ရူးသွပ်သွားသောရမ္မက်ဂိုဏ်းချုပ်
Vol. 20 Ch. 285
ချက်ချင်းပဲ...
နားနားကပ်ဟိန်းဟောက်လိုက်သည့် ကြမ်းကြုတ်သည့်ကျားတစ်ကောင်လိုပင်။
လူတစ်ယောက်၏ဝိညာဥ်ကိုတုန်ယင်သွားစေသည့် ကြောက်စရာအသံလှိုင်းက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
အလွန်အမင်းအားကောင်းသည့်လက်ဝါးကြီး ချက်ချင်းပဲ ဗျတ်စောင်းသံကြောင့် ကွဲကြေသွားခဲ့သည်။
ထို့ပြင်, ဂျန်ဖန်းလက်ဆယ်ချောင်းက ကြိုးတွေကို အလျှင်အမြန် တီးခတ်လိုက်၏။
ချက်ချင်းဆိုသလိုပဲ, ကျားအကောင်တစ်ရာတောင်ပေါ်မှဆင်းသက်လာသကဲ့သို့ ကြောက်စရာကောင်းသည့်အရှိန်အဟုန်ကို ဖန်တီးလိုက်သည်။
.....
သူတို့ခြေထောက်အောက်ရှိ ကြမ်းပြင် ဂျန်ဖန်းကိုဗဟိုပြု၍ အရပ်မျက်နှာအသီးသီးကို အက်ကွဲလာပြီး လူတစ်ရပ်စာလောက်ရှိသည့် အက်ကြောင်းကြီးတွေ ဖြစ်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်ရှိကျောက်ပြားတွေလည်း အက်ကွဲလွင့်ပျံကုန်ပြီး အရပ်မျက်နှာအသီးသီးကို ပြုတ်ကျသွားခဲ့သည်။
နံရံတွေ ထုရိုက်ခံထားရသလိုဖြစ်နေပြီး ခေါင်းမိုးရှိအုပ်ကြွပ်ပြားတွေ ထိုးဖောက်ခံလိုက်ရသည်။
မပြင်ဆင်ထားသည့် အကြီးအကဲလင်း အုတ်ခဲကျိုး၊ ကျောက်ခဲကျိုး များစွာဖြင့် ထိမှန်သွားခဲ့သည်။
သူမက ထိုအရာတွေကို ဖယ်ရှားရင်း ခန်းမအပြင်ဘက်ကို အလျှင်အမြန်ဆုတ်လိုက်သည်။
ခန်းမအပြင်ကို ဒဏ်ရာမရှိဆုတ်သွားနိုင်သော်လည်း တစ်ကိုယ်လုံးဖုန်တွေ ဖုံးလွမ်းနေခဲ့သည်။
အတော်လေး ဖရိုဖရဲဖြစ်လှ၏။
ကျောက်စားပွဲအောက်မှာပုန်းနေသည့် ကျီရူယွဲ့ သူမပါးစပ်ကိုကာပြီး တစ်ခစ်ခစ်ရယ်လိုက်သည်။
ကျွန်မစကားနားမထောင်လို့ အခုဖြစ်ပြီမလား....
ဟ..ဟ.......
ခန်းမထဲရှိမြင်ကွင်းက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
ယွဲ့မင်ကျူး ပထမဦးစွာ ကျင့်ကြံရေးနည်းလမ်း၏ သာမန်မဟုတ်မှုကို ခံစားမိပြီး တုန်လှုပ်စွာ ပြောလိုက်သည်။
"မြေကမ္ဘာအလယ်အလတ်အဆင့်...."
အလျှင်အမြန်ပဲ နောက်ထပ် လက်ဝါးချက်အနည်းငယ်ထုတ်ဖော်လိုက်၏။
သို့ပေမယ့် ပိုပိုလျှင်မြန်လာသည့်ဗျတ်စောင်းသံအလယ်၌ သူမ ဂျန်ဖန်းနားကို မရောက်နိုင်ဖြစ်နေခဲ့သည်။
ဆန်ကျင်ဘက်အနေဖြင့်, သူမသာ နောက်ဆုတ်သွားခဲ့ရသည်။
သူမ၏ ဂိုဏ်းသခင်ခန်းမ စတင်တုန်ယင်လာတာ မြင်သည့်အခါ....
