← Chapters

ငါတို့ဂိုဏ်း သွားတော့မှာလား

Vol. 17 Ch. 249

ငါတို့ဂိုဏ်း သွားတော့မှာလား

Vol. 17 Ch. 249

ချိချင်းရှန်းသည် အနားမှာရပ်ပြီး မှိန်းနေသေးရာ လျိုဝူရွှမ်းဆီက သတိပေးခံရပြီးနောက်မှ သူက လျင်မြန်စွာ ဦးညွှတ်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"အကူအညီအတွက် ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင် ဒီနေ့... ဒီနေ့..."

သူပြောနေစဉ်တွင် ယဲ့ဖန်စကားများက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေသေးသည်။ အတွင်းနတ်ဆိုးက မောင်းထုတ်ရ ခက်သည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ဒီလူတွေကိုသာ မပျက်စီးဘူးဆိုရင် ဒီအတွင်းစိတ်က နတ်ဆိုးကို ဘယ်တော့မှ ချေမှုန်းပစ်နိုင်မှာ မဟုတ်ချေ။

"ဘာလဲ... ဘာချီတုံချတုံ ဖြစ်နေတာလဲ"

သူ့အတွေးတွေကို အာရုံခံနေပုံရပြီး မဟာမိတ်ခေါင်းဆောင်ရဲ့ မျက်နှာက စိတ်မရှည်​တော့တဲ့ အရိပ်အမြွက်ပြလာ။ သူက ဒေါသတကြီးနဲ့။

"အခုပဲ ဖြစ်ပျက်ခဲ့သမျှကို ငါမြင်တယ် စကားနည်းနည်း ပြောလိုက်ရုံနဲ့ မင်းရဲ့ တာအိုနှလုံးသားက ဒီလိုပဲပျက်စီးသွားပြီလား မင်း ဒီလို​အားနည်းနေရင် အဓိပတိမဟာမိတ်က မင်းကို လက်ခံထားနေစရာ မလိုဘူး!"

ချိချင်းရှန်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကိုခါယမ်းကာ အရာအားလုံးကို ငြင်းဆိုလိုက်ပြီး အေးစက်စက် ချွေးများ နဖူးပေါ်မှ ထွက်ကျလာတော့သည်။

"ဟုတ်တယ်... မဟာမိတ်ခေါင်းဆောင် ပြောတာ မှန်တယ်"

သူ့အတွင်းစိတ်က နတ်ဆိုးတွေကြောင့် ဖမ်းစားခံနေရပြီ။ ဤအချက်ကြောင့် မဟာမိတ်အဖွဲ့မှ ထုတ်ပယ်ခံရပါက သူ့ဘဝ တကယ် ပြီးသွားမှာ မဟုတ်ပါလား။

"ကောင်းပြီ မင်းတို့ နောက်ဆုတ်လို့ရပြီ"

အဓိပတိမဟာမိတ်ခေါင်းဆောင်သည် ဖြည်းညှင်းစွာ လွင့်မျောကာ ယဲ့ဖန်နှင့် အဝေးက အခြားသူများကို ဘေးတိုက် ကြည့်လိုက်သည်။

"ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး... ဒီကျန်းဟိုင် မြို့ငယ်လေးမှာ ထိပ်တန်း ကျွမ်းကျင်သူတွေ အများကြီးကို ခိုအောင်းနေတယပဲ.. အမှန်တော့ နဂါးတစ်ကောင်က ရေတိမ်ပိုင်းထဲမှာ နေတတ်တယ်တဲ့... ဒါပေမယ့် ကံမကောင်းစွာပဲ ဒါတွေက ငါ့မျက်စိကို ဖမ်းစားဖို့ မလုံလောက်ဘူး..."

ဤစကားကို လမ်းလျှောက်ရင်း ပြောလိုက်တဲ့အခါ ကောင်းကင်တစ်ခွင်လုံး ကြားအောင် ကြွေးကြော်လိုက်သလိုပင်။

"အဓိပတိ မဟာမိတ်ခေါင်းဆောင် မုန့်ထျန်းရွှမ်ပါ... ကျေးဇူးပြုပြီး ဖောက်ခွဲ ကောင်းကင်ဂိုဏ်းချုပ်က ကျုပ်ရှေ့ ထွက်လာခဲ့ပါ!!"

