အခန်း (၇၀)
Vol. 7 Ch. 70
အနက်ရောင်ဝံပုလွေလေးက နောက်ဘက်မှ စိတ်မရှည်စွာ လိုက်နေချိန်တွင် ယင်ရိလျိုက ဖုံးကွယ်နေသာ ထောင့်ဆီသို့ ခုန်ဝင်သွားလိုက်သည်။
ဤစိတ်ရှုပ်စရာကောင်းလှသည့် ဖက်ထုပ်မှ လုပ်ဆောင်နေသော လှည့်ကွက်အသစ်များကို သားပေါက်လေးက မသိသော်လည်း ထိုထောင့်ဘက်မှ အလင်းရောင်ဖျော့ဖျော့တောက်ပလာသည်ကို မြင်လျှင် ဆွံ့အကာ ထိတ်လန့်သွားခဲ့ရလေည်။
၎င်းက အလင်းရောင်၏အရင်းမြစ်ဆီ ဦးတည်၍ အပြေးအလွှားသွားတော့မည့်အချိန်တွင် ခေါင်းပေါ်၌ ထိုယုန်ဝတုတ်၏နားရွက်များနှင့် ရှင်းလင်းစွာပင် တူညီသည့် ရှည်လျား၍ နူးညံ့သော နားရွက်များရှိနေသော လူသားအသေးလေးတစ်ယောက်က ထောင့်ဘက်မှ ထွက်လာသည်ကို သတိထားမိသွားရသည်။
လူသားသေးသေးလေးတွင် ဂျုံ့မုန့်ညက်အဖြူလုံးနှင့်တူသော လက်တိုတိုများနှင့် ခြေထောက်တိုတိုများရှိကာ သူမ၏ခေါင်းသည်လည်း သူ၏ ပါးစပ်ရှိနေသောအမြင့်ကို ရောက်ရုံမျှသာပင်။
ဝံပုလွေပေါက်က သတိထားလျှက် နောက်နှစ်လှမ်းဆုတ်သွားခဲ့လျှင် မည်သည့်နေရာမှ ထွက်လာမှန်းမသိသော လူသားကလေးငယ်က ရှေ့သို့နှစ်လှမ်းတိုးလာခဲ့သည်။
၎င်းက မထိန်းချုပ်နိုင်ဘဲ ခြိမ်းခြောက်လိုစွာ မာန်ဖီလိုက်၏။
“ထပ်မတိုးလာခဲ့နဲ့ .. မင်း ယုန်ဝတုတ်ကို ဘာလုပ်လိုက်တာလဲ?”
လူသားကလေးငယ်က မျက်တောင်ခတ်ကာ သူမ၏ နားရွက်ရှည်များကို လက်ချောင်းဖြင့် ရစ်ပတ်ပြီး နူးညံ့သောအသံဖြင့် ပြောခဲ့သည်။
“ငါက ထုထုလေ.. ရှောင်ဟေး နင့်ငါ့ကိုမမှတ်မိဘူးလား”
(T/n : ယုန်ရဲ့ တရုတ်အသံထွက်က ထုဇီပါ)
ဝံပုလွေသည် ယုန်ဝတုတ်နှင့်တူသောအနံ့ကို သူရှေ့မှ ဤလူသားနို့ဘန်းမုန့်ဆီမှ ထောက်လှမ်းနိုင်လေသည်။
သူတို့က တူညီသောသတ္တဝါဖြစ်ကြာင်း သူ့၏အသိစိတ်တွင် ရှင်းလင်းနေခဲ့သော်လည်း သားရဲတစ်ကောင်မှ မည်သို့ပင် လူသားတစ်ယောက်ဖြစ်လာသည်ကို ၎င်း အဖြေမရှာနိုင်ချေ။
“သွားကြရအောင်”
ကလေးမလေး၏အသံမှာ အလွန်နူးညံ့လွန်စသဖြင့် ဝံပုလွေလေးကသူမအား ငိုယိုသွားစေမည်ကိုပင် ကြောက်ရွံ့နေသောကြောင့် ၎င်း၏ကြမ်းကြုတ်သော အမူအရာကို ဖြေလျော့လိုက်ပြီး လေးစားရိုသေခြင်းနှင့် သံသယတို့ဖြင့် သူမကို အထက်အောက်ကြည့်လိုက်သည်။
ဝံပုလွေလေးက ဘဝအကြောင်းကို သံသယဝင်နေသည်အား ယင်ရိလျိုကြားနိုင်၏။
ဤအခိုက်တွင် ၎င်း၏ဦးနှောက်လှိုင်းများက အလွန်ဗရမ်းဗတာဖြစ်နေခဲ့ပြီး အင်မတန် ထိတ်လန့်သွား သည်နှင့်တူလေသည်။
ဝံပုလွေနက်၏ အမွှေးသည်က ညကောင်းကင်၏အရောင်နှင့် ရောနှောနေကာ ၎င်း၏နားရွက်မှ အမွှေးဖြူဖြူများသာ ပေါ်လွင်နေခဲ့သည်။
ယင်ရိလျို သားပေါက်လေး၏နားရွက်ထိပ်ကို ထိရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ကျေနပ်စွာဖြင့် ပြုံးလျှက် သူမ၏လက်တို့နှင့် ပွတ်သပ်လိုက်လေသည်။
သေချာသွားပြီ။
အမွှေးနုပွပွတွေက အကောင်းဆုံးပဲ!
