← Chapters

လူထုအော်ဟစ်သံများ ပြင်းထန်လာပြီ

Vol. 17 Ch. 241

လူထုအော်ဟစ်သံများ ပြင်းထန်လာပြီ

Vol. 17 Ch. 241

နေ့ခင်းအချိန်။

ကျန်းဟိုင် စာကြည့်တိုက်၊ ရုံးခန်း၌။

"ဆရာ ဒီကြမ်းပြင်မှာလည်း သုတ်ဆေးလိုတယ်"

လီချင်းဟဲ တံခါးကိုတွန်းဖွင့်ကာ ကြမ်းတိုက်တံကိုကိုင်ရင်း ကျွမ်းကျင်စွာ သန့်ရှင်းရေး လုပ်နေသည်။ သူမ ရွှေကြာပန်းကို ရေလောင်းရင်းလည်း အလုပ်များလာသည်။

ယခုအချိန်တွင် ချင်းယန်က အဝေးမှာ ရောက်နေ၏။ သူဘယ်အချိန် ပြန်လာမယ်ဆိုတာကို သူမ မသိခဲ့တာမို့ ​ပြန်လာတဲ့ချိန်ထိ သူ့ရုံးခန်းကို ဂရုစိုက်​ပေးရမည်။ ဒါမှ ပြန်လာတဲ့အခါ ဆရာက သူမကို ချောမောစွာ ဆုချမည်မှာ ​ဖြစ်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် အသံများ ကျယ်လောင်လာသည်။ ကျန်းဟိုင်ဓားနတ်ဘုရား တပည့် အဖမ်းခံလိုက်ရသည့် သတင်းကြောင့် ကြွေးကြော်သံများသည် မရေမတွက်နိုင်သော လူများက ဟောက်နေသကဲ့သို့ ကျယ်လောင်လာသည်။

"တုံ့ပြန်မှုက ပိုကြီးလာတာပဲ..."

လီချင်းဟဲ ပြတင်းပေါက်နားသို့ ကပ်သွားကာ အောက်ဖက်က ချီတက်ပွဲကို ကြည့်လိုက်သော်လည်း တုံ့ပြန်မှုမပြခဲ့ပါ။

"ငါက သူတို့နဲ့မတူဘူး ငါ့ကိုလှည့်စားဖို့ ကြိုးစားလို့ မရဘူး!"

ဘာပဲဖြစ်ဖြစ် သူမ ဆရာဘိုးဘိုး ရှိသေးသည်။ တခြားအရာတွေ အဆင်မပြေရင် ဆရာဘိုးဘိုးက နောက်ထပ် ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်ရင် ပြီးပြီ မဟုတ်ဘူးလား။

"သေချာတဲ့ နိုင်ပွဲပဲ!"

……

ဆိုင်တစ်ဆိုင်ရှေ့မှာ​ ဒီဇိုင်းအမျိုးမျိုးရှိ အဝတ်အစားများကို များပြားစွာ ပြသထားသည်။

ရှဟဲနဲ့ သူ့ရဲ့ စေ့စပ်ထားသူ ယောင်းယောင်းတို့ဟာ အသစ်ဝယ်ထားတဲ့ အဝတ်အစားတွေ ပြည့်နေတဲ့ ဈေးဝယ်အိတ်တွေ ဝိုင်းရံထားကာ အဝတ်လဲခန်းရှေ့မှာ ရပ်နေကြ၏။ ဒီနေ့ဟာ သူ့အားလပ်ရက်ရဲ့ ပထမဆုံးနေ့ဖြစ်ပြီး စေ့စပ်ထားသူနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာမလို့ အလုပ်ဘက်ကို လုံးဝ စိတ်မ၀င်စားတော့သလို ဖုန်းလည်းမဖွင့်မိ။

"လာ... ယောင်းယောင်း ဒီဝတ်စုံကို စမ်းကြည့်..."

ရှဟဲ အရောင်ဖျော့ဖျော့ ၀တ်စုံကို ကောက်ယူလိုက်ပြီး :"ဒါက မင်းနဲ့ လိုက်ဖက်တယ်လို့ ထင်တယ်"

"ဘာမဆိုအဆင်ပြေပါတယ် ရှင်ကြိုက်တာအကုန် ကျွန်မကြိုက်တယ်"

ယောင်းယောင်းက နားရွက်နောက်က ဆံပင်စည်းတွေကို ဖြီးလိုက်ပြီး သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"အရမ်းမတွေးနဲ့"

"ဒါက မင်းအပေါ်မှာလည်း မူတည်နေသေးတယ်လေ..."

