← Chapters

အခန်း (၅၃)

Vol. 6 Ch. 53

အခန်း (၅၃)

Vol. 6 Ch. 53

လူသတ်သမားများ၏ မျက်လုံးများမှာ သာမာန်လူများနှင့် ကွဲပြား၏။ ယခင်က တိရစ္ဆာန်များကို သတ်ခဲ့သူများနှင့်မတူဘဲ အများအားဖြင့် ပို၍ လူမဆန်သော အငွေ့အသက်များရှိသည်။

သို့သော်ငြား သူတို့ဓားများက လူသွေးကို ထိလိုက်သည့်နှင့်အမျှ သူတို့၏မျက်လုံးများသည်က ပို၍ဖရိုဖရဲဖြစ်လာမည်ဖြစ်၏။

သူတို့၏မျက်လုံးထဲမှ သွေးဆာသည့် သွေးရူးသွေးတန်းဖြစ်မှုနှင့် ရက်စက်မှုများကို မြင်နိုင်လေသည်။

ဤမြွေခေါင်းလူသားကဲ့သို့ပင်။

သူသည် ပြုံးနေသော်လည်း သူ၏မျက်လုံးများသည်က ရွံစရာကောင်းနေလေသည်။

ကျင်းယန် တိတ်တဆိတ် လက်သီးဆုပ်လိုက်လျှင် သူ၏လက်မောင်းမှ ကြွက်သားများ တဖြည်းဖြည်းတင်းမာသွားပြီး သူ၏ အဝတ်များအောက်မှ အရေပြားမျက်နှာပြင်ပေါ်တွင် မာကျောသည့်အကာအကွယ်အလွှာတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

“ပေါက်ကရပြောနေတာကို ရပ်လိုက်တော့.. မြန်မြန်လုပ်”

သူက ယင်ရိလျို၏လည်ပင်းကို ညင်သာစွာပွတ်သပ်နေရင်းဖြင့် စိတ်မရှည်စွာပြောခဲ့သည်။

ကျင်းယန်က ကျောင်းမောင်နှမကို ပြောနေခြင်းဖြစ်သော်လည်း မြွေခေါင်းလူသား၏ မျက်နှာပေါ်မှ အပြုံးသည်က တောင့်တင်းသွားခဲ့ပြီး သူ၏အကြည့်ကို ကျင်းယန်ဆီသို့ တဖြည်းဖြည်းရွှေ့လိုက်သည်။

မြွေခေါင်းလူကြီးက မူလတွင် အသင်းကို ကျောင်းမောင်နှမမှ ဦးဆောင်ခြင်းဟု ထင်ခဲ့လေသည်။

သူက ဝှီးချဲပေါ်တွင် တိတ်ဆိတ်နေသော လူကိုလျစ်လျူရှုခဲ့သော်လည်း ယခုအချိန်တွင်တော့ သူမှားသွားခဲ့သည့်ပုံပင်။ ဝှီးချဲပေါ်မှ လူကသာ သူတို့၏အမှန်တကယ်ခေါင်းဆောင်ဖြစ်နေခဲ့၏။

သူသည်က အလွန်မောက်မာသောကြောင့် မြွေခေါင်းလူကြီးမှ သူ့ကိုအသားနုပ်နုပ်စဥ်းဖြစ်သည်အထိပင် ကြိတ်ချေချင်လေသည်။

မြွေခေါင်းလူကြီးက သူ၏လည်ပင်းကို မီတာဝက်ထက်ပို၍ ဆန့်ထုတ်လိုက်ပြီး ကျင်းယန်ဆီသို့ တရှူးရှူးဖြင့် နှာမှုတ်လာခဲ့သည်။

၎င်းအသံက အချက်ပြမှုတစ်ခုကဲ့သို့ပင် ဖြစ်ပေ၏။ သူ၏နောက်တွင် စောင့်နေသော အမျိုးသားကြီးများမှာ ကျင်းယန်နှင့် အခြားသူများဆီကို တိုးဝင်လာခဲ့ကြပြီး သူတို့၏သန္ဓေပြောင်းစွမ်းရည်များနှင့် ချက်ချင်းပင်တိုက်ခိုက်ခဲ့ကြသည်။

