← Chapters

မုန်တိုင်းတစ်ခု တိုက်နေတယ်၊ ချိချင်းရှန်းရဲ့ ဖိအား။

Vol. 17 Ch. 238

မုန်တိုင်းတစ်ခု တိုက်နေတယ်၊ ချိချင်းရှန်းရဲ့ ဖိအား။

Vol. 17 Ch. 238

ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ။

နံနက်ခင်း အလင်းက အားနည်းနေသေးသည်။ ငှက်ကလေးတွေက အိမ်ခေါင်မိုးတွေပေါ်မှာ ပျံဝဲနေစဥ် ကျောင်းသားတွေက လမ်းမပေါ် လျှောက်သွားနေသည်။ တစ်ဖက်တစ်ချက်က တိုက်ခတ်နေသော လေပြေကြောင့် သစ်ပင်တွေကလည်း လှုပ်ယမ်းနေ၏။

"မဆိုးဘူး ဒီမှတ်ချက်က ကောင်းတယ်"

"ငါ ဒါကို ဖိုရမ်ရဲ့ထိပ်မှာ သုံးရက်လောက် ချိတ်ထားလိုက်မယ်!"

ထန်​ဖေးအဆောက်အဦ ရုံး၌။

လူအိုလီသည် လက်ဖက်ရည်သောက်ရင်း ဖုန်းကို ငုံ့ကြည့်နေခဲ့သည်။ တစ်ဖက်မှာလည်း ကျန်းဟိုင်ဓားနတ်ဘုရား ပရိသတ်ဖိုရမ်ကို ကြည့်ကာ ပရိတ်သတ်၏ မှတ်ချက်များကို စီမံခန့်ခွဲရင်း သူ့နှုတ်ခမ်းက ပြုံးနေခဲ့သည်။

ဒီဖိုရမ်ကို ကျန်းဟိုင် မြို့သားတွေက ဖန်တီးထားတာ ဖြစ်လေသည်။ ဝဘ်ဆိုဒ်ကို လက်တွေ့ကမ္ဘာရှိ နေရာအမည်ကို အတုယူ၍ ဓားတောင်ကြားဟု အမည်ပေးထားသည်။ သေးငယ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လျင်မြန်စွာ ကြီးထွားလာသည်မှာ ယနေ့ အချိန်အထိပင်။

ဝဘ်ဆိုဒ်တွင် စာရင်းသွင်းထားသော အကောင့်အရေအတွက်က သန်းတစ်ရာကျော်သွားပြီ ဖြစ်သည်။ အသုံးပြုသူတွေဟာ နေ့စဉ် ယာဉ်ကြောအသွားအလာလိုမျိုး များပြားလာသည်။

ကျန်းဟိုင်မှာ ဓားနတ်ဘုရား မရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း ကျော်ကြားမှုကား သူ့မှာ တပည့်သုံးထောင်နဲ့ အော့ဖ်လိုင်းနောက်လိုက် သုံးထောင်ရှိတယ်လို့ ဒဏ္ဍာရီတွေက အွန်လိုင်းမှာ ပျံ့နေဆဲပါပဲ။

“အကြီးအကဲ... ကောင်းကင်ဘုံမှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါ... ခင်ဗျား ချန်ခဲ့တဲ့ အရာတွေကို ကျနော် ဂရုစိုက်ထားပါ့မယ်…”

လူအိုလီသည် ဖိုရမ်ကိုဖွင့်လိုက်ပြီး trolls များထဲမှ မှတ်ချက်တိုင်းကို ဂရုတစိုက်စစ်ဆေးကာ ဖျက်ပစ်လိုက်သည်။

ရက်အတော်ကြာ အသုံးပြုပြီးနောက် သူသည် ဖိုရမ်၏ဟောပြောချက်ကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပြီး အတွေ့အကြုံ မရှိသေးသူအဖြစ်မှ စီမံခန့်ခွဲသူအဖြစ်သို့ ပြောင်းလဲလာကာ ပိုမိုကျွမ်းကျင်လာခဲ့သည်။

မြို့တော်က ယခုအခါ အေးချမ်းသွားပြီ ဖြစ်သည်။

"ဓားနတ်ဘုရားတောင်ကြား" ဖိုရမ်တွင် သူ့အားလပ်ရက် ရောက်တိုင်း ဝင်ရောက် ကြည့်ရှုရင်း သူ့နေ့ရက်များကို ကုန်ဆုံးစေခဲ့သည်။

ဘဝဟာ ငြိမ်းချမ်းပြီး ပြည့်စုံနေခဲ့သည်။

“မဆိုးပါဘူး....”

