← Chapters

အဓိပတိမဟာမိတ် ခေါင်းဆောင် ဆင်းလာပြီ

Vol. 17 Ch. 248

အဓိပတိမဟာမိတ် ခေါင်းဆောင် ဆင်းလာပြီ

Vol. 17 Ch. 248

မြင့်မားသော အမြင့်ထဲတွင် အသံလှိုင်းအလွှာများစွာ ထွက်ပေါ်လာပြီး တိမ်များကို ကွဲအက်ကာ ရုတ်ချည်း ပျက်ပြယ်သွားစေသည်။

ခမ်းနားထည်ဝါသော ဝတ်ရုံကို ၀တ်ထားပြီး နေရောင်ခြည်ကို နင်းထားပုံရသည့် အရိပ်တစ်ခု။ နိယာမစွမ်းအင် ဥပဒေအားလုံးက သူ့ရှေ့တွင် ဦးညွှတ်လျက်ရှိသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက မြင်သာထင်သာရှိလုနီးပါး ထွက်ပေါ်လာသည်။

"မဟာမိတ်ခေါင်းဆောင်!"

လျိုဝူရွှမ်းသည် ရုတ်​တရက်​ ဆင်းသက်​လာ​သော ရုပ်​သွင်​ကို ကြည့်​ရင်း အော်လိုက်သည်။ ချိချင်းရှန်းက ပို၍ပင် တုန်လှုပ်သွားပြီး သူ့မျက်နှာပေါ်မှ မျက်ရည်များတောင် စီးကျလာ၏။ သူ့စိတ်ထဲက ရှုပ်ထွေးမှုများနှင့် အကူအညီမဲ့မှုတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။

မဟာမိတ်ခေါင်းဆောင်က ထူးကဲသော စွမ်းရည်များ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူသာ ကြားဝင်စွက်ဖက်မည်ဆိုလျှင် သူ့အတွင်းစိတ်ဝိညာဉ်ဆိုးများကို သေချာပေါက် ဖြေရှင်း​ပေးနိုင်မည်။

မဟာမိတ်ခေါင်းဆောင် ယဲ့ဖန်နဲ့ သူ့အဖွဲ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ကို အရှက်ရစေခဲ့တဲ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကြီး ခေါင်းဖြတ်ခံရ​တော့မှာ မဟုတ်ပါလား။

"အချိန်ကောင်းပဲ!"

ချိချင်းရှန်းသည် လင်တုံ့နှင့် အခြားလူများကို ကြည့်ရန် ခေါင်းကို လှည့်လိုက်ရာ သူ့မျက်လုံးများတွင် ပြင်းထန်သော အရိပ်အယောင်ဖြင့် ဒေါသူပုန်ထနေသော ရူးသွပ်မှုများ ပေါ်လာသည်။

ဤကောင်းကင်ဂိုဏ်းဝင်များသာ သေဆုံးပါက သူ့အတွင်းစိတ်ထဲက နတ်ဆိုးတွေကို ဖယ်ရှားပစ်နိုင်ပြီ။

လက်ရှိအခိုက်အတန့်တွင် သူသည် ရူးသွပ်ခြင်းနှင့် မှိုင်းတိုက်နေသော အခြေအနေထဲသို့ ကျရောက်သွားပြီး သူ၏အတွင်းစိတ် ဝိညာဉ်ဆိုးများထဲမှ မိမိကိုယ်ကို ဖယ်ထုတ်နိုင်မယ့် နည်းလမ်းကိုရှာရန် တစ်ခုတည်းသော စိတ်ကူးသာ ရှိတော့သည်။

"မဟာမိတ်ခေါင်းဆောင်... ဒီလက်အောက်ငယ်သား အတွက် တရားမျှတမှု ပြန်ယူပေးပါ"

ချိချင်းရှန်းက လျိုဝူရွှမ်းလက်ကို ခါယမ်းလိုက်ပြီး။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းသားတွေက ကျုပ်တို့လမ်းကို ပိတ်ဆို့လိုက်ပြီ ဒီနေ့ သူတို့ သေကိုသေရမယ်!"

သူစကားပြောပြီးတာနဲ့...

