အခန်း (၅၂)
Vol. 6 Ch. 52
(Warning: R*pe case)
ကျင်းယန်နှင့် အခြားသူများ ဖောက်ဝင်ခဲ့သည် နေရာသည်ကား ဆင့်ကဲပြောင်းလဲသူ အုပ်စု၏ အခြေစိုက်စခန်းဖြစ်သည်:
သူတို့ထဲမှအချို့သည် လွတ်မြောက်လာသော ထောင်သားများဖြစ်နေကာ အခြားသူများသည်က ပျက်ကပ်မဖြစ်မှီက သင့်တော်သည့် ပေးချေမှုဖြင့် အလုပ်များရှိကြလေသည်။
ပျက်ကပ်ဖြစ်ပြီးနောက် သူတို့သည်လည်း ဆင့်ကဲပြောင်းလဲ စွမ်းရည်များကို ရရှိခဲ့ပြီး သူတို့၏အတွင်းစိတ် အညစ်အကြေးများက ထွက်ပေါ်လာခဲ့ကြသည်။
သူတို့က စစ်တပ်အခြေစိုက်စခန်းကိုပင် တိုက်ခိုက်ပြီး ရှင်ကျန်သူများကိုလည်း အဓမ္မခေါ်ဆောင်ခဲ့ကြသည်။
အရွယ်ရောက်ပြီးသား ယောကျ်ားများကို ခြိမ်းခြောက်ရန် သက်ကြီးရွယ်အိုများနှင့် ကလေးများကို အသုံးပြုခဲ့စဥ် မိန်းမငယ်လေးများကိုတော့ သူတို့၏ဆန္ဒများကို ထွက်ပေါက်ပေးရန် အသုံးပြုခဲ့ကြလေသည်။
လူအများ အရှက်တကွဲဖြစ်မှုကို ခံစားရသည်ကို သူတို့မြင်နေရပြီးနောက် သူတို့က လွန်ခဲ့သည့်ရက်များတွင် တိုး၍တိုး၍ ညစ်ညမ်းလာကြသည်။
မြို့စွန်ကို သိမ်းပိုက်ပြီးနောက် စီရင်စုဆီ ဦးတည်နေသောလမ်းကို ပတ်ဝန်းကျင်မှ ကျောက်တုံးများနှင့် ပိတ်ဆို့ခဲ့ကြလေသည်။
အနီးအနား Carrefour တွင် နှစ်ဝက်စာထက်ပိုခံသော အထောက်အပံ့ပစ္စည်းများရှိနေခဲ့သည်။
သူတို့က နေရာမှန်တွင် အချိန်ကိုက် ဖြစ်သွားခဲ့လေသည်။
ဖြတ်သန်းသူများ၊ လွတ်မြောက်ချင်သူများ သို့မဟုတ် ကျောက်တုံးများကို ရွေ့နေသူများ ရှိနေသရွေ့ သူတို့အားလုံး အဖမ်းခံရမည်ဖြစ်၏။
ဤကဲ့သို့ ဆန်ကုန်မြေလေး တစ်သိုက်နကြောင့် မြို့ထဲမှထွက်ခွာရန် စွမ်းဆောင်နိုင်သူမရှိချေ။
မြို့တော် M သည်က ဝင်ခွင့်ရှိသော်လည်း ထွက်ခွင့်မရှိသည့် တစ္ဆေမြို့တော်ဖြစ်လာခဲ့သည်။
