← Chapters

တိုင်တန်းခြင်း

Vol. 20 Ch. 280

တိုင်တန်းခြင်း

Vol. 20 Ch. 280

သူမက ဂျန်ဖန်းကို သံသယဖြင့်ကြည့်ပြီး ရေရွတ်လိုက်သည်။

"ဒီက ဂျူနီယာမောင်လေးဂျန်က ထူးခြားတဲ့နောက်ခံရှိတာလား...."

သူမစိတ်က အလျှင်အမြန်ပဲ ဂိုဏ်းပေါင်းစုံရှိ ပါရမီရှင်တပည့်တွေ၏အချက်အလက်တွေကို ရှာဖွေလိုက်၏။

မျိုးရိုးဂျန်နှင့်တစ်စုံတစ်ယောက်ရှိလားဆိုတာ စစ်ဆေးကြည့်လိုက်သည်။

ဂျန်ဖန်း ရယ်ပြီး ပြောလိုက်သည်။

"ကျွန်တော်တို့လေးယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီကြတာပါ။ ဘာကိစ္စ ဒီလိုမျိုးတွေပြောနေမှာလဲ...."

"စီနီယာအမယု, ကျေးဇူးပြုပြီး ကျွန်တော်တို့တာဝန်အမြန်ပြီးအောင် လုပ်ပေးပါအုန်း.."

ယုကျီဂျင် ခေါင်းညိတ်လိုက်၏။

သူမက သူမ၏ဖြူဖွေးသည့်လက်လေးကို ဆန့်ထုတ်လိုက်၏။

"ကျောက်စိမ်းစာလိပ်နဲ့ သက်သေခံတုံကင်ပေး...."

....

လေးယောက်သား လုပ်ငန်းစဥ်နှင့်ရင်းနှီးပြီး ပစ္စည်းတွေ ထုတ်ပေးလိုက်ကြသည်။

ယုကျီဂျင် မှတ်စုစာအုပ်ကိုဖွင့်ပြီး မှတ်တမ်းတင်လိုက်၏။

"ယီလန်ရှင်း, စိတ်ဝိညာဥ်သားရဲဂိုဏ်းတပည့်...."

"ချင်ချိုင်းဟီ, အသင်္ချေဓားဂိုဏ်း...."

"ချူရှင်းမန်, မြင့်မြတ်ဂိုဏ်း...."

"ဂျန်ဖန်း, တိမ်စိမ်းဂိုဏ်း....."

"ဟမ်? နင်က တိမ်စိမ်းဂိုဏ်းက ဂျန်ဖန်းလား..."

ယုကျီဂျင် ဂျန်ဖန်းကို အံ့အားသင့်စွာ အကဲခတ်နေပြီး သူမ ဂျန်ဖန်းဂုဏ်သတင်းကြားဖူးတာ သိသာ၏။

ဂျန်ဖန်း ခါးသီးစွာ ပြုံးလိုက်သည်။

"သွားပုပ်လေလွင့်ပြောတဲ့ ကောလဟာလအချို့ပါ။ စီနီယာအမယု ကျေးဇူးပြုပြီး ကျွန်တော့်ကို မရယ်ပါနဲ့...."

ယုကျီဂျင် သူမမေးစေ့ကိုထိပြီး သူ့ကို စေ့စေ့စပ်စပ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"မင်းက စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် လူမှုဆက်ဆံရေးကိုနားလည်တယ်၊ နှိမ့်ချတယ်၊ ပြီးတော့ ယဥ်းကျေးတယ်..."

"ကောလဟာလတွေထက် အများကြီးပိုကောင်းတယ်...."

ဂျန်ဖန်း ရယ်ပြီး ပြောလိုက်သည်။

"ဒါဆိုလည်း ငါ့ရဲ့ထူးခြားမှုကို မြင်ပေးတဲ့ စီနီယာအမကို ကျေးဇူးတင်ပါတယ်..."

