← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

မကြာခင်အခိုက်အတန့်တွင် သူတို့ သန္ဓေပြောင်းတိရစ္ဆာန်များ သတ်ဖြတ်ခံရသည့် ဟောခန်းနောက် နေရာသို့ ရောက်သွားခဲ့သည်။

အစောပိုင်းက သူတို့ အမဲလိုက်ခဲ့သော သန္ဓေပြောင်းကြောင်မှ် သန့်ရှင်း၍ အရေခွံစုတ်ပြီးဖြစ်ကာ တံခါးတွင်တော့ တိရစ္ဆာန်အရေခွံကြီးကို ချိတ်ဆွဲထားလေသည်။

“ကျင်းယန်..ငါအခုလေးတင် ကမ်းလှမ်းခဲ့တဲ့ ကြောင်သားကို တခြားတစ်ခုနဲ့လှယ်ဖို့ ဆိုတာအတွက်နဲ့ပက်သက်ပြီး မင်း ဘယ်လိုစဥ်းစားထားလဲဆိုတာ သိချင်မိတယ်?”

လျိုမန်မေးခဲ့သည်။

သူ၏မျက်လုံးများက ဝင်းလက်နေပြီး သူ၏နှုတ်ခမ်းက မမြင်နိုင်သောအပြုံးတစ်ခုအဖြစ် တွန့်တက်သွားသည်။

သူ့ ခန့်မှန်းချက်က အလွန်ရှင်းလင်း၏။ ကျင်းယန်နှင့် သူ့အသင်းဖော်များအပြင် သန္ဓေပြောင်းဝံပုလွေကုုထည့်တွက်လျှင်ပင် သူတို့နှင့်အတူ ကြောင်သားတစ်ဝက်ကို မသယ်ဆောင်နိုင်လောက်ချေ။

အရိုးနှင့်အသားများအပြင် ကြောင်၏တစ်ဝက်က အနည်းဆုံး အသား နှစ်တန်သို့မဟုတ် သုံးတန် အလေးချိန်ရှိ၏။

ဤလူများက အသားအတွက် မည်သည်နှင့် လဲလှယ်ချင်သည်ဖြစ်စေ သူတို့တွင် လက် ခြောက်ဖက်သာ ရှိကတည်းက အများအပြား မသယ်နိုင်လောက်ချေ။ အဆုံးတွင်တော့ သူတို့အခြေစိုက်စခန်းကသာ ပို၍အကျိုးမြတ်ရဆဲ ဖြစ်ပေလိမ့်မည်။

သူတို့ကို မျက်နှာပေးခြင်းအားဖြင့် သူသည်က လူကောင်းဖြစ်နိုင်ပြီး တစ်ချိန်တည်းတွင် သူတို့ကိုယ်ပိုင်အခြေစိုက်စခန်းသာ အကျိုးမြတ်ရမည်ဖြစ်ကာ အလွန်ကောင်းမွန်သော သဘောတူမှုဖြစ်လေသည်။

သူ့က သူ၏လူများကို ခေါင်းအရွယ်ခန့် အသားစိမ်းအချို့ ဖြတ်ရန် သူ့လူများကို ရက်ရောစွာအမိန့်ပေးကာ ၎င်းတို့ကို တံစို့ထိုးပြီး ကျောင်းချီယန်ဆီသို့ လှမ်းပေးလိုက်သည်။

ထို့နောက် ကျင်းယန်နှင့် အခြားသူများ ရွေးချယ်နိုင်ရန်အတွက် အခြေစိုက်စခန်း၏ အစားအစာနှင့် အခြားနေ့စဥ် အသုံးအဆောင်များကို သိုလှောင်ထားသော သိုလှောင်ရုံဆီသို့ သူတို့ကို ဦးဆောင်သွားလေသည်။

လျိုမန်၏ တင်းတိမ်ရောင့်ရဲဟန်ဆောင်ခားသော မျက်နှာအမူအရာကို မြင်လျှင် ယင်ရိလျို တိတ်တဆိတ် သူမ၏လက်ဖဝါးကို ဆုပ်လိုက်သည်။

ဒီနေ့ သူတို့ကိုခြောက်ကပ်သွားတဲ့အထိ သွေးမစုပ်ခဲ့ရင် သူမရဲ့နာမည်ကို နောက်ပြန်ရေးပစ်မယ်!

