ရမ္မက်ဂိုဏ်းချုပ်နှင့်တွေ့ဆုံခြင်း
Vol. 20 Ch. 282
လူတိုင်း အံ့အားသင့်နေကြ၏။
သူတို့က ရှေ့တက်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားကြ၏။
အကြီးအကဲလင်း မနေနိုင်ပဲ လှုပ်ရှားသွားပြီး ဂရုတစိုက်စစ်ဆေးလိုက်သည်။
"ဒါ ငှက်လက်သည်းနဲ့တူတယ်...."
"ပြီးတော့, အဲ့ငှက်ခန္ဓာကိုယ်က အနည်းဆုံး ဇန် ၂၀ လောက် ရှည်လောက်တယ်...."
"အဲ့လိုအရွယ်အစားရောက်ဖို့ဆို အနည်းဆုံး အမြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်ရမယ်...."
ပြောပြီးနောက် သူမက ဂျန်ဖန်းကို အံ့အားသင့်စွာဖြင့်ကြည့်ပြီး မေးလိုက်သည်။
"မင်း ဒီလက်သည်း ဘယ်ကရတာလဲ...."
ယီလန်ရှင်း စွန်းချောင်ဇောင်ကို တစ်ချက်ကြည့်ပြီး ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"ဘယ်ကရရမှာလဲ...."
.....
"သေချာပေါက် စွန်ချောင်ဇောင်တို့ကို တိုက်ခိုက်တဲ့ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ဆီက ဖြတ်လာတာပေါ့....."
"ငါတို့က စွန်ချောင်ဇောင်တို့လို အဖွဲ့ဝင်နှစ်ယောက်ဆုံးရှုံးပြီး ကြောက်လန့်တကြားပြေးလာရတာမဟုတ်ဘူး...."
"ပြီးတော့ မသေရုံတမယ်ပြေးလာနိုင်တာလေးကို သေချာပေါက် ဂုဏ်ယူဝင့်ကြွားပြီး ပြောမှာမဟုတ်ဘူး...."
သူမက ချက်ချင်းပဲ သူမ၏ပိတ်လှောင်ထားသည့် ဒေါသတွေကို ထုတ်လွတ်လိုက်သည်။
ချင်ချိင်းဟီနှင့် ချူရှင်းမန်လည်း အတော်ကျေနပ်နေခဲ့သည်။
ထိုကောင်က တစ်လျှောက်လုံး သူမတို့ကို လှောင်ပြောင်နေပြီး ယခုတော့ သူနှင့်ထိုက်တန်သည့်အပြစ်ဒဏ်ကို ရသွားပြီဖြစ်သည်။
"အဓိပ္ပာယ်မရှိတာ, ငါတို့ကိုတိုက်ခိုက်တဲ့ငှက်က မယုံနိုင်လောက်အောင်စွမ်းအားကြီးတာ...."
"မင်းတို့ လက်သည်းဖြတ်ပြီး အသက်ရှင်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....."
စွန်းချောင်ဇောင် ဒေါသတကြီးရယ်လိုက်သည်။
သူက သေချာပေါက် မယုံပေ။
ချင်ချိုင်းဟီ အထင်မြင်သေးစွာ ပြောလိုက်သည်။
"နင်ပြောတဲ့ငှက်က တစ်ကိုယ်လုံးမှာ လျှပ်စီးတွေ ထုတ်လွတ်နေတယ်မလား....."
"ဒါဆို အဲ့တာက ငါတို့တွေ့ခဲ့တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကြီးပဲ...."
"သူ့လက်သည်းကို ဂျူနီယာမောင်လေးဂျန်က ဖြတ်ခဲ့ပြီး ဒဏ်ရာလည်း ရသွားစေခဲ့တယ်..."
ယုကျီဂျင် ထိုအရာကို ကြားသည့်အခါ တုန်လှုပ်သွား၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ မှာရှိသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်?...
စွန်ချောင်ဇောင်မယုံတာကို မပြောလိုသေးပေ။ တစ်ဖက်တည်းဖြစ်သည့် သူမတောင် မယုံနိုင်ဖြစ်နေခဲ့သည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် ၅ သားရဲဘုရင်တစ်ကောင်၊ အထူးသဖြင့် ပျံသန်းနိုင်သည့်အကောင်၊ သူမတို့ဂိုဏ်းအကြီးအကဲတွေတွေ့လျှင်တောင် မနည်းရင်ဆိုင်ရမည်ဖြစ်သည်။
သို့ပေမယ့် လက်သည်းကျိုးကိုကြည့်ပြီး သူမမျက်ခွံ့တွေကျုံ့သွား၏။
"ဒီလက်သည်း.... တကယ်ကို ဓားနဲ့ဖြတ်ခံထားရတာပဲ..."
