ယွဲ့မင်ကျူး၏လက်စားချေမှု
Vol. 20 Ch. 283
ရမ္မက်ဂိုဏ်း...
ဂိုဏ်းသခင်ခန်းမ....
ယွဲ့မင်ကျူး လန်ဆန်းကျက်သရေရှိသည့် ပန်းရောင်ဝတ်စုံကို ပြောင်းလဲထားပြီး သူမ၏နူးညံ့ငယ်ရွယ်သည့် မျက်နှာနှင့် လုံးဝလိုက်ဖက်နေခဲ့သည်။
အစိမ်းရောင်ပင်လယ်ကြီးအလယ်က ပန်းရောင်ကြာပွင့်လေးလိုပင်။
ထိုအခိုက်အတန့်၌, သူမက ချိတ်ထားသည့် ခြေထောက်တွေကို လှုပ်ယမ်းနေပြီး လက်တွေကို ခေါင်းနှောက်ပစ်ထားခဲ့သည်။
ရံဖန်ရံခါ လည်ပင်းဆန့်ပြီး ခန်းမအပြင်ကိုကြည့်ကာ ရေရွတ်နေခဲ့သည်။
"ဘာလို့, ခုထိမလာသေးတာလဲ...."
"ငါ့မှာ နင့်ကိုဆူဖို့ အချိန်အတော်ကြာကြီးကို စောင့်နေရတာ..."
ဂျန်ဖန်း၏ အကြိမ်ကြိမ်သင်ခန်းစာပေးခံရတာကိုတွေးပြီး သူမ ဒေါသထွက်လာ၏။
ဤတစ်ကြိမ် သူ့ကိုပြန်ခံစားရအောင်လုပ်ဖို့ ရည်ရွယ်ထား၏။
ထိုစဥ်....
ကျီရူယွဲ့ အလျှင်အမြန် တင်ပြလာသည်။
"ဂိုဏ်းချုပ်, အကြီးအကဲမင် ဂျန်ဖန်းကို ခေါ်လာပါပြီ...."
ယွဲ့မင်ကျူး သူမကို ဂိုဏ်းပြန်ခေါ်လာခဲ့သည်။
ထို့ပြင် ယခုမှစပြီး သူမဘေးမှာ နေဖို့ ပြောခဲ့သည်။
ကျီရူယွဲ့ သဘာဝအတိုင်းအလွန်ပျော်ရွင်ပြီး ဂျန်ဖန်းကို အတော်လေး ကျေးဇူးနင်နေခဲ့သည်။
အလျှင်အမြန်ပဲ ဂျန်ဖန်းနှင့်ပတ်သက်သည့်သတင်းတိုင်းကို တင်ပြဖို့ အပြေးလာခဲ့တာဖြစ်သည်။
ယွဲ့မင်ကျူး မျက်လုံးတွေ တောက်ပသွားပြီး စားပွဲပေါ်ရှိ ငွေရောင်မျက်နှာဖုံးတစ်ခုကို ကောက်ယူကာ တပ်ဆင်လိုက်သည်။
ထိုဉာဏ်နီဉာဏ်နက်များသည့်ဂျန်ဖန်း မျက်လုံးတွေမှတဆင့် သူမကို မှတ်မိသွားမည်စိုး၍....
မျက်နှာဖုံး၏မျက်လုံးဧရိယာ၌ ပါးလွာသည့်သလင်းကျောက်အလွာဖြင့် ကားထားခဲ့သည်။
ထိုအရာကိုဝတ်ဆင်ထားတာက သူမကို အတော်လေးလျှို့ဝှက်ဆန်းကြယ်သွားစေ၏။
"ဒီကောင်တော့.... ငါသူ့ကို ဘယ်လိုကိုင်တွယ်မလဲကြည့်နေလိုက်....."
ယွဲ့မင်ကျူး မျှော်လင့်တကြီး ပြောလိုက်သည်။
ကျီရူယွဲ့ မနေနိုင်ပဲ စိုးရိမ်သွား၏။
"ဂိုဏ်းချုပ်, သက်သက်သာသာလုပ်ပါ...."
ယွဲ့မင်ကျူး ပြန်ဖြေလိုက်သည်။
"မစိုးရိမ်ပါနဲ့, ငါဘာလုပ်နေလဲဆိုတာ ငါသိပါတယ်....."