အလျင်အမြန် အော်ပြောလိုက်သည်။
"တော်ပြီ, ရပ်တော့...."
ဂျန်ဖန်း ဗျတ်စောင်းကြိုးတွေကိုဖိချပြီး တည်ငြိမ်စွာပဲ သစ်သားသေတ္တာထဲထည့်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်, မင်းခွန်အားထိန်ချန်ထားခဲ့တာလား....."
ထိုအရာက ဤကဲ့သို့မဖြစ်သင့်ပေ။
မကြာသေးခင်ကမှ, ဂုန်ချိုင်းယီရပ်နေတာတောင် သူဘာမှမလုပ်နိုင်ခဲ့ပေ။
နယ်ပယ်ဖိနှိပ်ထားသည့် ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ် နှင့် လက်ရည်တူနေတာ မဖြစ်သင့်ပေ။
"ငါ့ခြေထောက်ကိုထိန်းထားပါလား....."
ယွဲ့မင်ကျူး ရစရာမရှိအောင်ပျက်စီးနေသည့် ခန်းမကိုကြည့်ပြီး ဒေါသကြောင့် ဖြူဖြော့သွား၏။
သူမစိတ်ထဲ၌ အတော်လေး ဒေါသထွက်နေ၏။
ဘယ်လိုလုပ် အပြင်ဂိုဏ်းတပည့်တစ်ယောက်၏အသံလှိုင်းနည်းစနစ်က ကောင်းကင်သံစဥ်ဂိုဏ်းထက် ပိုသန်မာနေရသနည်း။
တရားမျှတမှုဆိုတာကော ရှိသေးရဲ့လား...
ထိုအချိန်၌....
တိုက်ပွဲငြိမ်သက်သွားတာမြင်တော့ အကြီးအကဲလင်းနှင့် ကျီရူယွဲ့ပြန်ရောက်လာခဲ့သည်။
ပျက်စီးနေသည့်ခန်းမကိုမြင်သည့်အခါ မနေနိုင်ပဲ ပင့်သက်ရှိုက်လိုက်ကြသည်။
ဤဖျက်ဆီးစွမ်းအားက အမှန်တကယ်ကို ကြောက်စရာကောင်း၏။
အကြီးအကဲလင်း ဂျန်ဖန်းတို့နှစ်ယောက်ကိုကြည်ပြီး တွေဝေစွာမေးလိုက်သည်။
"ရလဒ်ဘယ်လိုဖြစ်သွားလဲ...."
ဂျန်ဖန်းရယ်ပြီး ပြောလိုက်သည်။
"သေချာပေါက်ပဲပေါ့, ဂိုဏ်းချုပ် ကျွန်တော့်ကို အလျော့ပေးလိုက်တာ..."
ဘာပဲဖြစ်ဖြစ်, တစ်ဖက်လူ ဂိုဏ်းချုပ်ဖြစ်သည်။ သူမသာ အားကုန်တိုက်ခိုက်လျှင် သူက တစ်ကွက် ဒါမှမဟုတ် နှစ်ကွက်တောင် ခုခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် နှိမ့်ကျသည့်သဘောထားနှင့် ပြောလိုက်သည်။
"စောနက ကျွန်တော်ကဏ္ဍများစွာမှာ လိုအပ်ချက်အများကြီးရှိခဲ့တယ်...."
"ကျေးဇူးပြုပြီး ဂိုဏ်းချုပ် လမ်းညွှန်မှုအချို့ပေးပါအုန်း..."
ရမ္မက်ဂိုဏ်းချုပ်မျက်လုံးထဲ၌ သူတိုးတက်ဖို့လိုနေသည့်နေရာတွေကို မြင်ချင်သေး၏။
လိုအပ်ချက်?....
ယွဲ့မင်ကျူး ထိုအရာကို ကြားသည့်အခါ ဒေါသထွက်သွား၏။
နင့်လိုအပ်ချက်ကြောင့် ငါ့ခန်းမ ပြိုကျလုနီးပါးပဲ,အကောင်ရဲ့....