အခြေစိုက်စခန်း၏ သိုလှောင်ရုံတွင် မဖွင့်ထားသော ဆန်အိတ်များအပြင် အလုံပိတ်ထားသော ပါဝင်ပစ္စည်များနှင့် စည်သွပ်အစားအစာ အရေအတွက်အများအပြားကိုလည်း သိုလှောင်ထားခဲ့သည်။

ပျက်ကပ်ရောက်ပြီးနောက် ပတ်ဝန်းကျင်မှ စူပါမားကတ်များကို အလွတ်ဖြစ်သွားစေရန် ရှာဖွေရေးအသင်းတစ်သင်းကို လျိုမန် စေလွှတ်ခဲ့လေသည်။

၎င်းအကြောင်းကြောင့် သိုလှောင်ရုံသည်က ပထမအကြည့်တစ်ချက်နှင့်ပင် အံ့မခန်းဖွယ်ရာ ဖြစ်နေခဲ့သည်။

ယင်ရိလျို ကျင်းယန်၏လက်မောင်းကို ပုတ်ကာ သူ့၏ပေါင်ပေါ်မှ ခုန်ဆင်းပြီး စင်များနှင့် အမျိုးမျိုးသော အစားအသောက်ပုံကြား ခေါက်တုံ့ခေါက်ပြန်သွားခဲ့လေသည်။

‘အထောက်အပံပစ္စည်းများ’ ဟုစာတန်းတပ်ထားသော ဆန်အိတ်များကို သူမ မထိခဲ့ချေ အဘယ်‌ကြောင့်ဆိုသော် ၎င်းတို့သည်က အခြေစိုက်စခန်းထဲမှ သာမာန်လူများ သူတို့၏အမှတ်များနှင့် လဲလှယ်အရန်အတွက် အသုံးပြုနိုင်သော အစားအစားဖြစ်လေသည်။

သွင်းကုန် စည်သွပ်အစားအစာများနှင့် စျေးကြီးသော ပါဝင်ပစ္စည်းအိတ်များကို သူမ တမင် ရွေးချယ်ခဲ့သည်။

မကြာမီ တောင်ကုန်းတစ်ခုကဲ့သို့ ပုံနေသော စည်သွပ်ဘူးများက များစွာသေးငယ်သွားကာ အရှေ့ဆုံးတန်းရှိ စည်သွပ်ဘူးများသာ ကာဗာအနေနှင့် ချန်ထားခဲ့လျှက် အတွင်းထဲရှိစည်သွပ်ဘူးအများစုကို ယုန်လေးမှ အပြောင်သိမ်းခဲ့သည်။

ထပ်ဆောင်းအနေနှင့် သိုလှောင်ရုံထဲတွင် သိသာထင်ရှားခြင်းမရှိသည့် လက်နက်အမိုက်စားအချို့ရှိလေသည်။

၎င်းတို့အားလုံးကိုလည်း သူမ၏နေရာလွတ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ထိုးသွပ်ခဲ့သည်။

သူတို့ သိုလှောင်ရုံမှ ထွက်ခွာသောအခိုက်တိင် သူတို့ာ အသီးအနှံပြည့်ရိတ်သိမ်းထားသည်နှင့်တူသော ဖောင်းတက်နေသည့် ကျောပိုးအိတ်များကို သယ်ဆောင်ထားကြလေသည်။

လျိုမန်တစ်ယောက် သူ့၏ သိုလှောင်ရုံမှာ သုံးပုံတစ်ပုံက အလွတ်ဖြစ်သွားမှန်း လုံးဝမသိချေ။ သူ၏လက်ကို သူတို့ဆီသို့ ဆန့်ထုတ်ပြီး မေးခဲ့သည်။

“ငါတို့ရဲ့ နဂါးပျံအခြေစိုက်စခန်းအကြောင်းကို မင်းတို့ ဘယ်လိုထင်လဲ? မင်းတို့ ဒီနေရာမှာ နေချင်လား?

