← Chapters

လက်တစ်ချောင်းက ကောင်းကင်ကို အကျဥ်းချထားတယ်

Vol. 17 Ch. 246

လက်တစ်ချောင်းက ကောင်းကင်ကို အကျဥ်းချထားတယ်

Vol. 17 Ch. 246

"မကောင်းတဲ့သခင်.... ကိုယ့်သားရဲကျွန်ကို ဘယ်လိုအနိုင်ကျင့်ရမယ် ဆိုတာပဲ သိတယ်..."

နှိပ်စက်ခံရပြီးနောက် ရှောင်ပိုင် နှုတ်ခမ်းစူပြီး အနည်းငယ် ဝုန်းဒိုင်းကြဲပစ်လိုက်သည်။

သို့သော်လည်း သူမသည် ဆိုဖာဆီသို့ ပြန်သွားစဉ်တွင် မှုန်ကုပ်ကုပ်အမြီးကို ဆန့်ထုတ်ကာ ချင်းယန်အတွက် ခေါင်းအုံးအဖြစ် အသုံးပြုခိုင်းဆဲ။

"အထက်တန်းကျတဲ့ ခံစားချက်ကို မရှိဘူး..."

ချင်းယန် မျက်လုံးများကို မှိတ်ထားပြီး ရှောင်ပိုင်၏ ပျော့ပျောင်းသော မြေခွေးအမြီးပေါ်တွင် လှဲချကာ ခေါင်းအုံးအဖြစ် သက်တောင့်သက်သာ အသုံးချ​နေခဲ့သည်။

"ဒါဆို သခင်... အဓိပတိမဟာမိတ်က အရူးနှစ်ယောက်ကို ဘာလုပ်မှာလဲ "

ရှောင်ပိုင်သည် တီဗီကြည့်ရန် ခေါင်းလှည့်စဉ် လက်ကလည်း ချင်းယန်ပုခုံးများကို နှိပ်နယ်ပေး​နေသည်။ ကောင်းကင်ယံတွင်တော့ လျိုဝူရွှမ်းတို့သည် လူခုနစ်ဦးအား ထိပ်တိုက်ရင်ဆိုင်​နေရမှုများက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

သူတို့ထွက်သွားဖို့ နေရာမရှိ။ တစ်ချိန်က မာနကြီးခဲ့သော လျိုဝူရွှမ်းလည်း ယခုအခါ သူ့အလိုလို နာခံမှု ပိုရှိလာသည်။

"သခင် ဒါကို လွှတ်ထားလို့မရဘူးနော်"

ရှောင်ပိုင်သည် သူမ၏ပါးပြင်ကို အနည်းငယ် ထိုးကုပ်ပြီး လက်ချောင်းတွေထောင်ကာ ရေတွက်ပြနေသည်။

"ပြီးခဲ့တဲ့ အကြိမ်က မြှားနတ်ဘုရားရဲ့ စိန်ခေါ်မှု... ဒီတစ်ခါကျတော့ ရဲအုပ်ကြီးရဲ့ စောင့်ကြည့်တာ ခံရတယ်.. သူတို့က ကျွန်မတို့ကို ဘယ်လို အနိုင်ကျင့်ရမလဲ ဆိုတာပဲ သိတယ် ဒီထောက်လှမ်းရေးကြောင့်သာ မဟုတ်ရင်... သခင် ခေါက်ဆွဲခြောက် စားရပါ့မလား... သခင် ဒီမတရားမှုတွေကို လွှတ်ထားလို့ မရဘူး"

"ဘယ်လွှတ်ထားလို့ ဖြစ်မလဲ.... ငါ့မှာ ကိုယ်ပိုင် အကြံဥာဏ်တွေ ရှိပါတယ်"

ချင်းယန် ရှောင်ပိုင်ရဲ့ ဝန်ဆောင်မှုကို နှစ်သက်စွာ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ သူ့သွေးကိုယ်ပွားရဲ့ ရှုထောင့်နဲ့ ချိတ်ဆက်ကာ တိုက်ခန်းရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ရင်း သူ့အသိစိတ်က နေရာနှစ်ခုဆီ ကွဲထွက်သွားသည်။