သူမက သူ့ရဲ့သားမွှေးကို အကြာကြီး ပွတ်သပ်နိုင်တယ်!
ဝံပုလွေလေးမှာ မျက်နှာပေါ်တွင် မယုံနိုင်သည့်အကြည့်နှင့်အတူ ဆတ်ခနဲ နောက်ဆုတ်လိုက်သည်။
၎င်းက ယင်ရိလျိုကို စိမ်းစိမ်းဝါဝါစိုက်ကြည့်လျှက် ၎င်း၏အသားပေါသည့် လက်ဖဝါးများဖြင့် ကိုယ်ပိုင်နားရွက်များကို ခပ်ပြင်းပြင်းပွတ်လိုက်သည်။
ဒီသတ္တဝါက မိစ္ဆာတစ်ကောင်ပဲ!
သူမက မိစ္ဆာတစ်ကောင် ဖြစ်ကိုဖြစ်ရမယ်!
ယင်ရိလျိုကတော့ သူမ အချိန်ကြာမြင့်စွာ လိုလားပြီး ပြင်းပြစွာ တောင့်တခဲ့သည့် နားရွက်များကို ထိပြီးနောက် စိတ်အခြေအနေက များစွာပိုကောင်းသွားခဲ့၏။
ထို့နောက်တွင် သူမ၏ ကလေးအသံနှင့် သီချင်းတစ်ပုဒ် ညည်းပြီး အပြင်ဘက်ကို ဘယ်ညာယိမ်းလျက် ထွက်ခဲ့သည်။ ခဏလောက်ကြာအောင် တုံ့ဆိုင်းမှုပြီးနောက် ဝံပုလွေနက်သည်လည်း သူမ၏နောက်သို့ ဆက်လိုက်ခဲ့လေသည်။
လမ်းများက မူလက ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ကြော့ရှင်းသော လမ်းမီးအိမ်များနှင့် စီတန်းထားသော်ငြား ဓာတ်အားပြတ်တောက်ပြီးနောက်တွင် ၎င်းက အလှဆင်မှုမျှသာ ဖြစ်လာခဲ့သည်
အပြင်ဘက်တွင် အလွန်မှောင်မည်းနေသဖြင့် မည်သည်ကိုမှ ရှင်းလင်းစွာ မမြင်နိုင်ချေ။
ယင်ရိလျို သူမ၏မျက်နှာလေးကို ရှုံ့လျက် တစ်နေရာရာသို့ ခိုးကြောင်ခိုးဝှက်သွားနေသည်ကို ဝံပုလွေနက်လေး စောင့်ကြည့်နေခဲ့လေသည်။
၎င်းအနေဖြင့် သူမ လုပ်ချင်သည့်အရာကို မသိသော်ငြား သူမ၏ ပတ်ဝန်းကျင်ကိုတော့ အနီးကပ်ဆက်ကြည့်နေခဲ့သည်။
ယင်ရိလျို နေရာလွတ်ထဲမှ ကြီးမားသည့် သံပုရာခွံပုံဦးထုပ်ကို ထုတ်ယူပြီး သိသာထင်ရှားသည့် နားရွက်များကို ဖုံးအုပ်ရန် ခေါင်းပေါ်တွင်ဆောင်းလိုက်သည်။
ကိစ္စအချို့ကို စဥ်းစားပြီးနောက် သူတို့နေ့ခင်းက ဖြတ်သွားခဲ့သည့်နေရာကို လျှောက်မသွားခင်တွင်
အစားအစာတချို့နှင့် ပိုးသတ်ခြင်းအတွက် အရက်ပြန်အချို့ကိုပါ ထုတ်ယူလိုက်ပြန်သည်။
သူမ၏စိတ်က အစောပိုင်း နေ့ခင်းကတွေ့ခဲ့သော ကလေး၏မျက်နှာဖြင့် ခြောက်လှန့်ခြင်းခံနေရသည်။
