အခန်း (၅၈)
Vol. 6 Ch. 58
ကျင်းယန်တစ်ယောက် ယင်ရိလျိုကို အဝေးသို့ဆွဲသွားသောအချိန်တွင် အစိမ်းရောင်ကြိုးမျှင်က သူမ၏လက်သည်းတွင် ချိတ်နေဆဲဖြစ်ကာ ဆွဲအားကြောင့်သာ ကြိုးမျှင်ကို ပြတ်သွားစေခဲ့လေသည်။
လူသားအရေပြားထဲမှ ရူးသွပ်စွာ တွန့်လိမ်လှုပ်ရှားနေသော ကြက်သွေးရောင် ပန်းများသည် ရုတ်တရက် တုန်ရီသွားခဲ့ပြီး လေထဲတွင် လွှဲယမ်းနေသော ဝတ်ဆံသည်လည်း တက်ကြွလာခဲ့လေသည်။
တခဏကြာပြီးနောက် ပန်းနှစ်ပွင့်က ညှိုးခြောက်သွားပြီး သွေးများစီးကျနေသည့်နှယ် နီရဲနေသော ပွင့်ဖတ်များသည်လည်း ရှုံ့တွပြီး ချက်ချင်း နက်မှောင်သွားကာ အဖုတစ်ခုအဖြစ် လိပ်သွားလေသည်။
မူလက သုံးဖက်မြင် လူအသားအရေပြားအလောင်းများ၏ ပြောင်းလဲသွားမှုက ကျောင်းချီယန်ကို ကြောက်လန့်သွားစေခဲ့လေသည်။
“ဒါကြီးက ဘယ်ငရဲလိုအရာကြီးလဲ?”
ကျောင်းစီဟွေ့ ကျန်ရှိနေသော လူသားအရေပြားပန်းများပေါ်တွင် ဆက်၍စောင့်ကြည့်နေခဲ့သည်။
၎င်းတို့ထဲမှတစ်ခု ညှိုးခြောက်သွားသောအခါ အခြားပန်းများက ‘အသက်ဝင်’လာခဲ့လေသည်။
၎င်းတို့၏ဝတ်ဆံများက သူတို့ဆီလွှဲယမ်းနေပြီး တစ်ချိန်တည်းတွင် ဗဟိုမှအပေါက်ဝိုင်းသည်လည်း တွန့်လိမ်နေခဲ့လေသည်။
“ပြေးကြ!”
နီရဲနေသော အရည်များက အဆိပ်သင့်မည် ကြောက်ရွံ့သောကြောင့် ဤထူးဆန်းသော အရာကြီးကို သူတို့ မထိရဲကြချေ။ ထို့ကြောင့် လက်ဝတ်ရတနာဆိုင်မှ ထွက်ပြေးရန်မှလွဲ၍ သူတို့တွင် ရွေးချယ်စရာမရှိချေ။
ကံကောင်းစွာဖြင့် ပန်းများတွင် တိုက်ခိုက်သည့်အကွာအဝေး ကန့်သန်ချက်ရှိလေသည်။
သူတို့ဝင်ပေါက်ကို ရောက်ပြီးနောက် နောက်ကိုလှည့်ကြည့်လိုက်ကြလျှင် ရှည်လျားသော ဝတ်ဆံမျှင်ပါးက လေထဲတွင် အရိုင်းဆန်စွာ လွှဲယမ်းနေကာ နံရံအနှံ့ အနီပုပ်ရောင် အရည်များ ပက်ဖြန်းနေခဲ့လေသည်။
လေထုက ညှီစို့စို့ဖြင့် အန်ချင်စရာချိုမြိန်နေသော အနံ့သက်များနှင့် ပြည့်နှက်နေခဲ့သည်။
သူတို့ ဆိုင်ထဲမှ တဟုန်ထိုးပြေးထွက်ပြီး အပြင်ဘက်မှ လတ်ဆတ်သောလေကို ရှူသွင်းလိုက်ကြသည်။
ကျောင်းချီယန်ကတော့ ကြောက်လန့်နေဆဲဖြစ်လေ၏။ ပန်းပွင့်များဗဟိုမှ ပါးစပ်နှင့်တူသော အဝိုင်းပေါက်ကို တွေးလိုက်သောအခါ သူ၏ခန္ဓာကိုယ် အနှံ့မှကြက်သီးထလာခဲ့သည်။
“အဲဒါတွေက ဘာကြီးလဲ? ဒါတွေက တကယ့်ပန်းတွေတော့ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား?”