ကျင်းယန်နှင့် အခြားသူများမှ ပြဿနာကို မရှာဖွေခဲ့လျှင်ပင် သူတို့၏(ကျင်းယန်တို့၏) လှုပ်ရှားမှုများကို ကြားသောအခါ သူတို့ထွက်လာမည်ဖြစ်၏။
မြို့တော် M မှ ထွက်ခွာရန် ဤလူရိုင်းများကို အရင်ဖြေရှင်းရလိမ့်မည်ဖြစ်၏။
ဤလူများ၏ ရဲတင်းသော မျက်လုံးများက ကျောင်းစီဟွေ့ဆီသို့ ဦးတည်နေသည်အား ကျောင်းချီယန် သတိထားမိသောအခါ သူ၏အစ်မရှေ့သို့ တိုးပြီး သူ၏ အလွန်မကျယ်သော ရင်ဘတ်နှင့် ကာရံပေးလိုက်သည်။
သူက လက်သီးကို တင်းကြပ်စွာဆုပ်လိုက်လေသည်။ သူ၏အဝတ်များအောက်မှ အရေပြားသည်လည်း အစိမ်းရောင်တောက်ပမှု ထုတ်လွှင့်နေပြီး အဝတ်အစားမျက်နှာပြင်မှ မညီညာသော အဖုများ၏ အရိပ်အယောင်ကို မြင်နိုင်လေသည်။
သူတို့သာ တစ်လှမ်းတိုးရဲလျှင် သူ၏လက်သီးဖြင့် ထိုသူတို့မျက်နှာတည့်တည့်ကို ပိတ်ထိုးပစ်လိမ့်မည်ဖြစ်၏။
ကျောင်းချီယန်၏ လက်ထဲမှ သေနတ်ကို မြင်သောကြောင်း တစ်ဖက်မှ လူများက အရှေ့သို့ ကျိုးကြောင်းမစဥ်းစားဘဲ တိုးမလာခဲ့ချေ။
လူများမှာ လက်နက်များကို အမြဲကြောက်ခဲ့ကြခြင်းဖြစ်၏။
သူတို့၏ ခေါင်းဆောင်မြွေခေါင်းနှင့် လူက ခြေထောက်ကို မြှောက်ကာ သူ၏နှုတ်ခမ်းကို မြွေလျှာဖြင့် လျှက်ပြီး ကျူးကျော်သူများကို ရွံရှာမုန်းတီးစွာ ကြည့်နေခဲ့သည်။
သူ၏အောက်ကြမ်းပြင်တွင် လဲလျောင်းနေသော အမျိုးသမီးမှာတော့ ချုံးချုံးကျနေသော အရုပ်တစ်ရုပ်နှင့်တူလေ၏။ သူမက အသက်ရှင်နေသည်လား သေသည်လားကို မသိရချေ။
ကျောင်းမောင်နှမလည်း ကောင်မလေးကို အနီးကပ်ကြည့်ချင်နေခဲ့ကြပြီး သူတို့၏နှလုံးသားထဲမှ ပြင်းပြသောဒေါသသည်က ပို၍ပင် တိုးလာခဲ့သည်။
“မြို့တော် M ကိုဖြတ်ဖို့ မင်းတို့ဝဲ့လူနည်းနည်းလေးထက် အများကြီးပိုလိုလိမ့်မယ်”
မြွေခေါင်းလူကြီးက သရော်လိုက်သည်။
“ဆန့်ကျင်ဘက် အခြမ်းမှာ ဘာရှိလဲဆိုတာ မင်းတို့သိလား?”
