← Chapters

မျက်နှာပုံစံ ဒဏ်ရာ (1)

Vol. 33 Ch. 326

မျက်နှာပုံစံ ဒဏ်ရာ (1)

Vol. 33 Ch. 326

[မျက်နှာက ပုပ်နေတယ်ဆိုတာ ဘာကို ပြောချင်တာလဲ.. အဲဒါ ငါတွေးနေတဲ့ဟာလား..]

[ရွာထဲကို အစီအစဉ်အဖွဲ့ဝင်လာကတည်းက ရွာသားတွေက တကယ်ထူးဆန်းတဲ့ခံစားချက်ကိုပေးနေတာ..

သေချာတွေးကြည့်ရင် ‘သူတို့ ကင်မရာထဲမပါချင်လို့’ဆိုတဲ့ အကြောင်းရင်းနဲ့ တစ်ရွာလုံးမျက်နှာဖုံးဝတ်ထားတာက တော်တော်ထူးဆန်းပြီး နည်းလမ်းမကျဘူးလို့များ မတွေးမိဘူးလား]

[ဖာ့ခ်! ပိုင်စစ် ဒါကိုလဲ ပြောပြီးရော လားမူဆိုတဲ့လူရဲ့ အကြည့်တွေ ပြောင်းသွားတာကို သတိမထားမိလိုက်ဘူးလား.. ဘုရားရေ... ဒီရွာက ပိုပိုကြောက်စရာကောင်းလာပြီ]

လားမူက ပိုင်ချီ၏စကားများကို မငြင်းပေ။ သို့သော်လည်း သူ ဝန်မခံခဲ့။ ထို့အစား သူက တည်ကြည်စွာ ပြောလာသည်။

“ဒီညီအစ်ကိုက ဒါတွေကို အာရုံခံနိုင်ခဲ့တာလား”

“သေချာတာပေါ့..တခြားဟာတွေလည်း ရှိသေးတယ်.. ခင်ဗျားတို့ရွာက ပြီးခဲ့တဲ့နှစ်ပတ်အတွင်း သိပ်မလွယ်ကူခဲ့ဘူး၊ လူတွေ သေတယ် ဒီရက်ပိုင်း လမ်းအစကနေ လမ်းအဆုံးထိ ငိုသံတွေ ကြားနေရတယ်”

ပိုင်စစ် ဆက်ပြောသည်။

“ရွာထဲနဲ့ ဘေးနားက တောင်တွေမှာ ကျင့်ကြံနေတဲ့ မသေမျိုးဖြူကောင် ပြောတာကတော့ ဒီအရာတွေအကုန်လုံးက ခင်ဗျားတို့ရွာက ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးဆီက စခဲ့တာပဲ”

ပိုင်စစ် ပြောနေစဉ် သူ့လက်ထဲမှ မီးခိုးရောင်ဖြူကောင်က ရုတ်တရက် ရှေ့ခြေသည်းများ ထောင်လာကာ အလွန်နက်နဲသည့်နည်းလမ်းဖြင့် သူ့ရှေ့တွင် ကုတ်ခြစ်ပြသည်။

ထိုဖြူကောင်က သာမန်ဖြူကောင်များထက် ပိုကြီးသည်။ မည်သည့်မျိုးစိတ်ဖြစ်ကြောင်းကို မည်သူသိမည်နည်း။ သူ့နှာခေါင်းထိပ်ဖျားတွင်လည်း အမွေးဖြူဖြူထူလေးများ ရှိသည်။ နောက်မှ ဆူးများက သိသာ၏။

မျက်လုံးလေးနှစ်လုံးကတော့ မည်းနက်ပြီး တောက်ပနေသည်။

ခဏရပ်လိုက်ပြီးနောက် ပိုင်ချီ၏အသံက အနည်းငယ်ပြောင်းသွားသည်။ သူက တစ်ခုခုဝင်စီးခံနေရသည့်အတိုင်း အသံက အနည်းငယ် အိုမင်းပုံပေါက်နေသည်။

