← Chapters

ရှာဖွေခြင်း

Vol. 86 Ch. 1224

ရှာဖွေခြင်း

Vol. 86 Ch. 1224

ဟယ်ယွီလျန် ကွမ်ကျန်း လူနေအိမ်ရာမှ ထွက်ခွာလာပြီးနောက် ဘယ်မှ မဝင်တော့ဘဲ အစောဆုံး လေယာဉ်လက်မှတ် ဝယ်ကာ တာဟန်မြို့သို့ ချက်ချင်း ထွက်ခွာလာခဲ့သည်။

လမ်းခရီးတွင် သူမ၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ဟယ်လုထံသို့ ဖုန်းဆက်လိုက်သည်။

"ညီမလေး ငါက မကူညီချင်တာ မဟုတ်ပါဘူး ဒါပေမဲ့ ငါတို့က အဲဒီအသိုင်းအဝိုင်းက မဟုတ်ဘူးလေ တာဟန်မြို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဆိုရင်တော့ ငါ တကယ် ဘာမှမတတ်နိုင်ဘူး လောလောဆယ် ငါရထားတဲ့ သတင်းအချက်အလက်က အရမ်း အကန့်အသတ် ရှိတယ် ငါသိတာက တာဟန်မြို့ တာဝန်ခံက စုန့်ရန်လို့ခေါ်တဲ့ တစ္ဆေဆရာ တစ်ယောက် ဆိုတာပဲ သူ ပျောက်နေတာ ကြာပြီ သူ ဘာလို့ ပျောက်သွားတာလဲ၊ တာဟန်မြို့မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာတော့ ငါ စုံစမ်းလို့ မရဘူး"

ဟယ်လုံ၏ အသံ ဖုန်းထဲမှ ထွက်ပေါ်လာသည်။

ဟယ်ယွီလျန်က ပြောလိုက်သည်။

"ကျွန်မ ယန်ကျန့်နဲ့ တွေ့ပြီးပြီ သူ့ဆီက အခွင့်အရေး တစ်ခု ရထားတယ် တကယ်လို့ ကျွန်မ တာဟန်မြို့ကနေ အောင်မြင်စွာ ပြန်လာနိုင်ရင် ယန်ကျန့်ရဲ့ ကုမ္ပဏီမှာ ဝင်လုပ်ခွင့် ရလိမ့်မယ် အကို ရင်းနှီးမြှုပ်နှံချင်ရင် အခု အချိန်ကောင်းပဲ"

"ညီမလေး ခေါင်းဆောင် တစ်ယောက်ရဲ့ အရေးပါမှုကို ငါ နားလည်ပါတယ် ဒါပေမဲ့ ပြည်မကြီးက ထောက်လှမ်းရေး သတင်းအများစုက လျှို့ဝှက်ချက်တွေ ဖြစ်နေတယ် လော့ရှန်းသာ ရှိနေသေးရင် တခြားမြို့တွေက အချက်အလက်တွေကို သိရအောင် ကူညီပေးနိုင်မှာ ဒါပေမဲ့ ကံမကောင်းစွာနဲ့ လော့ရှန်း မရှိတော့ဘူး ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက် တာအောက်မြို့ မှာ ယန်ကျန့်က တစ္ဆေဆရာ အများအပြားကို ရှင်းပစ်ခဲ့တယ် အဖေ ဆုံးသွားတာနဲ့ ပေါင်းလိုက်ရင်... ဒါကြောင့် ငါ့အခက်အခဲကို နားလည်ပေးပါ တချို့ကိစ္စတွေက ပိုက်ဆံနဲ့ ဖြေရှင်းလို့ မရဘူး"

ဟယ်လုံ ဖုန်းထဲမှ ညည်းတွားရင်း သူ့အခြေအနေကို ရှင်းပြလိုက်သည်။

"ထားလိုက်ပါတော့ ဒီကိစ္စကို ကျွန်မဘာသာ ဖြေရှင်းလိုက်ပါ့မယ်"