သူ၏မျက်နှာပေါ်မှ အင်းစက်ကိုက်ဒဏ်ရာမှာ မကုသဘဲထားလျှင် ပိုးဝင်ခြင်းမှ သေဆုံးနိုင်ခြေ အလွန်မြင့်မားလေသည်။
သူမအနေဖြကာ့ ကြင်နာမှုကို ကျိုးကြောင်းမဲ့စွာ မဖြန့်ချင်သောငြား ထိုသန့်စင်သည့် မျက်လုံးများကို လျစ်လျူမရှူထားနိုင်ချေ။
တဲဝင်ပေါက်ကို ရောက်လျှင် ဦးထုပ်အောက်တွင် ဖိခံထားရသော နားရွက်များမှတဆင့် အတွင်းဘက်မှ အသံဖျော့ဖျော့ကို သူမ ကြားနိုင်ခဲ့သည်။သူမက ဝံပုလွေလေး၏ နောက်ကျောကို ပုတ်လိုက်ကာ သူမ၏ပြည့်ဖောင်းသော လက်ချောင်းကို နှုတ်ခမ်းနားတွင်ကပ်၍ ‘ရှူး’ ဟုလုပ်လိုက်သည်။
ထို့နောက် တဲဆီသို့ တိတ်တဆိတ် ကပ်သွားခဲ့လေ၏။
အတွင်းမှအသံများက ပို၍ကျယ်လောင်ပြီး ပို၍ရှင်းလင်းလာလေသည်။
“ကျေးဇူးမသိတတ်တဲ့ ခွေးမ! ငါ မင်းကိုပြောလိုက်မယ် အဲဒီကလေးကို ပျိုးထောင်နေလို့ အသုံးမဝင်ဘူး”
ငိုယိုနေသော အသံနှင့်အတူ တစ်နည်းနည်းဖြင့် ရင်းနှီးနေသည့်အသံက စိတ်မရှည်စွာ တိုက်တွန်းနေသည်ကို ယင်ရိလျို ကြားနိုင်ခဲ့သည်။
“မြန်မြန်လုပ်စမ်း! အပျော်ကို မဖျက်စီးနဲ့”
ယင်ရိလျိုအနေဖြင့် ဤအသံကိုရင်းနှီးပြီး တစ်နေရာရာတွင် ကြားခဲ့ဖူးသကဲ့သို့ ထင်ခဲ့သော်ငြား မည်သည့်နေရာတွင် ကြားဖူးခဲ့ကြောင်းကို အမှတ်မဖော်နိုင်ချေ။
သူမ ကူကယ်ရာမဲ့စွာဖြင့် ပို၍တိုးကပ်လိုက်သည်။
မကြာခင်ပင် စီးကရက်မီးမှိန်မှိန်၏ ကျေးဇူးကြောင့် ထိုအမျိုးသား၏မျက်နှာကို သူမမြင်လိုက်သည်။
ထိုအမျိုးသားမှာ တဲဝင်ပေါက်တွင် အေးအေးဆေးအေးဖြင့် စီးကရက်သောက်နေကာ သူ့၏ကိုယ်ပေါ်မှ အင်္ကျီကိုလညားကြယ်သီးထပ်မထားခဲ့ချေ။
ဤလူသည်ကား နေ့လည်ခင်းက မီးခိုးရောင် ပါးသိုင်းမွှေးနှင့် လူကြီး၏ဘေးတွင်ရပ်ကာ ဝံပုလွေလေးကို တက်မက်ခဲ့သည့် မောက်မာသောအမျိုးသားသာဖြစ်၏။
သူက သူ၏လည်ပင်းကို ပျင်းရိစွာ လှုပ်နေပြီး တဲအတွင်းဘက်ကို ခဏခဏလှမ်းကြည့်နေခဲ့သည်။
တဲထဲမှ အမျိုးသမီးက အလွန်ငိုယိုနေသဖြင့် သူမ၏အသံက အက်ကွဲလာခဲ့သည်။
ယင်ရိလျိုတစ်ယောက် မထိန်းချုပ်နိုင်စွာ လက်သီးကိုတင်းတင်းဆုပ်ပြီး အံကြိတ်လိုက်မိသည်။