ဆိုရလျှင် အသံက ‘မသေမျိုးဖြူကောင်’ အဖြစ် ပြောင်းသွားသည်။

ထိုသို့မှော်ဆန်ဆန်မြင်ကွင်းကို မြင်လိုက်ရသည့်အတွက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်များက ပိုင်စစ်မှာ သူ့လက်ထဲမှ ဖြူမသေမျိုး၏ ဝင်ပူးခြင်းခံနေရသည်ဟု ပြောလာကြသည်။

ပိုင်စစ်က ပုံမှန်မဟုတ်သည့်အသံဖြင့် ပြောလာသည်။

“လွန်ခဲ့တဲ့ ၁၀ ရက်အကျော်က ဒီလူအိုကြီးက တောင်ထိပ်မှာ နေမင်းကို ပူဇော်နေခဲ့ပြီး အရှေ့အရပ်က စီးဆင်းလာတဲ့ ခရမ်းရောင်စိတ်စွမ်းအင်တွေကို စုပ်ယူနေခဲ့တယ်

နေရောင်ခြည်ကောင်းကောင်းရနိုင်မဲ့ ချီလင်တောင်ဘက် တစ်နေရာက ကျောက်တုံးပေါ်ကနေ ငါ လှမ်းကြည့်လိုက်တော့ ရွာရဲ့အဝင်ကို မြင်လိုက်ရတယ်”

“အဲဒီအချိန်တုန်းက မှောင်နေတုန်းပဲ.. ပြီးတော့ မြူတွေက မီးခိုးရောင်သန်းနေတယ်.. ငါ တစ်ချက်ကြည့်လိုက်တော့ ရွာရဲ့ဘယ်ဘက်ခြမ်းမှာ အရိပ်မည်းတစ်ခုကို တွေ့လိုက်ရတယ်

သစ်ရိပ်တွေနဲ့ ကာထားတဲ့အောက်မှာ ဖြည်းဖြည်းချင်း မျောလွင့်နေခဲ့တာ”

“ငါ သိချင်စိတ်ဖြစ်လာတာနဲ့ အဲဒါက ဘာလဲဆိုတာကို ကြည့်ဖို့ တောင်အောက်ကိုဆင်းခဲ့တယ်”

ပိုင်ချီ၏လက်ထဲမှ ဖြူကောင်လေးမှာ ချစ်ဖို့ကောင်းလွန်းနေသော်လည်း သူက သူ့ကိုယ်သူ အလွန်လေးနက်သောအသံဖြင့်ပင် “လူအိုကြီး” ဟု ခေါ်လိုက်သောကြောင့်ဖြစ်နိုင်သည်။

ထိုကွဲပြားနေမှုက အချို့ကြည့်ရှုသူများ၏စိတ်ထဲတွင် ရောနှောသွားစေပြီး သူ့ကို ချစ်စရာကောင်းသည်ဟုသာ ခေါ်ချင်လာခဲ့ကြသည်။

သို့သော်လည်း ပိုင်စစ် ဆက်ပြောသည့်စကားများမှာ အနည်းငယ်တော့ ကြောက်စရာကောင်းနေခဲ့သည်။

“ဒီလူအိုကြီးက ရွာအဝင်လမ်းကို ကြည့်လိုက်တော့ အဲဒီအရိပ်က လူသားအမျိုးသမီးတစ်ယောက်ပုံစံဖြစ်နေပြီး ရွာဝင်ပေါက်မှာ ချိတ်ဆွဲထားခံနေရတာ”

“သူမက ကြိုးတစ်ချောင်းနဲ့ ရွာဝင်ပေါက်က သစ်ပင်အိုကြီးမှာ ချိတ်ဆွဲ‌ခံထားရတယ်၊

ဒါက ငါ ဒီနှစ်တွေအတွင်း လူတစ်ယောက် ဆိုးဆိုးရွားရွားသေသွားတာကို ပထမဆုံးမြင်ဖူးပဲ”

ပိုင်ချီ စကားပြောနေစဉ်တွင် သူ့၏လက်ထဲမှ ဝဖြီးနေသောဖြူကောင်က သက်ပြင်းချနေသည့်အတိုင်း ခေါင်းခါရမ်းလိုက်သည်။

