အခန်း (၅၄)
Vol. 6 Ch. 54
ကျင်းယန်အနေဖြင့် ဧရာမစပါးအုံးမြွေ မျိုးစပ်ကြီးကို အလွန်လွယ်ကူစွာ သတ်ပစ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားချေ။
သူမျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏စွမ်းရည်အသစ်က တစ်စုံတစ်ခု မှားနေသည်လား သို့မဟုတ် သူ၏စွမ်းရည်က အန္တရာယ်အဆင့်ကို တိုင်းတာခြင်းတစ်ခု မဟုတ်သည်များလား?
သို့သော်လည်း မြွေအသေ၏ ခေါင်းမှ ဖြည်းညှင်းစွာ စိမ့်ထွက်နေသော စုပုံနေသည့်အဆိပ်များကို မြင်သောအခါ နားလည်သွားခဲ့လေသည်။
အနက်ရောင်အဆိပ်များက ကွန်ကရစ်ကြမ်းပြင်ကို ထိလျှင်ထိချင်း တိုက်စားခြင်းကြောင့် အမြှုပ်များထွက်လာပြီး အချိန်တိုတိုကြာပြီးနောက် အဆိပ်များကြောင့် ကြမ်းပြင်တွင် အပေါက်တစ်ခုအဖြစ် အရည်ပျော်သွားခဲ့လေသည်။
စပါးအုံမြွေမျိုးစပ်သည်ကား အမှန်ပင် အန္တရာယ်များသော်ငြား သူက တိုက်ခိုက်ရာတွင် တော်သောကြောင့် မဟုတ်ဘဲ သူ၏တိုက်စားမှု ပြင်းထန်မြင့်မားသော အဆိပ်များက အလွန်အန္တရာယ်များသောကြောင့်သာဖြစ်၏။
ကျောင်းချီယန်ကြောင့် ခြေကျင်းဝတ် အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါးဖြစ်နေသော ကတုံးလူကြီးအတွက်လည်း အခြေအနေများသည်က သိပ်ပြီးကြည့်၍မကောင်းချေ။
ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တစ်ဝက်က ပုပ်နေပြီးအနံ့ဆိုးသော အသားများထဲတွင် မြှုပ်ဝင်နေသည့် မရေမတွက်နိုင်သော လောက်များရှိနေခဲ့သည်။
သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ယိုယွင်းပျက်စီးပြီး ပိုးကောင်များ ကိုက်စားခံရခြင်းကိုပင် ခံစားနိုင်လေသည်။
သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်၏ အခြေအနေကဆိုးရွားပြီး အစားခံရခြင်းကို မြင်နေရခြင်းသည်က သူ့အတွက် အကောင်းဆုံး အပြစ်ပေးမှု ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ဂိုဏ်းတစ်ခုလုံး အသတ်ခံရပြီးနောက် လေထုထဲတွင် သွေးနံ့ပြင်းပြင်းများနှင့် ပြည့်နှက်နေခဲ့သည်။
အနောက်ဘက်တွင်ရှိနေသော နှိပ်စက်ခံခဲ့ရသော အမျိုးသမီးများနှင့် လူအိုကြီးများသည်ကတော့ အသိပြန်မဝင်ကြသေးချေ။
သူတို့ကိုမင်းမူနှိပ်စက်နေသော မိစ္ဆာများ သေသွားခဲ့သည်ကို မယုံကြည်နိုင်ကြချေ။