လူအိုလီ သူ့လက်ဖက်ရည်သောက်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ရုတ်တရက်!

တံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်သံအား ကြားလိုက်ရသည်။ လီကျစ်ရွှမ်းသည် ဘာသတိပေးချက်မှ မရှိဘဲ အရှိန်ပြင်းပြင်း ပြေးဝင်လာပြီး သူမရဲ့ အရှိန်က မယုံနိုင်လောက်အောင် မြန်ပြီး ချက်ချင်းနီးပါး ရောက်လာ၏။

"ဆရာ!"

လူအိုလီမှာ အလန့်တကြား နှလုံးခုန်သံကြောင့် ဖုန်းတောင် ပြုတ်ကျလုနီးပါး ​ဖြစ်သွားသည်။ လီကျစ်ရွှမ်း၏ ကျင့်ကြံမှုသည် ယခုအခါ လေးနက်ပြီး သန့်စင်လာကာ သူနဲ့ တန်းတူညီနေပြီ။ ဂရုတစိုက်စောင့်ကြည့်မှု မရှိပါက သူမ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိရန် ခက်ခဲလိမ့်မည်။

"ရွှမ်းရွှမ်း... မင်းဘယ်လိုကြောင့် ဒီကို ရောက်လာတာလဲ"

လူအိုလီသည် သူ့ရင်ဘတ်ကို ပွတ်သပ်ကာ သူ့အသက်ရှုသံများကြားမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"ဒီအသက်အရွယ်က မင်းရဲ့ရုတ်တရက် ပေါက်ကွဲသံတွေကို မခံနိုင်တော့ဘူး"

စကားပြောနေရင်း ဖုန်းကို တိတ်တိတ်လေး လှန်လိုက်သည်။

"တောင်းပန်ပါတယ် ဆရာ"

လီကျစ်ရွှမ်း တောင်းပန်ရင်း မျက်လုံးကို မှိတ်ထားလိုက်ပြီး :"တချို့ကိစ္စတွေက အရေးတကြီးဖြစ်နေတော့ တပည့် အရမ်းစိတ်တွေ ပူနေလို့ပါ... အဲဒါတွေကို ဆရာ့ကိုမေးဖို့ လိုတယ်"

"ကောင်းပြီ နောက်တစ်ခါ သတိထားနော်...အဲဒီ အရေးတကြီးကိစ္စက ဘာလဲ"

လူအိုလီက နှစ်ကြိမ်ခန့် ချောင်းဆိုးပြီး ဖုန်းကို စခရင်ကို ဖုံးကာ ကျောင်းသားများကို မမြင်စေရန် ဖိုရမ်မှ တိတ်တဆိတ် ထွက်လိုက်သည်။

"ဖြည်းဖြည်းပြော...."

"အင်း...အဲဒါ တပည့်ရဲ့ ဆရာတူအစ်ကိုကြီး အကြောင်းပါ"

လီကျစ်ရွှမ်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးလျက် သူမ စိတ်ပူစွာ ပြောလိုက်သည်။

"အခုလေးတင် တံခါးပိတ်ကျင့်ကြံတာက ထွက်လာတော့ အစ်မချင်းဟဲဆီ ပြေးသွားခဲ့တယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က တပည့်ရဲ့ ဆရာတူအစ်ကိုကို တစ်ယောက်ယောက်က စောင့်ကြည့်နေပြီး တစ်ခုခုတော့ မမှန်ဘူးလို့ ပြောတယ်"

သူမ ပြောရင်း ခေါင်းယမ်းကာ။

"မဖြစ်ဘူး... တပည့် ဆရာတူအစ်​ကိုနဲ့ ဘေးချင်းကပ် သွားတိုက်​ခိုက်ရမယ်​!"