လူတိုင်း ကြည့်လိုက်ပြီး ပင့်သက်ရှိုက်လိုက်ကြသည်။
ပိုင်းဖြတ်ရာအလွန်ချောမွတ်နေပြီး အဖုအထစ်အနည်းငယ်မှ မရှိပေ။
ထိုအရာက အမှန်တကယ်ဖြတ်ခံထားရတာ ဖြစ်သည်။
လူတိုင်းတုန်လှုပ်နေစဥ် ချူရှင်းမန် ကြေးခွံနီရေနတ်ဆိုးနဂါးမှရသည့် ကြီးမားသည့်အထုပ်ကြီးတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါကိုလည်း စီနီယာအကိုဂျန်ပဲ သတ်ခဲ့တာ။ ဒီကောင်ကအရမ်းကြမ်းကြုတ်တာ...."
အကြီးအကဲလင်ကြည့်လိုက်သည့်အခါ, နောက်တစ်ကြိမ် အမူအရာပြောင်းသွား၏။
"နောက်ထပ်သားရဲဘုရင်တစ်ကောင်, ဒါက ရေနဂါးတစ်ကောင်ပဲ...."
ဟစ်....
သူမက ဂျန်ဖန်းကို မယုံကြည်နိုင်သည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းတို့လမ်းမှာ အန္တရာယ်ဘယ်လောက်များများ တွေ့ခဲ့တာလဲ...."
"မင်းတို့အားလုံး လုံလုံခြုံခြုံရောက်လာရုံတင်မဟုတ်ဘူး, မိုင်တစ်ထောင်သိမ်းငှက်တွေကိုလည်း ဒဏ်ရာမရအောင်ထိန်းသိမ်းနိုင်ခဲ့တယ်....."
ချင်ချိုင်ဟီ ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင်, ဒီမိုင်တစ်ထောင်သိမ်းငှက်တွေက ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကြောင့် ကြောက်လန့်ကုန်တာ...."
လူတိုင်း အလွန်တုန်လှုပ်သွားကြသည်။
သူတို့က စွန်ချောင်ဇောင်အတွေ့အကြုံက လုံလောက်အောင်အထင်ကြီးစရာကောင်းသည်ဟု ထင်ခဲ့၏။
သို့ပေမယ့် ယခု ဂျန်ဖန်းတို့ခရီးက အမှန်တကယ် အထင်ကြီးစရာကောင်းတာကို နားလည်လိုက်သည်။
ရေနေသားရဲဘုရင်နှင့်တွေ့တော့ သားရဲဘုရင်ကို သတ်လိုက်ကြသည်။
ကောင်းကင်ရှိ ကြမ်းကြုတ်သည့်ငှက်ကိုတော့, ကြမ်းကြုတ်သည့်ငှက်နှင့် တိုက်ခိုက်ခဲ့သည်။
ခရီးတစ်ခုလုံး အကုန်ရှင်းထုတ်လာခဲ့သလိုဖြစ်ပြီး ရမ္မက်ဂိုဏ်းကို အောင်အောင်မြင်မြင်ရောက်လာခဲ့သည်။
ဂိုဏ်း ၉ ဂိုဏ်းတပည့်ကြီးတွေတောင် ထိုကဲ့သို့လုပ်နိုင်မည်ဟု အာမမခံနိုင်ပေ။
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ကံကောင်းသွားတာပါ...."
ကံကောင်းတယ်?....
မည်သူက ထိုအရာကို ယုံမည်နည်း။
ကြေးခွံနီရေနတ်ဆိုးနဂါးကို တစ်ယောက်တည်းသတ်ခဲ့သည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် ၅ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ခြေသည်းဖြတ်ခဲ့သည်။
လုံလောက်သည့်ခွန်အားမရှိပဲ ဤကဲ့သို့ အောင်မြင်မှုမျိုးရဖို့ မဖြစ်နိုင်ပေ။
အကြီးအကဲလင်း မျက်လုံးတွေ၌ သဘောကျမှုတွေအပြည့်ပင်။
ဂိုဏ်းချုပ်က အနည်းငယ်ကလေးဆန်သော်လည်း သူမ၏ထက်ရှသည့်မျက်လုံးက မဟာအကြီးအကဲဖြစ်သည့်သူမကို လက်ခံယုံကြည်စေ၏။
"သခင်လေးဂျန်, ဒီလက်သည်းကို မင်းကိုယ်တိုင်သုံးမှာလား၊ ဒါမှမဟုတ် ရောင်းမှာလား...."