သူ့အကြည့်က ချိချင်းရှန်းပေါ် ရောက်သွားသည်။ တိုက်ပွဲတစ်ခုကတော့ သေချာပေါက် လိုအပ်နေပြီ။

ဒီလူဟာ သူ့နယ်မြေကို အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ပြီး တစ်ပတ်ကျော်ကြာ သူလျှိုလုပ်ခဲ့သည်။ ဆိုတော့ သူ့အာဏာကို ထူထောင်ရမည်။ ဒီလိုမှ မဟုတ်ဘဲ သူတို့တွေ နေ့တိုင်း ဒီလို ကျူးကျော် လာနေရင် သူ့ဘဝက သနားစရာ ကောင်းသွားလိမ့်မည်။

ဒါပေမယ့် ချင်းယန် အခုထက်ပိုပြီး စိုးရိမ်နေတာက။

"စနစ်ဆီက အသံမထွက်လာဘူး"

ချိချင်းရှန်းလို့ ခေါ်တဲ့ ဒီကောင်လေးက တော်တော် အားနည်းပုံရလေသည်။ စနစ်သတိပေးချက် မရှိတာမို့ ပြတ်ပြတ်သားသား ပြောရလျှင် သူသည် နှစ်ငါးရာတိုင်တိုင် မနေထိုင်နိုင်သော ကျင့်ကြံသူမျှသာ ဖြစ်သည်။

“အင်း... အမှိုက်ရှင်းဖို့ စဉ်းစားရတော့မှာပဲ”

ချင်းယန်၏ အသိစိတ်သည် မိုင်ထောင်ချီဝေးသော နေရာကနေ တိုက်ပွဲထဲ ပြန်လည် နစ်မြုပ်သွားခဲ့သည်။

…

…

ရဲဦးစီးချုပ်ကြီး၏ တိုက်ခန်းအထက်တွင် လေအေး​အေးသည် ခေါင်မိုးပေါ်ရှိ လှေကားထစ်နားအထိ တိုက်ခတ်သွားသည်။

ကောင်းကင်ကြီးကတော့ တောက်ပနေ၏။

အရိပ်ခုနစ်ခုက လျိုဝူရွှမ်းတို့ကို ငုံ့ကြည့်နေသည်။ လျိုဝူရွှမ်းသည် ယခုမှ တက်လာသော်လည်း ဖောက်ခွဲကောင်းကင်ဂိုဏ်း ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် ရှေ့သို့ အရှိန်မတက်ဝံ့ဘဲ အနည်းငယ်နိမ့်သော အမြင့်ကိုသာ ထိန်းသိမ်းထားခဲ့သည်။

"ဒါဆို ငါ့ဂိုဏ်းကတပည့်ကို ဒဏ်ရာရစေတဲ့သူက မင်းတို့ရဲ့ အဓိပတိ မဟာမိတ်ပေါ့"

ယဲ့ဖန်သည် ချိချင်းရှန်းကို တည်ငြိမ်စွာ စိုက်ကြည့်ကာ ခေါင်းစဉ်တစ်ခု ပေးလိုက်သည်။

"မင်းတို့ ငါ့ဂိုဏ်းကတပည့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဆိုတော့ ​​မင်းတို့ ဘာရှင်းပြချင်လဲ"

"နားလည်မှုလွဲနေတာပါ လူကြီးမင်းတို့ အားလုံး နားလည်မှုလွဲနေကြတာပါ..."

ဒါကိုကြားတော့ လျိုဝူရွှမ်းခမျာ အေးစက်တဲ့ ချွေးတွေ ထွက်လာ​တော့သည်။ လွတ်မြောက်ဖို့ နေရာမရှိတော့သလိုမျိုး ဖိနှိပ်ချုပ်ချယ်ထားတဲ့ ခံစားချက်များစွာက သူ့ကို ဖုံးလွှမ်းနေသည်။

ယခင်က ချင်းယန်အပေါ် စောင့်ကြည့်မှုမှာ လုံးဝ ကောင်းမွန်ခဲ့ပါသည်။ ချိချင်းရှန်း၏ အကြံပြုချက်ကြောင့် မဟုတ်ပါက ဤအရှုပ်အထွေးအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

ဒါကိုတွေးရင်း လျိုဝူရွှမ်း လှည့်ပတ်ကြည့်လိုက်သည်။ သူ့ဘေးနားက ချိချင်းရှန်းမှာ သူ့လက်ထဲမှာ ဓားရှည်တစ်လက်ကို ကိုင်ထားပြီး ရှက်ရွံ့နေတဲ့ မျက်နှာနဲ့ ရပ်နေ၏။

ဒါပေမယ့် တစ်ခုခုတော့ လွဲနေသလိုပဲ...

