တိတ်တဆိတ်ခံစားခြင်း
Vol. 20 Ch. 278
ဂျန်ဖန်း မျက်ခွံတွေတုန်ယင်သွားပြီး မြင်းပေါ်မှာ တစ်ခဏအေးခဲသွား၏။
ငွေတောင်ပံသိမ်းငှက် ဤလောက်ထိဉာဏ်များမည်ဟု သူတစ်ခါမှ မျှော်လင့်မထားပေ။
၎င်းက သစ်တောထဲရှိလူတွေကို သတိထားမိပြီးသားဖြစ်သည်။
သစ်တောကထူလွန်းပြီး အမဲလိုက်ခက်ခဲသည့်အတွက် ထွက်သွားချင်ယောင် ဟန်ဆောင်လိုက်တာဖြစ်သည်။
.....
တကယ်တော့, ကွင်းပြင်မှာ သူ့ကိုယ်သူ တိတ်တဆိတ် ဖုံးကွယ်နေခဲ့တာဖြစ်သည်။
ရည်ရွယ်ချက်က သူတို့ကို အပြင်ထွက်အောင် မျှားခေါ်ပြီး တစ်ချက်တည်းထိုသုတ်ဖို့ပဲဖြစ်သည်။
ဒုန်း!
ဒုန်း!
ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ ဧရာမလက်သည်းကြီးတွေ မြေပြင်ပေါ်နင်းလိုက်ပြီး ဖြည်းဖြည်းချင်း လှည့်လာခဲ့သည်။
ထို့နောက် စူးရှသည့်အသံက သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေသည့် နှင်းပြင်မှာ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအရာက စစ်ဗုံတစ်ခုနှင့်တူပြီး လူတွေ၏နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။
ယီလန်ရှင်း နှုတ်ခမ်းတွေတဆတ်ဆတတုန်ယင်နေပြီး မြင်းဇတ်ကြိုးကိုင်ထားသည့်လက်တွေလည်း အဆက်မပြတ်တုန်ယင်နေခဲ့သည်။
သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်၏
"ပြေး...ပြေးကြ... လူခွဲပြီး မြန်မြန်ပြေးကြ...."
အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သားရဲဘုရင်နှင့်ရင်ဆိုင်ရာ၌...
မည်သည့်ခုခံမှုကမှ အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။
လူစုခွဲပြေးခြင်းကသာ တစ်ယောက်လောက်ရှင်သန်နိုင်မည်ဖြစ်သည်။
ချင်ချိုင်းဟီနှင့် ချူရှင်းမန်လည်း ကြောက်လန့်နေရာမှ သတိပြန်ဝင်လာခဲ့ကြသည်။
သူမတို့၏မနာခံတဲ့ခန္ဓာတွေက မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး မတူညီသည့်ဦးတည်ချက်ကို ပြေးတော့၏။
ဂျန်ဖန်းလည်း သဘာဝအတိုင်းပြေးဖို့ပြင်လိုက်၏။
သို့ပေမယ့် တစ်ခဏတွေးပြီး...
ရပ်တန့်လိုက်၏။
ပြေးမယ်?...
သူက ဘယ်ကိုပြေးနိုင်မည်နည်း။
ငွေတောင်ပံသိမ်းငှက်က ပေရာပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်းရောက်နိုင်၏။ ထို့ပြင် ဤနေရာက သစ်တောနှင့်ဝေးပြီး လုံးဝကို လွင်ပြင်ကြီးပင်။
သူတို့လေးယောက်လူစုခွဲပြေးလျှင်တောင် ငွေတောင်ပံမိုးကြိုးသားရဲက အချိန်တိုအတွင်း တစ်ယောက်ပြီးတစ်ယောက်ဖမ်းသွားမှာဖြစ်သည်။
သို့ပေမယ့် မပြေးတာက သေဖို့ထိုင်စောင့်နေတာလို့တော့ မဆိုလိုပေ။
ရုတ်တရက်....