ကတုံးကြီး၏ လက်မှာ သွေးထွက်နေခြင်းတို့က ရပ်တန့်သွားပြီးဖြစ်၏

ဤအကြိမ်တွင် သူက ပို၍ပင် ဉာဏ်ကောင်းနေခဲ့လေသည်။

ကျောင်းစီဟွေ့က ကျောင်းချီယန်ကို အလွန်အမင်းဂရုစိုက်သည့်အကြောင်းကို သူသတိထားမိသောကြောင့် ထိုကောင်စုတ်လေးကိုအသုံးပြု၍ ခေါင်းမာသော ခွေးမအား ခြိမ်းခြောက်ရန် စီစဥ်ထားခဲ့သည်။

ကျောင်းချီယန်သည်ကား ကတုံးလူကြီး သူ့ဆီသိုး ဦးတည်လာသည့်အချိန်တွင် ခုခံသည့် အနေအထားတွင် ရှိနေနှင့်ပြီဖြစ်၏။

သူ၏ကြွက်သားများက ဖောင်းတက်လာခဲ့ကာ အင်္ကျီကို တစ်စစီဆွဲဖြဲပြီး ဟိန်းဟောက်လိုက်လေ၏။ သူ့ခန္ဓာကိုယ်မီာ ဤအချိန်တွင့ ကြီးမားသော အိမ်မြှောင်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့ပေသည်။

ထိုပြောင်းလဲမှုက ကတုံးနဲ့လူကြီးကို ထိတ်လန့်သွားစေခဲ့သည်။

သူက သူတို့၏ခေါင်းဆောင်ကို မသိစိတ်အရ တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ထိုအချိန်တွင် မြွေခေါင်းလူကြီးမှာ သူ၏သန္ဓေပြောင်းအသွင်ဖြစ်သည့် ကြီးမားသော စပါးအုံးမြွေကြီးတစ်ကောင်အဖြစ် အပြည့်အဝ အသွင်းပြောင်းခဲ့ပြီဖြစ်သည်။ သူ့ ခန္ဓာကိုယ်၏အကြီးဆုံး အပိုင်းသည်ကား ရေပုံးတစ်ပုံး အထူခန့်ရှိနေခဲ့သည်။

ကတုံးလူကြီးမှာ ဆယ်ကျော်သက်လေးကို ကိုယ်တွယ်ဖြေရှင်းရန်အတွက် ဤမျှလောက်အထိ ခက်ခဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

သူ၏ဘော့စ်ကဲ့သို့ပင် ကျောင်းချီယန်သည်လည်း ကြောက်စရာ မကောင်းဆိုးဝါတစ်ကောင်အဖြစ် အပြည့်အဝ အသွင်းပြောင်းနိုင်ခဲ့သည်။ သူ့အနေဖြင့် ယခုချက်ချင်းပင့ နောက်ကြောင်းပြန်သင့်နေပြီဟု ခံစားခဲ့ရသည်။

မြွေခေါင်းလူကြီး၏ သန္ဓေပြောင်းအသွင်မှာ မူလက ထိုကဲ့သို့မဟုတ်ချေ။

ပျက်ကပ်အတောအတွင်း သူ၏အနံ့ခံအာရုံကသာ ဆင့်ကဲပြောင်းလဲခဲ့လေသည်။

သို့သော်ငြား သူတို့တောအုပ်ကို လမ်းလျှောက်၍ ဖြတ်သန်းသောအချိန်က သူတို့မှာ သန္ဓေပြောင်း စပါးအုံးတစ်ကောင်ထံမှ ခြုံခိုတိုက်ခိုက်ခြင်းခံလိုက်ရသည်။

သူတို့ဘော့စ်သည်လည်း နေရာတွင်ပင် စပါးအုံးမြွေ၏ တရွတ်တိုက်ဆွဲသွားခြင်းကို ခံလိုက်ရသည်။

စပါးအုံးမြွေကြီးက သူ့ကိုတင်းကြပ်စွာရစ်ပတ်ပြီး အသားအိုင်တစ်ခုအဖြစ် ကြိတ်ချေခဲ့သည်ကို သူတို့စောင့်ကြည့်ခဲ့ကြရသည် ။

တစ်ဖက်လူ၏အရိုးများပင် အမှုန့်အဖြစ် ကြိတ်ခံခဲ့ရလေသည်။

စပါးအုံးမြွေသည် သူတို့၏ ဘော့စ်ကို ဖြည်းညှင်းစွာ ဝါးမျိုပြီးနောက် သစ်ပင်ပေါ်သို့ တိတ်တဆိတ် ပြန်တက်သွားခဲ့သည်။

