← Chapters

ငွေတောင်ပံမိုးကြိုးသိမ်းငှက်

Vol. 20 Ch. 277

ငွေတောင်ပံမိုးကြိုးသိမ်းငှက်

Vol. 20 Ch. 277

ဤကဲ့သို့အခေါ်အဝေါ်ကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမနှင့် ၎င်းလက်အောက်ရှိ ဂိုဏ်း ၉ ဂိုဏ်း၌သာအသုံးပြု၏။

အပြင်လူတွေကို ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေက ထိုကဲ့သို့သုံးနှုန်းမည်မဟုတ်ပေ။

သို့ပေမယ့် ဘာကြောင့် ကျီရူယွဲ့က ဂျန်ဖန်းကို ဂျူနီယာမောင်လေးဟု သုံးနှုန်းနေရသနည်း။

ကျီရူယွဲ့ ပဟေဠိဖြစ်သွား၏။

"ဂျူနီယာမောင်လေးဂျန်က တိမ်စိမ်းဂိုဏ်းကလေ...."

"သူ့ကို ဂျူနီယာမောင်လေးလို့ခေါ်တာ ဘာမသင့်တော်တာရှိလို့လဲ...."

ဘာ?....

ယွဲ့မင်ကျူး တုန်လှုပ်သွား၏။

"သူ ဘယ်က..."

....

"တိမ်စိမ်းဂိုဏ်း, ဟုတ်လား...."

"နင်ငါ့ကို မနောက်နဲ့နော်...."

သိုင်းပညာပါရမီ၊ အံဖွယ်ဆေးပညာစွမ်းရည်၊ နတ်ဆိုးအဆင့်နားလည်နိုင်စွမ်း၊ ခန္ဓာကျင့်ကြံခြင်းနှင့် လှုပ်ရှားမှုနည်းလမ်းမှာလဲ ကျွမ်းကျင်သေး၏။

ထိုကဲ့သို့ ကြောက်စရာကောင်းသည့်ပါရမီရှင်က ဂိုဏ်း ၉ ဂိုဏ်းမှာ အနိမ့်ဆုံးဖြစ်သည့် တိမ်စိမ်းဂိုဏ်းက တပည့်တစ်ယောက်တဲ့လား။

ထိုအရာက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

ကျီရူယွဲ့ အံ့အားသင့်သွား၏။

"ဂိုဏ်းချုပ် တိမ်စိမ်းဂိုဏ်းက ဂျန်ဖန်းဆိုတဲ့နာမည်မကြားဖူးဘူးလား...."

"ဒီကိစ္စက ဂိုဏ်း ၉ ဂိုဏ်းမှာ နာမည်ကြီးလို့ကျွန်မက ထင်နေတာ...."

နေပါအုန်း....

နောက်တစ်ကြိမ် ယွဲ့မင်ကျူး တုန်လှုပ်သွား၏။

"နင်ဘာပြောလိုက်တယ်။ သူက တိမ်စိမ်းဂိုဏ်းက စိတ်ဝိညာဥ်အမြစ်မရှိတဲ့ ဂျန်ဖန်း, ဟုတ်လား....."

ကျီရူယွဲ့ ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်, သူပါပဲ...."

ယွဲ့မင်ကျူး ကမ္ဘာကြီးချာချာလည်သွားသလို ခံစားလိုက်ရသည်။

သူမစိတ်ထဲမှာ လူနှစ်ယောက်ကို ဆက်စပ်လို့မရဖြစ်နေခဲ့သည်။

လျိုဝူချန်း စိတ်ဝိညာဥ်အမြစ်မရှိသည့် တပည့်တစ်ယောက်ခေါ်ယူတုန်းက သူမ လှောင်ရယ်ခဲ့၏။

မည်သူထင်ထားမည်နည်း။ ထိုလူက လက်စသတ်တော့ ပြင်ပနယ်မြေနတ်ဘုရားဂိုဏ်းမှ ပါရမီရှင်နှင့် ယှဥ်နိုင်သူဖြစ်နေခဲ့သည်။

