မနာလိုဖြစ်ခြင်း
Vol. 20 Ch. 281
ဂျန်ဖန်း ဆွံ့အသွား၏။
ဘယ်လိုလုပ် လူတိုင်းက သူ့ကိုသိနေရသနည်း။
ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"အကြီးအကဲလင်း, မင်းက မြှောက်လွန်းနေပါပြီ။ ငါက တကယ်ပဲ တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်းပါ..."
သို့ပေမယ့် အကြီးအကဲလင်းတုံ့ပြန်မှုက ဂျန်ဖန်းကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။
"ဒီတော့, မင်းကတကယ်ပဲ တိမ်စိမ်းဂိုဏ်းက ဂျန်ဖန်းပေါ့...."
အကြီးအကဲလင်း ကြင်နာစွာပြုံးပြီး သူ့ကို အပေါ်အောက်ကြည့်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်မင်းကို ဒီလောက်ထိတန်ဖိုးထားနေတာ မအံ့သြတော့ပါဘူး။ အခြားအရာတွေမပြောနဲ့အုန်း၊ စောနက မင်းရဲ့တာဝန်ယူမှုနဲ့ဖြောင့်မတ်မှုကကို ချီးကျူးဖို့ထိုက်တန်တယ်...."
အာ....
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်?....
.....
ဒါပေမယ့် ငါသူနဲ့ တစ်ခါမှမဆုံဖူးဘူးလေ...
ဂျန်ဖန်း ပိုလို့တောင် စိတ်ရှုပ်သွားပြီး စိတ်ဝိညာဥ်သားရဲဂိုဏ်းပြန်ရောက်သွားသည်လားဟု ထင်မိ၏။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်း ၉ ဂိုဏ်း၌ ဂုန်ချိုင်းယီတစ်ယောက်သာ သူ့ကို တန်ဖိုးအထားဆုံးဖြစ်သည်။
ဂျန်ဖန်း လုံးဝကို စိတ်ရှုပ်နေခဲ့သည်။
ယုကျီဂျင်လည်း ကြောင်အနေ၏။
ဂိုဏ်းချုပ်က ဂျန်ဖန်းကို တန်ဖိုးထားတယ်?...
သူလို စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်ကို တန်ဖိုးထားတယ်?.....
ယီလန်ရှင်း, ချင်ချိုင်ဟီနှင့် ချူရှင်းမန်တို့ စိတ်ရှုပ်စွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
မဖြစ်နိုင်တာ?...
ဂျန်ဖန်းက ရမ္မက်ဂိုဏ်းမှ ယွဲ့မင်ကျူးဆိုသည့်အမျိုးသမီးတပည့်တစ်ယောက်သာ ကယ်ဖူးပြီး ယခု သူ့ကို အလွန်အလေးထားနေခဲ့သည်။
"ယုကျီဂျင်, နင်ဘာစောင့်နေတာလဲ။ မြန်မြန် သခင်လေးဂျန်တို့တာဝန်ကို လက်မှတ်ထိုးပေးလိုက်...."
"ဂိုဏ်းချုပ်က သူ့ကိုတွေ့ဖို့ စောင့်နေတယ်..."
ဘာ?...
ဂိုဏ်းချုပ်က ဂျန်ဖန်းကို တွေ့ချင်နေသည်လား...."
ယုကျီဂျင် ဘာပြောရမှန်းမသိဖြစ်သွားပြီ အလျှင်အမြန်ပြောလိုက်သည်။
"ကျွန်မအပြစ်ဒဏ်ကကော...."
အကြီးအကဲမင် သူမကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။
"နင်က သခင်လေးဂျန်ကို ကူညီတာပဲ, ဘာလို့ အပြစ်ပေးရမှာလဲ...."
ပြောပြီးနောက် အကြီးအကဲလင် သူမအိတ်ထဲမှ ဆေးတစ်လုံးထုတ်ယူလိုက်သည်။
"ယူလိုက်, ဒါက သခင်လေးဂျန်ကိုဂရုစိုက်ပေးလို့ မင်းအတွက်ဆုလာဘ်ပဲ...."
