← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

သန္ဓေပြောင်းကြောင်ထွက်ပြေးရာ ထွက်လမ်းတစ်လျှောက်၏ နောက်ကို ထိုလူအုပာစု လိုက်နေရသည့် ရည်ရွယ်ချက်သည်က ၎င်းကိုအမဲလိုက်ရန်ဖြစ်၏။

ကျင်းယန်နှင့် သူ၏အသင်းဖော်များက သူတို့၏အမြင်အာရုံထဲသို့ ဝင်လာသောအချိန်တွင် သူတို့၏အမူအရာက သတိထားလာကြသည်။

သူတို့ထံတွင် လက်နက်ခဲယမ်း အများအပြားမရှိချေ။ အမျိုးသားများထဲမှ မီးခိုးရောင်အနည်းငယ်သန်းနေသော ပါးသိုင်းမွှေးနှင့် တစ်ယောက်သာ ခါးတွင် သေနတ်တစ်လက်ရှိလေသည်။

သေနတ်နှင့်လူအပါအဝင် လူတိုင်းသည်က တောခုတ်ဓားများ ၊ ပုဆိတ်များကိုသာ လက်နက်ကိုင်ဆောင်ထားကြသည်။ ကျည်ဆန်များက ရရှိရန် ခက်ခဲ့သည့်အတွက် ဖြစ်ကောင်းဖြစ်နိုင်လေသည်။ သူတို့က ပါရှိလာသည့် သေနတ်ကိုပင် ဆွဲကိုင်မထားခဲ့ပေ။

“ဟေး! ရှေ့ဘက်က.. မင်းတို့တွေ! မင်းတို့ အဲဒီကြောင်ကို ကူပြီး ပိတ်ထာ့ပေးလို့ရမလား? နောက်ကျရင် ငါတို့တွေ မင်းတို့တစ်ယောက်ချင်းဆီကို ၂၅ ဂရမ်ပေးနိုင်တယ်”

မီးခိုးရောင်သန်းနေသော ပါးသိုင်းမွှေးနှင့် လူလတ်ပိုင်းလူကြီးတွင် ခေါင်းလောင်းနှင့်တူသော နက်ရှိုင်းသည့်အသံရှိ၏။

သူ၏စကားလုံးများ ထွက်လာသည်နှင့် ချင်းချင်းပင် သူ့၏ဘေးမှ လူငယ်လေးက မျက်မှောင်ကြုတ်ပြီး ကျင်းယန်နှင့် သူ့အသင်းဖော်များကို အထင်သေးသည့် အကြည့်များနှင့် တိုင်းထွာလေ၏ ။

အထူးသဖြင့် ကျင်းယန်ကိုပင်ဖြစ်၏။

“အန်ကယ်ကျိုး သူ့ရဲ့ခြေထောက်တွေက ဒီလိုမျိုးဖြစ်နေနှင့်ပြီ.. သနားစရာလူကို ပြဿနာမရှာပါနဲ့”

လူငယ်လေး၏ စကားလုံးထဲမှ ထေ့ငေါ့လုံးကို လူတိုင်းကြားနိုင်လေသည်။

ယင်ရိလျိုအနေဖြင့် ကျင်းယန်၏ ကျိုးနေသော ခြေထောက်များအကြောင်းကို တခြားသူများမှ ပြောသည်ကိုအမုန်းဆုံးဖြစ်၏။

သရော်မှုအဖြစ် မဲ့နေသော ထိုလူ၏နှုတ်ခမ်းကို သူမ မြင်လိုက်ရသည့်အချိန်တွင်တော့ တစ်ဖက်လူထံသို့ ခုန်ဝင်ပြီး သူ့ကိုကုတ်ဖြဲပစ်ရန်အတွက် သေလုတ်မတတ် စိတ်အားထက်သန်နေခဲ့သည်။

