အကုန်လုံး အရူးတွေ
Vol. 17 Ch. 243
ဝုန်း!
တံခါးက အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရသည်။
ဦးစီးချုပ်သည် လရောင်ကို ရောင်ပြန်ဟပ်နေသော သူ၏ ကြယ်သိုင်းရဲစခန်း တံဆိပ်ဖြင့် ဖြတ်လျှောက်လာခဲ့သည်။ ဒီလို ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို သူ တစ်ခါမှ မပြဖူးချေ။
"သခင်တို့!"
ဦးစီးချုပ်၏ အကြည့်များက အခန်းအနှံ့ ပျံ့လွင့်သွားသည်။ သူ ချင်းယန်ရဲ့ အခြေအနေကိုလည်း အလိုလို စစ်ကြည့်လိုက်၏။
အခန်းက ရှုပ်ပွနေပြီး ပရိဘောဂများ ပြန့်ကျဲနေသည်။ ချင်းယန်က အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်နေကာ သူ့မျက်နှာမှာ ကွဲလုမတတ် ဖြစ်နေပြီ။ လူငယ်လေးမှာ သူ့အရင် စိတ်တည်ငြိမ်မှု မရှိတော့တာ ကြာပြီ။
"မင်းဒီကို ဘာလာလုပ်တာလဲ"
ဒါကိုမြင်တော့ ချိချင်းရှန်း မျက်မှောင်ကြုတ်ပြီး တပ်မှူးကို စိုက်ကြည့်ရင်း သူ့ဓားရဲ့ ရည်ရွယ်ချက်က အနည်းငယ်ပျော့သွားအောင် ထိန်းချုပ်လိုက်သည်။ သူ့အမြင်၌ ဂိုဏ်းဆရာ နယ်ပယ်ကိုတောင် ဖြတ်မကျော်ဖူးသူဟာ ပုရွက်ဆိတ်တစ်ကောင်လောက်သာ ရှိသဖြင့် သူ့အာရုံခံ စက်ကွင်းအောက်ကနေ ပြေးမလွတ်ချေ။
အဓိပတိမဟာမိတ် ဆိုတာက ကြီးမားသော အာဏာကို ကိုင်စွဲထားသည့် အဖွဲ့အစည်းပင်။ ကြယ်သိုင်းရဲစခန်းက လက်အောက်ခံ အေဂျင်စီတစ်ခုမျှသာ ဖြစ်သည်။ ဦးစီးချုပ်၏ အဖွဲ့အစည်းသည် စဉ်ဆက်မပြတ် ရှိနေသော်လည်း ၎င်းနေရာက ခေါင်းဆောင်များသည်တော့ အဆက်မပြတ် ပြောင်းလဲနေရသည်။
ဒါပေမယ့် အခုအချိန်မှာတော့ ခေါင်းဆောင်က စွက်ဖက်ပြီးမို့ အခြေအနေက လုံးဝ ပြောင်းသွားပြီ။
"ဒါက မင်းရဲ့ကိစ္စမဟုတ်ဘူး ထွက်သွား!"
ချိချင်းရှန်းက သူ့ကို အေးတိအေးစက်နဲ့ နှင်ထုတ်လေသည်။
"မင်းရဲ့အဆင့်ကို မမေ့ပါနဲ့"
"အကြီးအကဲ ဘယ်ပြစ်မှုကျူးလွန်ခဲ့လို့လဲ"
ဦးစီးချုပ်သည် ချိချင်းရှန်း၏ စကားများထဲက စိတ်မရှည်ခြင်းကို ခံစားမိသော်လည်း ချင်းယန်၏ သနားစရာကောင်းသော အခြေအနေကို စိုက်ကြည့်ပြီးနောက် အံကြိတ်ကာ အခိုင်အမာ ဝင်ပြောခဲ့သည်။
"အကြီးအကဲ... ဓားနတ်ဘုရားက ကျန်းဟိုင်မြို့အတွက် ကြီးကြီးမားမား မျက်နှာသာပေးထားတာ... ချင်းယန်က ဓားနတ်ဘုရားရဲ့ တပည့်ပါ... တစ်ခုခုဖြစ်သွားရင် ကျန်းဟိုင်မြို့တစ်ခုလုံးကို ဒေါသထွက်ကုန်လိမ့်မယ်..."