ထိုအရာကိုတွေးပြီး သူမရင်ဘတ် မွန်းကြပ်သွားကာ သက်တောင့်သက်သာမရှိတော့ပေ။

"အဲ့ဒီခွေးကောင်လျိုဝူချန်း, ဒီလိုတပည့်မျိုးတွေ့ရအောင် သူ့ဘိုဘေးတွေသင်္ချိုင်းက မီးခိုးစိမ်းတွေများ ထုတ်လွတ်နေတာလား....."

"ဒါ ငါ့ကိုသတ်တာထက် ပိုနာကျင်ရတယ်...."

ရှဲလျူရှူး ခံစားချက်တွေ ရှုပ်ထွေးနေခဲ့သည်။

သူက ရမ္မက်ဂိုဏ်းတပည့်ကြီးဖြစ်ပြီး ဂိုဏ်းချုပ်က သူ့ကို အတော်လေးသဘောကျသော်လည်း....

တစ်ခါမှ ဤကဲ့သို့နောင်တရသည့်အမူအရာမျိုး မပြသခဲ့ဘူးပေ။

သူလိုဂိုဏ်းတပည့်ကြီးက ဘယ်လိုလုပ် ဂျန်ဖန်းနဲ့ အလွန်ကွာခြားနေရသနည်း။

"မဖြစ်ဘူး, ငါသူ့ကိုရအောင်ယူရမယ်...."

ယွဲ့မင်ကျူး အံ့ကြိတ်ပြီး ပြောလိုက်သည်။

ရမ္မက်ဂိုဏ်းက နှလုံးသားကိုကျင့်ကြံတာဖြစ်၏။

သူမသာ သူမနှလုံးသားဆန္ဒအတိုင်းမလုပ်နိုင်လျှင် အတွေးတွေရှင်းရှင်းလင်းလင်းရှိတော့မည်မဟုတ်ပေ။ ထိုအရာက နှလုံးသားကိုကျင့်ကြံခြင်း၏ အဓိကအချက်ပဲဖြစ်သည်။

သို့ပေမယ့်....

သူမ ဂျန်ဖန်းနှင့်အခြားလူတွေသွားသည့်ဘက်ကိုလိုက်သွားသည့်အခါ အရိပ်အယောင်တောင်မမြင်ရတော့ပေ။

"လူတိုင်း, သူတို့ကိုရှာကြစမ်း။ ငါတို့ သူ့ကို တွေ့မှဖြစ်မယ်....."

ယွဲ့မင်ကျူး အမိန့်ပေးလိုက်သည်။

တပည့်တွေ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။

ကျီရူယွဲ့ပြောလိုက်သည်။

"ဂိုဏ်းချုပ်, ရှာနေဖို့မလိုပါဘူး...."

"ဘာလို့လဲဆိုတော့ ဂျူနီယာမောင်လေးဂျန်ရဲ့တာဝန်က မိုင်တစ်ထောင်သိမ်းငှက်တွေကို ကျွန်မတို့ရမ္မက်ဂိုဏ်းပို့ပေးရမှာမိုလို့လေ...."

ယွဲ့မင်ကျူး အံ့အားသင့်သွား၏။

တစ်ခဏစဥ်းစားပြီးနောက်, သူမ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ပြီး ပြောလိုက်သည်။

"တကယ်လား...."

"အဲ့တာဆို, ငါ သူ့ကို ဂိုဏ်းကနေစောင့်ရမယ်..."

"သူနဲ့ပျော်စရာလေးအချို့ ဖန်တီးကြတာပေါ့..."

သူမ ကောက်ကျစ်စွာပြုံးလိုက်ပြီး အသံက ငွေရောင်ခေါင်းလောင်းကဲ့သို့ ကြည်လင်နေခဲ့သည်။

ထိုစဥ်, ဂျန်ဖန်....