ယုကျဂျင် အံ့အားသင့်နေ၏။
ပုလင်းဖွင့်ကြည့်လိုက်သည့်အခါ အထဲကအရာကြောင့် သူမကြောင်သွား၏။
"ပျော်ရွင်ခြင်းဆေးလုံး..."
သူမချက်ချင်းပဲ ပျော်ရွင်သည့်အမူအရာ ပြသလာ၏။
"ကျေးဇူးတင်ပါတယ်, အကြီးအကဲလင်း, မင်းရဲ့ဆလာဘ်အတွက် ကျေးဇူးတင်ပါတယ်...."
ပတ်ပတ်လည်ရှိ ရမ္မက်ဂိုဏ်းတပည့်တွေ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
"ဘယ်လိုဟာသကြီးလဲ။ ဒါက အရမ်းထူးချွန်တဲ့တပည့်တွေကိုပဲ ပေးတာမလား..."
"ငါတို့ရဲ့စီနီယာအကိုကြီးရှဲတောင် တစ်နှစ်မှ တစ်လုံးပဲရတာ..."
"ယုကျီဂျင်က ဂျန်ဖန်းကို နည်းနည်းလေးကူညီရုံနဲ့ တစ်လုံးရသွားတယ်...."
"ဒါက မမျှတလွန်းဘူးမဟုတ်လား...."
ဤမြင်ကွင်းက စွန်းချောင်ကျောင်းကို ဒေါသထွက်သွားစေခဲ့သည်။
ယုကျီဂျင် အပြစ်ပေးမခံရသည့်အပြင်, ဂျန်ဖန်းကိုကူညီသည့်အတွက် အံ့အားသင့်ဖွယ်ဆုလာဘ်လည်း ရလိုက်သေး၏။
သူက ဒေါသတကြီး ပြောလိုက်သည်။
"အကြီးအကဲလင်း, ငါ ခုချက်ချင်းစာရေး..."
သို့ပေမယ့် အကြီးအကဲလင်း, သူ့ကို တိုက်ရိုက်ပဲ ဖြတ်ပြောလိုက်သည်။
"မင်းရေးချင်တာရေးလို့ရတယ်...."
သူမက ဂိုဏ်းချုပ်နှင့် ဆယ်စုနှစ်များစွာနေလာခဲ့တာဖြစ်သည်။
ဤအရာက ဂိုဏ်းချုပ် တစ်စုံတစ်ယောက်ကို အရမ်းဂရုတစိုက်ရှိတာ သူမ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။
ထို့ကြောင့်, ယနေ့ သူမဂျန်ဖန်းကို ဘယ်လောက်ပဲကာကွယ်ကာကွယ် ဂိုဏ်းချုပ်က သူမကို ထောက်ခံပေးမည်ဖြစ်သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ အပြစ်ပေးလျှင်တောင် ဂိုဏ်းချုပ်က သူမကို ကာကွယ်ပေးမည်ဖြစ်သည်။
မည်သည့်တိုင်ကြားမှုကိုမှ စိုးရိမ်စရာမလိုတော့ပေ။
စွန်းချောင်ဇောင် လက်သီးဆုပ်လိုက်သည်။
အကြီးအကဲလင် ဂျန်ဖန်းကို ဘာကြောင့်အရမ်းကာကွယ်နေရလဲ သူနားမလည်နိုင်တော့ပေ။
မနေနိုင်ပဲ ခပ်အုတ်အုတ်အသံဖြင့်ပြောလိုက်သည်။
"ဒီတော့ဘာဖြစ်လဲ, ငှက်လေးအနည်းငယ်ပို့တာကို ကြီးကြီးကျယ်ကျယ်လုပ်နေတယ်...."
"ဒီလောက်အရေးပေးခံရဖို့တန်လို့လား..."