"ဟမ့်? မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။"
ချိချင်းရှန်း သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူ့လေသံက ဖော်ရွေမှုမရှိတဲ့ ဓားတစ်ချောင်းလို ထွက်ပေါ်လာသည်။
"မင်းရဲ့ လှည့်ကွက်လေးတွေ အကြောင်း ငါအရင်က မသိခဲ့ဘူးများ ထင်လား အခုမင်းကို ဒဏ်ခတ်ဖို့ အချိန်တန်ပြီ ထင်တယ်..."
နောက်အခိုက်။
ဗုန်ူ!
ဓားသွား ရည်ရွယ်ချက် ပေါက်သွားရာ ဦးစီးချုပ်မှာ ချက်ချင်းပင် ဓားဖြင့် ထုပ်ပိုးခံလိုက်ရသည်။ ဓားရည်ရွယ်ချက် ပြင်းထန်လာသည်နှင့်အမျှ သူ့မျက်နှာက ပြာသွားကာ ချွေးပုတီးလုံးကြီးများ မျက်နှာပေါ် ရွှဲလာသည်။ ချင်းယန်ကို ကြည့်လိုက်တဲ့အခိုက် သူ ပိုလို့တောင် အပြစ်ရှိသလို ခံစားလာရလေ၏။
ဒီဓားလို ရည်ရွယ်ချက်က အပိုင်းပိုင်း ဖြတ်ပစ်လုနီးပါး ဖြစ်နေပြီ...။
ချင်းယန်က အဲဒါကို ဒီလောက်ကြာအောင် ခံနိုင်ရည်ရှိခဲ့တာလား။ ဒါက သက်သက်မဲ့ နှိပ်စက်နေတာပဲ။
"အကြီးအကဲ ခင်ဗျားအရင်ထွက်သွားပါ... ဒါက ခင်ဗျားကိစ္စမဟုတ်ဘူး!" “
ချင်းယန် ဟောက်ပြီး လူတိုင်းရဲ့ လုပ်ရပ်တွေကို ဝင်နှောင့်ယှက်လိုက်သည်။ လျိုဝူရွှမ်းနဲ့ ချိချင်းရှန်းက အလိုလို တချက်ကြည့်လိုက်ပြီး သူ့အမူအရာကို ချက်ချင်း သတိပြုမိသည်။ ချင်းယန်အမူအရာက ရူးသွပ်နေကာ စိတ်ပျက်အားငယ်နေတဲ့ အလောင်းအစားတစ်ခုကို ကစားတော့မလိုပင်။
သူ၏ စစ်မှန်သော ချီစွမ်းအင်သည် သူ့ကိုယ်အတွင်းထဲ တိုးဝင်လာသည်။ သူ့အရေပြားက အနည်းငယ် အက်ကွဲသွားပြီး တောက်ပသော ကြယ်ရောင်များ ဖြာထွက်နေသည်။
အခန်းက ကြယ်အလင်းရောင်များဖြင့် တောက်ပလာသည်။
"ဒါက!?"