နှင်းတောင်ပေါ်မှဆင်းလာပြီး ရှေ့ရှိလမ်းကြောင်းရှင်းသွားသည့်အခါ စောင့်ကြပ်ရေးတာဝန်ကို အမျိုးသမီးသုံးယောက်အားပေးလိုက်သည်။

ထို့နောက် မြေကမ္ဘာအလယ်အလတ်အဆင့် ခြေထောက်နည်းစနစ်ကို စတင်ဆင်ခြင်လိုက်၏။

"သန့်စင်မိုးကြိုးအရိပ်သုံးခု..."

"ပထမအဆင့်, မိုးကြိုနဂါးလျှပ်စီးခြေထောက်...."

"အောင်မြင်ခြင်းကြီးအဆင့်ထိလေ့ကျင့်ပြီးလျှင်, ထိပ်တန်းအဆင့်ခုခံရေးမှော်ရတနာကိုတောင် ချိုးဖြတ်နိုင်တယ်...."

ဂျန်ဖန်း ထိုအရာကို ဖတ်ပြီးနောက် တုန်လှုပ်သွား၏။

သူ့၌ ထိပ်တန်းအဆင့်မှော်ရတနာတစ်ခုရှိပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်၏။

သို့ပေမယ့်, သန့်စင်မိုးကြိုးအရိပ်သုံးခု၏ ပထမအဆင့်က ထိပ်တန်းအဆင့်ခုခံရေးမှော်ရတနာကို ထိုးဖောက်နိုင်၏။

ဤနည်းစနစ်ကို အောင်မြင်စွာကျင့်ကြံပြီလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ကျင့်ကြံသူကို ထိခိုက်အောင်လုပ်နိုင်မည်ဟု ဆိုလိုမနေဘူးလား?....

သူက ချက်ချင်း အာခေါင်ခြောက်လာသလိုခံစားရပြီး အသေအချာဆက်ဖတ်လိုက်သည်။

သို့ပေမယ့်, ကျင့်ကြံရေးလိုအပ်ချက်တွေကိုမြင်သည့်အခါ သူ ကြောင်အသွား၏။

"ဒီနည်းလမ်းကိုကျင့်ကြံဖို့, လူတစ်ယောက်က မိုးကြိုးနဲ့လျှပ်စီးကို ခန္ဓာကိုယ်ထဲစုပ်ယူရမယ်...."

ဂျန်ဖန်းမျက်နှာ ချက်ချင်း မဲမှောင်သွား၏။

"ဟာသလုပ်နေတာလား။ ဒီလိုလိုအပ်ချက်မျိုး ဘယ်လိုလုပ်ရှိနေရတာလဲ...."

အစောပိုင်း လှုပ်ရှားမှုနည်းစနစ်ကျွမ်းကျင်ရမည့်ဆိုသည့်လိုအပ်ချက်ကကို အတော်များနေပြီဖြစ်သည်။

သို့ပေမယ့် တိကျသည့်ကျင့်ကြံရေးအကြောင်းအရာ၌ ဤကဲ့သို့ပြင်းထန်သည့်လိုအပ်ချက်က အမှန်တကယ်ကို ရှိနေခဲ့သည်။

"မိုးကြိုးနဲ့လျှပ်စီး, သဘာဝစွမ်းအင်တွေထဲက လွမ်းမိုးနိုင်စွမ်းနဲ့ ဖျက်စီးအားအကောင်းဆုံး စွမ်းအား။ ဘယ်သူက ခန္ဓာကိုယ်ထဲ အလွယ်တကူ စုပ်ယူရဲမှာလဲ...."

