ကိုယ်ဝန်သည် (3)
Vol. 33 Ch. 325
ရှီဟိုင်ဟုန်၏စကားများ ထွက်လာသည်နှင့် ဂျုံခင်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ မန်ဒရင်းဘာသာစကားကိုလည်း နားလည်ကြသည့် လားမူနှင့် အခြားသူများ၏ အမူအရာမှာ ပြောင်းလဲသွားပြီး အချင်းချင်းကြည့်လိုက်ကြသည်။
ထိုအပြင် ဤလူများက ရွာထဲမှ ကိစ္စဆန်းများကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်စွမ်းရှိမည်ဟု သူတို့ မထင်ထားခဲ့ကြပါချေ။
လားမူက ခေါင်းငြိမ့်ကာ ပြောသည်။
“ခင်ဗျား မှန်တယ်.. ဒီအတောတွင်း ကျုပ်တို့ရွာမှာ မတော်တဆမှုတွေရှိခဲ့တယ်.. ပြီးတော့ အဲဒါတွေအားလုံးက ထူးဆန်းတယ်”
ရှီဟိုင်ဟုန်က ခေါင်းငြိမ့်သည်။
“ဟုတ်တယ်၊ ထူးဆန်းတယ်.. အဲဒီလို ဝိညာဉ်ဖြဲနိုင်တဲ့သူတွေက စွမ်းရည်တချို့ရှိတဲ့ စိတ္တဇဆရာသခင်တွေဖြစ်ရင်ဖြစ်..”
“မဖြစ်ရင် အရမ်းရက်စက်တဲ့သရဲတွေပဲ!”
ရွာသားများ၏အမူအရာမှာ သူမ၏စကားကိုကြားတော့ ထပ်မံပြောင်းလဲသွားကြပြန်သည်။
သူတို့ မည်သည့်အရာတွေးနေကြသည်ကို မသိသော်လည်း အလွန်ပင် ရုပ်ဆိုးနေသည်။
ရှီဟိုင်ဟုန်က ပြောသည်။
“ပြီးတော့ ရှင်တို့ရွာထဲမှာ အတားအဆီးတစ်ခုရှိနေတာကိုလည်း ရှာတွေ့ခဲ့တယ်”
တင်ဆက်သူလျို့က မေးသည်။
“ဘာအတားအဆီးလဲ”
“အစီအရင်တစ်ခုခုရှိနေသလိုပဲ”
ရှီဟိုင်ဟုန်က ပြောသည်။
“ဒီမှာ အတားအဆီးရှိတယ်လို့ ကျွန်မ သေချာနေရတဲ့အကြောင်းရင်းက ဒီဝိညာဉ်အပိုင်းအစတွေက အသိမရှိဘဲ လေထဲမှာလွင့်နေနိုင်တယ်.. ဒါပေမဲ့ ရွာကို ကြည့်နေတုန်းက အဖြစ်အပျက်တစ်ခုကိုလည်း ကျွန်မတွေ့ခဲ့သေးတယ်”
“ရွာဝင်ပေါက်က ဝိညာဉ်အပိုင်းအစတွေက လည်နေတယ်.. လေတိုက်လို့လဲ မလွင့်သွားဘူး”
ပြသနေသည်မှာ ဝါးထော်ရွာက မမြင်ရသည့်အားတစ်ခုနှင့် ဝန်းရံခံနေရခြင်းပင်။
ရှီဟိုင်ဟုန်က ပြောသည်။
“ဒါပေမဲ့ ကျွန်မ အဲဒီလိုအတားအဆီးမျိုးကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး.. ဒီတော့ ရွာထဲကလူတွေကို သက်ရောက်မှုရှိမရှိဆိုတာ ကျွန်မ မသိဘူး”
တိတ်ဆိတ်သွားကြပြီးနောက် လားမူက အေးစက်စွာ ပြောလာ၏။
“ဟုတ်တယ်”
“ကျုပ်တို့ရွာရဲ့ ထူးဆန်းမှုတွေထဲက တစ်ခုက လူတိုင်းက ရွာကနေ ထွက်သွားလို့မရတာပဲ.. သူတို့က ရွာဝင်ပေါက်ကနေ အမျိုးသားလမ်းမကြီးဆီကို သွားကြပေမဲ့ တစ်နေရာထဲမှာပဲ လည်နေပြီး ထွက်လို့မရဘူး..