ဂျန်ဖန်း တောင်ပံတွေဖြည်းညင်းစွာဖြန့်နေသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ကြည့်လိုက်သည်။ ၎င်းမျက်လုံးတွေထဲ၌ လှောင်ပြောင်မှုနှင့် ကြမ်းကြုတ်မှုတွေ ရှိနေခဲ့သည်။
ရဲတင်းသည့်အတွေးတစ်ခု သူ့ခေါင်းထဲမှာ ပေါ်လာခဲ့သည်။
ရေထဲကထွက်လာသည့်အခါ ကြေးခွံနီရေနတ်ဆိုးနဂါးစွမ်အားတွေ အကြီးအကျယ်လျော့ကျသွားသလိုပင်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ အကြီးမားဆုံးအားသာချက်က လေထဲမှာ အလျှင်အမြန်ပျံသန်းနိုင်တာဖြစ်သည်။
မြေပေါ်ဆင်းသက်လာလျှင် ၎င်း၏တိုက်ပွဲဝင်စွမ်းအားက အကြီးအကျယ်လျော့ကျသွားမည်ပဲဖြစ်သည်။
သူ့အသက်ကိုကယ်ဖို့ ထိုကောင်မပျံသန်းနိုင်ခင် သေတဲ့အထိတိုက်ခိုက်ရမည်ပင်။
"သားရဲကောင်..."
ဂျန်ဖန်း ရေရွတ်လိုက်ပြီး အချိန်အတော်ကြာထုတ်မသုံးခဲ့သည့် ခရမ်းရောင်ဓား၏ ဓားရိုးကို ပြောင်းပြန်ဆုပ်ကိုင်လိုက်၏။
ထို့နောက် လက်ဖဝါးမှာ စိတ်ဝိညာဥ်စွမ်းအင်တုန်ခါလာပြီး ပတ်ပတ်လည်ရှိအဝတ်စတွေကို ခါထုတ်ပစ်လိုက်သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် ဂျန်ဖန်းကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး ပြန်ကိုက်ဖို့ကြိုးစားနေသည့်ယုန်တစ်ကောင်ကိုကြည့်နေသလိုပင်။
သူက တစ်ဘဝလုံး အမဲလိုက်လာတာဖြစ်သည်။
သဘာဝအတိုင်း သားကောင်၏ နောက်ဆုံးအကြိမ်ရုန်းကန်မှုတွေကို မြင်ဖူး၏။
အထူးသဖြင့် သူမြေပြင်ပေါ်မှာရှိချိန်တွင်ဖြစ်သည်။
ထိုအရာက အချို့သားကောင်းတွေကို ပြန်ကိုက်နိုင်သည်ဟူသည့် မှားယွင်းသည့်မျှော်လင့်ချက်တွေပေးနေ၏။
သို့ပေမယ့် သားကောင်းကသားကောင်းပင်။
အစာကွင်းဆက်အရ သူက မြေပြင်ပေါ်မှာရှိနေလျှင်တောင် ဘုရင်ဖြစ်နေဆဲဖြစ်သည်။
ထို့ပြင်....
သူက အကွာအဝေးကို တွက်ချက်ပြီးပြီဖြစ်သည်။
သူ့တောင်ပံတွေဖြန့်ပြီး ပျံသန်းဖို့လုံလောက်၏။
ထို့နောက် တစ်ချက်တည်းထိုးသုတ်ပြီး သူ့ရှေ့ရှိလူသားကို အလွယ်တကူဆုတ်ဖြဲပစ်နိုင်တာပဲဖြစ်သည်။
အားစိုက်ထုတ်စရာတောင်မလိုပေ။
သို့ပေမယ့်....