ရှဟဲ ပြုံးကာ သူ့စေ့စပ်ထားသူကို ကြည့်နေခဲ့သည်။ မင်္ဂလာဆောင်ရက် နီးလာလေလေ စိတ်လှုပ်ရှားလာလေပဲ။ လွန်ခဲ့သည့် ရက်အနည်းငယ်က လောင်ချင်းကို အလုပ်ရှုပ်စွာ စောင့်ကြည့်ပြီးနောက် နောက်ဆုံးတော့ သူ့အားလပ်ချိန်လေး ရရှိခဲ့သည်။

ထိုအချိန်မှာပဲ အဝေးက လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အသံတွေ ထွက်ပေါ်လာတော့၏။

ကြီးမားသော လူအုပ်ကြီးသည် သားရဲအလုံးအရင်းကဲ့သို့ ဒေါသတ​ကြီး အမူအရာများဖြင့် ပြည့်နှက်နေသော သူတို့မျက်နှာများက ပြတင်းပေါက်ကို ကျော်ဖြတ်သွားသည်အား မြင်လိုက်ရသည်။

ရှဟဲ : ???

"ဘာတွေဖြစ်နေတာလဲ?!"

သူ အလိုလို မျက်မှောင်ကြုတ်လိုက်သည်။ ရဲအရာရှိဟောင်း တစ်ဦးအနေဖြင့် ဤကဲ့သို့ ဖရိုဖရဲ မြင်ကွင်းများကို အလွန်အကဲဆတ်မိသည်။ ဆန္ဒပြပွဲတွေမှာတောင် ကန့်သတ်ချက်ရှိရ၏။

ယခုအခါ လမ်းများပေါ်တွင် ပြည်သူများနှင့်သာ ပြည့်နှက်နေသည်။ မသိတဲ့သူတိုင်းကတော့ ဒါဟာ လူထုအဓိကရုဏ်းလို့ ထင်ကြလိမ့်မည်။

"ဒါက အကြီးအကဲနဲ့ ဘာဆိုင်လို့လဲ"

ရှဟဲ သူ့ဖုန်းကို ထုတ်လိုက်ပြီး :"တခြား တစ်ခုခုဖြစ်နိုင်လား?"

ခေတ်စားနေသော အကြောင်းအရာများကို ဖွင့်ကြည့်လိုက်သည်။

ရှာဖွေရေး ဘားတွင် "ကျန်းဟိုင်ဓားနတ်ဘုရား၏ အကြီးဆုံးတပည့် ဖမ်းဆီးခံရခြင်း" နှင့်ပတ်သက်သော သတင်းများက အပြည့်ပင်။ ထုတ်ဝေမှု ခေါင်းစဉ်က ခေတ်စားနေသော စာရင်းတွင် ထိပ်ဆုံးမှ ရှိနေပြီး သူ့နှလုံးသားကို စူးရှသော ဓါးသွားနဲ့ ထိုးသွင်းလိုက်သကဲ့သို့ အံ့သြ ထိတ်လန့်သွားစေ၏။

"မဟုတ်ဘူး ဒီလိုမဖြစ်သင့်ဘူး..."

ရှဟဲ၏ နှလုံးခုန်သံ ခုန်ထွက်သွားပြီး အေးစက်သော ချွေးများက သူ့ကျောပြင်ပေါ် စီးကျလာသည်။ သူ ချင်းယန်ကို ပေးခဲ့တဲ့ ကတိကို မှတ်မိသေးသည်။ စောင့်ကြည့်မှု ပြီးသွားပြီမလို့ အေးအေးဆေးဆေး အနားယူနိုင်ပြီလို့ သီးသန့်ပြောပြခဲ့တာ။

ဒါ​ပေမယ့်​ ဘယ်လိုဖြစ်​လာတာလဲ!

ဒါက ဦးစီးချုပ်ရဲ့ ရည်ရွယ်ချက်လား။ ဒါဖြင့် ဒီအားလပ်ခွင့်က ငါ့ ကို ရှင်း ဖို့ ပဲ လား ?

"ရှင် အဆင်ပြေရဲ့လား?"