သန္ဓေသားအဆင့် ကျင့်ကြံသူတောင် မိုးကြိုးစွမ်းအင်ကို ရင်ဆိုင်ရဲမည်မဟုတ်ပေ။

ဂိုဏ်း ၉ ဂိုဏ်းထဲရှိ စစ်မှန်မိုးကြိုးဂိုဏ်းသာလျှင် အထူးကျင့်ကြံရေးနည်းလမ်းတစ်ခုကို ကျင့်ကြံကြ၏။

သူတို့က ကိုယ်ပိုင်အသုံးပြုဖို့အတွက် ကောင်းကင်မိုးကြိုးအနည်းငယ်ကို ငှားယူနိုင်ကြသည်။

သို့ပေမယ့်, ထိုအရာက ငှားယူရုံသာဖြစ်သည်။

ခန္ဓာကိုယ်ထဲမိုးကြိုးစွမ်းအင်စုပ်ယူတာက သူတို့တောင် မလုပ်ရဲသည့်အရာဖြစ်သည်။

သူက စာရွက်ကိုကိုင်ပြီး အတော်လေး ဒေါသထွက်နေခဲ့သည်။

ထိုအရာက အလဟသပျော်ရွင်နေရသလိုပင်။

ထိုအချိန်မှာပဲ....

မိုင်တစ်ထောင်သိမ်းငှက်တွေ ၎င်းတို့တောင်ပံတွေကို ဂနာမငြိမ်ခတ်လာပြီး ခြေထောက်ရှိ ချိန်းကြိုးတွေမှ လွတ်မြောက်ဖို့ ကြိုးစားလာကြ၏။

သူတို့က စိုးရိမ်တကြီး စူးရှစွာ အော်ဟစ်နေကြသည်။

ဂျန်ဖန်း ထိတ်လန့်သွား၏။

အစောပိုင်း ကြေးခွံနီရေနတ်ဆိုးနဂါးထွက်ပေါ်လာတုန်းကလည်း မိုင်တစ်ထောင်သိမ်းငှက်တွေ ဤကဲ့သို့ တုန့်ပြန်ကြ၏။

သူတို့က အန္တရာယ်တစ်ခုခုကို ခံစားမိသည်လား?....

နားမလည်ပေမယ့် အလျှင်အမြန်တုံ့ပြန်လိုက်၏။

ပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ နှင်းဖုံးနေသည့်တောအုပ်တစ်ခုကို တွေ့လိုက်သည်။

ချက်ချင်းပဲ သူက ပြောလိုက်သည်။

"မြန်မြန်, သစ်တောထဲပုန်းကြ..."

ယီလန်ရှင်းတို့သုံးယောက် တစ်ခုခုမှားနေတာခံစားမိပြီး ချက်ချင်းပဲ မြင်းတွေကို သစ်တောထဲ ဒုန်းစိုင်းမောင်းတော့၏။

ခဏကြာပြီးနောက် သူတို့တွေ သစ်တောထဲရောက်လာပြီး မိုင်တစ်ထောင်သိမ်းငှက်တွေလည်း တည်ငြိမ်လာခဲ့သည်။

ဂျန်ဖန်း နှင့် မိန်းခလေးသုံးယောက် ပတ်ဝန်းကျင်ကို တင်းမားစွာ စိုက်ကြည့်နေကြသည်။

သူတို့က အသံတောင်မထွက်ရဲကြပေ။

ဝှစ်!

ရုတ်တရက်, သန်မာသည့်လေပြင်းတစ်ခု တိုက်ခတ်လာပြီး သစ်တောတစ်ခုလုံးတုန်ခါသွားခဲ့သည်။

အပေါ်စီးမှကြည့်လျှင် သစ်တောက လေပြင်းထဲ ဂျုံပင်တွေယိမ်းနွဲ့နေသလို ပုံပေါ်နေခဲ့သည်။