သူ့မျက်လုံးထဲက လှောင်ပြောင်မှုတွေ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
ဂျန်ဖန်း ခရမ်းဓားကိုကိုင်ထားပြီး ခန္ဓာကိုယ်တစ်လျှောက်စိတ်ဝိညာဥ်စွမ်းအင်တွေစီးဆင်းနေကာ လှုပ်ရှားမှုနည်းလမ်းကို အဆုံးစွန်ထိ အသုံးပြုလိုက်၏။
မျက်စိတ်တစ်မိတ်အတွင်းအမှာပဲ, သူက ဆယ်ပေအကွာကို ရောက်လာခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် အံ့အားသင့်သွား၏။ တောင်ပံတွေကို အလျှင်အမြန်ခတ်ပြီး ဂျန်ဖန်းမရောက်ခင် ပျံတက်ဖို့ကြိုးစားလိုက်၏။
သို့ပေမယ့်, ဂျန်ဖန်းအရှိန်က အဆုံးစွန်ကိုရောက်ရှိနေခဲ့သည်။
အသက်ရူချိန် ၁၀ ချိန်အတွင်းမှာပဲ, သူက ပေတစ်ရာကိုရောက်လာခဲ့သည်။
ထိုအချိန်၌ ငွေတောင်ပံမိုးကြိုးသားရဲ မြေပြင်မှတက်ရုံရှိသေးပြီး အောက်ထိုးသုတ်ဖို့ မချိန်မရှိပေ။
သို့ပေမယ့် ဂျန်ဖန်း သူ့ရှေ့ကို ရောက်နေပြီဖြစ်သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် မျက်လုံးတွေ ဒေါသနှင့်ထိတ်လန့်မှုကို ပြသလာပြီး သေမင်းဓားကောက်လိုထက်ရှသည့်လက်သည်းတွေက ဂျန်ဖန်းကို ကုတ်ချလိုက်သည်။
၎င်းလက်သည်းတွေက လူနှစ်ယောက်စာလောက်ရှည်ပြီး လျှပ်စီးကဲ့သို့လျှင်မြန်၏။ သာမန်မျက်စိဖြင့် မြင်နိုင်ဖို့က မဖြစ်နိုင်ပေ။
သူခန့်မှန်းချက်အရ ဂျန်ဖန်း သူ့ဓားနှင့်အတူ အပိုင်းပိုင်းဖြစ်သွားမည်ဖြစ်သည်။
သို့ပေမယ့် နောက်တစ်ခဏ၌...
ဂျန်ဖန်း ခရမ်းဓားကိုမပြီး လေထဲကို ခုတ်ချလိုက်သည်။
သားရဲလက်သည်းတွေ တိတ်တဆိတ်ပဲ ကျိုးသွားခဲ့သည်။
နောက်တစ်ခဏ၌.....
သူ့ဝမ်းဗိုက်မှာ စူးရှသည့်နာကျင်မှုကို ခံစားလာရသည်။
အရေးပြားတစ်ချို့, အမွေးများစွာဖြင့် ကျွတ်ထွက်သွားခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် အံ့အားသင့်သွား၏။
လူသားကောင်လေးက လေထဲကို ခုတ်ပိုင်းလိုက်ရုံသာဖြစ်သည်။
၎င်း၏ ဖျက်စီးမရသည့်လက်သည်းတွေ ကျိုးသွားပြီး ဝမ်းဗိုက်ပါပြတ်သွားခဲ့သည်။
၎င်း နားမလည်နိုင်ခင်မှာပဲ.....
ဂျန်ဖန်း ခုန်တက်ပြီး ခရမ်းဓားကို သူ့ခေါင်းပေါ်မြှောက်လိုက်သည်။
ထို့နောက် ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏လည်ပင်းကို ပြင်းထန်စွာ ခုတ်ချလိုက်၏။
ထိုအခိုက်အတန့်၌ ငွေတောင်ပံမိုးကြိုးသိမ်းငှက် သဘာဝအတိုင်း သေခြင်းတရား၏ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
သူက တောင်ပံတွေကို ကြောက်လန့်တကြားခတ်ကာ အပေါ်ကို ပျံတက်လိုက်၏။
လည်ပင်းလှည့်နေစဥ်....
ရွစ်!
ကြောက်စရာကောင်းပြီး မမြင်ရသည့်ဓားချီက သူ့လည်ပင်းကို ဖြတ်သွားခဲ့သည်။
ထိုသို့ဆိုလျှင်တောင် သူ့လည်ပင်းက အပိုင်းအများကြီးကျန်သေး၏။
သူ့ပျံသန်းနေစဥ် အနီရောင်သွေးတွေ ဖြန်းပက်သွား၏။
အဖြူရောင်နှင်းပေါ်ကျနေတာက မက်မွန်ပွင့်တွေ ပွင့်လန်းလာသလိုပင်။
"သေစမ်း...."
