အခန်း (၆၈)
Vol. 7 Ch. 68
ကျောင်းချီယန်တစ်ယောက် အလွန်ဒေါသထွက်လွန်းသဖြင့် တစ်စုံတစ်ယောက်ကို ကျိန်ဆဲချင်နေခဲ့သည်။
“ကျင်းကော .. ကျွန်တော်တို့ကို သူများတွေ ဒီလိုများတက်နင်းသွားခွင့် မပြုသင့်ဘူး.. ကျွန်တော်တို့မှာ သေနတ်တွေနဲ့ အင်အားရှိတယ်.. သူတို့ကို လုံးဝ ကြောက်စရာမလိုဘူး”
ကျောင်းစီဟွေ့က စကားမပြောသော်ငြား သူမ၏တင်းကြပ်စွာဆုပ်ထားသော လက်သီးက သူမ၏မောင်နှင့် တူညီသည့်အမြင်ကို မျှဝေထားကြောင်း ညွှန်ပြနေခဲ့သည်။
လေထဲတွင် တင်းမာနေခဲ့သည်။
မီးခိုရောင်သန်းနေသော ပါးသိုင်းမွှေးနှင့် သက်လတ်ပိုင်းလူကြီး၏အကြည့်က ကျင်းယန်ပေါ်တွင် ရှိနေခဲ့လေသည်။
ဝှီးချဲပေါ်မှ ဤလူငယ်သည် အပြင်ပန်းတွေ မြင်နေရသကဲ့သို့ ထိခိုက်လွယ်ခြင်းမရှိလောက်ဟု သူခံစားချက်ရနေသည်။
သူ၏ပြီးပြည့်စုံသော ပစ်မှတ်ချိန်မှုမှတဆင့် ဤလူာ သူတို့ သွားရှုပ်၍ရသည့် တစ်စုံတစ်ယောက် မဟုတ်ကြောင်းကို ပြောနိုင်လေသည်။
အတိတ်တွင်သာ ဖြစ်ခဲ့လျှင် ကျင်းယန်ကဲ့သို့ တစ်စုံတစ်ယောက်နှင့် ရန်သူဖြစ်မလာချင်သော်ငြား ယခုတွင်တော့ ကျည်ဆန်ကို ကိုက်ပြီး သူ၏ခါးမှသေနတ်ကိုသာ ဆွဲထုတ်နိုင်လေသည်။
ထိုအခိုက်အတန့်တွင် ဧရာမငှက်ကြီးတစ်ကောင်က ကောင်းကင်တွင် ပျံဝဲလာခဲ့ပြီး ကျင်းယန်နှင့် အခြားသူများဆီ ဦးတည်၍ပျံသန်းလာခဲ့သည်။
ငှက်၏တောင်ပံများက အရောင်စုံကာ ခေါင်းထိပ်ာ အစိမ်းရောင်ဖြစ်ပြီး ၎င်း၏လေးလံသော တောင်ပံများကို ခတ်၍ ကိုယိုးကားယား ပျံသန်းနေခဲ့သည်။
၎င်းက ရှေ့သွားအချို့ ပျောက်ဆုံးနေသည့်နှယ် မရှင်းလင်းစွာ စကားပြောနေကာ သူတို့၏ခေါင်းပေါ် လေထဲတွင် များစွာသော အခက်အခဲများနှင့် ဝေ့ဝိုက်နေခဲ့သည်။
“မတိုက်ခိုက်ကြနဲ့ မတိုက်ခိုက်ကြနဲ့!”
ထိုမှသာ ဤရောင်တောက်တောက်နှင့် ငှက်က ကြက်တူးရွေးတစ်ကောင် ဖြစ်ကြောင်းကို ယင်ရိလျိုမှတ်မိသွား၏။
၎င်းသည်က မီတာဝက်ထပ်ပို၍ ရှည်လျားကာ ကျိုးပဲ့နေသော မောင်းကဲ့သို့ အသံပြာပြာနှင့် အုပ်စုနှစ်စုကြားတွင် ဝင်ရောက်ဖြန်ဖြေရန် ကြိုးစားနေလေသည်။
ဧရာမကြက်တူးရွေးကြီးကို တွေ့လျှင် သက်လတ်ပိုင်းလူကြီးလည်း အနည်းငယ်အံ့သြသွားခဲ့သည်။
“မင်းဘာကြောင့် ဒီမှာရှိနေတာလဲ ငှက်ကြီး?”