"တစ်စုံတစ်ယောက်က ချင်းယန်ကို တိတ်တဆိတ် စောင့်ကြည့်နေတာလား"

လူအိုလီလည်း ပထမတော့ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်သွားသည်။ သူ ခဏလောက် စဉ်းစားပြီးနောက် သူ့နဖူးကို ရုတ်တရက် ရိုက်လိုက်ရင်း။

"အိုး ငါ အခု မှတ်မိပြီ... ငါ မင်းကို ဒီအကြောင်း ပြောဖို့ မေ့နေတာ... သူတို့က သားရဲနတ်အရှင်ရဲ့ ဂိုဏ်းဝင်တွေမဟုတ်ဘူး... ရဲဦးစီးချုပ်ကြီးရဲ့ အမိန့်အတိုင်း လုပ်နေကြတာ... သူတို့က ချင်းယန်ကို ဒုက္ခမပေးပါဘူး ဒေါသတကြီးနဲ့ အလျင်စလိုမလုပ်နဲ့..."

"ရဲဦးစီးချုပ်ကြီး?"

လီကျစ်ရွှမ်း၏ မျက်ခုံးများ ပို၍ပင် တွန့်သွားကာ သူမမျက်လုံးများသည် လေးနက်သော စိုးရိမ်မှုဖြင့် ပြည့်နှက်လာသည်။ လွန်ခဲ့သည့် တစ်ပတ်က သူမသည် ကျင့်​ကြံမှုကို စုစည်းရင်း အလုပ်များနေခဲ့သည်။

သူမသည် ပြင်ပအချက်အလက်များကို အာရုံစိုက်ရန် အချိန်မရှိသလောက်ပင်။ ယခု ပြီးသွားသည်နှင့် ကောလာဟလများကို ကြားလိုက်ရပြီး အစ်ကိုကြီး၏ အခြေအနေအတွက် စိုးရိမ်နေမိ၏။

“အကိုကြီး… သူ ဘာမှ မလုပ်ထားဘူး မဟုတ်လား”

လီကျစ်ရွှမ်း လူအိုလီကို အံ့အားသင့်စွာ ကြည့်ပြီး :"ကြယ်သိုင်းရဲ​ဦးစီးချုပ်ကြီးက ဘာလို့ ဒီလိုလုပ်ရတာလဲ... တပည့်​ရဲ့ ဆရာတူ အစ်ကိုကို စောင့်ကြည့်ဖို့ ဘာလို့လုပ်တာလဲ?"

"သူတို့ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ"

မေးခွန်းများ ဆက်တိုက် ထွက်လာသည်။

"အင်း... ဒီလူအိုကြီးလည်း သိပ်မသေချာသေးဘူး... ဦးစီးချုပ်ကတော့ သူတို့ အခုလိုပဲ စောင့်ကြည့်နေတာ တခြားနည်းလမ်းတွေ မသုံးဘူးတဲ့"

လူအိုလီသည် သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ကာ လက်ဖက်ရည်တစ်ငုံ သောက်ပြီးမှ စကားဆက်လိုက်သည်။

"အန္တရာယ် ကင်းရှင်းပြီ ဆိုတာနဲ့ သူတို့ ပြန်ဆုတ်သွားနိုင်တယ်"

"သူတို့ကို ဘယ်လောက်ကြာအောင် စောင့်ကြည့်နေမှာလဲ"

လီကျစ်ရွှမ်းသည် ပြတင်းပေါက်မှ အပြင်ဘက်သို့ လှည့်ကြည့်ကာ တစ်ဖန် စာကြည့်တိုက်၏ ခပ်လှမ်းလှမ်းသို့ ငေးကြည့်ရင်း။

"ဆရာတူအစ်ကိုရဲ့ဘဝကို မထိခိုက်စေချင်ဘူး... သူက အေးချမ်းတဲ့ဘဝကိုပဲ လိုချင်တာ"

"...အဲဒါကတော့ အချိန်နည်းနည်း ယူရမှာကိုပဲ ကြောက်ရတယ် မင်းထင်သလိုတော့ မဟုတ်ဘူး အဲ့လောက်လည်း မရိုးရှင်းဘူး ရွှမ်းရွှမ်း မင်း ကမောက်ကမ မလုပ်ရဘူးနော်"