သူ့ဂိုဏ်းထဲမှ ကျန်ရှုသည့်လူများမှာ အလွန်အမင်းပင် ကြောက်လန့်သွားကြပြီး မည်သည့်နေရာကိုမှ မသွားရဲကြတော့ဘဲ သူတို့၏နေရာသို့ အလောတကြီးပြန်ပြေးခဲ့ကြရလေသည်။

သို့သော်ငြား နောက်တစ်နေ့မနက် တံခါးကိုဖွင့်လိုက်သောအချိန်တွင်တော့ သူတို့၏ဘော့စ်အား အပြင်ဘက်တွင် အပြုံးတစ်ခုဖြင့် မတ်တတ်ရပ်နေသည်အား မြင်ခဲ့ရလေသည်။

သူတို့၏ဘော့စ်က ပြန်ရောက်လာခဲ့သော်ငြား ထိုသူမှာ လူသားမဟုတ် မြွေလည်းမဟုတ်သော မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက သူ၏ကြောက်စရာ တြိဂံပုံစံမြွေခေါင်းနှင့် လျှောက်ပတ်သွားရသည်ကို အလွန် နှစ်သက်လာခဲ့လေသည်။

သို့သော်လည်း လူအများကို ပို၍ကြောက်လန့်စေသည့်အရာမှာ:ထိုသူက မိန်းကလေးများကို ညစ်ညူးစွာ လုပ်ဆောင်ပြီးနောက် သူ့ကိုသတ်ပစ်ခဲ့သော သန္ဓေပြောင်းမြွေကဲ့သို့ သူ၏ ကျူးလွန်ခံရသူများကို နည်းနည်းချင်း ကြိတ်ချေရန်အတွက် သူ၏မြွေခန္ဓာကိုယ်ကို အသုံးလိမ့်မည်ဖြစ်၏။

ဤမြင်ကွင်းသည်ကား အမှန်စင်စစ်ပင် ကမ္ဘာမြေပေါ်မှ ငရဲနှင့်တူလေသည်။

ကျောင်းချီယန်က အိမ်မြှောင်တစ်ကောင် အဖြစ်အသွင်ပြောင်းနိုင်သည်ကို ကတုံးလူကြီးမြင်သောအခါ ကျောင်းချီယန်သည်လည်း သူ၏ဘော့စ်ကဲ့သို့ သွေးဆာနေသော မကောင်းဆိုးဝါးတစ်ကောင်ဟု ချက်ချင်းယူဆလိုက်ပြီး လူအုပ်ထဲသို့ လျှင်မြန်စွာထွက်ပြေးသွားခဲ့သည်။

ထို ကတုံးလူကြီး၏ခေါင်းထဲတွင် ရှိနေခဲ့သော အတွေးများကို ကျောင်းချီယန် မသိခဲ့ပါချေ။

ကတုံးလူကြီးက မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသည်ကို မြင်သော် သူ အလွန်ပင် စိတ်ရှုပ်ထွေးသွားသော်ငြား သူ့နောက်မှ ချက်ချင်း လိုက်ဖမ်းခဲ့ပြီး သူ၏ခြေကျင်းဝတ်မှ အသားပိုင်းကြီးတစ်ခုကို ကိုက်ဖြတ်ပစ်လိုက်လေ၏။

ဤသားရဲကောင်ကြီးက သူ၏အစ်မကို ကြည့်ခဲ့သည့် အကြည့်များကို သူမမေ့သေးပါချေ။

သန္ဓေပြောင်း အိမ်မြှောင်၏ တံတွေးမှာ လွန်ကဲစွာ အဆိပ်ပြင်းပြီး ဘက်တီရီးယားအမျိုးအစားစုံလင်စွာ ပါဝင်လေသည်။

ကတုံးလူကြီး၏ မျက်လုံးများက နာကျင်မှုကြောင့် နီရဲသွားခဲ့သည်။ သူငုံ့ကြည့်လိုက်ချိန်တွင် သူ၏ခြေကျင်းဝတ်မှ ဒဏ်ရာက ခရမ်းရောင်သမ်းစ ပြုလာခဲ့ ပြီး ထိတ်လန့်ဖွယ်နှုန်းဖြင့် ပုပ်လာသည်ကို မြင်ခဲ့ရသည်။

