← Chapters

အခန်း (၅၅)

Vol. 6 Ch. 55

အခန်း (၅၅)

Vol. 6 Ch. 55

ကားဆီသို့ ပြောလာခဲ့သည့်ကား မိန်းကလေးမှာ ပြတင်းပေါက်က မှန်ချသည်ကို မြင်သွားခဲ့သည်။

သူမက ကားထဲတွင် ထိုင်နေကြသည့် သန့်ရှင်းသော အဝတ်အစားများကိုဝတ်ဆင်ထားသည့် အမျိုးသားနှင့် အမျိုးသမီးများကို တစ်ချက်ကြည့်ကာ အနားသို့ တိုးကပ်လာခဲ့သည်။

ထို့နောက် အသက်ကို ပြင်းပြင်းရှူပြီး မေးလိုက်လေသည်။

“ရှင်... ရှင်တို့အဖွဲ့ထဲကို ဝင်ခွင့်ပြုလို့ရမလား?”

ဤလူများက ထိုမကောင်းဆိုးဝါးများကို အလွယ်တကူ သတ်သည်ကို သူမ မြင်တွေ့ခဲ့ရသည်။ ထိုအချိန်ကတည်းက သူတို့အားလုံးမှာ အလွန်သန်မာသော ဆင့်ကဲပြောင်းသူများ ဖြစ်‌ကြောင်းကို သူမ သိရှိခဲ့လေသည်။

သန္ဓေပြောင်းတိရစ္ဆာန်များက လူသားများကို နေရာတိုင်းအမဲလိုက်‌နေသည့် ဤအန္တရာယ်ရှိသည့် လောကကြီးထဲတွင် သူမဘာသာ ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

သူမက သန္ဓေပြောင်းတိရစ္ဆာန်များထံတွင် အစားခံရခြင်း သို့မဟုတ် မတိုင်မီက လူ့တိရစ္ဆာန်များကဲ့သို့ လူများထံတွင် ထပ်မံ၍ အနိုင်ကျင့်ခံရသော ကံကြမ္မာမျိုးကို ကြုံတွေ့နိုင်ပြီး လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။

ထိုကြောင့် ဤမိန်းကလေးက ကားထဲမှ လူများကို တားဆီးပြီး တောင်းပန်ရန်အတွက် နောက်ဆုံးလက်ကျန် သတ္တိကို ဆွဲထုတ်ခဲ့လေသည်။

“ရှင်တို့တွေ ကျွန်မကို ခေါ်သွားလို့ရမလား? ကျွန်မ ဘာမဆို လုပ်နိုင်ပါတယ်”

“မခေါ်ဘူး”

ကျင်းယန် သူမကို ပြတ်သားစွာ ငြင်းလိုက်သည်။

သူသည် အလွန်ချောမောခန့်ညားသောကြောင့် သူတို့ကို အေးစက်စွာ မှောက်ချလျှင်ပင် လူများက သူ့ကိုမမုန်းတီးနိုင်ပါချေ။

သူက ကျောင်းမောင်နှမကို ခတ္တခဏမျှ ကြင်နာမှုပြသရန် ခွင့်ပြုခဲ့သော်လည်း သူသည်က အမှိုက်စုဆောင်းသူမဟုတ်သကဲ့သို့ ပြေးလွှားရနေသော ဒုက္ခသည်များ၏ ခိုလှုံရာမဟုတ်ပါချေ။

တွေ့သမျှ လူတိုင်းကို သူ မည်သို့ကယ်တင်နိုင်ပါမည်နည်း?

ထို့ထက်ပိုသည်မှာ ဤမိန်းကလေးသည်က ကာကွယ်မှုကိုသာ တောင်းဆိုခဲ့သည်။

သူက သူမကို ဘာအတွက်ကြောင့် ကာကွယ်သင့်တာလဲ?

သူမက အများကြီးငိုနိုင်တာကြောင့်လား?

သူမက အများကြီးစားနိုင်တာကြောင့်လား?

