အခန်း (၅၆)
Vol. 6 Ch. 56
သူမ၏မောင်ထံတွင် ဤကဲ့သို့ အတွေးများရှိနေမည်ဟု ကျောင်းစီဟွေ့မမျှော်လင့်ထားချေ။
ကျောင်းစီဟွေ့ တခဏလောက် ဆွံ့အသွားခဲ့ပြီးနောက် ဒေါသဖြင့် တုန်ရီလာခဲ့တော့သည်။
သူမအနေဖြင့် နောက်ဘက်မှ ကျင်းယန်၏ အမူအရာကိုပင် တစ်ချက်လောက်လှမ်းမကြည့်ရဲခဲ့ပါချေ။
သူမက သူမ၏ဒေါသများကို ဖိနှိပ်ကာ သူမ၏မောင်ကို မျက်လုံးတဲ့တဲ့သို့ စိုက်ကြည့်ပြီး မေးလိုက်သည်။
“ငါနင့်ကို မေးပါရစေ .. နင်အခုဘယ်သူ့ရဲ့ကားပေါ်မှာ ထိုင်နေတာလဲ?”
“ကျင်းယန်ကောရဲ့ကား”
“နင့်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်၊ နင်ဝတ်ထားတဲ့ အဝတ်အစား၊ နင် စားသောက်ခဲ့တဲ့အစားအစာနဲ့ နင် နေ့တိုင်း သောက်နေတဲ့ရေ.. အဲဒါတွေကရော ဘယ်သူ့ရဲ့ ပစ္စည်းတွေလဲ?”
“.....”
ကျောင်းချီယန် နှာရှုပ်လိုက်ပြီး အနည်းငယ် အရှက်ကွဲသကဲ့သို့ ခံစားရသော်ငြား အသံတိုးတိုးဖြင့် ဖြေလိုက်ဆဲပင်။
“ကျင်းယန်ကောရဲ့ပစ္စည်းတွေ..”
ကျောင်းစီဟွေ့ ကားစတီရင်ကို ဆောင့်ရိုက်ချလိုက်သည်။
“နင်က ဒါကိုသိသားနဲ့ ဒီလိုမျိုးအတွေးတွေ ရှိသေးတယ်ပေါ့… နင့်ကိုယ်နင် အန္တရာယ်က ကယ်ဆယ်သူလို့ ထင်နေတာလား? အခု နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ?”
ယင်ရိလျို စိတ်ပူစွာ မတ်မတ်ထိုင်လိုက်မိသည်။
အရှေ့ဘက်မှ ရန်ဖြစ်နေသော မောင်နှမကို ကြည့်ကာ သူမ၏လက်သည်းများကို ပွတ်သပ်လိုက်မိပြီး သူမ၏သားမွှေးများကို ဖြီးသင်ပေးရန်အတွက် ကျောင်းစီဟွေ့၏လက်မောင်းထဲသို့ ခုန်ဝင်ရမည်လားဟု တွေးတော၍ တုံ့ဆိုင်းနေလေသည်။
( 顺毛(Brush fur): တစ်ယောက်ယောက်၏ ဒေါသကို ချွေးသိမ့်ရန်အတွက် ဘန်းစကား။
ဒေါသထွက်နေတဲ့ ကြောက်ပေါက်လေးတစ်ကောင်ကို စိတ်ငြိမ်အောင် အမွှေးကို ဖြီးပေးသလိုပေါ့)
သို့သော် သူမ၏ ဝင်ရှုပ်ချင်နေသော အတွေးကို ရပ်တန့်ရန်အတွက် ကျင်းယန်က သူမ၏နူးညံ့သော ခန္ဓာကိုယ်လေးကို ဖမ်းဆွဲထားခဲ့လေသည်။
ကျောင်းချီယန်ဘက်မှ ထိုစကားလုံးများကို ပြောလာသောအခါ ကျင်းယန်အနေဖြင့် ထိုကောင်စုတ်လေးကို အပြင်ဘက်သို့ လွှင့်ပစ်ချင်စိတ်တို့ ရှိနေခဲ့သည်။
ငယ်ရွယ်ခြင်းတိုသည်က ပျက်ကပ်အတွင်းတွင် လက်ခံနိုင်သော ဆင်ခြေတစ်ခု သို့မဟုတ် ကြင်နာမှုကို ဖြန့်ဝေရန် ဆင်ခြေတစ်ခုမဟုတ်ချေ။
အသင်းနှင့်အရင် ဆွေးနွေးခြင်းမပြုဘဲ လူကောင်းတစ်ယောက် ဖြစ်ရန် ဆုံးဖြတ်ခဲ့သည့် အသင်းဖော်တစ်ယောက်ကို သူ မလိုချင်ပါချေ။
ထို့ထက်ပိုသည်မှာ ထိုမိန်းမကို သူတို့နှင့်အတူ ခေါ်ဆောင်ခြင်းသည်က လမ်းတစ်လျှောက်လုံးတွင် သူမကိုကာကွယ်ပေးပြီး ခရီးစဥ်အတွင်း သူမအား အစားအစာများ ထောက်ပံ့ရမည်ဟု ဆိုလိုလေသည်။
သူ၏ယုန်လေးမှ စုဆောင်းရန်အတွက် အလွန်အလုပ်ကြိုးစားခဲ့ရသော အစားအစာများကို အသုံးမကျသည့် လူတစ်ယောက်အတွက် အဘယ်ကြောင့် ဖြုန်းတီးသင့်သနည်း?