ဟယ်ယွီလျန် ဆက်ပြီး ဖိအားမပေးတော့ပေ။

ဟယ်လုံ သူမကို ကူညီချင်ကြောင်း၊ အထူးသဖြင့် ယန်ကျန့်နှင့် ချိတ်ဆက်ခွင့် ရချင်နေကြောင်း သူမ သိသည်။ အခု မကူညီနိုင်ဘူး ဆိုကတည်းက သူ တကယ် မတတ်နိုင်လို့သာ ဖြစ်သည်။ ဆက်ပြီး တောင်းဆိုနေလည်း အပိုပဲ ဖြစ်သည်။

သို့သော် ဒီဖုန်းခေါ်ဆိုမှုက လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့ ဟယ်ယွီလျန် နာမည်တစ်ခု ကြားလိုက်ရသည်။

စုန့်ရန်……

ဒီအချက်အလက်က ယန်ကျန့် ပေးခဲ့သော အချက်အလက်နှင့် ကိုက်ညီနေသည်။

ဒါကြောင့် ယန်ကျန့် ပေးခဲ့သော အချက်အလက်နှင့် လိပ်စာသည် အစစ်အမှန် ဖြစ်ပြီး အသုံးဝင်ကြောင်း၊ ဖြစ်ကတတ်ဆန်း လုပ်လိုက်ခြင်း မဟုတ်သလို သူမကို တစ္ဆေခြောက်တဲ့နေရာ ပို့ပြီး သေခိုင်းခြင်း မဟုတ်ကြောင်း ဟယ်ယွီလျန် ယုံကြည်သွားသည်။

{ဒါဆို ငါ အသက်ရှင်လျက် ပြန်လာနိုင်မယ့် အခွင့်အရေး ရှိတာပေါ့}

ဟယ်ယွီလျန် စိတ်ထဲတွင် တွေးလိုက်သည်။

ညနေ ၆ နာရီ ဝန်းကျင်။

ဟယ်ယွီလျန်၏ လေယာဉ် တာဟန်မြို့သို့ ဆိုက်ရောက်လာပြီး တက္ကစီ တစ်စီး ငှားကာ ယန်ကျန့် ပေးလိုက်သော လိပ်စာသို့ တည့်တည့် မောင်းခိုင်းလိုက်သည်။

သို့သော် လိပ်စာကို ကြားသောအခါ တက္ကစီသမား အံ့သြသွားသည်။

"တာဟန်မြို့က ကျန်းရှယ်လမ်းလား ခင်ဗျား အဲဒီကို သွားချင်တာလား"

"ဘာဖြစ်လို့လဲ ပြဿနာ ရှိလို့လား"

နေကာမျက်မှန် တပ်ထားသဖြင့် ဟယ်ယွီလျန်၏ မျက်နှာထားကို မမြင်ရသော်လည်း သူမ၏ လေသံတွင် စိုးရိမ်စိတ် အနည်းငယ် ပါဝင်နေသည်။

တက္ကစီသမားက ပြောလိုက်သည်။

"ပြဿနာတော့ မရှိပါဘူး ဒါပေမဲ့ ကျန်းရှယ်လမ်းက ပိတ်ထားတာ ကြာပြီ အခုမှ ပြန်ဖွင့်တာ လူသွားလူလာ နည်းတယ် အဲဒီနေရာက မလုံခြုံဘူးလို့ ပြောကြတယ်"

"မလုံခြုံဘူး ဟုတ်လား ဘာလို့လဲ"

ဟယ်ယွီလျန် မေးလိုက်သည်။

တက္ကစီသမားက ပြန်ဖြေသည်။

"ကျွန်တော်လည်း မသိဘူး တချို့က ဓာတ်ငွေ့ယိုစိမ့်တယ် ပြောတယ် တချို့က ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ ရှိတယ် ပြောတယ် တချို့ကျတော့လည်း သရဲခြောက်တယ် ဆိုပဲ... ကောလာဟလတွေက စုံလို့ပဲ"

သရဲခြောက်သည် ဆိုသော စကားကို ကြားလိုက်ရသောအခါ ဟယ်ယွီလျန် ခေတ္တ ကြောင်သွားသည်။

ထင်တဲ့အတိုင်းပဲ။

အဲဒီနေရာမှာ ပြဿနာ ရှိနေတာပဲ။

"မိန်းကလေး စိတ်မချရင် တခြားလိပ်စာ ရွေးလိုက်ပါလား"

တက္ကစီသမား အကြံပြုလိုက်သည်။

"ရတယ် ကျွန်မ အဲဒီကိုပဲ သွားမယ်"

