← Chapters

သူတော်စင်အဆင့် လက်နက်တစ်ခု၏ အစွမ်း

Vol. 1 Ch. 205

သူတော်စင်အဆင့် လက်နက်တစ်ခု၏ အစွမ်း

Vol. 1 Ch. 205

ယွင်ဟဲသည် အမှန်တကယ် သံသယ ဝင်လာခဲ့ပေပြီ။ တစ်နာရီကျော် ကြာသွားခဲ့ပြီ ဖြစ်သည်။ အောင်ပွဲရကြောင်း ဘယ်သူမှ လာအကြောင်း မကြားကြလျှင်တောင် အခြေအနေကို တစ်ယောက်ယောက်က လာရောက် အကြောင်းကြား သင့်နေပြီ ဖြစ်သည်။

တပ်ဖွဲ့သုံးခုလုံး တောအုပ်ထဲ ဝင်သွားကြသော်လည်း ဘယ်သူမှ ပြန်ထွက် မလာသေးဟု ကင်းထောက် တစ်ယောက်ကသာ သတင်း လာပို့ခဲ့သည်။ ယွင်ဟဲသည် ခဏ စဉ်းစားလိုက်ပြီး လက်ဟန်ပြကာ အမိန့် ပေးလိုက်သည်။

"အခြေအနေကို ထောက်လှမ်းဖို့ နောက်ငါးယောက် ထပ်လွှတ်လိုက် ... သူတို့ သတင်းရတာနဲ့ အမြန်ဆုံး အကြောင်းကြားခိုင်း"

ကင်းထောက် ငါးယောက်သည် တောအုပ်ထံ ချဉ်းကပ် သွားကြပြီး အဝါရောင် သစ်ပင်များ တောသို့ ဝင်ရောက် သွားခဲ့သည်။ မိနစ်သုံးဆယ် ကြာသည်အထိ ငါးယောက်လုံး ပြန်ရောက် မလာခဲ့ပေ။ အနှီတောအုပ်သည် နတ်ဆိုး သားရဲကြီး၏ ပါးစပ် နီရဲရဲကြီး အလား ဝင်ရောက် သွားသူတိုင်းကို စားသောက် ပစ်နေသည်လော။

အဆိပ်ရှိ ပိုးစိမ်းကောင်များကို သုံး၍ ယွင်ဟဲသည် တောအုပ်ထဲတွင် ကျန်းရီ အသက်ရှင်လျက် ရှိသေးကြောင်း အတည်ပြုလိုက်သည်။ သူသည် မှုန်ကုပ်ကုပ် အမူအရာနှင့် သူ့အား ကြက်သီး ထစေသော တောအုပ်ကို လှမ်းကြည့်လိုက်သည်။ သူတောအုပ်ထဲ ဝင်သွားလျှင် မည်သည့်အခါမှ ပြန်ထွက် မလာနိုင်ဟု မသိစိတ်က ပြောပြနေသည်။

"ဒါက ယုတ္တိ မရှိဘူး ... ကျန်းရီရဲ့ အင်အားက ဘယ်လောက်ပဲ ပုံမှန်ထက် သာလွန်နေပါစေ၊ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်တွေထက် သာမှာမို့လား ... သူက အဲ့လောက်တောင် ကြမ်းနေတယ် ဆိုရင်လည်း ရေဆုံးမြေဆုံး အထိ ရွှေချမ်လော့ကို လိုက်သတ်နေလောက်ပြီ ... ပြီးတော့ ဒီတောအုပ်ကလည်း ပုံမှန် မဟုတ်ဘူး ... ကျန်းရီက အချိန်တိုလေး အတွင်းမှာ လူအများကြီးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ ... ဘာလို့ တစ်ယောက်ယောက် ထွက်လာပြီး အခြေအနေကို အကြောင်း မကြားတာလဲ"

