နောက်တစ်ကြိမ်သင်ခန်းစာပေးခံရခြင်း
Vol. 20 Ch. 284
အကြီးအကဲလင်း ကျီရူယွဲ့အမူအရာကို သတိထားမိလိုက်သည်။
ထိုအရာက ထူးဆန်းလှ၏။
ကျီရူယွဲ့နှင့်ပတ်သက်ပြီး ဘာမှားနေသနည်း။
သူမက ဂိုဏ်းချုပ်ရှုံးမည် ထင်နေသည်လား...
ခေါင်းခါယမ်းပြီး ညင်သာစွာဖြင့် ဂျန်ဖန်းကို နှစ်သိမ့်လိုက်သည်။
"မင်းစိတ်လှုပ်ရှားဖို့မလိုပါဘူး။ အကောင်းဆုံးလုပ်ပါ...."
"စမ်းသပ်ပြီးရင်, ဂိုဏ်းချုပ်က မင်းကို ဂရုတစိုက် လမ်းညွှန်ပေးပါလိမ့်မယ်..."
.....
"ဒါက တပည့်များစွာလိုချင်နေပြီး မရနိုင်တဲ့ အခွင့်အရေးပဲ..."
ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ်က မယုံနိုင်လောက်အောင် အလုပ်များ၏။
သူမ၏အထူးချွန်ဆုံးတပည့်တွေတောင် ဤကဲ့သို့စမ်းသပ်ပြီးလမ်းညွှန်ယူရဖို့ အခွင့်အရေးနည်း၏။
ဂျန်ဖန်း သေချာပေါက် ထိုအရာက ရှားပါးသည့်အခွင့်အရေးမှန်းသိ၏။ ထို့ကြောင့် မငြင်းဆန်ပဲ ခေါင်းညိတ်လိုက်သည်။
"ဒါဆိုလည်း ကျွန်တော်ထိန်းမထားတော့ဘူး...."
ဂုန်ချိုင်းယီနှင့် တိုက်ခိုက်တုန်းက တစ်ချက်မှမထိခဲ့၍...
ဂျန်ဖန်း မည်သည့်အရာမှထိန်ချန်မထားပဲ လှုပ်ရှားလိုက်သည်။
ချက်ချင်းပဲ အနက်ရောင်ဓားကိုဆွဲထုတ်ကာ 'ဓားနှလုံးသားထွင်းထုခြင်း'ကို အသုံးပြုလိုက်သည်။
"အလင်းခွဲဓား...."
ဓားချက်ထွက်ပေါ်လာသည်နှင့် မိုးကြိမ်းသံကဲ့သို့ပေါက်ကွဲသံက နားကွဲမတတ်ဖြစ်သွားစေခဲ့သည်။
ယွဲ့မင်ကျူး အနည်းငယ် အံ့အားသင့်သွား၏။
"နင်က ဓားသိုင်းလည်းတတ်တာလား...."
"ပြီးတော့ စွမ်းအားက သိမ်မွေ့အဆင့်မြင့်ပဲ..."
သူမ အတော်လေး အံ့အားသင့်နေ၏။
ထိုလက်ချောင်းသိုင်းနှင့်ဆိုလျှင် ယခု ဂျန်ဖန်းက မြေကမ္ဘာအဆင့်နည်းစနစ်နှင့် သိမ်မွ့အဆင့်မြင့်ဓားသိုင်း ပိုင်ဆိုင်နေပြီဖြစ်သည်။
ဤတိမ်စိမ်းဂိုဏ်းတပည့်လေးက ဒီလောက်များသည့်ကျင့်စဥ်နည်းစနစ်တွေ ဘယ်ကရလာသနည်း။
ဓားချက်၏ ထူးခြားသည့်သဘာဝကိုခံစာမိပြီး သူမကလည်း ကျင့်ကြံရေးဖိနှိပ်ထားသည်ဖြစ်ရာ ဂရုမမူပဲ မလုပ်ရဲတော့ပေ။
အဝေးမှစုပ်အားတစ်ခုနှင့်အတူ....
