← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

မြို့တော် M မှ ထွက်ခွာပြီးနောက် သူတို့၏စိတ်ထင်ရုံသာလော သို့မဟုတ် အခြားအသက်များကို မြိုချခဲ့သော ဧရာမသစ်ပင်ကြီးက အနီးတွင်ဖြစ်တည်နေသောကြောင့်‌လော သူတို့မသေချာသော်လည်း မြို့အပြင်ဘက်မှ အပင်များ၏ ကြီးထွားမှုသည် မြို့တော် M ထက် အများကြီးပိုနှေးနေသည်ဟု သူတို့ ကျိန်းသေခံစားခဲ့ရသည်။

လမ်းဘေးနှစ်ဖက်လုံးရှိ သစ်ပင်များကလည်း ထူထဲပြီး ရှည်လျားသော်လည်း အဆောက်အုံများကို အပြည့်အဝမြှုပ်နှံသည်အထိ မဟုတ်သေးချေ။

ဆင်ခြေဖုံးက ပထမအကြည့်တွင် စိမ်းလန်းစိုပြည်သော သစ်ပင်ချုံပင်များကိုတွေ့နိုင်ပြီး နေရာအားလုံးတွင်လည်း တစ်ထပ်တည်းဘန်ဂလိုများဖြစ်သည့် ကျိုးတိုကျဲတဲ အဆောက်အုံများရှိလေသည်။

နေရာတစ်ခုလုံး လူသူကင်းမဲ့နေပုံပေါ်၏။ လယ်ကွင်းကြီးထဲတွင် သန်စွမ်းစွာ ကြီးထွားနေသော သန္ဓေပြောင်း ကောက်ပဲသီးနှံများကို ကြည့်ခြင်းအားဖြင့် ပျက်ကပ်မဖြစ်မီက တောင်သူလုပ်သည့်ရွာတစ်ခု ဖြစ်နိုင်ပေသည်။

ထိုအချိန်တွင် ကျောင်းချီယန်ျစ်ယောက် အလွန်ပင် ဗိုက်ဆာနေခဲ့လေသည်။ ထို့ကြောင့် လယ်ကွင်း၏အစပ်နားဆီကို တစ်ချက်ကြည့်ရန် သွားလိုက်သည်။

လယ်ကွင်းထဲမှ ပြောင်းဖူးများက ပုံမှမ်ထက် လေးလံပုံရကာ အပြင်ဘက်သို့ ဖောင်းကားကြီးထွားနေပြီး လမ်းဘေးဘက်သို့ တွဲကျနေခဲ့လေသည်။

ကျော််းချီယန် သူ၏လက်နှင့်တိုင်းထွာ ကြည့်လိုက်မိလေသည်။ ၎င်းက သူ့လက်ဖျံထက်ပင် ရှည်လျားနေခဲ့သေးသည်။

ဘေးဘက်ပတ်တွင် မည်သူမှမရှိသည်ကို သေသေချာချာ စစ်ဆေးပြီးနောက် ကျောင်းချီယန် သူ၏လက်များကိုပွတ်သပ်ပြီး ပြောင်းဖူးအနည်းငယ်ကို ခူးလိုက်ကာ လက်မောင်းထဲတွင် ထိုးသွတ်လိုက်သည်။

သူ၏လက်မောင်းထဲတွင် ပြည့်နှက်သွားပြီးနောက် နောက်သို့လှည့်လိုက်ချိန်တွင်တော့ ခေါင်းလေးကို မော့ထားကာ သူ့ကို ပြူးဝိုင်းသည့်မျက်လုံးများနှင့် စိုက်ကြည့်နေသော မြေပြင်ပေါ်မှ ယုန်လေး၏အကြည့်နှင့် ဆုံသွားလေတော့သည်။

*

ယင်ရိလျိုမှာ အကြောင်းပြချက်အချို့ကြောင့် ကျင်းယန်၏ပေါင်ပေါ်မှ ခုန်ဆင်းခဲ့သည်။

ထို့နောက်တွင်တော့ လယ်ကွင်းထဲကို ခိုးဝင်ပြီး တခြားလူများ၏ ပြောင်းဖူးကို အံ့သြဖွယ်အရှိန်နှင့် ခူးဆွတ်နေသော ဆယ်ကျော်သက်လေး ကျောင်းချီယန်ကို သတိထားမိလိုက်လေ၏။

ဤအချိန်တွင် အရွယ်ရောက်သူနှစ်ယောက်ကတော့ နေရာစုဝေးကာ လမ်းကြောင်းများကို ခြုံငုံစဥ်းစားနေခဲ့ကြသည်။