ယုကျီဂျင် စနှောက်လိုက်၏။

"ငါက မင်းရဲ့ထူးခြားမှုတွေကို မမြင်ပါဘူး..."

"ယီလန်ရှင်းက ဒီလောက်မောက်မာတာ။ ဘသာဝအတိုင်း မင်းဘယ်လောက်ပဲကြိုးစားကြိုးစား သူမအာရုံစိုက်မှုရမှာမဟုတ်ဘူး..."

"ဒါပေမယ့် မင်းကို ခေါ်လာရုံတင်မဟုတ်ဘူး ခုနကလည်း မင်းကောင်းကြောင်းတွေပြောနေတယ်..."

"မင်းက သူတို့ကို ကူညီတာတဲ့...."

"ငါ သူမနဲ့သိလာတာ နှစ်အတော်ကြာပြီ။ သူမ ဘယ်ယောက်ျားကိုမှ ဒီလောက်ဂရုစိုက်နေတာ မမြင်ဖူးဘူး...."

"ဒါကြောင့်, မင်းမှာ သူမကြိုက်တဲ့ ရှည်လျားတဲ့အရည်အချင်းတွေ သေချောက်ပေါက် ရှိရမယ်...."

နောက်ဆုံးစာကြောင်း ကြားသည့်အခါ...

ဂျန်ဖန်း နှုတ်ခမ်းမဲ့လိုက်၏။

ဤမိန်းမက တကယ်ကို ပြောရဲဆိုရဲ၏။

ချူရှင်းမန် မျက်တောင်ခတ်ပြီး ချင်ချိုင်းဟီကို တီးတိုးပြောလိုက်သည်။

"စီနီယာအမ စာကားလုံးမှားသုံးလိုက်တာလား...."

"ငါ ထူးကဲတဲ့အရည်အချင်းလို့ပဲကြားဖူးတာ။ ဘာလဲ ရှည်လျားတဲ့အရည်အချင်းဆိုတာ...."

ချင်းချိုင်းဟီ မျက်နှာနီရဲသွားပြီး သူမနဖူးကိုပုတ်လိုက်သည်။

"ကလေးတွေက အများကြီးမမေးရဘူး...."

ရမ္မက်ဂိုဏ်းက တကယ် ကြာကြာနေလို့မကောင်းပေ။

သူမတို့ကြာကြာနေလျှင် ချူရှင်းမန်၏ရိုးသားမှုက ညစ်ညမ်းသွားမည်ဖြစ်သည်။

ချူရှင်းမန် သူမနဖူးကိုပွတ်ပြီး နစ်နာသည့်အမူအရာပြလိုက်၏။

သူမဘာမှားသွားလဲဆိုတာ လုံးဝနားမလည်နိုင်ဖြစ်နေ၏။

ယီလန်ရှင်း လက်သီဆုပ်ပြီး ရှက်ရွံ့စွာဖြင့် ဒေါသတကြီးပြောလိုက်သည်။

"ယုကျီဂျင်, နင် အရိုက်ခံချင်နေတာလား...."

ယုကျီဂျင် မရပ်မနား တစ်ခစ်ခစ်ရယ်နေခဲ့သည်။

"လိမ်ညာမှုက မနာကျင်ပါဘူး၊ အမှန်တရားက လျှင်မြန်တဲ့ ဓားတစ်ချောင်းလိုပဲတဲ့..."

"လန်ရှင်း, နင် စိုးရိမ်လွန်နေပြီ..."

ယီလန်ရှင်း မျက်နှာတစ်ခုလုံးနီရဲနေပြီး, အလွန်ဒေါသထွက်နေခဲ့သည်။

သူမက ဤမိန်းမခေါင်းကိုဖွင့်ပြီး ရေနှင့်သာဆေးပစ်ချင်တော့၏။

ခေါင်းထဲမှာ ဘာတွေနှင့် ပြည့်နှက်နေသနည်း။

"ပေါက်ကရတွေ ပြောမနေနဲ့တော့။ မြန်မြန် တာဝန်ကို လက်မှတ်ထိုးပေးအုန်း..."

