← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

ကျောင်းမောင်နှမနှစ်ယောက် အချင်းများနေခဲ့ချိန်၌ သူတို့ရှေ့တွင် သွားနေသော ကျင်းယန်က တစ်စုံတစ်ခုမှားနေသည်အား အာရုံခံမိသွားခဲ့ကာ ဝှီးချဲကိုရုတ်ခြည်းရပ်တန့်လိုက်လေ၏။

သူ မြို့ထဲသို့ ဝင်လာခဲ့စဥ်ကတည်းက အထက်တစ်နေရာမှ စောင့်ကြည့်ခံရသည့် ခံစားချက်ကိုရနေခဲ့ပြီး နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသော မသက်မသာ အာရုံခံစားမှုတစ်ခု ရှိနေခဲ့သည်။

ယင်ရိလျိုကို သူ့ကိုမော့ကြည့်လေ၏။ သူမက သူ အဘယ်ကြောင့် ရုတ်တရက် မျက်မှောင်ကြုတ်ခဲ့သည်ကို စူးစမ်းနေခဲ့သည်။

“မင်းရဲ့အစ်မပြောတာမှန်တယ်.. ဂရုစိုက်ကြ”

ကျင်းယန်၏အမူအရာက အနည်းငယ်မှောင်မည်းနေလေ၏။ သူ့တွင် စူးရှသော အလိုလိုသိစိတ်ရှိ၏။ သူတို့ မြို့ဆီသို့ ဦးတည်သွားနေချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်အား သူအာရုံခံနိုင်သည်။

ကျင်းယန်ပင်လျှင် ထိုသို့ပြောသည်အား ကြားပြီးနောက် ကျောင်းချီယန်လည်း ထပ်၍ လျှောက်မနောက်ရဲတော့ချေ။

လူသုံးယောက်နှင့် သတ္တဝါလေးနှစ်ကောင်က မြို့တော် W ထဲသို့ သတိနှင့် လျှောက်ဝင်လာခဲ့ကြသည်။

မီတာထောင်ချီအဝေးမှ အမြင့်တစ်နေရာ၌ မတ်တတ်ရပ်နေသော လူတစ်ယောက်မှာ ကျင်းယန်နှင့်သူ့အုပ်စု၏ အရပ်မျက်နှာဆီ စိုက်ကြည့်နေခဲ့သည်။

သူသည်က ပိန်၍ပုပြီး အာဟာရချို့တဲ့နေသည့်နှယ်ထင်ရကာ သူ၏ပါးပြင်တစ်ခုလုံးက ရှုံ့တွနေသော်ငြား သူ့တွင်ထူးခြားပြီး ကြောက်စရာကောင်းအောင် ပြူးထွက်နေသော မျက်လုံးတစ်စုံ ရှိနေလေသည်။

သူ၏မျက်လုံးများက မတည်ငြိမ်သော မှန်အခုံးများနှင့်တူနေ၏။ ဤကဲ့သို့ အကွာအဝေးတစ်ခုမှပင် ကျင်းယန်၏ပုံရိပ်က ဖျော့တော့စွာ ရောင်ပြန်ဟပ်နေခဲ့သည်။

သူ၏ကြီးမားသည့် အဝါရောင်မျက်လုံးများက နှေးကွေးစွာ လည်သွားခဲ့ပြီး တစ်ဖက်သို့စောင့်ကြည့်နေလျှက်နဲ့ သူပြောလိုက်သည်။

“စုစုပေါင်း လူသုံးယောက်နဲ့ သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်”

သူပြောလိုက်လျှင် သူ့၏ဘေးမှ ဆူးချွန် ဆံပင်များနှင့် အရောင်တောက်တောက် အင်္ကျီဝတ်ထား‌သော အမျိုးသားတစ်ယောက်က စားရေးခုံပေါ် ဘောပင်ခေါက်ပြီး မှတ်စုစာအုပ်ထဲ ကမန်းကတန်းရေးလိုက်သည်။

“ယောကျ်ားလေး နှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်.. သန္ဓေပြောင်းတိရစ္ဆာန်က အမဲရောင်ဖြစ်ပြီး ခွေး ဒါမှမဟုတ် ကျားသစ်နက်တစ်ကောင် နဲ့တူတယ်.. အဲဒီအကောင်က အရွယ်အစားမကြီးဘူး ဒီတော့ အန္တရာယ်အဆင့်က နိမ့်သင့်တယ်.. ယောကျ်ားလေးထဲက တစ်ယောက် ဝှီးချဲပေါ်မှာ….”