လေက အားပြင်းလှ၏။

ထို့နောက် ဂျန်ဖန်းနှင့် မိန်းခလေးသုံးယောက်ရှိသည့်နေရာက မဲမှောင်သွားခဲ့သည်။

မော့ကြည့်လိုက်သည့်အခါ, သူတို့အသက်ရှူမှားသွားကြသည်။

ပေ ၁၂၀ လောက်အကျယ်ရှိသည့်တောင်ပံတွေနှင့် ဧရာမငွေရောင်သိမ်းငှက်ကြီးတစ်ကောင် သူတို့ခေါင်းပေါ်မှာ ပျံဝဲနေခဲ့သည်။

၎င်း၏ မှင်ကဲ့သို့မဲနက်သည့်လက်သည်းတွေက လူနှစ်ရပ်လောက်ရှည်ပြီး တစ်ခုချင်းစီက ဓားတစ်ချောင်းလိုထက်မြက်လှ၏။

တစ်ချက်ကုတ်လိုက်ရုံဖြင့် တောင်ငယ်လေးတစ်လုံးကို အသာအယာခြေမွပစ်နိုင်၏။

၎င်းထုတ်လွတ်နေသည့် ကြောက်မက်ဖွယ် အရှိန်အဝါက ကျောရိုးတစ်လျှောက်အေးစိမ့်သွားစေသည်။

ဂျန်ဖန်း ထိုသားရဲကို မှတ်မိသွားပြီး မျက်ခွံံ့တွေ ကျုံ့သွား၏။

"ငွေတောင်ပံမိုးကြိုးသိမ်းငှက်...."

"အရွယ်ရောက်ပြီးသားပုံစံ၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ အဆင့်မြင့်သားရဲဘုရင်...."

သူက တိတ်တဆိတ် ပင့်သက်ရှိုက်လိုက်၏။

မှတ်တမ်းတွေအရ....

သူတို့အစောပိုင်းတွေ့ခဲ့သည့် ကြေးခွံနီရေနတ်ဆိုးနဂါးသားရဲဘုရင်က ငွေတောင်ပံသိမ်းငှက်၏ အကြိုက်ဆုံးအစာသာဖြစ်သည်။

သူတို့ကိုရှာတွေ့သွားလျှင်...

တစ်ယောက်မှ လွတ်မြောက်မည်မဟုတ်ပေ။

ဂျန်ဖန်း သတိပေးစရာမလိုပေ။ ငွေတောင်ပံသိမ်းငှက်၏ကြောက်စရာအရှိန်အဝါက အမျိုးသမီးသုံးယောက်ကို တောင့်တင်းပြီး ကြက်သေသေသွားစေ၏။

သားရဲ မိုးကုတ်စက်ဝိုင်းကို ပျောက်ကွယ်သွားသည့်တိုင် သူတို့က မလှုပ်ရဲကြပေ။

နောက်ဆုံးမှာမှ အမျိုးသမီးသုံးယောက် အသက်ပြင်းပြင်းရှုနိုင်ခဲ့ကြ၏။

ယီလန်ရှင်းမျက်နှာ ဖြူဖြော့နေ၏။

"အဲ့တာဘာကြီးလဲ... အတော်ကြောက်စရာကောင်းတဲ့ဧရာမငှက်ကြီးပဲ...."

ဂျန်ဖန်း လေးနက်စွာပြောလိုက်သည်။

"အဲ့တာ အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သားရဲဘုရင်ပဲ...."

"မိုင်တစ်ထောင်သိမ်းငှက်တွေ နိုးနိုးကြားကြားရှိနေတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင်, ငါတို့ သေနေလောက်ပြီ...."

သူက မိုင်တစ်ထောင်သိမ်းငှက်အုပ်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။

ကောင်းကင်ကငှက်တွေအချင်းချင်း, ငွေတောင်ပံမိုးကြိုးသိမ်းငှက်လိုကောင်းကင်သားရဲတွေကို အာရုံခံရာ၌ သူတို့က လူသားတွေထက်ပိုတိကျ၏။

သူတို့မရှိလျှင်....