မတည်မငြိမ် ကြယ်စွမ်းအင်တွေ စုစည်းနေပြီ။
ဒါကို သတိပြုမိလိုက်တဲ့ လျိုဝူရွှမ်းနဲ့ ချိချင်းရှန်းတို့ရဲ့ အမူအရာတွေ သိသိသာသာ ပြောင်းလဲသွားလေသည်။
သူ့ကိုယ်သူ ဖျက်ဆီးတော့မှာလား။
လျိုဝူရွှမ်းသည် ချင်းယန်ရှေ့သို့ အလိုလို ပြေးထွက်သွားပြီး သူ့မျက်ခုံးကို လက်ညှိုးဖြင့် ဖိကာ အစွမ်းထက်သော ကြယ်စွမ်းအားများအား တဟုန်ထိုး ထိုးသွင်းလိုက်သည်။ အမှန်တော့ သူကိုယ်တိုင်လည်း အသက်ရှုမရပ်ဖို့ ရုန်းကန်နေရ၏။
ဤနေရာတွင် မိမိကိုယ်မိမိ ဖျက်ဆီးလိုက်လျှင် မည်သူမျှ ခံနိုင်ရည်မရှိနိုင်ပေ။
"လုံလောက်ပြီ ချိချင်းရှန်း! မင်းမရပ်တော့ဘူးလား?" “
လျိုဝူရွှမ်း ချိချင်းရှန်းကို ကြည့်ပြီး ဒေါသတကြီးနဲ့ :"မင်း ချင်းကောင်လေးကို သေအောင် သတ်ဖို့ ကြိုးစားနေတာလား"
"ငါ..."
ဒါကိုမြင်တော့ ချိချင်းရှန်းလည်း သူ့ဓားကို အလျင်အမြန် ဆုတ်ခွာလိုက်ပြီး ဖိအားတွေ ထပ်မပေးရဲတော့ချေ။ သူလည်း ချင်းယန်ကို ဒီလောက်တောင် ရူးသွပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။
သတိပေးခြင်းမရှိဘဲ မိမိကိုယ်ကို ဖျက်ဆီးတော့မည်။
အရူး!
ဂိုဏ်းတစ်ခုလုံး အရူးတွေ!
“သူ့အသက်ကိုတောင် တန်ဖိုးမထားတဲ့ အရူးတစ်ယောက်! ငါတို့ သူ့ကို အတင်းအကြပ် ခိုင်းလို့ မရဘူး…”
ချိချင်းရှန်း ကျောပြင်မှ ချွေးများစီးကျလာသည်။ သူ အေးစက်နေသော လျိုဝူရွှမ်းကို ကြည့်ကာ သူ့အသံကို ထုတ်လွှတ်ရန် လျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့သည်-
"ဒါဆို မင်းထင်တဲ့အတိုင်းဆို ငါတို့ ဘာလုပ်သင့်လဲ"
အရင်က သူ့ကို မယုံခဲ့ပေမဲ့ အခုတော့ မိမိနည်းလမ်းတွေက လုံးဝကို ထိရောက်မှု မရှိသလို ဖြစ်လာတာကြောင့် မတတ်နိုင်တော့ချေ။ ယခုတွင် လျိုဝူရွှမ်း၏ နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည် ။
"ခဏစောင့်..."
လျိုဝူရွှမ်း သက်ပြင်းတစ်ချက် ချကာ ချင်းယန်မျက်ခုံးကို လွှတ်လိုက်ပြီး သူ့အသံကို ချိချင်းရှန်းဆီ ပြန်ပို့လိုက်သည်။
"ငါတို့ အတင်းအကြပ် လုပ်လို့မရဘူး"
"စောင့်ရမယ်?"