“ရပ်လိုက် ရပ်လိုက် ရပ်လိုက်!”

ဘေးမှတစ်ယောက်က ဘောပင်ကို ခုံပေါ် ပို၍လျှင်မြန်စွာ ခေါက်ခဲ့သည်။

“ဝှီးချဲပေါ်မှာ? မင်း မြင်တာမှန်ရဲ့လား? သူတို့က မြို့တော် M ကနေ လာတာနော်”

ဧရာမသစ်ပင်ကြီးက မြို့နှစ်မြို့ကြား အလယ်တည့်တည့်တွင် တည်ရှိနေခဲ့၏။

သူတို့ ဤသစ်ပင်ကို ပထမဆုံး ရှာတွေ့သောအချိန်တုန်းက ၎င်းက ထိုမျှမကြီးသေးချေ။ သူတို့လည်း သတိလျော့နည်းခဲ့မိပြီး ထိုနေရာတွင် သူတို့၏ရဲဘော်ရဲဘက် အများအပြားကို ဆုံးရှုံးခဲ့လေသည်။

နောက်ပိုင်းတွင် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ထူးဆန်းသော သစ်ပင်ကို သုတ်သင်ရန် ကျရှုံးဆဲဖြစ်ပြီး နောက်ထပ် ဆုံးရှုံးမှုကြီးတစ်ခု ခံစားခဲ့ရသည်။

ယခုအချိန်တွင် မြို့တော် M က သန္ဓေပြောင်း သစ်ပင်များဖြင့် ဝန်းရံခံထားရသဖြင့် ထိုနေရာမှ မည်သူမှမလာသည်မှာ အချိန်ကြာခဲ့ပြီဖြစ်၏။

တစ်ဖက်မြို့ထဲမှ လူများအားလုံး သေသွားခဲ့ပြီဟုပင် သူတို့ထင်ကြေးပေးခဲ့ကြသည်။

မမျှော်လင့်ထားစွာ လေမျက်လုံးက ယနေ့ မြို့တော် M ထဲမှ ထွက်လာသော လူအုပ်စုတစ်ခုကို သတိထားမိခဲ့သည်။

ကျင်းယန်နှင့် အခြားသူများ သူတို့၏မြို့ထဲ ခြေချသည့်အခိုက်တွင် အမည်ဝှက် ‘လေမျက်လုံး’နှင့် လူက သူတို့၏လှုပ်ရှားမှုတိုင်းကို လေ့လာနေခဲ့လေသည်။

သူ့၏ စွမ်းရည်သည်ကားည သူ၏မျက်လုံးများတွင် သန္ဓေပြောင်းခြင်းဖြစ်၏။

သူ၏စွမ်းရည်များကို အသုံးပြုနေသောအချိန်တွင် သူ၏မျက်လုံးများ ဖောင်းတက်လာပြီး သူ၏မျက်စံ အနက်ထဲမှ ထူထဲသော အဝါရင့်ရောင် မြူခိုးများက အဆတ်မပြတ် စီးဆင်းနေကာ ကြည့်ရသည်မှာ အလွန် ထူးဆန်းလေသည်။

သူ၏စူးရှသော အမြင်အာရုံမှ လွဲ၍ သူ၏ခန္ဓာကိုယ်ကတော့ အသုံးမဝင်ပါချေ။

သူက အလွန်အားနည်းလွန်းသည်ဖြစ်၍ အညင်သာဆုံးသော ဝင်တိုက်မှုကပင် သူ၏လက်ကောက်ဝတ်ကို ချိုးပစ်နိုင်သည်။

ထို့ကြောင့် အထက်လူကြီးများက သူ၏အမြင်အာရုံမှ မြင်တွေ့ရသမျှကို မှတ်တမ်းယူရန်အတွက် ဆူးချွန်ဆံပင်များနှင့် လူကို သူ၏အနီးသို့အထူးတလည် ပို့ဆောင်ပေးခဲ့လေသည်။