ဒါက သာမာန်ဓား ပဲ့တင်ထပ်သံတော့ မဟုတ်ချေ။ ဓားစွမ်းအင်တွေ ထွက်မပေါ်လာပေ။ ၎င်းက သူ သိသိသာသာ တုန်နေခြင်းပင်။

လျိုဝူရွှမ်း : “…”

အကြောက်တရား ဆိုတာ အခုသိ​ပြီလား။

သေခြင်းတရားနဲ့ မကြုံရမချင်း မင်း သင်ခန်းစာကို သင်ယူမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်။

ဒါပေမယ့် ငါတို့ရဲ့ မဟာမိတ်တွေအတွက်တော့ ကူညီဖို့ လုပ်ရဦးမည်။

"လူကြီးမင်း... ဒီကိစ္စက ကျုပ်တို့အမှားပါ"

လျိုဝူရွှမ်းက ယဲ့ဖန်နှင့် အခြားသူများကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ကျ​နော့်သူငယ်ချင်းက စိတ်မြန်ပေမယ့် သူက လူဆိုးမဟုတ်ပါဘူး... သူ့ကို ခွင့်လွှတ်ပြီး မဟာမိတ်အဖွဲ့အတွက် သူ့ကို မျက်နှာသာပေးဖို့ တောင်းဆိုပါတယ်.."

"မျက်နှာသာပေးရမယ် ဟုတ်လား?"

ဓားဧကရာဇ် ယဲ့ဝူချွဲက ရုတ်တရတ် ဖြတ်ပြောရင်း သူ့မျက်နှာကို ဖုံးကွယ်ရန် ဝါးဦးထုပ်ကို လက်ဖြင့် ဖိချလိုက်သည်။ သူ့ဓားစောင်းပေါ် ရောက်နေသော တခြားလက်တစ်ဖက်မှာ အသင့်ပြင်ထားလေသဖြင့် လေသံကလည်း အလွန်ရန်လိုသည့် လေသံမျိုး ဖြစ်လာသည်။

"မင်းတို့ ငါ့ဂိုဏ်းကို ဖော်ထုတ်ပြီးရင် ဒီကိစ္စက ဒီလောက်နဲ့ပဲ ပြီးသွားလိမ့်မယ်လို့ ထင်လား?"

ဒီမေးခွန်း ပြီးဆုံးသောအခါ တခြားလူငါးဦး၏ မျက်လုံးများသည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် တိုက်ခိုက်ရန် စိတ်အားထက်သန်လာကြသည်။ အခြေခံအားဖြင့် ၎င်းတို့အားလုံးသည် ချင်းယန်၏ ကိုယ်ခံပညာ သရုပ်လက္ခဏာများဖြစ်ပြီး အမျိုးမျိုးသော ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်များ၏ အထွတ်အထိပ်ကို ကိုယ်စားပြု​ပေသည်။

ဤအခိုက်အတန့်တွင် လူခုနစ်ဦးစလုံးသည် ၎င်းတို့၏ လူသတ်လိုသော ဆန္ဒကို ထုတ်ဖော်ပြီး လျိုဝူရွှမ်းကို ဖုံးအုပ်ထားလိုက်ရာ သတ်ဖြတ်လိုစိတ်က အဆတစ်ရာ တိုးလာလေတော့၏။

"မကောင်းတော့ဘူး..."

"ငါတို့ ဘာလုပ်သင့်လဲ?"