ကံမကောင်းစွာဖြင့် ကျင်းယန်က သူမ၏နောက်ကျောကို ခိုင်မာစွာ ဆွဲကိုင်ထားလေသည်။

သန္ဓေပြောင်းကြောင်က ကြီးမားပြီး ရန်လိုနေသော်လည်း အလွန်များပြားသော ဆင့်ကဲပြောင်းလဲသူများ၏ လူသူလက်နက်ဖြင့် ဝန်းရံမှုအောက်တွင် မျိုးစုံ‌သော ဒဏ်ရာများ ရရှိနေပြီးဖြစ်၏။

ဒဏ်ရာများသည်လည်း သွေးများထွက်နေကာ ၎င်း၏သားမွှေးကို အနီရောင်အဖြစ် စွန်းထင်းနေစေလေသည်။

သွေးနံ့၏လှုံ့ဆော်မှုက ကြောင်၏မျက်စံများကို ကျုံ့သွားစေသာ်လည်း ၎င်း၏ရှေ့မှ လူသားများ၏လက်ထဲမှ ထက်ရှပြီး ချွန်သော အရာဝတ္ထုများကို ကြောက်ရွံ့လေသည်။

၎င်းထံတွင် ထက်ရှသော အနံ့ခံအာရုံရှိသဖြင့် ၎င်းက ကျင်းယန်နှင့် တခြားသူများကို အစောကတည်းက သတိထားမိခဲ့လေသည်။

၎င်း၏မျက်လုံးကြီးများက လည်သွားပြီးနောက် နောက်လှည့်ပြီး သူတို့ဘက်သို့ နှာမှုတ်လိုက်သည်။

သန္ဓေပြောင်းကြောင်၏ အော်သံက ကလေးငိုသံကဲ့သို့ ကျယ်လောင်ပြီး စူးဝါးလေသည်။

ပြဿနာက အဘယ်ကြောင့် သူတို့၏ဘက်သို့ ပြောင်း‌ရွှေ့သွားမှန်းကို ယင်ရိလျို နားမလည်ပါချေ။

ဤကြောင်မှာ သူတို့က လက်ဗလာဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သို့ကြောင်း သူတို့အား ပစ်မှတ်ထားပါက လွယ်ကူမည်ဟု ယူဆခဲ့ပုံရလေသည်။

ချွန်ထက်ပြီး ရှည်လျားသော သန္ဓေပြောင်း tabby*ကြောင်၏ ဖြူဖွေးသော သွားများက မာန်ဖီလိုက်ချိန်တွင် ချွန်ထက်စွာ ပေါ်လာပြီး ၎င်း၏လက်ဖဝါးထဲတွင် ဖွက်ထားခဲ့သော ချွန်ထက်သော လက်သည်းများကလည်း မြေပြင်ကို ကုတ်ခြစ်‌နေခဲ့လေသည်။

ထိုအချိန်တွင် ယခင်က အနောက်ဘက်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေသော အနက်ရောင်ဝံပုလွေက ကျင်းယန်နှင့် တခြားသူများ၏ရှေ့သို့ ရုတ်တရက် အတင်းပြေးတက်သွားပြီး ကြောင်ကိုစိုက်ကြည့်၍ ဟိန်းဟောက်လိုက်လေ၏။

ထိုအသံကတိရစ္ဆာန်သဘာဝအရ ကြောင်ကို ထိတ်လန့်သွားစေခဲ့သည်။

(tabby*- မီးခိုးရောင် သို့မဟုတ် အညိုမှိုင်းမှိုင်းတွင် အနက်ရောင် စင်းကြောင်းများ ရှိသည့်ကြောင်)

ယခုလေးတင် သူတို့ကို သရော်ခဲ့သော လူငယ်လေး၏မျက်လုံးများကတော့ သားပေါက်လေးကို မြင်လိုက်ရချိန်တွင် တောက်ပသွားလေသည်။