ဒီနေရာမှာရှိတဲ့ ဆင့်ကဲပြောင်းလဲသူတွေကို ငါတို့ အရမ်းကောင်းကောင်း ဆက်ဆံတယ်.. မင်းတို့တွေ အကောင်းဆုံးတွေကို ရရှိလိမ့်မယ် အနည်းဆုံး အစားအစာနှင့် အဝတ်စအားတွေပေါ့”

ကျောင်းချီယန်တစ်ယောက် မည်သည့်အရာကို ပြောရမှန်းမသိတော့ဘဲ ကိုးယိုးကားယားဖြင့် သူ့ခေါင်းကို ကုတ်လိုက်သည်။

ထိုအချိန်တွင် တစ်ချိန်လုံး တောက်လျှောက် တိတ်ဆိတ်နေခဲ့သော ကျင်းယန်က ခေါင်းမော့ပြီး လျိုမန်ကိုကြည့်လိုက်သည်။

“ဒီနေရာကနေ အများဆုံး တစ်ရာကီလိုမီတာအဝေးမှာ မြို့တော်Zရဲ့ အခြေစိုက်စခန်းရှိတယ်.. မင်းတို့ ဘာလို့ အဲဒီနေရာမသွားတာလဲ?”

သူ၏အမူအရာက စစ်မှန်နေပြီး အမှမ်ပင် ဇဝေဇဝါဖြစ်နေပုံရ၏။

“ ခုခံနိုင်စွမ်းကိုပဲ ကြည့်ကြည့် ၊ အချက်အလက်ကိုပဲကြည့်ကြည့် အဲဒီနေရာက ဒီနေရာထက်တော့ အများကြီးပိုမကောင်းဘူးလား?”

လျိုမန်က သူ၏မေးခွန်းကြောင့် အံ့သြမသွားချေ။ ဤလူအုပ်စုက မြို့တော်Z ဆီသို့ သွားရန် ရည်ရွယ်ထားကြောင်းကို သူခန့်မှန်းမိလေသည်။နောက်ဆုံးတွင် မြို့တော်Z အခြေစိုက်စခန်းက သူတို့၏နဂါးပျံအခြေစိုက်စခန်းထက် အများကြီး ပို၍လူသိများလေသည်။

“မင်း ဒါကို သိမထားတာဖြစ်မယ်”

ကျင်းယန်နှင့် တခြားသူများကို ခေါင်းယမ်းပြလျှက် လျိုမန်က ပြောခဲ့သည်။

“ဒါပေမဲ့ ရှင်သန်မှုအခက်အခဲ သတ်မှတ်ချက်မှာ နဂါးပျံက အဆင့်သုံးမှာရှိရင် မြို့တော်Zက အဆင့်ရှစ်မှာရှိမယ်.. မြို့တော့်Zက လူတွေက ပျက်ကပ်အကြောင်းကို မဖြစ်ခင်ကတည်းက ကောလဟလတွေကြားခဲ့တာတဲ့..

ဒါကြောင့် အစောပိုင်း ပြင်ဆင်မှုတွေကို လုပ်ခဲ့ကြတယ်.. ပျက်ကပ်ရောက်လာတဲ့အချိန် မြို့ထဲမှာ ရှင်သန်သူအခြေစိုက်စခန်းတွေ မြန်မြန်ဆန်ဆန် တည်ထောင်ခဲ့ကြတယ်..