ချိချင်းရှန်းလည်း သူ့နှလုံးသားထဲက ကြောက်ရွံ့မှုကို ဖိနှိပ်ဖို့ ရုန်းကန်ရင်း စိတ်တွေ ကမောက်ကမ ဖြစ်သွားသည်။ သူသည် အလိုလို နောက်ပြန်လှည့်ကြည့်ကာ လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေ၏။

ယခု ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက သူတို့ကို ဝိုင်းထား​ပြီ။

"ငါတို့ ထွက်သွားဖို့ နည်းလမ်းရှာမတွေ့ရင် ဒီမှာ တကယ်သေသွားမှာ ကြောက်ရတယ်"

"အားလုံးပဲ နားလည်မှုလွဲနေကြတာပါ"

ထိုအချိန်တွင် လျိုဝူရွှမ်းက ပြုံးပြကာ ရှေ့တိုးလာခဲ့သည်။

"ကျွန်​တော်တို့ မိတ်ဆွေလေးချင်းကို ခက်ခဲအောင်လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး... အစ်ကိုချင်းရှန်းက စိတ်မြန်လွန်းတာကြောင့် ခင်ဗျားတို့ရဲ့တပည့်အပေါ် ဖိအားနည်းနည်း ပေးမိသွားတာပါ ..."

ယဲ့ဖန်: "ဟမ့်... လုပ်ရပ်တွေက မင်းရှေ့မှာတင်ပဲ မင်းက ငါတို့နဲ့ ငြင်းခုံချင်သေးတာလား မင်းငါ့အငယ်တန်းကို ဖိအားပေးတဲ့အတွက် မင်းကို အပြစ်ပေးသင့်တယ် ဒါပေမယ့် ဒီကိစ္စက ဖြေရှင်းဖို့ အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး... ငါတို့က ယုတ်မာတဲ့လူ မဟုတ်ဘူး... ငါတို့အားလုံး ကျိုးကြောင်းဆီလျော်တတ်တယ် မင်းနားလည်သရွေ့ ညှိနှိုင်းလို့ရတယ်"

"ဘယ်လိုလုပ်​ပေးရလဲ?"

ထိုစကားကို ကြားသောအခါ ချိချင်ရှန်း၏ မျက်နှာသည်လည်း ရွှင်လန်းမှုနှင့်အတူ တောက်ပလာသည်။

တိုက်ပွဲမရှိသရွေ့ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိတယ်။ အခြေအနေတိုင်းကို သူလက်ခံနိုင်တယ်။

“ရိုးရှင်းပါတယ်”

ယဲ့ဖန်သည် သူ့မျက်လုံးများကို မှေးကျဥ်၍ ချိချင်းရှန်းကိုကြည့်ကာ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"မင်း ငါတို့ဂိုဏ်းတပည့်ကို အနိုင်ကျင့်ပြီးပြီ... ဘယ်လိုလဲ... ငါတို့ထဲက တချို့ကလည်း မင်းကို တစ်ကြိမ်လောက် အနိုင်ကျင့်ကြည့်ရအောင် ငါတို့အလှည့်ကျ မင်းကို တစ်ကြိမ်စီ ဖိအား​ပေးပြီးတော့ ထွက်သွားမယ်.... ဒါ ကျိုးကြောင်းဆီလျော်တဲ့ ကမ်းလှမ်းချက်ပဲမလား"

သူ့စကားက လူနှစ်ယောက်ကို ချက်ချင်းငြိမ်ကျသွားစေသည်။

“…”

မတိုင်ခင်က ငြိမ်ကျသွားသော ချိချင်းရှန်း၏ နှလုံးသားသည်လည်း တဖန်ခုန်တက်လာပြီး သူ့မျက်နှာမှာ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

ဒါက ဘယ်လိုစကားမျိုးလဲ။

သူက ဖောက်ခွဲကောင်းကင်ဂိုဏ်း ဂိုဏ်းဝင်တစ်ဦးစီကနေ တစ်ချက်တည်းနဲ့ ဖိသိပ်ခံရမှာလား။

နောက်နေတာလား?!

ဒါတွေအားလုံး​က အဓိပတိနယ်ပယ်တွေလေ!