သူမက ဝံပုလွေနက်၏ နောက်ကျောကို လက်ညှိုးနှင့် အသာအယာလှမ်းတို့လိုက်သည်။
“ဟေးလန် ငါ့ကိုတစ်ခုလောက် ကူပါဦး”
ဝံပုလွေနက်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွား၏။
ဤယုန်ဝတုတ်က ဘာကြောင့် အလွန်စပ်စုနေသည်ကို ၎င်း နားမလည်ခဲ်ပါချေ။
သို့သော်လည်း သူမက တောင်းဆိုလာချိန်တိင် သူမ၏သမင်မျက်လုံးဝိုင်းဝိုင်းထဲမှ မီးတောက်ကိုမြင်လိုက်ရလျှင်၎င်း၏အမြီးကိုဒေါသထွက်စွာ လှုပ်ပြီး ပြေးထွက်ခဲ့သည်။
ကောင်းပြီ။
ဤတစ်ယောက်က နေ့ခင်းတုန်းက သူ့ကိုလည်း ရန်စခဲ့သောကြောင့် ဤသည်ကို စိတ်အနှောင့်အယှက်ပေးသည့် ပိုးကောင်ကို သုတ်သင်ခြင်းဟု ယူဆလိုက်ပေတော့မည်။
ဝံပုလွေက အလွန်လျှင်မြန်စွာ လှုပ်ရှားခဲ့သောကြောင့် ဆေးလိပ်သောက်နေသော လူငယ်မှာ ဝံပုလွေ၏ ကျယ်ကျယ်ဟထားသော ပါးစပ်က နီးကပ်လာသောအချိန်မှသာ သတိထားမိလေသည်။
သူ၏အမူအရာက ရုတ်တရက် မြန်ဆန်စွာ ပြောင်းလဲသွားကာ ၎င်း၏တိုက်ခိုက်မှုကို ကာကွယ်ရန် လက်မြှောက်လိုက်လေသည်။
သို့သော်လည်း သူ့လက်မောင်းကို ဝံပုလွေနက်၏သွားများက ဂရုဏာကင်းမဲ့စွာ ကိုက်ဖြတ်လိုက်ပေပြီ။
ထိုအမျိုးသားက အပြင်းအထန်နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး သူ၏ခြေထောက်များကို သားပိုက်ကောင်ခြေထောက်များ အဖြစ် အသွင်ပြောင်းခဲ့လေသည်။
သူက ဝံပုလွေလေး၏ ဝမ်းဗိုက်ကို ပြင်းပြင်းကန်ကာ သူ၏ လက်မောင်းအပြတ်ကို လွှင့်ပစ်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့သည်။
ဝံပုလွေနက်လေးမှာ သူ၏ ဝမ်းဗိုက်ကို အလွန်ပြင်းထန်စွာ အကန်ခံရမည်ဟု မျှော်လင့်ထားခဲ့ချေ။
ဤအမျိုးသား၏ ဆင့်ကဲပြောင်းလဲသည့်အသွင်က သားပိုက်ကောင်တစ်ကောင်၏ အသွင်နှင့်ဆင်တူပြီး သူ့ခြေထောက်များက ခန္ဓာကိုယ်တစ်ခုလုံးမှာ အသန်မာဆုံးအစိတ်အပိုင်း ဖြစ်နေခဲ့သည်
ဝံပုလွေ၏ဒေါသတို့က လှုံ့ဆော်ခံလိုက်ရပြီး တစ်ဖက်လူ၏နောက်ကို လိုက်ဖမ်းခဲ့လေသည်။
တဲထဲမှအမျိုးသားက အသံကြောင့်ထိတ်လန့်တကြားနှင့် ထလိုက်မိခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ?”