နေ့စဥ်နေ့တိုင်း မရေမတွက်နိုင်တဲ့ ဆင့်ကဲပြောင်းလဲသူတွေနဲ့ သာမာန်လူတွေက သူတို့ရဲ့မိသားစုတွေနဲ့အတူ အခြေစိုက်စခန်း ဝင်ခဲ့ကြတယ်”

သူက အပြင်ဘက်မှ လူသူကင်းမဲ့နေသည့်ဧရိယာကို ညွှန်ပြပြီး ပြောခဲ့သည်။

“ငါတို့အခြေစိုက်စခန်းထဲက လူတွေကြားထဲမှာ ရှိနေတဲ့ အနည်းငယ်ဆုံး ၂၀ ရာခိုင်နှုန်းက မြို့တော်Z ထွက်ပြေးလာခဲ့တဲ့သူတွေပဲ..

မြို့တော်Zက စည်းမျဥ်းတွေက အများကြီး ပိုပြင်းထန်တယ်.. အဲဒီလိုဆိုရင်တောင်မှ သူတို့ကိုယ်သူတို့ မြို့တော်Zထဲ ညှစ်ဝင်ချင်သူတွေ နေ့တိုင်းအများကြီး ရှိနေသေးတာပဲ”

လျိုမန်၏ စကားများကို နားထောင်ခြင်းအားဖြင့် မြို့တော်Zထဲတွင် ရှင်သန်ရန် သာမာန်လူများအတွက် မည်မျှခက်ခဲမည်ကို ယင်ရိလျို စိတ်ကူးနိုင်သည်။

လျိုမန်က သူတို့အခြေစိုက်စခန်း၏ ပစ္စည်းကြွယ်ဝမှုများနှင့် သူ၏အမြင်အားဖြင့် ရက်ရောသော ပင်ကိုသဘောကို ပြသနေလင့်ကစား အဆုံးတွင် ကျင်းယန်နှင့် သူ၏အသင်းက မြို့တော် Z သို့ သွားရန် ရွေးချယ်ဆဲဖြစ်သည်။

လျိုမန်က သူတို့ကိုမတားခဲ့ချေ။ သူတို့အတွက် ညဘက်တွင် အနားယူရန် ပို၍ကောင်းသော ဧည့်သည်ခန်းအချို့ကို ပြင်ဆင်ရန်သာ သူ့လူများကို ရိုးရှင်းစွာအမိန့်ပေးခဲ့သည်။

သူတို့ မြို့တော်Z အခြေစိုက်စခန်းထဲသို့ မဝင်နိုင်လျှင် ဤလူများက နဂါးပျံအခြေစိုက်စခန်းဆီ ပြန်လာမည်ဟုယုံကြည်ချက်ရှိနေခဲ့လေသည်။

ညဘက် မှောင်လာသောအချိန်တွင် ယင်ရိလျိုက ကျင်းယန်၏ဘောင်းဘီအနားကို ဆဆွဲကာ တံခါးနာ့တွင် ရပ်ပြီး ကစားရန် အပြင်သို့ ခဏထွက်ချင်ကြောင်း လက်ဟန်ပြသခဲ့သည်။

အစပိုင်းတွင် တစ်ဖက်လူက မျက်မှောင်ကြုတ်၍ မရကြောင်း ပြောခဲ့လေသည်။ နဂါးပျံအခြေစိုက်စခန်းက အလွန်ဗရမ်းဗတာ ဖြစ်လွန်းသည်။

မကောင်းသည့်အရာများ ဖြစ်မလာနိုင်ဟု အာမမခံနိုင်ချေ။

သူက သူငယ်ချင်းလေး၏ နူးညံ့သောလက်ဖဝါးလေ့ကို ဆွဲဆိတ်လိုက်သည်။

“မင်းကို တခြားသူတွေ ဖမ်းပြီး ချက်စားသွားမှာကိုမကြောက်ဘူးလား?”