နင်သာ ပြီးပြည့်စုံရင် ရမ္မက်ဂိုဏ်းတစ်ခုလုံးကို ဖြိုချမလားမသိဘူး။
"မင်းက တော်ပြီးသားပါ။ ငါမင်းကို လမ်းညွှန်မှုမပေးနိုင်ပါဘူး..."
ယွဲ့မင်ကျူး တင်းမာသည့်မျက်နှာဖြင့် ပြောလိုက်သည်။
သူမက ဂျန်ဖန်းကို သင်ခန်းစာပေးချင်ခဲ့၏။
သို့ပေမယ့် ဂျန်ဖန်းလုပ်ဆောင်မှုက မည်သည့်ဂိုဏ်းချုပ်ကိုမဆို ပါးစပ်အဟောင်းသားဖြစ်သွားစေမည်ဖြစ်သည်။
ဝေဖန်စရာဘာမှမရှိပေ။
ဝေဖန်စရာတစ်ခုရှိလျှင်တောင်, ဂျန်ဖန်း၌ ဖုံးကွယ်ထားသည့်နည်းစနစ်အများကြီးရှိတာပဲဖြစ်မည်ပင်။
ထိုအရာတွေက သူမကို လွမ်းမိုးသွား၏။
ဂျန်ဖန်း၌ ထုတ်မသုံးရသေးသည့် အစွမ်းထက်နည်းလမ်းတွေ ရှိသေးသည်ဟု သူမသံသယရှိ၏။
အကြီးအကဲလင်း အံ့အားသင့်သွားခဲ့သည်။
ဂိုဏ်းချုပ်တစ်ယောက်က တပည့်တစ်ယောက်ကို သင်ခန်းစာပေးချင်တာ ဘယ်လိုလုပ် ဤလောက်ထိရှုပ်ထွေးသွားရသနည်း။
ဘယ်နေရာမှားသွားခဲ့သနည်း။
ကျီရူယွဲ့ ဘေးနားမှာ တိတ်တဆတ်မတ်တပရပ်နေခဲ့သည်။
သူမက မျက်နှာကို တစ်ဖက်လှည့်ထားပြီး ရယ်ချင်စိတ်ကို ဖိနှိပ်မထားနိုင်ခဲ့ပေ။
စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။
"သတိထားပါ, သတိထားပါးလို့ အတန်တန်ပြောနေရဲ့နဲ့။ ဂိုဏ်းချုပ်မှ နားမထောင်တာ...."
"အခုတော့ ဘာဖြစ်သွားလဲ။ ဂျန်ဖန်းကို သင်ခန်းစာမပေးနိုင်ပဲ သူကပဲ ပြန်သင်ခန်းစာပေးလိုက်တယ်မလား...."
ဂျန်ဖန်း အနည်းငယ်ရှက်သွား၏။
သူက ခန်းမကိုပျက်စီးမိ၍ ရမ္မက်ဂိုဏ်း ဂိုဏ်းချုပ် ဒေါသထွက်နေသည်ဟု ထင်လိုက်သည်။
ထို့ကြောင့် လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ခန်းမပျက်စီးသွားတာအတွက် ကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်...."
"ကျေဇူးပြုပြီး ဂိုဏ်းချုပ် ဒေါသမထွက်မပါနဲ့...."
ယွဲ့မင်ကျူး ဒေါသအပြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"ခန်းမပျက်စီးလို့ ငါ ဒေါသထွက်နေတယ် နင်ထင်နေတာလား...."
"ငါ အဲ့လောက်သဘောထားမကျဥ်းမြောင်းဘူး....."
အာ....
ဂျန်ဖန်း ပဟေဠိဖြစ်သွားသည်။
"ဒါဆို ဂိုဏ်းချုပ်က ဘာလို့ ဒေါသထွက်နေတာလဲ...."
ဒါပေါ့, နင့်ကို သင်ခန်းစာမပေးနိုင်လို့ ဒေါသထွက်နေတာ.....