တစ်ချက်စီသာ ရိုက်လိုက်ရင် သူ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ။

သူသည် သူ့အနားရှိ လျိုဝူရွှမ်း ထံသို့ လှည့်ကာ သနားစရာကောင်းသော အသနားခံနေသည့် အကြည့်ဖြင့် ကြည့်ကာ လွတ်မြောက်ဖို့ နည်းလမ်းရှာရန် မျှော်လင့်​နေသည်။ လျိုဝူရွှမ်း သည် သူ့အား ဘေးတိုက်ကြည့်ကာ သူ့ရဲဘောကြောင်သော အသွင်အပြင်ကြောင့် မျက်လုံးအနည်းငယ် မှိတ်သွားသည်။

ချိချင်းရှန်းသည် ခေါင်းမာသောဒေါသဖြင့် မွေးဖွားလာခဲ့ပြီး ယခု ချိချင်းရှန်း ပေါက်ကွဲပြီးနောက် အမှန်တကယ်ပင် အားနည်းလွန်းလှကြောင်း ထင်ရှားလာ၏။

“ဟူး... ငါတို့ မဟာမိတ်မျက်နှာကြောင့် ငါ မင်းကို နောက်ဆုံးအနေနဲ့ ကူညီ​ပေးမယ်…”

လျိုဝူရွှမ်းသည် ချိချင်းရှန်း၏ ပခုံးပေါ် လက်နဲ့ဖိချလိုက်သည်။ ကြယ်စွမ်းအင်ကို စုဆောင်းကာ နိယာမစွမ်းအင်များကို အသက်သွင်းလိုက်သည်။

“သွား!”

နှစ်ယောက်သား တဖျပ်ဖျပ်ခတ်ပြီး သူတို့နေရာမှ ရုတ်တရတ် ပျောက်ကွယ်သွားကြသည်။

ချိချင်းရှန်းသည် လျိုဝူရွှမ်း၏ အကူအညီဖြင့် လေထုကို ဖြတ်ကျော်ပြီးနောက် လျှပ်တစ်ပြက်အတွင်း ပေတစ်ရာအကွာသို့ ရောက်ရှိသွား၏။ သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ လွတ်မြောက်သွားတော့မည်ဟု ချိချင်းရှန်း ထင်လိုက်သည်။

အခြေအနေတွေ ပြောင်းသွားပြီ။ ထွက်ပြေးတာက တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်။ လျိုဝူရွှမ်း၏ လက်ရှိအစီအစဉ်မှာ ချိချင်းရှန်းကို လွှတ်လိုက်ရန်ဖြစ်ကာ ထို့နောက် အခြေအနေများ ငြိမ်သက်သွားပြီးနောက် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရန် ပြန်သွားမည်။

မဟုတ်ရင် သူတို့ရဲ့ လက်ရှိ ဒေါသကြောင့် ချိချင်းရှန်း သေချာပေါက် သေလိမ့်မည်။

"ပြေးမယ်ပေါ့?"

လင်တုံ့က မျှော်လင့်ထားပုံရပြီး အနည်းငယ် ပြုံးလေသည်။ ငြိမ်သက်စွာဖြင့် သူ့လက်ကို မြှောက်ကာ သူတို့နှစ်ဦး ထွက်ခွာသွားသည့် လမ်းကြောင်းကို ညွှန်ပြလိုက်သည်။

လက်ညှိုးဖြင့် ဖိချလိုက်သည့် နောက်အခိုက်အတန့်၌ ဗုန်းဟူသော အသံနက်ကြီးနဲ့အတူ ရုတ်တရက် လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်ကာ ကောင်းကင်ကို အကျဉ်းချတော့မယ့် ကောင်းကင်လက်ချောင်း အသက်ဝင်သွားခဲ့သည်။

ထို့နောက် ကောင်းကင်သည် အလင်းရောင် မရှိတော့ဘဲ သန့်စင်သော အကျဉ်းချနည်းဖြင့် မှောင်မိုက်သွားသည်။ ခုနက ပေါ်လာတဲ့ အလင်းရောင်က နောက်ပြန်ဆုတ်သွားပြီး အမှောင်ထဲကို ပြန်ထိုးကျသွား၏။ တစ်ချိန်တည်းမှာပဲ အဆုံးမရှိသော မြူခိုးများ ဆင်းသက်လာကာ ထိုဧရိယာကို ဖုံးလွှမ်းသွားသည်။

ဗုန်း!