*ဝူး!*

မဟာမိတ်ခေါင်းဆောင်၏ ရုပ်ပုံက ဖျတ်ကနဲ ပြေးလာသည်။

အဝေးမှ အနီးသို့ လှမ်းလာသော သူ၏ ခြေလှမ်းများသည် တယ်လီပို့ခြင်းကဲ့သို့ပင် မယုံနိုင်လောက်အောင် လျင်မြန်လှသည်။ အရှိန်သည် စီးဆင်းနေသော အလင်းရောင်တစ်ခုအလား။

“ဒီအငွေ့အသက်က ကြောက်စရာကောင်းတယ်…”

ဒါကိုမြင်လိုက်ရတော့ လင်တုံ့ရဲ့ အမူအရာက လေးနက်သွားသည်။

“အဲဒီလို ခွန်အားနဲ့ မဟာမိတ်ခေါင်းဆောင်လို့ ခေါ်တဲ့ အဓိပတိဆိုတာ သာမန်လူ​တော့ မဟုတ်နိုင်ဘူး... ​မြေအဓိပတိအဆင့်ကို ကျော်လွန်နေလောက်ပြီ..."

"ဒါဆို ဒုက္ခပဲ"

ယဲ့ဝူချွဲက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး အနီးရှိ အဓိပတိမဟာမိတ်ခေါင်းဆောင်ကို စေ့စေ့ကြည့်နေစဥ် ဓားက အနည်းငယ် တုန်နေသည်။

ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာမှ ဤထိပ်သီးမဟာမိတ် ခေါင်းဆောင်က ထွက်လာ၏။ သူတို့၏အင်အားကို အတည်ပြုရန် အချိန်အတော်ကြာအောင် တိတ်တဆိတ် စောင့်ကြည့်နေပြီး စောင့်ဆိုင်းနေဖွယ်ရှိသည်။

ပြီးမှ အားလုံးကို တစ်ရှိန်ထိုး သုတ်သင်ပစ်လိမ့်မည်။

…

"မဟာမိတ်ခေါင်းဆောင်?"

"သူက ဘယ်သူလဲ?"

ပရိသတ်ကြီးထဲမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြပြီး ခေါင်းကုတ်ကာ သူတို့လည်း စိတ်ရှုပ်ထွေးနေကြောင်း ညွှန်ပြနေ၏။ အဓိပတိမဟာမိတ်သည် မူလက အများသူငှာ မြင်ကွင်းမှ ဖုံးကွယ်ထားခဲ့သည်။

မဟာမိတ်ခေါင်းဆောင်အဖြစ် ရာထူးကြီးပြီး တန်ခိုးကြီးမားသော ပုဂ္ဂိုလ်တစ်ဦးကို သာမန်လူများ သိရန် မဖြစ်နိုင်ပေ။ ကျန်းဟိုင်၏ အဆင့်မြင့်အရာရှိ အနည်းစုကသာ ၎င်းကို သိရှိခဲ့ကြသည်။ ၎င်းက အနီးကပ် စောင့်ကြပ်ထားသော လျှို့ဝှက်ချက် တစ်ခုဖြစ်သည်။

သို့သော် လူအုပ်ကြားတွင် လူအို​လီနှင့် သူ့အဖွဲ့သည်လည်း ရှိနေသေးသည်။

“အဓိပတိ မဟာမိတ်ခေါင်းဆောင် တကယ်ရောက်လာပြီ…”

လူအိုလီသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော အသွင်အပြင် ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားလေသဖြင့် ညည်းညူလိုက်သည်။ ထိုအခိုက် လင်မော့ဖုန်းရဲ့ သတိပေးချက်ကို ရုတ်တရက် သတိရသွားသည်..။

ကျန်းဟိုင်တွင် ကြီးမားသော ဘေးဆိုးကြီးတစ်ခု ကျရောက်တော့မည်။

လက်ရှိအခြေအနေက ထိုဘေးဆိုး၏ အရိပ်အယောင် ဖြစ်နိုင်​လေသလား။

ကျန်းဟိုင်တွင် အဓိပတိနယ်ပယ် သခင် ကိုးပါးအပြည့် ဆင်းသက်လာခဲ့သည်။

ဤအံ့သြဖွယ် အရေအတွက်သည် လူတိုင်း၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။ သာယာဝပြောသော အင်ပါယာမြို့တော်၌ပင် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် အလွန်ကြောက်စရာကောင်းသော အင်အားတစ်ခု ဖြစ်သည်။

