← Chapters

မျက်နှာပုံစံ ဒဏ်ရာ (2)

Vol. 33 Ch. 327

မျက်နှာပုံစံ ဒဏ်ရာ (2)

Vol. 33 Ch. 327

မသေမျိုးဖြူက ထွက်ခွာတော့မည်ဟုပြောပြီးနောက်တွင် ပိုင်စစ်မျက်လုံးပြန်ဖွင့်လာသည့် တစ်ခဏတွင် လူအုပ်ထဲမှ လူအိုစုံတွဲမှာ ရင်ကွဲလုမတတ် အော်ငိုကြွေးလာကြသည်။

သူတို့က ငိုနေရင်းဖြင့် ပေါင်ကိုလည်း ထု ရိုက်နေကာ အမည်နာမတစ်ခုကို ထပ်ကာတလဲလဲ မြည်တမ်းလို့နေ၏။

နေရာတစ်ခုက ခဏမျှကြာအောင် ရုန့်ရင်းဆန်ခတ်ဖြစ်နေခဲ့လေ၏။

သူတို့၏ ဘေးမှရွာသားများက သူတို့ကို နှစ်သိမ့်လိုက်ကြသော်လည်း အဘိုးကြီးကတော့ ငိုနေရင်းဖြင့် သတိလစ်သွားခဲ့၏။

မန်ဒရင်းဘာသာ စကားပြောတတ်သည့် ရွာသားတစ်ဦးက ရှင်းပြသည်။

“ဒီအဘိုးနဲ့အဘွားက မသေမျိုးဖြူပြောခဲ့တဲ့ ရွာထိပ်ဝင်ပေါက်က သစ်ပင်မှာ ချိတ်ထားခံခဲ့ရတယ်ဆိုတဲ့လူရဲ့ မိဘတွေပါ.. သူတို့အရမ်း စိတ်ထိခိုက်နေကြတာ”

“သူတို့မှာ ဒီသားတစ်ယောက်ပဲရှိတာ.. သားဖြစ်သူက အသက်သုံးဆယ်ကျော်ပြီး မိန်းမမရသေးဘူးလေ.. သူကလည်း အဲဒီလိုမရှင်းမလင်းနည်းလမ်းနဲ့ သေသွားတာပဲ

အဘိုးနဲ့အဘွားက အသက် ၆၀ ကျော်ပြီ၊ သူတို့အသက်ကြီးလာတဲ့အချိန်ကျရင် စောင့်ရှောက်မဲ့သူမရှိတော့ဘူး”

“အမှန်တိုင်းပြောရရင် သေသွားတဲ့သားက ဘာမှပြဿနာမရှာတဲ့ ရွာထဲက လူရိုးတစ်ယောက်ပဲ.. လူပျင်းတစ်ယောက်လဲ မဟုတ်ဘူး.. သူက နှစ်တိုင်း အလုပ်လုပ်ဖို့ မြို့ကြီးကို သွားတယ်”

“ဒီလိုတွေသာ မဖြစ်ခဲ့ရင်...”

စကားတစ်ဝက်တစ်ပျက်နှင့် ရွာသားက တစ်ခဏမျှ ရပ်တန့်ကာ တုန့်ဆိုင်းသွားသည်။

သူ့နောက်က ရွာသားက အော်ပြော၏။

“ဘာတွေ ရှက်နေရမှာလဲ.. အဲဒါတွေအကုန်လုံး ရွာနောက်ပိုင်းက ရှင်းမိသားစုရဲ့အမှားတွေပဲလေ.. စုန်းမအိုကြီးရဲ့မိသားစုက ချွေးမက ပြဿနာတက်စေခဲ့တာပဲ”

“မှန်တယ်၊ သူမက ရူးပြီး ကိုယ့်ဘာသာ ကြိုးဆွဲချလိုက်တာ.. ငါတို့က သူမကို ဘာမှမလုပ်ခဲ့ဘူး”

“အဲဒီရှင်းမိသားစုရဲ့ချွေးမက အမှိုက်ပဲ!”