ကြောက်စရာအကောင်းဆုံးဆုံးကတော့ တချို့ရွာသားတွေက လည်နေရင်း မှိန်ဝါးဝါးနဲ့တစ်ခုကို တွေ့ခဲ့တာပဲ”
“အဲဒါပဲ.. ဒီအစွမ်းနဲ့ ရှင်တို့က ရွာထဲက ထွက်မရတော့တာ”
ရှီဟိုင်ဟုန်က သရဲများကို အထူးအာရုံခံနိုင်သည်။ ထိုရှာဖွေတွေ့ရှိမှုနှစ်ခုပြီးသွားသည့်နောက် သူမတွင် တခြားရှာတွေ့သည့်အရာများ မရှိတော့ကြောင်း ကိုးရိုးကားရား ပြောလာသည်။
စင်ပေါ်တက်လာသည့် ဒုတိယယှဉ်ပြိုင်သူမှာ ထိုင်းလူမျိုးစုန်းဖြစ်သည့် ဟဲမီထူဖြစ်သည်။
သူ စင်ပေါ်တက်လာလာချင်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များက သူ့ပခုံးပေါ်မှ အသက်ဝင်သော သစ်သားရုပ်လေးကို အာရုံစိုက်မိသွားကြသည်။
အရုပ်လေးကို ရွှေပြားတစ်ခုနှင့် ဖုံးထားကာ ပါးစပ်တွင် ချက်ကြိုးပုံနှင့် ပြုံးနေသည့်ပုံကို ထုထားသည်။ အရုပ်လေး၏ မျက်နှာသွင်ပြင်နှင့် ခြေလက်အသေးစိတ်များမှာ အလွန့်ကို အစစ်အမှန်ဆန်သည်။
အချို့ ကြည့်ရှုသူများပြောကြသည်မှာ ဟဲမီထူက ပို၍ မကောင်းဆိုးဝါးဆန်လာခဲ့ကာ သူ့အပြုအမူတို့သည်လည်း ပို၍တစ်ကိုယ်ကောင်းဆန်လာသည်ဟူ၍ပင်။
အခြားသူများကတော့ သူ့ပခုံးပေါ်မှအရုပ်မှာ လူများကို ကြောက်ရွံ့စေသည်ဟု ပြောကြသည်။
သို့သော်လည်း ရုပ်လွန်ပညာနှင့် ထိုင်းစုန်းပညာအတတ်ကို နားလည်ကြသည့် အချို့ကြည့်ရှုသူများကမူ ဟဲ့မီထူပခုံးပေါ်မှ ရုပ်ထုက ဆိုးရွားသည့်သစ်သားရုပ်တုမဟုတ်ဘဲ မကောင်းသည့်အရာကို မလုပ်ကြောင်း ပြောကြသည်။
သူ့တွင် ‘သရဲလေး’မွေးမြူထားသည့်သဘောမျိုးမဟုတ်သကဲ့သို့ ဆိုးယုတ်သောအကြံမရှိပေ။ ယင်းက ထိုအရာများနှင့် ကွဲပြားသည်။
အနီးကပ်ကြည့်လျှင် ဤအရုပ်က ဟဲ့မီထူ၏လည်ပင်းတွင် ချိတ်ဆွဲထားသော ထွင်းဖောက်မြင်နေရသည့်လည်ဆွဲထဲက ရွှေအဆီထဲတွင် နှစ်ထားသည့် ‘ဆီတစ္ဆေ’နှင့် အတူတူဖြစ်ကြောင်း တွေ့ရမည်ပင်။
ထိုအရုပ်မှ ပြသနေသည်မှာ ဟဲ့မီထူ၏ အရည်အချင်းက တိုးတက်လာပြီး တစ်ချိန်တည်းတွင်ပင် သူပျိုးထောင်ထားသည့် ဆီတစ္ဆေက ပို၍ လိမ္မာလာခဲ့သည်။
ဘူးအသေးထဲမှ ကွဲပြားသော လူရုပ်ကလေးဖြစ်လာခြင်းက ဆီတစ္ဆေ၏ အရည်အချင်း ဆက်တိုက်နက်နဲလာခြင်း၏လွှမ်းမိုးမှုကြောင့် ဖြစ်သည်။