လူကြီးက ကြက်တူးရွေးကို ‘ငှက်ကြီး’ ဟုခေါ်သည်ကို ယင်ရိလျိုကြားလိုက်ရလျှင် သူမကူကယ်ရာမဲ့ တွေးမိခဲ့သည်။
ထပ်ပြီးတော့ သူတို့လူထဲက နောက်ထပ်တစ်ယောက်ပဲ!
ဧရာမငှက်ကြီးက မဆင်းသက်ရဲပါချေ။ တိုက်ပွဲအတွင်း ဆွဲသွင်းခံရမည်ကို ကြောက်သည့်အတွက် သွေးသံရဲရဲမြင်ကွင်းနှင့် ဝေးရာ ကောင်းကင်မြင့်မြင့်တွင် ၎င်း၏ဝတုတ်ပြီး လေးလံသည့်ခန္ဓာကိုယ်ကို ထောက်ပံ့ရန် ၎င်း၏တောင်ပံများကို ခတ်နေခဲ့လေသည်။
“ဒီသန္ဓေပြောင်းကြောင်ရဲ့ တစ်ဝက်က ဒီသူငယ်ချင်းတွေနဲ့ ဆိုင်တယ်တယ်လို့ ခေါင်းဆောင်က ပြောလိုက်တယ်.. ငါတို့က မလုယက်ဘူး ဒါပေမဲ့ မင်းတို့လည်း ဒီလောက် အသားအများကြီးကို ဘယ်လိုဖြစ်ဖြစ် ကုန်မှာမှမဟုတ်တာ.. ဒီတော့ မင်းတို့နဲ့လဲလှယ်ဖို့ အစေ့အဆန်တွေကိုသုံးဖို့ ငါတို့ဘက်ဆန္ဒရှိနေတယ်”
လူငယ်လေးက သဘောမတူပါချေ။
သူ ချက်ချင်းလှမ်းပြောလိုက်သည်။
“ငါတို့က ဘာလို့ အဲဒီလိုလုပ်ရမှာလဲ?”
ယင်ရိလျိုနှင့် ကျောင်းမောင်နှမကတော့ သူ့ကိုလျစ်လျူရှုထားခဲ့သည်။ သူတို့အခြေစိုက်စခန်း၏ ယေဘုယျအားဖြင့်ခေါ်သည့် ခေါင်းဆောင်က အတော်လေး သိက္ခာရှိပုံရသည်။
သူတို့က ကျင်းယန်ကို မျက်နှာချင်းဆိုင်ရ န်လှည့်လိုက်ကြ ပြီး သူ ဆုံးဖြတ်ချက်ချသည်ကို စောင့်ဆိုင်းနေခဲ့သည်။
*
ကျင်းယန်၏အသင်းနှင့် ပဋိပက္ခဖြစ်ခဲ့သော အဖွဲ့က အရင် ထွက်သွားခဲ့ကြသည်။ သန္ဓေပြောင်းကြောင်၏ ခန္ဓာကိုယ်အသေကိုတော့ နောက်တွဲယာဥ်နှင့် အခြေစိုက်စခန်းထဲသို့ တရွတ်တိုက်ဆွဲသွားပြီးနောက် ကျင်းယန်သည်လညား အခြေစိုက်စခန်းထဲ ယင်ရိလျိုကိုပွေ့ချီက ဖြည်းညင်းစွာ သွားခဲ့သည်။
ဤနေရာကို အခြစိုက်စခန်းတစ်ခုအဖြစ် ခေါ်ခြင်းသည်က ချဲ့ကားမှုတစ်ခုသာဖြစ်၏။
ပျက်ကပ်မဖြစ်မီက ၎င်းမှာ မြို့တော် W ရှိ ကြယ်ခြောက်ပွင့်ဟိုတယ်တစ်ခု ဖြစ်ခဲ့သည်။
များပြားသော ဧည့်သည့်ခန်းများ၊ အမျိုးမျိုးသော အဆောက်အဦးများနှင့်အတူ ကြီးမားသော ဧရိယာကို စိမ်းလန်းသော သစ်ပင်များဝန်းရံထားသည့် ကြံ့ခိုင်တောင့်တင်းသော ခြံစည်းရိုးဖြင့် ခြုံငုံထားခဲ့သည်။