ကျောင်းစီဟွေ့သည်လည်း ဤသည်ကို ရှင်းလင်းစွာ သတိထားမိ၏။
သူမ၏မောင်တွင် တုံးအသော အကြံဉာဏ်ရှိနေခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ပြီး သူမ၏မိုက်မဲသော မောင်ကို နိုးထလာအောင် မလုပ်မိပါလျှင် အနာဂတ်၌ ကျင်းယန်နှင့် လမ်းခွဲရမည်မှာ သေချာကြောင်းကို သူမသိ၏။
ဤနေ့ရက်အချို့ အတူရှိနေခဲ့သောကြောင့် ကျင်းယန်နှင့် သန္ဓေပြောင်းယုန်၏ ပေါင်းစပ်မှုက အားနည်းပုံပေါ်သော်ငြား တကယ်တမ်းတွင် သူတို့က ကျိန်းသေပေါက် အားသာသည့်နှစ်ယောက်တွဲ ဖြစ်ကြောင်း သူမ သိခဲ့ပြီးဖြစ်၏။
တစ်ဦးချင်းအားဖြင့် ကျင်းယန်တွင် သာလွန်သည့် သဘာဝအရှိန်အဝါတို့ ထွက်နေခဲ့သည်။ သူတို့၏ နောက်ကို လိုက်ခြင်းက နောင်တမရှိဟု သူမယုံကြည်ခဲ့သည်။
ထိုအကြောင်းကြောင့် သူမ၏မောင်လေးကို ဆုံးမရန်အတွက် ဤအခွင့်အရေးကို အရယူခဲ့လေသည်။
ကျောင်းချီယန်သည်လည်း အမှားနှင့် အမှန်ကို မည်သို့ခွဲခြားသင့်ကြောင်း မသိသော ကလေးတစ်ယောက်မဟုတ်ချေ။
ဆန့်ကျင်ဘက်အားဖြင့် သူ၏အစ်မတွင် ကောင်းမွန်သော ပျိုးထောင်နိုင်စွမ်းရှိကတည်းက သူသည်လည်း အလွန်ဒုံးဝေးခြင်း မရှိပါချေ။
သူ့အနေဖြင့် မပြောသင့်သည့် တစ်စုံတစ်ရာကို ပြောမိခဲ့သည်ကို သူအလျှင်အမြန်သတိထားမိသွားခဲ့သည်။
သူ၏အစ်မ ပြောခဲ့သည်က မှန်ကန်ပေ၏။ သူတို့မောင်နှမက ကျင်းကောဆီမှ အလွန်များပြားစွာ လက်ခံခဲ့ကြသည်။
ဤနေ့ရက်အချို့က သူတို့နှစ်ယောက်တည်း ရှိနေသောအချိန်ကထက် အလွန်အမင်း ပို၍ လွယ်ကူခဲ့လေသည်။
သူ့ထံတွင် ထိုစကားများကို ပြောရန် အခွင့်အရေး မရှိပါချေ။
ဤကဲ့သို့ စကားများကို သူ လုံးဝပင် မပြောသင့်။ ဤ ပစ္စည်းများထဲမှ တစ်ခုကိုမှ သူ မပိုင်ဆိုင်ပေ။
ကျောင်းချီယန်တစ်ယောက် သူ၏ခေါင်းကို ပို၍နှိမ့်လိုက်ပြီး အသံသေးသေးလေးဖြင့် အရွယ်ရောက်သူနှစ်ယောက်ကို တောင်းပန်ခဲ့လေသည်။
ကျင်းယန်က မလှုပ်အယှက်သာ ကျန်ရှိနေပြီး တစ်ချိန်လုံး မလှုပ်ရှားခဲ့ပေ။
ထိုဆယ်ကျော်သက်လေးကို တစ်နည်းအားဖြင့် ကားထဲမှ လွှင့်ပစ်ရန်ပင် ထည့်သွင်းစဥ်းစားခဲ့သော်လည်း ယုန်လေး၏ ဗျာများနေသော လက်ဟန်ခြေဟန်အမူအရာများ အောက်တွင် သူမျက်မှောင်ကြုတ်ပြီး ပြောခဲ့သည်။