သူတို့လှုပ်ရှားပြီးသည်နှင့် ကောင်းကင်ဖြစ်စဉ်များကို အလွယ်တကူ အသုံးချနိုင်ကြသည်။ လက်ကောက်ဝတ်ကို လှည့်ရုံဖြင့် တိမ်များပေါ်လာကာ မိုးရွာသွန်းစေနိုင်၏။

ယင်းပေါက်ကွဲမှုတွင် နိုင်ငံသားတစ်ဦးဦးကို ဖမ်းမိပါက ၎င်းတို့သည် ၎င်းတို့၏ အသက်ဝိညာဉ် ခြေစလက်စမျှပင် မကျန်တော့ဘဲ ပြာများအဖြစ် ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။

"ကောင်းကင်ဘုံက ငါတို့ ကျန်းဟိုင်ကို ဖျက်ဆီးဖို့များ စီစဥ်နေတာလား....?"

ဒါကိုတွေးပြီး လူအိုလီရဲ့လက်တွေ တုန်ခါသွားပြီး တစ်ဖန် အဓိပတိနယ်ပယ်များကို ကြည့်လိုက်ရာ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ ၎င်းက ဖောက်ခွဲ ကောင်းကင်ဂိုဏ်းထက် ရှင်းရှင်းလင်းလင်းပင် ပိုပြင်း၏။

"သူ အဲဒီအဆင့်​​ကိုများ ရောက်​နေပြီလား...?"

မွေးရာပါနယ်ပယ် မှာရှိတဲ့ သူတို့တွေဟာ အဓိပတိနယ်ပယ်တွေရဲ့ နယ်မြေထဲက တိုက်ပွဲတစ်ခု ရင်ဆိုင်ရတဲ့အခါ ပုရွက်ဆိတ်တွေထက် ဘာမှ မပိုတော့ချေ။

"ဆရာဦးလေး.. ဦးငယ်လေးတွေ..."

လီကျစ်ရွှမ်းလည်း အပေါ်စီးမှ မဟာမိတ်ခေါင်းဆောင်ကို မော့ကြည့်ကာ သူမ၏ နှလုံးသားထဲတွင် စိုးရိမ်မှုများနှင့် တရိပ်ရိပ် တက်လာသည်။

တစ်ကြိမ် ဝိုင်းရံခံရပြီးနောက် နောက်တစ်ကြိမ် ထပ်ပြီး ဝန်းရံခံရကာ တိုက်ပွဲက မဆုတ်မနစ် ဆက်လက် ဖြစ်ပွား​နေခဲ့သည်။ ယခုအခါ မဟာမိတ်ခေါင်းဆောင်၏ အသွင်အပြင်နှင့်အတူ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ဝီရိယစိုက်ထုတ် တည်ဆောက်ခဲ့သော အားသာချက်က ပျောက်ကွယ်သွားခဲ့သည်။

ရှင်းပါတယ်၊ အဓိပတိမဟာမိတ်က သာလွန်တယ်။

"ပြီးသွားပြီ.. ဒီအတိုင်းဆို ပိုဆိုးသွားလိမ့်မယ်"

လီချင်းဟဲ ဒေါသတကြီးဖြစ်လာကာ စိတ်ပျက်လက်ပျက်ဖြင့် ခြေထောက်ကို ဆောင့်လိုက်သည်။

…

….

"ဟားဟား.. အားလုံးထိတ်လန့်နေစရာ မလိုဘူး"

မဟာမိတ်ခေါင်းဆောင်သည် မီးခိုးရောင် အစင်းကြောင်းများဖြင့် ခမ်းနားထည်ဝါသော ၀တ်ရုံကို ၀တ်ဆင်ထားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ဆင်တူသည်။ သူက လူအုပ်စုကို အေးအေးဆေးဆေး အကြည့်ဖြင့် စစ်တမ်းကောက်ယူ​နေခဲ့သည်။

"မင်းတို့အားလုံး ငါ့ကို လာစေချင်လို့ ငါဒီကို ရောက်နေတာလေ... ဘာလို့ အားလုံးက ဒီလောက် နှုတ်ဆိတ်နေကြတာလဲ"

အားလုံး နှုတ်ဆိတ်နေကြပြီး တုံ့ပြန်မှု မရှိကြပေ။ သူတို့က မုန့်ထျန်းရွှမ်ကိုပဲ စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ သတိကပ်ထားလေ၏။

...

အဲဒီအချိန်မှာ မိုင်တစ်ထောင်ဝေးတဲ့ နေရာက ဖုဟိုင်လူနေရပ်ကွက်၌။

"ဟင်?!"