ဂျန်ဖန်း မြေပြင်ပေါ်ဆင်းသက်လိုက်ပြီး အတော်လေး နှောင်တရနေ၏။
ဒုတိယဓားချက်က ထိုသားရဲအသက်ကို နှုတ်ယူသွားသင့်၏။
ကံမကောင်းစွာပဲ ခရမ်းဓားကအလွန်လေးသည့်အတွက် သူ့ဓားချက်က အလွန်နှေးကွေးနေခဲ့သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို တုံ့ပြန်ဖို့အချိန်ရသွားစေခဲ့သည်။
ယခု ထိုကောင်က ကောင်းကင်ပေါ်ရောက်သွားသည်ဖြစ်၍ သူမမှီနိုင်တော့ပေ။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် တုန်လှုပ်သွားသလို ဒေါသလည်းထွက်သွား၏။
ဂျန်ဖန်းခေါင်းပေါ်မှာ ပျံဝဲနေပြီး ဒေါသတကြီး အော်ဟစ်နေခဲ့သည်။
လွယ်ကူသည့်အမဲလိုက်မှုဟု သူတွေးထားသည့်အရာက လက်သည်းတစ်ချောင်းကျိုးပြီး ဒဏ်ရာနှစ်ခုရခြင်းနှင့်သာ အဆုံးသတ်သွားခဲ့သည်။
ထိုအရာက အကြီးအကျယ် စော်ကားခြင်းပင်။
ပိုဒေါသထွက်စရာကောင်းတာက ဂျန်ဖန်း လှောင်ပြောင်သည့်အမူအရာဖြင့် ဓားမြှောက်ပြနေတာပဲဖြစ်သည်။
ထိပ်တန်းကောင်းကင်သားရဲတစ်ကောင်အနေဖြင့် ထိုအရာက စော်ကားမှုတစ်ခုပင်။
သို့ပေမယ့် သူက သည်းခံနေရ၏။
ခရမ်းဓား၏စွမ်းအားကို သူ တတိယအကြိမ် မခံစားကြည့်ချင်ပေ။
၎င်းအကြည့်ရွေ့သွားပြီး ထွက်ပြေးနေသည့် အမျိုးသမီးသုံးယောက်ကို အာရုံစိုက်လိုက်သည်။
စူးရှသည့်အော်သံနှင့်အတူ ဧရာမတောင်ပံကြီးတွေကိုခတ်ပြီး ငွေရောင်လျှပ်စီးတစ်ခုကဲ့သို့ တစ်ဟုန်းထိုးပြေးသွားလိုက်သည်။
ဂျန်ဖန်း အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
နောက်ထပ်ထိန်ချန်မထားတော့ပေ။
သူက သန္ဓေသားကျောက်စိမ်းအဆောင်ကို ပြတ်ပြတ်သားသား ထုတ်ယူပြီး အသက်သွင်းလိုက်သည်။
သူထုတ်ယူလိုက်သည်နှင့် ငွေတောင်ပံမိုးကြိုးသိမ်းငှက် တစ်ကိုယ်လုံးတုန်ယင်သွား၏။
သူ့မျက်လုံးတွေက ဂျန်ဖန်းလက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ကြောက်လန့်တကြားကြည့်နေခဲ့သည်။
ထိုအရာက သူခုခံနိုင်သည့်အရာမျိုးမဟုတ်ပေ။
ဂျန်ဖန်းအသက်သွင်းတော့မှာကိုမြင်သည့်အခါ ချက်ချင်းပဲ တောင်ပံတွေကိုခတ်ပြီး တိမ်တွေဆီသို့ပြေးတက်ကာ အရိပ်အယောင်တောင်မကျန်ပဲ ပျောက်ကွယ်သွား၏။
ဂျန်ဖန်း ကျောက်စိမ်းအဆောင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။
ဉာဏ်နီဉာဏ်နက်များသည့်ငှက်အတွက် နိုးကြားတက်ကြွနေခဲ့သည်။
သို့ပေမယ့် အချိန်အတော်ကြာပြီးနောက် အမျိုးသမီးသုံးယောက် ပြန်ရောက်လာပြီး ငှက်ကတော့ ပြန်မလာတော့ပေ။
ဂျန်ဖန်း နောက်ဆုံးမှာ သက်သာယာရသွားပြီး ကျောက်စိမ်းအဆောင်ကို အလျှင်အမြန်သိမ်းလိုက်သည်။
"ထူးဆန်းတယ်, ငှက်ကြီးက ရုတ်တရက် ဘာလို့ထွက်ပြေးသွားတာလဲ။ သူက ငါ့ကို တိုက်ခိုက်တော့မှာဆိုတာ အသိသာကြီးပဲလေ..."