စားပွဲရှည်ပေါ်ရှိ ကျောက်စိမ်းပေတံ သူမလက်ထဲကို ရောက်လာခဲ့သည်။
ထို့နောက် သုံးကွက်ဆက်တိုက် လှုပ်ရှားလိုက်၏။
"နွေဦးလေပြေနှင့် မိုးစက်များ..."
ဤအရာက သိမ်မွေ့အဆင့်မြင့် ပေတံနည်းစနစ်ဖြစ်သည်။
လှုပ်ရှားမှုတစ်ခုက လေထုကိုစိုစွတ်သွားစေပြီး စမ်းချောင်းတစ်ခုအဖြစ် ပြောင်းသွားခဲ့သည်။
ထိုအရာက သူမဆီဦးတည်လာနေသည့် ဓားချီကို ပြန့်ကျဲသွားစေခဲ့သည်။
"ဒါပဲလား...."
ယွဲ့မင်ကျူး တစ်ခဏ ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။
သူမ ထိုကဲ့သို့တွေးလိုက်စဥ်မှာပဲ...
ဂျန်ဖန်း၏ ဒုတိယဓားချက် တိုက်ခိုက်လာ၏။
"ပင်လယ်ထက်ကနေမင်း...."
ပိုလို့တောင်စွမ်းအားကြီးသည့်ဓားချက်က ပဲ့တင်သံကိုသယ်ဆောင်ပြီး ဝင်ရောက်လာခဲ့သည်။
ယွဲ့မင်ကျူး အနည်းငယ် အံ့အားသင့်သွား၏။
ဒုတိယဓားချက်က ပထမတစ်ခုထက် အများကြီးပိုအားကောင်းပြီး မြေကမ္ဘာအဆင့်နှင့် နီးကပ်နေခဲ့သည်။
ချက်ချင်းပဲ သူမ၏ ဒုတိယလှုပ်ရှားမှုကို ထုတ်ဖော်လိုက်သည်။
ရေစီးကြောင်က မရေမတွက်နိုင်သည့်ရေစက်တွေအဖြစ်ပြောင်းကာ လက်နက်ပုန်းတွေကဲ့သို့ သိပ်သည်းစွာ ပစ်လွတ်လိုက်၏။
ထိုအရာက ဓားချီကို ပြန့်ကျဲသွားစေရုံသာမက ကျန်ရှိသည့်ရေစက်တွေက ဂျန်ဖန်းဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားခဲ့သည်။
ဂျန်ဖန်း အနည်းငယ်အံ့အားသင့်သွား၏။
သိမ်မွေ့အဆင့်မြင့်နည်းစနစ်ကိုသုံးပြီး သူ့ဒုတိယဓားကွက်ကို တားဆီးခဲ့သည်။ ထို့ပြင် ခွန်အားကျန်ရှိနေဆဲဖြစ်ပြီး သူ့ကို တိုက်ခိုက်လာခဲ့သည်။
ဤကဲ့သို့အရာမျိုးမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
ဤပေတံနည်းစနစ်က မရိုးရှင်းပေ။
ထို့ကြောင့်, ဂျန်ဖန်း ဘာမှထိန်ချန်မထားပဲ အသံခပ်နိမ့်နိမ့်ဖြင့် အော်လိုက်သည်။
"ကောင်းကင်နှင့်မြေပြင်ကြယ်ကြွေခြင်း..."
မြေကမ္ဘာအဆင့်နိမ့်နည်းစနစ်၏ အားအကောင်းဆုံးတိုက်ခိုက်မှုပင်။
အလွန်အမင်းထက်ရှသည့်ဓားချီက ကြောက်စရာကောင်းပြီး နားအူလောက်သည့် မိုးခြိမ်းသံသယ်ဆောင်ကာ ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်လာသည့် ရေစက်တွေ ချက်ချင်းပဲ အငွေ့ပျံသွားခဲ့သည်။
ဓားချီက အားနည်းမသွားပဲ ယွဲ့မင်ကျူးဆီ တည့်တည့်တိုးဝင်သွား၏။
"မြေကမ္ဘာအဆင့်နည်းစနစ်?...."