ကျောင်းစီဟွေ့က သူတို့ပေါ်မှ ကြိုးများကို မဖြည်ခင်အထိ ထိုအခြေအနေအတိုင်း ဖြစ်နေခဲ့သည်။
ချုပ်နှောင်ခံထားရခြင်းမှ လွတ်မြောက်ပြီးမှသာ သူတို့၏အိပ်မွေ့ချခံရမှုမှ သ နောက်ဆုံးတွင် သက်သာလာခဲ့ကြသည်။ သူတို့ငိုယို အော်ဟစ်စပြုလာကြကာ မြေပြင်ပေါ်တွင် လဲလျောင်းသေဆုံးနေသော လူကြီများဆီသို ဦးတည်၍ တဟုန်ထိုးသွားခဲ့ကြသည့်။ သူတို့၏အသွေးသားများကို ကန်ကျောက်ပြီး သူတို့ခေါင်းများကို ကျောက်တုံးများနှင့်ထုနေကြလေသည်။
သူတို့ထဲမှ တချို့သည်ကား တူညီသောနေရာတွင် ရိုးရှင်းစွာမတ်တတ်ရပ်ပြီး ငိုယိုနေကြစဥ် အခြားသူများကတော့ သူတို့၏နှိပ်စက်ခံရသော သမီးများကိုပွေ့ဖက်ရန်သွားကြပြီး မိသားစုတစ်ခုလုံးသည် မျက်ရည်များနှင့် အတူတကွ ရောထွေးနေခဲ့ကြသည်။
တမူထူးကဲစွာ လှပသော မိန်းကလေးအတွက်ကလည်း ထပ်တူပင်ဖြစ်၏။ သူမ၏အမေက သူမကိုတင်းကြပ်စွာဖက်ပြီး သူမ၏ခန္ဓာကိုယ်ကို အဝတ်များဖြင့် ဖုံးအုပ်သောအခိုက်တိင် သူမ၏ဝိညာဥ်မဲ့နေသော မျက်လုံးများ၌ နောက်ဆုံးတွင် အလင်းရောင်အနည်းငယ်ရှိလာခဲ့သည်။
သူမက ပါးစပ်ထောင့်ကို ထုံထိုင်းစွာ အားစိုက်ဆွဲဆန့်ပြီး သက်သာရာရသွားခဲ့သည်။
ငါ့အမေ လွတ်လပ်သွားပြီ.. အကယ်ခံလိုက်ရတာ ကောင်းလိုက်တာ.. ဘယ်သူ့အတွက်မှ ထပ်ပြီးအသက်ရှင်ဖို့ မလိုတော့ဘူး..
မိန်းကလေးင သူမ၏မျက်နှာပေါ်တွင် ထူးဆန်းစွာ လှပသော အမူအရာတစ်ခုကို ဖော်ပြလျှက် ပြုံးခဲ့သည်။
ထို့နောက် သူမ၏ ဘေးဘက်ပတ်လည်မှ မာကျောသော နံရံများနှင့် စင်များကို လိုက်ကြည့်ပြီးနောက် စင်တစ်ခုဆီသို့ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သွားခဲ့လေသည်။
ချွန်ထက်သော သံဘောင်သည် သူမနဖူးဆီသိုးနက်ရှိုင်းစွာ အတွင်းသို့ချိုင့်ဝင်သွားခဲ့လေ၏။ ၎င်းက သူမအနေဖြင့် သေဆုံးရန်အတွက် မည်မျှ စိတ်ပိုင်းဖြတ်ထားသည်ကို ပြသနေခဲ့သည်။
သတ်လတ်ပိုင်းမိန်းမကြီးသည်က ပို၍ပင်ကျယ်လောင်စွာ ငိုကြွေးလာခဲ့လေသည်။ မိန်းကလေး၏ လှပသောမျက်လုံးများက သူမ၏အသက်ရှူခြင်း ရပ်တန့်မသွားခင်တွင် တဖြည်းဖြည်း မှိိတ်သွားခဲ့သည်။ အန်တီကြီးက သူမ၏သမီးကို ထိပ်ထိပ်ပျာပျာဖြင့် ပွေ့ဖက်ထားခဲ့လေသည်။
အမျိုးသမီးက အော်ဟစ်ကိုကြွေးကာ သူတို့ကို ဤသို့လုပ်ခဲ့သော လူကြီးများနှင့် မျှော်လင့်ချက်ကင်းမဲ့သော လောကကြီးကိုလည်း ကျိန်ဆဲနေခဲ့လေသည်။