ကျောင်းချီယန်တစ်ယောက် သူ၏လုပ်ရပ်ကို သတိထားခံရသည့်အတွက် အနည်းငယ်ရှက်သွားသော်ငြား ပျက်ကပ်ဖြစ်ပြီးနောက် ဤကောက်ပဲသီးနှံများတွင် ပိုင်ရှင်မရှိသည့် ဖြစ်နိုင်ချေကို စဥ်းစားပြီးလျှင် ယုံကြည်မှုများ ပြန်လည်ရရှိလာပြီး ပြောလိုက်သည်။

“တိတ်တိတ်လေးနေနော် .. နောက်ကျရင် ငါ မင်းအတွက် ပြောင်းဖူးပြုတ်ပေးမယ်”

ကျောင်းချီယန် သူ၏စကားကို အပြီးမသတ်နိုင်ခင် ပြောင်းဖူးများက သူ၏မျက်စိရှေမှောက်တွင် ပျောက်သွားသည်ကို မြင်လိုက်ရသောကြောင့် သူ့အသံက လမ်းတစ်ဝက်တွင်ပင် ပျောက်ဆုံးသွားရလေသည်။

ယင်ရိလျို အပြစ်ကင်းစင်စွာဖြင့် နားရွက်များကိုလှုပ်ကာ သူ့၏အဝေးကို ခုန်သွားပြီး အခြားလယ်ကွင်းထဲမှ နောက်ထပ်ကောက်ပဲသီးနှံများကိုသူမ၏နေရာလွတ်ထဲသို့ သိုလှောင်လိုက်သည်။

ကျင်းယန်က သူမကို လက်‌ဝှေ့ယမ်းပြသောအချိန်မှသာ တင်ပါးလေးကို တွန့်ပြီး သူမကိုယ်သူမ ရွှေပေါင်လုံးကြီး၏ လက်မောင်းထဲသို့ ပစ်ဝင်လိုက်လေသည်။

ဤအချိန်တွင် ကောင်းကင်က မှောင်နေနှင့်ပြီဖြစ်၏။ နောက်ခံနေလုံး၏ ကျန်ရှိနေသော ရောင်ခြည်တန်းများသည်က ညနေခင်းမြူကို ဖောက်ထွက်ရန် ၎င်း၏ နောက်ဆုံးအင်အားကို ထုတ်လွှင့်ပြီး လေထဲတွင် လိမ္မော်ရောင်မီးတောက်ကို တောက်လောင်နေစေသည်။

နောက်ခံနေလုံးက အလွန်နီးသဖြင့် နောက်တစ်စက္ကန့်တွင် သူတို့ကိုလောင်ကျွမ်းနိုင်ဟု ခံစားရလေသည်။

ပျက်ကပ်နေ့ရက်များတွင် သူတို့၏လေ့လာစူးစမ်းမှုမှ လိမ္မော်ရောင် တိမ်တိုက်များမြင့်တက်လာလျှင် ညမှောင်တော့မည်ဟု ဆိုလိုလေသည်။

ထိုအကြောင်းကြောင့် ကျင်းယန်ကအနီးအနားမှလယ်အိမ်တစ်အိမ်တွင် ညအချိန်ကို ကုန်ဆုံးမည်ဟု ဆုံးဖြတ်လိုက်သည်။

သူတို့တွင် ရွက်ဖျင်တဲများမရှိခြင်းမဟုတ်သော်ငြား အဆင်သင့်ရှိနေသော အိမ်ထဲတွင် အိပ်ခြင်းက ပြဿနာအများစုကို သက်သာနိုင်လိမ့်မည်ပင်။

သူတို့လူစုလေးက ရွာထဲသို့ ဝင်လာခဲ့ကြလေသည်။ ဘန်ဂလိုများမှာ တံခါးကိုကျယ်ကျယ်ပွင့်လျှက် ဗလာဖြစ်နေခဲ့သည်။

ပိုင်ရှင်များသည် ထွက်ပြေးသွားသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ရှင်းလင်းစွာပင်မြင်နိုင်ပေ၏။

အိမ်များထဲက တစ်ခုမှ ဆိုးညစ်သောအနံ့ဆိုးကို အကွာအဝေးတစ်ခုအတွင်းမှ အနံ့ရနိုင်၏။

ကျောင်းစီဟွေ့ နှာခေါင်းရှုံ့ပြီး လက်ဖြင့်ဖုံးလိုက်လေ၏။ ထိုအချိန် ယင်ရိလျိုကတော့ သူမ၏ခေါင်းကို ကျင်းယန်၏လက်မောင်းထဲတွင် မြှုပ်နှံကာ အနံ့ဆိုးကို တိုက်ထုတ်ရန်အတွက် ထိုအမျိုးသား၏ မွှေးပျံ့သော ကိုယ်သင်းရနံ့အပေါ်တွင် မှီခိုလိုက်သည်။