"မင်းရောင်းဖို့ဆန္ဒရှိရင်, ငါတို့ရမ္မက်ဂိုဏ်းက ဝယ်ချင်ပါတယ်....."
ဤပစ္စည်းက သေချာပေါက် နတ်ဘုရားလက်နက်သန့်စင်ရာ၌ ထိပ်တန်းကုန်ကြမ်းပင်။
ဂျန်ဖန်းပြောတော့မည့်အချိန်မှာပဲ, ယုကျီဂျင်၏တိတ်တဆိတ်အကြည့်ကြောင့် ရပ်တန့်လိုက်သည်။
ဂျန်ဖန်းနားလည်သွားပြီး ပြောလိုက်သည်။
"ကျွန်တော် ဒါကို အခုတော့ မရောင်းသေးပါဘူး...."
အကြီးအကဲလင် စိတ်ပျက်သည့်အမူအရာဖြစ်သွားပြီး ပြောလိုက်သည်။
"ကောင်းပြီလေ, ဒါဆိုလည်း ဂိုဏ်းချုပ်ကို အရင်သွားတွေ့ရအောင်..."
ဂျန်ဖန်း ခေါင်းညိတ်ပြီး အကြီးအကဲလင်းနောက်မှနေ၍ ရမ္မက်ဂိုဏ်းဆီသို့ လိုက်လာခဲ့သည်။
ယုကျီဂျင် လိုက်လာပြီး အကြီးအကဲလင်း သတိမထားမိခင် သူ့နားနား ကပ်ပြီး တီးတိုးပြောလိုက်သည်။
"ဒါကို ငါတို့ဂိုဏ်းမရောင်းနဲ့....."
"ဒီနေ့ည ကုန်သွယ်ရေးတွေ့ဆုံပွဲတစ်ခုရှိလိမ့်မယ်။ အဲ့ဒီမှာ ဂိုဏ်းအသီးသီးက ပါရမီရှင်တပည့်တွေ သူတို့တိုက်ပွဲရပစ္စည်းတွေ လှဲလှယ်ကြလိမ့်မယ်....."
"အရင်ဆုံးအဲ့သွားပြီး နင်လိုချင်တဲ့ပစ္စည်းရှိမရှိကြည့်လိုက်။ ပြီးမှ ရောင်းမရောင်းဆုံးဖြတ်ပေါ့...."
ဂျန်ဖန်း မျက်လုံးတွေ တောက်ပသွား၏။
ဤနေရာကိုလာသည့် ဂိုဏ်းအမျိုးမျိုးမှတပည့်တွေ၌ ဆုလာဘ်အချို့ရှိရမည်ပင်။ အချို့ဆို ကံကောင်းပြီး ရတနာတွေတောင် တွေ့ခဲ့နိုင်၏။
ခြေသည်းကိုရောင်းတာထက်, သူကြိုက်သည့်ပစ္စည်းနှင့် လဲလှယ်တာပိုကောင်း၏။
သူက ကျေးဇူးတင်သည့်အမူအရာပြလိုက်သည်။
ထို့နောက် အကြီးအကဲလင်းနောက်မှ မြူအုပ်ဆိုင်းနေသည့် ရမ္မက်ဂိုဏ်းထဲကို လိုက်သွားခဲ့သည်။
ယုကျီဂျင် ဂိုဏ်းဂိတ်တံခါးကို ပြန်ရောက်လာပြီး လှည်းတွေစုးစည်းနေသည့် ယီလန်ရှင်းကိုကြည့်လိုက်သည်။
ထို့နောက် နှုတ်ခမ်းဆူပြီး ဒေါသတကြီးလျှောက်သွားကာ လက်မောင်းကို ထိုးလိုက်သည်။
"အ, နင်ဘာဖြစ်တာလဲ...."
ယီလန်ရှင်း မပြင်ဆင်လိုက်ရသည့်အတွက် နာကျင်စွာ အော်လိုက်ရသည်။
ယုကျီဂျင် မကျေမနပ်ဖြစ်နေ၏။
"ငါထင်မထားဘူး။ နင်က အမြဲမောက်မာပြီး တစ်သီးတစ်ခြားနေခဲ့တာ။ ယောက်ျားတွေကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး...."