ယွဲ့မင်ကျူး ထိတ်လန့်သွား၏။
ယခုမှသာ ဤဓားသိုင်း ဘယ်လောက်ကြောက်စရာကောင်းမှန်းနားလည်သွားခဲ့သည်။
ဓားချက်တွေကြားက ကွာခြားမှုက တုန်လှုပ်စရာပင်။
အလျှင်အမြန်ပဲ ကျောက်စိမ်းပေတံကို ဆက်တိုက် ဝှေ့ယမ်းပြီး ဓားချီအများစုကို ပြန့်ကျဲသွားစေခဲ့သည်။
သို့ပေမယ့် ဓားချီအချို့က ရှိနေဆဲဖြစ်ပြီး သူမခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
ချက်ချင်းပဲ စိတ်ဝိညာဥ်စွမ်းအားကို စုစည်းကာ ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏။
ထန်! ထန်! ထန်!
သတ္ထုတိုက်သံနှင့်အတူ, သူမခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဥ်စွမ်းအင်က နောက်ဆုံးမှာ ဓားချီကို ခုခံနိုင်ခဲ့၏။
သို့ပေမယ့် ဓားချီထိမှန်သည့်နေရာတွေက စူရှထုံကျဥ်နေဆဲပင်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ စိတ်ဝိညာဥ်အကာအကွယ်သာမရှိခဲ့လျှင် ဓားချီကြောင့် ဒဏ်ရာရသွားမှာ အသေအချာပင်။
သူမ ဒေါသထွက်သွား၏။
အဘယ်ကြောင့်ဆိုသော်, သူမမျှော်လင့်ထားသည့်အတိုင်း ဂျန်ဖန်းအရိုက်မခံရပဲ ထိုအစား သူမသာ ဒဏ်ရာသေးသေးလေးရခဲ့၏။
သူ ဘယ်လိုတောင်လုပ်ရဲသနည်း။
ကျောက်စိမ်းပေတံကိုလွတ်ပစ်ကာ လက်သီးဆုပ်ပြီး ဂျန်ဖန်းဆီသို့ပြေးဝင်သွား၏။ အနီးကပ်တိုက်ပွဲဖြင့် သူ့ကိုခံစားရအောင်လုပ်ဖို့ ပြင်လိုက်သည်။
"အချိန်ကိုက်ပဲ...."
ဂျန်ဖန်း သူ့ဓားကိုသိိမ်းပြီး အသံနိမ့်နိမ့်ဖြင့် အော်လိုက်သည်။
"ဖီးနစ်သွေးရတနာခန္ဓာကိုယ်...."
သူ့ခန္ဓာကိုယ်ထဲရှိ သွေးတွေဆူပွက်လာပြီး ချက်ချင်းပဲ သွေးနီရောင်ပုံရိပ်အဖြစ် ပြောင်းသွား၏။
သူ၏စွမ်းအားကြီး ရုပ်ခန္ဓာနည်းစနစ်က ဂိုဏ်းသခင်အဆင့်ရုပ်ခန္ဓာနှင့် ယှဥ်နိုင်မလားဆိုတာ သိချင်၏။
တစ်ချိန်တည်းမှာပဲ....
'ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး'၏ နောက်ဆုံးပုံစံကို တိုက်ရိုက်အသုံးပြုလိုက်သည်။
"ကောင်းကင်ဖွင့်လှစ်ခြင်း...."