ပျက်ကပ် ရောက်ရှိလာပြီးနောက် ဆင့်ကဲပြောင်းလဲသူတစ်ဖွဲ့က မြို့ထဲမှ ဖရိုဖရဲဖြစ်မှုကို အခွင့်ကောင်းယူခဲ့ကာ ဟိုတယ်ထဲဖောက်ဝင်ကာ ‘နဂါးပျံအခြေစိုက်စခန်း’ဟူ၍ သတ်မှတ်ပြီး သူတို့၏အခြေစိုက်စခန်းကို တိုးချဲ့ရန် ဆင့်ကဲပြောင်းလဲသူများနှင့် သန္ဓေပြောင်းလူများကို တဖြည်းဖြည်းစုဆောင်းခဲ့သည်။
ယနေ့ မြို့တော် W ရှိ ရှင်သန်သူ ၆၀မှ ၇၀ ရာခိုင်နှုန်းက ဤနေရာတွင် စုဝေးနေခဲ့သည်။
ကျင်းယန်နှင့် တခြားသူများ အခြေစိုက်စခန်း ဝင်ပေါက်ကိုရောက်သည့်အချိန်တွင် အခြေစိုက်စခန်း၏ခေါင်းဆောင်ဟု ခေါ်သည့်သူက ထိုနေရာတွင် သူတို့ကိုစောင့်ဆိုင်း နေနှင့်ပြီဖြစ်၏။
ထိုအမျိုးသားမှာ ပျောက်ကျားယူနီဖောင်းကို ဝတ်ဆင်ထားပြီး အသက် သုံးဆယ့်ခြောက်နှစ် ခုနစ်နှစ် ဖြစ်ပုံရသည်။
သူ့ဘေးတွင် ပိန်းပါးသောခန္ဓာကိုယ်၊ ပုံပျက်သောမျက်နှာနှင့် လူတစ်ယောက် ရှိနေသည်။ သူ၏မျက်လုံးများက ကြီးမားပြီးဖောင်းထွက်နေကာ သူ၏မျက်နှာပေါ် လေးလံစွာ တွဲကျနေလေသည်။မကြာခင် ပေါက်ကွဲတော့မည့်ပုံဟုပင်ထင်ရပြီး ကြည့်ရန်အတွက် အလွန်ကြောက်စရာကောင်းလေသည်။
‘ နဂါပျံအခြေစိုက်စခန်း’ ခေါင်းဆောင်၏ နာမည်မှာ ‘လျိုမန်’ ဖြစ်၏။
သူသည်က ကြီးမားသည့် မွေးမြူရေးခြံတစ်ခု၏ ပိုင်ရှင်ဖြစ်ပြီး အတော်ကောင်းမွန်သော ထိုးထွင်းသိမြင်နိုင်စွမ်းရှိလေသည်။
ထို့ကြောင့် ပျက်ကပ်ဖြစ်ပြီးနောက် ဟိုတယ်ကိုသိမ်းပိုက်ရန် အခွင့်အရေးကိုရှာဖွေပြီး သူ့ကိုယ်သူ နယ်မြေ၏ ဘုရင်အနေနှင့် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့လေသည်။
ကျင်းယန်နှင့် သူ၏အသင်းဖော်များ လုပ်ခဲ့သည့် လှုပ်ရှားမှုတိုင်းကို လေမျက်လုံးက မှတ်တမ်းတင်ပြီး တင်ပြခဲ့ပြီးဖြစ်၏။
ဤလူများက မြို့တော် Mမှ ထိခိုက်ဒဏ်ရာမရှိ ထွက်လာကတည်းက သူတို့က အလွန်အင်အားကြီးရမည်ဖြစ်ကြောင်းကို တွေးတောမိခဲ့၏။
ထို့ကြောင့် ကိစ္စတချို့ကိုထည့်သွင်းစဥ်းစားပြီးနောက် သူတို့နှင့် ဆိုးရွားသည့်ဆက်ဆံရေး မရှိမှသာ ရမည်ဟု ဆုံးဖြတ်ခဲ့သည်။
ကျင်းယန်နှင့် သူ၏အသင်းကိုသာ သူတို့၏အဖွဲ့ထဲဝင်ရန် သိမ်းသွင်းနိုင်လျှင် အပြင်ဘက်က အခြေအနေအကြောင်းကိုလည်း စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကာသူတို့၏အခြေစိုက်စခန်းကိုလည်း အင်အားဖြည့်နိုင်မည်ဖြစ်သောကြောင့် အကောင်းဆုံးဖြစ်လိမ့်မည်။