ကျီရူယွဲ့ ညင်သာစွာ ပြောလိုက်သည်။
"တပည့်ဆိုလိုတာ, ဂိုဏ်းချုပ်ဂရုစိုက်သင့်လို့ပါ။ ဂျူနီယာမောင်လေးဂျန်က သာမန်လူမဟုတ်ဘူး...."
ယွဲ့မင်ကျူး ဒေါသတကြီးရယ်လိုက်သည်။
"ငါက သူကို ဂရုစိုက်ဖို့လိုတယ်ပေါ့...."
"ငါငြိမ်ငြိမ်လေးရပ်နေရင်တောင်, သူ့ခွန်အားနည်းနည်းလေးက ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...."
သူမမသိတာက....
မကြာသေးခင် အခြားဂိုဏ်းချုပ်တစ်ယောက် ငြိမ်ငြိမ်ရပ်နေပြီး မမြင်ရသည့် ဆုံးရှုံးမှုခံစားခဲ့ရတာပဲဖြစ်သည်။
ထိုအရာကို သူမတွေးမိမည်မဟုတ်ပေ။
တပ်! တပ်!
မကြာမီ....
ခြေလှမ်းသံတွေ ထွက်ပေါ်လာပြီး အကြီးအကဲလင်း ဂျန်ဖန်းကို ခန်းမထဲ ခေါ်လာခဲ့သည်။
ဂျန်ဖန်း ဂိုဏ်းချုပ်ကျောက်စိမ်းပုလ္လင်ကိုကြည့်လိုက်သည့်အခါ အံ့အားသင့်စွာပဲ ထိုနေရာမှာထိုင်နေသည့် ပန်းရောင်ဝတ်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည်။
လက်စသတ်တော့ ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ကလည်း အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့သည်။
ထို့ပြင်, သူမဝတ်စုံနှင့် အသားအရေကိုကြည့်ခြင်းအားဖြင့် အလွန်ငယ်ရွယ်ပုံရ၏။
သို့ပေမယ့် အကြောင်းပြချက်အချို့ကြောင့် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားခဲ့သည်။ ဖြစ်နိုင်တာ သူမက အတော်ရုပ်ဆိုးတာပဲဖြစ်သည်။
ထိုအရာကိုတွေးပြီး ဂျန်ဖန်း မျက်နှာ၌ မည်သည့်အမူအရာမှမပြပဲ ရှေ့လျှောက်လာလိုက်သည်။ ထို့နောက် လက်ချင်းယှဥ်ကာ ပြောလိုက်သည်။
"တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်း, ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်...."
ယွဲ့မင်ကျူး သူမရှေ့ကလူငယ်ကိုကြည့်ပြီး အသံမြည်အောင် အံ့ကြိတ်လိုက်၏။
စောက်ကလေး....
နောက်ဆုံးတော့, ငါ့ပိုင်နက်ထဲရောက်ပြီ....
ငါ နင့်ကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်....
သူမက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါကြားတာတော့ မင်းတို့ပို့တဲ့ မိုင်တစ်ထောင်သိမ်းငှက်တွေက ပင်ပန်းနွမ်းနယ်နေတယ်ဆို...."
"ဒါတွေက အရမ်းရေးကြီးတဲ့တိုက်ပွဲအရင်းအမြစ်တွေဖြစ်ပြီး ပျောက်ပြက်လို့ မရဘူးဆိုတာ မသိဘူးလား...."
သူမက စပြောကတကည်းက ခက်ခဲမှုနှင့် စတင်လိုက်၏။
ထို့နောက် အပြင်းအထန်သတိပေးပြီး အစောပိုင်းသူမ၏မကျေနပ်ချက်တွေကို ဖြေလျော့ဖို့ စီစဥ်ထား၏။
အကြီအကဲလင်း ကြောင်သွား၏။
အစောပိုင်းက ဂိုဏ်းချုပ် ဂျန်ဖန်းကို အရမ်းသဘောကျနေခဲ့တာဖြစ်သည်။
ရုတ်တရက် ဘယ်လိုလုပ် အပြစ်တင်နေရသနည်း။
သူမက ယွဲ့မင်ကျူး၏ အချစ်-အမုန်း ဒွိဟခံစားချက်ကို ဘယ်လိုလုပ်သိနိုင်မည်နည်း။
အလျှင်အမြန်ပဲ ဂျန်ဖန်းအတွက် ပြောပေးလိုက်သည်။
"ဂိုဏ်းချုပ်, မိုင်တစ်ထောင်သိမ်းငှက်တွေ ပင်ပန်းနေတ ပြင်ပကိစ္စတွေကြောင့်ပါ...."