လေမျက်လုံးက အနှောင့်ယှက်ခံလိုက်ရသောကြောင့် မျက်နှာပေါ်တွင် ရှုပ်ထွေးသွားသောအကြည့်တစ်ခုနှင့် သူ့ပါတနာကိုတစ်ချက်ကြည့်လိုက်လေ၏။

ထို့နောက် ပြန်ပြောလာသော အသံထဲတွင် ရှားရှားပါးပါး ဂုဏ်ယူနေသော လေသံများ ပါဝင်နေခဲ့သည်။

“ငါ ဘယ်တုန်းကမှ မှားမမြင်ဖူးဘူး”

“ဒါဆို ငါ့ကိုပြောစမ်းပါ.. ဝှီးချဲနဲ့လူတစ်ယောက်က သန္ဓေပြောင်းသစ်ပင်ရဲ့တိုက်ခိုက်မှု အောက်မှာ ဘယ်လိုလုပ်ပြီး မြို့တော် M ကနေလွတ်မြောက်လာတာလဲ?”

လေမျက်လုံးက ပခုံးတွန့်ပြလိုက်သည်။

ထိုအကြောင်းကို ရှာတွေ့ရန်က သူ့အလုပ်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်း မဟုတ်ပါချေ။

သူ၏ကြီးမားသည့် မျက်သားဖြူများကတော့ ကျင်းယန်နှင့်သူ၏အသင်းဖော်များကို ဆက်လက်၍ ချောင်းကြည့်နေခဲ့သည်။မကြာခင်ပင် ထိုသူ၏ လက်မောင်းထဲမှ တွန့်လိမ်နေသော အဖြူရောင်အလုံးလေးတစ်ခုပေါ်သို့ သူ၏မျက်လုံးမှ အကြည့်တို့ ရုတ်တရက် ကျရောက်သွားပြီး တစ်ခဏလောာ် ရပ်တန့်ပြီးနောက် သူပြောလိုက်သည်။

“နေဦး နေဦး! အဲမှာ သန္ဓေပြောင်းတိရစ္ဆာန်နှစ်ကောင်ရှိတာ.. မဟုတ်သေးဘူး ဒါကမမှန်ပြန်ဘူး ဒီတစ်ကောင်က သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်နဲ့ မတူဘူး..”

ဆူးငယ်များ ပွထနေသော ဆံပင်နှင့်လူမှ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း လေမျက်လုံးလူကတော့ သူ့ဘာသာ ဆက်၍ ရေရွတ်နေခဲ့သည်။

“မဖြစ်နိုင်ဘူး အဲဒါကဘာလို့ အရမ်းသေးနေရတာလဲ?”

သူ အနီးကပ်ကြည့်ချင်ခဲ့သော်ငြား သူ၏မျက်လုံးများက ဝှီးချဲပေါ်ရှိ လူ၏ ပေါင်ပေါ်သို့ နောက်တစ်ဖန်ကျရောက်သွားချိန်တွင် ဝှီးချဲပေါ်မှ လူငယ်သည် ရုတ်တရက် ခေါင်းကိုမော့လိုက်လေ၏။

သူ၏ စူးရှသည့်လင်းယုန်မျက်လုံးတစ်စုံက လေကို ထိုးဖောက်ပြီး ရွှေ့လျားလာကာ လေမျက်လုံး၏ မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့သည်။

လေမျက်လုံးမှာ အလွန်ထိတ်လန့်သွားသဖြင့် နောက်သို့ပင့ တစ်လှမ်းဆုတ်မိပြီး သူ့နောက်မှလူ၏‌ ခြေထောက်ကို မတော်တဆ တက်နင်းမိခဲ့သည်။

“မင်း ဒီနေ့ ဘာဖြစ်နေတာလဲ?”

“သူ ငါ့ကိုမြင်သွားပြီ”

လေမျက်လုံးမှာ သူ၏အဝါရောင်မျက်လုံးများကို ပိတ်လျှက် အသံကလည်း တုန်ယင်နေခဲ့သည်။

“သူ အခုလေးတင် ငါ့ကိုမြင်သွားပြီ”

သူ၏စကားလုံးများက ဆူးငယ်များပွထနေသော ဆံပင်နှင့် လူကိုလည်း အံ့သြသွားစေသည်။

“မဖြစ်နိုင်တာ မင်း အတွေးလွန်နေများတာလား?”