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ကျန်းဟိုင်မြို့တော်၏ လမ်းများနှင့် လမ်းများတစ်လျှောက် ပဲ့တင်ထပ်နေသည်။

သို့သော် ခဏအကြာတဲ့အထိ တုံ့ပြန်မှု မရှိခဲ့ပါ။

"စဉ်းစားမနေနဲ့.. ဂိုဏ်းချုပ် ဒီနေ့ ဒီမှာ မရှိဘူး... မင်း ဘယ်လောက်ပဲ အော်နေပါစေ အသုံးမဝင်ဘူး"

ယဲ့ဖန် ဝင်ဆိုရင်း မဟာမိတ်ခေါင်းဆောင်ကို အပေါ်အောက် အကဲခတ်လိုက်သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းချုပ်က အရမ်းအလုပ်များတယ်... မင်းခေါ်လိုက်တာနဲ့ သူက ထွက်ရလာတော့မှာလား... မုန့်ထျန်းရွှမ်.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်​နေတာလဲ"

ချိချင်းရှန်း: "စိတ်ပျက်စရာပဲ!"

ဒါကိုကြားတာနဲ့ ချိချင်းရှန်းက ဘေးမှာရပ်ပြီး စိတ်မရှည်သလို ဒေါသတကြီး အနှောင့်အယှက် ဝင်ပေးတော့သည်။

သူ့မျက်လုံးထဲမှာတော့ မဟာမိတ်ခေါင်းဆောင်ရဲ့ အဆင့်အတန်းဟာ နေနဲ့ ယှဉ်နိုင်လောက်အောင် မြင့်မြတ်လေသည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းမှ ဤအဖွဲ့ဝင်များသည် တာအိုနှလုံးသားကို ဖျက်စီးရုံသာမက မဟာမိတ်ခေါင်းဆောင်ကိုပါ စော်ကားနေ၏။

သူသည်းမခံနိုင်ဘူး!

"မဟာမိတ်ခေါင်းဆောင်ရဲ့ နာမည်က မင်းခေါ်စရာလား?"

ချိချင်းရှန်း သူ့ကို ဆုံးမဖို့ ခြေလှမ်းပြင်တော့မှာ ဖြစ်ပေမယ့် သူ စကားမပြောခင် မုန့်ထျန်းရွှမ်က သူ့ကို နောက်ပြန်ဆုတ်ဖို့ လက်ဟန်ပြလိုက်သည်။

"အဆင်ပြေပါတယ်..."

မဟာမိတ်ခေါင်းဆောင် မုန့်ထျန်းရွှမ်က ခေါင်းကို တည်ငြိမ်စွာ ခါလိုက်ပြီး။

"ဒါက ခေါင်းစဉ်တစ်ခုပဲ... ဘာမှ လေးနက်မှု မရှိဘူး ငါ ဂရုမစိုက်ဘူး"

"ဒါပေမယ့်... ဒီလူတွေက ခေါင်းဆောင်ကို အရှက်ရစေတယ်.. ​​မဟာမိတ်ခေါင်းဆောင် သူတို့က ပြန်ပေးဆပ်ရမယ်..."

ဒီအချိန်မှာပဲ ခွေးကိုက်ခံနေရတဲ့ လူတစ်ယောက်လို အသံတစ်သံ ထွက်လာသည်။

"ကျစ်...... ငါတကယ် နောင်တရနေပြီ"

ယဲ့ဖန်သည် ချိချင်းရှန်းမျက်နှာကို လှမ်းကြည့်ရင်း စိတ်မကောင်းစွာနဲ့ ပြောလိုက်သည်။

"ငါ မင်းကို စောစောစီးစီး နှိပ်စက်​ပေးသင့်တယ် မင်းကို နည်းနည်း အလျော့ပေးမိသွားတယ်..."

ချိချင်းရှန်း :"......"