ကျောင်းစီဟွေ့ မတုံ့ပြန်ခဲ့ချေ။ သေချာပေသည်။ ၎င်းတို့သည်က သန္ဓေပြောင်းအပင်အမျိုးအစား တစ်မျိုး ပန်းများဖြစ်ကြလေသည်။
၎င်းက လှုပ်ရှားနိုင်ပြီး လူသားခန္ဓာကိုယ်များကို အခေါင်းပေါက်ဖောက်နိုင်စွမ်းရှိပြီး အကွာအဝေးအတိုအတွင်းပင် သွားနိုင်ပြီး ကိုယ်ပိုင်ပါးစပ် အစိတ်အပိုင်းများ ကြီးထွားနေလေသည်။
အပင်များက အပြည့်အဝပြောင်းလဲသွားပြီဖြစ်သည်။
သူတို့၏ထင်မြင်ချက်ထဲတွင် ရှိခဲ့သော ညင်သာပြီး တိတ်ဆိတ်သည့် ဖြစ်တည်ခြင်းများ မဟုတ်တော့ဘဲ ပျက်ကပ်ထဲတွင် သူတို့၏သွေးဆာသည့် ဘက်ခြမ်းများကို တဖြည်းဖြည်း ထုတ်ဖော်ပြသလာကြသည်။
ကျောင်းစီဟွေ့တစ်ယောက် ငြိမ်ကျသွားပြီးနောက် ကျင်းယန်ကိုကြည့်ပြီး မေးခဲ့လေသည်။
“ကျွန်မတို့ အခုဘာလုပ်သင့်လဲ?”
ကျင်းယန် ခေါင်းကိုငုံ့ပြီး မြေပြင်ကိုဂရုတစိုက် စစ်ဆေးလိုက်သည်။
မျှော်လင့်ထားသကဲ့သို့ အစိမ်းပုပ်ရောင် ကြိုးမျှင်အချို့ကို သတိထားမိခဲ့လေသည်။ သူက ဤမြင်နိုင်ရုံမျှ ကြိုးမျှင်များကို ညွှန်ပြပြီးပြောခဲ့သည်။
“ဒါရဲ့အရင်းအမြစ်က ကျောက်တုံးနံရံနောက်ကလားဆိုတာကို စစ်ကြည့်ရအောင်.. မဟုတ်ဘူးဆိုရင် နံရံကို မြန်မြန်ဖြိုချကြမယ်”
အကယ်၍ ဟုတ်နေခဲ့လျှင် ဆိုလိုသည်မှာ ကျောက်တုံးနံရံနောက်တွင် သူတို့ကိုစောင့်ကြိုနေသော အမည်မသိထူးဆန်းသော အရာများရှိနေလေသည်။
ကျောင်းစီဟွေ့က တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။
ကျင်းယန်ကလမ်းလျှောက်ရာတွင် အခက်ခဲရှိကြောင်းကို သိသောကြောင့် သူမက သူမ၏ ရူးကြောင်ကြောင် မောင်လေးကို ဆွဲခေါ်သွားခဲ့လေသည်။
ဤကြိုးမျှင်များသည် အလွန်ပါးလွန်းသောကြောင့် သူတို့ မထိဝံ့ချေ။
မောင်နှမနှစ်ယောက် အစိမ်းပုပ်ရောင် ကြိုးမျှင်များနောက် လိုက်ခဲ့လျှင် ကျောက်တုံးနံရံဆီ ဦးတည်၍ နံရံထဲတွင်နက်ရှိုင်းစွာ နစ်မြှုပ်နေသည်ကို မြင်ခဲ့ရပြီး တိတ်ဆိတ်သွားရတော့သည်။
နံရံများ၏ နောက်တွင် တစ်စုံတစ်ခုရှိနေခဲ့၏။
*
ကျောင်းမောင်နှမက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး နှစ်ယောက်လုံး မည်သို့လုပ်ရမည်မသိကြချေ။ ကျင်းယန် သူတို့ဆီသို့ ချဥ်းကပ်လာလျှင် ကျောင်းစီဟွေ့ကတခဏ တုံ့ဆိုင်းသွားပြီးမှ အကြံပြုလာခဲ့လေသည်။
“ကျွန်မတို့ ဘာလို့ ကွေ့ပတ်မသွားကြမှာလဲ? ဒီနေရာကပဲ တစ်ခုတည်းသော ထွက်ပေါက်မဖြစ်လောက်ဘူးမလား”
ကျင်းယန် ခေါင်းကိုခါရမ်းလိုက်ပြီး သူမ၏ စကားကို သဘောမတူဘဲ ပြောလိုက်သည်။
“ငါတို့ တခြားနေရာကိုသွားရင်ရော အဲဒီနေရာမှာလည်း ဘာတစ်ခုမှမရှိဘူးဆိုတာ အာမခံနိုင်မှာလား?”
