အဆက်အသွယ်ရှိခြင်း
Vol. 20 Ch. 279
သူ့ခြထောက်မှာစိတ်ဝိညာဥ်စွမ်းအင်သုံးပြီး လှုပ်ရှားမှုနည်းလမ်းကို အဆုံးစွန်ထိအသုံးပြုလိုက်သည်။
ရှေ့ကို အလျှင်အမြန်ပဲ ပြေးထွက်သွားခဲ့သည်။
သူက သူမခါးကိုဖမ်းဆွဲပြီး ဝှစ်ခနဲ ဆွဲယူလိုက်၏။
သို့ပေမယ့်, အနည်းငယ်နောက်ကျနေဆဲဖြစ်သည်။
ချင်ချိုင်းဟီလက်ချောင်းက ငှက်မွေးကိုထိပြီးနေပြီဖြစ်သည်။
ချက်ချင်းဆိုသလိုပဲ....
လက်တစ်ချောင်းလောက်ထူသည့် အပြာရောင်လျှပ်စီးကြောင်းတစ်ခု ငှက်မွေးမှ သတိမပေးပဲ ထွက်လာပြီး ချင်ချိုင်းဟီလက်ချောင်းကို ထိမှန်သွားခဲ့သည်။
....
ချက်ချင်းပဲ ချင်ချိုင်းဟီလက်ချောင်း သွေးသံရဲရဲဖြင့်လောင်ကျွမ်းသွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ကံကောင်းစွာဖြင့်, မိုးကြိုးထိမှန်တော့မည်အချိန်မှာပဲ....
သူမကို ဂျန်ဖန်းက အဝေးဆွဲခေါ်သွားပြီးပြီဖြစ်သည်။
ထိုလျှပ်စီးကြောင်းက ဘာကိုမှမထိပဲ မြေပြင်ပေါ်ကျသွားခဲ့သည်။
ပြတ်သားပြီးကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ သုံးပေလောက်ရှည်လျားသည့်မြေပြင် မီးလောင်ကျွမ်းသွားခဲ့သည်။
ထိုအရာသာထိမှန်သွားလျှင် ချင်းချိုင်းဟီ လျှပ်စီးကြောင်းကြောင့် အတွင်းကောအပြင်ပါ လောင်ကျွမ်းသွားမည်ဖြစ်သည်။
မသေလျှင်တောင် အပြင်းအထန်ဒဏ်ရာရသွားမည်ဖြစ်သည်။
ချင်ချိုင်ဟီ သူမ၏မီးလောင်ထားသည့်လက်ချောင်းကို ဆုပ်ကိုင်ထားပြီး သေခြင်းတရားမှကပ်သီလေးလွတ်မြောက်လာသလို ပုံပေါ်နေခဲ့သည်။
"အဲ့... အဲ့တာဘာလဲ..."
ဂျန်ဖန်း ငှက်မွေးကိုစိုက်ကြည့်ပြီး တွေးတွေးဆဆပြောလိုက်သည်။
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်, သူ့နာမည်က မိုးကြိုးကအလကားလို့ မင်းထင်နေတာလား..."
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်က လျှပ်စီးနဲ့မိုးကြိုးစွမ်းအင်ကို အသုံးပြုနိုင်တဲ့ နတ်ဆိုးသားရဲအနည်းငယ်ထဲက တစ်ကောင်ပဲ...."
"သူ့အတောင်တွေမှာ အဲ့စွမ်းအားတွေပါဝင်နေတယ်...."
သူက ပြောနေရင်း မေးစေ့ကိုပွတ်လိုက်သည်။
ခုလေးတင် သူ ချင်ချိုင်းဟီကို ဆွဲခေါ်လိုက်ချိန်၌ လျှပ်စီးစွမ်းအားက သူမကိုယ်မှတဆင့် သူ့ခန္ဓာထဲကို စီးဆင်းလာပြီး အနည်းငယ်တုန်ယင်သွား၏။
သို့ပေမယ့် အပြင်းအထန်ကြီးတော့ မဟုတ်ပေ။
ထိုအရာက ဂျန်ဖန်းကို "သန့်စင်မိုးကြိုးအရိပ်သုံးခု" လေ့ကျင့်တာနှင့်ပတ်သက်ပြီး အကြံဉာဏ်အသစ်ရသွား၏။
သူက ကောင်းကင်နှင့်မြေကြီးရဲ့ မိုးကြိုးစွမ်းအင်ကို ခန္ဓာကိုယ်ထဲမစုပ်ယူရဲပေ။
သို့ပေမယ့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ မိုးကြိုးစွမ်းအားကတော့, သူ့ခန္ဓာကိုယ်က ခုခံနိုင်သင့်၏။
သို့ပေမယ့် ကံမကောင်းစွာပဲ....