လျှပ်စီးကြောင်းများသည် လှောင်ချိုင့်သဖွယ် ဖြစ်ပေါ်လာကာ တိမ်တိုက်များက လေပြင်းများကြောင့် လှုပ်ရှားသွားသည်။ အနှီကောင်းကင်ယံ ဖြစ်စဉ်က လျိုဝူရွှမ်း နှင့် သူ့​အဖော်အား အတွင်းထဲတွင် ချိတ်ပိတ်ပစ်ခဲ့သည်။

လက်ချောင်းထိပ်များမှ ထွက်လာသည့် ကြယ်စွမ်းအင်မှာ တိုင်းတာ၍မရသော ဖိနှိပ်ချုပ်ချယ်မှုတစ်ခု ဖြစ်သည်။

"ဒါက...?!"

လျိုဝူရွှမ်း ထိတ်လန့်သွားသည်။ ကွဲလွဲနေတာကို သိလိုက်ရချင်း စူးစူးရဲရဲ မော့ကြည့်လိုက်ခိုက် သူ့နှလုံးသားက ထိတ်လန့် တုန်လှုပ်သွားလေ၏။

"ဧကရာဇ်အဆင့် ကိုယ်ခံပညာ!"

"ဒါက အကျဉ်းချ ကောင်းကင်လက်ချောင်းလား?"

ချိချင်းရှန်းရဲ့ သူငယ်အိမ်များလည်း သိသိသာသာ ကျဉ်းမြောင်းလာသည်။ လင်တုံ့ ကြေညာလိုက်တဲ့ နာမည်ကို ပြန်သတိရသွားတဲ့အခါ သူ့နှလုံးသားထဲ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏။ ၌တစ်ခုတည်းသော လှုပ်ရှားမှုထဲမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပါလာပြီမို့ သူနဲ့ သူ့အဖော်မှာ နောက်ဆုတ်ဖို့ နေရာ မရှိတော့ပေ။

…

တိုက်ခန်းအနီးက လမ်းမပေါ်၌။

သူတို့ဖြတ်သွားတိုင်း ကောင်းကင်ကြီးက မှောင်သွားပြီး အလင်းရောင်တွေက မှိန်ဖျော့သွားသည်။ ကြီးမားသော အနက်ရောင် အရိပ်တစ်ခု ဆင်းသက်လာပြီး ဤဆင်ခြေဖုံး ဧရိယာကို လွှမ်းခြုံထားလိုက်တဲ့ အခိုက်မှာတော့ အမှောင်ထုက လူတိုင်းရဲ့စိတ်ကို ကြောက်ရွံ့မှုများစွာဖြင့် ပြည့်နှက်သွားသည်။

ပြည်သူများက ပိုများလာကာ တိုက်ခန်းဆီသို့ အပြေးအလွှား ပြေးလာကြသော်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့အား ရှေးကတောသို့ ပို့ဆောင်လိုက်သလိုမျိုး ကြောက်လန့်တကြား အငွေ့အသက်များ လွှမ်းခြုံသွားကာ ၎င်းတို့အားလုံးကို လမ်းပေါ်တွင် ရပ်တန့်သွားစေသည်။

အစောပိုင်းတွင် ၎င်းတို့သည် တိုက်ခန်းဧရိယာနှင့် ပိုမိုနီးစပ်ရန် စီစဉ်ထားသော်လည်း ယင်းမြင်ကွင်းကို မြင်တွေ့ပြီးနောက် ထိတ်လန့်တကြားသာ ဖြစ်ကုန်တော့၏။

ဤသည်မှာ သေမျိုးတွေကြားက သက်သေခံ တိုက်ပွဲမဟုတ်​တော့ပေ။

"ဘာလို့ဒီလောက်မှောင်နေတာလဲ?"

ရှဟဲမှာ လမ်းလျှောက်နေဆဲ ဖြစ်ပြီး မှိန်ဖျော့နေသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အချိန်ကို စစ်ဆေးရန် သူ့ဖုန်းကို ထုတ်လိုက်သည်။ မနက်အစောကြီး ရှိသေးတာ သိသာပေမယ့် အခု ညသန်းခေါင်ထက်တောင် ပိုမှောင်​နေ၏။

ထိုအချိန်တွင်ပင် ဖုန်းမြည်လာသည်။ သူ့အဖေပင်။

"ကျွန်တော် အခု အလုပ်များနေတယ် ​​နောက်မှ... "

"သားလေး မင်းဘယ်မှာလဲ... မင်းဘက်မှာ ဘာလို့ ဒီလောက်မှောင်နေတာလဲ"

ဖေဖေရှက ဗီလာတွင်ရှိနေခဲ့သည်။

"ဘာဖြစ်တာလဲ?"