လူအိုလီ သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မျက်နှာပြင်ပေါ်ရှိ အစွန်းအထင်းများကို ကြည့်ကာ။

"ဦးစီးချုပ်က ဒီကိစ္စမှာ အထက်လူကြီးတွေ ပါဝင်ပတ်သက်နေတဲ့အကြောင်း ပြောပြဖူးတယ်...မျက်လုံးနဲ့ မြင်နေရတာထက်ကို မရိုးရှင်းလောက်ဘူး"

သူ လေးလေးနက်နက် သက်ပြင်းချလိုက်ရင်း။

"ဦးစီးချုပ်လည်း ဘာမှလုပ်လို့မရဘူး... မဟာမိတ်အဖွဲ့ရဲ့ အမိန့်တစ်ခုကြောင့် ဖြစ်မယ်"

"အဓိပတိ မဟာမိတ်?"

လီကျစ်ရွှမ်းအသံက ရုတ်တရက် အေးစက်သွားကာ ဒေါသအရိပ်များ ပြည့်နှက်သွားပြီး မနှစ်မြို့ဖွယ် အမှတ်တရများ ပြန်လည် ထွက်ပေါ်လာသည်။ လီရွှေရေကန်မှာ ဆရာတူ ဦးလေးငယ် သေဆုံးရခြင်းမှာ မဟာမိတ်အဖွဲ့၏ စွက်ဖက်မှုကြောင့်ပဲ ဖြစ်သည်။

ဒါတောင် အခုချိန်ထိ အရှုံးမပေးသေးဘူးလား။

ဆရာတူအစ်ကိုကိုတောင် သူတို့က မငဲ့ကြတော့ဘူးလား။

ကြယ်သိုင်းရဲစခန်းနှင့် အဓိပတိမဟာမိတ်တို့က ရှုပ်ထွေးစွာ ဆက်စပ်နေသည်။ ဒါကြောင့် သူတို့ရဲ့ အာမခံချက်တွေကို သူမ ဘယ်တုန်းကမှ မယုံခဲ့ပါ။

"အဲဒီကောင်တွေက ဘာလိုချင်​နေတာလဲ"

လီကျစ်ရွှမ်း သူမ၏ သွားများကို အံကြိတ်ကာ ဟောက်လိုက်ရာ သူမခံစားချက်များအား ထိန်းမနိုင်သိမ်းမနိုင် လွှတ်ထုတ်မိသွားသည်။

"ဆရာတုဦးလေးငယ်ကို သတ်ရတာ မလုံလောက်သေးလို့ အခု ငါ့ရဲ့အစ်ကိုကိုပါ တိုက်ခိုက်ချင်နေကြပြီလား ငါတို့ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်ချင်နေတာလား"

"စိတ်အေးအေးထားပါ ကျစ်ရွှမ်း စိတ်မတိုပါနဲ့ဦး..."

လူအိုလီသည် သူမ၏ စိတ်ဒုက္ခကို သတိပြုမိတာမို့ လက်ဖက်ရည်ခွက်ကို အမြန်ချကာ နှစ်သိမ့်ပေးလိုက်သည်။

"အဓိပတိမဟာမိတ်က မင်းရဲ့ ဆရာတူအစ်ကိုကို အခုလောလောဆယ် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး... လာမယ့် ရက်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ တပ်တွေကို ဆုတ်ခွာပေးလိမ့်မယ် ဦးစီးချုပ်လည်း အာမခံထားတယ် ဒီကိစ္စကို ကြားဝင်ဖြေရှင်းပြီး ချစ်ကြည်ရင်းနှီးစွာ အစွမ်းကုန် ကြိုးစားပါ့မယ်တဲ့"

"သူ... သူ့စကားကို ထိန်းထားရင် ပိုကောင်းမယ်"

လီကျစ်ရွှမ်းသည် ဆောင်းဦးရေလို အေးစက်နေတဲ့ လေသံဖြင့်။

"ကျွန်မ ဆရာတူအစ်ကို့ကို အကာအကွယ် ပေးမယ်လို့ ပြောပေးပါ ဆရာ... သူ့ကို ဘယ်သူမှ မထိစေရဘူး"

"အစ်ကိုကြီး တစ်ခုခုဖြစ်သွားရင်..."