ထိုအခိုက်အတန့်၌....
ယုကျီဂျင် ပျော်ရွင်မှုအပြည့်ဖြင့် မှတ်တမ်းတင်ပြီးသွားပြီဖြစ်သည်။
သူမက စိတ်လှုပ်ရှားနေခဲ့သည်။
"ဂျန်ဖန်း၊ ယီလန်ရှင်း၊ ချင်ချိုင်းဟီ နဲ့ ချူရှင်းမန်တို့ ယူလာတဲ့ဒီတာဝန်က အဆင့် ၁ တာဝန် ပဲ....."
မှတ်တမ်းတင်နေတုန်း ယုကျီဂျင် မိုင်တစ်ထောင်သိမ်းငှက်တွေကို တစ်ချက်သာ အံ့အားသင့်စွာကြည့်လိုက်သည်။
ဤသိမ်းငှက်တွေ၏တန်ဖိုးက သူမမျှော်လင့်ထားထက် ကျော်လွန်နေခဲ့သည်။
သို့ပေမယ့်....
တာဝန်အကျိုးပြုမှတ်အတွက် မှတ်တမ်းတင်ချိန်မှာတော့ သူမ နေရာမှာပဲ ချက်ချင်းတောင့်တင်းသွားခဲ့သည်။
"အကျိုးပြုမှတ် လေး...လေးရာ..."
ဘာ?...
"ဘယ်လောက်? ၄၀၀ ဟုတ်လား? မဖြစ်နိုင်တာ...."
စွန်ချောင်ဇောင် လုံးဝမယုံနိုင်ဖြစ်နေ၏။
"သာမန် အဆင့် ၁ တာဝန်က အကျိုးပြုမှတ် ၁၀၀ ပဲရတာ..."
"အခက်ဆုံးဆိုတဲ့ ထိပ်တန်း အဆင့် ၁ တာဝန်တွေတောင် အကျိုးပြုမှတ် ၂၀၀ ပဲရတယ်..."
"ဘယ်လိုလုပ် ၄၀၀ ဖြစ်နိုင်မှာလဲ...."
ယုကျီဂျင် သူမမျက်လုံးကိုပွတ်သပ်ကာ ကျောက်စိမ်းစာလိပ်လေးခုကို ဂရုတစိုက်စစ်ဆေးပြီး သူမမမှားကြောင်း အတည်ပြုလိုက်သည်။
ထို့နောက် အခိုင်အမာပြောလိုက်သည်။
"ဒါ တကယ် ၄၀၀ ပဲ....."
ထိုအခိုက်အတန့်၌...
အကြီးအကဲလင်း မတည်မငြိမ်ဖြစ်လာပြီး မယုံသင်္ကာအမူအရာဖြင့် ရှေ့တက်လာခဲ့သည်။
"ငါ့ကိုပြစမ်း..."
ကျောက်စိမ်းစာလိပ်လေးခုကို ယှဥ်ကြည့်လိုက်သည့်အခါ သူမမျက်နှာ၌ တုန်လှုပ်သည့်အမူအရာတွေ ပြသလာ၏။
"တကယ် အကျိုးပြုမှတ် ၄၀၀ ပဲ...."
"ဒီတာဝန်ကိုယ်တိုင်ကကို ခက်ခဲတဲ့ထိပ်တန်းအဆင့် ၁ တာဝန်ဖြစ်ပြီး ဆုလာဘ်က အကျိုးပြုမှတ် ၂၀၀တဲ့...."
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကလည်း စိတ်ဝိညာဥ်သားရဲဂိုဏ်းက တာဝန်တွေအတွက် ဆုလာဘ်ကို နှစ်ဆပေးထားတယ်..."
"ဒါ့ကြောင့် တာဝန်အတွက် အကျိုးပြုမှတ်က ၄၀၀ ဖြစ်သွားတာ...."