"ဂျန်ဖန်းအမှား မဟုတ်ပါဘူး...."
ငွေတောင်ပံမိုးကြိုးသိမ်းငှက်နှင့် တွေ့ခဲ့တာတောင် မိုင်တစ်ထောင်သိမ်းငှက်တွေကို ပြန်ခေါ်လာနိုင်ခဲ့သည်။ ထိုအရာက ထူးခြားသည့် အကျိုးဆောင်မှုပင်။
ဘယ်လိုလုပ် ဂျန်ဖန်းကို အပြစ်တင်နိုင်မည်နည်း။
ဤအချိန်၌, ယွဲ့မင်ကျူး ဂျန်ဖန်းအမှားတွေပဲ ရှာချင်နေပြီး သင်ခန်းစာပေးချင်နေ၏။
ဘယ်လိုလုပ် အလွယ်တကူလွတ်ပေးနိုင်မည်နည်း။
စာနာမှုကင်းမဲ့သည့်အသံဖြင့် ပြောလိုက်သည်။
"ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်, မိုင်တစ်ထောင်သိမ်းငှက်တွေက ထိခိုက်လို့မရဘူး...."
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
ဤရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်က ငယ်ရွယ်သော်လည်း ဆက်ဆံရလွယ်ကူပုံမရပေ။
သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်, ကျွန်တော်တို့လာတဲ့လမ်းမှာ ငွေတောင်ပံမိုးကြိုးသိမ်းငှက်နဲ့ တွေ့ခဲ့ရပါတယ်...."
"ဒါကြောင့် မိုင်တစ်ထောင်သိမ်းငှက်တွေ ထိတ်လန့်ကုန်တာပါ....."
"ဒါပေမယ့် ထိတော့ မထိခိုက်ခဲ့ပါဘူး....."
ဟမ်?...
ယွဲ့မင်ကျူး မျက်ခုံးမြင့်တက်သွားပြီး အသံမြင့်ကာ ပြောလိုက်သည်။
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်...."
မဖြစ်နိုင်တာ.....
ဤငွေတောင်ပံမိုးကြိုးသိမ်းငှက်က ရမ္မက်ဂိုဏ်း နယ်မြေမှာ လှည့်လည်သွားလာနေတာ လဝက်လောက်ရှိပြီဖြစ်သည်။
ထိုအကောင်ကို အမဲလိုက်ဖို့ သူမ ကိုယ်တိုင်ဦးဆောင်ခဲ့၏။
မအောင်မြင်ခဲ့ရုံသာမက, အမြုတေဖွဲ့စည်းချင်းအဆင့် ၄ အကြီးအကဲတောင် ဒဏ်ရာအပြင်းအထန်ရခဲပြီး ခုချိန်ထိ အရေးပေါ်အခြေအနေ ရောက်နေဆဲဖြစ်သည်။
သူမက ငှက်၏ ကြောက်စရာကောင်းမှုနှင့် ဉာဏ်နီဉာဏ်နက်များမှုကို ကိုယ်တိုင်တွေ့ကြုံဖူး၏။
ဂျန်ဖန်းသာ ထိုငွေတောင်ပံမိုးကြိုးသိမ်းငှက်ဖြင့်တွေ့လျှင် အသက်ရှင်ဖို့ အခွင့်အလမ်းမရှိပေ။
အကြီးအကဲမင် ဂျန်ဖန်းအတွက် ပြောပေးလိုက်သည်။
"ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ ဂျန်ဖန်ပြောတာတွေက အမှန်ပါ...."
ယွဲ့မင်ကျူး မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
"အကြီးအကဲလင်းက ဘယ်လိုလုပ်သေချာနေရတာလဲ...."
"ဒါက သူဖန်တီးထားတဲ့ပုံပြင်တစ်ခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ...."
အကြီးအကဲလင်း မချိပြုံးပြုံးလိုက်သည်။
"ကျွန်မ ငွေတောင်ပံမိုးကြိုးသိမ်းငှက် ခြေသည်းကို စစ်းဆေးကြည့်ပြီးပါပြီ။ သေချာပါတယ်..."