ယွင်ဟဲ၏ မျက်မှောင်တို့ ကြုတ်ထားသည်မှာ နဖူးမှ အရေးကြောင်း သုံးခုပင် ထောင်ထ လာလေပြီ။ သူသာ ဤကဲ့သို့ မကောင်းသည့် ခံစားချက်များ ကြိုရခဲ့မည် ဆိုလျှင် လူတိုင်းအား ဤဖြစ်ရပ်တွင် ဝင်ပါရန် အမိန့် ပေးခဲ့မည် မဟုတ်ပေ။ အထဲရှိ လူများသည် အလောင်းများ ဖြစ်နေလျှင်တောင် ဖြစ်နေလောက်ပေပြီ။ ဤဖြစ်ရပ်တွင် အင်အားကြီး ဂိုဏ်းများမှ ဂိုဏ်းသားများလည်း ပါဝင်နေလေသည်။ သူတို့အားလုံးသာ သေဆုံးသွားလျှင် ထိုသူတို့၏ ဂိုဏ်းများကို သူမည်သို့ ဖြေရှင်းချက် ပေးရမည်နည်း။

သူသည် အခြေအနေအား သေချာ ခွဲခြမ်း စိတ်ဖြာခြင်း မလုပ်ခင် မီးကုန်ယမ်းကုန် တိုက်ခိုက်ကြရန် အမိန့် ပေးထားပြီး ဖြစ်ရာ သူပါ တပ်ဖွဲ့နှင့်အတူ လိုက်ဝင်ရန် လိုအပ်လာပြီ ဖြစ်လေသည်။ သူပါ အထဲသို့ လိုက်ဝင်သွားပြီး ပြန်ထွက် မလာနိုင်တော့လျှင် မည်သို့ လုပ်မည်နည်း။

"ယွင်ဟဲ"

ရွှေချမ်လော့သည် ပို၍ပင် စိတ်မရှည် ဖြစ်လာကာ နှုတ်ခမ်းဆူ၍ ပြောလာတော့သည်။

"ဒီလောက် ကြာနေတာတောင် ဘာလို့ ဘာသတင်းမှ မရတာလဲ ... ရှင့်လူတွေကပဲ ညံ့လွန်း နေတာလား ... ဒါမှမဟုတ် ... ကျန်းရီပဲ အထဲမှာ တကယ် မရှိတာလား"

ယွင်ဟဲသည် မချိပြုံးပြုံးကာ ရှင်းပြလိုက်သည်။

"ကျန်းရီ အထဲမှာ သေချာပေါက် ရှိတာပေါ့ ... ငါ့ အဆိပ်ရှိ ပိုးစိမ်းကောင်ရဲ့ ခြေရာခံ ခံလိုက်ရရင် တစ်ယောက်မှ မလွတ်မြောက်နိုင်ဘူး ... ဒီတောအုပ်က ဝင်သွားတဲ့သူတွေ ပြန်ထွက် မလာနိုင်လောက်အောင် အန္တရာယ် များလွန်းတယ် ထင်တယ်!"

"ဟမ့်"

ရွှေချမ်လော့သည် ပို၍ပင် မကျေမနပ် ဖြစ်လာခဲ့သည်။ သူမ၏ ကျောက်စိမ်းသွယ် လက်လေးများသည် လည်တိုင်ကျော့ထက်မှ ငွေရောင်လည်ဆွဲအား ဆွဲဖြုတ်ကာ ပြောလိုက်သည်။

"ဒီတောအုပ် အန္တရာယ်များများ မများများ ဒီသခင်မလေးက ဂရုမစိုက်ဘူး ... ကျွန်မ ဒီတောအုပ်ကို လွင်ပြင် ဖြစ်သွားအောင် လုပ်လိုက်ရင် ရှင်းမသွားဘူးလား"

"ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲ"