ဂျန်ဖန်း အန္တရာယ်ကို ခံစားမိသည့်အခါ အရမ်းနောက်ကျသွားပြီဖြစ်သည်။

ငွေတောင်ပံမိုကြိုးသိမ်းငှက်၏ ကြောက်စရာကောင်းမှုကို နားလည်ပြီး အမျိုးသမီးသုံးယောက် အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။

ချင်ချိုင်းဟီ တစ်ကိုယ်လုံးတုန်ယင်နေပြီး နောက်ဆုံးမှာ သားရဲလှိုင်း၏ကြောက်စရာကောင်းမှုကို နားလည်သွားခဲ့သည်။

သူမက အလျှင်အမြန်မေးလိုက်သည်။

"အဲ့လိုအစာကွင်းစက်ထိပ်ဆုံးသားရဲက ဘာလို့ရမ္မက်ဂိုဏ်းနယ်မြေမှာ ပေါ်လာရတာလဲ...."

ဂျန်ဖန်းမျက်နှာ တည်သွား၏။

ကြည့်ရတာ နတ်ဆိုးသားရဲတွေ ရမ္မက်ဂိုဏ်းနယ်စပ်၌ လှုပ်ရှားနေသည်ဆိုတဲ့ သတင်းက မှန်နေပုံပင်။

ငွေတောင်ပံမိုးကြိုးသိမ်းငှက်က ရမ္မက်ဂိုဏ်းနယ်မြေကိုကင်းထောက်ပြီး သားရဲလှိုင်းအတွက် ပြင်ဆင်နေပုံရသည်။

"ငါတို့ ရမ္မက်ဂိုဏ်းကိုမြန်မြန်သွားပြီး ဒီသတင်းကို တင်ပြရမယ်...."

ဂျန်ဖန်း စိုးရိမ်ပူပန်နေ၏။

သူတို့က သစ်တောထဲမှထွက်ပြီး နဂိုမူလမ်းကြောင်းအတိုင်း ရှေ့ဆက်လာခဲ့ကြ၏။

ရုတ်တရက်...

ချူရှင်းမန် ညာဘက်ရှိ နှင်းဖုံးနေသည့်တောင်ကို သံသယဖြင့်ကြည့်လိုက်သည်။

သူမက သံသယဖြင့်မေးလိုက်သည်။

"အစောပိုင်းက အဲ့ဒီတောင်ရှိလား..."

"ငါမှတ်မိတာတော့ မြေပြန့်ကြီးလားလို့..."

အုပ်စုက သူမပြောသည့်ဘက်ကို ကြည့်လိုက်ကြသည်။

ချင်ချိုင်းဟီ တစ်ခစ်ခစ်ရယ်လိုက်၏။

"ဂျူနီယာညီမချူ, နင်အကြောက်လွန်ပြီး ရူးသွားတာနေမယ်..."

ယီလန်ရှင်းလည်း စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကို မခြောက်စမ်းပါနဲ့...."

ဂျန်ဖန်းသာ တောင်ကုန်းကိုစိုက်ကြည့်ပြီး ပဟေဠိဖြစ်နေခဲ့သည်။

"ဟုတ်တယ်, စောနက အဲ့နားမှာ တောင်မရှိဘူး...."

ရုတ်တရက်, သူ့ဆံပင်တွေ အဆုံးစွန်ထိထောင်မတ်သွား၏။

အဘယ်ကြောင့်ဆိုသော် သူမြင်လိုက်သောကြောင့်ပင်။

တောင်က လှုပ်နေ၏။

တောင်ထိပ်က ဖြည်းဖြည်းချင်း လည်လာပြီး လှောင်ပြောင်သည့်မျက်လုံးတွေဖြင့် ငှက်တစ်ကောင်၏ဦးခေါင်းပေါ်လာခဲ့သည်။

All Chapters