ဘာ?....
ယွဲ့မင်ကျူး ချိတ်ထားသည့် ခြောက်ထောက်တွေ ရုတ်ချည်း ပြေသွား၏။
မျက်နှာဖုံးအောက်ရှိ သူမ၏ပြိုင်ဘက်ကင်းမျက်နှာလေး၌ တုန်လှုပ်သည့်အရိပ်အယောင်တွေ ပြသနေခဲ့သည်။
"ဂျန်ဖန်း, နင်က အဲ့ဒီငှက်ရဲ့ခြေသည်းကို ဖြတ်ခဲ့တယ်ပေါ့...."
ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
သူမ၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ အကြီးအကဲတောင် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့၏။
သူမသာ အချိန်မှီရောက်မသွားလျှင် အကြီးအကဲ ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်း ခံရမှာ အသေအချာပင်။
ဂျန်ဖန်းက ဒဏ်ရာမရခဲ့ရုံသာမက လက်သည်းတစ်ချောင်းကိုတောင် ဖြတ်ခဲ့သည်လား....
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်, ကျွန်တော်ကံကောင်းပြီး သူ့ခြေသည်းတစ်ချောင်းကိုဖြတ်ပြီး ဒဏ်ရာနှစ်ခုရသွားစေခဲ့တာပါ...."
"အခုလောက်ဆို, အဲ့ကောင်တစ်နေနေရာမှာပုန်းပြီး ဒဏ်ရာကုသနေလောက်ပါတယ်..."
ဘာ?....
ဒဏ်ရာနှစ်နေရာရစေခဲ့တယ်?....
ယွဲ့မင်ကျူး ရုတ်ချည်း မတ်တပ်ထရပ်လိုက်ပြီး မျက်နှာ၌ မယုံကြည်နိုင်မှုတွေ အပြည့်ပင်။
သို့ပေမယ့် အလျှင်အမြန်ပဲ သူမအပြုအမူကို သတိထားမိပြီး ပြန်ထိုင်လိုက်သည်။
ဂျန်ဖန်းကိုစိုက်ကြည့်ပြီး သံသယတွေနှင့် ပြည့်နှက်နေခဲ့သည်။
ထိုအရာကို ဂျန်ဖန်းဘယ်လိုလုပ်ခဲ့သနည်း။
ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ဒဏ်ရာရသွားစေခဲ့သည်။
အကြီးအကဲလင်း ဆက်ပြောလိုက်သည်။
"ဒါကြောင့် မိုင်တစ်ထောင်သိမ်းငှက်တွေက လန့်နေကြရုံပါ။ ဂျန်ဖန်း အမှားမလုပ်ခဲ့ပါဘူး။ ကြီးမားတဲ့အကျိုးဆောင်မှုတောင် လုပ်ခဲ့ပါတယ်...."
"ဂိုဏ်းချုပ်, ဒါအတွက် သူ့ကို အပြစ်တင်မယ်ဆိုရင် မသင့်တော်ပါဘူး....."
ယွဲ့မင်ကျူး မကျေမနပ်ဖြစ်သွား၏။
နောက်ဆုံး၌ သူမ ဂျန်ဖန်းအပြစ်ကို ရှာတွေ့ပြီဟုထင်ခဲ့၏။
သို့ပေမယ့် အပြစ်မဟုတ်ပဲ အကျိုးဆောင်မှုဖြစ်နေခဲ့သည်။
သူမ ဘယ်လောက်ပဲ ကျိုးကြောင်းမဆီလျှော်လျှော် သူ့ကို ဆက်ပြီးမစွပ်စွဲနိုင်ပေ။
သူမ ဤကလေးကို သင်ခန်းစာပေးချင်ပေမယ် လက်တွေ့မှာ ခက်ခဲလှ၏။
သို့ပေမယ့် ခဏကြာပြီးနောက်...
သူမမျက်လုံးလှန်ပြီး သဘောကျသည့်အမူအရာပြသလာ၏။
"လူငယ်သူရဲကောင်းလေးပဲ..."
"မင်းလိုတပည့်မျိုးရှိတာ တိမ်စိမ်းဂိုဏ်း တကယ်ကံကောင်းတာပဲ...."