ယွင်ဟဲ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ ရွှေချမ်လော့သည် အနှီသူတော်စင် အဆင့် ရတနာကို စိတ်ဝိညာဉ်နှင့်  အပြည့်အဝ မပေါင်းစည်း နိုင်လောက်သေးသော်လည်း ၎င်း၏ စွမ်းအားသည် လုံလောက်သည်ထက် ပိုလေသည်။ ဤသစ်တော မည်မျှပင် အန္တရာယ် များလွန်းပါစေ၊ ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲ ကျရောက်သွားလျှင် ပျက်စီး သွားလိမ့်မည်သာ။

"ချမ်လော့ ... ကမ္ဘာပျက်သုဉ်းခြင်း လည်ဆွဲကို သုံးပြီး ရှေ့က တောအုပ်ကို ပစ်လိုက်"

လုံခြုံမှုကသာ တောင်းပန် ရမည်ထက် ပို၍ အရေးကြီးလေသည်။ ယွင်ဟဲသည် တောအုပ်ထဲရှိ မီးကုန်ယမ်းကုန် တိုက်ခိုက် နေကြသူများ အတွက် တစ်ခွန်းတောင် မပြောခဲ့ပေ။ ရွှေချမ်လော့သည် ယွင်ဟဲ၏ စကားကို ကြားသော် ထိုအကြောင်းအရာအား မည်သို့မှ အရေးမစိုက်ပဲ ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲအား ပစ်လွှတ်လိုက်လေသည်။

"ဟူး ... ဟူး"

ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲ ပျံသန်း သွားသည်နှင့် ငွေရောင်အလင်းများ ဖြာထွက်လာပြီး ကြောက်မက်ဖွယ်  ဖိအားတို့ ပေါ်ထွက်လာလေသည်။ ငွေရောင်လည်ဆွဲသည် လေကိုခွင်း၍ ရောက်ရှိသွားပြီး တောအုပ်အစပ်ရှိ သစ်ပင်ကြီးအား ထိမှန် သွားလေသည်။

"ဗုန်း"

ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲနှင့် အဝါရောင် သစ်ပင်တို့ တိုက်မိ သွားသောအခါ လေထု တုန်ခါသွားခဲ့ပြီး တစ်ချိန်တည်း၌ အလင်းရောင် နှစ်ခု ဖြာထွက် လာခဲ့သည်။ အားကြီးနှစ်ခု ထိပ်တိုက်တွေ့ရာမှာ အားလှိုင်းများသည် အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ပေါက်ကွဲမှုများ ဖြစ်ပေါ် လာခဲ့သည်။ အဝါရောင် သစ်ပင်ကြီးသည် ပင်စည်မှ ကျွတ်ထွက်ကာ မြေပေါ် လဲကျ သွားခဲ့သည်။

သူတော်စင် အဆင့် ရတနာ တစ်ခုရဲ့ စွမ်းအားကို ဘာကမှ တောင့်ခံ မထားနိုင်ဘူး။

"ဟုတ်ပြီ"

ယွင်ဟဲသည် ပြန်လည် ပျံသန်းလာသော ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲအား ကြည့်နေရင်း စိတ်လှုပ်ရှား လွန်းမှုကြောင့် မျက်လုံးများတွင် လောဘ အရိပ်အယောင်များ ပေါ်ထွက် လာခဲ့သည်။ ရွှေယို့လန်သည် နယ်မြေ၏ နံပါတ်တစ် သိုင်းသမားဖြစ်ရာ သူတော်စင်အဆင့် ရတနာတစ်ခု၊ နှစ်ခုမက ရှိလောက်ပေသည်။ သူရွှေချမ်လော့နှင့် လက်ထပ်လိုက်လျှင် သူ့ကို တစ်ခုလောက်တော့ ချီးမြှင့်လောက်သည်။

ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲကို သုံး၍ ဖျက်ဆီး နေသော်လည်း တောအုပ်သည် ထူးဆန်းနေဆဲပင်။ လည်ဆွဲနှင့် ရိုက်ခတ်မိသော သစ်ပင်များသည် အမှုန့် ဖြစ်မသွားခဲ့ပေ။ သို့သော် သစ်ပင်များ တစ်ပင်ပြီးတစ်ပင် လဲကျ ကုန်သည်နှင့်အမျှ ယွင်ဟဲ၏ ကြောက်လန့်စိတ်များ ပို၍ လျော့ပါး လာခဲ့သည်။ သူသည် ဝမ်းသာအားရ အော်ဟစ်အမိန့် ပေးလိုက်သည်။

"တစ်ယောက်ယောက် လာစမ်း၊ ငါအမိန့်ပေးတယ် ... တောအုပ်ထဲကို အားလုံး ချီတက်ပြီး ကျန်းရီကို သတ်ကြမယ်!"

