အခန်း (၅၁)
Vol. 6 Ch. 51
ယင်ရိလျိုအနေဖြင့် ဝံပုလွေလေးအကြောင်းကို များစွာမသိသောကြောင့် အဖွဲ့ဝင်အသစ်ကို အလွန်အလွယ်တကူ လက်မခံသင့်ကြောင်းကို သိပေသည်။
သို့သော်လည်း သူမ၏ စကားကိုမည်သူကမှ နားမလည်ဘဲတစ်ယောက်တည်း စကားမပြောနိုင်ဖြစ်နေလိမ့်မည်ကို တွေးမိသောအခါ သူမ ဤတစ်ကြိမ်တွင် ကျိုးကြောင်းစီလျော်စွာ မစဉ်းစားချင်တော့ချေ။
နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်ပြီး ဝံပုလွေလေးကို သူမ၏’မိဘ’ ကျင်းယန်ဆီသိုး ခေါ်သွားခဲ့ကာ လက်ပါးစေတစ်ယောက် လက်ခံရန်အတွက် ခွင့်ပြုချက်ပေးရန်အတွက် မေးလိုက်မိတော့သည်။
ရွှေပေါင်လုံးကြီးက သားပေါက်လေးကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ငြင်းခဲ့သည်။
“မရဘူး”
ဤသည်မှာ မယဉ်ပါးသော ဝံပုလွေ တစ်ကောင်ဖြစ်၏။ အကယ်၍ ၎င်းသာ ထိန်းသိမ်းမရဖြစ်ပြီး အနာဂတ်၌ ယုန်လေးကို ထိခိုက်စေလျှင် မည်သို့ဖြစ်မည်နည်း?
အနက်ရောင်သားပေါက်လေးသည်က ကျင်းယန်၏မနှစ်မြို့ခြင်းကို ခံစားနိုင်ကာ ၎င်း၏နားရွက်ချွန်ချွန်များက အနည်းငယ် ကုတ်ကျသွားပြီး နားရွက်ထိပ်မှ အမွှေးဖြူများသည်လည်း စိတ်ဓာတ်ကျစွာ တုန်ရီနေခဲ့သည်။
နောက်ဆုံးတွင်တော့ ယင်ရိလျို၏ ချစ်စဖွယ်ပြုမူသည့် ရှိုးပွဲအောက်တွင် ကျင်းယန်တစ်ယောက် အရှုံးပေးပြီး သဘောတူလိုက်ရသည်။
ယုန်လေးက မည်သည်အတွက်ကြောင့် ထိုဝံပုလွေရိုင်းအား အလွန်စွဲလန်းနေသည်ကို သူ မသိပေ။ သူ အနည်းငယ် မပျော်မရွှင်ခံစားရပြီး အနက်ရောင်ဝံပုလွေကို ကြည့်သည့်အချိန်တွင် သူ၏မျက်လုံးများက ပို၍အေးစက်သွားခဲ့သည်။
“မင်းနေချင်ရင် ပထမဆုံးအနေနဲ့ ကားထဲလူတွေဆီကို မင်းရဲ့လက်သည်းတွေကို မချိန်ရွယ်နဲ့… ဒုတိယအနေနဲ့ ကိုယပိုင်အစာအတွက် ကိုယ့်ဘာသာ အမဲလိုက်ရမယ်..