"ငါတို့ဂိုဏ်းကလည်း မတွန့်တိုပါဘူး။ မင်းခွန်အားကို ငါကိုယ်တိုင်စမ်းသပ်ပေးမယ်...."
"လိုအပ်ချက်အချို့ရှိရင် ငါ ချက်ချင်းပြင်ပေးမယ်...."
ဂျန်ဖန်း ဘယ်လောက်အားကောင်းကောင်း အပြစ်အနာရှာတော့ မကင်းနိုင်ပေ။
အားနည်းချက်အချို့တော့ ရှိစမြဲဖြစ်သည်။
သူမက ဤအခွင့်အရေးကိုအသုံးပြုပြီး သူ့ကို သင်ခန်းစာပေးနိုင်၏။ ထိုအခါမှ ဆူပူခံရတာ ဘယ်လိုမျိုးလဲဆိုတာ သူခံစားဖူးသွားမှာ ဖြစ်သည်။
အာ....
ကျီရူယွဲ့ ရှက်သွား၏။
သူမက ဂျန်ဖန်းနည်းလမ်းတွေကို မြင်ဖူး၍ ဂိုဏ်းချုပ်သတိမထားပြီး ထိခိုက်သွားမှာ စိုးရိမ်၏။
မနေနိုင်ပဲ သတိပေးလိုက်သည်။
"ဂျူနီယာမောင်လေးဂျန် ဂိုဏ်းချုပ်က နင့်ခွန်အားကို ကောင်းကောင်းနားမလည်ဘူး...."
"ကျေးဇူးပြုပြီး သတိထားပါ....."
ဟမ်?...
ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။
ကျီရူယွဲ့က သူ့ကို အထင်ကြီးလွန်းနေတာပင်။
သူအကောင်းဆုံးလုပ်လျှင်တောင် အခြေခံတည်ဆောက်ခြင်းတပည့်တစ်ယောက်သာဖြစ်သည်။
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်ကို ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ပေ။
ဂုန်ချိုင်းယီတုန်းကလိုပင်, သူမက ရပ်နေတာတောင် သူဘာမှမလုပ်နိုင်ခဲ့ပေ။
ယွဲ့မင်ကျူး ဒေါသထွက်လွန်း၍ သူမနှာခေါင်း ရွဲ့သွားလုနီးပါးပင်။
ကျီရူယွဲ့က ဘာကိုဆိုလိုသနည်း။
သူမလို ဂိုဏ်းချုပ်တစ်ယောက်က အခြေခံတည်ဆောက်ခြင်းတပည့်လေးကို ရှုံးနိုင်သည်လား?...
ဂျန်ဖန်းရှေ့မှာ မတ်တပ်ရပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းခွန်အားကုန်သုံးတိုက်ပါ...."
"ငါ့ကျင့်ကြံရေးကို အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ထိ လျော့ချထားမယ်။ ဒါမှ မင်းမထိခိုက်မှာ....."
ဂျန်ဖန်း အဆင့် ၄ ကြေးခွံနီရေနတ်ဆိုးနဂါးကို သတ်နိုင်သော်လည်း...
ရေနတ်ဆိုးနဂါးက ရေထဲမှထွက်လာလျှင် ၎င်း၏တိုက်ခိုက်စွမ်းအားက အကြီးအကျယ်လျှော့ကျသွားမည်ဖြစ်သည်။
သူမ၏အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ကျင့်ကြံရေးနည်းစနစ်၊ တိုက်ပွဲအတွေ့အကြုံတို့နှင့်ပေါင်းလျှင်....
ဂျန်ဖန်း သူ့ကိုယ်သူမမှတ်မိသည်အထိ ရိုက်ပစ်နိုင်တယ်ဆိုတာ သေချာ၏။
သူမစိတ်ထဲ၌, ဂျန်ဖန်း၏ဖူးယောင်နေသည့်မျက်နှာနှင့် အသနားခံနေမှုကို ပုံဖော်ပြီးနေပြီဖြစ်သည်။
ကျီရူယွဲ့သာ သူမမျက်နှာကိုကာပြီး တိတ်တဆိတ်သူမကိုသူမပြောလိုက်သည်။
"သွားပြီ..."
"ဂိုဏ်းချုပ် နောက်ထပ်သင်ခန်းစာပေးခံရတော့မှာ...."