ဆိုဖာပေါ်တွင် လဲလျောင်းရင်း ခြေထောက်အနှိပ်ခံနေသော ချင်းယန်သည် ရုတ်တရက် မျက်လုံးဖွင့်ကာ ချက်ချင်း ထထိုင်လိုက်၏။ ဆိုဖာဘေးဘက်သို့ လှဲချလိုက်သော မြေခွေးဖြူလေးလည်း လန့်ဖျပ်သွားသည်။

တကယ် ဆရာကြီး ရှိတယ် !

"ဟေး သခင် ဘာလို့ ရုတ်တရက် ထလာတာလဲ"

ရှောင်ပိုင် ကြမ်းပြင်မှထကာ ဝမ်းနည်းစွာ နှုတ်ခမ်းစူသွားသည်။

"ကျွန်မ သခင့်ကို ကောင်းကောင်း မနှိပ်ပေးလို့လား? နာရင်ပြောပေါ့... ဘာလို့ ဒီလောက်ကြီး တုံ့ပြန်ရတာလဲ"

“……”

ချင်းယန် စကားမပြောဘဲ လသာဆောင်ကို အမြန်သွားကာ တိုက်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုမဟာမိတ်အဖွဲ့ ခေါင်းဆောင်က သာမန်လူမဟုတ်၊ အသက်ရှူရုံဖြင့် သမုဒ္ဒရာကဲ့သို့ နားမလည်နိုင်သော ကောင်းကင်ဘုံကို နှိုးဆော်နိုင်လေ၏။ ထိုကဲ့သို့ တန်ခိုးအဆင့်ရှိသူက တစ်ဦးသာ ရှိနိုင်သည်။

"ကောင်းကင်အရှင်နယ်ပယ်လား..."

ချင်းယန် မျက်မှောင်ကြုတ်ကာ ရုတ်တရက် မကြုံစဖူး မသက်မသာ ခံစားချက်အား ခံစားလိုက်ရသည်။

တင်း!

ရင်းနှီးသော စက်ပိုင်းဆိုင်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။

"hostကို သတိပေးပါတယ်!"

"အန္တရာယ်ကြီးကြီးမားမား ရှိနေတာကို တွေ့ရှိထားပါတယ်... ကောင်းကင်အရှင် နယ်ပယ်က ပညာရှင်ပါ!"

"ပြိုင်ဘက်ရဲ့ ရောင်ဝါကို စစ်ဆေးထားပြီးသားပါ host ကျေးဇူးပြုပြီး ချက်ချင်း လွတ်မြောက်အောင် ကြိုးစားပါ.. သူတို့ရဲ့ တိုက်ခိုက်မှုဒဏ်ကို ရှောင်ရှားဖို့ အန္တရာယ်ဇုန်ကနေ အမြန်ဆုံး ထွက်သွားပါ"

စနစ်သတိပေးချက်ပြီးနောက် ၎င်းသည် သတိပေးချက်တစ်ခုထပ်ထည့်သည်-

"ဘေးကင်းလုံခြုံရေးအတွက် hostရဲ့ ထည့်သွင်းစဉ်းစားမှုအတွက် အောက်ပါရွေးချယ်စရာများကို ပေးထားပါသည်။...

"ရွေးချယ်မှု 1- အဓိပတိမဟာမိတ်ထံ လက်နက်ချပြီး ကောင်းကင်အရှင်ဆီမှ ခွင့်လွှတ်မှု တောင်းဆိုပါ!"

"ရွေးချယ်ခွင့် 2- ဒူးထောက်ပြီး ကရုဏာကို တောင်းပါ... ကျန်းဟိုင်က ချက်ချင်း ထွက်သွားပြီး နောက်ဘယ်တော့မှ ဒီကို ခြေမချဖို့ ကျိန်ဆိုပါ"

"နည်းလမ်းများစွာ ရှိနိုင်ပါသည်... host ဘက်က ပညာရှိသော ရွေးချယ်မှုမျိုး လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"???" “

ချင်းယန်သာ စိတ်ထဲမှ ထို​အသံကို နားထောင်ပြီး သူ့ရှေ့က ထွက်ပြေးရမယ့် အစီအစဉ်များကို တစ်ချက်ကြည့်လိုက်ကာ ဆွံ့အသွားသည်။ သူ မနေနိုင်ဘဲ သက်ပြင်းချကာ နဖူးကို ပွတ်သပ်လိုက်သည်။

နောက်တစ်ခါ လုပ်ပြန်ပြီ။

စနစ်သတိပေးချက်ကို အစပျိုးလိုက်ပြီလား။

ပြီးတော့ ဒူးထောက်ပြီး ကရုဏာကို တောင်းရမယ်!