တတိယအနေနဲ့ ငါတို့ကို နောက်ပြန်ဆွဲမထားနဲ့ ငါပြောတာကို မင်းနားလည်နိုင်မှန်း ငါသိတယ်”
ဝံပုလွေလေးက ချက်ချင်း သဘောတူခဲ့သည်။ သူ ခေါင်းငြိမ့်နေခဲ့ပုံက ကြည့်ရသည်မှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသည်ပင်။
၎င်း၏အမြီးကို ညင်သာစွာလွှဲယမ်းပြီး ကျင်းယန်၏ဘေးတွင် ဆောင့်ကြောင့်မထိုင်ခင် ၎င်း၏ခေါင်းကိုနှိမ့်လိုက်သေးသည်။
သူမနှင့် အလွန်ရင်းနှီးခဲ့သော သားပေါက်လေးသည်က ရွှေပေါင်လုံးကြီး၏ ဘေးသို့ပြောင်းသွားပြီး သူ့ဆီ ချစ်စရာများကို ရောင်းချနေသည်ကို ယင်ရိလျို မျက်မြင်တွေ့လိုက်ရလျှင် သူမ၏မျက်လုံးတွင် ပြဿနာရှိနေသည်ဟုပင် ထင်သွားခဲ့သည်။
ယခုလေးတင် ရိုးသားသည့်ပုံပေါ်သည့် ဝံပုလွေအနက်လေး၏ မျက်လုံးများက ယုန်ဝတုတ်လေးကို တစ်ဖန်ပြန်ကြည့်လိုက်သောအခါ အထင်မြင်သေးခြင်းနှင့် ထေ့ငေါ့ခြင်း အနည်းငယ်ကို မျက်လုံးများထဲတွင် မြင်လိုက်ရပြီးနောက် ဝံပုလွေ ပြောလာသည်အား သူမ ကြားလိုက်ရသည်။
“ငတုံး”
၎င်းသည်က ဂုဏ်ယူပြီးရိုင်းစိုင်းသည့် အသံပေါက်သော ကြွပ်ဆတ်ဆတ် အသံတစ်ခုဖြစ်၏။
ဤယုန်ဝတုတ်ကို မျက်နှာသာရအောင် လုပ်ရသည့် ရည်ရွယ်ချက်မှာ ကျင်းယန်က သူမကိုတန်ဖိုးထားသောကြောင့် ဖြစ်၏။
၎င်းကိုယ်စား ဤယုန်မှ စကားပြောစေရန် အလို့ငှာ တုံးအပြီး ရူးကြောင် ယောင်ဆောင်ခဲ့သော်လည်း အမှန်တကယ် သူတို့ဆီတွက် အဖွဲ့ဝင်ပြီးသောအချိန်တွင်တော့ အလွန်အမင်းအင်အားကြီးသော ကျင်းယန်၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် နည်းလမ်းများကို လျှို့ဝှက်ကြံစည်နေခဲ့ပေ၏။
၎င်း၏ချောမွေ့သော သားမွှေး၊ ခန့်ညားသောပုံသဏ္ဍာန်နှင့် မယုံနိုင်ဖွယ် အင်အားများနှင့်အတူ ယုန်ဝတုတ်ကို ရင်ဆိုင်၍ သေချာပေါက် နိုင်လိမ့်မည်ဟု သေချာနေလေသည်။
ယင်ရိလျို:???
ငါက နင့်ကို ငါ့ရဲ့လက်ပါးစေလို့ ထင်ထားခဲ့တာလေ?!
ဒါပေမဲ့ နင်က ငါ့ကို နင့်ရဲ့အချစ်ပြိုင်ဘက်လိုမျိုး ဆက်ဆံနေတာလား?