ကျင်းယန်၏စကားက ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု သူတို့ခံစားမိကြလေသည်။
ယင်ရိလျို၏ အခုန်စွမ်းရည်က ဒုတိယမြူပြီးနောက်တွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။
သူမက ကျောက်တုံးနံရံ၏ ထိပ်ဖျားဆီသို့ ခုန်တက်ရန်အတွက် အလွယ်တကူလုပ်နိုင်ပေသည်။
ထို့ကြောင့် သူမ၏ စကျင်ကျောက်ကဲ့သို့ ကြည်လင်နေသော မျက်လုံးများက နံရံထိပ်ကို နီးကပ်စွာ စိုက်ကြည့်လိုက်သည်။သူမက ထိုနေရာသို့ခုန်ရန်အတွက် ကျင်းယန်၏လက်မောင်းထဲတွင် ဆောင့်ကြောင့်ထိုင်ပြီး သူမ၏တင်ပါးလေးကို နှိမ့်ကာ ခုန်တက်ရန် ပြင်ဆင်လိုက်သည်။
သူမ၏အစီအစဥ်က အလွန်ပင်တည့်တိုးဆန်လေ၏။ အခြားတစ်ဖက်ကို ထောက်လှမ်းရန် နံရံထိပ်ပေါ်သို့တက်ကာ မတ်တတ်ရပ်၍ ကြည့်လိမ့်မည်။
သို့သော်ငြား သူမ မခုန်နိုင်သေးခင်တွင်ပင် ကျင်းယန်က သူမ၏ခေါင်းကို ဖိချလိုက်လေသည်။
သူမ သူ့ကိုပြန်လှည့်ကြည့်လိုက်ချိန်တွင် ရွှေပေါင်လုံးကြီး၏ အကြည့်သည်က ထောင့်နားတွင်ထိုင်ပြီး အမြီးကို ဝှေ့ယမ်းနေသော ဝံပုလွေနက်ဆီသို့ အေးစက်စွာကြည့်နေကြောင်းကို မြင်တွေ့လိုက်ရသည်။
“ဝံပုလွေကို သွားခိုင်းလိုက်”
နံရံ၏ တစ်ဖက်တွင် ရှိနေသည့်အရာကို မည်သူက သိနိုင်ပါမည်နည်း။ အလွန်အန္တရာယ်ကြီးမားပါက ယုန်လေးကို ထိခိုက်စေလိမ့်မည်။
ထိုဝံပုလွေက သူတို့၏နောက်ကို တစ်လျှောက်လုံး အရှက်မဲ့စွာ ကပ်လိုက်နေသည်ဆိုကတည်းက ထိုဝံပုလွေက ကိစ္စများကို အနည်းငယ် ဖြည့်ဆည်းပေးသင့်သည်။
ဝံပုလွေနက်ကလည်း ကျင်းယန်၏ စကားလုံးများကို နားလည်နေခဲ့သည်။ ၎င်းက နစ်နာသည့်ဟန်ဖြင့် ညည်းညူလိုက်ပြီး တွန့်ဆုတ်စွာ ထရပ်လိုက်လေသည်။ ထို့နောက် ၎င်း၏ နောက်ခြေများကို အနည်းငယ် ကွေးလိုက်ကာ ခြေထောက်ကြွက်သားများကို အားထည့်ပြီး ခုန်လိုက်သည်။
၎င်း၏ရှေ့ခြေများက ကျောက်တုံးနံရံ၏ ထိပ်ကို ခိုင်မြဲစွာ ကုတ်တွယ်နိုင်ပြီး နောက်ခြေများကတော့ ကျောက်တုံးများကြားမှ အက်ကြောင်များတွင် ခိုင်မြဲစွာ ရပ်နိိုငရနေခဲ့လေသည်။
၎င်း၏နားရွက်ထိပ်မှ အမွှေးပွပွ သားမွှေးဖြူလေး လှုပ်ယမ်းသွားချိန်တွင် ယင်ရိလျိုမှာ အကြောင်းပြချက်အချို့ကြောင့် ထိုဝံပုလွေကို ပွတ်သပ်ပေးချင်စိတ်များကို ခံစားလိုက်ရသည်။
ကျင်းယန်ကသာ သူမ၏အမွှေးများကို အမြဲတစေ ပွတ်သပ်နေရသည့်လူ ဖြစ်၏။
သူမကလည်း အမွှေးပွပွချစ်သူတစ်ယောက်ပဲ အိုကေ?