ယောင်းယောင်း ရှဟဲလက်ကို စိုးရိမ်တကြီးကိုင်ကာ မေးလိုက်သည်။

"မျက်နှာက ဘာလို့ဒီလောက် ကြည့်ရဆိုးနေတာလဲ"

"တောင်းပန်ပါတယ် ယောင်းယောင်း ခဏလေးနော်..."

ရှဟဲ တစ်ချက် လှည့်ကြည့်ကာ ထောင့်တစ်နေရာသို့ အမြန်ပြေး၍ ဦးစီးချုပ် နံပါတ်ကို အမြန်ခေါ်ဆိုလိုက်သည်။

ဖုန်းမြည်ပေမယ့် တုံ့ပြန်မှု မရှိခဲ့ပါ။ တစ်ဖက်က အလုပ်ရှုပ်နေပုံပါပဲ။

ထပ်မံခေါ်ဆိုကြည့်သည်။

သုံးကြိမ် ခေါ်ဆိုပြီးနောက် ခေါ်ဆိုမှုက နောက်ဆုံးတွင် ချိတ်ဆက်သွားခဲ့သည်။

"ရှဟဲ.."

အသံ ထွက်ပေါ်လာသည်နှင့် နောက်ခံဆူညံသံသည် အနည်းငယ် ဖရိုဖရဲဖြစ်လာပြီး လူများ၏အသံနှင့် ဟွန်းသံများဖြင့် ပြည့်လာသည်။ တစ်ဖက်က ရုန်းရင်းဆန်ခတ် စကားတွေကို နားထောင်ရင်း ရှဟဲနှလုံးသားက ပိုပိုပြီး နစ်မြုပ်သွားခဲ့၏။

မျှော်လင့်ထားတဲ့ အတိုင်းပဲ!

ဆန္ဒပြနေတဲ့ အသံတွေက လောင်ချင်းကို ရည်ရွယ်နေပြီး ဦးစီးချုပ်က သူ့ကို တကယ်ဖမ်းခဲ့သည်။

"ခဏစောင့် ရဲစခန်းအပြင်မှာ နည်းနည်းရှုပ်နေတယ် တခြားနေရာမှာ စကားပြောရအောင်"

ဦးစီးချုပ်က အသံကို လျှော့ပြီး အနှောင့်အယှက် အလယ်ဗဟိုကနေ အမြန်ထွက်သွား၏။

ရှဟဲ စောင့်နေလိုက်သည်။ အခု သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေ​ပြီ။

သူသည် အနားယူခြင်းကို လက်ခံပြီး ယောင်းယောင်းနှင့် ဈေးဝယ်ထွက်ခြင်းမပြုမီ အရာအားလုံး အဆင်ပြေကြောင်း၊ အေးအေးဆေးဆေး စားသောက်နိုင်ကြောင်း လောင်ချင်းကို ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့သည်။

ပြီးတာနဲ့ ချင်းယန်က အဖမ်းခံလိုက်ရပြီလား?

"လောင်ချင်းက သူ့ကို သစ္စာဖောက်တယ်လို့ မထင်သွားနိုင်ဘူးလား?!"

ခဏအကြာ၌ ဖုန်း၏ အခြားတစ်ဖက်ရှိ ဆူညံသံ ပျောက်သွားသည်။ ဦးစီးချုပ်က ပွင့်လင်းတဲ့ နေရာကို ရှာတွေ့သွားပုံပါပဲ။

"ပြော.... ဘာလဲ"

"ဦးစီးချုပ် ဒါ ဘာကိုဆိုလိုတာလဲ"

ရှဟဲ အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားပြီး: "ခုတလော ခေတ်စားနေတဲ့ အကြောင်းအရာတွေ ဘာဖြစ်နေတာလဲ?! ဘာလို့ လောင်ချင်းကို ဖမ်းလိုက်တာလဲ ဒါက ကျ​နော်တို့သဘောတူထားသလို မဟုတ်ဘူးလေ.. အဲဒါက စောင့်ကြည့်ရေး သက်သက်ပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"တချို့အရာတွေက မင်းသိဖို့မဟုတ်ဘူး ဒီကိစ္စက အဲ့နယ်ပယ်ကို ကျော်လွန်သွားပြီ မင်းရဲ့အဆင့်က တစ်ယောက်ယောက်ကို ကိုင်တွယ်ဖြေရှင်းဖို့က ရှုပ်ထွေးလွန်းတယ် မင်းအတွက် ခွင့်​ပေးဖို့ စီစဉ်နေတာ မင်းကောင်းဖို့ပါ... ယောင်းယောင်းနဲ့ အချိန်ပိုပေးပြီး တခြားဘာကိုမှ စိတ်မပူပါနဲ့"

"ဒါပေမယ့်..."