ဟယ်ယွီလျန် ပြတ်ပြတ်သားသား ပြောလိုက်သည်။

တက္ကစီသမား ဘာမှ ဆက်မပြောတော့ဘဲ တာဟန်မြို့ထဲသို့ မောင်းဝင်လာပြီး နောက်ဆုံးတွင် ကြာမြင့်စွာ ပိတ်ထားခဲ့သော ကျန်းရှယ်လမ်းသို့ ရောက်ရှိလာသည်။

ဟယ်ယွီလျန် အမြန် ပိုက်ဆံရှင်းပြီး ကားပေါ်မှ ဆင်းလိုက်သည်။

နေကာမျက်မှန်ကို အနည်းငယ် ချွတ်လိုက်ပြီး စာရွက်ပေါ်မှ လိပ်စာကို အကြိမ်ကြိမ် ပြန်စစ်ဆေးကြည့်လိုက်သည်။

"ဒါ မပြီးသေးတဲ့ အဆောက်အအုံကြီးပဲ"

လမ်းဆုံရှိ မပြီးပြတ်သေးသော တိုက်ပျက်ကြီးကို စိုက်ကြည့်ရင်း ဟယ်ယွီလျန် ခေတ္တ တွန့်ဆုတ်သွားသည်။

"ဒီအထိ ရောက်လာမှတော့ ရွေးချယ်စရာ မရှိတော့ပါဘူး"

နောက်ဆုံးတွင် သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး တိုက်ပျက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။

မူလက တိုက်ပျက်ကြီးကို ပိတ်ထားသော်လည်း မကြာသေးမီက ပြန်ဖွင့်ထားသည်။ သို့သော် လုံခြုံရေး ဝန်ထမ်းများ ကင်းလှည့်နေပြီး အနီးနားတွင် စောင့်ကြပ်နေကာ သူစိမ်းများ ဝင်ရောက်ခွင့် မပြုပေ။ ထို့အပြင် တိုက်ပျက်ကြီး ပတ်လည်တွင် ထူထဲမြင့်မားသော တံတိုင်းများ ကာရံထားပြီး လျှပ်စစ်စည်းရိုးများနှင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်။

အတွင်းထဲတွင် အလွန် တန်ဖိုးကြီးသော ပစ္စည်းများ ရှိနေသည်ဟု ထင်ရလောက်သည်။

တိုက်ပျက်ကြီး၏ ဝင်ပေါက်တံခါးမကြီးကို ပိတ်မထားဘဲ အမြဲ ဖွင့်ထားသည်။

ဟယ်ယွီလျန် ဝင်ရန် ကြိုးစားလိုက်သော်လည်း လုံခြုံရေး တစ်ဦး တားဆီးလိုက်သည်။

"ဒီနား ကပ်လို့ မရပါဘူး"

လုံခြုံရေး ဝန်ထမ်းက ယဉ်ကျေးစွာ၊ လေးနက်စွာ ပြောလိုက်သည်။

ဟယ်ယွီလျန် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"ဆောရီးပါရှင် ကျွန်မ လည်စည်းပုဝါလေး လေတိုက်ပြီး အထဲ လွင့်သွားလို့ သွားပြန်ကောက်ချင်လို့ပါ အကိုရယ် ဒီတစ်ခါတော့ ခွင့်ပြုပေးပါနော်"

သူမ နွဲ့နွဲ့နှောင်းနှောင်းလေး ပြောလိုက်သည်။ သူမ၏ ညှို့ဓာတ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဟယ်ယွီလျန်၏ အလှအပကြောင့် လုံခြုံရေး ဝန်ထမ်း ခေတ္တ မှင်သက်သွားသည်။ တီဗီ၊ ရုပ်ရှင်၊ မဂ္ဂဇင်းများထဲမှ မင်းသမီးများထက်ပင် သာလွန်လှပပြီး အပြစ်ဆိုဖွယ်ရာ မရှိပေ။

"တကယ် တောင်းပန်ပါတယ် ဒါပေမဲ့ ဝင်လို့ မရပါဘူး"

သို့သော် မကြာမီ လုံခြုံရေး ဝန်ထမ်း သတိပြန်ဝင်လာပြီး ဟယ်ယွီလျန်၏ တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။