သူမသည်လည်း မိန်းကလေးဆန်သော အရာများကို ကြိုက်နှစ်သက်ပြီး ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကိုလည်း ပွတ်သပ်ချင်သည်။
သူမ၏ ယုန်လည်ပင်းက အလွန်တိုနေသောကြောင့် မဟုတ်လျှင် သူမ၏ မျက်နှာကို သူမ၏ ကိုယ်ပိုင် နူးညံ့သောဗိုက်လေးထဲတွင် မြှုပ်နှံလိမ့်မည်ပင်။
ဤအခိုက်အတန့်တွင် သားပေါက်၏ နားရွက်ထိပ်များနှင့် ၎င်း၏ချောမွေ့နေသော အနက်ရောင် သားမွှေးများကို ကြည့်လျှက် သူမ၏လက်ဖဝါးများနှင့် လှမ်းဆွဲချင်သည့် လက်အမူအရာလေးကို မထိန်းချုပ်နိုင်စွာလုပ်မိခဲ့သည်။
ဝံပုလွေကသာ ဝမ်းတွင်းမည်းတစ်ကောင် မဟုတ်လျှင် သူမ၏လက်များကို ၎င်း၏သားမွှေးပေါ်တွင် ရောက်နှင့်ပြီး ဖြစ်လိမ့်မည်ပင်။
ဝံပုလွေက နံရံကိုကျော်၍ ကြည့်လိုက်ပြီး အောက်သို့ ပြန်ဆင်းလာခဲ့လေသည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီးနောက် ကျင်းယန်ကို တစ်ချက်ကြည့်ကာ ယင်ရိလျို၏ ဘေးဆီသို့ သွားလိုက်လေသည်။
“တခြားဘက်ခြမ်းမှာ … သစ်ပင်တစ်ပင်က လွဲလို့ ဘာမှကိုမရှိဘူး”
ဝံပုလွေ၏ အသံလှိုင်းများကို နားထောင်ပြီးနောက် ယင်ရိလျိုတစ်ယောက် မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။ ယခုအချိတ်တွင် နေရာတိုင်း၌ သစ်ပင်များ ရှိနေပြီဖြစ်ကာ မြို့ကလည်း ၎င်းတို့သိမ်းပိုက်ခံရလုနီးပါးပင်။
သူတို့ရဲ့အကဲဖြတ်မှုက မှားယွင်းသွားတာများလား?
အမှန်တကယ်က ကျောက်တုံးနံရံနောက်မှာ ဘယ်လိုအရာမှ မရှိဘဲ လက်ဝတ်ရတနာဆိုင်ထဲမှာရှိနေတဲ့ လူသားအရေပြားပန်းပွင့်တွေကလည်း တိုက်ဆိုင်ချက်တစ်ခုသက်သက်ပဲ ဖြစ်နိုင်လောက်လား?
ဒီဆင့်ကဲပြောင်းလဲသူတွေက ဒီကျောက်တုံးနံရံကို သာမာန်လူတွေ မြို့ထဲက ထွက်ခွာမှာကို ကာကွယ်ဖို့အတွက်သက်သက် တည်ဆောက်ထားတာ ဖြစ်နိုင်လောက်လား?