သူ မြင်ဖူးခဲ့သမျှထဲတွင့ ဤကဲ့သို့ အံ့သြဖွယ် အမြင်အာရုံရှိသည့် တစ်ဦးတည်းသောသူက လေမျက်လုံးသာဖြစ်၏။

ထို့အပြင် သူ၏အမြင်အာရုံကို တခြားသော မျက်နှာအင်္ဂါရပ်များကို စတေးခြင်းအားဖြင့် ရရှိခဲ့ခြင်းဖြစ်၏။

လေမျက်လုံးမှာ သူ့မျက်လုံးများ၏ စွမ်းရည်ကို ရရှိပြီးကတည်းက သူ၏မျက်နှာအင်္ဂါရပ်များက ရှုံ့တွပြီး ပုံပျက်သွားခဲ့သည်။

သူ့၏မျက်လုံးက သူ၏စွမ်းအင်များအားလုံးကို စုပ်ယူနေသည့်နှယ် ကြီးကြီးလာပြီး ပို၍ကြောက်စရာကောင်းလာခဲ့သည်။

ကျင်းယန်နှင့်တခြားသူများက သတိထားလျှက် အရှေ့သို့သွားနေခဲ့ကြပြီး မကြာခင်ပင် ပျက်ကပ်မတိုင်ခင်က ကြယ်အဆင့်ရှိ ဟိုတယ်တစ်ခုနှင့်တူသည့် အလွန်မြင့်မားသည့် အဆောက်အဦး၏ အရပ်မျက်နှာဆီသို့ ကျင်းယန် ရုတ်တရက် စိုက်ကြည့်လိုက်လေသည်။

ယင်ရိလျိုကတော့ ဖြစ်ပျက်နေသည်များကို မသိသောကြောင့် ခြေဖျားထောက်ပြီး တစ်ဖက်လူ၏ အကြည့်လားရာနှင့် တူညီသည့်အရပ်မျက်နှာကို စိုက်ကြည့်လိုက်သော်လည်း မည်သည့်ကိုမှ မမြင်နိုင်ခဲ့ပါချေ။

“ဘာဖြစ်လို့လဲ?”

ကျောင်းစီဟွေ့ မေးမြန်းခဲ့သည်။

ကျင်းယန် သူ့အကြည့်ကို ပြန်လည်းရုတ်ကာ ဖြည်းညင်းစွာ ခေါင်းယမ်းပြီး ပြောခဲ့သည်။

“တစ်စုံတစ်ယောက်က ငါတို့ကို စိုက်ကြည့်နေတယ်လို့ ဆက်တိုက်ခံစားရနေလို့”

ကျင်းယန်မှပင် ထိုကဲ့သို့ပြောလာသည်ကို ကျောင်းမောင်နှမ ကြားလျှင် သူတို့သတိကို ချက်ချင်းမြှင့်လိုက်ကြလေ၏။

သူတို့၏မသိစိတ်ထဲတွင် ကျင်းယန်၏ အလိုလိုသိစိတ်နှင့် ဆုံးဖြတ်ချက်များက အမြဲတမ်း တိကျမှန်ကန်သည်ဟူ၍ ယူဆနေခဲ့လေသည်။

*

ရုတ်တရက် ဗလာဖြစ်နေသော မြို့ထဲတွင် အကွာအဝေးတစ်ခုမှ ဖန်သားကို ကော်ဖက်ပွတ်နေသည်နှင့်တူသော စူးရှသည့် အော်သံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်ရိလျိုတစ်ယောက် မထိန်းချုပ်နိုင်စွာဖြင့်နိုင်ဘဲ သူမ၏လက်ဖဝါးလေးများဖြင့် သူမ၏ နားရွက်များ ဖုံးအုပ်လိုက်မိသည်။