အကယ်၍ ဆီတစ္ဆေဝိညာဉ်က အပြီးတိုင်ပျိုးထောင်ပြီး လူပုံရုပ်ထုမှ ပေါင်းစပ်လိုက်မည်ဆိုလျှင် လူသားရုပ်ထုက သက်ဝင်သွားကာ တကယ့်ကိုယ်အစစ်အတိုင်း ပြေးနိုင်၊ လှုပ်ရှားနိုင်မည်ဟူသည့် ကောလဟာလများလည်း ရှိသည်။
ဆီတစ္ဆေက ကြောက်စရာကောင်းသည်ဟု အချို့တွေးကြသည့်အချက်မှာ သူတို့တွင် အားကောင်းသည့်ဈာန်ရှိပြီး လူပူံရုပ်ထုထဲတွင် ရှိနေသည့် ဝိညာဉ်ကို အာရုံခံနိုင်ကြသောကြောင့် ဖြစ်နိုင်သည်။
အကြာကြီးရပ်နေပြီးနောက် ဟဲမီထူက ပြောလာသည်။
“ဒီရွာက အရမ်းစွမ်းတဲ့ကျိန်စာကြီးမိထားတယ်၊ ပြီးတော့ နာကျည်းမှုအများကြီးရှိနေတဲ့ သရဲတစ်ကောင်လဲ ရှိတယ်”
သူ့၏ သွယ်လျလျလက်ချောင်းများက ပခုံးပေါ်မှ ရွှေရောင်ရုပ်ထုကို လှမ်းထိလိုက်သော်လည်း သူ့အမူအရာက အနည်းငယ်အကျည်းတန်သွားသည်။
“သူက ပြောတယ်.. ‘အဲဒါက ငါ့လိုမျိုးပဲ’တဲ့.. ဒါ မမှားနိုင်ဘူး”“ဆိုတော့ကာ ရွာထဲက တစ်ယောက်ယောက်က မသမာတဲ့အရာတစ်ခုခုလုပ်ခဲ့ပြီး မိစ္ဆာစိတ်ဝိညာဉ်အကြီးကြီးကို မွေးမြူခဲ့တာပဲဖြစ်မယ်”
ဟဲမီထူပြောသည်ကို ကြားလိုက်သောအခါ ကြည့်နေသူများမှာ ဒေါသထွက်လာကာ အဓိပ္ပာယ်မရှိသည်များ ပြောနေသည်ဟု အော်ကြသည်။ သူတို့ရွာက ထိုသို့အရာများကို လုပ်နိုင်မည်မဟုတ်ချေ။
တင်ဆက်သူလျို့က စိတ်တိုနေသော ရွာသားများကို ကြည့်လိုက်ပြီး အမြန်ကြားဖြတ်လိုက်သည်။
“အဟမ်း.. တောက်ကျန့်ဟဲမီထူ.. ခင်ဗျားက ‘သူ့လို’ လို့ ပြောလိုက်သလားလို့.. ဆိုလိုတာက ရွာထဲမှာ ကလေးသရဲရှိနေတာလား”
ဟဲမီထူက တစ်လုံးချင်း ပြောသည်။
“သရဲတစ်ကောင်တင်မဟုတ်ဘူး၊ တော်တော်အငြိုးကြီးတဲ့သရဲ.. သူ့မှာ ရုပ်ခန္ဓာလဲ ရှိတယ်”
“ဘာလို့လဲဆိုတော့ ဒီရွာမှာ ရှီဟိုင်ဟုန်ပြောခဲ့တဲ့ အတားအဆီးရှိတာကို ငါ အာရုံခံမိခဲ့လို့၊ ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် ကျိန်စာနဲ့ အဲဒီသရဲက ကျိန်စာဗဟိုချက်ပဲ”
“တစ်ယောက်ယောက်က အငြိုးကြီးသရဲကို နစ်နာစေခဲ့ပြီး ကိုယ့်ဘဝကိုယ် စတေးခံခဲ့တယ်.. ဒီရွာကလူတိုင်း အသေဆိုးနဲ့သေပြီး ပြန်မွေးဖွားလို့မရပါစေနဲ့လို့ ကျိန်ဆိုခဲ့တာပဲ!”