“ပြဿနာတက်သည်” ဆိုသည်ကား နယ်ခံလူမျိုးဘာသာစကားဖြင့် ဘေးဒုက္ခဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။

ပတ်ပတ်လည်မှ ရွာသားများ၏ အမူအရာများကို ကြည့်ရင်း ရွာထဲမှဘေးဒုက္ခက မည်သည့်နေရာမှ စလာသည်ကို သူတို့အားလုံး စိတ်ထဲမှာ သိနေသည်မှာ ထင်ရှား၏။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရွာခံ လားမူက သက်ပြင်းချကာ ပြောသည်။

“ခင်ဗျားတို့က တကယ်အစွမ်းရှိတဲ့ဆရာသခင်တွေပဲ.. ရွာထဲမှာဖြစ်နေတဲ့ကိစ္စဆန်းတွေကို ခင်ဗျားတို့က တွေ့ပြီးကြပြီးပြီ”

သူက လက်မြှောက်ကာ သူ့မျက်နှာပေါ်မှ ပိတ်စကို ဖယ်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံးကို လူအုပ်ကြီးနှင့် ကင်မရာဆီသို့ ချက်ချင်း ဖော်ပြလာသည်။

ကြည်လင်ပြတ်သားသည့် ကင်မရာက သူ့မျက်နှာကို ချိန်ထားပြီး ပရိသတ်တိုင်း၏ ဖုန်းမျက်နှာပြင်ပေါ်၌ ပေါ်လာသည်။

မြင်လိုက်ရသည့်လူတိုင်းက တံတွေးမျိုချလိုက်မိကာ ဦးရေပြားများထုံသွားကြသည်။

ထိုလူ၏ပါးစပ်မှ မေးစေ့အထိ နက်မှောင်နေသော ဒဏ်ရာတစ်ခုက ပေါ်လာပြီး မီးလောင်ရာကဲ့သို့ဖြစ်နေကာ အလွန်ပင်ကြောက်စရာကောင်းလှသည်။

အထူးဆန်းဆုံးမှာ ပရိသတ်တို့ ယုန်ထင်ကြောင်ထင်‌ဖြစ်နေခြင်း ဟုတ်မဟုတ်တော့မသိ၊ သို့သော် သူတို့ ထိုဒဏ်ရာများကို ကြည့်လိုက်သည့်အခါ ထိုဒဏ်ရာတစ်ခုချင်းစီက တစ်ခုခုနှင့်တူနေသလိုလို...

လူမျက်နှာနှင့် တူနေခြင်းပင်။

ဒဏ်ရာကြီးကြီးငယ်ငယ်တွင် ပို၍နက်သောအရာများကို မှိန်ဖျော့ဖျော့ တွေ့ရသည်။

လားမူ စကားပြောသည့်အခိုက်တွင် ထိုဒဏ်ရာများက အသာအယာဆွဲဆုတ်ခံလိုက်ရကာ အသက်ဝင်လာသကဲ့ ပုံမှန်မဟုတ်သောစက်ဝိုင်းများဖြစ်သွားသည်။

လားမူက ခါးသီးစွာပြုံး၍ ပြော၏။

“အဲဒီဘက်က ဆရာသခင် ပြောတာ မှန်ပါတယ်.. ကျုပ်တို့ရွာက လူတွေအားလုံး သူတို့မျက်နှာပေါ်မှာ ဒီလိုဒဏ်ရာတွေ ရှိနေကြပြီ”

ထို့နောက် သူတို့ဘေးမှ ဝါးထော်ရွာသားများအားလုံးက မျက်နှာဖုံးများကို ချွတ်လိုက်ကြကာ ဒဏ်ရာများပြည့်နေသည့်မျက်နှာများကို ဖော်ပြလိုက်ကြသည်။

တချို့က ပို၍ပင်ပြင်းထန်ပြီး မျက်နှာတစ်ခြမ်းနီးပါးရှိကာ လည်ပင်းနားအထိပါ ရောက်နေသည်။

သူတို့က အကူအညီတောင်းခံနေကြပြီး တစ်ယောက်ပြီးတစ်ယောက် စောဒကတက်နေကြ၏။

‘ဝိညာဉ်ရေးရာ’၏ ယှဉ်ပြိုင်သူများက သူတို့ကို မျက်နှာပေါ်မှ ဒဏ်ရာများဖယ်ရှားရန် ကူညီရန် မျှော်လင့်နေကြသည်။