မိန်းကလေးမှာ ထပ်မံ၍ အသနားခံချင်သော်ငြား ကျင်းယန်က ကျောင်းစီဟွေ့ကို ကားပြတင်းပေါက်မှန်တင်ရန် ညွှန်ကြားခဲ့လေသည်။

သူမ ထပ်၍ တောင်းဆိုရန် ကြိုးစားသောအခါတွင် အနက်ရောင် ဝံပုလွေက ခြိမ်းခြောက်လိုစွာ မာန်ဖီပြခဲ့သောကြောင့် သူတို့ဆီ သူမ နောက်ထပ်ကြာကြာ မချဥ်းကပ်ရဲတော့ချေ။

သူမက လမ်းဘေးတွင်သာ ဗလာဖြစ်စွာ မတ်တတ်ရပ်နေခဲ့သည်။

မျက်ရည်များကလည်း သူမ၏ပါးပြင်မှ တသွင်သွင်စီးကျလာပြီး ခါးသီးသော ခံစားချက်များက သူမ၏နှလုံးသားထဲတွင် ကြီးထွားလာခဲ့သည်…

*

စူပါမားကတ်ထဲမှ ဆင့်ကဲပြောင်းလဲသူများကို သုတ်သင်ရှင်းလင်းပြီးနောက်တွင် အကျဥ်းချခံထားရသော မိန်းကလေးအများစုက သူတို့၏မိသားစုများနှင့် ထွက်ခွာခဲ့ကြသည်။

သူတို့အပြင်ဘက်ကို ထွက်လာခဲ့လျှင် အလွန်အမင်း မြင့်မားသော သစ်ပင်များနှင့် အတော်ဝေးကွာသည့် အကွာအဝေးအတွင်းမှ အပင်များ ဖုံးလွှမ်းခံထားရ‌သော အဆောက်အအုံများကို ကြည့်လျှက် တိတ်ဆိတ်မှုအတွင်း ကျရောက်သွားလေသည်။

နေရာတိုင်းတွင် လူသားစား သန္ဓေပြောင်းတိရစ္ဆာန်များရှိနေခဲ့သည်။

သူတို့မြို့ထဲတွင် နေလျှင် ဤကဲ့သို့ အန္တရာယ်များကို ပက်ပင်းကြုံရခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်ငြား သူတို့ကအပြင်ဘက်မှ အမည်မသိ လောကကြီးကို ပို၍ပင်ကြောက်ရွံ့ကြလေသည်။

သူတို့က မြို့ထဲတွင်သာ ပုန်းအောင်းကြလိမ့်မည်ဖြစ်သည်။

*

တစ်ဖက်တွင်တော့ ကားထဲမှ လေထုက အနည်းငယ် စိတ်ဓာတ်ကျစရာကောင်းနေသော်လည်း ကျင်းယန်ထံမှ ခေါင်းကို အဆတ်မပြတ် ပွတ်သပ်ခြင်းခံရပြီးနောက် ယင်ရိလျိုတစ်ယောက် သူမ၏ ခံစားချက်များကို လျှင်မြန်စွာ ထိန်းညှိလိုက်နိုင်ခဲ့သည်။

သူမသည် အိပ်ငိုက်စပြုလာပြီး သူမ၏မွှေးထူထူ ခေါင်းလေးကို သူ၏လက်ချောင်းများဆီတွင် ပွတ်သပ်လိုက်လေသည်။

အမြဲတစေ အလွန်အမင်း တက်ကြွပြီး လေထုကို သက်ဝင်လှုပ်ရှားစေနိုင်စွမ်းရှိသော ကျောင်းချီယန်ကတော့ လက်ရှိအချိန်တွင် ကြည့်ရသည်မှာ အတော်ပင်မှုန်သုန်နေလေသည်။

သူ၏မျက်နှာတွင် ရှရာတိမ်တိမ်နှစ်ခု ရှိနေခဲ့သည်။ ယင်ရိလျိုက သူ့၏ဒဏ်ရာကို ပိုးသတ်ရန်အတွက် သူမ၏နေရာလွတ်ထဲမှ အရက်ပြန်နှင့် ပိတ်ကျဲစကိုထုတ်ပေးခဲ့သည်။

ထို့ကြောင့် သူ၏ဒဏ်ရာကို ပတ်တီးစီးပြီးနောက် ဒဏ်ရာကို ဘက်တီးရီးယားများနှင့် အနုမြူသက်ရှိများ ပိုးဝင်ခံရခြင်းကို အချိန်မှီကာကွယ်နိုင်ခဲ့လေသည်။