သူတို့သည် ဓားလမ်းကို ပြုစုပျိုးထောင်သော်လည်း လီကျစ်ရွှမ်း နှင့် အလွန်ကွာခြားသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအမြင်များကို ဆုံးရှုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မဟာမိတ်အဖွဲ့၏ ဓားအဖြစ်သာ လိုလိုလားလား လုပ်ဆောင်နိုင်ခဲ့သည်။

ဓားနဲ့ ဓားကိုင်သူ ဘယ်သူက ပိုသန်မာလဲ အဖြေက ရှင်းနေပြီ။

လင်တုံ့: "အဓိပတိမဟာမိတ်ရဲ့ ရှုံးသွားတဲ့ ခွေးတစ်ကောင်ပဲ"

လင်တုံ့ လက်နှစ်ဖက်ကို ဖြန့်ကာ ရပ်လိုက်သည်။ သူ၏ စိတ်နေစိတ်ထားမှာ အနည်းငယ် တည်ငြိမ်နေပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက် အရိပ်အမြွက် ထွက်ပေါ်လာသည်။ သူက ချိချင်းရှန်းကို အထင်အမြင်သေးပြီး ပြတ်ပြတ်သားသား ပြောလေ၏။

"မင်း ထပ်ဟောင်​နေရင် ငါ မင်းကို သေချာ​ပေါက် သတ်​ပေး​တော့မယ်!"

"မင်းလုပ်ရဲလား!!"

ချိချင်းရှန်း သူ့အား ဒေါသတကြီးစိုက်ကြည့်ကာ ကျိုးနေသောဓားကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်စပြုလာပြီး ကြယ်စွမ်းအားများ ဝိုင်းရံလာသည်။

"စိတ်ဆိုးမနေနဲ့ ချင်းရှန်း စိတ်အေးအေးထား!"

လျိုဝူရွှမ်းက ပတ်ဝန်းကျင်ကို ​ကြည့်ပြီး ချိချင်းရှန်းကို စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ။

ဒါပေမယ့် သူ့ကို မတားနိုင်ခင်မှယပဲ ချိချင်းရှန်းရဲ့ အငွေ့အသက်တွေက ပေါက်ကွဲသွားချေပြီ။ ချိချင်းရှန်းသည် လူသတ်ချင်နေသော ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေပြီး ဓားစွမ်းအင်တွေက သူ့ပတ်ပတ်လည်တွင် လှည့်ပတ်ကာ မမြင်နိုင်သော နံရံတစ်ခုလို ဖြစ်ပေါ်လာသည်။

"ဝူရွှမ်း... ငါ့ကို ဆွဲဆောင်ဖို့ မကြိုးစားနဲ့.. ဒီဖောက်ခွဲ ကောင်းကင်ဂိုဏ်းက ငါ့ကို အရှက်ရအောင် လုပ်ခဲ့ပြီးပြီ... ငါ့ဓားပညာကိုတောင် အလေးအနက်မထားဘူး! ဒီအရှက်က အမုန်းပဲ... ငါ့အတွင်းစိတ်ဝိညာဉ်ဆိုးကို ဖယ်ရှားဖို့ သူတို့ကို သေချာပေါက် သတ်ပစ်ရမယ်!"

"..."

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ လျိုဝူရွှမ်း ချက်ချင်း တိတ်ဆိတ်သွားသည်။ ယဲ့ဖန်တို့သည် ချိချင်းရှန်း၏ အရူးလိုအခြေအနေကြောင့် ခေါင်းယမ်းလိုက်ကြပြီး မဟာမိတ်အဖွဲ့ခေါင်းဆောင်ကပင် မျက်မှောင်ကြုတ်လိုက်သည်။

သူတို့အားလုံး တူညီသော အတွေးအမြင်သာ ပေါ်လာကြသည်-

ချိချင်းရှန်းတော့ ပြီးသွားပြီ။

ကျန်တာအားလုံးကို ဘေးဖယ်ထားလိုက်ရင်တောင် ယခုလို ထုတ်ဖော်ပြောဆိုခြင်းက သူ၏ လက်ရှိ သဘောထားကို ပြသနေ၏။

သူ့ရဲ့ စွဲလမ်းမှုက ပြင်းထန်လွန်းတာကြောင့် ဤအတွင်း စိတ်ဝိညာဉ်ဆိုးက သူ့ကျင့်ကြံမှု တစ်သက်လုံးနောက် လိုက်သွားလိမ့်မည်။

"ခွေးသေတစ်ကောင် ငါ့ကို တွန်းထုတ်ဖို့ သတ္တိရှိတယ်ပေါ့?"