ပြတင်းပေါက်မှ လှည့်ကြည့်လိုက်ပြီး စကားလုံးတိုင်းကို အံကြိတ်နေသော သွားသံများဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။

"အဓိပတိမဟာမိတ် ဒါမှမဟုတ် သားရဲနတ်ဘုရားဂိုဏ်းပဲဖြစ်ဖြစ် သူတို့ကို လုံးဝ ခွင့်မလွှတ်ဘူး!"

သူမစကားတွေ ဆုံးသည်နှင့် ပြင်းထန်သော နိယာမစွမ်းအင်များ ရုံးခန်းအတွင်း လွှမ်းမိုးသွားခဲ့ကာ အေးစက်ပြီး ဆိုးရွားသော ရောင်ဝါတစ်ခုအသွင် ပျံ့နှံ့သွားခဲ့သည်။ ထိုရောင်ဝါက လီကျစ်ရွှမ်းကို ဗဟိုပြု၍ နှစ်ဖက်စလုံးသို့ တဖြည်းဖြည်း ကျယ်ပြန့်လာကာ ရုံးခန်းအပူချိန်လည်း ကျဆင်းသွားသည်။ လက်ဖက်ရည်ပူပူက အေးသွားကာ သစ်သားစားပွဲ၏ မျက်နှာပြင်ပေါ်တွင် နှင်းခဲများ စိမ့်ဝင်ကာ ရောင်ပြန်တောက်ပလာခဲ့သည်။

"ဒါက..... ဘာလဲ?"

လူအိုလီမှာ လီကျစ်ရွှမ်းကို မယုံနိုင်စွာ စိုက်ကြည့်ရင်း သူ့မျက်လုံးများ ပြူးကျယ်လာတော့သည်။

နိယာမ စွမ်းအားလား?

ဟုတ်တယ်!

ရေခဲပြင် အနေအထားကို ကြည့်ပြီး ရွှမ်းရွှမ်းဟာ နိယာမ စွမ်းအားကို ကျွမ်းကျင်ပြီး အချိန်အတော်ကြာ နားလည်ထားခဲ့ကြောင်း သိနိုင်သည်။

"ဒီကောင်မလေး ဂိုဏ်းဆရာ အဆင့်တောင် မရောက်သေးဘူး... ဒါတောင် နိယာမအာဏာကို နားလည်နေပြီ?"

လူအိုလီ စားပွဲပေါ်မှ နှင်းခဲများကို ပွတ်တိုက်လိုက်ပြီး သူ့ကမ္ဘာမြင်ကွင်းကို လှန်ပစ်ရတော့မည်ဟု ခံစားလိုက်ရသည်။

ဒီကြောက်စရာကောင်းတဲ့ အရည်အချင်းကို ဒီလို ငယ်ရွယ်စဉ်တွင် ပိုင်ဆိုင်ထားပြီ။ သူမသည် မွေးရာပါနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိယာမတရား၏ စွမ်းအားကို နားလည်သွားခဲ့သည်။

ဒီအဘိုးကြီးကို အသက်ရှုဖို့ အခွင့်အရေးတောင် မပေးချင်ဘူးလား။

"မင်း ဒါကို ဘယ်တုန်းက နားလည်သွားတာလဲ"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ..."

သူမလည်း နိယာမစွမ်းအင်များ အပြင်သို့ ဖိတ်စင်သွားသည်ကို သဘောပေါက်ပြီး နောက်ထပ် မပျက်စီးအောင် ကာကွယ်ရန် လက်ကို အမြန် မြှောက်လိုက်သည်။

"ဒါပေမယ့် ဒီကျောင်းသားက နည်းနည်းတော့ အတွေ့အကြုံနည်းပြီး ထိန်းချုပ်ရခက်နေတုန်းပဲ... ဆရာတူအစ်ကိုရဲ့ အကူအညီအတွက် အရမ်းကျေးဇူးတင်မိတယ်"

"ဟမ်? မိတ်ဆွေလေးချင်းက မင်းကို ကူညီပေးခဲ့တာလား"