ငှက်မွေးအတွင်းရှိစွမ်းအားက ပျောက်ကွယ်သွားပြီပင်။
ထို့ပြင်, ငှက်မွေးတစ်ခုက လုံလောက်ဖို့အဝေးကြီးလိုသေး၏။
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်..."
ဂျန်ဖန်း ညင်သာစွာ ရေရွတ်လိုက်သည်။
သူတို့အဖွဲ့က ခဏနားပြီး ပြန်လည်ထွက်ခွာဖို့ပြင်လိုက်၏။
သို့ပေမယ့် အရေးကြီးပြဿနာတစ်ခုကို တွေ့လိုက်သည်။
"စီနီယာအကိုဂျန်, ဒီသိမ်းငှက်ကြည့်ရတာ အခြေအနေမကောင်းဘူး...."
ဂျန်ဖန်း ကြည့်လိုက်သည့်အခါ သိမ်းငှက်တွေ တုန်ယင်နေတာ သတိထားမိလိုက်သည်။
ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ထွက်ပေါ်လာမှုက သူတို့ကို ကြောက်လန့်စေတာ သိသာ၏။
"ခဏနေရင် သူတို့အဆင်ပြေသွားပါလိမ့်မယ်...."
ဂျန်ဖန်း ၎င်းတို့ဒဏ်ရာမရတာအတည်ပြုပြီးနောက် အနည်းငယ်သက်သာယာရသွား၏။
သို့ပေမယ့် ချင်ချိုင်းဟီ စိုးရိမ်နေ၏။
"ငါတို့ ရမ္မက်ဂိုဏ်းရောက်တဲ့အချိန် ငှက်တွေအပြည့်အဝမကောင်းသေးမှာ ငါကြောက်မိတယ်...."
"အဲ့ဒီတာဝန်လက်ခံတဲ့တပည့်တွေက ဒါကိုသုံးပြီး ငါတို့ကို ပြဿနာရှာကြမှာ...."
ဂျန်ဖန်းလည်း ထိုအချက်ကို စိုးရိမ်၏။
အဆုံးမှာတော့ သူက ရမ္မက်ဂိုဏ်းမှတစ်ယောက်နှင့်မှမသိပေ။
"ရောက်ခါမှပဲ ကြည့်ရှင်းရမှာပဲ...."
ဤတစ်ချိန်၌, ခရီးက နောက်ထပ် ပြဿနာမရှိတော့ပေ။
နှစ်ရက်ကြာပြီးနောက်.....
သူတို့က ရမ္မက်ဂိုဏ်းကို အောင်မြင်စွာရောက်လာခဲ့ကြသည်။
တိမ်စိမ်းဂိုဏ်း၊ မြင့်မြတ်ဂိုဏ်းတို့နှင့်မတူပဲ တိတ်ဆိတ်ပြီး ငြိမ်းညမ်းနေခဲ့သည်။
ရမ္မက်ဂိုဏ်းက သားရဲလှိုင်းလွမ်းမိုးမှုကို အပြင်းအထန်ခံနေရပြီး လေထုက အတော်လေး တည်ငြိမ်နေခဲ့သည်။
တစ်ချိန်တည်းမှာပဲ, ဂိုဏ်းပေါင်းစုံမှ အဖွဲ့များစွာ ရမ္မက်ဂိုဏ်းကို စစ်ပွဲအထောက်အပံ့ပစ္စည်းမျိုးစုံ လာပို့နေကြသည်။
ဂျန်ဖန်းတို့အဖွဲ့ တောင်တံခါးကိုရောက်သည့်အခါ၌ အဖွဲ့များစွာ တာဝန်စစ်ဆေးခံဖို့ စောင့်နေကြသည်။
"အာ?... စိတ်ဝိညာဥ်သားရဲဂိုဏ်းက ယီလန်ရှင်းပဲ...."