ထို့နောက်တွင် ကျယ်ကျယ်ပွင့်နေသော အိမ်ဝင်းထဲမှ အတော်လေးသန်မာသည့်ပုံဖြင့် ကြက်တချို့ ပြေးထွက်လာသည်ကို သူတို့မြင်လိုက်ရသည်။

၎င်းတို့မှာ ပျက်ကပ်မတိုင်မှီက အိမ်မွေးကြက်များနှင့် တူပေသည်။

ကျောင်းချီယန်၏ မျက်လုံးများက တောက်ပသွားခဲ့လေ၏။သူက ကြက်များကို ကြည့်ရင်း သွားရည်ကျနေခဲ့သည်။ သူ့၏ နောက်မှ အနက်ရောင်သားပေါက်လေးသည်လည်း သူ၏အကြည့်တို့နှင့် ထပ်တူရှိနေခဲ့ကာ ကြက်များကို စိုက်ကြည့်လျက် သွားရည်တမြားမြားကျနေခဲ့သည်။

ကျောင်းချီယန်အနေဖြင့် လမ်းတစ်လျှောက်၌ မည်သည့်အချိန်ကမှ အစားအစာနှင့်ရေ သို့မဟုတ် အသားထွက်ပစ္စည်းများပင် မပြတ်လပ်ခဲ့ဖူးသော်ငြား အလုံပိတ်ထား‌သောအရာများမှာ လတ်လတ်ဆတ်ဆတ် ကင်ထားသော အသား၏အရသာနှင့် မယှဥ်နိုင်လောက်ပေ။

“ကျဲ! ကျင်းကော စောင့်ဦး! ဒီညကျွန်တော်တို့ရဲ့ ညစာထဲကို ကြက်သားထပ်ထည့်ရအောင် တစ်ကောင်လောက် ဖမ်းလိုက်ဦးမယ်”

ဆယ်ကျော်သက်လေးက ကြက်အုပ်ထဲသို့ ခုန်ဝင်ပြီး အရှေ့မှအဝဆုံးနှင့် အကြီးဆုံးကြက်ဖကြီးကို လှမ်းဆွဲလိုက်သည်။

မမျှော်လင့်ထားစွာ ကြက်များက ရန်မလိုကြသော်ငြား ယခင်က အများကြီးပိုမြန်လေသည်။

ခေါင်းဆောင်ကြက်ဖကတော့ ရက်စက်လွန်း၏။ ၎င်း၏နှုတ်သီးချွန်ချွန်နှင့် ကျောင်းချီယန်၏လက်ဖမိုးကို ထိုးဆိတ်ခဲ့လေသည်။

ကျောင်းချီယန်တစ်ယောက် နာကျင်မှုကြောင့် ဆတ်ခနဲတွန့်သွားပြီး လက်ဖမိုးကို ဖုံးလျှက် ခြံတစ်ဝိုက်ကို ပတ်ပြေးနေခဲ့သည်။

သား‌ပေါက်လေးကတော့ မြင်ကွင်းကြောင်် အနည်းငယ်ပြောစရာမဲ့သွား၏။၎င်းက လည်ချောင်းထဲမှ မာန်ဖီသံတိုးတိုးကို ထုတ်လွှတ်ကာ ကျောင်းချီယန်ကို ကူညီရန်အတွက် ကြက်ပေါ်သို့ ခုန်အုပ်တော့မည့် အချိန်တွင် ဖက်ထုပ်ဖြူလေးက ကျင်းယန်၏ လက်မောင်းထဲမှ အလျှင်အမြန် ခုန်လာသည်ကို မြင်လိုက်ရတော့၏။

ဖက်ထုပ်ဖြူလေးက ကြက်ဖ၏လည်ပင်းပေါ်သို့ အချိန်ကိုကာ ဆင်းသက်လိုက်ကာ သူမ၏ လက်သည်းချွန်ချွန်များနှင့် ကြက်ဖ၏ လည်ချောင်းကို ဟက်တက်ခွဲလိုက်သည်။