ဤအရာက သူ၏ အသန်မာဆုံး ခန္ဓာကိုယ်နည်းစနစ် တိုက်ခိုက်မှုပင်။
ယွဲ့မင်ကျူး ဂျန်ဖန်း၏ သွေးနီရောင်ပုံရိပ်ကို အံ့အားသင့်စွာကြည့်နေခဲ့သည်။
ဒါ ဘာကြီးလဲ?...
သူမ ဒါကို ချောက်ကမ်းပါးအောက်ခြေ၌ ဘာကြောင့် တစ်ခါမှ မမြင်ဖူးရသနည်း။
အနည်းငယ်စိတ်ရှုပ်သွား၏။
ချောက်ကမ်းပါးအောက်ခြေ၌ ဂျန်ဖန် နည်းလမ်းအားလုံး မြင်ခဲ့ရသည်ဟု ထင်ခဲ့သည်။
သို့ပေမယ့် ဤတိုက်ပွဲ၌, ဂျန်ဖန်းနည်းစနစ်အားလုံးက အသစ်အဆန်းတွေဖြစ်နေခဲ့သည်။
ထိုကောင်က စွမ်းရည်ဘယ်လောက်များများတောင် ဖုံးကွယ်ထားသနည်း။
စူးစမ်းချင်သည့်အရိပ်အယောင်နှင့်အတူ, သူမက ဂျန်ဖန်းရင်ဘတ်တည့်တည့်ကို ထိုးချလိုက်သည်။
ဂျန်ဖန်းလည်း ကောင်းကင်ဖွင့်လှစ်ခြင်းကို ထုတ်လွတ်လိုက်သည်။
သူတို့၏ လက်သီးလေးလုံး တွေ့ဆုံသွားပြီး လေထုကို တုန်ယင်သွားစေခဲ့သည်။
ချက်ချင်းပဲ လက်သီးတွေကိုဗဟိုပြုပြီး လေစီးချောင်းတစ်ခုက ဦးတည်ချက်အားလုံးကို လိမ့်ထွက်သွားခဲ့သည်။
ကျီရူယွဲ့နှင့် အကြီးအကဲလင်းတို့ နှစ်ယောက်လုံး အင်္ကျီလက်တွေကိုမပြီး သူမတို့၏မျက်နှာတွေကို ကာလိုက်ကြရ၏။
ကျီရူယွဲ့ အံ့အားသင့်မသွားပေ။
သို့ပေမယ့် အကြီးအကဲလင်းတုန်လှုပ်နေခဲ့သည်။ သူမက လေစီးကြောင်းအလယ်ရှိ မတိုးသာမဆုတ်သာ အခြေအနေနှင့် နှစ်ယောက်ကို စိုက်ကြည့်နေခဲ့သည်။
သူမ၏ အိုမင်းသည့်မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်။
"သူ.... သူ တကယ်ပဲ ဂိုဏ်းချုပ်ရဲ့ရုပ်ခန္ဓာကို ယှဥ်နိုင်တာပဲ...."
နောက်ဆုံးမှာတော့ ကျီရူယွဲ့ ဂိုဏ်းချုပ်ကို သတိမမူပဲမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့တာကို အတော်လေးနားလည်သွားခဲ့သည်။
ဤဂျန်ဖန်းက သာမန်အမြင်ဖြင့် ကြည့်လို့ရသည့် သူမဟုတ်ပေ။
တိုက်ပွဲထဲ၌, ယွဲ့မင်ကျူး ကြောင်အနေ၏။
သူမကျင့်ကြံရေးက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ထိဖိနှိပ်ထားသော်လည်း ရုပ်ခန္ဓာကတော့ မဟုတ်ပေ။
ဤလက်သီးချက်ကို ဂျန်ဖန်း တကယ်ပဲ ခုခံနိုင်ခဲ့သည်။
သူ့ခန္ဓာကိုယ်နည်းစနစ်က ဘယ်လောက်တောင်သန်မာသနည်း။
သူမက သူမ၏ငွေရောင်သွားလေးတွေကိုကိုက်ပြီး ရုတ်တရက် အားထည့်လိုက်သည်။
ဂျန်ဖန်း အကြောမခံပဲ ကြီးမားသည့်ခွန်အား ပေါက်ကွဲထွက်လာခဲ့သည်။
ဘန်း!