ချင်းယန် သူ့အတွေးတွေကို ကူကယ်ရာမဲ့ ရှင်းထုတ်လိုက်ပြီး သူ့အာရုံကို ပစ္စုပ္ပန်သို့ ပြန်လှည့်လိုက်ပါ၏။

စနစ်သတိပေးချက်အရ ဤအဓိပတိမဟာမိတ် ခေါင်းဆောင်သည် အနှစ်ငါးရာအထိ အသက်ရှင်ပြီးနောက် ထူးထူးခြားခြား ထူးခြားသော တက်ကြွမှုရှိသည်ဟု ဆိုလို​နေသည်။

မရိုးရှင်းဘူး!

“ဒါဆို ဒီကောင်က မြေအဓိပတိထိ သာတဲ့ ဘုံမှာလား”

ချင်းယန် သူ့မေးစေ့ကို ပွတ်သပ်ရင်း အတွေးပျက်သွားသော်လည်း စနစ်သည် သူ့နားထဲတွင် အဆက်မပြတ် ပြောဆိုနေကာ လွတ်မြောက်နည်းမျိုးစုံကို ပြသနေ၏။

ဒီတစ်​ခါ​တော့ စနစ်တောင် တကယ်​စိတ်​မ​ကောင်း ဖြစ်​​နေခဲ့ပုံပါပဲ။

သူ့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပျက်စီးသွားခဲ့ရင် ဒီစနစ်ကလည်း ဖျက်စီးခံရမည့်အလား။

"မဆူနဲ့! ငါ စဉ်းစားနေတယ်"

ချင်းယန်သည် စနစ်၏ အဆက်မပြတ် ပြောဆိုမှုကို လျစ်လျူရှုကာ ဘေးဖယ်ထားလိုက်သည်။

သူသည် အဖြေတစ်ခု ရတဲ့အထိ ဆက်လက် စဉ်းစား​နေခဲ့သည်။ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းသည် ယခုအချိန်တွင် အားနည်းချက် ရှိနေသော်လည်း အဓိပတိ မဟာမိတ်ခေါင်းဆောင်သည် ပြီးပြည့်စုံသောပုံစံ မဖြစ်သေးပေ။ ဒါကြောင့် အခွင့်​အ​ရေး ရှိ​သေးတယ်​လို့ ဆိုရမည်။

အခုပြဿနာက ဆုလာဘ်ကို ဘယ်လို အကောင်းဆုံး ထုတ်နိုင်မလဲ ဆိုတာပဲ။

သူ့ရဲ့ ခံစစ်တွေကို ဖြတ်ကျော်သွားမှလား ?

မိမိကိုယ်ကို ဖျက်ဆီးမှလား?

ဒါမှမဟုတ်…

“သခင်.…သခင့်ကိုကြည့်ရတာ ကြောက်စရာကြီး…”

ဒီအခိုက်အတန့်မှာ ရှောင်ပိုင် သူ့နောက်မှာ ပြေးပုန်းနေသည်။ သားရဲကျွန်နှင့် သူ၏အဆက်အစပ်ရှိသော သခင်သည် စိတ်တူကိုယ်တူပဲ ဖြစ်၏။ သူမသည် ချင်းယန်၏ အခြေအနေကို ခံစားသိရှိနိုင်သဖြင့် စိုးရိမ်စွာမေးလိုက်သည်။

“ဒါက မဟာမိတ်အဓိပတိခေါင်းဆောင်လား”

"ဟုတ်တယ် ဒီလူက နည်းနည်းတော့ ပြဿနာရှိတယ်"

“ကျွန်မကိုကြည့်ခွင့်ပေး.…”