ယင်ရိလျိုက အထောက်အပံ့ပစ္စည်းများအတွက် မွှေနှောက်ရှာယူခဲ့သောအချိန်က သူမ၏နေရာလွတ်ထဲသို့ အဝတ်အစားအများအပြားနှင့် ဖိနပ်များကို ထုပ်ပိုးခဲ့လေသည်။

ထိုနေရာလွတ်တွင် ဆောင်းရာသီအဝတ်အစားများ၊ နွေရာသီအဝတ်အစားများနှင့် အရွယ်ရောက်ယောကျ်ားလေးများအတွက် အဝတ်အစားများနှင့် ကျောင်းမောင်နှမအတွက် အဝတ်အစားများပါရှိလေသည်။

ထပ်ဆောင်းအနေနှင့် သူမ၏လူသားအသွင်အကြောင်းကို စဥ်းစားခဲ့ပြီး လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ် မိန်းကလေးအဝတ်အစားများကိုလည်း လျှို့ဝှက်စွာ ထုပ်ပိုးခဲ့လေသည်။

သူမ အရွယ်ရောက်လာမည်လား သို့မဟုတ် ထိုနည်းအတိုင်း ထာဝရနေသွားမည်လား သူမ,မသိသော်လည်း အသက်အရွယ်တိုင်းအတွက်လည်း လိုရမယ်ရ အဝတ်အစားအချို့ ယူခဲ့လေသည်။မည်သို့ပင်ဖြစ်စေ သူမ၏နေရာလွတ်သည်က အားလုံးကို ဆံ့ရန်အတွက် လုံလောက်ပေသည်။

Carrefour ထဲရှိ အအေးခန်းဧရိယာတွင် ဓာတ်အား ပြတ်သွားသည်မှာ ကြာပြီဖြစ်၏။

အစားအစာအပုပ်များမှ အနံ့အသက်ဆိုးသည် အလွန်ဆိုးဝါးသောကြောင့် သူတို့ခေါင်းများပင် မူးဝေကာ ချာချာလည်နေခဲ့ရသည်။

စင်ပေါ်မှ မဲနက်ပြီးပုပ်နေသော အသားများတွင် ဝတုတ်ပြီး ဖောက်ထွင်းမြင်နိုင်သော ခန္ဓာကိုယ်များနှင့် လက်ချောင်းအရွယ် လောက်များက ဖုံးလွှမ်းနေကာ ယင်ကောင်များလည်း ဝန်းရံနေလေသည်။

ယင်ရိလျိုက ကျင်းယန်ကို ဧရိယာထဲသို့ ဝင်ခွင့်မပြုဝံ့ချေ။

သူမက အကိုက်ခံရခြင်းကို မကြောက်ရွံသော ယုန်တစ်ကောင် ဖြစ်သော်လည်း ကျင်းယန်အတွက်ကတော့ မတူညီချေ။

သူမက ဦးရေပြားကို တရွရွဖြစ်စေသော တဝီဝီအသံများ၏ အဝေးမှ အလုံပိတ်ထုပ်ပိုးထားသော အစားအစာများအားလုံးကိုသာ သူမ၏နေရာလွတ်ထဲ အလျှင်အမြန် ပစ်ထည့်ခဲ့ပြီး စူပါမားကတ်ကို ခါချလိုက်လေသည်။

သူတို့၏ သန္ဓေပြောင်းအသွင်ဆီ အသွင်ပြောင်းသောအချိန်တွင်ခန္ဓာကိုယ်ပုံစံများ အဓိကပြောင်းလဲသည့် ကျောင်း‌မောင်နှမကဲ့သို့ ဆင့်ကဲပြောင်းလဲသူများမှာ အဝတ်အစားအများအပြားကို ဖြုန်းတီးလိမ့်မည်ဖြစ်၏။

အထူးသဖြင့်‌ ကျောင်းချီယန်မှာ အိမ်မြှောင်တစ်ကောင် အဖြစ် အသွင်ပြောင်းသည့်အချိန်တိုင်း သူ၏အဝတ်အစားများက အစုတ်အပြဲများအဖြစ် စုတ်ပြဲသွားလိမ့်မည်ပင်။

သူ လူသားအသွင်သို့ ပြန်ပြောင်းသောအချိန်တတွင် ကိုယ်တုံးလုံးသာ လျှောက်ပတ်ပြေးနိုင်လေသည်။