နောက်လိုက်သုံးယောက်သည် လူခွဲ၍ တပ်ဖွဲ့ခွဲများစီ သတင်း သွားပို့ကြသော်လည်း ယွင်ဟဲသည် တုပ်တုပ်မျှ မလှုပ်ပေ။ သူသည် လေကြီးလှသော်လည်း သေရမည်ကို တခြား လူများထက် ကြောက်လေသည်။ ထို့ကြောင့် သူအရင် မဝင်ရဲဘဲ လမ်းရှင်းသွားအောင် တပ်ဖွဲ့သုံးခုကို အရင် ဝင်စေလိုက်ခြင်း ဖြစ်သည်။ တစ်ခဏစောင့်ပြီး တပ်ဖွဲ့ သုံးခုလုံး ဝင်သွားကြောင်း သေချာသော အခါမှ သူသည် လက်ဟန်ပြကာ အော်ဟစ်လိုက်သည်။

"သွားကြစို့"

"သွားမယ်"

ရွှေချမ်လော့သည် အစတည်းက စောင့်နေရခြင်းကို စိတ်မရှည် ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ သူမ၏ လက်တစ်ဖက် အဝှေ့တွင် ရွှေယွဲ့လျန် မျှော်စင်မှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်ငါးဆယ်သည် သူမကို ဝန်းရံ၍ တောအုပ်ထဲ ချီတက် သွားကြလေသည်။

***

လက်ရှိအချိန်တွင် တစ္ဆေတောအုပ် ထဲ၌ တိုက်ပွဲ ဖြစ်ပွားနေခဲ့သည်။ မြေအောက်ထဲသို့ အလောတကြီး ဝင်သွားကြသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သုံးဆယ်ကျော်သည် ပုံမှန်အားဖြင့် ဇာတ်သိမ်း မလှခဲ့ပေ။ မင်းသမီး ယွင်ဖေးက သစ်မြစ်များဖြင့် အကျဉ်းထောင် ဖန်တီး၍ သူ့တို့အား ချုပ်နှောင်လိုက်ပြီး ကျန်းရီက နောက်ထပ် မီးဝိညာဉ် ကျောက်တုံးတစ်ခု ထုတ်ယူ၍ အေးအေးလူလူ မီးရှို့လိုက်သည်။

ကျန်းရီ လုံးဝ ဒဏ်ရာ ရထားခြင်း မရှိပေ။

အကြိမ်ပေါင်းများစွာ အတွင်းအားများ လာရောက် ထိမှန်သော်လည်း ကျန်းရီ ဘာဒဏ်ရာမှ မရလိုက်ပေ။ ကောင်းကင် နတ်ဆိုးပိုးချည်ဖြင့် ရစ်ပတ် ခံထားရစဉ် တုန်ခါမှုကိုတောင် သူမခံစားမိပေ။ ထိုကောင်းကင်နတ်ဆိုး ပိုးချည်သည် ထူးခြားသည့် ကောင်းကင်အဆင့် လက်နက် ဖြစ်နေရုံ သာမက အကာအကွယ် အစီအရင် များလည်း ပါနေသေးပုံ ရသည်။ ရွှေယို့လန်၏ ကောင်းကင်အဆင့် ရတနာသည် သူမဂုဏ်သတင်းနှင့် အညီ ထူးခြား၍ ကျန်းရီအား စိတ်မပျက်စေပေ။