သူက ပြောလိုက်ရင်း လက်နှစ်ဖက်လုံးနှင့် ထူးခြားသောအကာအကွယ်တစ်ခုကို ပုံဖော်လိုက်သည်၊ သူက တစ်ခုခုကို တွက်ချက်နေသကဲ့သို့ပင် ။
တွက်ချက်ပြီးသည့်နောက်တွင် သူက ညီစို့စို့ချိုမြမြရှိသည့်အရာ(သွေးတစ်လုပ်)ကို မျိုချလိုက်ရပြီး အနည်းငယ်ဖြူဖျော့နေသည့်မျက်နှာက ပို၍ လေးနက်လာသည်။
“ငါ အမှားလုပ်မိတာ မဟုတ်တာ သေချာအောင် နှစ်ခါသုံးခါလောက် ဖတ်ကြည့်ပြီးပြီ”
“ဒီအဆိပ်ပြင်းတဲ့ကျိန်စာက အချိန်တစ်ခုထိ သက်ရောက်နေမှာ.. တကယ်လို့ ရွာထဲမှာ လူတစ်ယောက်သေခဲ့ရင် အဲဒါနဲ့ပဲ ဆက်စပ်နေမှာပဲ”
“သာမန်သရဲတွေက ဒီလိုစွမ်းအားကြီးပြီး ကျယ်ပြန့်တဲ့ကျိန်စာမျိုးကို မလုပ်နိုင်ဘူး.. ကျိန်စာဗဟိုချက်က ရုပ်ဝတ္ထုစတေးခံပဲဖြစ်ရမယ်!!”
ဟဲမီထူတစ်လုံးပြောလိုက်တိုင်း ရွာသားများ၏မျက်နှာက တစ်မျိုး ပြောင်းသွားသည်။
မကြာမီ စိတ်လှုပ်ရှားနေသော ရွာသားများက ကျိန်ဆဲလာကြသည်။ သို့သော် သူတို့က ဒေသခံလူမျိုးဘာသာစကားဖြင့် ပြောနေကြခြင်းဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များကလည်း တစ်ခုခုကို တွေးနေပြီး တစ်ချိန်တည်းတွင်ပင် လူမျိုးစုပရိသတ်များကလည်း အားကြိုးမာန်တက်ဘာသာပြန်နေသည်။
[ရွာထဲက တစ်ယောက်ယောက်က သရဲကလေးကို မွေးလိုက်တာလား.. အဲဒါက အစီအစဉ်အဖွဲ့သားတွေကို အမျိုးသားလမ်းမပေါ် ကားတိုက်အောင်လုပ်ခဲ့တဲ့ဟာလား
သေစမ်း... ကလေးသရဲကို ပျိုးထောင်ဖို့ ကိုယ်ဝန်ဆောင်မိန်းမကို ရက်စက်ယုတ်မာတာတွေလုပ်ခဲ့ကြတာလားပဲ]
[နောက်က အမျိုးသမီးနှစ်ယောက်ကတော့ ကျိန်ဆဲနေကြပြီ.. ဒါပေမဲ့ သူတို့က ရှောင်ဟဲကို ဆဲနေတာမဟုတ်ဘူး.. သူတို့က တခြားလူကို ဆူဆဲနေတာ
မိန်းမတစ်ယောက်နာမည်လိုပဲ ..ဆဲဆိုစကားတွရဲ့ အဓိပ္ပာယ်က ဒီမိန်းမက အရှက်မရှိဘဲ မကောင်းတာတွေ လုပ်ခဲ့တာတဲ့
ပြီးတော့ ရွာထဲကလူတွေအပေါ် ရူးမိုက်တာနဲ့ပဲ အဆုံးသတ်သွားတယ်]
[ဘာသာပြန်သူရဲ့ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်.. ဒါက အချက်အလက်တော်တော်များများပါနေတာပဲ ..ဒါပေမဲ့ သေချာတာက ရွာထဲက ကိစ္စတွေက အဲ့ဒီသရဲဗိုက်ကြီးသည်နဲ့ ဆိုင်နေမှာပဲ]
တင်ဆက်သူလျို့က မေးလိုက်သည်။
“ဒါဆို ကျွန်တော် ယှဉ်ပြိုင်သူ ဟဲမီထူကို မေးပါရစေ.. ဒီကျိန်စာကို ဖျက်နိုင်လား”
ဟဲ့မီထူက ပြောသည်။
“ဖျက်နိုင်တယ်၊ ဒါပေမဲ့ ငါ လုပ်ပေးမှာမဟုတ်ဘူး”
သူက ပခုံးပေါ်က လူရုပ်ကို ပွတ်လိုက်ပြီး သူ့အသံကတော့ အေးစက်နေသည်။