"ဒါပေမယ့် ယောက်ျားရှာတဲ့နေရာမှာ ငါ့ထက်တောင်တော်သားပဲ....."
"တော်တယ်, ယီလန်ရှင်း...."
ယီလန်ရှင်း ဒေါသလည်းထွက် ရယ်လည်းရယ်ချင်သွား၏။
"နင်ရူးသွားပြီလား....'
"ငါက ဘယ်လိုလုပ် ဂျူနီယာမောင်လေးဂျန်နဲ့ ထိုက်တန်မှာလဲ...."
"သူ့ကိုကြည့်လိုက်, ပတ်ပတ်လည်မှာ မိန်းခလေးတွေဝိုင်းဝိုင်းလည်နေတာ...."
ယုကျီဂျင် ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့ကို တစ်ချက်ကြည့်လိုက်သည်။
တစ်ယောက်က ရိုးရိုးယဥ်ယဥ်လှပြီး နောက်တစ်ယောက်က သန့်စင်ပြီး ချစ်စရာကောင်း၏။
ယီလန်ရှင်းထက် မလျှော့ပေ။
"ဒါအမှန်ပဲ။ သူ့လိုထူးချွန်တဲ့ယောက်ျားတစ်ယောက်က မိန်းခလေးရှားမှာဟုတ်ဘူး...."
ထို့နောက် သူမ မျက်လုံးလှန်ပြီး ပြောလိုက်သည်။
"ဒါပေမယ့် တစ်ဖက်ကကြည့်ရင် ငါလည်း သိပ်မဆိုးဘူး, ဟုတ်တယ်မလား..."
"နင် ငါ့ကိုမိတ်ဆက်ပေးပါလား...."
ယီလန်ရှင်း အကူအညီမဲ့စွာ လက်ဖြန့်ပြလိုက်သည်။
"နင့်မှာ အခွင့်အရေးမရှိဘူး..."
"မိန်းမတွေနဲ့ပတ်သက်ပြီး သူ့ရဲ့စန်းကို နင်ဘာမှနားမလည်ပါဘူး...."
"ချောက်ထဲဆင်းတာတောင်,ပြန်တက်လာတော့ မယုံနိုင်လောက်အောင်လှတဲ့မိန်းခလေးတစ်ယောက်သယ်လာတယ်...."
"ငါ လက်လျော့လိုက်ပြီ...."
ထိုအရာကိုတွေးမိတော့ သူမညည်းတွားချင်စိတ်သာဖြစ်တော့၏။
ယုကျီဂျင် သူမကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။
"နင် ငါ့ကို ပုံပြင်တွေပြောနေတာလား...."
ယီလန်ရှင်း နှာမှုတ်လိုက်သည်။
"ငါလည်း ပုံပြင်ဖြစ်ဖို့ မျှော်လင့်တယ်..."
"ဒါပေမယ့် အဲ့တာက အမှန်တရားပဲ..."
"စကားမစပ်, အဲ့မိန်းခလေးက နင့်တို့ဂိုဏ်းကပဲ..."
ဟမ်?....
ယုကျီဂျင် အံ့အားသင့်သွား၏။
"ငါတို့ဂိုဏ်းကတပည့်? သူမနာမည်က ဘာတဲ့လဲ။ ဒီလိုဆန်းကြယ်တဲ့ကိစ္စမျိုး ငါမယုံဘူး..."
ယီလန်ရှင်း ပြန်ပြောလိုက်သည်။
"သူမနာမည်က ယွဲ့မင်ကျူးတဲ့...."
ယုကျီဂျင် ပြတ်ပြတ်သားသားပြောလိုက်သည်။
"သူမက ငါတို့ဂိုဏ်းတပည့်မဟုတ်ဘူး...."
"ငါ ဂိုဏ်းထဲမှာရှိတဲ့ အမျိုးသမီးတပည့်အားလုံးကိုသိတယ်။ ယွဲ့မင်ကျူးနာမည်နဲ့ တစ်ယောက်မှမရှိဘူး...."
အာ....
ယီလန်ရှင်း ကြောင်အသွား၏။
ချင်ချိုင်းဟီနှင့် ချူရှင်းမန်တို့လည်း ရောက်လာကြပြီး အံံအားသင့်နေကြသည်။
ချင်ချိုင်းဟီ ပြောလိုက်သည်။
"ဒါပေမယ့် သူမနာမည်က တကယ် ယွဲ့မင်ကျူး။ နင်တို့ဂိုဏ်းတပည့်ကြီးနဲ့ အခြားတပည့်တွေလည်း အားလုံးရှိတယ်...."