*
သားပေါက်ကို သူတို့နောက်သို့ လိုက်ရန် ခွင့်ပြုခဲ့သော်ငြား ကားထဲတွင် လိုက်စီးခွင့် မပြုခဲ့ပါချေ။
သူတို့က မြို့စွန်မှ လမ်းဆီသို့ ဦးတည်၍ မောင်းနှင်နေခဲ့ပြီး ဝံပုလွေလေးမှာ SUVနောက်မှ ပြေးလိုက်ရမည်ဖြစ်သည်။
အစောပိုင်းင ဖြစ်ပျက်ခဲ့သည့်အရာကြောင့် ကျောင်းချီယန်ကတော့ စိတ်အခြေအနေ မကောင်းဖြစ်နေခဲ့လေ၏။
သူက သူ၏အစ်မကို အရှိန်မြှင့်ခိုင်းခဲ့ပြီး ဝံပုလွေကိုယှဉ်ပြိုင်၍ အနိုင်ယူရန် လျှို့ဝှက်စွာ တိုက်တွန်းခဲ့သော်ငြား သူတို့မည်မျှပင် မြန်မြန်သွားပါစေ အနက်ရောင်အရိပ်သည်က အမြဲတစေ နောက်မှနီးကပ်စွာ လိုက်နေခဲ့သည်။
သူတို့မြို့စွန်ကို ရောက်သောအခါ မူလက ကျယ်ပြန့်နေသော လမ်းသည် ကျဉ်မြောင်းပြီး အဟန့်အတားဖြစ်လာခဲ့သည်။ လမ်းနှစ်ဖက်မှ သိပ်သည်းသော သဘာဝပေါက်ပင်များသည်လည်း လမ်းအလယ်ဆီသို့ ဆန့်ထွက်လာကြပြီး အနီးအနား စတိုးဆိုင်ရှေ့များပင်လျှင် ၎င်းတို့ပတ်လည် ရစ်ခွေနေသော သစ်ကိုင်းတုတ်ကြီးများနှင့် နွယ်ပင်များရှိနေခဲ့သည်။
အကွာအဝေးတစ်ခုမှ သူတို့လမ်း၌ ပိတ်နေသည့် လမ်းလည်ခေါင်တွင် ပုံထားသော ကျောင်းတုံးဒါဇင်ကို ကျောင်းစီဟွေ့ မြင်ခဲ့လေသည်။ သူမနောက်ကိုလှည့်ပြီး ကျင်းယန်ကိုတစ်ချက်ကြည့်ရန်အတွက် အချက်ပြခဲ့သည်။
အချိန်သည်က နေဝင်ချိန်ဖြစ်ပြီး ကောင်းကင်ကြီးသည် လောင်ကျွမ်းနေသကဲ့သို့ အလွန်နီရဲနေခဲ့သည်။
သူတို့က ကားကို အဝေးတွင် ရပ်ကာ အခြေအနေကိုအကဲဖြတ်ရန် ထိုနေရာဆီသို့ လမ်းလျှောက်သွားရန် စီစဥ်ခဲ့ကြသည်။
လမ်းအလယ်မှ အတားအဆီးများသည်ကား လူလုပ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းစွာပင် သိရှိနိုင်၏။ကျောင်းချီယန်တစ်ယောက် သူ၏လက်ထဲတွင် သေနတ်တစ်လက်ကို ကိုင်ဆောင်ထားကာ လမ်းကိုဦးဆောင်ခဲ့ပြီး သူ၏အစ်မကတော့ နောက်မှနီးကပ်စွာ လိုက်လာခဲ့သည်။
ယင်ရိလျိုက ကျင်းယန်၏ ပေါင်ကြွက်သားများ တင်းမာနေဆဲဖြစ်သည်ကို သတိထားမိခဲ့သည်။
သူ၏ခြေထောက်များက ပြန်လည်မသက်သာသေးသည်ကို သူမခန့်မှန်းမိခဲ့သော်ကြောင့် သူ၏ဝှီးချဲကို ထုတ်ယူလိုက်သည်။
ကျင်းယန်လည်း ဝှီးချဲပေါ်တွင် ဝင်ထိုင်ပြီး ယုန်လေး၏ နူးနူးညံ့ညံ့နားရွက်များကို ပွတ်သပ်လိုက်သည်။
“ကျေးဇူးပဲ”
သူ နူးညံ့စွာပြောလိုက်သည်။
သူ၏နောက်မှ အနောက်ရောင် ဝံပုလွေလေးကတော့ ပြောင်ပြောင်တင်းတင်းဖီဆန်ခဲ့သည်။
ယုန်ဝတုတ်မှာ ပြေးနိုင်တဲ့ကိရိယာ(ဝှီးချဲ) ရှိပေမဲ့ ငါလည်း လူသားတွေကိုသယ်နိုင်ပြီး ငါကပိုမြန်ပြီး ပိုတည်ငြိမ်တယ်!