ရွှမ်းရွှမ်းသည် နိယာမစွမ်းအင်ကို စောစီးစွာ ဆုပ်ကိုင်ထားခဲ့သော ပါရမီရှင် ဖြစ်သည်။ သို့သော် ချင်းယန်က သူမကို တကယ် ကူညီပေးခဲ့တာဆိုရင် ချင်းယန်အစွမ်းက ပိုလို့တောင် အားကောင်းနိုင်ကြောင်း သွယ်ဝိုက်ပြီး သက်သေပြနေတာပဲ မဟုတ်ပါလား။

"ဓားနတ်ဘုရားရဲ့ တပည့် ဖြစ်ထိုက်ပါတယ်!!"

………

နေ့လယ်။

ကျန်းဟိုင်စာကြည့်တိုက် အပြင်ဘက်တွင် ကောင်းကင်က မှိုင်းညို့နေပြီး မိုးဖွဲလေးများ ကျလာသည်။ စာကြည့်တိုက်အတွင်း လူစီးဆင်းမှုကလည်း တဖြည်းဖြည်း နည်းလာသည်။

တိတ်ဆိတ်တဲ့ ရုံးခန်းထဲမှာတော့ ချင်းယန်သည် သူ့ရုံးခန်းထိုင်ခုံတွင် ထိုင်နေရာမှ ဖုန်းကိုဖယ်ကာ နေ့လည်စာစားရန် ဝန်ထမ်း ကော်ဖီဆိုင်သို့သွားတော့မည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှောင်ပိုင် လူအသွင်မပြတော့သဖြင့် ကော်ဖီဆိုင်တွင်သာ နေ့လယ်စာ စားလေ့ရှိခဲ့သည်။

သူ အိမ်ပြန်ရောက်ရင်လည်း ညစာစားဖို့ ခေါက်ဆွဲခြောက်ပဲ ပြင်လေ၏။ ဤသို့ဖြင့် အချိန်က သုံးရက်ဆက်တိုက် ကုန်သွားသည်။

စာကြည့်တိုက် အပြင်ဘက်တွင်တော့ ရဲအရာရှိများ၏ လှုပ်ရှားမှုများက မပြောင်းလဲသေးပါ။ သူ့ကို စောင့်ကြည့်နေကြတုန်းပဲ။

ထိုစဥ် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။

"အိုး... ဒီကောင်မလေးက ဘာလို့ ဒီကို ထပ်ရောက်နေ​ပြန်တာလဲ"

တံခါးမဖွင့်ခင်မှာပဲ ချင်းယန်သည် လီချင်းဟဲ ပြန်ဝင်လာတာကို သတိထားမိပြီး ဒီတစ်ကြိမ်မှာတော့ "လီချင်း" အသွင်ကို အသုံးပြုပြီး အစားထိုးဝင်ရောက်လာပါ၏။

သူမက နေ့လယ်စာသေတ္တာကို သယ်လာသည်။

"တာဝန်ခံချင်း... ကျနော် လီချင်းပါ..."

လီချင်းဟဲ တံခါးကိုတွန်းဖွင့်ပြီး ထမင်းဗူးကို စားပွဲပေါ် တင်လိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက မင်း ခေါက်ဆွဲခြောက်ကိုပဲ စားနေတာ သတိထားမိတယ် အဲဒါက အာဟာရမပြည့်ဘူး ဒါကိုကြည့်..."

"အိုး.. မင်းက သိပ်သဘောကောင်း​​နေတာပဲ... "

ချင်းယန် ခေါင်းကို အားကိုးရာမဲ့ ခါယမ်းလိုက်ပြီး ထမင်းဗူးကိုဖွင့်ကာ မွှေးကြိုင်သောရနံ့များ ထွက်လာသည်။

"မင်းတကယ် တိုးတက်ဖို့ အရမ်းကြိုးစားနေတာပဲ"

နေ့လည်စာကို ကြည့်ရတာ အရသာရှိပြီး အတော်လေး ခံတွင်းမြိန်စေမယ့် ဟင်းမျိုးပင်။

“ဒီမိန်းကလေးက တော်တော် ဉာဏ်ကောင်းလာသားပဲ...”