ထိုသူက သူ၏ဘောင်းဘီကို ဆွဲဝတ်ပြီး အခြေအနေကိုစစ်ဆေးရန် အလောတကြီး ထွက်လာလျှင် အလွန်အမင်း ချွန်ထက်သည့်ဓားသွားအချို့က သူ၏ဝမ်းဗိုက်ဆီသို့ ရက်စက်စွာ ထိုးစိုက်သွားခဲ့သည်။
ထိုအမျိုးသားက အလွန်ပင် ထိတ်လန့်သွားကာ အောက်ကိုငုံ့ကြည့်လိုက်လျှင် သူ၏ပေါင်အမြင့်သာရှိသည့် အဖြူရောင်ဝတ်စုံ ဝတ်ထားသော ကလေးမလေးတစ်ယောက်ကို မြင်ခဲ့ရသည်။
သူမထံတွင် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော မျက်နှာလေးရှိသော်လည်း သူမ၏လက်ကလေးကတော့ သူ၏အစာအိမ်ထဲကို ထိုးစိုက်နေခဲ့သည်။
တဲထဲမှအမျိုးသမီးသည်လည်း ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။
ထိုအမျိုးသားက ဖြည်းညင်းစွာ လျှောကျသွားသည်ကို မြင်ပြီးနောက် တွင် သူမလည့် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြိုလဲသွားခဲ့သည်။
သူမ၏အဝတ်အစားများက ဖရိုဖရဲဖြစ်နေခဲ့ကာ မျက်နှာကလည်း အရိုက်ခံသည့်အတွက် ရောင်ကိုင်းနေပြီး သူမ၏အကြည့်များက ဗလာကျင်းနေခဲ့သည်။
ယင်ရိလျို သူမကို ဆက်လက်၍ မကြည့်နိုင်တော့သောကြောင့် သူမ၏အကြည့်များကို ဘေးဘက်သို့ရှောင်လွှဲလိုက်လေသည်။
ထို့နောက်တွင် နေရာလွတ်ထဲမှ သန့်ရှင်းသော အဝတ်အစားများကို ထုတ်ယူပြီး ဘေးတွင် ချထားပေးလိုက်သည်။
“ရှင့်ရဲ့ကလေး ဘယ်မှာလဲ?”
အမျိုးသမီး၏ကိုယ်က တုန်ရီသွားသည်။
ထို့နောက်တွင် မျက်နှာကို နှေးကွေးစွာဖုံးအုပ်ပြီး စတင်ငိုကြွေးလာခဲ့လေ၏။
သူမက တိတ်တဆိတ် ငိုရှိုက်နေခြင်းမှ တဖြည်းဖြည်း ကျယ်လောင်စွာငိုကြွေး လာခဲ့လေသည်။
*
အမျိုးသမီး၏ ခင်ပွန်းသည်က ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်ခဲ့ပေသည်။သို့သော်လည်း သူသည်က အထောက်အပံ့ပစ္စည်းများ သွားရှာရန် လိုက်သွားခဲ့စဥ် သေဆုံးသွားခဲ့လေသည်။
အခြေစိုက်စခန်းထဲမှ လူများက အသားကီလိုဂရမ်အနည်းငယ်နှင့် ဆန်အနည်းငယ်ကို သူမနှင့် သူမ၏ကလေးဆီသို့ လျော်ကြေးအဖြစ် ပေးပြီးနောက် ဆင့်ကဲပြောင်းလဲသူ၏ မိသားစုဝင်များအတွက် သတ်မှတ်ထားသော အခန်းထဲမှ နှင်ထုတ်ခဲ့ကြသည်။
သူမ၏ ခင်ပွန်းမသေခင်က သူ၏ဇနီးနှင့် ကလေးကို သူ့ ကိုယ်စား စောင့်ရှောက်’ဂရုစိုက်’ပေးရန် သူ၏အသင်းဖော်များကို အပ်နှံခဲ့သည်။
သို့သော်ငြား ဤဆန်ကုန်မြေလေးအဖွဲ့က တစ်ဖက်လူ၏မှာကြားမှုအစား သူ၏ဇနီးကို သူတို့၏မနှစ်မြို့ဖွယ် ရည်ရွယ်ချက်များဖြင်် ‘ဂရုစိုက်’ ပေးစေချင်ကြလေသည်။
*