ထိုအနာများက သူတို့၏ပုံရိပ်ကို သက်ရောက်မှုရှိစေသည်သာမက သူတို့ဘဝမှာလည်း အလွန်နာကျင်ရကာ ကြီးစွာသော စိတ်နှိပ်စက်မှုကို ခံစားနေရသည်။

ထိုဒဏ်ရာများက ဆက်ပျံ့လာမည်လား၊ ယင်းတို့က သူတို့ခန္ဓာကိုယ်များကို ပုပ်သိုးသွားစေမည်လားဆိုသည်ကို မည်သူမျှ မသိပါချေ။

ထို့ကြောင့် ရွာသားများမှာ အလွန်ပင် ကြောက်လာကြတော့သည်။

လားမူ၏ပြောစကားအရ အချို့လူများက ဤဒဏ်ရာများ ရလာစအချိန်တွင် ရွာသားများက မသန့်ရှင်းသည့်အရာတစ်ခုကြောင့် အဆိပ်မိခြင်း သို့မဟုတ် အရေပြားရောဂါတစ်ခုခုဖြစ်ခြင်းဟု ထင်ခဲ့ကြသည်။

သို့သော် ရွာထဲမှ လူအများက ပါးစပ်တွင် ဒဏ်ရာများပေါ်လာကြပြီး ရွာထဲမှ အဘွားနှစ်ယောက်သည်ပင်လျှင် ထိုအနာများကို မကုနိုင်ကြတော့သည့်အခါ ရွာထဲမှ သရဲ၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ကြ၏။

လားမူက စိတ်ညစ်ညူးစွာ ပြောသည်။

“ဒါတွေက ပါးစပ်မှာဖြစ်လာတာ၊ စားဖို့သောက်ဖို့တောင် နာကျင်တယ်.. ပြီးခဲ့တဲ့အချိန်တုန်းက လူကြီးတွေပဲ ဒါတွေဖြစ်တာ..ဒါပေမဲ့ ရွာထဲက ကလေးတွေပါ တစ်ယောက်ပြီးတစ်ယောက် ဒီအနာတွေ ပေါ်လာကြ‌ရော”“ဒါက လူ့မျက်နှာအနာပဲ”

လူအုပ်၏အဆုံးတွင် ရပ်နေသော ကုကျစ်စုန့်က ရုတ်တရက် ပြောလာသည်။

“ရှင်းရှင်းပြောရရင်တော့ ဒါက လျှာရဲ့အကျိုးအပြစ်အတွက် ဖြစ်လာရတဲ့ လူမျက်နှာပုံစံ အနာတွေပဲ”

သူမက အေးစက်သည့်လေသံဖြင့် ပြောလာသည်။

“တစ်ရွာလုံးက ပါးစပ်မှာ အနာတွေရှိနေကြတယ်.. ဆိုလိုတာက ရှင်တို့တစ်ရွာလုံး အပြစ်သားတွေလို့ သရဲက တွေးနေတာပဲ”

ဤသည်ကို ကြားလိုက်ရလျှင် လက်မခံလိုသည့် ရွာသားအများက ကျိန်ဆဲလာကြကာ သူတို့အပြစ်ကင်းကြောင်း ပြောလာကြသည်။

ဒေါသကြီး၍ နီရဲနေကြသော မျက်နှာများမှတဆင့် ရွာသားများက ကတ်သီးကပ်ဖဲ့ပြောနေသည်မဟုတ်ဘဲ သူတို့ မမှားဟု သေချာပေါက်ထင်နေကြောင်းကို သိမြင်နိုင်သည်။

သူတို့က မိစ္ဆာစိတ်ဝိညာဉ် ဒုက္ခပေး၍ ဖြစ်ခဲ့ခြင်းဟုသာ တွေးတောနေခဲ့ကြသည်။

တင်ဆက်သူလျိုက မေးလာသည်။

“စုန့်စုန့်နဲ့ ပိုင်စစ်မှာ ဖြေရှင်းချက်တစ်ခုခုများ ရှိမလားဗျ”