ချူရှင်းမန် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်, ဟုတ်တယ်, သူမက အရမ်းလှတာ။ နာမည်ကလည်း နားထောင်လို့ကောင်းတယ်...."
"စီနီယာအကိုရှဲ၊ စီနီယာအမကျီ နဲ့ ရမ္မက်ဂိုဏ်းတပည့်တွေအားလုံးလည်း သူမကို သိတယ်....."
အာ....
ယုကျီဂျင် အံ့အားသင့်သွား၏။
သူမတောင် သူမကိုယ်သူမ စတင်သံသယရှိလာ၏။
"ရမ္မက်ဂိုဏ်းမှာ အခြားသူတွေသိပြီး ငါတစ်ယောက်ပဲမသိတဲ့ အမျိုးသမီးတပည့်တစ်ယောက်ရှိတယ်လား...."
တစ်ခဏတွေးပြီးနောက် သူမ ရေရွတ်လိုက်သည်။
"ယွဲ့မင်ကျူး.... ယွဲ့မင်ကျူး.... ကြည့်ရတာ ကဗျာတစ်ပုဒ်ကနဲ့တူတယ်....."
ချူရှင်းမန်ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
"ပင်လယ်ထဲက တောက်ပတဲ့လှမင်းကြီးမှာ ပုလဲတွေရှိတယ်။ လန်ထျန်းရဲ့နွေးထွေးတဲ့ နေရောင်မှာ ကျောက်စိမ်းမီးခိုးတွေရှိတယ်....."
"နာမည်က အရမ်းနားထောင်ကောင်းနေတာ အံ့သြစရာမရှိတော့ပါဘူး....."
သို့ပေမယ့် ကဗျာ၏ဒုတိယစာကြောင်းကိုကြားသည့်အခါ.....
ယုကျီဂျင် တစ်ကိုယ်လုံး တုန်ယင်သွား၏။
သူမ ရုတ်တရက် တစ်စုံတစ်ခုကိုနားလည်သွားပြီး မနေနိုင်ပဲ ဂျန်ဖန်းအတွက် ချွေးအေးတွေပြန်လာ၏။
သူမက စိုးရိမ်စွာ ပြောလိုက်သည်။
"ဒါ.. ဒါဆို, နင်တို့ သူမကို တစ်ခုခုမရိုမသေ မလုပ်ခဲ့ဘူးမလား...."
"မလေးမစားလုပ်တာ, ဘာညာပေါ့...."
ယီလန်ရှင်း မကျေမနပ် ပြန်ပြောလိုက်သည်။
"သူမက လေးစားရမယ်? ဘာလို့လဲ...."
"သူမကို ဂျူနီယာမောင်လေးဂျန်က ကယ်ခဲ့တာ။ ဒါပေမယ့် သူမက ကျေးဇူးတင်ပုံမရဘူး..."
"ဒါနဲ့ ဂျူနီယာမောင်လေးဂျန်က သင်ခန်းစာပေးလိုက်တယ်...."
ချင်ချိုင်းဟီလည်း လှောင်ပြောင်ပြီး ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရလျှင် သူမကိုချောက်ကမ်းပါးအောက်ခြေမှာထားခဲ့ပြီး ကိုယ့်ဘာသာတက်လာခိုင်းသင့်တာ..."
"နဖူးကိုလက်ညိုးနဲ့ထိုးပြီး စကားလေးအနည်းငယ်ပြောတာက သူမအတွက်သက်သာလွန်းနေတယ်...."
ချူရှင်းမန် သူမ၏ဖြူဖွေးသည့် မေးစေ့လေးကို ညိတ်လိုက်သည်။
"စီနီယာအကိုဂျန်က တကယ် အရမ်းကြင်နာပြီး ကူညီတတ်တယ်...."
နားထောင်ပြီး၌....
ယုကျီဂျင် ကမ္ဘာကြီးလည်သွားသလိုခံစားရပြီး အမြင်တွေ မဲမှောင်သွား၏။
ဂိုဏ်းချုပ်နဖူးကိုလက်ညိုးနဲ့ထိုးပြီး သင်ခန်းစာပေးတယ်?.....
သွားပြီပင်။
ယခု ဂျန်ဖန်းက ဂိုဏ်းချုပ်ကို သွားတွေ့နေတာဖြစ်၍ လုံးဝသွားပြီပင်။