အခန်း (၅၇)
Vol. 6 Ch. 57
ကျောင်းစီဟွေ့က နံရံမှ ချောင်းကြည့်ရန်အတွက် သူမ၏လက်မှ ဖွဲ့စည်းထားသော စတီးအပ်များနှင့် ကျောက်တုံးနံရံတွင် အပေါက်တစ်ခု ဖောက်ရန်ကြိုးစားခဲ့သော်လည်း ၎င်းသည်လည်း အလုပ်မဖြစ်ချေ။
သူမ ကျင်းယန်ဆီသို့ ခေါင်းယမ်းပြပြီး ပြောခဲ့သည်။
“ကျွန်မ မဖောက်နိုင်ဘူး ဒါတွေက အရမ်းမာလွန်းတယ်”
နောက်ထပ်လမ်းကြောင်းကို ပြောင်းခြင်းကသာ တစ်ခုတည်းသော ရွေးချယ်မှုလား?
ဝံပုလွေနက်သည်လည်း နံရံကို ထိရိုက်ခြင်းဂိမ်းက စိတ်ဝင်စားစရာမကောင်းဟူ၍ တွေမိသွားခဲ့သည်။
ထိုအခိုက်တွင် ကျောက်တုံးနံရံနှင့် စျေးဆိုင်များကြားမှ အပုပ်နံ့နှင့် ရောနှောနေသော သွေးအကြွင်းအကျန်ကို အနံ့ရခဲ့လေသည်။
၎င်းသည်က သိချင်စိတ်ဖြစ်သွားခဲ့ကာ အမြီးကိုယမ်းပြီး အနံ့အရင်းမြစ်ဆီ နှေးကွေးစွာ ချဥ်းကပ်သွားခဲ့လေသည်။
အနံ့က လက်ဝတ်ရတနာ စတိုးဆိုင်မှ ထွက်လာခဲ့လေသည်။
ဝံပူလွေက ၎င်း၏အမြီးကို ယမ်းလိုက်ပြီး နောက်ဘက်မှ ကျောက်တုံးနံရံကို စစ်ဆေးနေဆဲဖြစ်သော လူသားများကို တစ်ချက်ကြည့်ပြီးနောက် ဆိုင်ထဲမှ အနံ့၏နောက်သို့လိုက်သွားခဲ့သည်။
ရွှေများအပြင် ထပ်ဆောင်းအနေဖြင့် လက်ဝတ်ရတနာဆိုင်ထဲတွင် စိန်အမျိုးအစား အားလုံးရှိလေသည်။
ဝံပုလွေမှာ တလဲ့လဲ့တောက်ပနေသော ရွှေများ၏ ပရိသတ်တစ်ယောက်မဟုတ်ချေ။ အနံ့အရင်းအမြစ်ကို တွေ့သောအချိန်တွင် ၎င်းကဲ့သို့ ရဲရင့်သော သားပေါက်လေးပင် ထိတ်လန့်သွားလေသည်။
“အာဝူးး!”
၎င်းက ကျယ်လောင်သည့် အူသံတစ်ခု ထုတ်မိပြီး စျေးဆိုင်ထဲမှ အလောတကော ထွက်ပြေးခဲ့လေသည်။
ကြောက်စိတ်မွှန်နေခဲ့သောကြောင့် ၎င်း၏ခြေချောင်းက လက်ဝတ်ရတနာဆိုင်၏ တံခါးထဲသို့ ညှပ်သွားကာ နာကျင်မှုဖြင့် အော်ညည်းမိစေပြန်လေသည်။
သူက ကျင်းယန်နှင့်အခြားသူများဆီ ဦးတည်၍ ပြေးပြီးနောက် မတိုင်ခင်က ၎င်းအထင်သေးခဲ့သော အမွှေးလုံးဖက်ထုပ်ဆီသို့ တွန့်ဆုတ်စွာ ချဥ်းကပ်သွားခဲ့သည်။
ဝံပုလွေလေး၏ ဦးနှောက်လှိုင်းများကို ယင်ရိလျိုဖတ်လိုက်ရပြီးနောက် သူမ တခဏချင်းဆွံ့အသွားခဲ့သည်။
ဤနံ့စော်သောဝံပုလွေက သူ၏ သဘာဝအစစ်ကို ထုတ်ဖော်ခဲ့ပြီးနောက်တွင် ဤသည်က သူမဆီသိုး ပြောသော ပထမဆုံးစာကြောင်းဖြစ်၏။