ဤပြောကြားချက်က ရှိနေသည့်လူတွေကြား အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။
မနာလိုသည့်မျက်လုံးတွေနှင့် ဂျန်ဖန်းတို့အဖွဲ့ကို စိုက်သည့်နေကြသည်။
ဆွေးနွေးငြင်းခုန်မှုက ပြင်းထန်နေခဲ့သည်။
"ပထမအဆင့် တာဝန်လေးခုနဲ့ ညီမျှတဲ့ တာဝန်ပြီးသွားတယ်..."
"သူတို့က ထိပ်ဆုံးကို တစ်လှမ်းထဲနဲ့ ရောက်သွားတာပဲ..."
"ဂျန်ဖန်းနဲ့ ဒီအမျိုးသမီးနှစ်ယောက်က တကယ်ကံကောင်းတာပဲ..."
"ယီလန်ရှင်းကို တွယ်ကပ်ပြီး အလကားအကျိုးပြုမှတ် ၄၀၀ ရသွားတယ်...."
"သူတို့ ဒီလောက်များတဲ့ဆုတွေရတာ မြင်ရတာ ငါ့ကို တကယ်နာကျင်စေတယ်...."
ယုကျီဂျင်တောင် မနေနိုင်ပဲ မနာလိုဖြစ်နေခဲ့သည်။
သူမနှုတ်ခမ်းကို အနည်းငယ်ကိုက်ပြီး ပြောလိုက်သည်။
"လန်ရှင်း, ဒီလိုကိစ္စကောင်းမျိုးကြ ငါ့ကိုဘာလို့မေ့နေတာလဲ...."
"ယောက်ျားပေါ်ပဲ အာရုံစိုက်နေတယ်..."
"အပေါ်ယံညီမ, နင်နဲ့ငါပြတ်ပြီ...."
စွန်းချောင်ဇောင် အတော်လေးခါးသီးမှုကို ခံစားလိုက်ရသည်။
တာဝန်ဆုလာဘ်က အမှန်ဖြစ်နေခဲ့သည်။
ပိုဆိုးတာက အကျိုးခံစားခွင့်ရှိသူက အမှိုက်ကောင်ဟု ခေါ်သည့်ဂျန်ဖန်းဖြစ်နေခဲ့သည်။
သူက ဂျန်ဖန်းကို စူးစူးရဲရဲကြည့်လိုက်သည်။
"မိန်းမထမိန်နားခိုစားတဲ့ကောင်..."
"တိမ်စိမ်းဂိုဏ်းက မင်းလို အမှိုက်တွေနဲ့ ပြည့်နေတာ...."
သို့ပေမယ့်....
ထိုအချိန်မှာပဲ အကြီးအကဲလင်းမျက်နှာ အံ့အားသင့်သည့်အမူအရာ ပြသလာ၏။
သူမက ယုံကြည်ဖို့ခက်နေခဲ့သည်။
"တာဝန်ဦးဆောင်သူ...ဂျန်ဖန်း...."
"သခင်လေးဂျန်, နင်... နင်က သူတို့ခေါင်းဆောင်ပေါ့...."
သူမတောင် အစောပိုင်း၌ ယီလန်ရှင်းက တာဝန်ခေါင်းဆောင်ဟု ထင်ခဲ့၏။
ဂျန်ဖန်းနှင့် အခြားအမျိုးသမီးနှစ်ယောက်က အကူလိုက်ပါတာဟု ထင်ခဲ့သည်။
သို့ပေမယ့် ကျောက်စိမ်းစာလိပ်အရ အကြောင်းအရာက ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
ချူရှင်းမန်မျက်နှာနီရဲသွားပြီ, ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ငါက မြင့်မြတ်ဂိုဏ်းကတည်းက စီနီယာအကိုဂျန်နဲ့ တစ်ဖွဲ့တည်းပါ..."
"ငါတို့က တတိယအဆင့်တာဝန်နဲ့ စခဲ့ကြတာ...."