သွေးစက်တချို့က သူမ၏သားမွှေးဖြူများပေါ်သို့ စင်သွားခဲ့လေသည်။

သူမ၏ ညစ်ပတ်သွားသော ခန္ဓာကိုယ်ကြောင့် ယင်ရိလျို မျက်မှောင်ကြုတ်ပြီး ဖြည်းညှင်းစွာ လဲကျနေ‌သော သန္ဓေပြောင်းကြက်ဖပေါ်မှ ခုန်ဆင်းလိုက်လေသည်။

သို့သော်ငြား သူမ၏နောက်ခြေထောက်က မြေပြင်ကို ထိသွားသည့်အချိန်၌ သူမ၏ခြေဖဝါးက အိစက်သောတစ်စုံတစ်ခုကို ထိသွားသည်ကို ခံစားလိုက်ရပြီး ဆိုးဝါးသော အနံ့တို့က ချက်ချင်းပင် ထွက်လာခဲ့လေသည်။

သူမ၏ခေါင်းကို ငုံ့ကြည့်လိုက်လျှင် သူမ၏ခြေထောက်များက ကြက်ချေးပုံထဲသို့ နစ်ဝင်နေသည်ကို မြင်လိုက်ရလေသည်။

ယင်ရိလျိုတစ်ယောက် ရွံရှာမှုကြောင့် မေ့လဲလုနီးပါးပင်။

*

သူတို့သန့်ရှင်းသော လယ်တောအိမ်တစ်အိမ်သို့ ရောက်ပြီးနောက် ကျောင်းမောင်နှမက ကြက်ကိုအမွှေးနုတ်ပြီး ထင်းသွားရှာခဲ့ကြသည်။

ယင်ရိလျိုက Carrefour မှ ထည့်သွပ်လာခဲ့သော အိုးတစ်လုံးကို နေရာလွတ်ထဲမှ ထုတ်ပေးပြီးနောက်တွင် ကျင်းယန်က သူမကို ကောက်ချီပြီး ခြံဝင်းထဲသို့ သွားလိုက်၏။

ယုန်လေးဆီမှ ညစ်ပတ်သော သွေးများကို ဆေးကြောပစ်ရန်အတွက် ရေတစ်ပုံးစာပင် ကုန်ခဲ့လေသည်။ အနံ့အသက်ဆိုးသည့် ကြက်ချီးပေါ်တွင် တက်နင်းမိခဲ့သော ခြေထောက်လေးက ကျင်းယန်၏လက်ဖဝါးထဲတွင် ညင်သာစွာ ပွတ်တိုက်ခံနေရ၏။

နောက်တစ်ဖန် အနံ့အသက်ပြန်ကောင်းလာသည် သေချာ‌စေရန် အကြိမ်ရေအချို့ဆေးပြီးနောက် သူက ယုန်လေး၏သားမွှေးကို သုတ်ရန် စောင်အသေးလေးကို ထုတ်ယူလိုက်လေသည်။

ယင်ရိလျို ရေချိုးသည့်အချိန်တိုင်း သူမ၏အမွှေးပွပွလေးများ စိုသွားလျှင် ခန္ဓာကိုယ်ပေါ်တွင် ကပ်နေမည်ဖြစ်ကာ သူမကိုအနည်းငယ် ရယ်စရာကောင်းသည့်ပုံပေါက်သွားစေသည်။

လက်ရှိတွင်တော့ သူမ၏နောက်မှ လူက သူမ၏ သားမွှေးနှင့်နားရွက်များကို ညင်သာစွာသုတ်ပေးနေခဲ့သည်။

သူမ၏နားရွက်ပေါ်မှ ယားယံစေသည့် အထိအတွေ့က ယုန်လေးကို တုန်ရီစေပြီး သူမ၏မျက်နှာကို ရှက်ရွံမှုနှင့် ပွတ်လိုက်လေသည်။

ဘယ်လိုတောင် ရှက်စရာကောင်းလိုက်သလဲ!

ခြံနောက်ဘက်တွင်တော့ ကျောင်းစီဟွေ့ ရှာတွေ့ခဲ့သော ထင်းများက အသုံးပြုရန်အတွကာ စိုထိုင်းလွန်းနေသောကြောင့် ကျောင်းချီယန်က အိမ်ထဲမှ သစ်သားထိုင်ခုံများကို ဖျက်စီးနေခဲ့ကာ ထိုသို့လုပ်နေစဥ် ပါးစပ်မှလည်း ဗလုံးဗထွေးပြောနေခဲ့သည်။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်”

သူတို့ မီးမွှေးပြီးနောက်တွင် ကျောင်းချီယန်က သူ လမ်းဘေးလယ်ကွင်းမှ ယူခဲ့သော ပြောင်းဖူးများကို ပြုတ်လိုက်သည်။