သူမအနေဖြင့် ပျက်ကပ်အစကတည်းက အဖမ်းခံခဲ့ရသည်။
သူမ၏သမီး လူမဆန်စွာ အကြမ်းဖက်ရသည့်အခါတွင်လည်း သူမမည်သို့မျှမလုပ်နိုင်ခဲ့ချေ။ ထိုအချိန်မှလွတ်လာချိန်တွင်လည်း သမီးဖြစ်သူက ဤအေးစက်သော စူပါမားကတ်ထဲတွင် သေဆုံးခြင်းကို ရှာဖွေသွားသည်အား တစ်ကြိမ်ထပ်၍ ကူကယ်ရာမဲ့စွာ ကြည့်ခဲ့ရသည်။
ဤအခြေအနေတွင် သူမသည် မျှော်လင့်ချက်မဲ့သည့် စိတ်ပျက်မှုနှင့် လုံးဝတစ်စစီပြိုလဲသွားလေသည်။
ပျက်ကပ်ထဲမှ သန္ဓေပြောင်းတိရစ္ဆာန်များက သူမအား မျှော်လင့်ချက် ဆုံးရှုံးသွားအောင် ပြုလုပ်ရန် မလုံလောက်နိုင်ခဲ့သော်ငြား ဤနေရာသည်ကတော့ ငရဲအစစ်ဖြစ်နေလေသည်။
ကျောင်းမောင်နှမလည်း မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရကာ သူတို့၏နှလုံးသားက ကိုက်ခဲသွားခဲ့သည်။ ဤဆန်ကုန်မြေလေးများကို သတ်ပစ်ခြင်းက သူတို့၏ဒေါသကို ငြိမ်သက်ရန် မလုံလောက်ဟုပင် ထင်မုလေသည်။သာမာန်လူတွေက ဒီလောကကြီးထဲမှာ ဘယ်လိုမျိုး ရှင်သန်ရတော့မှာလဲ? ရှင်သန်ဖို့အတွက် သူတို့မှာ မျှော်လင့်ချက်တောင် ရှိနေသေးရဲ့လား?
အတွေးများက ဝင်ရောက်သွားသည့်အချိန်တွင် သူတို့၏နှလုံးသားထဲတွင် လေးလံနေခဲ့လေသည်။ ကျောင်းမောင်နှမလည်း အသက်ပြင်းပြင်းရှူပြီး စူပါမားကတ်ထဲမှ ပြန်ထွက်သွားခဲ့ကြသည်။
အနက်ရောင်ဝံပုလွေပေါက်လေးကတော့ လူသေလောင်းကို ၎င်း၏လက်သည်းများနှင့် ပျော်ရွှင်စွာ ဆုတ်ဖြဲနေခဲ့လေသည်။
ဤ အလောင်းသည်က ၎င်း၏ ‘ဆုတံဆိပ်’ဖြစ်၏။ အလောင်းက အလွန်အမင်း အနံ့နံသည့်အချက်ရှိသော်ငြား ဝံပုလွေအား ၎င်းနှင့်ကစားခြင်းကိုတော့ မတားဆီးနိုင်ချေ။
ယင်ရိလျိုက တိုက်ပွဲထဲတွင် မပါဝင်ခဲ့ချေ။ အမှန်တွင် သူမအနေဖြင့် ကျင်းယန်မှ တစ်ချိန်လုံး ကာရံထားသောကြောင့် ကြေကွဲဖွယ်မြင်ကွင်း အများအပြားကို မြင်ပင်မမြင်ခဲ့ရချေ။
သို့သော်ငြား သူမ၏နားရွက်များက အမျိုးသားများနှင့် အမျိုးသမီးများ ငိုနေခြင်းကို ကြားနိုင်လေသည်။ သူတို့ငိုနေသည့်အသံများကြောင့် သူမ၏နှလုံးသားက ကြောက်စိတ်နှင့် စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။
သူမ ကျင်းယန်ထံမှ ခုန်ချပြီး စူပါမားကတ်ထဲတွင် သူမ ရှာတွေ့နိုင်သည့် အသုံးဝင်သောအထောက်အပံ့ပစ္စည်း မည်သည့်အရာကိုမဆို သူမ၏နေရာလွတ်ထဲသို့ ထိုးသွတ်ခဲ့၏။