ရှေ့ဘက်တွင် ရှိနေသော လမ်းများသည်က ဘေးဘက်ရှိ သစ်ပင်များအထိ တစ်လမ်းလုံး ကျောက်တုံးများဖြင့် ပိတ်ဆို့ခံထားရကာ ဖြတ်သန်းသွားမည့် မည်သူကိုမဆို ခက်ခဲအောင် ပြုလုပ်နေလေသည်။
အနီးအနားတွင် အဝတ်အစားဆိုင်နှစ်ခု၊ Carrefourနှင့် လက်ဝတ်ရတနာဆိုင် တစ်ခုရှိနေခဲ့ပြီး ရှေ့တံခါးရှိ နွယ်ပင်များကတော့ အဖယ်ရှားခံထားရသည်။
“ဂရုစိုက်”
ကျောင်းစီဟွေ့ သူမ၏မောင်ဖြစ်သူကို တီးတိုးပြောလိုက်သည်။
ကျောင်းချီယန် ခေါင်းငြိမ့်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်သွားခဲ့သည်။
[❗Warning- r*pe ]
အဝတ်အစားဆိုင်က အရှုပ်ထွေးဆုံး ဖြစ်နေခဲ့၏။ ထိုနေရာတွင် မည်သူမှ မရှိသော်ငြား မြေပြင်ပေါ်တွင် သွေးများနှင့် ဘေးတံခါးက လာနေသော ဆူညံသံတိုးတိုးရှိနေခဲ့သည်။
သူတို့လည်း အသံများလာရာအရပ်မျက်နှာဆီ လျှောက်လာခဲ့ကြသည်။ သူတို့ပို၍နီးလာလေ အသံများက ပိုကျယ်လာလေလေဖြစ်ကာ ၎င်းတွင် အော်သံနှင့် ငိုသံဖျော့ဖျော့များ ပါဝင်နေခဲ့သည်။
သူတို့၏မျက်နှာပေါ်မှ လေးနက်သောအမူအရာများနှင့်အတူ ကျောင်းမောင်နှမ အကြည့်ချင်းဖလှယ်လိုက်သည်။
ဤနေရာတွင် လူအတော်အတန် အနည်းငယ်ရှိလေသည်။
ဆူညံသံများသည်က အနီးနား Carrefour စူပါမားကတ်မှ လာနေခြင်းဖြစ်၏။ ဝင်ပေါက်မှ အတွင်းဘက်မှ ထူးထဲသော သံကြိုးများဖြင့် ပိတ်ထားလေသည်။ အတွင်းဘက်မှ အသံများကို ခွဲခြမ်းစိတ်ဖြာရန် ယင်ရိလျို သူမ၏ နားရွက်ရှည်ကြီးများကို လှုပ်ရမ်းခဲ့သည်။
အမျိုးသမီးတစ်ယောက် ငိုနေသံနှင့် ယောကျ်ားအချို့ ရယ်နေသည့်အသံများကို ကြားသောအခိုက်တွင့ တစ်စုံတစ်ခုကို မရေမရာနားလည်သွားပြီး သူမ၏နှလုံးသားက နစ်မြုပ်သွားသည်။
ကျောင်းချီယန်၏ အရေပြားတွင် လူပုံပေါက်သော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ မာကျောသော အစိမ်းရောင်အခွံများ ပေါ်လာပြီး စူပါမားကတ်ဝင်ပေါက်ကို စတင်ထိုးခဲ့လေသည်။
ကျယ်လောင်သော ထုရိုက်သံနောက် မှ လိုက်လာသည်မှာ အတွင်းဘက်မှ ကြောက်စိတ်မွှန်နေသော အော်သံများက ပို၍ကျယ်လောင်လာပြီး ဗရမ်းဗတာများကြားတွင် ကလေးများ၏ ငိုသံနှင့်အော်သံများကိုပင် ကြားရလေသည်။