"စီနီယာအကိုဂျန်ရဲ့ ဦးဆောင်မှုကို ကျေးဇူးတင်ရမယ်။ အရှက်မရှိနဲ့ ဒီထိပ်တန်းအဆင့် ၁ တာဝန်မှာ သူ့နောက်က လိုက်လာခဲ့တာ....."
"ငါက အကျိုးပြုမှတ် ၄၀၀ နဲ့မထိုက်တန်ပါဘူး...."
ချင်ချိုင်းဟီလည်း မျက်နှာနီရဲနေပြီး ပြောလိုက်သည်။
"ငါကလည်း အခြေခံတည်ဆောက်ခြင်း အဆင့် ၅ ပဲရှိပြီး အဆင့် ၁ တာဝန်ယူဖို့ အရည်အချင်းမပြည့်မှီပါဘူး....."
"ဒါပေမယ့် ဂျူနီယာမောင်လေးဂျန်က သဘောကောင်းပြီး ငါ့ကို အဖွဲ့ထဲခေါ်ခဲ့တယ်...."
ယီလန်ရှင်းလည်း အနည်းငယ် ရှက်နေ၏။
သူမက အနည်းငယ်ချောင်းဟန့်ပြီး ပြောလိုက်သည်။
"ငါမှာ ကျင့်ကြံရေးအချို့ရှိပေမယ့်, လမ်းတစ်လျှောက်အန္တရာယ်တွေကို ဂျူနီယာမောင်လေးဂျန်တစ်ယောက်ထဲပဲ ကိုင်တွယ်ခဲ့တာ...."
"ငါ့ကျင့်ကြံရေးက အသေးအဖွဲ့လေးပါ။ ငါတို့က လှည်းမောင်းရုံပဲ မောင်းလာကြတာ...."
"ရှက်စရာပါပဲ, ရှက်စရာပါပဲ...."
လူတိုင်း ကြောင်အသွားကြ၏။
သူတို့က ပထမအမျိုးသမီးနှစ်ယောက်၏ စကားတွေကို လက်ခံနိုင်သေး၏။
သို့ပေမယ့် သူတို့ကို တုန်လှုပ်သွားစေတာက....
စိတ်ဝိညာဥ်သားရဲဂိုဏ်း ပါရမီရှင် ယီလန်ရှင်းလည်း ဂျန်ဖန်း အကူပဲလား?....
ဒါဆို, ဂျန်ဖန်းက ဘယ်လောက်တောင်သန်မာတာလဲ?....
ဤအမှိုက်ကောင်ဟုနာမည်ကြီးသည့် တပည့်က ထိုမျှလောက်အားကောင်းတာ မယုံနိုင်ဖြစ်နေကြ၏။
အကြီးအကဲလင်းတစ်ယောက်သာ သံသယမရှိပေ။
အဘယ်ကြောင့်ဆိုသော်, သူမက ဂိုဏ်းချုပ် စီစဥ်မှုကို ယုံကြည်သောကြောင့်ပင်။ သူမက အမှိုက်တပည့်တစ်ယောက်ကို သဘောကျမည်မဟုတ်ပေ။
ဤဂျန်ဖန်းဆိုသည့်တပည့်က ထူးခြားသည့်ပါရမီရှိရမည်ပင်။
"သခင်လေးဂျန်, မင်းစွမ်းအားက တကယ် မှတ်သားလောက်စရာပဲ။ ငါမင်းကို လျော့တွက်မိပြီ...."
စွန်းချောင်ဇောင် နားထောင်နေပြီး စိတ်ပျက်သွား၏။
ဤတိမ်စိမ်းဂိုဏ်းအမှိုက်က တာဝန်ခေါင်းဆောင်ဖြစ်နေတာကို လက်မခံနိုင်ပေ။
အထင်သေးသည့်အကြည့်ဖြင့် ပြောလိုက်သည်။
"ဘာကို မှတ်သားလောက်တဲ့စွမ်းအားလဲ...."
"သူတို့ကံကောင်းပြီး အန္တရာယ်မတွေ့ခဲ့တာပဲနေမှာ...."