သူ့၏စိတ်ထဲ၌ ထိုအတွေးတို့ရှိနေသောကြောင့် ကျင်းယန်နှင့် သူ၏အဖွဲ့သားတို့ အခြေစိုက်စခန်းထဲငို့ ဝင်သောအခိုက်တွင် သူ၏မျက်နှာပေါ်တွင် စိတ်ရင်းပါသော အပြုံးတစ်ခုရှိနေခဲ့လေ၏။
လျိုမန်က သူတို့ကို အလွန်ကောင်းစွာ ကြိုဆိုခဲ့သည်။ သူက ကျင်းယန်နှင့် လက်ဆွဲနှုတ်ဆက်ချင်သော်ငြား ကျောင်းချီယန်ကသာ အရှေ့သိုးတက်ပြီး အပြုံးတစ်ခုနှင့် သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။
ကျင်းယန်က သူစိမ်းများနှင့် မည်သည့်အချိန်တွင်မှ အပြန်အလှန်ဆက်သွယ်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်းကို သူသိလေသည်။
ထို့ကြောင့် သူသာ ကြားမဝင်လျှင် ၎င်းသည်က အလွန်အမင်း ကိုးယိုးကားယားဖြစ်လိမ့်မည်ပင်။
ကျင်းကောက လူမှုဆက်ဆက်ဆံရေး မကောင်းသကဲ့သို့ သူ၏အစ်မကလည်း အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့သည်။
ကျန်ရှိသည့် အဖွဲ့သားနှစ်ကောင်သည်က သန္ဓေပြောင်းတိရစ္ဆာန်များဖြစ်၏။
ကျောင်းချီယန်တစ်ယောက် အသင်း၏ ဆိုရှယ်အိမ်မြှောင်ရာထူးကို အသိစိတ်ရှိရှိ ယူခဲ့လေသည်။
ဟိုတယ်အခြေစိုက်စခန်း၏ ဝင်ပေါက်တွင် သန္ဓေပြောင်းကြောင်ကို အခြေစိုက်စခန်းထဲတရွတ်တိုက်ဆွဲသွားရာမှ သွေးများရှိနေဆဲဖြစ်၏။
ညစ်ပတ်သော အဝတ်အစား၊ ရောင်ရမ်းသောမျက်နှာများဖြင့် သက်လတ်ပိုင်းအမျိုးသားအနည်းငယ်ကတော့ ပုံးများနှင့် ကြမ်းတိုက်အဝတ်များကို သယ်ဆောင်ပြီး ဝင်ပေါက်မှ သွေးအစွန်းအထင်းများ ဆေးကြောနေကြသည်။
ဤလူများသည်က အခြေစိုက်စခန်းထဲမှ သာမာန်လူများဖြစ်ပေ၏။ လျိုမန်က ဂုဏ်ယူစွာဖြင့် အခြေစိုက်စခန်းထဲ လှည့်လည်ပြသနေခဲ့ပြီး ကျင်းယန်က မျက်ခုံးပင့်လျှက် နားထောင်နေခဲ့သည်။
ဤလျိုမန်မှာ အတန်အသင့် လုပ်နိုင်စွမ်းရှိ၏။ အခြေစိုက်စခန်းက မည်မည်ရရပြောစရာတစ်ခု မဟုတ်သော်လည်း အမျိုးမျိုးသော တာဝန်များကို ထုတ်ပြန်ခြင်းကဲ့သို့ သူဆောင်ရွက်ခဲ့သည့် တချို့ပဏာမခြေလှမ်းက အမိန့်အာဏာကို လုံခြုံစေလေသည်။