“ထားလိုက်ပါတော့.. နောက်တစ်ခါသာ အဲဒီလိုမျိုး ထပ်မလုပ်နဲ့”
တချို့အရာများကို သူ တစ်ကြိမ်သာလျှင် ပြောမည်ဖြစ်၏။ သူ့ဘက်မှ ၎င်းကို ထပ်ပြောရလျှင် ထိုသည်က သူ၏သည်းခံနိုင်မှုကို စိန်ခေါ်နေခြင်း ဖြစ်လိမ့်မည်ပင်။ကျင်းယန်က သူမ၏ မောင်ဖြစ်သူကို ပြင်းထန်စွာ အပြစ်မတင်သည်ကို မြင်လျှင် ကျောင်းစီဟွေ့ သက်သာရာရသည့် သက်ပြင်းတိုးတိုးချလိုက်လေ၏။ ထို့နောက် သူမ၏ဦးနှောက်မရှိဘဲ အလွန်အမင်းကြင်နာနေသော မောင်ဖြစ်သူကို ပြင်းထန်သည့်အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
ကျင်းယန်၏ လက်ကြီးပေါ်တွင် မှီနေသော ယင်ရိလျိုသည်လညား ရွှေပေါင်လုံးကြီးပတ်လည်ရှိ တင်းအားများ ပြေလျော့သွားသည်ကို ခံစားမိသော်ငြား သူ မပျော်ရွှင်ဆဲ ဖြစ်နေသည်ကို သိရှိနေခဲ့လေသည်။
ကျောင်းမောင်နှမကို အဖွဲ့ဝင်ရန် တိုက်တွန်းခဲ့သူက သူမတစ်ယောက်တည်းသာ ဖြစ်ပေ၏။ ကျင်းယန်သည် အစကတည်းက သူတို့ကို မကြိုဆိုခဲ့ချေ။
သို့မဟုတ် ဖြစ်နိုင်သည်မှာ သူ၏နှလုံးသားကို ပိတ်လှောင်ထားဆဲသာဖြစ်ပြီး မည်သူနှင့်မှ နှောင်ကြိုးမဖွဲ့ချင်သော လူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သေးသည်။
သူ၏အနီးတစ်ဝိုက်မှ အမည်ခံအသင်းဖော်များကို သည်းခံနိုင်သော်လည်း သူတို့ကို သူ၏ သူငယ်ချင်းများအဖြစ် မမှတ်ယူခဲ့ပါချေ။
ကျင်းယန်က အမြဲတမ်း ခေါင်းမာပြီး အိမ်တွင်းပုန်းဖြစ်ခဲ့သည်။
သူက မည်သူကိုမှ မယုံကြည်ဖြစ်ခဲ့ပြီး သူ၏နှလုံးသားသည်လည်း ရေသေအိုင်တစ်ခု ဖြစ်နေခဲ့လေသည်။
ယင်ရိလျိုက သူ၏သီးခြားလောကထဲသို့ ဇွတ်တိုးဝင်ခဲ့ကာ သူ၏နှလုံးသားထဲမှ အပေါက်သေးသေးလေးတစ်ခုကို ဖောက်ပြီး သူမ၏ နူးညံ့သော အမွှေးပွပွသားမွှေးများနှင့်အတူ နှလုံးသားကိုလည်း အနွေးဓာတ်ပေးခဲ့လေသည်။
ဟိုးအစကတည်းက ရွှေပေါင်လုံးကြီး၏ ဘေးသို့ ကူးပြောင်းခဲ့သည့်အတွက် ယင်ရိလျို ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။