"ပစ္စည်းကျသွားတာ ဆိုရင် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ကို ကူရှာခိုင်းပေးပါမယ် ဒီမှာ ခဏ စောင့်ပါ"

ပြောပြီးသည်နှင့် လုံခြုံရေး ဝန်ထမ်းက လုပ်ဖော်ကိုင်ဖက်ကို ဆက်သွယ်ရန် ပြင်လိုက်သည်။

လုံခြုံရေး ဝန်ထမ်းက ဒီလောက် တင်းမာလိမ့်မည်ဟု ဟယ်ယွီလျန် ထင်မထားခဲ့ပေ။ ထို့ကြောင့် သူမ ထပ်ပြောလိုက်သည်။

"အကို့ သူငယ်ချင်းကို ဒုက္ခပေးသလို ဖြစ်နေမှာပေါ့ ကျွန်မဘာသာ ဝင်ကောက်ပြီး ချက်ချင်း ပြန်ထွက်လာခဲ့ပါ့မယ်နော် ကူညီပေးပါ"

သူမ ထပ်မံ တောင်းပန်လိုက်သည်။ ရိုးသားယဉ်ကျေးသော ပုံစံကြောင့် ငြင်းပယ်ရန် ခက်ခဲစေသည်။

သို့သော် လုံခြုံရေး ဝန်ထမ်းက ငြင်းဆန်ဆဲ ဖြစ်သည်။

"တောင်းပန်ပါတယ် ဒီထဲကို ဝင်ခွင့်မပြုပါဘူး"

ဒီအခြေအနေကို ကြည့်ပြီး ဒီမှာ စောင့်နေသူသည် သာမန် လုံခြုံရေး ဝန်ထမ်း မဟုတ်ဘဲ အထူး ဝန်ထမ်း တစ်ဦး ဖြစ်နိုင်ကြောင်း ဟယ်ယွီလျန် သဘောပေါက်လိုက်သည်။

မဟုတ်လျှင် တိုက်ပျက်ကြီး တစ်ခုကို ဒီလောက် တာဝန်ကျေကျေ စောင့်ကြပ်နေစရာ အကြောင်းမရှိပေ။

"တခြားနည်းလမ်း စဉ်းစားမှ ရမယ် ထင်တယ်"

ဟယ်ယွီလျန် ယာယီ ပြန်လှည့်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လုံခြုံရေး ဝန်ထမ်း၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားသည်။

"နေပါဦး မပြန်ပါနဲ့ ဝင်သွားလို့ ရပါတယ်"

"ဟင်"

ဟယ်ယွီလျန် ချက်ချင်း ဇဝေဇဝါ ဖြစ်သွားသည်။

ခုနက ဒီလောက် တင်းမာနေပြီး ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ။

"ကျေးဇူးပါ အကို"

သူမ အကြောင်းရင်း မမေးတော့ဘဲ ကျေးဇူးတင်စကား ပြောကာ ဝင်သွားလိုက်သည်။

လုံခြုံရေး ဝန်ထမ်းက လမ်းဖယ်ပေးလိုက်ပြီး ဆက်လက် မတားဆီးတော့ဘဲ ဟယ်ယွီလျန် တိုက်ပျက်ကြီးထဲ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။

"ယန်ကျန့် စီစဉ်ထားတာလား"

လမ်းလျှောက်ရင်း ဟယ်ယွီလျန် တွေးလိုက်သည်။

ယန်ကျန့် ဖုန်းဆက် စီစဉ်ထားခြင်း ဖြစ်မည်ဟု သူမ ယုံကြည်သည်။ လုံခြုံရေး ဝန်ထမ်းက အမိန့်တစ်ခုခု ရရှိထားလို့သာ သူမကို ဝင်ခွင့်ပေးလိုက်ခြင်း ဖြစ်မည်။

သို့သော် သူမ တွေးတောနေစဉ် တိုက်ပျက်ကြီးထဲ ခြေချလိုက်သည်နှင့် မယုံကြည်နိုင်စရာ ပြောင်းလဲမှု တစ်ခု သူမ မျက်စိရှေ့တွင် ဖြစ်ပေါ်လာသည်။

မူလက စွန့်ပစ်ထားသော တိုက်ပျက်ကြီး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် အရာအားလုံး ပြောင်းလဲသွားသည်။