ကုကျစ်စုန့်နှင့် ပိုင်စစ်က ခေါင်းခါလိုက်ကာ ယခုချိန်တွင် မည်သည့်ဖြေရှင်းချက်မှ မရှိသေးကြောင်း ‌ပြလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ရွာသားများ၏ မျက်နှာနှင့် ပါးစပ်တွင် အမြစ်တွယ်နေကြသည့် အနီရောင်အနာများမှာ ရွာထဲတွင် ပုန်းနေသော သရဲ၏ နာကျည်းမှုနှင့် ယင်စွမ်းအင်တို့ကြောင့်ပင် ဖြစ်ကြသည်။

ယင်းတို့က ပြန်သက်သာမလာသေးသောကြောင့် မကောင်းမှုများ လုပ်နေသည်ကို ရပ်တန့်၍ လူ့မျက်နှာအနာအချို့က အချိန်တိုအတွင်း သက်သာသွားစေသည်ဆိုလျှင်ပင် ၎င်းက ခဏတာ ဖြေရှင်းချက်ပင် ဖြစ်လိမ့်မည်။

မကြာမီတွင် လူ့မျက်နှာအနာများက ပြန်ပွားလာကာ များသည်ထက် များလာပေမည်။

တင်ဆက်သူလျို့က နောင်တများနှင့် ခေါင်းခါလိုက်သည်။ သူက မိုက်ကို ကိုင်ကာ ကင်မရာကို မျက်နှာမူ၍ ပြောလိုက်သည်။

“ကြည့်ရှုသူပရိသတ်များ မြင်တဲ့အတိုင်းပါပဲ .. ဝါးထော်ရွာရဲ့ ဆန်းကြယ်မှုအများစုကတော့ ကျွန်တော်တို့ ယှဉ်ပြိုင်သူတွေရဲ့ ဖော်ထုတ်ခြင်းကို ခံလိုက်ရပါပဲ

ပြီးခဲ့တဲ့ယှဉ်ပြိုင်သူတွေ မြင်ခဲ့သလိုပဲ ပြင်ဆင်မှုတွေပြုလုပ်ပြီးတော့ ရွာသားတွေက ဒီသရဲမိစ္ဆာ ဘယ်သူဖြစ်တယ်ဆိုတာကို သိပြီးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရပါပြီ.

သူမက ရွာထဲက ရှင်းမိသားစုရဲ့ ချွေးမဖြစ်ပါတယ်”

“လွန်ခဲ့တဲ့နှစ်ပတ်က ဒီအမျိုးသမီးက ရွာဝင်ပေါက်က သစ်ပင်အိုကြီးမှာ ထူးထူးဆန်းဆန်းပုံစံနှင့် ကြိုးဆွဲချခံထားခဲ့ပါတယ်.. သူ‌မ သေဆုံးတဲ့နေ့ကစလို့ ရွာထဲမှာ ပိုပိုပြီးထူးဆန်းတဲ့အရာတွေ ဖြစ်လာတော့တာပါပဲခင်ဗျာ”

“ရွာသားတစ်ယောက်က တောင်ပေါ်ကိုသွားနေတုန်းမှာ ဝံပုလွေအရိုင်းတစ်ကောင်က ခြေထောက်ကို ကိုက်လိုက်တယ်..

ရွာဝင်ပေါက်က လူတစ်ယောက်ကလည်း အဲလိုပုံစံမျိုးနဲ့ပဲ ချိတ်ဆွဲခံရတယ်

ကောင်လေးတစ်ယောက်ကတော့ ရွာပြန်တဲ့လမ်းမှာ ဝမ်းနည်းစရာကောင်းစွာ အသတ်ခံရတယ်

ရွာသားတွေရဲ့ မျက်နှာ အောက်ပိုင်းတစ်ဝက်က အနီရောင်အနာတွေနဲ့ သရဲတွေနဲ့ပြည့်နေတဲ့ ရွာလမ်းတွေ..