ကျင်းယန် ထိုလူ၏စကားလုံးများကို ကြားသောအခါ တစ်ဖက်လူများမှာ ရှင်သန်သူများ မြို့မှ ထွက်ခွာခြင်းမှ ကာကွယ်ရုံသာမကဘဲ ဆန့်ကျင်ဘက် ဘက်ခြမ်းတွင် ကြောက်လန့်စရာ တစ်စုံတစ်ခုရှိနေသောကြောင့် လမ်းကိုအလုံပိတ်ခဲ့ခြင်းဖြစ်လိမ့်ဟု တွေးလိုက်မိသည်။
သူတို့အပြင်သို့ မထွက်ချင်ခြင်းမဟုတ်ချေ။ သူတို့မထွက်နိုင်ခြင်းသာ ဖြစ်လိမ့်မည်။
သို့သော်လည်း သူ၏အတွေးများကို သူဘာသာ ထိန်းသိမ်းထားခဲ့သည်။
သူ၏ရှေ့မှ လူများကို ဂရုတစိုက်လေ့လာခဲ့ပြီးနောက် သူ့ထံတွင် စွမ်းရည်အသစ်တစ်ခု ရရှိခဲ့ခြင်းဖြစ်မည်ကို သူ သတိထားမိသွားခဲ့လေသည်။
တစ်ဖက်မှ အမျိုးသား ခြောက်ယောက် သို့မဟုတ် ခုနှစ်ယောက်တွင် အားလုံး၏ ခန္ဓာကိုယ်မှ ကွဲပြားသောခံစားချက်များကို ပေးနေခဲ့သည်။
သူတို့တွင် ကွဲပြားသော အငွေ့အသက်များရှိနေပြီး ၎င်းတို့ကို ဆင့်ကဲပြောင်းလဲသူများတွင်သာ ရှာတွေ့နိုင်သည်။
သူတို့အများစုက သူ့အတွက် အန္တရာယ်ရှိသည့် ပုံမပေါ်ချေ။
မြွေခေါင်းလူကြီးတွင်သာ ချိုချုံထက် ပို၍သန်မာသော အငွေ့အသက်ရှိပြီး ဤလူကြီးသည်က ချိုချုံထက် ကိုင်တွယ်ရပိုခက်သည်ကို ညွှန်ပြနေခဲ့သည်။
ဆင့်ကဲပြောင်းလဲသူများ၏ တန်ဖိုးဖြတ်အဆင့်ကို ဖွံဖြိုးခဲ့သော အထူးအာရုံခံစားမှုများက ကျင်းယန်ထံတွင် ရရှိလာသည့်ပုံရသည်။
ကျင်းယန် သူ၏လက်များဖြင့် မျက်လုံးများကို ဖုံးအုပ်ခြင်းခံထားရဆဲဖြစ်သော သူ၏လက်မောင်းထဲမှ ယုန်လေးကိုငုံ့ကြည့်လိုက်သည်။
အမြင်အားဖြင့် အန္တရာယ်ကင်းသည့်ယုန်၏ အနီးတစ်ဝိုက်တွင်တော့ မည်သည့်အငွေ့အသက်ကိုမှ အာရုံမခံမိချေ။အတက်ရောင်ဝံပုလွေက ကျင်းယန်၏ နောက်မှထွက်လာပြီး သူ၏ရှေ့တွင် မတ်တတ်ရပ်ကာ အရှေ့မှလူများကို စိုက်ကြည့်နေခဲ့သည်။
၎င်း၏နှာခေါင်းသည် အလွန်အနံ့ခံကောင်းပြီး မသာယာသော အနံ့များက သူ့ ကို အလွန်သက်တောင့်သက်သာမရှိအောင် ဖြစ်စေခဲ့သည်။
သိာ့သော်လည်း ပါးနပ်သော ဝံပုလွေသည်က အသင်းတွင် ၎င်း၏နေရာကို လုံခြုံစေရန်နှင့် ကျင်းယန်အပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်တစ်ခုချန်ထားရန် ပြုလုပ်ချင်ခဲ့သည်။
“အဲဒီနေရာကို သွားချင်သွားနိုင်ပေမဲ့ ဒီကနေ ထွက်ခွာဖို့ အဖိုးအခတော့ ပေးရမယ်”
သူ၏ရှေ့မှ ‘ဝဖြိုးသောသိုးများ’ ၏တန်ဖိုးကို တွက်ချက်နေသကဲ့သို့ မြွေခေါင်းလူကြီးက ကြက်သီးထစရာ ပြုံးနေခဲ့သည်။
“မဖြစ်နိုင်ဘူး!”