"သူမက ပို့ဆောင်ရေးတာဝန်ကို ကိုယ်တိုင်ဦးဆောင်နေတာလား...."
ယီလန်ရှင်းက စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ယောက်အဖြစ် ကျော်ကြား၏။
တစ်စုံတစ်ယောက်က သူမကို ချက်ချင်း မှတ်မိသွားခဲ့သည်။
တာဝန်ရှိ ရမ္မက်ဂိုဏ်းတပည့်အနည်းငယ်ထဲမှ....
အမျိုးသားတပည့်တစ်ယောက် လျှောက်လာပြီး သူမတို့အဖွဲ့ကို ကြမ်းတမ်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
သူ့အကြည့်က မိုင်တစ်ထောင်သိမ်းငှက်တွေအပေါ်ကျသွားသည့်အခါ တင်းမာစွာ ပြောလိုက်သည်။
"ငှက်တွေအားလုံးက ဘာလို့ အရမ်းပင်ပန်းနေရတာလဲ....."
"ငါတို့, ရမ္မက်ဂိုဏ်းက ဒီလိုတာဝန်မျိုး အလွယ်တကူလက်မခံရဲဘူး..."
"ပြန်ယူသွား...."
ဂျန်ဖန်း မျက်ခုံးတွေ မြှင့်တက်သွား၏။
နှစ်ရက်လောက်အနားယူပြီးနောက်, မိုင်တစ်ထောင်သိမ်းငှက်တွေ ပြန်ကောင်းလုနီးပါးဖြစ်နေပြီဖြစ်သည်။
သူတို့က အနည်းငယ်နုံးနေရုံသာဖြစ်သည်။
နောက်ထပ်ရက်အနည်းငယ်လောက် အနားယူလိုက်လျှင် အပြည့်အဝပြန်ကောင်းလာမည်ပဲဖြစ်သည်။
တစ်ဖက်လူ၏ ငြင်းဆန်မှုက လုံးဝကို ကျိုးကြောင်းမဆီလျော်ပေ။
ဒါပေါ့။ ထိုအရာက ငွေညစ်ဖို့ဆိုတာ ဂျန်ဖန်း သိ၏။
ထို့ပြင်, ဤအရာက ထိပ်တန်းအဆင့်တာဝန်ဖြစ်မှတော့ တစ်ဖက်လူက အလွယ်တကူလွတ်ပေးမည်မဟုတ်ပေ။
သိသာသည့်လာဘ်ထိုးမှုရှိမှသာ သူတို့က ခွင့်ပြုပေးမည်မဟုတ်ပေ။
ထိုစဥ်...
ဆွဲဆောင်မှုရှိသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သူတို့က အနည်းငယ်လန့်နေရုံပါ။ ဘာမှမဖြစ်ပါဘူး...."
"နင် အခြားတာဝန်တွေစစ်ဆေးလိုက်၊ ငါ ဒီအဖွဲ့ကို တာဝန်ယူလိုက်မယ်...."
အဝေးရှိ တံစက်မြိတ်အောက်၌ ရမ္မက်ဂိုဏ်းအမျိုးသမီးတပည့်တစ်ယောက်ရှိနေခဲ့သည်။
သူမက ပါးလွာသည့်ဝတ်စုံရှည်ကိုဝတ်ဆင်ထားပြီး ပက်လက်ကုလားထိုင်ပေါ်မှာ လက်ဖက်ရည်ကို စိမ်ပြေနပြေသောက်နေခဲ့သည်။
ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ယီလန်ရှင်းကိုသတိထားမိပြီး အမျိုးသားတပည့်ကို ကြာဖြတ်ပြောလိုက်တာဖြစ်သည်။
"ဒါဆိုလည်းကောင်းပြီ...."
အမျိုးသားတပည့် သူတို့အဖွဲ့ကို ဆန္ဒမရှိစွာ နောက်ဆုံးတစ်ချက်ကြည့်ပြီး အဝေးကို လျှောက်သွားလိုက်သည်။
ပိတ်ကျဲဝတ်စုံဝတ်အမျိုးသမီး လှပစွာ ထရပ်ပြီး သူမတင်ပါးကိုလှုပ်ယမ်းကာ ယီလန်ရှင်းဆီ အပြုံးနှင့် လျှောက်လှမ်းလာခဲ့သည်။
သူမက ရွတ်နှောက်နှောက်အမူအရာဖြင့် ယီလန်ရှင်းတင်ပါးကို ရိုက်လိုက်သည်။
"ယုကျီဂျင်, နင် ငါ့ကို ရွံအောင်လုပ်နေတာလား..."