နှစ်ပတ်အတွင်း ရွာသားတွေက ဆိုးဆိုးရွားရွား သေရင်သေ၊ မသေရင် အပြင်းအထန် ဒဏ်ရာရကြတာချည်းပဲ”

“ဒီထူးဆန်းတဲ့အရာတွေက ဝါးထော်ရွာရဲ့ ကောင်းကင်ကို နက်မှောင်နာကျင်နေစေတာပါပဲ”

တင်ဆင်သူလျိုက စာသားဖော်ပြသည့်စက်ကို ကြည့်ကာ ဆက်ပြောသည်။

“သေဆုံးသွားတဲ့အမျိုးသမီးရဲ့ နောက်ကြောင်းက ဘာဖြစ်မလဲ.. ဘာကြောင့် သူမက တစ်ရွာလုံးကို ဒီလောက်မုန်းတီးနေရတာလဲ..

ကျွန်တော်တို့ မသိသေးပါဘူး.. နောက်ဆုံး ယှဉ်ပြိုင်သူနှစ်ယောက်ကတော့ အသစ်တစ်ခုခုကို မြင်နိုင်ပြီး ကျွန်တော်တို့ကို အဖြေရှာဖွေပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ကျေးဇူးပြုပြီး ပြိုင်ပွဲဝင် နံပါတ်၆ ဒေစီ ကိုပြောပြပေးဖို့ ဖိတ်ခေါ်ပါရစေ”

အသံထွက်ပေါ်လာသည်နှင့် ကင်မရာက ဒေစီကို ချိန်လိုက်သည်။

ဒေစီက ငန်းဖြာရောာင်ဝတ်စုံကို ဝတ်ထားပြီး ကြိုးသိုင်းဦးထုပ်တစ်လုံးကို ဝတ်ဆင်ထားကာ ကြော့ရှင်းမှုကို ဖော်ပြနေသည်။

သူမ၏ ရွှေဝါရောင်ဆံနွယ်များနှင့် အပြာရောင်မျက်ဝန်းတစ်စုံ၊ အသေးစိတ်ကျသည့် မျက်နှာသွင်ပြင်နှင့် စိတ်သဘောထားလှလှလေးကြောင့် ရှားလူမျိုးများနှင့် မျက်နှာသွင်ပြင်ကွဲသွားကာ ရွာကို ဝင်လာကတည်းက ရွာသားများ၏ အာရုံနှင့် ဆွေးနွေးခြင်းကို ရခဲ့လေသည်။

ဒေစီက ကြိုးသိုင်းလက်အိတ်များကို ဝတ်ထားပြီး တင်ဆက်သူလျိုကို ဖက်လိုက်သည်။ သူမက ကင်မရာကို ကြည့်ကာ အနည်းငယ်ခေါင်းငြိမ့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီရွာက မိစ္ဆာလေထုနဲ့ ဝန်းရံ‌ခံနေရတာပဲ ကျွန်တို့ ဝင်လာတုန်းက သစ်ပင်ကိုတိုက်မိခဲ့တဲ့ကားထဲမှာ ခံစားရတာနဲ့အတူတူပဲ..

ဆိုတော့ ကျွန်မတို့ကို တိုက်ခိုက်ချင်နေတဲ့သရဲရဲ့စွမ်းအားက ဒီရွာကပဲ မွေးဖွားလာတာဖြစ်မယ်”

သူမက တစ်ချက်ကြည့်လိုက်ပြီး သူမ အမူအရာက အနည်းငယ်ရှုပ်ထွေးသွားကာ လူအုပ်ထဲမှ ရွာသားအချို့ကို ညွှန်ပြလိုက်သည်။

“ရှင်တို့.. ရှင်တို့ရဲ့ဆွေမျိုးတွေက လတ်တလောမှာ ဆုံးပါးသွားကြတယ်မလား”

“ရှင်တို့ရဲ့နားမှာ သရဲရှိနေတာကိုမတွေ့ပေမဲ့ ရှင်တို့က သေဆုံးခြင်းနဲ့ ဝမ်းနည်းခြင်းအငွေ့အသက်တွေ အနည်းနဲ့အများ စွန်းထင်းနေတယ်.. တခြားသူတွေနဲ့ ကွဲပြားတယ်”

All Chapters