ကျောင်းချီယန် တုံ့ဆိုင်းမှုမရှိ ငြင်းဆန်လိုက်သည်။
ဤဆန်ကုန်မြေလေးများက အစားအစာ၊ လက်နက်ခဲယမ်း သို့မဟုတ် အမျိုးသမီးများကို လိုချင်ကောင်းလိုချင်နေနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့လိုချင်များကို သူဘယ်တော့မှ ပေးမည်မဟုတ်ချေ။
သူသည် အတော်ငယ်ရွယ်ဆဲဖြစ်၏။
သူ၏အတန်းဖော်များနှင့် ညစ်ပတ်သော ဟာသများတစ်ခါတစ်ရံလုပ်ပြီး လျှို့ဝှက်စွာဖြင့် လူကြီးများအတွက် ဇာတ်လမ်းများကို ကြည့်ခဲ့သော်လည်း ဤကဲ့သို့ ရက်စက်သော မြင်ကွင်းကိုတော့ ယခင်က မျက်မြင်မတွေ့ဖူးချေ။
နောက်ဖက်မှ ဒုက္ခရောက်နေသော အမျိုးသမီးများကိုဆိုလျှင် သူ ကြည့်ပင်မကြည့်ရဲပါချေ။
ဤသားရဲများ သူ၏အစ်မအပေါ်တွင် မျက်စိကျနေသည်ဟူသော အတွေးသည် သူ့ကိုအစာအိမ်အထိ နေမကောင်းဖြစ်သွားစေသည်။
ရှေ့ဘက်ရှိ ကတုံးကြီးက ကျောင်းချီယန်၏ စကားလုံးများကြောင့် ဒေါသထွက်သွားခဲ့သည်။
သူက သာမာန်လူတစ်ယောက်ထက် အဆအနည်းငယ် ပိုကြီးသော သူ၏လက်သီးကို လွှဲယမ်းလျှက် ကျောင်းချီယန်၏ ခေါင်းဆီသို့ဦးတည်၍ ရှေ့ခုန်တက်လာခဲ့သည်။
“ဒီမေနိုးလေးက အကြောတင်းသားပဲ!”
ကျောင်းချီယန်ထံတွင် အာရုံခံစားမှုအမျိုးအစား ဆင့်ကဲပြောင်းလဲမှုမရှိသောကြောင့် ကတုံးကြီး၏ လှုပ်ရှားမှုာ သူ့အတွက် တုံ့ပြန်ရန် အလွန်လျှင်မြန်နေခဲ့၏။ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် သူ၏လက်မောင်းများမှ အရေပြားကိုသာ မသိစိတ်အရ အသွင်ပြောင်းနိုင်ခဲ့သည်။
သို့သော်လည်း ဖြစ်လာဆဲ နာကျင်မှုကို မခံစားရချေ။ သူ၏နောက်တွင်ရပ်နေသော ကျောင်းစီဟွေ့က သူ၏ကော်လံနောက်မှ နောက်သို့ တရွက်တိုက်ဆွဲလိုက်သောကြောင့် ပျံနေသော သူ့ကိုယ်သူသာလျှင် ခံစားနိုင်လေသည်။
ထို့နောက်တွင်မျက်နှာကြောတင်းသည့် အမျိုးသမီးက တစ်ဖက်မှ လက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အရာအားလုံးသည်က မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။
ဆူးချွန်များက ကျောင်းစီဟွေ့၏လက်မှ ကြီးထွားလာသည်မှာ ကြေးဝါလက်ဆစ်များကို ဝတ်ဆင်ထားသကဲ့သို့ပင်။ ထိုဆူးများက ကတုံးကြီး၏ လက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဝင်သွားခဲ့သည်။
ကတုံးကြီးသည် နာကျင်မှုဖြင့်အော်ဟစ်လိုက်ပြီး သူ၏လက်ကို မာကျောသောဆူးချွန်ကြီးများထံမှအဝေးသို့ ပြန်ဆွဲလိုက်သောအခိုက်တွင် သူ၏အသားနှင့်သွေး အများအပြားကို ၎င်းတို့နှင့်အတူ ဆွဲထုတ်မိခဲ့သည်။
အရွယ်အစား အမျိုးမျိုးသော အပေါက်ဒဏ်ရာများနှင့် ပြည့်နေသော သူ၏လက်ကို ကြည့်ကာ တုန်လှုပ်သွားရလေသည်။
တခြားလူကြီးများလည်း မတ်တတ်ရပ်လာကြပြီး ကျောင်းမောင်နှမကို သတိထားလျှက် ချဥ်းကပ်လာကြသည်။
“ဒီခွေးမလေး! သူရဲ့လက်ကို ငါခုတ်ချပစ်တဲ့အထိ စောင့်နေလိုက်!”