နားထောင်ပြီးနောက် ယင်ရိလျိုလည်း သူမ၏အကြည့်ကို လက်ဝတ်ရတနာဆိုင်ဆီ ရွှေ့လိုက်လေသည်။
ထိုနေရာတွင် အလွန်ရွံစရာကောင်းသော တစ်စုံတစ်ရာရှိသည်ဟု ဝံပုလွေလေးကပြောခဲ့လေသည်။
မည်သည့်အရာဖြစ်သည်ကို ယင်ရိလျိုမေးခဲ့သောအခါ ၎င်းသည် လူသားမျိုးနွယ်တစ်ယောက်ဟုလည်း ပြောခဲ့လေသည်။
လူများနှင့်ပက်သက်၍ မည်သည့်အရာက အလွန်ကြောက်စရာကောင်းသည်ကို ယင်ရိလျိုမသိသော်ငြား ဝံပုလွေ၏ တုံ့ပြန်ချက်နှင့် တိတ်ဆိတ်နေသော လက်ဝတ်ရတနာဆိုင်က သူမအား ထိုနေရာတွင် ထူးခြားသော တစ်စုံတစ်ခုရှိသည်ဟူသော အသိစိတ်ပေးလေသည်။
သူမ ကျင်းယန်၏ အင်္ကျီလက်ကိုဆောင့်ဆွဲကာ လက်မောင်းထဲမှ ခုန်ဆင်းပြီး သူမ၏နောက်လိုက်ရန် သူကိုအချက်ပြလိုက်သည်။
ကျင်းယန်လည်း သန္ဓေပြောင်းယုန်၏နောက်မှ လက်ဝတ်ရတနာဆိုင်ဆီသို့ လိုက်သွားခဲ့လေသည်။ ထိာမြင်ကွင်းကိာ ကျောင်းမောင်နှမလည်း မြင်ခဲ့ပြီး သူတို့တစ်စုံတစ်ခုကို ရှာတွေ့ခြင်းဖြစ်သည်ကို နားလည်လိုက်သည်။
ဤယုန်က အလွန်ထူးဆန်း၏။
ရေခဲအစိုင်အခဲကဲ့သို့ အေးစက်သော ကျင်းယန်က ယုန်ကိုညင်သာသော အသံဖြင့်စကားပြောပြီး အချိန်အများစုတွင် ဤယုန်ကလည်း သူပြောနေသည့်အကြောင်းများကို နားလည်သည်နှယ် လေးနက်စွာပင် ခေါင်းငြိမ့်နေသည်ကို သူတို့အမြဲမြင်ပြီး ကြားခဲ့ရသည်။ သို့သော်ငြား သူတို့အလွန်မယုံကြည်နိုင်ဟု ခံစားရဆဲဖြစ်၏။
သာမာန်ယုန်တစ်ကောင်အတွက် မည်သည့်အရာက အလွန်ထူးခြားနေရသနည်း?
နောက်ပိုင်း၌ ထူးခြားချက်မှာ အတိအကျပင် ယင်ရိလျိုက အလွန်သာမာန်ဆန်နေသောကြောင့်သာ ဖြစ်နေကြောင်း ကျောင်းမောင်နှမ နားလည်လာခဲ့သည်။
ပျက်ကပ်ဖြစ်ပြီးနောက် တိရစ္ဆာန်များနှင့် အပင်များသည်က ကြီးထွားဟော်မုန်းများ စားထားခဲ့သည့်နှင့် တူနေခဲ့သည်။
ဤယုန်သာလျှင် ၎င်း၏မူရင်းအရွယ်အစားကို ထိန်းသိမ်းထားခဲ့လေသည်။
‘ကြီးမားခြင်း’က စံသတ်မှတ်ချက် ဖြစ်နေသော ဤလောကကြီးထဲတွင် ယင်ရိလျို၏ အရွယ်အစား အလွန်သေးနေခြင်းသည်က သာမာန်မဟုတ်ချေ။
လက်ဝတ်ရတနာဆိုင်ထဲ မဝင်ခင် ကျင်းယန်က ကိုယ်ကို ကိုင်းညွှတ်ပြီး ယင်ရိလျိုကို ကောက်ကိုင်လိုက်ကာ သူမကို သူ၏လက်မောင်းထဲတွင် ကိုင်ထားခဲ့၏။ ဆိုင်ထဲမှ တစ်စုံတစ်ခု ခုန်ထွက်လာပြီး အကောင်လေးကို ထိခိုက်စေမည်ကို သူကြောက်လေသည်။