ယင်ရိလျို သူမ၏နားရွက်ရှည်များကို အဆတ်မပြတ် ရမ်းခါ၍ သူမ၏အမွှေးပွပွ ရင်ဘက်လေးကို မတ်ကာ ညာလက်ဖဝါးကိုပင့်မပြီး လုံခြုံရန် အာရုံစိုက်ပါမည်ဟု ကျင်းယင်ဆီတွင် အခါခါ ကျိန်ဆိုခဲ့သော်ငြား ကျင်းယန် ကြားနိုင်သည့်အရာအားလုံးမှာတော့ နူးညံ့သည့် တကျီကျီသံများသာဖြစ်လေသည်။

တခဏကြာပြီးနောက် သူ၏အမူအရာက နူးညံ့သွားခဲ့၏။

“ဒါဆို ဝံပုလွေနက်ကို မင်းနောက်ကို လိုက်ခွင့်ပြုရမယ်”

ကျင်းယန်တစ်ယောက် သူငယ်ချင်းလေးက အပြင်သို့ထွက်ချိန်တွင် လူသားတစ်ယောက်အဖြစ် ပြောင်းချင်နေခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းခဲ့လေသည်။

သို့သော် နဂါးပျံအခြေစိုက်စခန်းတွင် သူမဘာသာသူမ လျှောက်သွားခွင့်ပြုရန်အတွက်တော့ သူ အလွန်ပင် စိတ်ပူပန်နေခဲ့သည်။

သန္ဓေပြောင်းဝံပုလွေသာ သူမ၏ဘေးရှိလျှင် အနည်းဆုံး ၎င်းက လူများကို ဟန့်တားနိုင်ပေသည်။

ယင်ရိလျို နှုတ်ခမ်းဆူလိုက်လေ၏။

သို့သော်ငြား မကြာမီပင် သားပေါက်လေးက စကားမပြောနိုင်ကြောင်းကို သူမ ပြန်လည်မှတ်မိသွားခဲ့လေ၏။

၎င်းက ထိတ်လန့်စရာ တစ်စုံတစ်ခုကို မြင်ခဲ့လျှင်ပင် ရွှေပေါင်လုံးကြီးကို ပြန်ပြောရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် သူမ ခေါင်းငြိမ့်ပြီး သူမ၏ခေါင်းလေးကို ကျင်းယန်၏ လက်ဖဝါးဆီတွင် ပွတ်ပြီးနောက် တံခါးအပြင်သို့ ခုန်ထွက်လိုက်သည်။

ဝံပုလွေအနက်လေးမှာ ဆန္ဒမရှိသော်လည်း ဤသည်က ကျင်းယန်၏အမိန့်ဖြစ်သောကြောင့် သူ့တွင် ရွေးချယ်စရာမရှိခဲ့ချေ။

ဤဝတုတ်၊ ဝိုင်းစက်ပြီး တုံးအသည့်ယုန်က ၎င်း၏လက်ဖဝါးလောက်သာ ကြီးပြီး ယုန်တစ်ကောင်လုံးကို သူ တစ်ကိုက်တည်းဖြင့် မြိုချနိုင်လေသည်။

ထို့နောက်တွင် သူက ယုန်ဝတုတ်နောက်မှ သွားဖြဲပြီး ခြိမ်းခြောက်သည့် မာန်ဖီသံတိုးတိုး ထုတ်လိုက်လေသည်။

သားပေါက်လေးက ကြမ်းကြုတ်စွာဖြင့် ပြောလာသည်ကို ယင်ရိလျိုကြားနိုင်ခဲ့သည်။

“မင်းက ပြဿနာကောင်ပဲ! ယုံချင်ယုံ မယုံချင်နေ ငါ မင်းတစ်ကိုယ်လုံးကို မြိုချပစ်မယ်!”

ယင်ရိလျို သူမ၏ နားရွက်များကို လှုပ်လိုက်သည်။ သားပေါက်လေး၏အသံက လုံလောက်စွာ မကြမ်းကြုတ်သောကြောင့် မဟုတ်ပါချေ။

သို့သော်လည်း ၎င်း၏အသံက အလွန်ငယ်ရွယ်ကာ ကောင်ငယ်လေးတစ်ယောက် tsundere တစ်ယောက်နှယ် ပြုမူနေသည်နှင့်တူပြီး နည်းနည်းလေးပင် ခြိမ်းခြောက်နိုင်စွမ်း မရှိနေခဲ့ပါချေ။

All Chapters