ကတုံးလူကြီးမှာ ကျောင်းစီဟွေ့ကို ကြီးမားသော အမုန်းတရားများနှင့် စိုက်ကြည့်လျှက် ကျိန်ဆဲခဲ့သည်။
ကျောင်းစီဟွေ့က မကြောက်ရွံ့ပါချေ။ စက်ဆုပ်ရွံ့ရှာမှုကို ခံစားရရုံမျှသာ ဖြစ်သည်။
စူပါမားကတ်ထဲမှ အမျိုးသမီးများနှင့် ကလေးများကို ကြည့်လိုက်ရလျှင် သူမ၏နှလုံးသားထဲမှ ထိုးထွက်နေသော နာကျင်မှုကို ခံစားခဲ့ရသည်။
အမျိုးသမီးအများစုမှာ ဤသားရဲများထံတွင် အနိုင်ကျင့်ခြင်း ခံထားရ နှင့်ပြီးဖြစ်ကာ သွေးသံရဲရဲဒဏ်ရာများနှင့် ဖုံးလွှမ်းနေခဲ့သည်။ ဤအမျိုးသမီးများ အကြမ်းဖက်ခံရချိန်က သူတို့လုပ်နိုင်သည် အရာအားလုံးမှာ အော်ငိုခြင်းသာဖြစ်ခဲ့၏။
ထိတ်လန့်တုန်လှုပ်၊ သတိထားပြီး ကြောက်ရွံ့နေသော အကြည့်များကြားတွင် ရှေးဟောင်းရေတွင်း တစ်တွင်းနှင့်တူသည့် နက်ရှိုင်းပြီး တည်ငြိမ်သော မျက်လုံးတစ်စုံကို သူမသတိထားမိခဲ့သည်။
ထိ အနည်းငယ်လှုပ်နေသော မျက်လုံးများကို သူမ မမြင်ခင်အထိ ထိုမျက်လုံးများသည် လူသေတစ်ယောက်နှင့်သာ သက်ဆိုင်သည်ဟု ကျောင်းစီဟွေ့ ထင်လုနီးပါးပင်။
ထိုမျက်လုံးများက ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ် ကောင်မလေးတစ်ယောက် ပိုင်ဆိုင်ခြင်းဖြစ်၏။
သူမက အလွန် လှပသော မျက်လုံးကြီးများကို ပိုင်ဆိုင်ထားပြီး အလွန်လှပသော်လည်း သူမ၏ပါးပြင်များသည်က ချိုင့်ခွက်နေပြီး အဝတ်ဗလာဖြစ်နေခဲ့သည်။ သူမ၏ဆံပင်ရှည်ရှည်များကပင် ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို မဖုံးအုပ်နိုင်ချေ။
သူမ၏ခန္ဓာကိုယ်က ပေါ်နေသော်ငြား သူမက လုံးဝဂရုမစိုက်သကဲ့သို့ ဗလာဖြစ်သောအမူအရာဖြင့်သာ မြေပြင်ကိုစိုက်ကြည့်နေခဲ့သည်။
ပျက်ကပ်မတိုင်ခင်က သူမ၏ လှပမှုအဆင့်သည် သူတို့တက္ကသိုလ်နယ်မြေ၏ ကျောင်းပန်းပွင့်လေး၊ သူမ မိသားစု၏ အဖိုးတန်မင်းသမီးလေးအဖြစ် ယူဆ၍ရနိုင်သော်ငြား ပျက်ကပ်ပြီးနောက်တွင် ၎င်းကသူမကို အဆုံးမသတ်နိုင်သော ပြဿနာများကိုသာ ယူဆောင်ပေးခဲ့လေသည်။သူမ၏အလှတရားက အပြစ်ဒဏ်ဖြစ်လာခဲ့သည်။