ရေဘူးများ၊ အဖျော်ယမာများနှင့် အမျိုးမျိုးသော ထုပ်ပိုးထားသော အစားအသောက်များနှင့် အဆာပြေမုန့်များပါဝင်လေသည်။
ဒုတိယမြူပြီးနောက် သူမ၏ပါးပြင်ထဲမှ နေရာလွတ်သည်လည်း အရွယ်အစားကြီးလာကာ ပစ္စည်းများကို ပို၍သိုလှောင်နိုင်စေသည်။
ထိုသို့မဟုတ်လျှင် စူပါမားကတ်ထဲမှ အထောက်အပံ့ပစ္စည်အားလုံးကို ဆံ့နိုင်မည်မဟုတ်ချေ။
ကျောင်းမောင်နှမ၏ အကူအညီနှင့် မွှေနှောက်ရှာယူပြီးနောက် သူမက ကျင်းယန်၏နောက်မှ စူပါမားကတ်အပြင်သို့ မလိုက်မီ ကယ်ဆယ်ခဲ့သူများအတွက် အစားအစာနှင့် ရေအလုံအလောက်ကို ချန်ထားခဲ့လေသည်။
ကျင်းယန်နှင့် အဖွဲ့သားများမှာ စူပါမားကတ်ထဲမှ ဆင့်ကဲပြောင်းလဲသူများက သိပ်ပြီးမသန်မာသည်ကို သိကြသည်။
ချင်ဖူဟိုင်၏အသင်းကပင် သူတို့ကိုအနိုင်ယူနိုင်လေသည်။ ပျက်ကပ်ထဲတွင် ဤကဲ့သို့ အဖွဲ့အစည်းက အများအပြားရှိကြပြီး သူတို့၏ မကောင်းသော လုပ်ရပ်များကို မည်သူမှ သတိမထားမိသည့်မှာ မဖြစ်နိုင်ချေ။
မြို့ထဲရှိ ရှင်သန်နေသော ဆင့်ကဲပြောင်းလဲသူများက ဤအကြောင်းကို သိထားသော်ငြား ဤနှိပ်စက်ညှင်းဆဲခံထားရသော သာမာန်လူများကို ကယ်တင်ရန် မည်သူမှ ရောက်ရှိမလာခဲ့ကြချေ။
သူတို့ထဲမှတစ်ယောက်၏ နှလုံးသားထဲတွင် ကြင်နာမှုအနည်းငယ်မျှ ရှိလျှင်ပင် သူတို့က ယခုဤအခြေအနေသို့ ရောက်နေမည်မဟုတ်ချေ။
အသက်ကြီးပြီး အားနည်းသော သာမာန်လူ တစ်အုပ်စုအတွက် ဆင့်ကဲပြောင်းလဲသူတစ်အုပ်စုကို စော်ကားခြင်းက မထိုက်တန်ဟု သူတို့ထင်ခဲ့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ် သူတို့၏နယ်မြေထဲတွင် ဆင်တူသော အရာများဖြစ်ပျက်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ် သူတို့ကိုယ်သူတို့ သာမာန်လူများထံမှ ခွဲခြားခဲ့သည်လည်း ဖြစ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်လေသည်…
အခြေအနေက မည်သို့ပင်ဖြစ်ပါစေ ကျင်းယန်နှင့် သူ၏အသင်းဖော်များမှာ ပျက်ကပ်၏ အရက်စက်ဆုံး ဘက်ခြမ်းများအား အရိပ်အယောင်ဖမ်းရန် ဖိအားပေးခံခဲ့ရသည်။
၎င်းသည်က လူသားများ၏ သဘာဝဖြစ်၏။
သူတို့၏ခရီးကို ဆက်တော့မည့်အချိန်၌ ကားထဲမှ စိတ်အခြေအနေသည်က အလွန်စိတ်ဓာတ်ကျစရာဖြစ်နေသည်။
ကျောင်းစီဟွေ့က သူမ၏နှုတ်ခမ်းကို တင်းကြပ်စွာဖိထားခဲ့ ကာ ကျောင်းချီယန်သည်ကတော့ အရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် ပင်ပန်းနေသော အမူအရာနှင့်အတူ နစ်မြုပ်နေပြီး ယင်ရိလျိုသည်လည်း အလွန်စိတ်လေးနေခဲ့သည်။
