့်တွေရှေ့မှာ ဆူပူတာကတော့....
ငွေရောင်သွားလေးတွေကိုအံကြိတ်ပြီး ပွတ်တိုက်သံတွေတောင် ထွက်ပေါ်လာခဲ့သည်။
သူမ၏ဂိုဏ်းချုပ်အဆင့်အတန်းကို ဖုံးကွယ်ထားရလို့သာမဟုတ်လျှင် ယခုချက်ချင်း ဂျန်ဖန်းကို မြေပြင်ပေါ်လဲချပြီး သင်ခန်းစာအပြင်းအထန်ပေးပြီးနေပြီဖြစ်သည်။
သူမ၏အာခံသည့်အမူအရာကိုမြင်သည့်အခါ....
ဂျန်ဖန်း ခေါင်းခါယမ်းပြီး နောက်ထပ်ပြောရမှာ ပျင်းသွား၏။
သူက ရှဲလျူရှူးကိုကြည့်ပြီး ပြောလိုက်သည်။
"ငါ သူမကို မင်းဆီထားခဲ့ပြီ..."
"နှုတ်ဆက်ပါတယ်...."
သန္ဓေသားဂူအိမ်တော်ရှာဖွေခြင်းက အဆုံးသတ်သွားပြီဖြစ်၍ နောက်ထပ် ပတ်သက်စရာမရှိတော့ပေ။
လက်သီးလက်ဝါးဆုပ်ပြမှုနှင့်အတူ သူက ယီလန်ရှင်းတို့အမျိုးသမီးသုံးယောက်နှင့် လှည်းတွေကိုစောင့်ကြပ်ပြီး ဖြည်းညင်းစွာ အဝေးကို ထွက်ခွာသွားခဲ့သည်။
နောက်ဆုံး သူတို့ နှင်းတောင်အစွန်း၌ ပျောက်ကွယ်သွားသည့်တိုင်အောင်....
ရှဲလျူရှူနှင့် အခြားလူတွေ အမူအရာကင်းမဲ့စွာ မတ်တပ်ရပ်နေခဲ့သည်။
တစ်ယောက်မှ အသက်ပြင်းပြင်းတောင်မရှူရဲကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့က မကြည့်ပဲနှင့်တောင် ဂိုဏ်းချုပ်၏လက်ရှိဒေါသကို ခံစားမိသောကြောင့်ပင်။
"သေစမ်း...."
ယွဲ့မင်ကျူး အံကြိတ်ပြီး အပြင်းအထန်ခြေဆောင့်လိုက်၏။
မြေပြင်တစ်သိမ့်သိမ့်တုန်ယင်သွားပြီး ကြီးမားသည့်ရေခဲအပိုင်းအစကြီးတွေ ပြိုကျသွားခဲ့သည်။
"ဒီကောင်တော့..."
သူမက ရှဲလျူရှူးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ရှဲလျူရှူး နောက်ထပ်တောင့်မခံနိုင်တော့ပဲ ဒူးထောက်ကာ တောင်းပန်လိုက်၏။
"ဂိုဏ်းချုပ်... ချိန်းကြိုးမကောင်းတာ တပည့်မသိပါဘူး..."
"တပည့်မှာ ဂိုဏ်းချုပ်ကို ထိခိုက်လိုစိတ် လုံးဝမရှိပါဘူး...."
ထိုအရာအတွက် ရှဲလျူရှူးကို အပြစ်မတင်နိုင်ဘူးဆိုတာ ယွဲ့မင်ကျူး သဘာဝအတိုင်းနားလည်၏။
ထိုအရာဖြစ်ရတာဟာ သူမ၏ကိုယ်ပိုင်စိတ်မရှည်မှုကြောင့်ဖြစ်သည်။
"ကောင်းပြီ, ထတော့...."
ထို့နောက် အခြားလူတွေကိုကြည့်ပြီး မေးလိုက်သည်။
"ဂျန်ဖန်းကို ဒီနေရာဘယ်သူခေါ်လာတာလဲ..."
တပည့်တွေနောက်ပုန်းနေသည့် ကျီရူယွဲ့...
မချိပြုံးပြုံးလိုက်သည်။
သူမမလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိ၏။
ရှေ့တက်လာပြီး ဒူးထောက်ကာ တောင်းပန်လိုက်၏။
"သူ့ကို ခေါ်လာတာ ကျွန်မပါ...."