ကတုံးကြီးသည် မြို့တော် M အကျဥ်းထောင်တွင် အလုပ်လုပ်ခြင်းမှဖြင့် ပြန်လည်ပုံသွင်းကာ အလုပ်အကျွေးပြုနေရသော အကျဥ်းသားတစ်ယောက်ဖြစ်၏။
သူသည်က မုဒိန်းမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသော အကျဥ်းထောင်တွင် အလုပ်လုပ်ခဲ့ရသည်။ ပျက်ကပ်ကိ ရောက်လာပြီးနောက် သူ၏ ခွန်အားတွင် ဆင့်ကဲပြောင်းလဲခဲ့သောကြောင့် အကျဥ်းခန်း၏ အကာအရံကို ချိုးဖြတ်ပြီး လွတ်မြောက်လာခဲ့သည်။
ထို့နောက် သူက မြွေခေါင်းလူကြီး၏ ဂိုဏ်းကိုဝင်ပြီး လူများပေါ်တွင် နင်းခြေကာ မရေမတွက်နိုင်သော လူများဘေးသင့်စေခဲ့ကြသည်။
ကတုံးကြီးမှာ ယောကျ်ားများက မိန်းမများထက် သာလွန်သည်ဟူသောမူကို အမြဲလက်ကိုင်ထားခဲ့သည်:
၎င်းကြောင့် အမျိုးသမီးများကို ကိုယ်ကျင့်သိက္ခာမဲ့စွာ စော်ကားပြီး အနိုင်ကျင့်နေခဲ့ခြင်းဖြစ်၏။
ယခု အမျိုးသမီးတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့ချိန်တွင်တော့ တမူထူးကဲစွာ အရှက်ရသွားခဲ့သည်။
သူ အော်ဟစ်ပြီး ရှေ့သို့ချီတက်သွားသော်ငြား ကျင်းယန်နှင့် သူ၏အသင်းဖော်များနှင့် ဆွေးနွေးရန် တွေးတောနေသော မြွေခေါင်လူကြီးက ပြုံးလျှက် တားဆီးလာခဲ့သည်။
ထိုသူတို့သည်က သူ၏လှောင်အိမ်ထဲတွင် အကျဥ်းချခံထားရနှင့်ပြီးသား ငှက်များဖြစ်နေသကဲ့သို့ အလွန်ပင် စိတ်ပြေလျော့ပြီး ယုံကြည်ချက်ရှိနေခဲ့သည်။
ကျင်းယန်ထံတွင် သာမာန်လူများထက် ပို၍ထက်ရှသော အနံ့ခံအာရုံရှိ၏။ ဤလူကြီးပေါ်မှ သွေးအနံ့ကို သူ ရနိုင်သည်။ ဆိုလိုသည်မှာ သူသည်က ယခင်က လူသတ်ခဲ့ဖူးသည်။
သို့သော် သူ၏အာရုံစူးစိုက်ကို ဆွဲသွားသည်မှာ ချဥ်စော်နံသော အနံ့တစ်ခု ရောနှောနေခြင်းဖြစ်၏။ ရွံရှာဖွယ်အနံ့သည်က ပျက်ကပ်ဖြစ်ပြီးနောက်တွင် ကြုံတွေ့ရန် မလွယ်ကူတော့ချေ။
၎င်းသည်က အလောင်းများ၏ အနံ့သာဖြစ်သည်။