ယွဲ့မင်ကျူး သူမ၏ငွေရောင်သွားလေးတွေကိုအံ့ကြိတ်ပြီး စိတ်ထဲမှာ ပြောလိုက်သည်။
သို့ပေမယ့် သူမရေရွတ်လိုက်သည်။
"ဒါ နင့်ကိစ္စမဟုတ်ပါဘူး...."
ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်ပြီး ဂိုဏ်းချုပ် ဘာကြောင့် မိန်းမငယ်လေးတစ်ယောက်လို ပြုမူနေလဲ သိချင်နေခဲ့သည်။
ထိုအရာက ယွဲ့မင်ကျူးနှင့် အတော်လေး ဆင်တူ၏။
သူက ခေါင်းခါယမ်းလိုက်သည်။ တာဝန်လက်လွဲပြီးသလို ဂိုဏ်းချုပ်နှင့်လည်း တွေ့ပြီးပြီဖြစ်၍....
နောက်တာဝန်တစ်ခုယူရတော့မည်အချိန်ပင်။
"ဂိုဏ်းချုပ်, အပြင်ဂိုဏ်းတပည့်အကူအညီလိုတဲ့တာဝန်လေးများရှိလား မေးပါရစေ..."
"ကျွန်တော်က အရမ်းကြီး အရည်အချင်းမရှိပေမယ့် သာမန်အဆင့်တာဝန်အချို့တော့ လုပ်နိုင်ပါတယ်..."
"မရှိဘူး, တစ်ခုမှမရှိဘူး...."
ယွဲ့မင်ကျူး အခိုင်အမာပြောလိုက်သည်။
ဂျန်ဖန်း ဆွံ့အသွား၏။
ဤဂိုဏ်းချုပ်က တကယ်ကို ခေါင်းမာသည့်စရိုက်ရှိ၏။
ထိုအရာက ခန်းမလေးပျက်စီးသွားရုံကို အတော်မကျေမနပ်ဖြစ်နေခဲ့သည်။
ဤကဲ့သို့ဆိုမှတော့, ဆက်နေစရာအကြောင်းမရှိတော့ပေ။
သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဒါဆိုလည်း ကျွန်တော်သွားလိုက်ပါအုန်းမယ်...."
ထို့နောက် သူက လှည့်ထွက်သွားခဲ့သည်။
"မင်းကို ဘယ်သူက ထွက်သွားခိုင်းလို့လဲ..."
ဂျန်ဖန်းကိုအံ့အားသင့်စွာပဲ, ယွဲ့မင်ကျူး လက်ပိုက်ထားပြီး ပြောလိုက်သည်။
"အခုကစပြီး မင်းဘယ်မှသွားလို့မရတော့ဘူး...."
"ရမ္မက်ဂိုဏ်းမှာပဲနေရမယ်...."
ဂျန်ဖန်း၏နက်ရှိုင်းသည့်ခွန်အားကိုမြင်ပြီးနောက် သူမက သူ့ကို လွတ်ပေးဖို့ ပိုလို့တောင် ဆန္ဒမရှိတော့ပေ။
သေစမ်း...
ဂျန်ဖန်း ကြောင်သွား၏။
ဤအရာက ခွေးကိုအသားတုံးပေးပြီး ပြန်မရတော့တာမျိုးလိုဖြစ်နေခဲ့သည်။
သူက ချက်ချင်းပဲ အလေးအနက်ပြောလိုက်သည်။
"ဂိုဏ်းချုပ်, ဒါ ဟာသလုပ်စရာမဟုတ်ဘူးနော်...."
ယွဲ့မင်ကျူးအမူအရာ လေးနက်လာ၏။
"ငါ နင့်ကို ဟာသလုပ်နေတာမဟုတ်ဘူး..."
"ငါ မင်းကိုသဘောကျသွားပြီ။ ခုကစပြီး ရမ္မက်ဂိုဏ်းမှာပဲနေတော့...."
"မင်းအဆရာအဖြစ် အကြီးအကဲတစ်ယောက်ကို ရွေးလိုက်...."
"ဒါပေါ့, ငါ့လက်အောက်မှာနေချင်တယ်ဆိုလည်း ချွင်းချက်အနေနဲ့လက်ခံပေးမယ်...."