လေထုပေါက်ကွဲမှုနှင့်အတူ နှစ်ယောက်သား နောက်ကို လွင့်ထွက်သွားခဲ့သည်။
ယွဲ့မင်ကျူး ကျီရူယွဲ့နှင့် အကြီးအကဲလင်းကို မျက်လုံးထောင့်မှကြည့်ပြီး မျက်နှာနီရဲသွား၏။
သူမက ဂျန်ဖန်းကို သင်ခန်းစာပေးဖို့ရည်ရွယ်ခဲ့သော်လည်း သရေနှင့်သာ အဆုံးသတ်သွားခဲ့သည်။
တွေဝေမနေပဲ လက်ဝါးနည်းစနစ် အသုံးပြုဖို့ပြင်လိုက်၏။
"ငါ့ရဲ့အသန်မာဆုံးလက်ဝါးနည်းစနစ်ကိုသုံးတော့မှာ။ ဒါက မြေကမ္ဘာအဆင့်နိမ့်နော်..."
"နင်သတိထားတာ ပိုကောင်းမယ်...."
"ထိန်းမထားနိုင်ရင်, အရှုံးပေးလိုက်။ ကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့...."
အကြီးအကဲလင်း လျှာခေါက်သွား၏။
သဘောတရားအရ ယွဲ့မင်ကျူး ဂျန်ဖန်းလို အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက်နှင့်တိုက်ခိုက်တာ မည်သည့်ကျင့်ကြံရေးနည်းစနစ်မှတောင် မသုံးမပြုသင့်ပေ။
ယခု သူမ၏အားအကောင်းဆုံး မြေကမ္ဘာအဆင့်နည်းစနစ်ကို အသုံးပြုဖို့ တွန်းအားပေးခံခဲ့ရသည်။
ဂျန်ဖန်း လေးနက်သွား၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ မြေကမ္ဘာအဆင့်နည်းစနစ်ကိုသုံးတာ စွမ်းအားက သေချာပေါက် ကြောက်စရာကောင်းမည်ပင်။
သူက ဘယ်လိုလုပ် ထိန်ချန်ထားရဲမည်နည်း။
ချက်ချင်းပဲ နောက်ကျောမှ သစ်သားသေတ္တာကိုဖွင့်ကာ သလင်းကျောက်လိုကြိုးတွေနှင့် အဖြူရောင်ရှေးဟာင်းဗျတ်စောင်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုပ္စည်းကိုမြင်သည့်အခါ....
ကျီရူယွဲ့ တုန်ယင်သွားပြီး အလျှင်အမြန်ခန်းမအပြင်ကို ပြေးတော့၏။
သူမနှေးသွားလျှင် သက်ရောက်မှုဒဏ်ခံရမှာကို ကြောက်ပြီး အလျှင်အမြန်ပြေးသွားလိုက်သည်။
အကြီးအကဲလင်း ပဟေဠိဖြစ်စွာဖြင့် ပြောလိုက်သည်။
"မင်းဘာလို့ပြေးတာလဲ..."
ကျီရူယွဲ့ လှည့်ပြီး ပြောလိုက်သည်။
"မဟာအကြီးအကဲ, ပြေးတော့။ ဒီနေရာမှာမနေနဲ့....."
အကြီးအကဲလင်း ရယ်ရမလိုငိုရမလိုဖြင့် ဘာပြောရမှန်းမသိဖြစ်သွား၏။
ထိုအရာက ဗျတ်စောင်းလေးတစ်ခုသာဖြစ်ပြီး သူမကို ထိခိုက်စေမည်လား?...