အကယ်၍ သူ ရွာကျိန်စာကို ဖျက်လိုလျှင် ကျိန်စာမိနေသောသရဲနှင့် သူတိုက်ခိုက်ရမည်ဖြစ်ပြီး ထိုသရဲ၏နောက်မှ ကြိုးကိုင်သူကိုလည်း တိုက်ရပေမည်။
ဟဲမီထူသာ အလောတကြီးတိုက်ခိုက်လိုက်ပါက သူ ကြိုးစား ပျိုးထောင်ခဲ့ရသည့် ဆီတစ္ဆေက ထိုတိုက်ခိုက်မှုတွင် ပျက်စီးသွားရပေလိမ့်မည်။
မကြာခင် တတိယမြောက် ယှဉ်ပြိုင်သူဖြစ်သည့် နံပါတ် ၂ ပိုင်စစ်က စင်ပေါ်တက်လာသည်။
ဤအကြိမ်တွင်တော့ အကြာကြီးနေမှ ပထမဆုံးအကြိမ်အနေဖြင့် သူက မီးခိုးရောင်ဖျော့နှင့် ဆူးမည်းများရှိသည့် ဖြူကောင်တစ်ကောင်ကို ကိုင်လာခဲ့သည်။
စင်ပေါ်တက်လာပြီးနောက် ပိုင်စစ်က ပြောသည်။
“ရွာကို ဝင်လာပြီးတဲ့နောက် ကျွန်တော် အရမ်းအားကောင်းတဲ့ဆေးနံတစ်ခုရလိုက်တယ်.. သာမန်တရုတ်ဆေးနံ့ခါးတွေနဲ့ မတူဘူး”
“ရွာထဲမှာ သဘာဝတိုင်းမဟုတ်တဲ့အားတွေကြောင့် အပြင်းအထန်ဒဏ်ရာရထားတဲ့ လူနာတွေ ရှိမှာပဲ ဒါပေမဲ့ ဒီမှာကတော့ ဆေးဝါးနဲ့ ဒီလူနာတွေအတွက် ညွှန်းပေးထားတဲ့ အထူးဆေးတွေကို သိတဲ့ နတ်ဆေးသမားတော် ရှိတယ်”
လားမူက ခေါင်းငြိမ့်ကာ ပြောသည်။
“အဲလို အကြားအမြင်ရတဲ့ အဘွားအိုနှစ်ယောက် ကျွန်တော်တို့ရွာမှာ ရှိတယ်.. ပုံမှန်အားဖြင့်တော့ ဒီရွာသားတွေ ခေါင်းခဲစရာ ထူးဆန်းတဲ့ ကိစ္စတွေ ကြုံလာတိုင်း သူတို့က ကုသဖို့ အဘွားနှစ်ယောက်ဆီသွားကြတယ်”
ကြားပြီးနောက်တွင် တချို့ကြည့်ရှုသူများက နောင်တများ ထုတ်ပြလာသည်။
ပိုင်စစ်၏ အကောင်းဆုံးစွမ်းရည်မှာ ဆေးပညာဖြစ်သောကြောင့် ရွာထဲတွင် နာမကျန်းမှုများကို ကုသနိုင်သည့် ဆရာသခင်တစ်ပါးရှိမည်ဆိုလျှင် ဤအကူအညီတောင်းခံရာတွင် သူလုပ်နိုင်သည်မှာ အတော်လေးနည်းသွားလိမ့်မည်။သို့ရာတွင် ဖြူကောင်ကို ကိုင်ထားသည့် ပိုင်စစ်က ခေါင်းခါကာ ပြောလာမည်ဟု မည်သူသိမည်နည်း။
“စီနီယာနှစ်ယောက်က ရွာသားတွေရဲ့ လက်ရှိနေမကောင်းဖြစ်တာကို ကုသမပေးနိုင်တာ စိတ်မကောင်းစရာပဲ”
ပရိသတ်၏ အလန့်တကြားဖြစ်မှု၊ ရွာသားတို့၏ ထိတ်လန့်ကြောက်ရွံ့မှုများကြားတွင် သူက အလေးအနက်ဖြစ်လာကာ လားမူနှင့် အခြားရွာသားများ၏ မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
ပိုင်ချီက သူ့လက်ဖြင့် တစ်ဖက်လူ ၏ပါးကို လက်ညိုးထိုးလိုက်သည်။
“ခင်ဗျားတို့အားလုံးရဲ့ မျက်နှာမှာ ဒဏ်ရာတွေရှိကြတယ်”
“ခင်ဗျားတို့ မျက်နှာဖုံးဝတ်ထားရတဲ့အကြောင်းရင်းက ကင်မရာမှာ မပေါ်ချင်လို့ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့မျက်နှာတွေက ပုပ်နေပြီး အဲဒါတွေကို ကင်မရာထဲ မပါစေချင်လို့ပဲ”
ပရိသတ်ကြီး : “?!!”