“သူမ၏ မျက်လုံးတွေက ပွင့်နေပြီး မျက်နှာကလည်း ပြာနှမ်းပြီး ခရမ်းရောင်သန်းနေတယ်

ပြောရရင် သူမက မျက်လုံးဖွင့်လျက်သားနဲ့ သေဆုံးခဲ့တာ.. ဒွါရခုနစ်ပေါက်က စီးကျနေတဲ့ သွေးတွေက မျက်နှာတစ်ဝက်လောက်ကို စွန်းထင်းနေတယ်.. နာကျည်းမှုတွေကတော့ နေရာတိုင်းမှာပဲ”

“သူမရဲ့ ခန္ဓာကိုယ်က အရမ်းလေးလို့ဖြစ်လိမ့်မယ်ထင်တယ်၊ ကြိုးနဲ့ဆွဲခံထားရတဲ့ လည်ပင်းက ကျိုးနေခဲ့သေးတယ်.. လေတိုက်လာတဲ့အချိန်ကျတော့ တွဲလောင်းချိတ်ခံထားရတဲ့ခန္ဓာကိုယ်က အသက်ရှိနေတဲ့အတိုင်း ချိန်သီးလိုမျိုး ဖြည်းဖြည်းချင်းလေးလွှဲနေတာ”

“အိုး စကားမစပ် အဲဒီအမျိုးသမီးရဲ့ ဗိုက်က အထူးဆန်းဆုံးပဲ.. အတင်းအကြပ် ဆွဲတင်းထားတဲ့အိတ်လို ‌ဖောင်းနေခဲ့တယ်

ခန္ဓာကိုယ်အောက်ပိုင်းက ဘောင်းဘီကတော့ အနံ့ပြင်းတဲ့ အနီရောင် နဲ့မည်နက်တဲ့သွေးတွေနဲ့ စိုရွှဲနေတယ်.. စိတ်ရှုပ်စရာကောင်းတဲ့ ယင်ကောင်တွေကလည်း သူမရဲ့ အနားမှာ ဝဲပျံနေခဲ့တာ”

“ဒီအမျိုးသမီးကို ဒီလိုတွေ့လိုက်တော့ ဒီရွာကတော့ ဒုက္ခရောက်တော့မယ်ဆိုတာကို ငါ သိလိုက်တယ်”

[ကယ်ကြပါဦး! ဒီမသေမျိုးဖြူကောင်က ဖော်ပြနေတာ အရမ်းကြောက်စရာကောင်းတာပဲ.. ငါ့စိတ်ထဲမှာတောင် မြင်ယောင်နေမိပြီ!]တစ်ချိန်ထဲတွင်ပင် ဖော်ပြချက်ကို ကြားလိုက်ရသည့် ဝါးထော်ရွာမှလူများမှာ အလွန်အမင်းထိတ်လန့်သွားပြီး လေအေးများရှူသွင်းလိုက်မိကြသည်။

ဝိညာဉ်ကို ပင့်ဖိတ်၍ သူ့ကို ဝင်ပူးစေသော ဤလူငယ်လေး ဖော်ပြခဲ့သည့် အသေးစိတ်အချက်အလက်များမှာ သူတို့ ထိုမနက်က မြင်ခဲ့ရသည်နှင့် တစ်ပုံစံထဲပင်။

ထိုအချိန်က မြင်ခဲ့ရသည့်မြင်ကွင်းမှာ ကြောက်ဖို့ကောင်းလွန်းသောကြောင့် မြင်ခဲ့ရသည့် တချို့ရွာသားများမှာ ကြောက်ဒူးများတုန်လာကြရသည်။

အလွန်အမင်းကြောက်ရွံ့သွားခဲ့သည့်သူများမှာတော့ ညဘက်တွင် အိပ်မက်ဆိုးများအထိ မက်ခဲ့ကြသည်။

မသေမျိုးဖြူက ဆက်ပြောသည်။

“သေချာတာပေါ့.. ရွာထဲမှာ လူတစ်ယောက်ပြီးတစ်ယောက် သေကြတော့တာပေါ့”