"မှန်တယ် ငါတို့စောင့်ကြည့်ရမယ်"
လျိုဝူရွှမ်းက ချင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ထပ်ချပြန်သည်။
"အခု ကျန်းဟိုင်မြို့တစ်မြို့လုံးက ချင်းယန် ငါတို့လက်ထဲမှာ ရှိနေတယ်ဆိုတာ သိတယ် သူ့ဂိုဏ်းကရော မသိနိုင်ဘူးလို့ ထင်လား သူ့ဂိုဏ်းမှာ သန်မာတဲ့အဖွဲ့ဝင်တွေ ရှိနေသေးရင် သူတို့က သူ့ကို ကယ်ဆယ်ဖို့ သေချာပေါက်လာလိမ့်မယ်"
…………
သို့နှင့် ညဘက် ရောက်သွား၏။
လမ်းမီးများသည် အဝါရောင်မှိန်မှိန်ဖြင့် လင်းထိန်နေသည်။
ရဲအရာရှိနှစ်ဖွဲ့သည် တိုက်ခန်းအဆောက်အအုံအပြင်ဘက် လမ်းပေါ်တွင် ကင်းလှည့်နေ၏။ စည်ကားနေသော မြို့လယ်ခေါင်နှင့် မတူဘဲ နယ်ဘက် မြို့များကတော့ အတော်လေး တိတ်ဆိတ်နေပြီး ညချမ်းလေးက နူးညံ့သည်။
ဆန္ဒပြပြည်သူများသည် ကြယ်သိုင်းရဲစခန်း ရဲဌာနတွင် စုဝေးနေခဲ့ကြသဖြင့် ဆင်ခြေဖုံးများကို ထူးထူးခြားခြား အေးချမ်းတည်ငြိမ်စေခဲ့သည်။
ဝှစ်!
ချောမောလှပသော အရိပ်နှစ်ခု တိုက်ခန်းနှင့် မဝေးလှသော နေရာသို့ ရောက်လာသည်။
"အစ်မချင်းဟဲ ဒီနေရာလား?"
လီကျစ်ရွှမ်းသည် သူမ၏ ဓားသွားကို ကိုင်ကာ ညအိပ်အဝတ်အစားဖြင့် လီချင်းဟဲနောက်၌ တိတ်တဆိတ် နိမ့်ချကာ ဝပ်နေလိုက်သည်။
"နေရာမှားမသွားစေနဲ့နော်.."
"စိတ်မပူပါနဲ့ ငါကဘယ်လိုလုပ် မှားနိုင်မှာလဲ ဒါပဲ! တိုက်ခန်း အဆောက်အဦးကို ကြည့်လိုက်စမ်း!"
လီချင်းဟဲ အပေါ်ထပ်ကို ညွှန်ပြလိုက်သည်။ ကြမ်းပြင်သည် အဝါဖျော့ဖျော့ မီးရောင်များဖြင့် တောက်ပနေပြီး ဗီဒီယိုဂိမ်းများ၏ ငြီးငွေ့ဖွယ်အသံများကို ကြားနိုင်သည်-
"ငါ့သတင်းရင်းမြစ်တွေအရဆို ဒီတိုက်ခန်းက ရဲဦးစီးချုပ် VIP သမားတွေကို ဆက်ဆံတဲ့ နေရာ... ချင်းမျိုးရိုးက ဦးစီးချုပ်ရဲ့ ရုံးခန်းမှာ မရှိနေမှတော့ ဒီမှာ ရှိနေမှာပဲ..."
"ဟုတ်တယ်... အစ်ကိုကြီး အဆင်ပြေနေဖို့ မျှော်လင့်တယ်"
လီကျစ်ရွှမ်း စိုးရိမ်စိတ်ဖြင့် ပြတင်းပေါက်ကို လှည့်ကြည့်ရင်း ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။
ဒီခရီးစဉ်မှာ အများကြီး ကြိုးစားခဲ့ပြီးပြီ။ ယခုထိ ဦးစီးချုပ်က သူ့ကို မလွှတ်ပေးလို့ ချင်းယန်ကို ဆက်သွယ်၍ မရခဲ့ပေ။
သူမ အထဲကို ဝင်ပြီး အခြေအနေကို မေးရမည်။
"အဆိုးဆုံး ဖြစ်လာရင် ငါ သူ့ကို ထောင်ကနေ ကယ်ထုတ်ပစ်မယ်"
လီကျစ်ရွှမ်း သူမ၏ ဓားစောင်းကို ဆုပ်ကိုင်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။
"ငါ့ရဲ့ဆရာတူအစ်ကိုကို လွှတ်ကို လွှတ်ပေးရမယ်!"