အခြေစိုက်စခန်းတွင် သန့်ရှင်းရေးလုပ်ခြင်း၊ လယ်လုပ်ခြင်း စသည်ဖြင့် ကဲ့သို့ အန္တရာယ်အဆင့်အနိမ့်ဆုံး တာဝန်များရှိလေသည်။ သွေးများကို သန့်ရှင်းရန်ထွက်လာသောသူများသည်လည်း ဤကဲ့သို့တာဝန်များတွင် ခန့်အပ်ထားသူများဖြစ်၏။ သွေးများက လျှင်မြန်စွာခဲသွားပြီး သန္ဓေပြောင်းအင်းစက်များကို ဆွဲဆောင်မည့် အပုပ်နံ့ဆိုးများ ထုတ်လွှတ်လိမ့်မည်ပင်။
ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူများက ဤကဲ့သို့တာဝန်မျိုးကို လုပ်ဆောင်ရန် ဆန္ဒမရှိကြသောကြောင့် သဘာဝအလျှောက် အစားအစာရရှိရန်အတွင် ဤတာဝန်များကို သာမာန်လူများကိုသာ ရှာဖွေကြရ၏။
၎င်းမှရရှိသည့် ပမာဏကသူတို့ကို ဆာလောင်သေခြင်းမှ ထိန်းသိမ်းထားရုံမျှသာ ဖြစ်သော်ငြားလည်း... ။
ပို၍အန္တရာယ်များသော တာဝန်အချို့တွင်တော့ အမဲလိုက်ရန် ဆင့်ကဲပြောင်းလဲသူများ၏ နောက်သို့လိုက်ခြင်း၊ အစွန်အဖျားတစ်ဝိုက် အကာအကွယ်ခြံစည်းရိုးများ တည်ဆောက်ခြင်းနှင့် ...အမျိုးမျိုးသော တာဝန်တို့ ပါဝင်ကြလေသည်။
အသေးငယ်ဆုံး ဂရုမဲ့မှုကပင် သန္ဓေပြောင်းတိရစ္ဆာန်များ တိုက်ခိုက်ခံရပြီး သေဆုံးခြင်းဖြစ်ပွားစေနိုင်သည်။
ဤကဲ့သို့တာဝန်များက
တွင် မကြာခဏအသားများကို ဆုပေးပြီး အကယ်၍ သူတို့အလုပ်တွင် သေခဲ့လျှင်ိည်း သူတို့၏မိသားစုကို နစ်နာကြေးအနေနှင့် အသားကီလိုဂရမ်တစ်ဝက်နှင့် ဆန်တစ်အိတ်ပေးမည်ဖြစ်၏။
ပွင့်လင်းစွာ ဆွေးနွေးရန်အတွက် အဆင်မပြေသော မီးခိုရောင်ဧရိယာလုပ်ငန်းအချို့လည်း ရှိလေသည်။
သာမာန်လူတစ်ယောက်၏ တန်ဖိုးအကြောင်းကို လျိုမန်၏ အပြုံးတစ်ခုနှင့် ပြောနေသည်ကို နားထောင်ရင်းဖြင့် ကျောင်းမောင်နှမနှစ်ယောက်မှာ နှလုံးသားထဲတွင် ဘဝင်မကျမှုများကိုသာ ခံစားရလေသည်။
ပျက်ကပ်ကာလအတောအတွင်း လူတစ်ယောက်၏အသက်သည်က အသားကီလိုဂရမ်တစ်ဝက်နှင့် ဆန်တစ်အိတ်သာ တန်သည်ဟုသတ်မီတ်ထားသော်ငြား လျိုမန်နှင့် သူ့ပတ်လည်မှ လူများကတော့ ၎င်းမှာဖြစ်သင့်သည့် သာမာန်အရာတစ်ခု ဖြစ်သည့်နှယ် ပြုမူနေကြသည်။သူတို့၏ နဂါးပျံအခြေစိုက်စခန်းမီ အတွင်း နက်နက်သို့သွားလျှင် မျက်နှာပြင်ပေါ်မှ ငြိမ်းချမ်းမှုအောက်တွင် ပုန်းကွယ်နေသော ပို၍မငြိမ်သက်သည့် သြဇာညောင်းမှုတစ်ခုကို သူတို့ရှာတွေ့လိုက်ရသည်။