သို့သော်လည်း သူမ၏အကြည့်သည်က အသံအရင်းအမြစ်၏ ဦးတည်ချက်ဆီတွင် မြဲမြံနေခဲ့သည်။

ကျောင်းချီယန်သည်လည်း သူ၏သေနတ်ကို ဆွဲထုတ်ပြီးမြှောက်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် ကြီးမားသည့်ကြောင်တစ်ကောင်က အဆောက်အဦးနှစ်ခုကြားမှ ခုန်ထွက်လာခဲ့သည်။

၎င်း၏ကြီးမားသည့် ခန္ဓာကိုယ်သည်က လမ်းဘေးဘက်တွင် ထောင်ထားသော ဆိုင်းပုဒ်ဆီသို့ ဝင်ဆောင့်မိသွားကာ ဆိုင်းပုဒ်နှင့် ချိတ်ဆွဲများသော မီးသီးများကို မြေပြင်ဆီ လှည်းထုတ်သွားပြီး ပေါက်ကွဲသည့်ဆူညံသံများ ထွက်လာခဲ့သည်။

ကျင်းယန်နှင့် တခြားသူများက ရှောင်တိမ်းရန်အတွက် ထောင့်ဆီသို့ ပြေးသွားခဲ့သည်။

ယခင်ဘဝ၌ ယင်ရိလျို၏ အကြိုက်ဆုံးတိရစ္ဆာန်များသည်က ကြောင်နှင့်ခွေးများဖြစ်ပြီး သူမ၏အိမ်တွင်ပင် နှစ်ကောင်မွေးခဲ့လေ၏။

ထိုအတွက်ကြောင့် ဤထိန်းမနိုင်သိမ်းမရ သန္ဓေပြောင်းကြောင်ကိုပင် ကြောင်ချေးကျုံးအရာရှိတစ်ယောက်၏ မျက်လုံးများနှင့် ကြည့်လိုက်မိသည်။

ဤကြောင်သည်က ၎င်း၏သန္ဓေပြောင်းမှုမတိုင်မီကာလကတည်းက အိမ်‌မွေးကြောင် မဟုတ်ခြင်း ဖြစ်နိုင်ဖွယ်ရှိ၏။

၎င်းထံတွင် ညစ်ပတ်သောမျက်နှာနှင့် ခန္ဓာကိုယ်နှင့်အတူ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အဖြူနှင့်အမဲပြောက်များရှိလေသည်။ ၎င်း၏အမြင့်သည်က နှစ်မီတာကျော်နီးပါးကြီးထွားလာခဲ့ပြီး ကျင်းယန်ထက် အနည်းငယ်ခန့်ပင် ပိုရှည်လေသည်။

၎င်းမှာ သံသယမရှိ အန္တရာယ်ရှိသော သားရဲတစ်ကောင်ဖြစ်၏။

ဤကြီးမားသော တိရစ္ဆာန်ကြီးမှာ ၎င်း၏ နောက်လိုက်နေသော အရာထံမှ လှုံ့ဆော်ခံခဲ့ရသည်။

၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးများက နောက်ကျောတစ်လျောက်တွင် ထောင်နေကာ ၎င်း၏ပါးလျသောမျက်စံသည်က ပါးလျသောမျဥ်းကြောင်းတစ်ခုအဖြစ် ဆွဲဆန့်ခံရလျက်ရှိနေပေသည်။သူ့ထံမှ ထွက်ပေါ်လာသော အသံများသည်လည်း စူးရှကာ ၎င်းဆီသို့ ချဥ်းကပ်လာနေသော လူများကို ခြောက်လွှတ်ရန် ဟိန်းဟောက်နေခဲ့လေသည်။

ကြောင်၏နောက်သိာ့ လူတစ်စုကလိုက်ဖမ်းနေခဲ့သည်။ ထိုအဖွဲ့တွင် လူလေးယောက်သာ ရှိသော်ငြား သူတို့အားလုံးက ငယ်ရွယ်ပြီး သန်မာသော အမျိုးသားများဖြစ်ကြ၏။

သူတို့၏အဝတ်အစားများနှင့် ပစ္စည်းကိရိယာများမှတဆင့် ဤပျက်ကပ်အတောအတွင်းတွင် အတော်လေးအခြေအနေ ကောင်းသည်ကို ပြောနိုင်လေသည်။

All Chapters