"တိမ်စိမ်းဂိုဏ်းအတွက်တော့, ငါသူတို့ကို ဖြေရှင်းချက်ပေးမှာပါ...."
ရမ္မက်ဂိုဏ်းချုပ် အလေးအနက်ဖြစ်နေတာကို နားလည်သည့်အခါ....
ဂျန်ဖန်းအမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
"ခွင့်လွတ်ပါ။ ကျွန်တော်မလိုက်နာနိုင်ဘူး...."
သူ ဂိုဏ်းပြောင်းရမည်ဆိုလျှင်တောင် ဂုန်ချိုင်းယီလက်အောက်သွားတာ ပိုမကောင်းဘူးလား.....
တကယ်တော့, တိမ်စိမ်းဂိုဏ်း၌, သူသံယောဇဥ်ထားရသည့်အရာတွေအများကြီးရှိ၏။
ယွဲ့မင်ကျူး ရယ်လိုက်သည်။
"ငါ မင်းထင်မြင်ချက်ကို မမေးပါဘူး...."
"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာ ရွေးချယ်စရာမရှိဘူး....."
ဂျန်ဖန်း လွတ်လမ်းမရှိတော့တာ သိ၏။
သူက တံခါးကိုတစ်ချက်ကြည့်ပြီး ပြတ်ပြတ်သားသား ပြေးတော့၏။
ယွဲ့မင်ကျူး တည်ငြိမ်နေပြီး ကျီစယ်သည့်အမူအရာ ပြသလိုက်၏။
"မင်း ငါ့ဆီက ပြေးနိုင်မယ်ထင်နေတာလား...."
သူမက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ကြီးမားသည့်စိတ်ဝိညာဥ်စွမ်းအင်က အဝေးရှိ ဧရာမတံခါးကြီးနှစ်ခုကို ထိမှန်သွားခဲ့သည်။
ဘန်း!
ဂျင်တစ်ထောင်လောက်လေးသည့် ကျောက်တံခါးကြီးတွေ ဆောင့်ပိတ်သွားခဲ့သည်။
ထွက်ပေါက်က ပိတ်သွားပြီပင်။
ဂျန်ဖန်း အံ့ကြိတ်ပြီး ခြေထောက်အောက်၌ စိတ်ဝိညာဥ်စွမ်းအင် အသက်သွင်းလိုက်သည်။
ထို့နောက် နံရံပေါ်တိုက်ရိုက်ခုန်တက်ကာ ၁၀ ဇန်လောက်မြင့်သည့် အမိုးဆီကို ပြေးတော့သ်။
အစောပိုင်း ဗျတ်စောင်းသံကြောင့် ခေါင်းမိုး၌ ကြီးမားသည့် အပေါက်ကြီးဖြစ်သွားစေခဲ့သည်။
အပြင်ပြေးထွက်ဖို့က လုံးဝဖြစ်နိုင်၏။
သို့ပေမယ့်, လမ်းတစ်ဝက်မှာပဲ....
ယွဲ့မင်ကျူး ငွေရောင်ခေါင်းလောင်းတစ်ခုကဲ့သို့ ရယ်လိုက်၏။
"ငါ မင်းလှုပ်ရှားမှုကို မျှော်လင့်ထားပြီးသား..."