ဝံပုလွေလေးက ၎င်း၏ ငယ်ရွယ်သော အသံနှင့် သန္ဓေပြောင်းကြောင်ကို ကြမ်းကြုတ်စွာ ခြိမ်းခြောက်နေခြင်းကို ယင်ရိလျိုကြားနိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူတို့ရှေ့တွင်ရှိနေခဲ့သော တိရစ္ဆာန်က ဉာဏ်ရည်အသိစိတ်မရရှိခဲ့သဖြင့် ဝံပုလွေပြောနေသည့် အကြောင်းအရာများကို နားမလည်နိုင်ချေ။

ဝံပုလွေ အူလိုက်ခြင်းက ၎င်း၏အမွှေးများကို ထောင်တက်သွားစေပြီးနောက် လည်ချောင်းမှ ပို၍ပင်စူးရှသည့် အော်သံတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။

ချက်ချင်းပင် သန္ဓေပြောင်းကြောင်က အော်ဟစ်လိုက်ပြီး ၎င်းကိုယ်၎င်း ကျင်းယန်နှင့် အခြားသူများဆီသို့ ပစ်ဝင်လာခဲ့သော်ငြား ၎င်း၏ရှေ့လက်ဖဝါးကသာ ဒေါသထွက်စွာ ဟိန်းဟောက်နေသော ဝံပုလွေ၏ကိုက်ဖြတ်ခြင်းကို ခံလိုက်ရသည်။

သားပေါက်လေးမှာ သန္ဓေပြောင်းကြောင်အရွယ်အစား၏ တစ်ဝက်သာရှိသောကြောင့် ၎င်းက ပို၍သွက်လက်စွာ လှုပ်ရှားနေခဲ့သည်။

၎င်း၏အလွန်အမင်း ချွန်ထက်သော သွားများက ကြောင်၏ရင်ဘက်ပေါ်မှ အဖွံ့ဖြိုးဆုံး ကြွက်သားများကို ဆုတ်ဖြဲပစ်ရန် အသုံးပြုခဲ့လေ၏။

ထိုအခိုက်တွင် လေထုက သွေးစက်များဖြင့် ပက်ဖျန်းနေခဲ့သည်။သက်လတ်ပိုင်းလူကြီးမှာ ‘သာမာန်လူများ’ကို အန္တရာယ်ထဲထည့်ခဲ့မိသည့် သူတို့အမှားကို စဥ်းစားကာ အနည်းငယ်စိတ်ပျက်သွားခဲ့သည်။

သူ့အနေဖြင့် ရှေ့သို့ တိုးချင်သော််ငြား ကြောင်နှင့် တစ်ဖက်မှလူတို့၏ဝံပုလွေသည် အတူတူနပန်းလုံးနေပြီဖြစ်၏။ သူတို့ ကျိုးကြောင်းမဲ့စွာ တိုးခဲ့လျှင် အပိုင်းပိုင်းအစစအဖြစ် စုတ်ပြဲသွားလိမ့်မည်ဖြစ်၏။

မျိုးစိပ်များ၏ဖိနှိပ်မှုက ကြောင်ကိုတုန်ရီသွားစေပြီး တစ်ချိန်တည်း၌ ၎င်းသည် ပို၍ပင် သွေးရူးသွေးတန်းဖြစ်လာခဲ့သည်။

၎င်း၏လက်သည်းများက ဝံပုလွေလောက် မထက်သော်ငြား ၎င်းက ဝံပုလွေကိုကုတ်ဖြဲလာချိန်တွင်တော့ သွေးများ တစက်စက်စင်နေဆဲပင်ဖြစ်၏။

ဝံပုလွေလေးတွင် ကောင်းမွန်သော ချိန်ရွယ်မှုရှိ၏။ အကြိမ်တိုင်း ကြောင်၏ခန္ဓာကိုယ်မှ အနူးညံ့ဆုံးအစိတ်အပိုင်းများကို ကိုက်ခဲ့လေသည်။