ရှဲလျူရှူး လက်ချင်းယှက်ပြီး ဝမ်းသာအားရပြောလိုက်သည်။
"ဂိုဏ်းချုပ်, ကျီရူယွဲ့က အသက်ရှင်ဖို့နဲ့ သားရဲဘုရင်ရဲ့စိတ်ဝိညာဥ်အသားတွေရဖို့ ဂုဏ်သိက္ခာတွေ ဘေးချိတ်ထားခဲ့ပါတယ်..."
"ကျွန်တော်တားနေတဲ့ကြားက သန္ဓသားဂူအိမ်တော်သတင်းကို ပေါက်ကြားစေခဲ့ပါတယ်...."
"ကျေးဇူးပြုပြီး ဂိုဏ်းချုပ် သူမကို ထိုက်သင့်တဲ့အပြစ်ပေးပါ...."
ကျီရူယွဲ့ခါးသီးသည့်အမူအရာပြသလာ၏။
သူမ ခုခံပြောစရာမရှိပေ။ ဝန်ခံဖို့သာ တတ်နိုင်၏။
"တပည့် အမှားကို နားလည်ပါတယ်..."
"ဒါပေမယ့်,အခွင့်အရေးရှိရင်တောင် တပည့် ဒါအတွက် နောင်တမရပါဘူး...."
"ဂိုဏ်းချုပ်အပြစ်ပေးချင်ရင်, ကျေးဇူးပြုပြီး အပြစ်ပေးပါ..."
ဘယ်လိုပဲဖြစ်ဖြစ် အပြင်းအထန်အပြစ်ပေးခံမည်ဖြစ်သည်။ တောင်းပန်တာက အကူအညီမဖြစ်ပေ။
လူတိုင်းကို အံ့အားသင့်စွာနှင့်ပဲ...
ယွဲ့မင်ကျူး သိမ်မွေ့အဆင့်မြင့်ကျင့်ကြံရေးနည်းလမ်းတစ်ခုထုတ်ပြီး သူမရှေ့ပစ်ပေးလိုက်သည်။
"ဒါက ငါတို့ဂိုဏ်းရဲ့ ကျင့်စဥ်နည်းလမ်းပဲ၊ မင်းကိုဆုချတာ...."
ဟမ်?...
ရှဲလျူရှူး ကြောင်သွား၏။
အပြစ်မပေးပဲ ဆုပေးနေသည်လား?...
သူက မြေပြင်ပေါ်ရှိ ဝါးစာလိပ်ကိုကြည့်လိုက်သည့်အခါ ခေါင်းစဥ်ကိုမှတ်မိသွားပြီး အံ့သြတကြီးပြာလိုက်သည်။
"မဟာစိတ်နှလုံးသားကျင့်စဥ်..."
"ဂိုဏ်းချုပ်, ဒီလိုအရေးကြီးကျင့်စဥ်ကို ဘာလို့ သူမကို ပေးတာလဲ...."
ရမ္မက်ဂိုဏ်းတပည့်တွေလည်း အံ့အားသင့်သွား၏။
"မဟာစိတ်နှလုံးသားကျင့်စဥ်"က ထိပ်တန်းကျင့်စဥ်နည်းလမ်းဖြစ်ပြီး ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေသာ ကျင့်ကြံနိုင်၏။
ရှဲလျူရှူးတောင် ထိုအရာကျင့်ကြံဖို့ အရည်အချင်းမပြည့်မှီပေ။
သို့ပေမယ့် သာမန်အဆင့်အတန်းနှင့် ကျီရူယွဲ့က ရသွားခဲ့သည်။
ကျီရူယွဲ့လည်း ကြောင်သွားပြီး စိတ်ရှုပ်သွား၏။
"ဂိုဏ်းချုပ်က ငါ့ကို အပြစ်ပေးရမယ့်အစား ဆုပေးနေတယ်...."
ယွဲ့မင်ကျူး လက်နှောက်ပစ်ထားပြီး သက်ပြင်းချလိုက်သည်။
"နင်သာ သခင်လေးဂျန်ကို ဒီနေရာခေါ်မလာရင်, ငါ ချောက်ကမ်းပါးအောက်မှာ ပိတ်မိနေလိမ့်မယ်...."
"ဆုပေးတာကတောင် အချိန်နှောင်းနေပြီ။ ဘာလို့မင်းကို အပြစ်ပေးရမှာလဲ..."
"ထပါ...."
ကျီရူယွဲ့ အိမ်မက်နေသလို ခံစားလိုက်ရသည်။
သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဒါ... ဒါဆို ကျွန်မက ဂျူနီယာမောင်လေးဂျန်ဆီက သားရဲဘုရင်ပစ္စည်းတွေယူတာ ဂိုဏ်းချုပ်က အပြစ်မတင်ဘူးလို့ ဆိုလိုတာပေါ့နော်..."