ကျင်းယန်သာလျှင် အေးစက်သောမျက်နှာကို တစ်ချိန်လုံး ထိန်းသိမ်းထားခဲ့လေသည်။
သူသည် မတော်တဆမှုမှ လုံးဝသက်ရောက်ခြင်း မခံရသည်နှင့် တူလေသည်။
ပျက်ကပ်ထဲတွင် ကျင်းယန်၏ သန်မာသောစိတ်ပိုင်းဆိုင်ရာခွန်အားကသာ သူတို့တွင် ရှိသင့်သည့်အရာဖြစ်သည်ကို ယင်ရိလျိုနားလည်လေသည်။
လောကကြီးနှင့်အတူ သနားနေသော သူတော်စင်တစ်ယောက်ဖြစ်မည့်အစား သူတို့၏ ကိုယ်ပိုင်ရှင်သန်ခြင်းပေါ်တွင် အာရုံစိုက်သင့်သော်ငြား သူမ သို့မဟုတ် ကျောင်းမောင်နှမတို့မှာ လျစ်လျူမရှူနိုင်ကြချေ။
ယုန်လေး တွေးတောနေသည်ကို ကျင်းယန်သည် အာရုံခံနိုင်သည့်နပုံရ၏။ သူက သူမကိုနှစ်သိမ့်ရန်အတွက် နောက်ကျောကို ညင်သာစွာပွတ်သပ်ခဲ့လေသည်။
ကားစက်မနိုးနိုင်ခင် အနက်ရောင်ဝံပုလွေက ၎င်း၏အမြီးကိုယမ်းပြီး သူ၏လက်ဖဝါးပေါ်မှ သွေးများကို မြေပြင်ပေါ်သို့ ပွတ်သုတ်လိုက်သည်။
၎င်းသည်က အလွန်ကစားခဲ့သောကြောင့် ၎င်း၏လက်ဖဝါးများ အနှံ့တွင် သွေးအစွန်းအထင်းများ ရှိနေခဲ့သည်။
ကျင်းယန်၏မျက်လုံးထဲမှ စက်ဆုပ်ရွံရှာမှုကို မြင်သောအခါ ဝံပုလွေ၏ခံစားချက်များကို ထိခိုက်သွားခဲ့လေ၏။ သူက မကျေနပ်ချက်များကို မြို့သိပ်၍ ကားနောက်ဘက်တွင် တစ်ကောင်တည်း သန့်ရှင်းကာ လျှက်နေခဲ့လေသည်။
ထိုအခိုက်အတန့်တွင် သူတို့ဆီသို့ ချဥ်းကပ်လာသော လှုပ်ရှားမှုများကို ကြားလိုက်ရသောကြောင့်် သူတို့က စူပါမားကတ် ဝင်ပေါက်၏အရပ်မျက်နှာဆီ သတိထားသည် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ထိုအသံမှာ သူတို့ဆီသိုး ဦးတည်၍ ပြေးလာသော အမျိုးသမီးငယ်လေးတစ်ယောက်ထံမှ ဖြစ်ပေ၏ ။ ၎င်းက ကျောင်းမောင်နှမ၏ ကယ်တင်ခြင်းခံရသော လူများထဲမှ တစ်ယောက်ဖြစ်လေသည်။
“စောင့်! ခနစောင့်ပါဦး! “
သူမ လှမ်းအော်ခဲ့သည်။ ကားနောက်မှ အနက်ရောင်ဝံပုလွေကို မြင်သောအခါ သူမ အနည်းငယ်ကြောက်ရွံ့သွားလေသည်။
သူတို့က အမျိုးသမီးကို သတိထားမိသော်ငြား သူတို့ကို မည်သည့်အကြောင်းကြောင့် လှမ်းခေါ်သည်ကို မသိကြချေ။
ကျင်းယန်ကတော့ သူမက ကျေးဇူးတင်မှုကို ဖော်ပြရန် သူတို့ကိုတားလာခဲ့ခြင်းမဟုတ် ဟူသော ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။