ယီလန်ရှင်း အလျှင်အမြန်ရှောင်လိုက်ပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
"ရမ္မက်ဂိုဏ်းမှာ နှစ်နှစ်လောက်နေလိုက်တာနဲ့, နင်က ပိုတောင်ဆိုးလာတာပဲ....."
သိသာစွာပင်၊ အမျိုးသမီးနှစ်ယောက်က သူငယ်ချင်းဟောင်းတွေဖြစ်ပြီး သူတို့ဆက်ဆံရေးက အတော်ကောင်း၏။
ထို့ပြင် ကံကောင်းစွာပဲ...
ယနေ့က သူမတာဝန်ကျသည့်နေဖြစ်နေ၏။
ဂျန်ဖန်းနှင့် အခြားလူတွေ အနည်းငယ် သက်သာယာရသွားကြ၏။
ဤနေရာ၌ ယီလန်ရှင်းအသိရှိနေတာ ကျေးဇူးတင်ရမည်ပင်။
မဟုတ်လျှင်, ယနေ့ ဤတာဝန်ပြီးမြှောက်ဖို့ ခက်ခဲပြီပင်။
ယုကျီဂျင် နှုတ်ခမ်းစူလိုက်၏။
"နင့်ကို စလို့တောင်မရဘူး, အမြဲတမ်းအလေးအနက်ဖြစ်နေတယ်။ နင်တို့ဂိုဏ်းချုပ်လို တစ်သက်လုံးတစ်ကိုယ်တည်း ဖြစ်သွားလိမ့်မယ်..."
ယီလန်ရှင်း ထိုအရာကို ပြန်မပြောရဲသေးပေ။
စိတ်မရှည်စွာဖြင့်, သူမ တိုက်တွန်းလိုက်သည်။
"နင့်ရဲ့အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့...."
"မြန်မြန် ဒီသိမ်းငှက်တွေကို လက်မှတ်ထိုးပေးအုန်း...."
ယုကျီဂျင် မျက်လုံးလှန်လိုက်၏။
"ကောင်းပါပြီ, ကောင်းပါပြီ၊ ငါ နင်တို့ဟာတွေကို အရင်စစ်ဆေးပေးပါ့မယ်..."
ယီလန်ရှင်း မျက်နှာနီရဲသွားပြီး သူမကို ဒေါသတကြီးကြည့်လိုက်သည်။
သူမက ဤအမျိုးသမီးကို သည်းမခံနိုင်တော့ပေ။
နှစ်ယောက်တည်းရှိနေလျှင် သူမအရာရာကို သည်းခံနိုင်၏။ သို့ပေမယ့် ဂျူနီယာမောင်လေးဂျန်ရှေ့မှာ လက်လွတ်စပယ်ပြောနေတာကတော့...
ဂျူနီယာမောင်လေးဂျန် သူမကို အရှက်မရှိတဲ့မိန်းမလို့ထင်သွားလျှင် ဘယ်လိုလုပ်မည်နည်း။
ဂျန်ဖန်းပါးစပ် တွန့်လိမ်သွား၏။
ရမ္မက်ဂိုဏ်းအမျိုးသမီးတပည့်အချို့က တကယ်ပွင့်လင်းတာတော့ သူဝန်ခံရမည်ပင်။
သူက မြင်းပေါ်ကဆင်းပြီး ယုကျီဂျင်ဆီလျောက်သွားကာ လက်ချင်းယှက်ပြီး လေးလေးစားစားပြောလိုက်သည်။
"စီနီယာမယု, ကျေးဇူးတင်ပါတယ်..."
နီးကပ်စွာစကားပြောနေရင်း, သူမအင်္ကျီလက်ထဲကို ပိုက်ဆံအိတ်တစ်ခု မသိမသာထည့်ပေးလိုက်သည်။
အခြားလူက သူ့ကို ကူညီလျှင် သဘာဝအတိုင်း တွန့်တိုနေလို့မရပေ။
ယုကျီဂျင် ကျွမ်းကျင်စွာဖြင့် သူမအင်္ကျီလက်ထဲရှိအိတ်အလေးချိန်ကိုချိန်ဆကြည့်လိုက်ပြီး သူမအပြုံးတွေ ချက်ချင်း တောက်ပသွားခဲ့သည်။
"အို, လန်ရှင်း, နင် ဒီကောင်လေးကို ဘယ်ကတွေ့လာတာလဲ။ သူက တကယ်ရက်ရောတာပဲ...."