ရှောင်ပိုင် လှည့်ကြည့်ကာ သူမ၏ ပျော့ပျောင်းသော အမြီးထဲမှ ဖုန်းကို ဆွဲထုတ်ရင်း စခရင်ကို လော့ခ်ဖွင့်ကာ အခြေအနေကို ကြည့်လိုက်သည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် အဓိပတိ မဟာမိတ်ခေါင်းဆောင်သည် သူ၏ ခမ်းနားထည်ဝါသော ၀တ်ရုံ၊ ဆံပင်ဖြူနှင့် နုပျိုသော မျက်နှာသည် အဆင့်အတန်းမြင့်မြင့်နှင့် ကမ္ဘာကို ငုံ့ကြည့်နေသည့် အသွင်အပြင်မျိုးဖြင့် သရုပ်ဖော်ထားသည်။ သူ့တည်ရှိမှုက တခြားသူများနှင့် မတူချေ။

ဖောက်ခွဲကောင်းကင်ဂိုဏ်းကို တစ်စက္ကန့်မျှပင် မကြည့်ခဲ့ပေ။

"ဟင့်အင်း... ဒီကောင်က တကယ်ပဲ..."

"သခင် ဒီကောင်က သရုပ်ဆောင်တဲ့နေရာမှာ အရမ်းတော်တာပဲ!"

"သူက သခင့်ထက်​​ တော်​​တော်​ ပို​တော်နေတယ်!"

"?"

ဒါကိုကြားတော့ ချင်းယန်ရဲ့နဖူးက မေးခွန်းအမှတ်အသားတစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ သူ့ပါးစပ်မှာ အနည်းငယ် လှုပ်သွားသော်ငြား ရှောင်ပိုင်ကို စကားမပြောဘဲ စိုက်ကြည့်နေ၏။

ငါ့ထက် ပိုတော်နေတာလား?

သူ ငါ့ကို ချီးမွမ်းနေတာလား စော်ကားနေတာလား။

"သခင်.... မြန်မြန် ဖောက်ခွဲပြီး အဲ့ကောင်ကို သတ်ပစ်လိုက်...ဒီနတ်သမီး သခင့်ကို ပံ့ပိုးပေးတယ်နော်"

ရှောင်ပိုင် ချင်းယန်ရဲ့ခြေထောက်ကို အမြီးနဲ့ ပွတ်သပ်ပြီး စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်သည်။

"သူ့ကို ဖောက်ခွဲပစ်! ဒီနတ်သမီးက ဟန်ဆောင်တဲ့လူတွေကို အမုန်းဆုံးပဲ!"

"...သခင်ကလွဲလို့..."

ယခုတော့ ရုန်းရင်းဆန်ခတ်က ကြီးမားလာသဖြင့် လျှို့ဝှက်ဆန်းကြယ်သော ဝဘ်ဆိုဒ်ငယ်လေးကို စီးပွားရေးအတွက် ဖွင့်လှစ်ထားပြီ။ ယခုတစ်ကြိမ်တွင် သူမသည် ဖောက်ခွဲကောင်းကင်ဂိုဏ်းနဲ့ အဓိပတိမဟာမိတ်တို့ အကြား အလောင်းအစား လုပ်ရတော့မှာပဲ ဖြစ်သည်။

"ဟဲဟဲ ဒီနတ်သမီးက အရာအားလုံးကို ပြီးပြည့်စုံအောင် စီစဉ်ပေးထားပါတယ်"

"အလျင်စလိုမလုပ်နဲ့ ငါနည်းနည်း စဉ်းစားပါရစေ"

အဓိပတိ မဟာမိတ်ခေါင်းဆောင်သည် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းနှင့် အခြားအရာများကို လျစ်လျူရှုကာ အဆောတလျင် မရှိခဲ့ပေ။ ယင်းအစား ချိချင်းရှန်းနှင့် လျိုဝူရွှမ်းထံသို့ ဦးစွာသွားကာ ၎င်းတို့၏ဒဏ်ရာများကို ဂရုတစိုက်စစ်ဆေးသည်။

သူ၏ ကောင်းကင်အရှင် ကျင့်ကြံခြင်းအဆင့်ကြောင့် လူတိုင်းက နှိမ့်ချတာထက်ကို သာ၍ လေးစားနေ​ကြ၏။

အခုပဲ တိုက်ပွဲကို စောင့်ကြည့်နေခဲ့တာကြောင့် ဒီဖောက်ခွဲကောင်းကင်ဂိုဏ်း အဖွဲ့ဝင်တွေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို အကြမ်းဖျင်း နားလည်ထားပြီး သူ့အကဲဖြတ်ချက်က ပြီးသွားပါပြီ။

“အဓိပတိနယ်ပယ် သခင်ခုနစ်ပါး ပေါ်လာပြီ.. ဒီအစီအစဥ်က တကယ် ကြောက်စရာပဲ”

အဓိပတိ မဟာမိတ်ခေါင်းဆောင်က ခေါင်းယမ်းလိုက်ပြီး လက်နှစ်ဖက်နောက်ပစ်လျက် အေးအေးဆေးဆေး ပျံဝဲသွားသည်။

“ဒါပေမယ့် ဒီလောက်လေးပဲ...”