ဒါကိုကြားတော့ ရှဟဲ အလိုလို တွန့်ဆုတ်သွားသည်။ ဦးစီးချုပ်က ရဲတပ်ဖွဲအတွင်း၌ လုံးဝအာဏာကို ချုပ်ကိုင်ထားသည်။ ဒါပေမယ့် ​လောင်ချင်းကို ချုပ်နှောင်ထားတဲ့ အတွေးက သူ့ကို သည်းမခံနိုင်အောင် ဖြစ်လာစေသည်။

ဒါ့အပြင် လောင်ချင်းက သူ့အသက်ကို ကယ်ပေးခဲ့သူ ဖြစ်သည်။

အရင်က သစ်တော်သီးပွင့် မိုးအပ်တွေရဲ့ သဲသဲမဲမဲရွာတဲ့ မိုးရေတွေ၊ မစ်ရှင်တွေမှာ နတ်ဆိုးတွေရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုတွေ။ ချင်းယန် ပေးခဲ့တဲ့အရာတွေက သူ့ကို သေမင်းအပေါက်ကနေ ပြန်ဆွဲထုတ်ခဲ့တာ။

သူ ချင်းယန်ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပြန်ဆပ်နိုင်ပါ့မလား။

"ဦးစီးချုပ်.....ယောက္ခထီး! ဒါက နားလည်မှုလွဲနေတာပဲ ဖြစ်မယ်!"

ရှဟဲ ဤတစ်ကြိမ်တွင် သူ့ပုံစံကို ပြောင်းလိုက်ပြီး။

"တာဝန်ပြန်ထမ်းပါရစေ သူနဲ့ ဆက်သွယ်ပါရစေ... အဲဒီကောင်လေး ဘယ်လောက်တောင် ခေါင်းမာတတ်မှန်း ခင်ဗျား မသိပါဘူး ကျနော်ကပဲ တာဝန်ယူနိုင်မှာ"

"ကျစ်... မင်းလို အဆင့်နှိမ့်တဲ့ အရာရှိက ဘာလုပ်နိုင်မှာလဲ"

ဦးစီးချုပ်က သက်ပြင်းချပြီး :"ယောင်းယောင်းနဲ့သာနေ ဘာမှစိတ်မပူနဲ့... မင်းတို့နှစ်ယောက် မကြာခင် လက်ထပ်ရတော့မယ် ဘာမှဒုက္ခမပေးနဲ့ ငါ့စကားကို နားထောင်"

"မဟုတ်ဘူး...သေချာတာတစ်ခုတော့ ကျနော်ကူညီနိုင်တာ တစ်ခုရှိတယ်" ရှဟဲ ခေါင်းခါယမ်းကာ။

"ခင်ဗျား နားမလည်ဘူး လောင်ချင်းက ကျနော့်အတွက် အရမ်းအရေးကြီးတယ်... သူ တစ်ခုခုဖြစ်သွားရင်... ဒီအိမ်ထောင်ရေး... ကျနော်...အဲဒါကို မဖြတ်သန်းချင်တော့ဘူး!"

"မင်း...ဟူး..."

ဒါကိုကြားတော့ ဦးစီးချုပ်မှာ ထပ်မပြောချင်တော့ဟန်ဖြင့် သက်ပြင်းချလိုက်ပါ၏။

သူ ဖုန်းကို တိုက်ရိုက်ချပစ်လိုက်သည်။

*ဘိ—*

ရှဟဲ လမ်းပေါ်ရှိ လူအုပ်ကို စိုက်ကြည့်နေသည်။ ဆန္ဒပြသူတွေက သူ့ကို ကျော်ဖြတ်သွားပြီ။ သူ အထည်ဆိုင်မှာ စောင့်နေတဲ့ ယောင်းယောင်းကို လှမ်းကြည့်လိုက်ကာ သူ့နှလုံးသားက ကမောက်ကမ ဖြစ်လာသည်။