“တစ်ယောက်က အဲဒီမိန်းမလိုပဲ သေသွားတာ.. ငါ့ရဲ့မြစ်လေးဆို အဲဒါမြင်ပြီး အရမ်းကြောက်သွားခဲ့တာ”

မသေမျိုးဖြူက ထိုသို့ပြောရင်း မကျေမနပ်ဖြစ်သွားသည်။

သူ့‌မြစ်လေးမှာ ငယ်ရွယ်သေးသော်လည်း စိတ်ဝိညာဉ်အသိဉာဏ်ကိုလည်း ရရှိပြီးဖြစ်သည်။ ထိုကလေးမှာ ဆိုးသွမ်းပြီး လောဘကြီး၏။

ရွာထိပ်တွင် ထိုအမျိုးသမီး ထိုသို့ချိတ်ဆွဲခံနေရသည်ကို မြင်ပြီးနောက် နာကျည်းမှုအမြောက်အမြားရှိနေသည်ကို တွေ့လိုက်သည့်အခိုက် ဖြူကောင်အိုကြီးက သူ့မျိုးဆက်ငယ်များကို ငြိမ်းချမ်းသည့်အချိန်များ မရှိတော့မည်စိုး၍ ပေါက်တတ်ကရလျှောက်မပြေးရန် သတိပေးခဲ့သည်။

ထိုမြစ်လေးက စကားကို နားမထောင်ဘဲ ညလယ်ကြီးတွင် အမှောင်ထဲသို့ ပြေးထွက်သွားခဲ့၏။

အင်းစက်နှင့် တီကောင်များမှာ ဖြူ ကောင်များနှင့် အစုံစားသတ္တဝါများ၏ အကြိုက်ဖြစ်သဖြင့် သူက ဝဖြီးသောအင်းစက်များကို လမ်းတစ်လျှောက် ကောက်ခဲ့လေ၏။

ထိုညတွင်တော့ အင်းစက်များက တောင်ခြေဘက် နေရာတစ်ခုကို ဦးတည်၍ သွားနေကြသည်ကို အံ့အားတကြီး တွေ့လိုက်ရသည်။

ဖြူကောင်လေးက ပျော်ရွှင်စွာ စားသောက်နေခဲ့သည်။ တစ်စုံတစ်ခုမှားနေသည်ကို ခံစားမိချိန်တွင်တော့ လေထဲမှ အနံ့ကြီးတစ်ခုကို ရလိုက်လေပြီ။

သူ မော့ကြည့်လိုက်ချိန်တွင် လူတစ်ယောက်က ခေါင်းငိုက်စိုက်ကျကာ ချိတ်ဆွဲခံထားရပြီး ဝမ်းဗိုက်မှာလည်း ပွင့်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူ၏မျက်နှာက တောင့်တင်းနေခဲ့သည်။ မသေခင် ကြီးမားသည့်အကြောက်တရားကြောင့် အေးခဲနေပုံရပြီး စေးကပ်ကပ်အရည်များကလည်း တစ်စက်ချင်းကျနေလေသည်။

လောကကြီးထဲသို့ မဝင်ရောက်ဖူးဘဲ သတ္တိလည်း သိပ်မကောင်းသည့် ဖြူကောင်လေးမှာ ထိုမြင်ကွင်းကြောင့် ကြောက်လန့်သွားပြီး မိုင်ကုန်သုတ်ပြေးတော့သည်။

သူ့ကို မသေမျိုးဖြူမှ တွေ့သည့်အချိန်တွင် ထိုဖြူကောင်လေးမှာ သစ်ရွက်ဆွေးပုံအောက်တွင် တုန်ယင်ကာ ပုန်းအောင်းနေခဲ့လေသည် ။

ပြန်လည်ဆွဲခေါ်ခံလာရပြီးနောက် သူ့မြစ်လေးမှာ ထိုရက်ပိုင်းများအတွင်း ဖြူသိုက်ထဲတွင်သာ ကျုံ့ဝင်နေပြီး ထွက်မလာရဲတော့ချေ။