စားပွဲပေါ်တွင် တွယ်ကပ်နေသော အဖြူရောင်လေးသည် အသံကြားရာဆီသို့ လှမ်းကြည့်ရင်း သူမ၏ ကျဉ်းမြောင်းသော မြေခွေးမျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူမကိုယ်သူမ အသွင်မထုတ်ဖော်နိုင်ခဲ့။ ချင်းယန် သူမချက်သော ဟင်းများကို နှစ်သက်စွာ စားနေတာမြင်တိုင်း သူမကိုအတော်လေး ပျော်ရွှင်စေခဲ့သည်။

"မဆိုးပါဘူး အရမ်းမွှေးပေမယ့် နောက်ရက်အနည်းငယ်လောက် အထိတော့ မင်း လာဖို့ မလိုပါဘူး"

ချင်းယန် တူချောင်းများကို ဖွင့်ကာ နေ့လယ်စာသေတ္တာအတွင်းရှိ ငါးကို ကိုက်ကာ "ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ" ဟု တိတ်တဆိတ် အသံ ပို့လိုက်သည်။

ရဲဦးစီးချုပ် လက်အောက်မှာ ယခုလို ကြီးမားသော ဆူပူအုံကြွမှုသည် လီမိသားစု၏ မျက်လုံးများနှင့် နားများမှ လွတ်ကင်းလိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် ဒီလိုအခြေအနေတွေ အောက်မှာတောင် လီချင်းဟဲက သူ့ကိုတွေ့ဖို့ သူ့အသက်ကို စွန့်စားနေတုန်းပဲ။ သူမရဲ့ ရည်ရွယ်ချက်တွေက ငြင်းလို့မရပါဘူး။

…

…

အချိန်တွေ ကုန်သွားသည်။

အလုပ်ဆင်းပြီးနောက် ချင်းယန်နှင့် ရှောင်ပိုင်တို့ မိုးရေထဲ လမ်းလျှောက်ကာ ဗွက်အိုင်များဖြတ်လျက် ဖြည်းဖြည်းချင်း အိမ်ပြန်ကြသည်။

“သုံးရက်ရှိသွားပြီ”

"လျိုဝူရွှမ်း... ဒီကောင်ရဲ့ အထက် လူကြီးတွေ မပေါ်လာသေးဘူး"

အဆောက်အဦးပေါ် အမြင့်ပေါ်၌ ချိချင်းရှန်းသည် တင်ပျဉ်ခွေထိုင်ကာ သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ပြီး အနီးနားက ချင်းယန်ရဲ့ ရောင်ဝါကို စစ်ဆေးဖို့ သူ့စိတ်စွမ်းအင်တွေကို လွှတ်ထုတ်ပေးလိုက်သည်။

သို့သော် အကြီးအကဲ တစ်ယောက်ကို အရိပ်အယောင်တစ်ခုမှ မရှိခဲ့သေးပေ။

"မင်းမှာ ပြောစရာရှိသေးလား? သုံးရက်ကျော်သွားတောင် သူ့ဂိုဏ်းက အကြီးအကဲတွေ မဆက်သွယ်ဘူး...ငါတို့ သူ့ကို မစမ်းသပ်ဘူးဆိုရင် ဒီလက အလဟသ ဖြစ်သွားလိမ့်မယ်"

"ဘာဖြစ်ဖြစ်..."

လျိုဝူရွှမ်းက သူ့လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။

“မဟာမိတ်အဖွဲ့ရဲ့ တာဝန်တွေကို ဦးစားပေးရမှာပဲ”

“ကောင်းပြီ”

ချိချင်းရှန်းသည် ချင်းယန်ကို ငုံ့ကြည့်ရင်း နှုတ်ခမ်းပေါ်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ လက်ချောင်းတစ်ချောင်းကို ဖိရင်း။

“ဆိုတော့ ငါ့နည်းလမ်းအတိုင်း ဆက်လုပ်သင့်တယ်...."

ညနေပိုင်းရောက်တဲ့အခါ ကြယ်သိုင်းရဲစခန်း ရဲဌာနသို့ အရေးပေါ်သတင်းစကား ရောက်ရှိလာခဲ့သည်။

All Chapters