“ရွှမ်းရွှမ်း…”
လီချင်းဟဲ တုံ့ဆိုင်းသွားပြီး :"ကျန်းဟိုင်မြို့က သူ့ကို ဆက်မထားနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
လီကျစ်ရွှမ်း၏ လှပသော မျက်လုံးများက အနည်းငယ် တုန်လှုပ်သွားပြီး နားရွက်များ နီရဲလာလေသည်။
"ဒါဆို ငါ အစ်ကိုနဲ့ ထွက်ပြေးလိုက်မယ် အဆင်မပြေရင် ငါတို့ ကျန်းဟိုင်ကနေ ထွက်သွားမယ်.. ကမ္ဘာကြီးက အရမ်းကျယ်ပါတယ်... ငါတို့နှစ်ယောက်နေနိုင်မယ့် နေရာလေးတော့ ရှိမှာပဲ"
“ကောင်းပြီ အန်တီလေး... နားရွက်တွေလည်း နီနေလောက်ပြီ”
လီချင်းဟဲ ပါးစပ်ကို အုပ်ပြီး ရယ်မောလိုက်သည်။
“နင့်မှာ တကယ် ထက်မြက်တဲ့ အစီအစဥ် ရှိတာပဲ…”
လီကျစ်ရွှမ်းမျက်နှာသည် ပို၍ပင် နီမြန်းလာပြီး သူမနားရွက်ကို ထိလိုက်သည်။
"ပေါက်ကရ စကားမပြောနဲ့... ငါ့ဆရာတူ အစ်ကိုကြီးကို အမြန်ရှာရမယ်.. ရဲတွေ ရှာမတွေ့စေနဲ့"
"စိတ်မပူပါနဲ့ ငါစစ်ဆေးပြီးပြီ တကယ်ခြိမ်းခြောက်နိုင်တာမျိုး မရှိဘူး။"
လီချင်းဟဲ ပြုံးကာ ဆံပင်တိုတိုကို သပ်တင်လိုက်လေပြီး သူမလက်ထဲတွင် ခင်းကျင်းထားသော ပုံကြမ်းကို စိတ်ချလက်ချ ဝှေ့ယမ်းလိုက်သည်။
"အနီးအနားမှာ ရဲ နှစ်ယောက် သုံးယောက်ပဲ ရှိတယ် သူတို့အားလုံးက တတ်ကျွမ်းတဲ့ အလယ်အလတ်အဆင့်မှာပဲ ရှိတာ ကြောက်စရာမရှိဘူး..."
ဒါပေမယ့် သူမစကားမဆုံးခင်မှာပဲ ရုတ်တရက် နေရာတွင် အေးခဲသွားသည်။
အိုး!
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ရုတ်တရက် ဆင်းသက်လာကာ ချက်ချင်းဆိုသလိုပင် သူမတို့တည်နေရာကို ချိတ်ပိတ်ဖို့ ဆင်းသက်လာခဲ့သည်။
ကြယ်ပွင့်ဖိအားတွေ ကျဆင်းသွားပြီး လေထုထဲ ပိတ်သွားသဖြင့် လွတ်ဖို့နေရာ မရှိတော့ချေ။
"သူတို့ တကယ်ရောက်လာသားပဲ... မင်းမှန်တယ်!"
အပေါ်က မြင်နေရတဲ့ ချိချင်းရှန်းသည် သူမတို့ နှစ်ယောက်ကို ငုံ့ကြည့်ပြီး ရယ်မောချလိုက်သည်။
"ချင်းကောင်လေးကို ကယ်ဖို့ တစ်ယောက်ယောက်က တကယ်ရောက်လာတာဘဲ ဒီနှစ်ယောက်က ဘာလို့ ဒီလောက် အားနည်းနေတာလဲ မွေးရာပါနယ်ပယ်ပဲ ရှိသေးတယ်... ငါးပေါက်စနဲ့ ပုစွန်ပေါက်စ..."