ဟိုတယ်က ကြီးမားသော ဧရိယာတစ်ခုကိုဖုံးအုပ်ထားသည့် အချက်မှလွဲ၍ ၎င်း၏ အတော်အတန်ကြီးသော အပိုင်းတစ်ခုမှာ ယခင်က ရေကန်အတု၊ ဂေါက်ရိုက်ကွင်းနှင့် စသည့်ဖြင့် ကဲ့သို့ ဖျော်ဖြေးရေးဆိုင်ရာ နေရာများ ဖြစ်ခဲ့သည်။
အမှန်တကယ် ဟိုတယ်အခန်းဟူ၍ အများအပြားမရှိချေ။
ကျွမ်းကျင်သော ငယ်ရွယ်သည့် အရွယ်ရောက်သူ အများစုမှာ အစားအစာနှင့် ဟိုတယ်အခန်းများတွင် နေနိုင်ရန် အခွင့်အရေးများအတွက် အလဲအလှယ်အနေဖြင့် အမှတ်များရရန် လျှောက်ပတ်သွားရလိမ့်မည်ဖြစ်၏။
သာမာန်လူများသည်ကတော့ ခြင်များကို လုံးဝမပိတ်ဆို့နိုင်သော ယာယီဆောက်လုပ်ထားသည့် ခေတ္တအိမ်များတွင်သာ နေနိုင်လေသည်။
ထိုအခိုက်တွင် လမ်းဘေးဘက်ရှိ တဲတစ်ခုမှ ကလေးတစ်ယောက်၏ခေါင်းက ထွက်ပေါ်လာခဲ့လေ၏။
ဤအချိန်တွင် လျိုမန်သည်က စကားပြောပြီး သူတို့ကိုအခြေစိုက်စခန်းတစ်ဝိုက် ဦးဆောင်ပြသနေခဲ့ကာ ယင်ရိလျိုကတော့ ကျင်းယန်၏ပေါင်ပေါ်တွင် ထိုင်နေခဲ့သည်။
ကလေးတွင် ညစ်ပတ်သော မျက်နှာနှင့် ဆံပင်တိုတိုရှိလေသည်။
ထိုကလေးက ယောကျ်ားလေးလား မိန်းကလေးလားကိုပင် ယင်ရိလျို မပြောနိုင်ချေ။ ကလေး၏မျက်လုံးများက ယင်ရိလျိုကို သိချင်စိတ်ပြင်းပြစွာနှင့် စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့ကာ ၎င်းမျက်လုံးတို့တွင် သန့်စင်မှုအကြွင်းအကျန် ထိန်းသိမ်းထားဆဲဖြစ်၏။
ကလေးက သူမကို အလွန် ကြိုက်နှစ်သက်ပုံရသည်။
ကလေး၏မျက်နှာပေါ်တွင် နီရဲ၊ ရောင်ယမ်းပြီး အနည်းငယ်ဖောင်းနေသော အနာဖေးကြီးတစ်ခုရှိကာ ၎င်းသည်က အဆိပ်ပြင်းအင်းစက်အချို့မှ ကိုက်ရာတစ်ခုဖြစ်ပုံရသည်။
ထိုကလေးက တဲအပြင်တွင်ထိုင်၍ သူ၏လက်ချောင်းများကို စုပ်နေခဲ့သည်။
တဲထဲမှလညား ဒွိဟဖြစ်စေသည့် အသံဖျော့ဖျော့ကိုကြားနိုင်လေ၏။ ထိုအသံများက ကျင်းယန်တို့အဖွဲ့ကိုမျက်မှောင်ကြုတ်သွားစေသည်။
တစ်ချက်မျှ ကြည့်ပြီးနောက်တွင် ယင်ရိလျို ထပ်မကြည့်ရဲတော့ချေ။
သူမ၏ပွင့်ချပ်သုံးချပ် နှုတ်ခမ်းများက အနည်းငယ်တုန်ရီနေကာ သူမ၏မျက်နှာကို ကျင်းယန်၏လက်မောင်းထဲ မြှုပ်နှံလိုက်တော့သည်။