သူက ကျင်းယန်၏ အဝတ်အစားများကို ယူဝတ်နေခြင်းဖြစ်ပြီး ကျင်းယန်၏အင်္ကျီနှင့် ဘောင်းဘီများက သူအတွက် အနည်းငယ်ကြီးလွန်းနေခဲ့သည်။

အဝတ်များကို ခေါက်လိုက်သောအချိန်တွင် သူ၏ပိန်ပါးသော လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များက ပေါ်နေကာ အဖေဖြစ်သူ၏အဝတ်များကို ခိုးဝတ်ထားသော ကလေးတစ်ယောက်နှင့် တူနေလေသည်။

၎င်းက အတော်လေး ရယ်စရာကောင်းသော အသွင်အပြင်ဖြစ်၏။

ကျင်းယန်အပေါ် ယင်ရိလျို၏ ထင်မြင်ချက်ကတော့ သူမ၏မျက်လုံးများကို ပထမဆုံးဖွင့်ခဲ့သောအချိန်က မြင်ခဲ့သည့် တူညီသောနည်းဖြင့်သာ စိတ်ထဲတွင် ထင်ကျန်နေပုံရ၏။

သူ၏မျက်နှာပေါ်တွင် အမူအရာမရှိဘဲ ပတ်လည်တွင် အေးစက်နေသော အရှိန်အဝါနှင့်ရှိနေပြီး ဝှီးချဲပေါ်တွင် ထိုင်နေသောအချိန်တွင်လည်း ခန့်ညားပြီး ထိခိုက်လွယ်သောပုံရသည်။

ထို့ကြောင့် ကျင်းယန်၏ခြေထောက်များက တဖြည်းဖြည်းပြန်သက်သာ နေလျှင်ပင် သူမ၏ရွှေပေါင်လုံးကြီးကို ပိန်ပါးပြီး ကျိုးပဲ့လွယ်သည်ဟု ထင်နေဆဲဖြစ်၏။

၎င်းသည် နှိုင်းယှဥ်ချက်အနေနှင့် ကျောင်းချီယန်၏တည်ရှိမှု မတိုင်ခင်ဖြစ်ကာ သူမ၏ရွှေပေါင်လုံးကြီးက အားမနည်းဘဲ ပျက်ကပ်အတောအတွင်း ထိုသူက တိုး၍တိုး၍ သန်မာလာလိမ့်မည်ကိုသာ သူမ သတိထားမိသွားခဲ့သည်။

ကျင်းယန် ဝှီးချဲပေါ်တွင် ရှိနေချိန်က မမြင်သာသော်ငြား သူ မတ်တတ်ရပ်လိုက်သောအချိန်တွင် သူသည်က ကျယ်ပြန့်သောပုခုံး၊ ကျဥ်းမြောင်းသောခါးနှင့် အနည်းဆုံး ၁၈၅ စင်တီမီတာရှည်ကြောင်းကိုဘတွေ့မြင်နိုင်သည်။

သူ၏ ကြွက်သားအချို့ ချည့်နဲ့မှုရှိသော ခြေထောက်များသည်လည်း နေ့တိုင်း ရည်ရွယ်ချက်ရှိရှိ လေ့ကျင်ခဲ့ပြီးနောက် ဖြည်းညှင်းစွာ ပို၍သန်မာလာလေသည်။

တစ်ချိန်တည်းတွင် သူမ၏ရွှေပေါင်လုံးကြီး၌ နောက်ပိုင်းတွင် လောကကြီးဖျက်ဆီးမည့် အဆုံးမရှိ ဗီလိန်တစ်ယောက်၏ အရှိန်အဝါများက ရှိစပြုလာနေပြီဖြစ်၏။

သူသည်က အေးစက်ပြီး တသီးတခြား ကျန်ရှိနေဆဲဖြစ်ကာ သူ၏ကယ်ဆယ်သူ ယုန်လေးကို မျက်နှာချင်းဆိုင်သောအခါမှသာ သူ၏နူးညံ့သော ဘက်ခြမ်းကို ပြသလေ့ညှိသည်။

ဤအချိန်တွင် ကျောင်းချီယန်မှာ ယင်ရိလျို Carrefourမှ ယူထားသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