မြေအောက်သို့ ဝင်လာသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် များအား သတ်ဖြတ်ပြီးနောက် ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် ထပ်မံ လှုပ်ရှားလိုက်ကြသည်။ မြေပေါ်မှ လူများသည် ကျန်းရီ ချောင်းမြောင်း တိုက်ခိုက်မည်ကို ရှောင်ရှားရန် အလို့ငှါ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး တစ်ယောက်မှ ငြိမ်ငြိမ် ရပ်မနေရဲကြပေ။

ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် အပြင်မှ ရန်သူများ အချိန်မရွေး ထပ်ဝင် လာနိုင်သောကြောင့် ထိုလူများအား ထွက်ပြေးခွင့် မပြုနိုင်ကြပေ။ ယွင်ဟဲတွင် ကောင်းကင်အဆင့် လက်နက်တစ်ခု ရှိရုံသာမက အောက်လမ်း မှော်အတတ်လည်း ပိုင်ဆိုင် ထားသေးသည်ဟု ယွင်ဖေး ပြောထားခဲ့သည်။  ရွှေချမ်လော့ ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ ထိုနှစ်ယောက် ရောက်မလာခင် သူတို့ သတ်နိုင်သမျှ သတ်ထားရပေမည်။

"ဘန်း!"

ကျန်းရီသည် မြေအောက်မှ မကြာခဏဆိုသလို ခုန်ထွက်လာနေသည်။ သူထွက်လာချိန်တိုင်းတွင် သူ့ကိုယ် အပေါ်ပိုင်းအား ကောင်းကင် နတ်ဆိုးပိုးချည်ဖြင့် ရစ်ပတ်ထားပြီး မြေပြင်ပေါ် ရောက်ချိန်တွင် ရန်သူများ၏ တိုက်ခိုက်မှုများကို လျစ်လျူရှု ထားလိမ့်မည်။ ထို့နောက် အမြန်ဆုံးနှုန်းဖြင့် ကမ္ဘာ့ မီးလျှံများအား ထုတ်လွှတ်လိမ့်မည်။ သူသည် ရန်သူတစ်အုပ်အား မီးရှို့ပြီးလျှင်တော့ မြေအောက်သို့ ပြန်ဝင် သွားလိမ့်မည်။

ကျန့်ဝူရွှမ်း သည်လည်း သူ့တိုက်ခိုက်မှု များအား အမီလိုက် နိုင်လေသည်။ ကျန်းရီသည် ရန်သူများကို အာရုံ လွှဲထားချိန်တွင် တခြားဘက်မှ သူထွက်လာလိမ့်မည်။ သူထွက်ပေါ်လာချိန် တိုင်းတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်အား ဆွဲဖြဲ ပစ်လိမ့်မည်။

စစ်နတ်ဘုရား မျိုးနွယ်စု၏ အကာအကွယ်  စစ်နတ်ဘုရား ရောင်ဝါအလင်းသည် အလွန့်အလွန် အားကောင်းလှသည်။ သာမန် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ပဉ္စမအဆင့်၊ စတုတ္ထ အဆင့်လောက်သည် သူ့အား ထိခိုက်အောင်ပင် မလုပ်နိုင်ချေ။ ကျန့်ဝူရွှမ်း၏ ကျင့်ကြံဆင့်သည် နိမ့်နေ၍ ရန်သူများအား ပေါ်ပေါ်ထင်ထင် မတိုက်ခိုက် နိုင်သည်မှာ နှမြောစရာ ကောင်းလှသည်။ မဟုတ်ပါက သူ၏ အထူးစွမ်းအင်များ ကုန်ခန်းသွားလျှင် သူသေသွား နိုင်လေသည်။

နှစ်ယောက်လုံးသည် ရန်သူများကို လျင်လျင်မြန်မြန် သတ်ဖြတ် နေကြသည်။ သို့သော် ကျန်းရီ၏ သတ်ဖြတ်နှုန်းအား ကျန့်ဝူရွှမ်း လိုက်မမီပေ။ သူသည် တစ်ယောက်ချင်းသာ သတ်နေရ၍ ကျန်းရီသည် တစ်ကြိမ်လျှင် လူတစ်အုပ်အား သတ်နေခြင်း ဖြစ်လေသည်။