နီယွန်မီးရောင်များ တဖျပ်ဖျပ် လက်နေသော ငါးထပ်တိုက် အဆောက်အအုံကြီး တစ်ခု သူမ ရှေ့တွင် ထူးဆန်းစွာ ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မှိန်ဖျော့နေပြီး အဆုံးမရှိ ကျယ်ပြောကာ ဖော်ပြမရနိုင်သော အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

"ငရဲတိုက်ခန်း"

ဟယ်ယွီလျန် ရင်တဒိန်းဒိန်း ခုန်သွားသည်။ နီယွန်မီးရောင်ဖြင့် ရေးထားသော စာလုံးများကို ကြည့်ပြီး ချက်ချင်း နားလည်လိုက်သည်။

ဒါ ယန်ကျန့် သူမကို လာစေချင်တဲ့ နေရာပဲ။

"မင်း နာမည် ဘယ်သူလဲ ဘယ်သူ လွှတ်လိုက်တာလဲ သာမန်လူတွေ ဒီနေရာကို မသိသင့်ဘူး"

လှည့်တံခါး နောက်ကွယ်ရှိ ဧည့်ခန်းမထဲမှ အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွန်မ နာမည် ဟယ်ယွီလျန် ပါ ယန်ကျန့် လွှတ်လိုက်တာပါ စုန့်ရန် ဆိုတဲ့ လူတစ်ယောက်ကို ရှာခိုင်းလိုက်လို့ပါ ရှင်က စုန့်ရန် လား"

ဟယ်ယွီလျန် စိတ်ငြိမ်အောင် ထားပြီး ဧည့်ခန်းမထဲသို့ လှမ်းမေးလိုက်သည်။

သူမ စကားဆုံးသည်နှင့် လှည့်တံခါး ပွင့်သွားပြီး ဧည့်ခန်းမ မီးများ လင်းလာသည်။

"ဝင်ခဲ့"

စုန့်ရန်၏ အသံ အတွင်းမှ ထွက်ပေါ်လာသည်။

မန်နေဂျာ တစ်ယောက် အနေဖြင့် ဟယ်ယွီလျန် အပြင်ဘက်တွင် ယောင်လည်လည် ဖြစ်နေသည်ကို သူ တွေ့ခဲ့ရသည်။ တိုက်ပျက်ကြီးကို လာခြင်း မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိ တစ်စုံတစ်ရာကို ရှာဖွေနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် ဟယ်ယွီလျန်ကို ဝင်ခွင့်ပြုရန် လုံခြုံရေးကို အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

ဟယ်ယွီလျန် သတ္တိမွေးပြီး တံခါးကို ဖြတ်ကျော်ကာ ခြောက်ခြားဖွယ် အဆောက်အအုံထဲသို့ ဝင်ရောက်သွားလိုက်သည်။

အတွင်းပိုင်းသည် ခမ်းနားထည်ဝါပြီး မီးရောင်များ တောက်ပနေကာ ကြောက်စရာ မကောင်းပေ။ သို့သော် အလွန် တိတ်ဆိတ်ပြီး ခြောက်ကပ်နေသည်။

ဧည့်ခန်းမရှိ ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး တုတ်ကောက် ကိုင်လျက် ထိုင်နေသည်။ သူ့အကြည့်က အေးစက်ပြီး မျက်နှာထား လေးနက်နေသည်။

ထိုအမျိုးသားကို မြင်လိုက်သည်နှင့် သူသည် တာဟန်မြို့၏ မန်နေဂျာ စုန့်ရန် ဖြစ်ကြောင်း ဟယ်ယွီလျန် ခန့်မှန်းမိလိုက်သည်။

"ယန်ကျန့် ညွှန်းလိုက်တာလား သူ မင်းကို ဘာလာလုပ်ခိုင်းတာလဲ"

စုန့်ရန် တုတ်ကောက်ဖြင့် ကြမ်းပြင်ကို ခေါက်လိုက်သည်။

တံခါး "ဒုန်း" ကနဲ ပိတ်သွားသည်။

ပတ်ဝန်းကျင်ရှိ မီးရောင်များ ရွေ့လျားလာပြီး ဟယ်ယွီလျန် အပေါ် ကျရောက်လာကာ သူမကို သေချာ အကဲခတ် စစ်ဆေးနေသကဲ့သို့ ဖြစ်နေသည်။