ကျောင်းချီယန် မျက်မှောင်ကြုတ်ပြီး တံခါးကိုရိုက်ဖွင့်လိုက်သည်။
အတွင်းဘက်ရှိ မြင်ကွင်းက လူတိုင်း၏ အမြင်အာရုံထဲသို့ ဝင်လာခဲ့သည်။
မျက်နှာပေါ်တွင် အံ့သြသော အမူအရာရှိနေသော အင်္ကျီမပါသည့် ကြံ့ခိုင်သည့်ယောကျ်ကြီးအချို့မှာ မီတာအနည်းငယ်အကွာတွင် မတ်တပ်ရပ်နေကြ၏။
သူတို့၏နောက်တွင်ျော့ စုတ်ပြဲနေသော အဝတ်အစားများနှင့် တုန်ရီနေသော မိန်းမငယ်လေး နှစ်ယောက်သုံးယောက်ရှိပြီး ပို၍ဝေးသော နောက်၌ ချည်နှောင်ခံထားရသော လူအိုကြီးများနှင့် ငိုနေသော ကလေးများ ရှိလေသည်။
မိန်းကလေးများကို မြင်လိုက်ရချိန်တွင် ယင်ရိလျို ဒေါသထွက်သွားခဲ့သည်။
ဒီခွေးမသားတွေ!
သူမသည်ကား ပျက်ကပ်၏ နှောင်းပိုင်းလောကကြီးထဲ၌ လူသားဆန်မှု၏ ရုပ်ဆိုးသည့်ဘက်ခြမ်းအကြောင်းကို သိရှိထားပြီးသားဖြစ် သော်လည်း အဝတ်များပါသည်ဆိုရုံမျှသာ ရှိနေသည့် ဤဖြူဖတ်နေသော မျက်နှာနှင့် မိန်းကလေးများ၏ အလွန်ဆိုးဝါးသည့် အခြေအနေကို မြင်လိုက်ရသောအခိုက်တွင် သူမ၏နှလုံးသားထဲမှ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။
အခန်းထဲမှ ကြံ့ခိုင်သည့်ယောကျ်ားများမှာတော့ အခန်းထဲသို့ ဖြတ်ဝင်လာသော သူများကိုမြင်သောအခါ သိသိသာသာ စိတ်သက်သာရာရသွားသည်။ သူတို့ထဲမှ တစ်ယောက်က သူ၏ဘောင်းဘီများကို ပြန်ဝတ်ပြီး ကျိန်ဆဲခဲ့သည်။
“ကြည့်ရအောင်.. ကလေးတစ်ယောက်၊ ခွေးမတစ်ယောက်နဲ့ ဝှီးချဲပေါ်က ခြေကျိုးတစ်ယောက်ပဲ .. ငါကတော့ သန္ဓေပြောင်းတိရစ္ဆာန်တွေများ ဖောက်ဝင်လာတယ်ထင်နေတာ…ဖာ့ခ်…”
နောက်ထပ် အဝတ်မပါသော လူကြီးကတော့ ကျောင်းစီဟွေ့ကို ငမ်းနေလျှက် သူ၏မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
သူ၏ညစ်ညမ်းသော အကြည့်က အလွန်ပင် အော်ဂလီဆန်စရာကောင်းလေသည်။ ဤစက်ဆုပ်စရာကောင်းသော မြင်ကွင်းကို မြင်နေရခြင်းမှ ကာကွယ်ရန် ကျင်းယန်က ယင်ရိလျို၏မျက်လုံးများကို ဖုံးအုပ်လိုက်သည်။
“ဒါက ဘာလဲ? ဒုက္ခထဲက မိန်းမပျိုလေးတွကို လာကယ်တဲ့ ဟီးရိုးတွေလား? မင်းတို့သုံးယောက်ထဲလား?”