ဝံပုလွေက သူတို့ကို အချက်အလက် ထောက်ပံ့ပေးပြီးနောက် ၎င်းကတော့ ကျောက်နံရံ၏အောက်ခြေတွင် စိတ်မဝင်စားစွာ ထိုင်နေခဲ့သည်။
ကျင်းယန် ဆိုင်ထဲ လျှောက်ဝင်သည့်အချိန်တွင် ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို ဂရုတစိုက် နားထောင်ခဲ့သော်လည်း ထိုနေရာတွင် အသံလုံးဝမရှိချေ။
အတွင်းဘက်တွင် မည်သည့် ကြောက်စရာသတ္တဝါမှ မရှိဟု ပြောရန် ကျိုးကြောင်းသင့်လေသည်။
သို့သော် သူ အတွင်းဆုံး အပိုင်းကိုရောက်သောအခါ မည်သည့်အရာက ဝံပုလွေနက်အား ထွက်ပြေးစေသည်ကို သူချက်ချင်း နားလည်လိုက်သည်။
ယင်ရိလျိုသည်လည်း မြင်ခဲ့လေသည်။
ကျင်းယန် မျက်မှောင်ကြုတ်ပြီး ယုန်လေး၏မျက်လုံးကို မသိစိတ်အရ ဖုံးအုပ်လိုက်မိသည်။ခြောက်ခြားဖွယ်မြင်ကွင်းကို သူမအားမကြည့်စေချင်ပေ။ သို့သော်ငြား သူ၏လက်က ပေါ့ပါးသော်ငြား ခိုင်မာသည့် ယုန်လေး၏ လက်ဖဝါးဖြင့် ဖိတွန်းခြင်းခံလိုက်ရသည်။
ယင်ရိလျိုက မြင်တွေ့ချင်နေခဲ့သည်။
သူမ၏ပတ်ဝန်းကျင်မှ အန္တရာယ်များကို မေ့လျော့လွယ်ပြီး အမြဲတစေကျင်းယန်၏ကာကွယ်ပေးခြင်းကိုသာ မခံရနိုင်ချေ။ သူမကိုယ်တိုင် ကြီးပြင်းရန်အတွက် သင်ယူရန်လိုအပ်ပေသည်။
ဝံပုလွေက လက်ဝတ်ရတနာ ဆိုင်ထဲတွင် လူများရှိသည်ဟု ပြောခဲ့သော်ငြား အဘယ်ကြောင့် သူတို့ မည်သည်အရာမှ မကြားနိုင်သည်အား ယင်ရိလျို နောက်ဆုံးတွင် နားလည်ခဲ့သည်။
ဤအရာများသည် အမှန်တကယ် လူများ မဟုတ်သောကြောင့် ဖြစ်၏။
ထင်ရှားစွာချောမောသော ရုပ်ရည်များဖြင့် မိန်းကလေးသုံးယောက်နှင့် ယောကျ်ားလေးတစ်ယောက်က ဆိုင်ထဲတွင်ရှိလေသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အမျိုးမျိုးသော အတွင်းကြေမှုများနှင့် သူတို့၏မျက်နှာပေါ်မှ သနားစရာအကြည့်များက သူတို့အသက်ရှင်သောအခါက သူတို့ဖြတ်သန်းခဲ့ရသည် ဒုက္ခဆင်းရဲများကို ကြေကွဲဖော်ပြနေသည်နှင့် တူလေသည်။
သံသယရှိစရာမလိုပေ။
၎င်းတို့သည် စူပါမားကတ်ထဲမှ ဆင့်ကဲပြောင်းလဲသူများ သေသည်အထိ နှိပ်စက်ခြင်းခံရပြီးနောက် လက်ဝတ်ရတနာဆိုင်ထဲသို့ ပစ်ထည့်ထားသော လူများ၏ခန္ဓာကိုယ်များဖြစ်၏။