မင်္ဂလာပွဲကို ရွှေ့ဆိုင်းလို့ရသည်။

ဒါပေမယ့် ဒီနေ့ လောင်ချင်း တစ်ခုခုဖြစ်ခဲ့ရင် သူတစ်သက်လုံး နောင်တရနေရလိမ့်မည်။

…

ညနေပိုင်း။

ကြယ်သိုင်းရဲစခန်း ရဲဌာနရှေ့တွင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကာ လူအုပ်ကြီးရဲ့မီးက တဟုန်ထိုး တောက်လောင်နေဆဲ။ ကျန်းဟိုင် ပြည်သူများ ဒေါသတကြီး ဝင်လာကြပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားကြသည်။ ၎င်းတို့က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ချီတက်ပွဲကို အလိုအလျောက် စည်းရုံးခဲ့ကြသည်။

အော်သံများနှင့် ဟောက်သံများက တစ်မြို့လုံးကို လွှမ်းလုနီးပါးပင်။ ဥဩသံများ ပေါက်ကွဲကာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။

"လူလွှတ်ပေး!!!"

"မင်းတို့ရဲအုပ်ကြီးက ဘာကိုဆိုလိုတာလဲ။"

"ဓားနတ်ဘု​ရား​က သေ​ပြီ၊ မင်း​တို့က သူ့​တ​ပည့်​ကိုတောင် ခက်​ခဲ​အောင် လုပ်ချင်နေ​သေး​တာ​လား"

တစ်စုံတစ်ခု ဖြတ်သန်းသွားသံက လေထဲတွင် ပဲ့တင်ထပ်သွား၏။ အရိပ်နှစ်ခုသည် လျင်မြန်စွာ ရွေ့လျားသွားပြီး အရာအားလုံးကို တိတ်တဆိတ် သိမ်းပိုက်လိုက်သည်။

"တစ်မြို့လုံး ရုတ်ရုတ်ရုတ်သဲသဲတွေချည်းပဲ!"

"ကျန်းဟိုင်ရဲ့ နာမည်ကျော် ဓားနတ်ဘုရားက ဒီလောက် ကြောက်ဖို့ကောင်းတယ်လို့ ငါဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးဘူး"

ချိချင်းရှန်း ရှုပ်ထွေးနေသော လူအုပ်ကို စိုက်ကြည့်နေသည်။ ကျန်းဟိုင်ကို မရောက်ခင်မှာ ဓားနတ်ဘုရားရဲ့ ကျော်ကြားမှုကို သူကြားဖူးပြီးသားပါ။ ဒါ​ပေမယ့်​ သူ့မျက်​လုံး​တွေနဲ့ မြင်​လိုက်​ရ​တော့ မြင်​ရတာကိုတောင် ထိတ်​လန့်​​နေမိ၏။

သေလွန်သော မြင့်မြတ်သော သတ္တဝါအတွက် သူတို့ ဤမျှလောက်အထိ စိတ်အားထက်သန်နေကြသည်။ ပြည်သူများသည် ရဲအုပ်ကြီးများကိုပင် ရဲရဲတင်းတင်း ဝင်တိုးရဲတဲ့အထိ မကြောက်ကြပေ။

ဒီအင်အားက! ကြောက်စရာကြီး !!

"အခု မင်း နားလည်ပြီလား"

လျိုဝူရွှမ်း ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။

“အရင်က ငါပြောခဲ့သားပဲ.. မင်းမလုပ်ခင် နှစ်ခါပြန်စဉ်းစားပါလို့ ဓားနတ်ဘုရားရဲ့ တပည့်တွေကို မင်းတကယ် ဒေါသထွက်အောင် လုပ်မိရင် ကိုယ့်ကိုယ်ကို ဖျက်ဆီးမိသလိုပဲ... ပြီးတော့ ဒီနိုင်ငံသားတွေက နောက်ထပ် အဓိက အကြောင်းရင်းတစ်ခုပဲ သူတို့အားလုံးက ဓားနတ်ဘုရားရဲ့ မျက်နှာသာကို ရထားလို့ သူ့အတွက် အသက်စွန့်ဖို့တောင် ဆန္ဒရှိကြတယ်... သူတို့ မင်းကို တားရင် မင်း လှုပ်ရှားရဲပါ့မလား...သူတို့ကို ဖယ်လိုက်ရင်လည်း မင်း သွေးဝိညာဉ်စာချုပ်ကို ချိုးဖောက်မိလိမ့်မယ်!!"