သူမကို စနှောက်ပြီးနောက်, ယုကျီဂျင် အတော်လေး ကျေနပ်သွား၏။

ချက်ချင်းပဲ ကျောက်စိမ်းစာလိပ်ကောက်ပြီး တာဝန်ကို မှတ်တမ်းတင်လိုက်၏။

သို့ပေမယ့် ထိုအချိန်မှာပဲ.....

အရပ်ရှည်ရှည်, ကျက်သရေရှိရှိဝတ််ဆင်ထားပြီး အဆင့်တန်းမြင့်သည့်အမျိုးသမီးတစ်ယောက် တပည့်များစွာနှင့်အတူ လှပစွာ ချည်းကပ်လာခဲ့သည်။

သူမကို မြင်သည့်အခါ, ယုကျီဂျင် အမူအရာပြောင်းလဲသွား၏။

အလျင်အမြန်ပဲ အလုပ်ကိုထားခဲ့ကာ အခြားရမ္မက်ဂိုဏ်းတပည့်နှင့်အတူရှေ့တက်ပြီး အရိုအသေပေးလိုက်သည်။

"မဟာအကြီးအကဲလင်းကို နှုတ်ဆက်ပါတယ်..."

ဂျန်ဖန်း ကြည့်လိုက်သည်။

သူက အသက် ၄၀ လောက်ရှိသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို မြင်လိုက်သည်။

သူမအသားအရေက ကောင်းကောင်းထိန်းသိမ်းထားပြီး, နှင်းဆီရောင်သန်းနေ၏။

ဆံပင်ကို မြင်းမြီးပုံစံစည်းနှောင်ထားပြီး ရိုးရှင်း ကျက်သရေရှိသည့်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

အတော်လေးသိက္ခာရှိပြီ ခမ်းနားထည်ဝါလှ၏။

သို့ပေမယ့် ဤအချိန်၌ သူမမျက်နှာက အတော်လေး မကျေမနပ်ဖြစ်နေ၏။

"တစ်စုံတစ်ယောက်တင်ပြလာတယ်။ ငါတို့ဂိုဏ်းတပည့်တစ်ယောက်က လာဘ်စားပြီး စံနှုန်းမမှီတဲ့ တာဝန်ပစ္စည်းတွေကို လက်ခံနေတယ်တဲ့..."

"ဒါအမှန်ပဲလား..."

ယုကျီဂျင် နှလုံးသား ခုန်ပေါက်သွား၏။

သူမ ပြဿနာကို ခံစားမိလိုက်သည်။

သူမအကြည့် အစောပိုင်း ဂျန်ဖန်းတို့တာဝန်ကို စစ်ဆေးနေသည့် အမျိုးသားတပည့်အပေါ် ကျရောက်သွား၏။

အမျိုးသားတပည့် ရိုးသားသည့်ပုံဖြင့် အလျှင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။

သူက သတင်းပို့သည့်သူမဟုတ်ဘူးဆိုတာ ပြောနေတာပဲဖြစ်သည်။

ထိုအခိုက်အတန့်၌...

အဖွဲ့တစ်ဖွဲ့ လမ်းဘေး၌ ရပ်နေခဲ့သည်။

ရှည်လျားသည့်လှည်းတစ်ခုပွင့်လာပြီး ညာဖက်လက်မရှိသည့် ထွားထွားကြိုင်းကြိုင်းလူငယ်တစ်ယောက် ခုန်ဆင်းလာ၏။

ဤလူကို ဂျန်ဖန်းမှတ်မိ၏။

ဧရာမဂိုဏ်းမဟာအကြီးအကဲတပည့်, စွန်းချောင်ဇောင်မှလွဲပြီး အခြားသူမဟုတ်ပေ။

သူ့ညာလက်ကို ဂျန်ဖန်းဖြတ်ပစ်ခဲ့တာပဲဖြစ်သည်။

သို့ပေမယ့် ထိုအချိန်က ဂျန်ဖန်း မျက်နှာဖုံးတပ်ထားသည်ဖြစ်၍ တစ်ဖက်လူ သူ့ကို မမှတ်မိပေ။

"အကြီးအကဲလင်း, ငါပြောတဲ့ရမ္မက်ဂိုဏ်းတပည့်က ယုကျီဂျင်ပါ...."