သို့သော် ထူးဆန်းသည့်အရာမှာ ၎င်းတို့၏ခန္ဓာကိုယ်များာ လောက်များနှင့် ဘက်တီးရီးယားများ အကိုက်ခံရသည့် ပုံမှန်အလောင်းများကဲ့သို့ လျှင်မြန်စွာ မပုပ်ဘဲ ၎င်းတို့ထံမှ လာသောအနံ့များကပင် ဖျော့တော့နေခဲ့လေသည်။ သူတို့နီးကပ်မနေလျှင် အနံ့မရနိုင်ချေ။
သူတို့၏အရေပြားက အဖြူသို့မဟုတ် ဝါနေပြီး အိပ်မောကျနေရုံသကဲ့သို့ livor mortis* ၏ အရိပ်အယောင်မရှိချေ။
(livor mortis* - သေဆုံးခြင်း အဆင့်လေးအတောအတွင်း အရေပြားက ခရမ်းနီရောင် အရောင်ပျက်လာခြင်း)
သို့သော်ငြား နီးကပ်စွာ ကြည့်လျှင် ဤလူများသည် fictional work ထဲမှ ကြောက်စရာ မကောင်းဆိုးဝါးများနှင့် တူသည်ကို ရှာတွေ့မည်ဖြစ်၏။
သူတို့၏ခန္ဓာကိုယ်က အခေါင်းပေါက်ဖြစ်သည်နှင့်တူကာ အရေပြားက အရိုးနှင့်ကပ်နေကာ စက္ကူကဲ့သို့ ပါးလှပ်နေပြီး နံရံတွင် တိတ်ဆိတ်စွာ မှီနေခဲ့သည်။
ကြောက်စရာအကောင်းဆုံးအရာသည် ဤ’လူအရေပြား’များတွင် မျက်လုံးမရှိကြချေ။ မျက်လုံးများနေရာတွင် အပေါက်များမှ အနီတောက်တောက် ပန်းပွင့်နှစ်ပွင့် ပွင့်နေခဲ့ပြီး ပွင့်ချပ်များသည် နန့်တန့်တန့် ဆန့်ထွက်နေကြသည်။
ထူးဆန်းသော မွေးရနံ့တစ်ခုာ လေထုထဲတွင် ပြည့်နှက်နေကာ အလောင်းအနံ့နှင့် သွေးအနံ့ဖျော့ဖျော့ကို ဖုံးအုပ်သွားလေသည်။
ဤကဲ့သို့ မြင်ကွင်းကို မျက်မြင်တွေ့ရသူမှာ ယခင်ယင်ရိလျိုသာ ဖြစ်လျှင် သူမသည် အလွန်ကြောက်လန့်သောကြောင့် သရဲများကို တွေ့ခဲ့သည်ဟု ထင်နေကာ နေ့ရက်များစွာ အိပ်မက်ဆိုးမက်ကောင်း မက်နိုင်လေသည်။
သို့သော်ယခုအခါ သူမ၏အကြောက်တရားကို ကျော်လွှားနိုင်ရုံသာမက ဂရုတစိုက်စစ်ဆေးနိုင်ကာ မျက်လုံးအေခါင်းပေါက်များမှ ကြီးထွားနေသော ပန်း၏မျိုးစိပ်ကို ခွဲခြားရန်လည်း ကြိုးစားနေခဲ့လေသည်။
မျက်နှာပြင် ချောမွေ့တောက်ပနေသော ပွင့်ဖတ်များက အရောင်တွင် သွေးနီရောင်ဖြစ်ကာ သွေးစုပ်၍ ဝနေသည့်နှင့်တူလေ၏။
အလယ်မှ ဝတ်ဆံသည် အသက်ရှင်နေသကဲ့သို့ လေမတိုက်ဘဲ အနည်းငယ်လွှဲယမ်းနေကာ ယင်ရိလျို၏နောက်ကျောကို တုန်ရီသွားစေလေသည်။
သူတို့နောက်မှ ကျောင်းမောင်နှမသည်လည်း ဤထူးဆန်းသောမြင်ကွင်းကို မြင်သွားခဲ့ရသည်။
ကျောင်းချီယန် ထိတ်လန့် အံ့အားသင့်ပြီး အော်လိုက်လေသည်။
“ငိုး! ဒီဟာကြီးက! ဘာကြီးလဲ!”