ရှဟဲ ခေတ္တရပ်လိုက်ပြီး အံ့အားသင့်သွားသည်။

"ဘာတွေပြောနေတာလဲ အဘိုးကြီး ကိုယ်​တိုင်​လည်း ကြည့်​ကြည့်ပါဦး...."

ဖေဖေရှလည်း အိပ်ရာမှထကာ ဗီလာ၏ပြင်သစ် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ အပြင်ဘက်မြင်ကွင်းကို ဓာတ်ပုံရိုက်ကာ အမြန်ပြန်လှည့်လိုက်သည်။

ပုံထဲမှာတော့ တိမ်ပင်လယ် သို့မဟုတ် တောင်တန်းတစ်ခုကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာသော အနက်ရောင် အရာဝတ္ထုတစ်ခုသည် မြစ်ကမ်းစပ်ရှိ ဆင်ခြေဖုံးဒေသကို လွှမ်းခြုံထားပြီး နတ်ဘုရား၏ အံ့ဖွယ်အမှုတစ်ခုကဲ့သို့ပင်။

ပထမတစ်ချက်မှာတင် ပုရွက်ဆိတ်တွေကို မြေကြီးပေါ် ဖိချလိုက်တဲ့ ဧရာမ အကောင်ကြီးလို ဖြစ်နေ၏။

"အိုး!"

ရှဟဲသည် သူ့အဖေပို့လာသော ဖန်သားပြင်ကို စိုက်ကြည့်ရင်း ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့ဖုန်းထဲက ပုံရိပ်ကို ကြည့်ပြီးတာနဲ့ ကြီးမားပြီး ပြန့်ကျဲနေတဲ့ ခေါင်းပေါ်ရှိ အရာဝတ္တုကို မော့ကြည့်လိုက်ကာ သူ ချက်ချင်း သဘောပေါက်သွားသည်။

သူ မမြင်နိုင်တာ မဆန်းပါဘူး။

"လောင်ချင်းရဲ့ဂိုဏ်းက အရမ်းမိုက်နေတာပဲ"

ရှဟဲသည် အမှောင်ထု၏ အလယ်ဗဟိုကို စူးစိုက်ကြည့်ကာ သူ၏ စူးစမ်းလိုစိတ်က ပိုပြင်းထန်လာသည်။

……..

…………

မြေပြင်ပေါ်ရှိ မီးတိုင်မှလွဲ၍ မည်သည့်အလင်းရောင်မှ မရှိတော့ဘဲ အမှောင်ထုကြီးက လွှမ်းခြုံထားသည်။

"မကောင်း​တော့ဘူး"

လျိုဝူရွှမ်း နှင့် ချိချင်းရှန်းတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ရှေ့သို့ ပျံသန်းသွားသော်လည်း လမ်းတစ်ဝက် အရောက်မှာ ရုတ်တရက် ရပ်တန့်သွားကြသည်။

ကျယ်ပြောလှသော ကောင်းကင်ကြီးအောက်တွင် လက်တစ်ချောင်းတည်းက ကောင်းကင်ကြီးကို ချုပ်နှောင်ထားကာ သူတို့၏ ဦးခေါင်းထက်က ကြယ်ရောင်များကို လုံးလုံးလျားလျား ဖုံးကွယ်ပစ်တာကြောင့် လှုပ်ရှားမှု လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။

ထွက်ပြေးဖို့ မပြောနှင့် ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးကို အမှောင်ထုက ဖုံးလွှမ်းသွားပြီမလို့ လှောင်အိမ်တစ်ခုလို ဖြစ်သွားချေပြီ။

ဤသည်မှာ ကျန်းဟိုင် ဓားနတ်ဘုရားဂိုဏ်း၏ တန်ခိုးဖြစ်သည်။

ချိချင်းရှန်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး သူ့နောက်မှ နီးကပ်လာသော အရိပ်အယောင်ကို အာရုံခံကြည့်လိုက်သည်။ ၎င်းက သေမင်း၏ ခြေရာများကဲ့သို့ ပို၍နီးကပ်လာ​နေသည်။

All Chapters