တိုက်ပွဲ၏မြင်ကွင်း သက်သက်ကပင် ယင်ရိလျို၏ပါးစပ်ထဲတွင် ခါးသပ်သည့်အရသာကို ချန်ထားခဲ့လေသည်။ သူမ သူတို့ကို ထပ်၍မကြည့်ဝံ့တော့ပါချေ။

ကျောင်းချီယန်သည်ကား သေနတ်က သူ၏ထောက်တိုင်တစ်ခုဖြစ်သကဲ့သို့ သေနတ်ကို လက်ထဲတွင် ဆုတ်ကိုင်ထားခဲ့သည်။

သူ၏ရှေ့မှတိရစ္ဆာန်နှစ်ကောင်က တစ်ကောင်ကိုတစ်ကောင် ဆွဲဖြဲနေကြသော်ငြား သူက noob သေနတ်ပစ်သူတစ်ယောက်သာ ဖြစ်၏။

(Noob : ညံ့ဖျင်း)

သူ၏ လွဲသွားသည့်အမှားက အသင်းဖော်ကို ထိခိုက်စေမည်အား ကြောက်ရွံ့နေခဲ့လေသည်။

အဆုံးသတ်တွင်တော့ ကျင်းယန်သည်ကသာ သူ၏ခါးမှသေနတ်ကို ဆွဲထုတ်ကာ သန္ဓေပြောင်းကြောင်၏ ပြူးကျယ်သည့် မျက်လုံးများကို ချိန်ပြီး ပစ်လိုက်လေသည်။

သူ၏ ကျည်ဆန်က ကြောင်၏ခေါင်းတွင် သွေးသံရဲရဲအပေါက်တစ်ခု ချန်ထားခဲ့လေသည်။

သန္ဓေပြောင်းကြောင်မှာ တွန့်ခနဲဖြစ်ပြီး ပြင်းထန်စွာနာကျင်မှုဖြင့် အော်လိုက်လေ၏။

ထိုအခိုက်တွင် ဝံပုလွော ၎င်း၏လည်ချောင်းကို ကိုက်ခဲလိုက်ပြီး အရာအားလုံးကို အဆုံးသတ်ရန်အတွက် အချိန်ကိုက်ဖြစ်မှုကို အခွင့်ကောင်းယူခဲ့လေသည်။

ကြောင်က မည်မျှပင် ရုန်းကန်ပါစေ ၎င်း၏ကိုယ်ပိုင်ဒဏ်ရာများကိုသာ ပို၍ပို၍ ဆုတ်ဖြဲမိသကဲ့သို့ ဖြစ်သွားပြီး အဆုံးသတ်တွင် ၎င်း၏လည်ချောင်းနှင့် ရင်ဘက်က ပွင့်ထွက်နေခဲ့ကာ မြေပြင်ပေါ်သို့ အလွန်ဆိုးဝါးစွာ လဲကျသွားခဲ့သည်။

သားပေါက်၏အခြေအနေက များစွာ ပိုမကောင်းသော်ငြား ၎င်းသည်က ရှုံးနိမ့်သူ၏ လည်ချောင်းကို ပျော်မြူးအားရစွာ ဆုတ်ဖြဲဆဲဖြစ်ပြီး မာန်ဖီသံနိမ့်နိမ့်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ကျင်းယန် သူ၏သေနတ်ကိုထုတ်ပြီး ကြောင်ကို ထူးကဲသည့် တိကျမှုနှင့် ပစ်ခတ်လိုက်ခြင်းကို မြင်ပြီးနောက် သူတို့ရှေ့ရှိအုပ်စုက ကျင်းရန်တို့မှာ ထင်ခားသလောက် မရိုးရှင်းသည်အား သတိထားမိသွားသည်။