ကျောင်းစီဟွေ့တွင်တော့ သူမ၏မောင်လုပ်ခဲ့သကဲ့သို့ အင်္ကျီလက်ထဲတွင် စိတ်လှည့်စားမှု အများအပြား မရှိချေ။

သူမက စတီးအပ်ချောင်း ဘောလုံးကြီးနှင့်တူကာ သူမ၏ အနားသို့ ကပ်လာသည့် မည်သူ့ကိုမဆို ထိုးနေခဲ့သည်။

မြေရှင်ကြီးများနှယ် နေထိုင်ခဲ့သော ဤဆင့်ကဲပြောင်းလဲသူများမှာ ကျောင်းမောင်နှမက ဤကဲ့သို့ကြမ်းတမ်းသည့် ပြိုင်ဘက်များ ဖြစ်နေသည်ကို သိလျှင် ရှော့ရသွားကြသည်။

သူတို့၏ခန္ဓာကိုယ် အနှံ့၌ အပ်ချွန်ချွန်များဖြင့် ထိုးဖောက်ခံထားရသော လူများထဲမှ အချို့သည်က နောက်ကို ပြန်ဆုတ်ခဲ့ကြကာ ထိုမောင်နှမအစား သူတို့၏ပစ်မှတ်ကို ပို၍အားနည်းသည့်ပုံရှိသော ကျင်းယန်ဆီသို့ ပြောင်းလဲစပြုလာကြသည်။

ဝှီးချဲပေါ်တွင် ထိုင်နေသောလူသည်က သူ၏ဦးခေါင်းခွံကို တစ်ချက်ထိုးရုံနှင့် ခြေမွနိုင်သည့် မျက်နှာဖြူလေးကဲ့သို့ ထိခိုက်လွယ်ပုံပေါ်လေသည်။

ထို့ကြောင့် လူတစ်ယောက်က ကျင်းယန်ဆီကိုဦးတည်၍ ပြေးလာခဲ့လေသည်။

ထိုလူ ချဥ်းကပ်လာသည့်အသံကို ယင်ရိလျို ကြားသည့်အခါ လူကြီးကိုကန်းသွားစေရန် သူမ၏လက်သည်းများနှင့် ကုတ်ရန်အတွက် ကျင်းယန်၏လက်များထဲမှ လွတ်မြောက်ချင်သော်ငြား ကျင်းယန်က သူမကိုလွတ်ပေးရန် ငြင်းဆိုခဲ့ပြီး ဆုပ်ကိုင်ထားခဲ့လေ၏။

သူမ မြင်နိုင်သည့်အရာအားလုံးမှာ အမှောင်ထုသာလျှင် ဖြစ်ပေသည်။

ယင်ရိလျိုအနေဖြင့် ရွှေပေါင်လုံးကြီးကို ထိခိုက်မိမည်ကို စိုးရိမ်နေခဲ့သည်။

ကျင်းယန်သည်လည်း ဤအဝတ်မပါသော ယောကျ်ားများနှင့် မိန်းမများ၏ မြင်မကောင်း၊ ရှုမကောင်း မြင်ကွင်းကို ယုန်လေးဆီသို့ မပြသင့်ဟူသော ဆုံးဖြတ်ချက်ကို အနည်းငယ်မျှပင် မလျှော့ချေ။

ဆိုရလျှင် တစ်ဖက်တွင်ရှိနေသော ကျူးလွန်ခံရသူများကို ကျောင်းမောင်နှမ သနားသလောက် သူ မသနားမိပါချေ။

သူသည်က မွေးရာပါ သွေးအေးသတ္တဝါဖြစ်၏။

သူ တန်ဖိုးထားခြင်း မခံရသော သူများမှာ သူ့အတွက်သူစိမ်းများနှင့်တူ၏။ ဤသည်က မြို့ကိုဖြတ်ရန် တစ်ခုတည်းသော လမ်းမဟုတ်ခဲ့လျှင်၊ ဤလူများက ပြဿနာကို တောင်းဆိုနေခြင်းမဟုတ်ပါလျှင် နေရာကို အကြည့်တစ်ချက်ပင် မပေးဘဲ ဖြတ်သွားလိမ့်ဖြစ်၏။

ကျင်းယန် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်လေသည်။

သူက လက်ကို မြှောက်လိုက်သည့်အခိုက်တွင် ချိန်ရွယ်ရန်ပင် မလိုအပ်ဘဲ သူ့ရှေ့မှ လူဆီသို့ သေနတ်တစ်ချက် ပစ်ထည့်လိုက်သည်။