ဤအိတ်က အနည်းဆုံး သလင်းကျောက်တစ်ထောင်လောက်ရှိ၏။
အခြားအဖွဲ့တွေ ရာဂဏန်းပေးလျှင်တောင် ကံကောင်းနေပြီဖြစ်သည်။
ယီလန်ရှင်း ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ကောလဟာတွေရှောက်ဖြန့်မနေနဲ့။ ဒါက ဂျူနီယာမောင်လေးဂျန်တဲ့။ အဲ့ဒီသလင်းကျောက်တွေ သူ့ကို ပြန်ပေးလိုက်...."
ထို့နောက် သူမက ဂျန်ဖန်းကို ပြောလိုက်သည်။
"ဂျူနီယာမောင်လေးဂျန်, နင် သူ့ကို ယဥ်ကျေးနေဖို့မလိုဘူး...."
"ငါတို့က သူငယ်ချင်းအရင်းကြီးတွေ။ သူ့ ငါတို့ကိုကူညီရမှာ သဘာဝပဲ..."
သို့ပေမယ့် ယုကျီဂျင် သူမအင်္ကျီလက်ကိုကာပြီး ချိုသာစွာပြုံးလိုက်သည်။
"မရပါဘူး။ ဒါက ဂျူနီယာမောင်လေးဂျန် ငါ့ကို ပေးတဲ့ ချစ်သင်္ကေတပဲဟာ...."
ဂျန်ဖန်း ရယ်လိုက်၏။
"စီနီယာအမယု, ကျေးဇူးပြုပြီးလက်ခံလိုက်ပါ။ ငါတို့အရေးတကြီးလာလိုက်ရလို့ ဘာလက်ဆောင်မှပြင်မလာလိုက်ရဘူး။ ဒီသလင်းကျောက်တွေနဲ့ အင်္ကျီအနဲ့ အလှအပခရင်မ် အချို့ ဝယ်လိုက်ပါ...."
ယုကျီဂျင်က ယီလန်ရှင်းနှင့်ရင်းနှီးသည့်အတွက် ကူညီတာဖြစ်သော်လည်း....
သူလည်း စာနာပြီး ဆုလာဘ်ကလျော့နည်းလို့မရပေ။
ယုကျီဂျင် ထိုအရာကို ကြားသည့်အခါ သူ့ကို သဘောကျစွာဖြင့်ကြည့်လိုက်သည်။
"မင်းက အတော်တွေးပေးတတ်တာပဲ။ လန်ရှင်း မင်းကိုသဘောကျပြီး တာဝန်မှာခေါ်လာတာ မအံ့သြတော့ပါဘူး...."
ဤကဲ့သို့ တွေးတောပေးတတ်သည့် ဂျူနီယာမောင်လေးတွေကို အကူအညီအတွက် အမြဲကြိုဆိုကြ၏။
မမျှော်လင့်စွာပဲ....
ယီလန်ရှင်း အမှန်ပြင်ပေးလိုက်သည်။
"ငါ ပြောတယ်လေ။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့လို့...."
"ဂျူနီယာမောင်လေးဂျန်က ငါ့တာဝန်မှာ လိုက်ပါလာတာမဟုတ်ဘူး...."
"ဂျူနီယာမောင်လေးဂျန်က ငါတို့သုံးယောက်ကို ထောက်ပံ့ပေးတဲ့သူပဲ..."
ဟမ်?...
ကြီးမားသည့်မေးခွန်းတစ်ခု ယုကျီဂျင်ခေါင်းထဲမှာ ပေါ်လာခဲ့သည်။
ယီလန်ရှင်းက စိတ်ဝိညာဥ်သားရဲဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ယောက်ဖြစ်၏။
ထိပ်တန်းအဆင့် တပည့်ကြီးတွေမှလွဲလျှင် မည်သူက သူမကို ထောက်ပံ့ဖို့ အရည်အချင်းပြည့်မှီသနည်း။