ယီလန်ရှင်း ထိုအရာကို ရှင်းလင်းစွာ မြင်လိုက်၏။
ခုလေးတင် ငွေတောင်ပံမိုးကြိုးသိမ်းငှက် သူမကို ပစ်မှတ်ထားခဲ့တာဖြစ်သည်။
သို့ပေမယ့် မတိုက်ခိုက်ရသေးခင်, တစ်ခုခုကိုကြောက်ပြီး ထွက်ပြေးသွားခဲ့သည်။
ချင်ချိုင်းဟီ အံ့အားသင့်သွားပြီး ဂျန်ဖန်းလက်ထဲရှိ ခရမ်းဓားကိုကြည့်လိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, ဒါက ဘယ်လိုဓားမျိုးလဲ။ အတော်အံ့သြစရာကောင်းတာပဲ..."
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သားရဲဘုရင်ရဲ့ လက်သည်းကိုဖြတ်နိုင်ပြီး ဒဏ်ရာတောင်ရသွားစေတယ်...."
အခြားအမျိုးသမီးနှစ်ယောက် တိုက်ပွဲကို ကြည့်မနေပေမယ့် သူမက မျက်မြင်တွေ့လိုက်သည်။
ဂျန်ဖန်း အေးဆေးတည်ငြိမ်စွာပဲ ခရမ်းဓားကိုအဝတ်ဖြင့်ပြန်ပတ်ပြီး ကျောမှာလွယ်လိုက်သည်။
သူက သူမကို ပြန်မဖြေပေ။
ချင်ချိုင်းဟီ ထိုဓားကလျို့ဝှက်ချက်ဆိုတာ နားလည်သွား၏။
သူမမမေးသင့်သည့်အရာကို မေးမိသွားပြီပင်။
ရှက်သွားပြီး လျှာထုတ်လိုက်သည်။
"ငါ... ငါ ဘာမှမမြင်လိုက်ဘူး...."
ထိုအချိန်၌, ချူရှင်းမန်လည်း ရောက်လာခဲ့သည်။
သူမပခုံးပေါ်၌ သူမထက်နှစ်ဆလောက်ရှည်သည့်လက်သည်းကြီးတစ်ခုကို သယ်လာခဲ့သည်။
"စီနီယာအကိုဂျန်...."
"ဒီငှက်လက်သည်းက ကြေးခွံနီရေနတ်ဆိုးနဂါးသွားထက် အရည်အသွေးပိုကောင်းတယ်ထင်တယ်...."
ဂျန်ဖန်းယူပြီး ထိကြည့်လိုက်သည့်အခါ အေးစိမ့်မှုကို ခံစားလိုက်ရသည်။
သူက ဆန်းကြယ်သည့်သံမဏိဓားတစ်ခုကို ထိလိုက်ရသလိုပင်။
"ဒါက ထိပ်တန်းအရည်အသွေးရှိ ကုန်ကြမ်းပဲ။ ရမ္မက်ဂိုဏ်းနားကမြို့ကို ယူသွားပြီး ရောင်းရမယ်...."
ဂျန်ဖန်း ထိုအရာကို လှည်းပေါ်ပစ်တင်လိုက်သည်။
ချင်ချိုင်းဟီ အမှားပြင်ဆင်ခြင်နေပြီး တိုက်ပွဲကျန်ပစ္စည်းတွေကို ရှာလိုက်၏။
သို့ပေမယ့် သွေးစွန်းနေသည့်မြေပြင်မှလွဲပြီး ဘာမှရှိမနေပေ။
"အို..."
ချင်ချိုင်းဟီ ရုတ်တရက် သွေးတွေကြား၌ ငှက်အသားစတစ်ခုကို သတိထားမိလိုက်၏။
ကြည့်ရတာ ငှက်ဝမ်းဗိုက်မှ အရေပြားတစ်ခုလိုပင်။
ခုနှစ်ပေလောက်ရှည်သည့် ငွေရောင်ငှက်မွေးတစ်ခု...
နှင်းတွေနှင့်ရောနေ၍ ကျော်သွားလုနီးပါးပင်။
"ဂျူနီယာမောင်လေးဂျန်, ငါဘာရှာတွေ့ထားလဲကြည့်စမ်း..."
ချင်ချိုင်းဟီ ငှက်မွေးကိုဆုပ်ကိုင်ဖို့ သဘာဝအတိုင်း လက်ဆန့်လိုက်၏။
ဂျန်ဖန်းကြည့်လိုက်သည့်အခါ အနည်းငယ်ကြောင်သွား၏။
ချက်ချင်း သူ့မျက်နှာပြောင်းသွားပြီး အလျှင်အမြန်အော်ပြောလိုက်သည်။
"ရပ်လိုက်...."
"အဲ့တာကို မထိနဲ့...."