ဒါကိုကြားတော့ လျိုဝူရွှမ်းကလည်း ပါဝင်ကာ စိုက်ကြည့်ရင်း။
"ငါးကြီးတစ်ကောင်မှ မဖမ်းဖူးပေမယ့် ဖိတ်စာမရထားတဲ့ သေးသေးလေးတွေ အရင် ရောက်လာတယ်"
“ဆင်းပြီး သူတို့ရဲ့ အင်အားကို အရင်ရှာကြည့်ရအောင်”
“ကောင်းပြီ!”
နှစ်ယောက်သား ဖြည်းညှင်းစွာ ဆင်းလာသော်လည်း မြေကြီးပေါ် ဆင်းသက်မလာသေးဘဲ လီကျစ်ရွှမ်းတို့ အထက်တွင် ဆိုင်းငံ့ထားခဲ့သည်။
ကြောက်စရာကောင်းတဲ့ ဖိနှိပ်စွမ်းအားတွေ ကျဆင်းလာရာ လီကျစ်ရွှမ်းတို့ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ကြရသည်။
“အဓိပတိ မဟာမိတ်…”
လီချင်းဟဲ အတန်ငယ် အံ့သြသွားသည်။ အဓိပတိနယ်ပယ်က ဒီနေရာမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို တကယ် ပြုလုပ်ခဲ့လေသည်။
"သွားကြစို့!"
လီကျစ်ရွှမ်းက သူမထက် ပို၍ပင် ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားပြီး ချက်ချင်း လှည့်ထွက်သွားသည်။
"ထွက်သွားဖို့ကြိုးစားနေတာလား?"
ချိချင်းရှန်းသည် လက်နှစ်ဖက်ကို ဖြတ်ကာ ထွက်ပြေးချင်နေသည့် မိန်းကလေးနှစ်ယောက်ဆီကို ဓားအလင်းတစ်ခု ရုတ်ချည်း ပစ်လွှတ်လိုက်၏။
လီကျစ်ရွှမ်း၏ ကောင်းကင်ဖြတ်ဓားက ချက်ချင်းနီးပါး တန်ပြန် ရောက်ရှိလာသည်။ အေးစက်နေသော ဓားအလင်းတစ်ခုသည် ၎င်းတို့ကို ဖြတ်ကျော်ဝင်ရောက်ကာ တောက်ပနေသော အဖြူရောင် အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်၍ သူတို့၏ရုပ်သွင်များကို ဖုံးကွယ်သွားခဲ့သည်။
နောက်အခိုက်၌ ညက နေ့လက်ကဲ့သို့ တောက်ပသွားသည်။
မြို့တွင်း ဆန္ဒပြနေကြသည့် ပြည်သူအချို့သည် မအိပ်ကြသေးတာကြောင့် မျှော်ကြည့်နေကြဆဲဖြစ်ပြီး အားလုံးက ဓားအလင်းတန်းများ ပြည့်နေသော ကောင်းကင်ယံ တိုက်ခန်းဆီသို့ မျှော်ကြည့်နေကြသည်။
မနက်စောစော အချိန်က ရုတ်ချည်း ရောက်လာသလိုပါပဲ။
…
"ဟင်.. ဒီဓားရည်ရွယ်ချက်က...?!"
ချိချင်းရှန်းသည် နီးကပ်လာသော ဓားအလင်းရောင်ကြောင့် လေထုကို ဖြိုချကာ ပေပေါင်းများစွာအကွာအထိ နောက်သို့ ဆုတ်သွားရ၏။ သို့သော် သူ့အကြည့်များက လီကျစ်ရွှမ်းကို ဖမ်းမိထားဆဲ။
"ဒါက ဓားနတ်ဘုရားရဲ့ ဓားသိုင်းနဲ့ တူသလိုပဲ..."