သူမသာ ကျင်းယန်ကို နောက်ပိုင်းမှသာ တွေ့ပြီး သူ၏နှလုံးသားကို တစ်ယောက်ထဲ အနွေးဓာတ်ပေးရန် ကြိုးစားခဲ့ကာ သူ၏ကံကြမ္မာကို ပြန်ပြင်ရေးခဲ့မည်ဆိုလျှင် သို့မဟုတ် သူ၏ပေါင်ကို ဖက်ခဲ့မည်ဆိုလျှင် ဤလူဆီသို့ ချဥ်းကပ်မည့်အချိန်တွင် သူမ အလွန်ကြောက်ရွံ့နေပေလိမ့်မည်။ သူ့ကိုရင်ဆိုင်ရာတွင် သူမ၏ခြေထောက်များပင် ပျော့ခွေသွားလိမ့်မည်ပင်။
ထိုအကြောင်းကို စဥ်းစားမိလျှင် ယင်ရိလျိုတစ်ယောက် မတတ်နိုင်စွာဖြင့် ကျင်းယန်ကို နောက်တစ်ကြိမ်ပြန်ကြည့်ရန်အတွက် ခေါင်းမော့လိုက်သည်။
တစ်ဖက်လူတွင် လှပ ပြေပြစ်သော မေးရိုးရှိပြီး မျက်စိမလွှဲနိုင်လောက်အောင် ခန့်ညားသော မျက်နှာမျိုးရှိလေ၏။
သူ၏အမူအရာက အေးစက်သကဲ့သို့ သူ၏အကြည့်သည်လည်း ထပ်တူဖြစ်ကာ ၎င်းတို့ကို သူ့မျက်စံ၏ ရွှေရောင်သွေးကြောများအောက်တွင် ဖုံးကွယ်ထားခဲ့သည်။
သို့သော် ကံကောင်းစွာဖြင့် အရာအားလုံးက မှန်ကန်သော ဦးတည်ချက်ဆီသို့ သွားနေခဲ့လေသည်။
ဤအကြိမ်တွင် ကျင်းယန််က မူရင်းဇာတ်ကြောင်းထဲတွင် ဖြစ်ခဲ့သကဲ့သို့ အလွန်စိတ်ပျက်စရာကောင်းစွာ သေဆုံးသွားလိမ့်မည် မဟုတ်ချေ။
ယင်ရိလျို သူမ၏ပန်းရောင်လက်ဖဝါးလေးကို တင်းကြပ်စွာ ဆုပ်ပြီး သူမ၏အမွှေးပွပွ ယုန်မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသော အကြည့်တစ်ခုဖြစ်လာခဲ့သည်။
လပိတ်ထားသော နေရာကို ပြန်ရောက်ချိန်တွင်တော့ သူတို့ ကားကိုရပ်လိုက်ကြပြီးနောက် လမ်းအလယ်မှ ကျောက်တုံးများကို ရွှေ့ရန်ဆုံးဖြတ်ခဲ့ကြ၏။
ထို့ကြောင့် အပြင်သို့ ထွက်ပြီး စစ်ဆေးခဲ့ကြလေသည်။
ကျင်းယန်အနေဖြင့် ခြေထောက်များမှ စူးရှသောနာကျင်မှုကို မခံစားရတော့သညာ့အတွက်ကြောင့် ဝှီးချဲပေါ်တွင် ထိုင်မနေတော့ဘဲ ယင်ရိလျိုကို လက်မောင်းထဲတွင် ကိုင်လျှက် လမ်းလျှောက်လာခဲ့လေသည်။
မြို့၏အထွက်လမ်းကို ပိတ်နေသော ကျောက်တုံးများမှာ ခွန်အားအမျိုးအစား ဆင့်ကဲပြောင်းလဲသူများက ပတ်ဝန်းကျင်မှ အဆောက်အအုံများမှ ဖြိုခွဲခံခဲ့ရသော အပျက်အစီးများကို အကျိုးအပဲ့များအဖြစ် ထုခြေပြီး တင်းတင်းဖိချေကာ ပိတ်ထားခြင်း ဖြစ်ပုံရလေသည်။
ကျောက်တုံးနံရံကို မြင့်မားစွာ တည်ဆောက်ထားခဲ့သည်။
ကျောင်းချီယန်က နံရံထိပ်ကို ထိရန် ခုန်ကြည်လိုက်လေသည်။
သူက အရပ် မပုသော်ငြား သူ၏လက်က ထိပ်ကိုမမီနိုင်ဆဲပင် ဖြစ်ပေ၏။ သူ့အနေဖြင့် အလျားတစ်ပြန်လောက် ပုနေဆဲသာဖြစ်၏။