တစ်နာရီအတွင်း အပြင်မှ ရန်သူများ ထပ်ဝင် မလာသေးခင် လက်ရှိလူအုပ်သည် သုံးပုံတစ်ပုံ ကျန်သေး၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်သည် လေးငါးယောက်ခန့် ကျန်သေးသည်။ ကျန်းရီသည် သူတို့အား တမင်ပစ်မှတ် မထားသောကြောင့် သူတို့ ကျန်နေခြင်း ဖြစ်လေသည်။ မဟုတ်ပါက ထိုစိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ သေသွားသည်မှာ ကြာလောက်ပေပြီ။

လူများစွာ အသတ် ခံလိုက်ရပြီ ဖြစ်ရာ ထိုလူများသည် ဆောက်တည်ရာမရ ထိတ်လန့် နေကြလေပြီ။ သူတို့သည် အစက အုပ်စုဖွဲ့ ပြေးနေကြသော်လည်း ၎င်းမှာ ကျန်းရီအား သတ်ဖြတ်ရန် ပိုလွယ် သွားစေသည်ကို သိရပြီးနောက် ကြောက်လန့်နေသော ယုန်သူငယ်လေးများ ပမာ လူခွဲ၍ ပြေးကြတော့သည်။ အများစုသည် သစ်ပင်များထက် ပုန်းအောင်း နေကြပြီး သူတို့ ကိုယ်များသည် ကြောက်လွန်း၍ တဆတ်ဆတ် တုန်နေလေသည်။

သူတို့သည် သတ်ဖြတ်ခြင်း များကို မမြင်ဖူးသောကြောင့် ထိုသို့ ဖြစ်နေခြင်း မဟုတ်ရပါပေ။ သူတို့ တောအုပ်ထဲ ဝင်လာချိန်တည်းက သေလိုက သေပါစေဟု စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်လေသည်။ သို့သော် ယနေ့ အခြေအနေသည် ထူးဆန်း လွန်းနေသည့် အပြင် ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့၏ သတ်ဖြတ်နည်း များသည်လည်း ရက်စက်ပြင်းထန် လွန်းသည်။ သူတို့၏ သတ်ဖြတ်ခြင်း များသည် သူတို့အား ငရဲမှ နတ်ဆိုးများ အလား ထင်ရစေလေသည်။

"ရှပ် ... ရှပ် ... ရှပ်"

လူတိုင်းသည် လက်လျှော့လိုက်တော့မည့် ဆဲဆဲတွင် အပြင်ဘက်မှ တပ်ဖွဲ့များ ဝင်ရောက်လာခဲ့သည်။ ယွင်ဟဲနှင့် ရွှေချမ်လော့ သည်လည်း သူတို့ နောက်လိုက်များကို ခေါ်ဆောင်၍ လိုက်ပါလာခဲ့သည်။ သူတို့သည် တောအုပ်အတွင်း ပြန့်ကျဲနေသော ခြေပြတ်လက်ပြတ်များ၊ အလောင်းကောင်များနှင့် ငရဲအလား မြင်ကွင်းအား မြင်လိုက်ရသောအခါ ယွင်ဖေး၏ မျက်လုံးများတွင် ဒေါသများ ပြည့်လျှံ လာခဲ့သည်။ သူသည် မြေပြင်ပေါ်မှ အကြည့်မလွှဲဘဲ အော်ဟစ်လိုက်သည်။

"ချမ်လော့ ... ဝိညာဉ်ပျက်သုဉ်း လည်ဆွဲကို သုံးပြီး မြေကြီးကို ပစ်လိုက် ... ကျန်းရီ မြေအောက်မှာ ရှိတယ်"

***

All Chapters