ကျန်းဟိုင်ကို မရောက်ခင်မှာ ဓားနတ်ဘုရားရဲ့ လှုပ်ရှားမှု မှတ်တမ်းတိုင်းကို သေချာလေ့လာခဲ့ပြီး လှုပ်ရှားမှုတိုင်းကို ပိုင်းခြားစိတ်ဖြာခဲ့တာကြောင့် နှလုံးသားထဲကတောင် သိနေခဲ့သည်။
ယခုပင်!
ဒီကလေးမလေးရဲ့ ဓားသိုင်းက တစ်ပုံစံတည်း တူလုနီးပါးပါပဲ။
အကယ်၍ သူတို့သာ ဤဦးဆောင်လမ်းပြမှု နောက်ကို လိုက်သွားပါက ဓားနတ်ဘုရား ဂိုဏ်းကို ရှာတွေ့နိုင်မှာ မဟုတ်ပါလား။
"ရပြီ သဲလွန်စတစ်ခုတွေ့ပြီ! ဒီမိန်းကလေးက အောင်မြင်မှုပဲ!"
"မင်း ဘာလုပ်ချင်လို့လဲ?"
လျိုဝူရွှမ်း သူ့မျက်နှာပေါ်က ထူးဆန်းသောအကြည့်ကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မဆင်မခြင် မလုပ်နဲ့..."
"ဒီအငယ်တန်းက မရိုးရှင်းဘူးကွ သူမ အဲဒီဂိုဏ်းနဲ့ ပတ်သက်နေရမယ်!"
ချိချင်းရှန်း ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ရူးသွပ်မှု အရိပ်အမြွက်ကို ထုတ်ပြသည်။
"ဒီဂျူနီယာလေးကို ဖမ်းထားသရွေ့ ငါတို့ ဓားနတ်ဘုရားရဲ့ဂိုဏ်းကို သေချာပေါက် ရှာတွေ့နိုင်မှာ!"
သူသည် စကားဆုံးသည်နှင့် လီကျစ်ရွှမ်းကို ဓားဖြင့် လှမ်းခုတ်လိုက်သည်။
နောက်အခိုက်။
ဓားမီးနှစ်ချောင်း ပွတ်တိုက်မိသွားသည်။
သန်မာမှု ကွာခြားချက်မှာ ဓားပညာ ကျွမ်းကျင်မှုကြောင့် မဟုတ်ဘဲ မွေးရာပါနယ်ပယ်နှင့် အဓိပတိနယ်ပယ် အကြား တိုက်ခိုက်မှုကြောင့် တခဏချင်းတွင် ကောင်းကင်ဖြတ်ဓား အလင်းက မှိန်ဖျော့သွားပြီး လုံးဝ အစွမ်းမရှိတော့ပေ။
"ရွှမ်းရွှမ်း နောက်ဆုတ်!"
ဒါကိုမြင်တော့ လီချင်းဟဲ သူ့ကိုယ်ပိုင် အခင်းအကျင်းကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ကြယ်စွမ်းအင်ခင်းကျင်းတစ်ခုကို ဖန်တီးဖို့ သူ့လက်ချောင်းထိပ်တွေက မျဉ်းကြောင်းတွေဆွဲကာ ဖိအားတွေကို တွန်းလှန်ဖို့ ကြိုးစားနေ၏။
ဗုန်း!!