သူတို့၏ပိုလျှံသော လက်နက်ခဲယမ်းများ၊ ယဥ်ပါးသော သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်တု့ကို ပေါင်းစပ်လိုက်မည်ဆိုပါက သူတို့ ကနဦးက ထင်ထားသကဲ့သို့ ကျင်းရန်၏အသင်းက အားမနည်းနေခဲ့ချေ။

သူတို့ ယခု ကိုးယိုးကားယား အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်၏။

သူတို့၏ရှေ့တွင်ရှိနေသော ဤလူများက အသင်းတစ်သင်းဖြစ်ကြောင်း ရှင်းလင်းစွာပင် တွေ့မြင်နိုင်သည်။

သန္ဓေပြောင်းကြောင်သည်က သူတို့၏အမဲလိုက်ပစ်မှတ် ဖြစ်သော်လည်း လမ်းတစ်ဝက်တွင် ၎င်းက ကျင်းယန်နှင့်အခြားသူများဆီသို့ ပြေးဝင်သွားပြီး သန္ဓေပြောင်းဝံပုလွေ၏ ပါးစပ်ထဲတွင် သေသွားခဲ့သည်။

သန္ဓေပြောင်းကြောင်က အခု ဘယ်သူရဲ့အပိုင်လို့ ပြောရတော့မလဲ?

လူငယ်သည် ခိုးကြောင်ခိုးဝှက်ဖြင့် ရှေ့သို့တစ်လှမ်းတိုးလိုက်၏။

သူက ကျင်းယန်နှင့် အခြားသူများဆီသို့ မျက်မှောင်ကြုတ်လျက် မကြည့်ခင် ၎င်း၏ ကိုယ်ပိုင်ဒဏ်ရာကို လျှက်နေသော ဝံပုလွေလေး၏တစ်ဝိုက်တွင် သူ၏အကြည့်က ဝေ့ဝိုက်နေပြီး ပြောခဲ့သည်။

“ဒီသန္ဓေပြောင်းကြောင်က ငါတို့ရှာတွေ့ခဲ့တဲ့ သားကောင်ပဲ.. ဒါပေမဲ့ မင်းတို့ကကူညီပေးခဲ့တယ်ဆိုမှတော့ လူတိုင်းအသားကီလို တစ်ဝက်ရနိုင်မယ်”

ဝံပုလွေလေးကို နောက်တစ်ချက် စိုက်ကြည့်ပြီး ပေါင်းထည့်ခဲ့သည်။

“ဒီဝံပုလွေကိုပါ ငါတို့ရဲ့အခြေစိုက်စခန်းဆီကို ပေးဖို့ဆန္ဒရှိမယ်ဆိုရင် ငါတို့တွေ လူတိုင်းကို အသားတစ်ကီလိုဂရမ် ထပ်ပေးမယ်”

ထိုလူငယ်၏အရှက်မဲ့မှုကြောင့် ယင်ရိလျိုတစ်ယောက် အကျယ်ကြီး အော်ရယ်မိလုနီးပါးပင်။

ဤကဲ့သို့ စကားလုံးများကို မျက်နှာပြောင်တိုက်၍ မည်သို့ပြောနိုင်သနည်း?

သန္ဓေပြောင်းကြောင်ကို သတ်ခြင်းသည်က သိသာစွာပင် ဝံပုလွေလေးနှင့် ကျင်းယန်တု့နှစ်ယောက် ပူးတွဲ၍ ပြုလုပ်ခဲ့ခြင်းဖြစ်၏။

သူတို့က ကြောင်သားတစ်ဝက်လောက်ကို တောင်းဆိုခဲ့လျှင်တော့ အကျိုးကြောင်းသင့်လျော်သည်ဟု သတ်မှတ်နိုင်သေးသည်။

ဤအရွယ်အစား ကြီးမားသည့် သန္ဓေပြောင်းကြောင်သည်က အနည်းဆုံး တစ်တန်ခန့် အလေးချိန်ရှိလောက်သည်။