"ပြီးတော့ သူမကို လာဘ်ထိုးတဲ့တစ်ယောက်က ဂျန်ဖန်းတဲ့...."

စွန်းချောင်ဇောင် ဂျန်ဖန်းကို လှောင်ပြောင်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။

အစတုန်း၌ သူက သူများကိစ္စဝင်ပါဖို့ စိတ်မဝင်စားပေ။

သို့ပေမယ့် ဂျန်ဖန်းက တိိမ်စိမ်းဂိုဏ်းကဆိုတာသိပြီးနောက် သူ့အမုန်းတရားတွေ တောက်လောင်လာခဲ့သည်။

သူ့ဆရာကျင့်ကြံရေးကို တိမ်စိမ်းဂိုဏ်းက ဖျက်ဆီးခဲ့ပြီး ဆန်းကြယ်သည့်လူတစ်ဦး၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရ၏။

ယခု တိမ်စိမ်းဂိုဏ်းမှ တစ်စုံတစ်ယောက်နှင့်တွေ့ရာ ဘယ်လိုလုပ် အလွယ်တကူလွတ်ပေးနိုင်မည်နည်း။

မဟာအကြီးအကဲလင်း၏ လှပသည့်မျက်လုံးတွေ ယုကျီဂျင်ကို စိုက်ကြည့်လိုက်သည်။

"ဒါအမှန်ပဲလား...."

သူမကိုယ်တိုင်က ရာထူးမြင့်သည့်အတွက် တပည့်တွေ ငွေညှစ်လာဘ်စားတာကို သိ၏။

သူမက မမြင်ချင်ယောင်ဆောင်နေတာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရမ္မက်ဂိုဏ်းတပည့်တွေလည်း တာဝန်ပို့ဆောင်သည့်အခါ တူညီသည့်ပြဿနာနှင့် ရင်ဆိုင်ရ၏။

ဘာကြောင့် သူတို့ပဲ ရှုံးဆုံးမှုကို ခံစားရမည်နည်း။

သို့ပေမယ့် လာဘ်စားတာက ကိစ္စတစ်ခုဖြစ်ပြီး စံနှုန်းမမှီသည့်ပစ္စည်းတွေလက်ခံတာကတော့ လုံးဝလက်ခံပေးလို့မရပေ။

သားရဲလှိုင်းက ချည်းကပ်နေပြီး တိုက်ပွဲပစ္စည်းတွေကို ပေါ့ပေါ့ဆဆလုပ်လို့မရပေ။ မဟုတ်လျှင် အကျိုးဆက်က ဆိုးဝါးမည်ဖြစ်သည်။

ယုကျီဂျင် ချွေးအေးတွေထွက်လာပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။

"မဟာအကြီးအကဲ, တပည့်အပြစ်ကိုဝန်ခံပါတယ်...."

"ဒါပေမယ့် ယီလန်ရှင်းတို့အဖွဲ့ပို့လာတဲ့ပစ္စည်းတွေက စံနှုန်းမမှီတာတွေ မဟုတ်ပါဘူး..."

"အကြီးအကဲကြည့်ရင် သိမှာပါ...."