သူမက သူမ၏ကျောက်စိမ်းလက်ချောင်းလေးတွေကို လှုပ်ရှားလိုက်သည်။
ထိုအခါ အင်္ကျီလက်ထဲရှိ ပိုမျှင်လိုကြည်လင်သည့် မရေမတွက်နိုင်သည့်အမျှင်တွေ ထွက်ပေါ်လာပြီး ခေါင်းမိုးတစ်လုံးကို ဖုံးလွမ်းသွားခဲ့သည်။
ပင့်ကူအိမ်တစ်ခုလိုပင်။
ဂျန်ဖန်း အနက်ရောင်ဓားကိုထုတ်ပြီး ခုတ်ပိုင်းလိုက်ပေမယ့် တုန်လှုပ်သွားခဲ့သည်။
ကြိုးမျှင်တွေက ပြတ်မသွားပေ။
သူ့အနက်ရောင်ဓားတောင် အသွားပဲ့သွားခဲ့ည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဂျန်ဖန်း အံ့အားသင့်သွား၏။
ဤအနက်ရောင်ဓားက အလယ်အလတ်အဆင့် မှော်ရတနာဖြစ်၏။
ထို့ပြင်, ကောင်းကင်ဓားတောင်ထိပ်မှာ နှစ်ပေါင်းများစွာ ပျိုးထောင်ထားခဲ့တာဖြစ်သည်။
ဤအရာက အလွန်အမင်း မာကျော၏။
သို့ပေမယ့် ကြိုးမျှင်တစ်ခုကြောင့် ပဲ့ထွက်သွားခဲ့သည်။
ယွဲ့မင်ကျူး ဂိုဏ်းချုပ်ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး လခြမ်းသဏ္ဍာန်မျက်လုံးတွေဖြင့် မေးထောက်ကြည့်နေခဲ့သည်။
"ဒါက ငါ့ရဲ့အသက်ရတနာ, ကောင်းကင်တောင်ထွဋ်ပိုမျှင်ပဲ..."
"မီးဒဏ်,ရေဒဏ်ခံနိုင်ပြီး ဖျက်စီးလို့မရဘူး...."
"ပြီးတော့ အရမ်းထက်ရှပြီး အဆင့်မြင့်မှော်ရတာကိုတောင် ဖြတ်နိုင်တယ်။ ဒီတော့ နင့်လက်ထဲက အနက်ရောင်ဓားမှာ အခွင့်အရေးမရှိဘူး...."
ဂျန်ဖန်း မျက်နှာအလေးအနက်ဖြစ်သွား၏။
အစောပိုင်း ရမ္မက်ဂိုဏ်းချုပ် ထုတ်ပြသည့်ခွန်အားက ရေခဲတောင်ကြီး၏ ထိပ်ဖျားသာဖြစ်သည်။
တကယ့်နောက်ခံက မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလှ၏။
သို့ပေမယ့် အနက်ရောင်ဓားမဖြတ်နိုင်လျှင်....
စိတ်ဝိညာဥ်အဆင့်ဖြစ်သည့် ခရမ်းဓားက ပြဿနာမရှိသင့်ပေ။
ဂျန်ဖန်း အတွေးနက်နေတာမြင်တော့ ယွဲ့မင်ကျူး ချော့ပြောလိုက်သည်။
"လာပါ.."
"ရမ္မက်ဂိုဏ်းကိုဝင်လိုက်။ အရင်က ငါ ဘယ်တပည့်ကိုမှ ဒီလောက်ထိ ဂရုမစိုက်ဘူးဖူးဘူး...."
"နင်က တစ်ယောက်တည်းသောသူပဲ..."
သူမက ဟန်ဆောင်ပြောနေတာမဟုတ်ပေ။
သို့ပေမယ့် ထိုအရာက ဂျန်ဖန်းပါရမီကြောင့်တင်မဟုတ်ပေ။
ဂျန်ဖန်းစိတ်ဓာတ်နှင့် အကျင့်စရိုက်ကို သူမအလွန်သဘောကျ၏။
မဟုတ်လျှင်, ဤလောက်ထိ လုပ်မည်မဟုတ်ပေ။
ဂျန်ဖန်း ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ကျွန်တော် ဂိုဏ်းချုပ်ရဲ့ကြင်နာမှုကို အသိအမှတ်ပြုပါတယ်...."
"ကျွန်တော်တို့ အနာဂတ်မှာ တွေ့ကြအုန်းမှာပါ...."
"နှုတ်ဆက်ပါတယ်...."
ပြောပြီးနောက်....
သူက ပြတ်ပြတ်သားသားပဲ ခရမ်းဓားကိုဆွဲထုတ်ပြီး အပေါ်ရှိ အဝတ်စကို ဖယ်ရှားလိုက်သည်။
ထို့နောက် ပိုးချည်မျှင်ကို ခုတ်ချလိုက်သည်။