“သူတို့က အရမ်းအမြင့်ကြီး ဆင့်စီထားတာပဲ”
ကျောင်းစီဟွေ့သည်လည်း နံရံကို သူမ၏အင်အားအကုန်ဖြင့် ထိရိုက်ရန်ကြိုးစားသော်ငြား ၎င်းာ နည်းနည်းလောက် မရွှေ့သွားခဲ့ချေ။ နံရံက အတော်လေး ကောင်းမွန်စွာ ဆောက်ထားသည့်ပုံရသည်။
ကားနောက်မှ လိုက်လာခဲ့သော အနက်ရောင် ဝံပုလွေက နောက်ဆုံးတွင် လူများက ကားထဲမှ ထွက်သည်အား မြင်ခဲ့လေသည်။
ကျောင်းချီယန်က ကျောက်တုံးနံရံ၏ထိပ်ကို ထိရန် ခုန်နေသည်အားမြင်သောအခါ ၎င်းသည်လည်း စိတ်လှုပ်ရှားသွားပြီး တစ်ချက်လောက် အူက် သူတို့ဆီသို့ ပြေးသွားခဲ့လေသည်။
၎င်းမှာ လက်တလောမှ မွေးဖွားခဲ့သော သားပေါက်လေးသာဖြစ်၏။ လူသားသတ်မှတ်ချက်အရ ၎င်းမှာ ကျောင်းချီယန်နှင့် မကွာသည့် ကလေးတစ်ယောက်သာ ဖြစ်ဆဲဖြစ်၏။
အနက်ရောင်ဝံပုလွေ၏ စိတ်အားထက်သန်သည့် အကြည့်ကို သတိထားမိသေကြောင့် ကျောင်းချီယန် သူ၏သတိကိုမြှင့်တင်လိုက်သည်။ ဤတိရစ္ဆာန်နှင့် ရင်ဆိုင်ခဲ့သော သူ၏မကျေပွဲကို သူမမေ့သေးချေ။
ကျင်းယန်သာ သူ့ကို အချိန်မှီမဆွဲခဲ့လျှင် ယခုအချိန်တွင် သူ၏ခေါင်းက ခန္ဓာကိုယ်မှ ကွဲနေလောက်ပြီပင်။
အသင်းထဲတွင် သူတစ်ယောက်တည်းသာ အနက်ရောင်ဝံပုလွေဆီသို့ ဦးတည်၍ မနာလိုမုန်းထားဆုံးသူ ဖြစ်ပေလိမ့်မည်။
အနက်ရောင် ဝံပုလွေသည်လည်း သူ့အား မနှစ်သက်သည်က ထင်ရှားသည်။၎င်း၏စိုစွတ်သော နှာခေါင်းင နှာမှုတ်နေခဲ့ပြီး ၎င်း၏လူသားဆန်သော မျက်လုံးများက ကျောင်းချီယန်ဆီ အထင်သေးသောအကြည့် တစ်ချက်ပေးလိုက်က် စိတ်လှုပ်ရှားမှုနှင့် နံရံဆီဦးတည်၍ တဟုန်ထိုးပြေးလိုက်လေသည်။
၎င်းမှာ မည်သည့် နာကျင်မှုကိုမှ မခံစားနိုင်သကဲ့သို့ အားအများအပြားကိုအသုံးပြုကာ ခေါင်းနှင့် ခန္ဓာကိုယ်ကို သုံးလျက် ကျောက်တုံးနံရံဆီသို့ ပြေးဆောင့်လိုက်လေသည်။
ကျောက်တုံးများကြားတွင် အက်ကြောင်းမှ ဖုန်မှုန့်များ ပြုတ်ကျလာပြီး သက်ရောက်မှုကြောင့် ဝံပုလွေခန္ဓာကိုယ်သည်လည်း အဝေးသို့ ခုန်ထွက်သွားလေသည်။
ယင်ရိလျို ဝံပုလွေ၏ကိုယ်စား နာကျင်သွားသကဲ့သို့ ခံစားရကာ မျက်နှာကို ရှုံ့မဲ့လိုက်မိသည်။
ဒီဝံပုလွေငတုံးလေးက ဘာတွေလုပ်နေတာလဲ?