ချိချင်းရှန်း :"ဟမ့် ဒီဦးစီးချုပ်က တော်တော် လိမ္မာပါးနပ်သားပဲ... ငါတို့ကို လှည့်စားသွားတာ.. ငါတို့ကို ဖိအားပေးဖို့ ဒီနိုင်ငံသားတွေကို အသုံးချဖို့ ကြိုးစားနေတာလား?"

"ပြောရခက်တယ်"

ဒါကိုကြားတော့ လျိုဝူရွှမ်းရဲ့ မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။

"သွားရအောင် သူတို့စီစဉ်ထားတဲ့ နေရာကို သွားကြည့်တာပေါ့.. ချင်းကောင်လေးက သူ့သက်ကြီးရွယ်အိုတွေကို တော်တော် ယဉ်ကျေးတယ်.... သူ ငါတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြော​လောက်ဘူး"

...

...

လူအများ၏ အော်ဟစ်သံများ ထွက်ပေါ်လာချိန်တွင် ချင်းယန်ကတော့ ၎င်း၏ တိုက်ခန်းရှိ ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး ရဲအုပ်ကြီး၏ ဝန်ဆောင်မှုများကို နှစ်သက်စွာ လက်ခံ​နေခဲ့သည်။ သူသည် အရသာရှိ​သော အစားအ​သောက်များကို ကျေကျေနပ်နပ် ခံစားနေပြီး ဖျော်ဖြေရေး ရွေးချယ်စရာ အများအပြား ရှိသဖြင့် မယုံနိုင်လောက်အောင် ကြည်နူးနေ၏။

“မဆိုးဘူး မဆိုးဘူး”

ချင်းယန် တော်တော်လေး ကျေနပ်​နေလျက် ရှိသည်။ သူသည် ဧည့်ခန်းတီဗွီကို ဖွင့်ကာ ထိန်းချုပ်ကိရိယာကို ကောက်ယူ၍ ဂိမ်းဆက်ကစားဖို့ ပြင်ဆင်နေစဥ် လေပြင်းတစ်ချက်က ပြတင်းပေါက်ကို ရုတ်တရက် မှုတ်ထုတ်လိုက်သည်။

"ရောက်လာပြီလား?"

ချင်းယန် ဒါကိုမြင်ပေမယ့် မတုန်လှုပ်သွားချေ။ ဂိမ်းကို ဆက်ကစားရင်း သူ့အမူအရာက တည်ငြိမ်နေပြီး ဖြည်းညှင်းစွာပြောသည်

“လူကြီးတို့ နှစ်ယောက်ရောက်လာပြီ ဆိုမှတော့ ကျေးဇူးပြုပြီး ဖုံးကွယ်ထားမနေပါနဲ့.…”

သူ့အသံ ကျသွားတာနဲ့ အခန်းလွတ်ထဲတွင် လက်ခုပ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

"ကောင်လေး.. မင်း မြန်မြန် သတိထားမိသွားတယ်လား... မင်းရဲ့ ကျင့်ကြံမှုက ပြန်ကောင်းလာပြီ ထင်တယ်!"

သူ့နောက်ကွယ်မှ အရိပ်အယောင်နှစ်ခုသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အနက်ရောင်လေးကို ကိုင်ဆောင်ကာ ပထမဆုံး ပေါ်ထွက်လာသူမှာ အသိအကျွမ်းဟောင်း လျိုဝူရွှမ်း ဖြစ်သည်။ သူ့အနားတွင် အပြာရောင်ဝတ်ရုံကို ၀တ်ဆင်ထားကာ ခါးတွင် ဓားရှည်တစ်ချောင်းနှင့် ပြည့်စုံသော သူစိမ်းတစ်ယောက် ဖြစ်သည်။

"ကျစ်! ချင်းကောင်လေး... မင်းက အရမ်းသက်တောင့်သက်သာရှိတဲ့ ဘဝနဲ့ ​နေ​နေရပုံပဲနော်"

လျိုဝူရွှမ်းက သူ့မေးစေ့ကို ပွတ်သပ်ပြီး တစ်ဝက်စားထားတဲ့ အာလူးကြော်ကို စွေကြည့်လိုက်သည်။ ထို့နောက် တီဗီပေါ်က ဂိမ်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဘေးနားက အပြာရောင် ၀တ်စုံဝတ်ထားတဲ့ လူကို နောက်ပြောင်လိုက်သည်။

"ကြည့်စမ်း ချင်းရှန်း... ငါဘာပြောလဲ ဒီကလေးက လိမ္မာတယ် ရဲတွေ ဝိုင်းထားလည်း လုံးဝ စိတ်မ၀င်စားဘူး!"