ယွဲ့မင်ကျူး မျက်မှောင်ကြုတ်သွားပြီး အလေးအနက်ဖြစ်သွား၏။
"ငါတို့ဂိုဏ်းနယ်မြေမှာ ဘယ်က သားရဲဘုရင်ပေါ်လာတာလဲ...."
ကျီရူယွဲ့ ပြောလိုက်သည်။
"ကျွန်မတို့ ရမ္မက်ဂိုဏ်းနယ်မြေအတွင်းမှတော့ မဟုတ်ပါဘူး....."
"ဒါက နူးမြစ်ထဲက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကြေးခွံနီရေနတ်ဆိုးနဂါးပါ...."
အို?....
ယွဲ့မင်ကျူး အံ့အားသင့်သွား၏။
"ဘယ်အချိန်က နူးမြစ်ထဲမှာ သားရဲဘုရင်ရှိသွားရတာလဲ...."
"ပြီးတော့ မင်းတို့ကကော ဘယ်လိုသတ်လိုက်တာလဲ...."
ဂျန်ဖန်း၊အမျိုးသမီးသုံးယောက်နှင့်အတူ ရှဲလျူရှူး၊ ရမ္မက်ဂိုဏ်းတပည့်တွေပေါင်းလျှင်တောင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သားရဲကို နိုင်မည်မဟုတ်ပေ။
ကျီရူယွဲ့ ခါးသီးစွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်က ငါတို့ကို အထင်ကြီးနေတာပဲ...."
"သားရဲဘုရင်ကို ဂျူနီယာမောင်လေးဂျန် တစ်ယောက်ထဲက သတ်လိုက်တာပါ...."
ဘာ?...
ယွဲ့မင်ကျူး မျက်လုံးတွေ ပြူးကျယ်သွား၏။
သူမ ဂျန်ဖန်းခွန်အားကို နားလည်၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ၈ကို မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းနှင့်ဆိုလျှင် သူ့ခွန်အားက အမြုတေဖွဲ့စည်းခြင်းအဆင့်အောက်မှာ ပြိုင်ဘက်ကင်း၏။
ဤကဲ့သို့အသက်ငယ်ငယ်လေးနှင့် ပါရမီရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။
သို့ပေမယ့် ယခုတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ သားရဲဘုရင်ကို ဂျန်ဖန်းတစ်ယောက်တည်းသတ်သည်ဟု သူမကို လာပြောနေခဲ့သည်။
"မင်းဘာပြောလိုက်တယ်? ဂျန်ဖန်းတစ်ယောက်တည်း?.... မင်းသေချာမြင်လိုက်လား...."
သူမက ယုံကြည်ဖို့ ခက်ခဲနေခဲ့သည်။
ကျီရူယွဲ့ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"စီနီယာအကိုတွေနဲ့ အမတွေအားလုံး ဒါကို မြင်လိုက်ကြပါတယ်....."
ရှဲလျူရှူ ရှက်ရွံ့စွာခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်ဒါကို ဝန်မခံချင်ပေမယ့်, အဲ့ဒီဂျန်ဖန်းက တကယ်အားကောင်းတယ်..."
"သူက တကယ်ပဲ သားရဲဘုရင်ကို တစ်ယောက်တည်းသတ်ခဲ့တာ....."
ယွဲ့မင်ကျူးလည်း ထိုစကားတွေကြောင့် တုန်လှုပ်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်, သူမက ရေရွတ်လိုက်သည်။
"အပြင်ဘက်နယ်မြေ နတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက်က မျှော်လင့်ထားတဲ့အတိုင်းပါပဲလား။ သာမန်အမြင်နဲ့ တိုင်းတာလို့မရဘူး...."
သို့ပေမယ့် သူမစကားတွေကြောင့် လူတိုင်း ကြောင်သွားကြ၏။
ကျီရူယွဲ့ စိတ်ရှုပ်စွာ မေးလိုက်သည်။
"ဂိုဏ်းချုပ်, ဘယ်က အပြင်ဘက်နယ်မြေ နတ်ဘုရားဂိုဏ်းလဲ...."
"ဂျူနီယာမောင်လေးဂျန်က အဲ့လိုနောက်ခံရှိလို့လား...."
ယွဲ့မင်ကျူး မျက်ခုံးမြှင့်တက်သွား၏။
"နေပါအုန်း...."
"မင်း သူ့ကို ဘယ်လိုခေါ်လိုက်တယ်...."
"ဂျူနီယာမောင်လေးဂျန်? ဟုတ်လား..."