အဆင့်နှစ်ဆင့်​ကြား တိုက်ပွဲင အလွန်ခက်ခဲသည်။ အဓိပတိနယ်ပယ် ဘုံနှစ်ခုကြား ကွာဟမှုသည် ကောင်းကင်နှင့်မြေကြီး ခြားနားခြင်းကဲ့သို့ပင်။ ဂဏန်းတစ်ခုတည်းနဲ့ ပေါင်းကူးလို့မရချေ။

ဖောက်ခွဲ ကောင်းကင်ဂိုဏ်း ဖြစ်နေတော့ ဘာ​ဖြစ်လဲ။

ကောင်းကင်အရှင်ရှေ့မှာ ဘာမှတောင် မဟုတ်ချေ။

"လက်အောက်ငယ်သားတို့ မဟာမိတ်ခေါင်းဆောင်ကို ဂါဝရပြုပါတယ်!"

လျိုဝူရွှမ်း နှင့် ချိချင်းရှန်းတို့သည် မဟာမိတ်ခေါင်းဆောင်ရှေ့တွင် လေးလေးစားစား ဦးညွှတ်ကာ။

"ကျန်းဟိုင်ကနေ ကြိုဆိုပါတယ် မဟာမိတ်ခေါင်းဆောင်"

"အင်း"

မဟာမိတ်ခေါင်းဆောင်က အနည်းငယ် ခေါင်းညိတ်ပြပြီး သူ့အကြည့်က ချိချင်းရှန်းဆီ ရွေ့သွားသည်။

"မင်းရဲ့ စွမ်းဆောင်မှုကို ငါ အခုနက မြင်ပါတယ်... မင်းတို့နှစ်ယောက် အထူးသဖြင့် မင်းပဲ ချင်းရှန်း..."

လက်ကို ညင်သာစွာ မြှောက်ကာ သူ့ခန္ဓာကိုယ်အတွင်းမှ နိယာမစွမ်းအားကို အသက်သွင်းလိုက်သည်။

ဗုန်း!

"မင်းတိုက်ပွဲမှာ ကောင်းကောင်း ထမ်းဆောင်ခဲ့ပြီးပြီ.. အခု ငါရောက်လာမှတော့ မင်းကို အချည်းနှီး ဒုက္ခမပေးတော့ဘူး"

တောက်ပသော မြစိမ်းရောင်အလင်းတန်းများ ဆင်းသက်လာပြီး သူတို့ကို ဖုံးအုပ်လိုက်သည်။

နိယာမ၏ စွမ်းအားအောက်၌ လျိုဝူရွှမ်းနှင့် ချိချင်းရှန်းတို့ ဒဏ်ရာများ ချက်ချင်းသက်သာလာပြီး သူတို့၏ ဖရိုဖရဲ အသွင်အပြင်များမှ ပြန်လည် ကောင်းမွန်လာခဲ့သည်။

"ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်!"

လျိုဝူရွှမ်း လက်သီးဆုက်အား ဆန့်တန်းပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"ကောင်းပြီ ဒီလောက်ဆို လုံလောက်ပြီ မင်းတို့ရဲ့ဒဏ်ရာတွေကို ပြန်ကုစားလိုက်ဦး"

မဟာမိတ်ခေါင်းဆောင်က သူ့စွမ်းအင်များကို ရုပ်သိမ်းလိုက်ပြီး :"ဒီကောင်းကင်ကို ဖုံးအုပ်ထားတဲ့ လက်ဝါးက ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး ဒါဟာ ငါ့မျှော်လင့်ထားတာထက်ကို တကယ် ကျော်လွန်သွားပြီ"

"ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်"

ချိချင်းရှန်းအတွက်ကမူ သူ့တာအိုနှလုံးသားက ဟန်ချက်မညီတော့တဲ့ အဖြစ်အပျက်ကြောင့် မှိန်းနေသေးလေသည်။

All Chapters