၎င်းက သူနှင့် ကောင်းမွန်စွာလိုက်ဖက်နေပြီး အလုပ်လုပ်ရန်အတွက် အရွယ်ရောက်သူ တစ်ယောက်အဖြစ် ဟန်ဆောင်နေသည့် ကလေးတစ်ယောက်နှင့် တူနေခြင်း မရှိတော့ပေ။ နောက်ဆုံးတွင် သူ့အသက်အရွယ်အတိုင်း ဝတ်ဆင်ခြင်းသို့ ပြောင်းလဲနိုင်ခဲ့ပေပြီ။

သူသည်က မျက်နှာကို ဦးထုပ်တစ်လုံးဖြင့် ဖုံးအုပ်လျှက် ရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် ခွေခေါက်၍ ထိုင်နေခဲ့သည်။

ကျောင်းစီဟွေ့ မျက်မှောင်ကြုတ်၍ ကားကို ထိုးရပ်လိုက်ကာ သူမ၏ ပုံမှန်မဟုတ်သော မောင်လေးကို စိုက်ကြည့်လိုက်သည်။

သူမက ကားစက်ရပ်ပြီးနောက် ကျောင်းချီယန်၏ မျက်နှာပေါ်မှဦးထုပ်ကို ဆွဲဖယ်လိုက်လေ၏။ သူမ၏အသံသည် တစ်နည်းနည်းဖြင့် မကျေနပ်ဖြစ်နေပုံရသည်။

“ခုန‌ကတည်းက နင် ဒီလိုမျိုး ဆူပုတ်နေတဲ့ မျက်နှာထားကို လုပ်နေတာ.. အခု ပြောစမ်း.. နင်ဘယ်သူကို စိတ်ဆိုးနေတာလဲ?”

ကျောင်းချီယန်မှာ အနည်းငယ် စိတ်ဓာတ်ကျနေရုံသာ ဖြစ်ပေ၏။

သူက ကျင်းယန်နှင့် သူ၏အစ်မကို စိတ်ဆိုးရန် မရည်ရွယ်ခဲ့ပါချေ။

ရုတ်တရက် ဝင်းလက်တောက်ပသွားသော နေရောင်ကြောင့် သူ၏မျက်လုံးများကို အနည်းငယ်ကျဥ်းမြောင်းလိုက်မိကာ နှုတ်ခမ်းကိုဖိပြီး ထုံထိုင်းစွာပြောလိုက်သည်။

“ကျဲ ..ကျွန်တော်ထင်တာ…..”

သူက အနည်းငယ် ဒေါသထွက်နေသော သူ၏အစ်မကို တစ်ချက်ကြည့်ပြီး စွတ်ထဲမှ စကညးကို ထုတ်ပြောရန်အတွက် သတ္တိစုဆောင်းလိုက်သည်။

“အဲဒီအမျိုးသမီးက အတော်လေး သနားစရာကောင်းတယ်လို ကျွန်တော်ထင်ရုံပါ”ကျောင်းချီယန်တစ်ယောက် စူပါမားကတ်ထဲသို့ ဝင်သွားသောအချိန်က ပထမဆုံး မြင်ခဲ့ရသောအရာမှာ လူအုပ်ထဲမှ တုန်ရီနေသော မိန်းကလေးကိုသာ ဖြစ်သည်။

သူမနှင့် သူမ၏ပတ်လည်တွင်ရှိနေသော တခြားလူများ၏ ကြေကွဲဖွယ် အတွေ့အကြုံက သူ၏နှလုံးသားကို ထိရိုက်သွားခဲ့သည်။

နောက်ဆုံးတွင် သူသည်က ဆယ်ခြောက်နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး တစ်ယောက်သာဖြစ်ပေ၏။ သူ့အနေဖြင့် လျစ်လျူမရှု ထားနိုင်ပါချေ။

တခြားလူတိုင်းတွင် မိသားစုဝင်များရှိသော်လည်း ထိုအမျိုးသမီးကတော့ တစ်ကိုယ်တည်းသာရှိပုံရသည်။

သူတို့ကား၏ နောက်တွင် တောင်းပန်နေသည်ကို သူမြင်သောအခါ သူမအတွက် အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့သည်။

ကျင်းကောနှင့် သူ၏အစ်မဆီသို့ သူမအား ဝင်ခွင့်ပြုရန် တောင်းဆိုဖို့အတွက်ပင် သူတွေးခဲ့မိလေသည်။

သို့သော် သူ မမေးရဲခဲ့ပါချေ။

All Chapters