ထို့နောက် ယင်ရိလျို သတ်ထား‌သောကြက်ကို အစ်မဖြစ်သူနှင့်အတူ ပြင်ဆင်လိုက်ကြသည်။

ယင်ရိလျိုလည်း သူမ၏ခန္ဓာကိုယ်ပေါ်မှ ရေတစ်ဝက်ခြောက်သွားသည်နှင့် ကျင်းယန် သူမကို ထည့်ပတ်ထားသော စောင်ကိုခြုံလျှက် ကျောင်းမောင်နှမရှေ့သို့ ခုန်သွားလိုက်သည်။

ဝံပုလွေနက်လေးကတော့ အမြီးယမ်းလျက် မီးရှေ့တွင် ထိုင်နေခဲ့ကာ အကင်ခံထားရသော ဧရာမကြက်ကြီးကို စေ့စေ့စပ်စပ် စိုက်ကြည့်နေခဲ့သည်။

ယင်ရိလျိုလည်း မီးဖိုနားသို့ကပ်၍ မတ်တတ်နေခဲ့သည်။ မကြာခင် ယုန်လေး၏ခန္ဓာကိုယ်မှ စိုထိုင်းထိုင်းအမွှေးများက တဖြည်းဖြည်းခြောက်ပြီး ဖွာလာလေသည်။

သူမက သက်တောင့်သက်သာဖြစ်စွာနှင့် မျက်လုံးကိုမှေးစင်းလိုက်ပြီး ချက်ပြုတ်နေသည့် လုပ်ငန်းစဥ်ကို အကြိမ်ကြိမ် စစ်ဆေးလိုက်သည်။

သန္ဓေပြောင်းကြက်ကြီးက အရွယ်အစားကြီးမားကာ လူသားတစ်ယောက်၏ တင်ပါးဆုံအမြင့်ထိရောက်အောင်ကြီးထားနေခဲ့သည်။

ဆိုရလျှင် နွားပေါက်လေးတစ်ကောင် နီးပါးကြီးလေသည်။၎င်း၏အမွှေးများကို နှုတ်ပြီး အတွင်းဘက်ကို သန့်ရှင်းပြီး နောက်၌ပင် လှီးထုတ်ထားသော အသားအလေးချိန်က ငါးဆယ်ကီလိုဂရမ်ကျော်ရှိ၏။ အထူးသဖြင့် ၎င်း၏ပေါင်လုံးများက အလွန်ပင် ကြီးများ၍အသားပေါလေသည်။

ကျောင်းစီဟွေ့က ချက်ပြုတ်ရာတွင် အတွေ့အကြုံရှိ၏။ သူမက ကြက်ကိုလှန်ကာ အညိုရောင် အသားကင်ပေါ်သို့ အရသာမှုန့်များ ဖြူးလိုက်လေသည်။

ဤအရာများအားလုံးသည်က ယင်ရိလျို၏ နေရာလွတ်ထဲမှ ထုတ်ယူထားခင်ြင်းဖြစ်ပြီး ဤအချိန်တွင် အဆင့်သင့်ဖြစ်လာခဲ့သည်။

အသား၏ရနံ့က မွှေးပျံ့လာပြီး မီးထဲသို့ ဆီများက အဆတ်မပြတ်စီးကျနေခဲ့ကာ မီးပွားလေးများ တဖြောက်ဖြောက်မြည်စေသော ဧရာမကြက်ကင်ကြီးက ကြည့်ရသည်မှာ အလွန်ပင်နှစ်လိုဖွယ်ကောင်းလှသည်။

မီးရောင်ကြောင့် ကျင်းယန်၏မျက်နှာပေါ်တွင် လိမ္မော်ရောင် အရိပ်ဖေျာ့ဖျော့သန်းနေကာ သူ၏လင်းယုန်မျက်လုံးများကို ယခင်ကထက် ပို၍ပင်ဝင်းလက်တောက်ပစေ၏။

အနည်းငယ်ဖိထားသော နှုတ်ခမ်း၊ ဖြောင့်စင်းသော နှာတံနှင့်အတူ ပန်းချီကားတစ်ချပ်ထဲမှ လမ်းလျှောက်ထွက်လာသော ပုဂ္ဂိုလ်တစ်ယောက်နှင့် တူလေသည်။

ယင်ရိလျို၏မျက်လုံးများက မထိန်းချုပ်နိုင်စွာဖြင့် သူ့ဆီသို့ကပ်နေခဲ့သည်။

All Chapters