မဟာအကြီးအကဲ သူမအကြည့်နောက် လိုက်ကြည့်လိုက်သည့်အခါ ချက်ချင်းပဲ မိုင်တစ်ထောင်သိမ်းငှက်တွေကို တွေ့လိုက်၏။

သူမမျက်လုံးတွေ ချက်ချင်း တောက်ပလာ၏။

ရှင်းလင်းစွာပင် ဤမိုင်တစ်ထောင်သိမ်းငှက် ၁၀ ကောင်က ဘယ်လောက်တန်ဖိုးကြီးလဲ သူမသိ၏။

တစ်ကောင်မှမပျောက်ပဲ ဒဏ်ရာလည်းမရတာကိုမြင်သည့်အခါ...

အလွန်ပျော်သွားပြီး ကိစ္စတွေကို ခက်ခဲအောင်မလုပ်ချင်တော့ပေ။

သူမက ယုကျီဂျင် နှင့် ဂျန်ဖန်းတို့အဖွဲ့ကို ခွင့်လွတ်ပေးလိုက်သည်။

"တကယ်, ဘာမှမဖြစ်ဘူးပဲ..."

"စိတ်ဝိညာဥ်သားရဲဂိုဏ်းက မိုင်တစ်ထောင်ဝေးတယ်။ ဒီမိုင်တစ်ထောင်သိမ်းငှက်တွေ ခရီးပန်းလာတယ်ဆိုတာ ပုံမှန်ပါပဲ..."

"ရက်အနည်းငယ်အနားယူလိုက်ရင် ပြန်ကောင်းသွားကြပါလိမ့်မယ်...."

"ယုကျီဂျင်, သူ့တို့ကို ချက်ချင်းလက်မှတ်ထိုးပေးပြီး ဂရုစိုက်ပေးလိုက်...."

ယုကျီဂျင် ပျော်သွား၏။

မဟာအကြီးအကဲ ဤသိမ်းငှက်တွေကို ဘာလို့အရမ်းတန်ဖိုးထားနေမှန်း သူမမသိသော်လည်း....

သူမ ဘေးဆိုးကြီးမှ လွတ်မြောက်ပြီဖြစ်သည်။

သူမက သတင်းပို့သည့်စွန်ချောင်ဇောင်ကို လှောင်ပြုံးဖြင့်ကြည့်လိုက်သည်။

ထို့နောက် ကျောက်စိမ်းစာလိပ်ကိုပြန်ကောက်ပြီး နောက်တစ်ကြိမ်မှတ်တမ်းတင်လိုက်၏။

စွန်ချောင်ဇောင် မကျေနပ်ပေ။

သူက ဂျန်ဖန်းကို မကိုင်တွယ်နိုင်လျှင်တောင် ယုကျီဂျင် ဂျန်ဖန်းကို ဤလောက်ထိကူညီနေသည့်အတွက် အပြစ်ပေးခံရသင့်၏။

သူက တင်းမာစွာပြောလိုက်သည်။

"မဟာအကြီးအကဲလင်း, မင်းတို့ဂိုဏ်းရဲ့ တပည့်က ပေါ်တင်ကြီး လာဘ်ထိုးတာကို လက်ခံထားတာ...."

"မင်းသူ့ကို အပြင်းအထန်မပြစ်မပေးရင်, အခြားဂိုဏ်းတွေ ဘယ်လိုမြင်ကြမလဲ...."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ ဘယ်လိုလဲမြင်မလဲ...."

မဟာအကြီးအကဲလင် အခြားဂိုဏ်းတွေ ဘယ်လိုမြင်လဲဆိုတာ ဂရုမစိုက်ပေ။

လူတိုင်းက အတူတူပင်။ မည်သူကမှ အခြားတစ်ယောက်ကို ထုတ်ဖော်မည်မဟုတ်ပေ။

သို့ပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ နားထဲရောက်သွားလျှင် သူမ သတိထားရမည်ဖြစ်သည်။

တစ်ခဏတွေးပြီးနောက်, သူမက သြဇာရှိသည့်အသံဖြင့် ပြောလိုက်သည်။

"ယုကျီဂျင်, မင်းလက်ခံထားတဲ့သလင်းကျောက်တွေပြန်ပေးလိုက်...."