သူမ တွေးတောနေချိန်တွင်ပင် သားပေါက်လေး၏ ပြတ်တောင်းပြတ်တောင်း အသံလှိုင်းများက ထပ်မံ၍ ဝင်ရောက်လာခဲ့လေသည်။
“ဒါပေမဲ့ အဲဒီအပင်က တကယ့်ကို ကြီးတယ် ..အရမ်းကြီးလွန်းအားကြီးတယ်”
သစ်ပင်တစ်ပင်က မည်မျှ ကြီးမားနိုင်မည်ကို ယင်ရိလျို စိတ်ကူးမကြည့်နိုင်သော်ငြား သတိထားရန် လိုအပ်ကြောင်းကို သူမ သိရှိပေသည်။
ယခုလေးတင် မြင်တွေ့ခဲ့ရသည့် ထူးဆန်းသော ပန်းပွင့်များက သူမအပေါ်တွင် နက်ရှိုင်းလွန်းသော ထင်မြင်ချက်တစ်ခု ချန်ထားခဲ့ပေသည်။ ယခုအချိန်တွင် သူမထံ၌ အပင်များကို မနှစ်သက်သက် ခံစားချက်များပင် သတင် ဖွံ့ဖြိုးလာနေခဲ့ပေပြီ။
ထို့ကြောင့် သူမ ကျင်းယန်၏ လက်မောင်းထဲမှ ခုန်ဆင်းကာ လမ်းဘေးဘက်မှ သစ်ပင်တစ်ပင်ဆီသို့ ခုန်သွားလိုက်သည်။
ပြီးနောက် သူမ၏လက်ဖဝါးများနှင့် ပင်စည်ကို ပုတ်ခဲ့ပြီး မပီမပြင် လက်ဟန်ပြောဆိုလျှက် သူမ၏အမွှေးပွပွ ရင်ဘက်ကို မြင့်မြင့်မြှောက်ကာ သူမ၏ အတွေးများကို လက်ဟန်ခြေဟန်မှတဆင့် ဖော်ပြရန် ကြိုးပမ်းအားထုတ်နေခဲ့လေသည်။
နောက်ခြေကိုသာ အားပြု၍ ခြေဖျားထောက်ရပ်နေခဲ့ပြီး ‘လက်’တိုတိုလေးများကို ဝှေ့ယမ်းနေကာ တကျီကျိအော်နေခဲ့သော ယုန်လေးက အလွန်ချစ်စရာကောင်းသည်ဟု ကျောင်းမောင်နှမ တွေးထင်မအနေခဲ့ကြသည်။
သို့သော်ငြား ယင်ရိလျို ဆိုလိုသည်အဓိပ္ပာယ်ကိုတော့ သူတို့နားမလည်ကြပါချေ။
ကျောင်းချီယန်က သူ့ခေါင်းကို ကုတ်လိုက်ကာ မေးမြန်းလိုက်သည်။
“ဒီယုန်က ဘာလုပ်နေတာလဲ? ကနေတာလား?”
ယင်ရိလျိုတစ်ယောက် သူ၏တုံးအမှုကြောင့် သက်ပြင်းချလိုက်ပြီး မျှော်လင့်တကြီး မျက်လုံးများနှင့်သာ သူမ၏ရွှေပေါင်လုံးကြီးကို ကြည့်လိုက်သည်။သူကတော့ ငါ့ကိုနားလည်မှာ သေချာတယ်!
သေချာပေ၏။ ကျင်းယန်က သူမကိုစိတ်ပျက်မသွားစေခဲ့ချေ။
သူက ခဏလောက် စဥ်းစားပြီးနောက် ယုန်လေးကို ကြည့်ပြီး မေးလိုက်သည်။
“မင်းဆိုလိုတာက တခြားတစ်ဖက်မှာ ဧရာမသစ်ပင်ကြီးတစ်ပင် ရှိတယ်ပေါ့?”
ယင်ရိလျို သူမ၏လက်ဖဝါးလေးဖြင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးပြီး ကျင်းယန်၏ လက်မောင်းထဲ ပြန်ခုန်လိုက်သည်။
ငါ့ရဲ့ရွှေပေါင်လုံးကြီးဆီက မျှော်လင့်ထားသလိုပဲ။
ဉာဏ်ကောင်းလွန်းတယ်...
ကျောင်းချီယန်တစ်ယောက် စိတ်လှုပ်ရှားနေသော ယုန်လေးကိုကြည့်လျှက် ပဟေဋိဖြစ်သွားရ၏။
ကျင်းကောက ယုန်လေးနဲ့ ချောချောမွေ့မွေ့ ဆက်သွယ်ဖို ဘယ်လိုစွမ်းရည်ကိုများ အသုံးပြုလိုက်တာလဲ?
ဒီလိုမျိုး စိတ္တဇဆန်တဲ့ လက်ဟန်ခြေဟန်အမူအရာမျိုးကို သူ ဘယ်လိုများ သဘောပေါက်သွားရတာလဲ?