သူ၏နောက်မှ လူကြီးများက ပေါက်ကွဲထွက်လုမတတ် ရယ်မောနေခဲ့ကြလေသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ထပင်မထလာခဲ့ချေ။
ဖင်တုံးလုံးနှင့်လူကြီးမှာ သူ၏ ခန္ဓာကိုယ်ကို သတိလစ်လုနီးပါးဖြစ်နေသော မိန်းကလေးတစ်ယောက်ထံတွင် ကပ်နေပြီး လေးလံစွာပင့်သက်ရှိုက်လျှက် အပြင်းအထန် ဆက်လက် လှုပ်ယမ်းနေခဲ့သည်။လေထုက မသာယာသည့် အနံ့အသက်ဆိုး အမျိုးစုံဖြင့် ပြည့်နှက်နေကာ အစားအသောက် အပုတ်အသိုးများဆီမှစ၍ ဤမိမစစ်ဖမစစ်များဆီမှ ထွက်ပေါ်နေသော ရွံ့စရာကောင်းသည့် ဆိုးဝါးညစ်ညမ်းသောအနံ့အထိ ပါဝင်နေလေသည်။
ထိုလူကြီးက သူ၏ခေါင်းကိုလှည့်ပြီး မြွေတစ်ကောင်ကဲ့သို့ သွယ်သောမျက်နှာကို ဖော်ပြလိုက်လေသည်။
တြိဂံပြောင်းပြန်ပုံ မြွေခေါင်းကို လူသားတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် မြင်ရသည်မှာ အလွန် ထူးဆန်းလေသည်။
သူ၏ခရမ်းနက်ရောင်လျှာကို ထုတ်ပြီး သူ၏ခြောက်ခြားဖွယ် မြွေမျက်လုံးများဖြင့် အပြင်လူသုံးယောက်ကို စိုက်ကြည့်နေခဲ့သည်။
“အခုလေးတင် ငါတို့ရဲ့ လက်ရှိကုန်ပစ္စည်းနဲ့ ပျင်းနေတာ.. အခုတော့ လတ်ဆတ်တဲ့ ကုန်ပစ္စည်းတွေက ငါတို့၏တံခါးအထိ ရောက်လာခဲ့တာပဲ”
အစွန်းတွင်မှီသော လူကြီးတစ်ယောက်သာလျှင် တံခါးတွင် ပြတ်နေသောသံကြိုးကို တစ်ချက်ကြည့်နေခဲ့ကာ သူ၏သတိကိုမလျှော့ခဲ့ချေ။
သူတို့သည်က သာမာန်လူများဟုတ်ပုံမရချေ။ အမျိုးသမီးက အားနည်းပုံပေါ်ပြီး ကောင်လေးသည်လည်း ငယ်ရွယ်ပုံရသော်ငြား သူတို့တွင် ဧရာမခွန်အားရှိလေသည်။
သူတို့သည်လည်း ဆင့်ကဲပြောင်းလဲသူများ ဖြစ်ရမည်။
ဒါပေမဲ့ သူတို့က ဆင့်ကဲပြောင်းလဲသူ ဖြစ်တော့ရော ဘာဖြစ်လဲ?
သူတို့ရဲ့လူထဲကရော ဘယ်သူကများ ဆင့်ကဲ့ပြောင်းလဲသူ မဟုတ်လို့လဲ?
ပြီးတော့ သူတို့ရဲ့ လက်ထဲမှာ ဆင့်ကဲပြောင်းလဲသူတွေ ဘယ်လောက်များများ သေပြီးပြီလဲ?
သူ၏နှလုံးသားထဲမှ မပြတ်သားမှုက တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ဒေါသထွက်နေသော ကျောင်းစီဟွေ့ကို စိုက်ကြည့်လျှက် သူ၏ပါးစပ်ထောင့်ကို လျှက်လိုက်သည်။
ဒီကောင်မလေးက အတော်လေးမိုက်တယ် ။
သူမကိုလုပ်ရတာက စိတ်လှုပ်ရှားစရာကောင်းမှာပဲ ..