"..."

ချိချင်းရှန်း တိတ်ဆိတ်နေပြီး ချင်းယန်ကို စိတ်ဝင်တစား တိုးလာကာ စောင့်ကြည့်နေသည်။ ကျင့်ကြံသူများသည် မွေးရာပါ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကို တန်ဖိုးထားကြသည်။ ချင်းယန်၏ လျစ်လျူရှုသော အမူအရာက အပေါ်ယံ လုပ်ရပ်တစ်ခု မဟုတ်ဘဲ အတွင်းစိတ် အစစ်အမှန် ဖြစ်သည်။

အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသလိုပါပဲ။

"မဆိုးပါဘူး"

သူ ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်သည်။

"သူ့နှလုံးသားထဲမှာ မိုးခြိမ်းသံကို ပိုင်ဆိုင်ထားပေမယ့် တည်ငြိမ်တဲ့ အမူအယာကို ထိန်းထားရတာပဲ... ဂုဏ်ယူစရာ ဧည့်သည်တစ်ယောက်လို ဆက်ဆံခံရဖို့ ထိုက်တန်တယ်... ဒီဂျူနီယာလေး.. မင်း တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်"

"ခင်ဗျားတို့နှစ်ယောက်က ချီးကျူးလွန်းနေတာပါ"

ချင်းယန် ယဉ်ကျေးစွာပြောပြီး ဂိမ်းထိန်းချုပ်စက်ကို ချကာ လှည့်ကြည့်လိုက်သည်။

သူ ထိုလူနှစ်ယောက်ကို ဦးညွှတ်လိုက်လေ၏။ ထို့နောက် အပြာရောင်ဝတ်ရုံဝတ် လူဆီကို သူ့အကြည့်များ ရောက်သွားသည်။

သူ၏ ထက်မြက်သော ဓားရည်ရွယ်ချက်ကို လုံး၀ ဖုံးကွယ်ထားသော်လည်း သူထုတ်လွှတ်လိုက်သော ဖိနှိပ်မှု အငွေ့အသက်က လျိုဝူရွှမ်းထက် သာလွန်သည်။ ဓားကို ဓားဖြင့်လှီးသောအခါ အန္တရာယ်အရှိဆုံး ဖြစ်သည်။

ဤသည်မှာ ယခင်က ဓားခုတ်ထွင်မှု အထွတ်အထိပ် ဖြစ်ခြင်းပင်။

"အိုး.. မင်းက တော်တော်လိမ္မာတာပဲ ကလေးပဲ"

လျိုဝူရွှမ်းက တခစ်ခစ်ရယ်ပြီး ချင်းယန်ကို သေချာ ကြည့်နေသည်။

"ငါ ရောက်လာမယ်ဆိုတာ မင်း မျှော်လင့်ထားပုံပဲ"

"ဒါပေါ့..."

ချင်းယန် ခေတ္တရပ်ပြီးနောက် ရုတ်တရက် သူ့လေသံ ပြောင်းသွားလေ၏။

"နောက်တော့ ကျန်းဟိုင်ကို အကြီးအကဲ လျိုဝူရွှမ်း ရောက်လာရင် ဘယ်လိုကောင်းကျိုးတွေ ရလာမလဲဆိုတာ ကျွန်တော် မသိနိုင်​သေး​ဘူး!"

စကားတွေဆုံးတော့ တိုက်ခန်းကလည်း တိတ်ဆိတ်သွားသည်။

“???”

လျိုဝူရွှမ်း မျက်နှာ မည်းမှောင်သွားသည်။ ချိချင်းရှန်းကတော့ သူ၏ ရှက်ရွံ့သော အခြေအနေကို ကြည့်ပြီး အပြုံးကို မထိန်းနိုင်တော့ချေ။

"ဒါက သက်ကြီးရွယ်အိုတွေကို လေးလေးစားစား ပြောဆိုတတ်တာလား"

All Chapters