အခင်းအကျင်းက အသက်ဝင်လာပြီးနောက် လီချင်းဟဲ ၎င်းကို ကန့်သတ်ချက်သို့ တွန်းပို့ပစ်လိုက်သည်။
နောက်အခိုက်အတန့်တွင် ရေခဲနိယာမကြောင့် အားကောင်းလာသည့် လီကျစ်ရွှမ်း၏ ဓားရည်ရွယ်ချက်သည် သူမ၏ ကျင့်ကြံမှုနယ်ပယ် တံခါးပေါက်ကို ချက်ချင်း ဖြတ်ကျော်သွားခဲ့သည်။ ပတ်ဝန်းကျင်လေက နှင်းခဲများအဖြစ် ပေါင်းစပ်သွားပြီး အပူချိန်ကလည်း သုညအောက်သို့ ကျဆင်းသွားသည်။
သို့သော် အကျိုးသက်ရောက်မှုက အနည်းငယ်မျှသာ ဖြစ်သည်။
ဓားရည်ရွယ်ချက်နှင့် ထိပ်တိုက်တွေ့ပြီးတဲ့ ချိချင်းရှန်းသည် သူ့ဓားကို မြှောက်ကာ ထပ်ခါထပ်ခါ ခုတ်ထစ်ရင်း အတင်းဖိချရန် ရွေးချယ်လိုက်သည်။
အေးစက်နေသော ဓားအလင်းတန်းတစ်ခု ပွင့်လာသည်။
ဓားစွမ်းအင် တစ်ကြောင်းတည်းဖြင့် နိယာမစွမ်းအင် မျဥ်းတစ်သောင်း ကွဲထွက်သွားသည် ။
ဝုန်း!
လီကျစ်ရွှမ်း ချက်ချင်းပင် နောက်ပြန်ဆုတ်သွားရပြီး သူမကိုယ်သူမ တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ ကွာဟချက်က ကြီးလွန်းလှသည်။ ဒါက သူမ လုပ်နိုင်သမျှ လုပ်ပြီးပြီ ဖြစ်ကာ အဓိပတိနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထံက တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိထားတာက သူမ၏ ကန့်သတ်ချက်မှာ ရှိနေပြီဖြစ်သည်။
"ကောင်းပြီ အငယ်တန်းလေး!"
ချိချင်းရှန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ဆံပင်နဲ့ မုတ်ဆိတ်မွေးတွေက တဖျပ်ဖျပ်ခတ်သွားသည်။ လက်ထဲက ဓားကို ပေါ့ပေါ့ပါးပါး လှန်လိုက်ရင်း ကျေနပ်သွားပုံဖြင့်။
"မဆိုးပါဘူး ငါ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံသုံးပုံကို နှိုးဆွပေးနိုင်တာက တော်တော်ကောင်းတဲ့ အောင်မြင်မှုတစ်ခုပဲ... မင်းတို့အားလုံးကို သင်ပေးခဲ့တဲ့ ဂိုဏ်းကို ငါသေချာပေါက် တွေ့ကိုတွေ့ရမယ်!!!"
ထိုသို့ပြောပြီးလျှင် ကြယ်စွမ်းအင်များအား အရှိန်ပြင်းပြင်း ဖိချလိုက်သည်။
လွတ်ရန်နေရာမရှိ၊
လီကျစ်ရွှမ်းမှာ လက်ငါးချောင်းရှိသော တောင်အောက်၌ ရှိနေသကဲ့သို့ နောက်ဆုတ်ရန် နေရာမရှိတော့ပေ။ အရပ်ရပ်ကနေ လေပွေတစ်ခုက ပြင်းပြင်းထန်ထန် တိုးလာ၏။
သူ အောင်မြင်ခါနီးမှာ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ကျယ်လောင်သော ခေါင်းလောင်းကြီး၏ လှိုင်းလုံးခတ်များအလား အရှေ့အရပ်မှ ရိုက်ခတ်လာ၏။
အနှီ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများစွာသည် ကောင်းကင်အထက်တွင် စုရုံးလာကြပြီး အရိပ်ပေါင်များစွာ ပေါ်လာကာ တိမ်ပင်လယ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
"ငါ့ဂိုဏ်းကတပည့်ကို ဘယ်သူ ဒုက္ခပေးရဲတာလဲ! ! !"