ဤခန့်မှန်းချက်က အရေပြားနှင့် တခြားမစားနိုင်သည့် အစိတ်အပိုင်းများကို ဖယ်ထုတ်ထားခြင်းပင်ဖြစ်သည်။

သူတို့အတွက် လုံလောက်သည်ထက် ပိုနေပေပြီ။

သို့သော်ငြား တစ်ဖက်လူက‌ ပေးကမ်းစွန့်ကြဲမှု လုပ်သကဲ့သို့ ပြုမူကာ ဤအသားကီလိုဂရမ်တစ်ဝက်ဖြင့် သူတောင်းစားများကို နှင်လွှတ်‌နေသကဲ့သိို့ အသားကိုလက်ခံရန်ပေးနေခဲ့သည်။

သူတို့၏နှလုံးသားထဲမှ မီးများမြှင့်တက်လာခဲ့သည်။

ဝံပုလွေလေးသည်ကား လူသားဘာသာစကားကို နားလည်သဘောပေါက်နိုင်လေသည်။တစ်စုံတစ်ယောက်က ၎င်းအပေါ်တွင် စိတ်ကူးရှိနေသည်ကို ကြားလိုက်ရချိန်တွင် ၎င်းမှာ ခေါင်းငုံ့ပြီး လက်ဖဝါးပေါ်မှ သွေးများကို လျှက်နေခြင်းမှ ရပ်တန့်သွားခဲ့၏။

၎င်းက ခေါင်းကိုချက်ချင်းမော့ပြီး တစ်ဖက်လူဘက်သို့ လှည့်၍ အူလိုက်သည်။

၎င်းအူနေသည့် အကြောင်းအရာကို ယင်ရိလျို နားလည်လေသည်။

“ သောက်ကျိုးနည်း ငတုံးကောင်! မင်းက ငါနဲ့မထိုက်တန်ဘူး!”

တခြားသော သန္ဓေပြောင်းများနှင့် မတူဘဲ အလွန်အမင်းတမူထူးကဲနဂေရန် ဤဝံပုလွေလေးက မည်သူဆီမှသင်ခဲ့သည်ကို ယင်ရိလျိုသိချင်သွားရကာ ရုတ်တရတ် ရယ်မောချင်သွားခဲ့ရလေသည်။

လူလေးယောက်၏ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းလူကြီးသည်လည်း ဤအကြိမ်တွင်တော့ ထိုလူငယ်နှင့် သဘောထားကွဲလွဲနေခဲ့သည်။

ဤအကြိမ်တွင် သူတို့ကအမှန်တကယ် များစွာမပံ့ပိုးခဲ့ချေ။

သန္ဓေပြောင်းကြောင်၏ဝေစုကြီးကိုရယူလျှင် သူတို့က အလွန်အမင်း အရှက်မရှိဖြစ်လိမ့်မည်ပင်။

သိုသော်ငြား အစားအစာအတွက် အမဲလိုက်ရန်ဆိုသည်က သူတို့၏တာဝန်ဖြစ်၏။

သူတို့သာ ကြောင်တစ်ကောင်လုံးကို ကျင်းယန်ဆီသို့ လက်လွှဲပေးလိုက်လျှင် ယနေ့တွင် သူတို့၏အခြေစိုက်စခန်းထဲမှ လူတိုင်း ဆာလောင်နေပေလိမ့်မည်ဖြစ်၏။

ဤအတွေးဖြင့် သက်လတ်ပိုင်းလူကြီးက နှုတ်ခမ်းများကိုဖိပြီး တိတ်ဆိတ်နေခဲ့သည်။ သူက သူ့နောက်မှ လူငယ်လေး၏စကားကို တိတ်တဆိတ် သဘောတူနေခဲ့ခြင်းသာဖြစ်ပေသည်။

သူတို့ ကြောင်သားအပေါ်တွင် လက်မလျှော့လိုက်နိုင်ပါချေ။

All Chapters