ဤသည်မှာ အလွန်ရွံ့စရာကောင်းပြီး ရက်စက်လေသည်။
“အဲဒီသားရဲတွေက အရမ်းလွန်သွားပြီ.. လူတွေကိုနှိပ်စက်ညှင်းပန်း ရုံမကဘူး သူတို့သေသွားပြီးနောက်မှာတောင်မှ ဒီလိုမျိုးလုပ်သေးတယ်”
ကျောင်းချီယန် ဒေါသထွက်စွာ အံ့ကြိတ်လျှက် ပြောခဲ့သည်။
ကျင်းယန် ခေါင်းခါလိုက်ပြီး သူ့ကို အနားတိုးကြည့်ရန် လက်ဟန်ပြလိုက်သည်။
“သူတို့ လုပ်ထားတာမဖြစ်လောက်ဘူး.. ဒီအလောင်းတွေမှာဓားဒဏ်ရာတွေ မရှိဘဲ.. သူတို့ရဲ့သွေးတွေကို စုပ်ထုတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို ဖယ်ပစ်ဖို့ကမဖြစ်နိုင်ဘူး ပြီးတော့ ဒီပန်းပွင့်တွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲကနေ ကြီးထွားလာပုံရတယ်”
သူတို့ အနားတိုးကြည့်ပြီးနောက် ကျောင်းမောင်နှမသည်လည်း ကျင်းယန်ပြောသည်ကို သဘောတူခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်မှ အတွင်းကြေများမှ လွဲ၍ သူတို့၏အရေပြားသည် ရှရာတစ်ခုပင်မရှိဘဲ မပျက်စီးပေ။
သူတို့ပို၍ ကြည့်လေလေ ထူးဆန်းသော ပန်းပွင့်များသည် ပို၍ကြောက်စရာကောင်းလာလေလေ ဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်အနှံ့မှ ကြက်သီးထလာကြလေသည်။
ယင်ရိလျိုသည်လည်း ဂရုတစိုက် လေ့လာနေခဲ့သည်။ ဆင့်ကဲပြောင်းလဲသူများ လုပ်ခြင်းမဟုတ်လျှင် အခြားအရာတစ်ခု ရှိရမည်ဖြစ်၏။ သူတို့၏အရေပြားများကို ဂရုတစိုက်ကြည့်သော်ငြား မည်သည်ကိုမှ ရှာမတွေ့ချေ။
ရုတ်တရက် သူမက အမျိုးသမီးတစ်ယောက်၏ အောက်မှ ဆံပင်နှင့်တူသော အစိမ်းပုပ်ရောင် အမျှင်ထူထူ တစ်ချောင်းကို မြင်လိုက်ရသည်။လက်ဝတ်ရတနာဆိုင်၏ ကြမ်းပြင်သည် စကျင်ကျောက်ပန်းကြွေပြားများ ခင်းထားသောကြောင့် ယခုလေးတင် သတိမထားမိခဲ့ချေ။ သူမ၏အကြည့်သည် ကြိုးမျှင်မျှင်နောက်လိုက်ပြီး အမျှင်၏အစွန်းတစ်ဖက်သည် အမျိုးသမီး၏ခန္ဓာကိုယ်အောက်တွင် ရှိနေပြီး အခြားအစွန်းသည် တံခါးအပြင် ဆန့်ထွက်နေသည်ကို သူမ ရှာတွေ့လိုက်သည်။
ကြွေပြားများ၏ ဒီဇိုင်းက အလွန်အပွင့်များသောကြောင့် သူမမျက်စိကျိန်းသွားရုံသာဖြစ်၏။
ယင်ရိလျို မြေပြင်ဆီသို့ ခုန်ချပြီး သူမ၏လက်သည်းချွန်ချွန်များကို ဆန့်ထုတ်ကာ ထိုအမျှင်ကိုကောက်ယူရန် အသင့်ဖြစ်နေခဲ့သည်။
ကျင်းယန်က သူမ၏လုပ်ဆောင်ချက်များကို မြင်သောအခါ သူမကိုသတိထားရန် သတိပေးချင်သော်ငြား ကြိုးမျှင်ပါးပါးဖြင့် ဆက်သွယ်ထားသော အမျိုးသမီး၏ မျက်လုံးများ ရုတ်တရက် လှုပ်ရှားသွားသည်ကို သူမြင်လိုက်ရသည်။
ယခင်က တိတ်တဆိတ်ပွင့်နေသော ပန်းပွင့်နီနီာ ၎င်း၏ပွင့်ဖတ်များကို ရုတ်ခြည်းလှုပ်ယမ်းပြီး ၎င်း၏ဗဟိုမှ မီတာဝက်ရှည်သော ဝတ်ဆံကို အားကုန်လျှောက်ပတ် လှုပ်ရှားလာလေသည်။
ကျင်းယန်က လျှင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် နှိမ့်လိုက်လေ၏။
အန်ချင်စရာ အရည်တစ်စက်က နံရံပေါ်သို့ စင်မသွားခင် သူ၏ခေါင်းကို ပွတ်တိုက်သွားခဲ့သည်။ ၎င်းက သွေးစက်တစ်စက်နှင့် တူလေသည်။
ဝတ်ဆံ၏ဗဟိုမှ အပေါက်ဝိုင်းတစ်ခု ပေါ်ထွက်လာပြီး အပေါက်ထဲတွင် မြန်ဆန်စွာ လူးလွန့်နေသော လွှသွားပုံသွား အဝိုင်းတစ်ခုရှိနေလေသည်။
ကျင်းယန် ယင်ရိလျိုကို လျှင်မြန်စွာ ကောက်ချီပြီး နောက်ဆုတ်လိုက်လေသည်။