သူက ထိုလူ၏လှုပ်ရှားမှုကို တိကျစွာခန့်မှန်းခဲ့ပြီး လည်နေသော ကျည်ဆန်ကို တစ်ဖက်လူ၏ရင်ဘက်တည့်တည့်သို့ ပို့ဆောင်လိုက်လေသည်။

ကျယ်လောင်လှသော ‘ဘန်း’ ဟူသည့်အသံနှင့်အတူ ထိုလူမှာ နောက်သို့ လန်ကျသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့လေသည်။

ထိုလူကြီး၏ရင်ဘက်က အပေါက်ဖြစ်သွားခဲ့ကာ သွေးများ တစ်စက်စက်ဖိတ်စင်လာခဲ့လေသည်။

စွမ်းအင်အစွမ်းကြောင့် ကုသနိုင်စွမ်းတို့က အလုပ်လုပ်လာပြီး ထိုပေါက်ထွက်နေသော ရင်ဘက်က လိမ်တွန့်၍ လှုပ်ရှားနေခဲ့ကာ သေစေနိုင်သည့် သေနတ်ဒဏ်ရာကို ကုစားရန် ကြိုးပမ်းနေခဲ့သည်။

ကျင်းယန်က သူ၏ဝှီးချဲကို အေးဆေးတည်ငြိမ်စွာဖြင့် ရှေ့သို့ရွှေ့လိုက်ပြီး သူ၏တင်းမာနေသော လက်ဖျံကြွက်သားများကို မြှောက်က် တစ်ဖက်လူကို မျက်နှာကို ထိုးလိုက်သည်။

ထိုလူ၏နှာတံမှာ ကျိုးအက်သံတစ်ချက် ထွက်လာပြီး သူ၏မျက်နှာမှ သွေးများကလည်း တသွင်သွင်စီးကျနေလာခဲ့ကာ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးမှာ မြေပြင်မှ ကြွတက်ပြီး နောက်တစ်ကြိမ် ပစ်ချခံလိုက်ရသည်။

မြွေခေါင်းနဲ့လူကြီးသည်ကား အနက်ရောင်သားပေါက်ထံတွင် ပိတ်ဆို့ခြင်းခံထားရကာ လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။

သူ့ဘက်မှ ဝံပုလွေသားပေါက်၏ လည်ချောင်းကို ကိုက်ချင်သည့် အချိန်တိုင်း သားရဲက အကင်းပါးစွာ ခုန်ဆုတ်ပြီး သူ၏ခန္ဓာကိုယ်ကို ကုတ်လိမ့်မည်ဖြစ်၏။တစ်ခဏကြာပြီးနောက် သူ၏ကျောရိုးအထိ ရောက်သော ဖြတ်ရာအနည်းငယ်တို့ ရှိနေနှင့်ပြီဖြစ်ပြီး နာကျင်မှုဖြင့် တရှဲရှဲသံများ ထွက်ပေါ်နေခဲ့သည်။

သူ့အနေဖြင့် အလွန်အမင်း ဘဝင်မကျသကဲ့သို့ ခံစားရလေသည်။ ဤလူများသည်က သူထင်ထားသည်ထက်ပို၍ သန်မာနေခဲ့သည်။

သူ မတ်မတ်ရပ်လိုက်ကာ သားပေါက်၏ မျက်လုံးများထဲသို့ အဆိပ်ပြင်းပြင်းများ မှုတ်ထုတ်ရန် စီစဥ်လိုက်သည်။

ထိုအခိုက်တွင် အလွန် လျှင်မြန်သော ကျည်ဆန်တစ်ခုက သူ့၏မြွေခေါင်းကို အလွန်အမင်း ပရိယာယ်များသော ထောင့်မှထိမှန်သွားခဲ့ကာ သူ၏ဦးနှောက်ရည်များကို တစ်စက်စက်ဖိတ်စင်သွားစေလေသည်။

ဝံပုလွေသည်လည်း ဤအချိန်ကို အခွင့်‌ကောင်း ယူလိုက်ပြီး သူ၏ခေါင်းကိုကိုက်ခဲ့လိုက်လေ၏။ တစ်ဖက်လူ၏ ခေါင်းက မြေပြင်ပေါ်တွင် ရှည်လျားသောအကွာဝေးထိ လိမ့်သွားခဲ့တော့သည်။

All Chapters