ယုကျီဂျင် ဂျန်ဖန်းကို အခွင့်ကောင်းယူချင်သည့်ရည်ရွယ်ချက်မရှိပေ။

အလျှင်အမြန်ပဲ ပြန်ပေးလိုက်သည်။

သို့ပေမယ့် စွန်ချောင်ဇောင် မကျေနပ်ပဲ ပြောလိုက်သည်။

"ဒါပဲလား...."

မဟာအကြီးအကဲလင်း သူ့ကို စိုက်ကြည့်လိုက်သည်။

"စွန်းချောင်ဇောင်, ဒါက ရမ္မက်ဂိုဏ်းနော်။ ငါ့တပည့်နဲ့ပတ်သက်ပြီး ငါ့မှာ အာဏာအပြည့်ရှိတယ်..."

တော်သင့်ရုံပဲကောင်းတယ်ဟု စောင်းပါးရိပ်ခြေပြောနေတာဖြစ်သည်။

သို့ပေမယ့် စွန်းချောင်ဇောင် ကြောက်မသွားပဲ ပြောလိုက်သည်။

"ဒါဆို, ငါ အခုပဲ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို စာရေးမယ်။ မဟာအကြီးအကဲဖြစ်တဲ့မင်းကလည်း တပည့်တွေကို ကာကွယ်ပေးနေတယ်ဆိုတာ တင်ပြရမယ်..."

နင်...

မဟာအကြီးအကဲလင်းမျက်နှာ ဒေါသထွက်လာ၏။

သို့ပေမယ့် သူမက ဤကိစ္စကို ဂရုတစိုက်ကိုင်တွယ်ရမည်ဖြစ်သည်။

အမှန်တကယ်တင်ပြလိုက်လျှင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက သေချာပေါက် အပြစ်ပေးမည်ပင်။

ယုကျီဂျင် ဒေါသထွက်သွားပြီး ဒူးထောက်ကာ ပြောလိုက်သည်။

"မဟာအကြီးအကဲ, တပည့် အပြစ်ခံယူဖို့ ဆန္ဒရှိပါတယ်..."

သူမက မဟာအကြီးအကဲကို ခက်ခဲအောင် မလုပ်ချင်ပေ။

ထိုအခါမှသာ စွန်းချောင်ဇောင် အောင်ပွဲခံသည့်အပြုံးတစ်ခု ပြုံးလိုက်၏။

မဟာအကြီးအကဲလင်း တွေဝေနေ၏။

နောက်ဆုံးတော့, အံ့ကြိတ်ပြီး အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဂျန်ဖန်း ရှေ့တက်လာ၏။

"မဟာမကြီးအကဲလင်း, ဒီသလင်းကျောက်တွေက မိတ်ဆွေတွေကြားကလက်ဆောင်ပါ။ လာဘ်ထိုးတာမဟုတ်ပါဘူး...."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ အပြစ်ပေးလာရင် ကျွန်တော်,ဂျန်ဖန်း အပြည့်အဝတာဝန်ယူပါတယ်...."

ယုကျီဂျင် သူ့ကိုကူညီသည့်အတွက် ပြဿနာဖြစ်ရတာဖြစ်သည်။ ဘေးကရပ်ကြည့်မနေနိုင်ပေ။

စွန်းချောင်ဇောင် လှောင်ပြောင်လိုက်၏။

"မင်းတာဝန်ယူတယ်?..."

"မင်းကိုယ်မင်းဘယ်သူထင်နေလဲ။ မင်းက တာဝန်ယူနိုင်မှာတဲ့လား...."

သို့ပေမယ့် သူပြောလို့မပြီးသေးခင်...

မဟာအကြီးအကဲလင်း အမူအရာပြောင်းသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"ခဏနေပါအုန်း, မင်းနာမည်က ဘာ?...."

သူမက အစောပိုင်း ဂိုဏ်းချုပ်ညွှန်ကြားချက်ကို သတိရသွားသည်။

All Chapters