"ယန်ကျန့်က ကျွန်မကို ဒီမှာ လာရှာခိုင်းတာပါ အကြောင်းရင်း အတိအကျတော့ မပြောပါဘူး"

ဟယ်ယွီလျန် ချက်ချင်း ပြောလိုက်သည်။

"သာမန်လူလား"

စုန့်ရန် မျက်လုံး အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဒါပေမဲ့ မင်းရဲ့ ရုပ်ရည်က ထူးခြားလွန်းတယ် မဟုတ်ဘူး အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် ပြီးပြည့်စုံလွန်းနေတယ် သက်ရှိလူသား တစ်ယောက် ဒီလို ဖြစ်ဖို့ မဖြစ်နိုင်ဘူး"

"ပန်းချီကားထဲက အမျိုးသမီးနဲ့ တစ်ပုံစံတည်း တူတယ်လို့ သူ ပြောပါတယ်"

ဟယ်ယွီလျန်က ပြောလိုက်သည်။

"ယန်ကျန့်က တစ္ဆေပန်းချီအကြောင်း ပြောဖူးတယ် ဒါပေမဲ့ မြင်ဖူးတဲ့လူ ရှားတယ် မြင်ဖူးတဲ့လူ အများစုက သေကုန်ကြပြီလေ အဲဒါက ဖြေရှင်းလို့ မရနိုင်တဲ့ သဘာဝလွန် ဖြစ်ရပ်ပဲ ဒါကြောင့် တစ္ဆေပန်းချီထဲက အမျိုးသမီး ဘယ်လိုပုံစံလဲ ဆိုတာ ငါတောင် မသိဘူး ဒါပေမဲ့ မင်းကို ကြည့်ရတာ တစ္ဆေပန်းချီက မင်းနဲ့ တူဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

စုန့်ရန်က ပြောလိုက်သည်။

"ရောက်လာမှတော့ စကားအများကြီး ပြောမနေတော့ဘူး ယန်ကျန့်က စကားဝှက်တွေ ပြောတတ်တဲ့လူ မဟုတ်ဘူး မင်းကို သတင်းအချက်အလက် တချို့ ပေးလိုက်မှာ သေချာတယ်"

"သူက ကျန်းရှန်ကွမ်းဆိုတဲ့ လူတစ်ယောက်ကို ရှာခိုင်းလိုက်ပါတယ်"

ဟယ်ယွီလျန်က ပြောလိုက်သည်။

ကျန်းရှန်ကွမ်း ဟုတ်လား။

စုန့်ရန် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ဒီလူက ရိုးရှင်းသော လူတစ်ယောက် မဟုတ်ပေ။ သူ ကျန်းရှန်ကွမ်း အကြောင်း စုံစမ်းနေသည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ သတင်းအချက်အလက် သုံးခုသာ ရရှိထားသေးသည်။

ပထမအချက် ကျန်းရှန်ကွမ်းသည် စာပို့တိုက်၏ မန်နေဂျာ ဖြစ်ခဲ့ဖူးသော်လည်း တစ်နည်းနည်းဖြင့် ထွက်ခွာသွားနိုင်ခဲ့သည်။

ဒုတိယအချက် ကျန်းရှန်ကွမ်းသည် ဒီကမ္ဘာပေါ်တွင် အသက်ရှင်နေဆဲ ဖြစ်ပြီး တစ္ဆေစာပို့တိုက်၏ စာပို့တာဝန်ကို နှစ်ကြိမ်တိုင်တိုင် ပြီးမြောက်ခဲ့ဖူးသည်။

တတိယအချက် ဒုတိယမြောက် မန်နေဂျာ ထျန်းရှောင်ယွဲ့သည် အပိုင်းပိုင်း ခုတ်ထစ်ခံရပြီး ပုလင်းထဲတွင် ထည့်သွင်း သိမ်းဆည်းခံခဲ့ရသည်။ ပြန်လည်ရှင်သန်လာသော်လည်း လူမဟုတ်၊ တစ္ဆေမဟုတ် ဖြစ်သွားသည်။ ဤကိစ္စ အားလုံးသည် ကျန်းရှန်ကွမ်းနှင့် သက်ဆိုင်နေသည်။

All Chapters