သူမက ဂျန်ဖန်းလက်ထဲရှိ ဗျတ်စောင်းကို စစ်ဆေးကြည့်လိုက်သည်။
သို့ပေမယ့် အကြည့်တစ်ချက်ဖြင့် သူမမျက်နှာ အလေးအနက်ဖြစ်သွားခဲ့သည်။
"ဒါ.... ဒါက ကောင်းကင်သံစဥ်ဂိုဏ်း မဟာအကြီးအကဲရဲ့ အသက်ရတနာမဟုတ်လား...."
"ဘယ်လိုလုပ် သူ့လက်ထဲရောက်နေတာလဲ....."
ဂိုဏ် ၉ ဂိုဏ်း မဟာအကြီးအကဲတစ်ယောက်အနေဖြင့်, သူမက သဘာဝအတိုင်း မင်ရိုလန်၏ မှော်ရတာနှင့် ရင်းနှီး၏။
ဤအရာက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ တစ်ခုတည်းသောအဆင့်မြင့် ဗျတ်စောင်းဖြစ်သည်။
မင်ရိုလန်လက်ထဲ၌ ထိုအရာက ကြီးမားသည့်စွမ်းအားကို ထုတ်ဖော်နိုင်၏။
ယွဲ့မင်ကျူးလည်း အံ့သြနေပြီး သံသယဖြင့် ပြောလိုက်သည်။
"ဒါကိုအသက်သွင်းဖို့ ကောင်းကင်သံစဥ်ဂိုဏ်း နည်းစနစ် လိုအပ်တယ်မလား...."
"နင်က သူတို့နည်းစနစ်ကိုလည်း တတ်တာပဲလား...."
ဂျန်ဖန်း ခြေချိတ်ထိုင်ပြီး ဗျတ်စောင်းကို သူ့ဒူးပေါ်တင်လိုက်သည်။ ထို့နောက် ပြောလိုက်သည်။
"ငါ နည်းနည်းသိတယ်...."
"ဂိုဏ်းချုပ်, ကျေးဇူးပြုပြီး ဂရုစိုက်ပါ...."
ယွဲ့မင်ကျူး အထင်သေးသွား၏။
ကောင်းကင်သံစဥ်ဂိုဏ်းနည်းစနစ်တွေက အဓိကအားဖြင့် ဂီတမှတ်တမ်းတွေပေါ်မှာမှီခို၏။
ဂိုဏ်းအတွင်းမှာတောင် ပါရမီရှင်ဖုချောင်ဟွမ်မှလွဲပြီး အနည်းငယ်ပဲ အားကောင်းသည့်ဂီတမှတ်တမ်းတွေကို နားလည်ကြ၏။
အပြင်လူတစ်ယောက်ဖြစ်သည့် ဂျန်ဖန်းကိုတော့ ပြောစရာကိုမလိုတော့ပေ။
သူမက ပြောလိုက်သည်။
"ဂရုစိုက်သင့်တဲ့လူက နင်....."
"ခွန်အားမလုံးလောက်ရင်, အဆင့်မြင့်မှော်ရတနာရဲ့စွမ်းအားကို ထုတ်သုံးနိုင်မှာမဟုတ်ဘူး....."
"ဒါကို လက်ခံလိုက်...."
နောက်ထပ်စကားမပြောတော့ပဲ, စွမ်းအားကြီးလက်ဝါးနည်းစနစ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ဂျန်ဖန်းဆီမရောက်သေးတာတောင် စွမ်းအားကြီးလက်ဝါးချက်က လေထုကိုထိုးခွဲပြီး ပေါက်ကွဲသံတွေကို သယ်ဆောင်လာခဲ့သည်။
ကြီးမားလာသည့်လက်ဝါးကြီးက ရှေ့ကို ကြမ်းကြုတ်စွာ တိုက်ခိုက်လာ၏။
ဂျန်ဖန်း အလျှင်မလိုပေ။
သူ့လက်ဆယ်ချောင်းက ဗျတ်စောင်းကြိုးတွေကို တီးခတ်လိုက်၏။