ယုကျီဂျင် ဒေါသတကြီးမျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"နင်ကပဲ အန္တရာယ်ကြီးနဲ့ တွေ့ခဲ့သလိုလိုနဲ့...."
ဟ...
စွန်းချောင်ဇောင် အေးစက်စက်ရယ်ပြီး ပြောလိုက်သည်။
"ဒါပေါ့, လူတိုင်း အမှိုက်ကောင်ဂျန်ဖန်းလို ကံမကောင်းကြဘူး....."
"ငါတို့လာတဲ့လမ်းမှာ, တစ်ကိုယ်လုံးလျှပ်စီးတွေထုတ်လွတ်နေတဲ့ ငှက်ကြီးတစ်ကောင် တွေ့ခဲ့တယ်..."
"ငါ့အဖော်နှစ်ယောက် သေသွားပြီး တာဝန်ပစ္စည်းတွေကို ကာကွယ်နိုင်ရုံပဲ ကာကွယ်နိုင်ခဲ့တာ..."
လူတိုင်း နိုးနိုးကြားကြားဖြစ်သွား၏။
စွန်ချောင်ဇောင်၏ ရုပ်ခန္ဓာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ နှင့်ညီမျှပြီး သူနှင့်အဖွဲ့ဖွဲ့သည့်တစ်စုံတစ်ယောက်က အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ရှိမည်ပင်။
သူတို့အားလုံး အသတ်ခံရတာက ငှက်ဘယ်လောက်စွမ်းအားကြီးလဲ ပြသနေတာဖြစ်သည်။
စွန်ချောင်ဇောင်အသက်ရှင်မှုကကို အံ့ဖွယ်ဖြစ်ရပ်ဖြစ်နေပြီဖြစ်သည်။
ယှဥ်ကြည့်လျှင် ဂျန်ဖန်းတိုအဖွဲ့၌ ထိပ်တန်းကျွမ်းကျင်သူမပါပဲ ပစ္စည်းတွေကိုခြစ်ရာမရှိပို့နိုင်ခဲ့သည်။
အတော်ကံကောင်းမှုပင်။
ယုကျီဂျင် သူမပါးစပ်ကို တွန့်ဆုတ်စွာ ပိတ်လိုက်ပြီး ရှက်သွား၏။
ဂျန်ဖန်းနှင့် သူ့အဖွဲ့အတွက် ပြောပေးရာ သူမပဲ အပြင်းအထန် ပြန်ပက်ခံလိုက်ရ၏။
ဂျန်ဖန်း နောက်ထပ်ငြင်းခုံဖို့ စိတ်မဝင်စားပဲ ပြောလိုက်သည်။
"စီနီယာအမယု, ကျေးဇူးပြုပြီး မိုင်းတစ်ထောင်သိမ်းငှက်တွေကို စစ်ပေးပါအုန်း...."
ယုကျီဂျင် ခေါင်းညိတ်လိုက်၏။ သူမက ချက်ချင်းပဲ တပည့်အနည်းငယ်နှင့် သိမ်းငှက်တွေခြေထောက်မှ ချိန်ကြိုးတွေကို ဖယ်ရှားဖို့သွားလိုက်သည်။
ရုတ်တရက်....
သူမက လှည်းနှင့်တောင်မဆန့်သည့် ဧရာမလက်သည်းကြီးကို မြင်လိုက်သည်။
သိချင်စွာဖြင့်, ဆွဲထုတ်ကြည့်လိုက်သည့်အခါ သူမအရပ်ထက် နှစ်ဆလောက်ရှိနေခဲ့သည်။
ဆွံ့အစွာဖြင့် မေးလိုက်သည်။
"ကြီး....ကြီးလှကြီလား..."
"ဂျူနီယာမောင်လေးဂျန်, ဒီလက်သည်းက ဘယ်လိုကြောက်စရာကောင်းတဲ့သားရဲဆီကလဲ...."