ထိုမြစ်လေးက မသေမျိုးဖြူ၏ သားမြေးမြစ်များထဲမှ စိတ်တိညာဉ်စွမ်းအင်ရှိသည့် တစ်ဦးဖြစ်သည်။

မသေမျိုးဖြူက သူ့၏မြစ်လေးကို အလွန်ချစ်၏၊ သို့သော် ထိုဖြူလေးက ဝါးထော်ရွာမှ ထူးထူးဆန်းဆန်းအရာကြောင့် ကြောက်လန့်သွားခဲ့ရပေသည်။ ထို့ကြောင့် မသေမျိုးဖြူက သိပ်မကျေနပ်နေပါချေ။

ပိုင်စစ်၏ နှုတ်မှတစ်ဆင့် သူက ပြောသည်။

“ငါ အဲဒီသရဲကို မနှိမ်နင်းနိုင်ဘူး.. ဒီရက်ပိုင်းမှာ အဲဒီသရဲက အနီးနားက တောင်တွေရဲ့ နေရာတိုင်းမှာ ပြဿနာပတ်ရှာနေတယ်

တစ်တောင်လုံးလည်း အနားမနေရသလို မြူတွေနဲ့ပဲ ဖုံးနေတာ.. ဒီလူအိုကြီးကတော့ ဘယ်သူပဲဖြစ်ဖြစ် အဲဒီသရဲကို အမြန်ဆုံး နှိမ်နင်းနိုင်ဖို့ မျှော်လင့်မိတယ်”

“မဟုတ်ရင် ငါနဲ့ ငါ့မိတ်ဆွေအို‌တို့တွေ ဒီကနေ ပြောင်းရတော့မှာ”

မသေမျိုးဖြူက သက်ပြင်းချကာ မတ်တပ်ရပ်လိုက်ပြီး ပိုင်စစ်၏လက်ပေါ်တွင် တစ်ဖန်ထိုင်လိုက်သည်။

မကြာခင်ကတည်းက တိတ်ဆိတ်စွာရှိနေသော ကုကျစ်စုန့်က ရွာနောက်ဘက်မှ ချီလင်တောင်ကို လှမ်းကြည့်လိုက်လေသည်။

ဝါးထော်ရွာက တောင်လယ်တွင်ရှိကာ ထူထဲလှသည့် ယင်စွမ်းပင်က အပြင်ဘက်ထိပါ ပျံ့နှံ့နေပြီး တစ်ရွာလုံးကို ထူးဆန်းသည့် အမှောင်ထုသဘောမျိုး ရှိနေစေသည်ကို မြင်လိုက်ရသည်။

သာမန်မျက်စိဖြင့် ကြည့်လျှင် များများစားစား ပြောင်းလဲသွားသည်ကို မမြင်နိုင်သော်လည်း အနီးအနားမှ သစ်ပင်များနှင့် သက်ရှိများမှာ အတိုင်းအတာတစ်ခုထိ သက်ရောက်နေခံနေရပြီဖြစ်သည်

သို့သော်လည်း လွှမ်းမိုးမခံရသေးပေ။

ရေရှည်အနေနှင့်ဆိုလျှင် ဤနေရာတွင်ရှိနေသော သစ်ပင်မြက်ပင်များမှာ သေဆုံးသွားကြလိမ့်မည်ပင်။

ယေဘုယျအားဖြင့်ဆိုရသော် မသေမျိုးစိတ်ဝိညာဉ်များ မွေးဖွားသည့်နေရာမှာ ထိုမသေမျိုးတို့က အလွယ်တကူထွက်ခွာသွားမည်မဟုတ်သကဲ့သို့ သူတို့၏တည်ရှိမှုကြောင့် ထိုနေရာ၏ အရှိန်အဝါနှင့် ရှင်သန်နိုင်စွမ်းကို များစွာသက်ရောက်သည်။

သို့သော် သူတို့က မကောင်းသည့်လေထုနှင့် သက်ရောက်ခံရပြီး ထွက်ခွာလိုက်ရလျှင်တော့ ထိုနေရာ၏ ရှင်သန်နိုင်စွမ်းက အမြန်ပင်ဆုံးရှုံးရမည်ဖြစ်၏။

All Chapters