လင်တုံ့၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာသည်။ သူက လက်ချောင်းတစ်ချောင်းကို တိုက်ရိုက်မြှောက်ကာ ချိချင်းရှန်းပေါ် ဖိချလိုက်ပြီး ကောင်းကင်လက်ချောင်း တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်တော့သည်။

ဗုန်း ဗုန်း!

ကြောက်မက်ဖွယ်ကောင်းသော ကြယ်စွမ်းအင်သည် စီးဆင်းနေသော မြစ်တစ်စင်းအလား ဆင်းသက်လာခဲ့သည်။

"မကောင်းတော့ဘူး!"

ဒါကိုမြင်တော့ ချိချင်းရှန်းရဲ့ အငွေ့အသက်က ချက်ချင်း အားနည်းသွား​လေ၏။ သူဟာ အခုမှ ပြန်ကောင်းလာခဲ့ပေမယ့် ရုတ်တရက် ခေါင်းမထောင်နိုင်တော့ချေ။ သူ့အထွတ်အထိပ်မှာတောင် ဒီဧကရာဇ်အဆင့် ကိုယ်ခံပညာကို သူ မခံနိုင်ပေ။

ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲက ဒီအဖွဲ့ဝင်တွေက သူ့ကို မျက်စိရှေ့မှာတင် သတ်ပစ်တော့မှာလား။

"မဟာမိတ်ခေါင်းဆောင် ကယ်ပါဦး!"

မုန့်ထျန်းရွှမ်ကလည်း ကြီးမားသော တောရိုင်းတောအတွင်း အကျဉ်းချခံတော့မယ့် ကောင်းကင်လက်ချောင်းနှင့် ထိပ်တိုက်တွေ့ရန် လက်ကို မြှောက်ထားလိုက်သည်။

ဝုန်း!

နှစ်ဖက်စွမ်းအင်များ တိုက်မိသွားတဲ့အခါ အလယ်ဗဟိုက နေရာလွတ်ကြီး ပြိုကျသွား​​တော့သည်။ အသက်ရှူချိန် အနည်းငယ်မျှ ကြာသော် အကျဥ်းချ ကောင်းကင်လက်ချောင်းရဲ့ စွမ်းအားများ ပျောက်ကွယ်သွားကာ ကောင်းကင်ကြီးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။

ကြီးမားသော စွမ်းအားက တခဏအတွင်း ပျောက်ကွယ်သွားသည် ။

"မဆိုးပါဘူး..."

မုန့်ထျန်းရွှမ် အေးဆေးတည်ငြိမ်စွာ ပြောပြီး သူ့လက်ချောင်းကို ပေါ့ပေါ့တန်တန် ပြန်ရုတ်သိမ်းကာ ယဲ့ဖန်နဲ့ တခြားသူတွေကို ငေးကြည့်လိုက်သည်။

"ဒါပေမယ့် သနားစရာပဲ...ငါ့ရှေ့မှာ တိုက်ခိုက်နိုင်တဲ့အထိ မင်းတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်း မင်း နည်းနည်း မာနကြီးလွန်းမနေဘူးလား"

...

...

ကြီးမားသော စွမ်းအားများ ပျောက်ကွယ်သွားကာ ကောင်းကင်ကြီးလည်း တိတ်ဆိတ်သွားသည်။

.တစ်ချက်လှုပ်ရုံနဲ့ ပျက်စီးသွားပြီလား?

အောက်ကလူအုပ်ကြီးမှာ ဒီမြင်ကွင်းကြောင့် အံ့အားသင့်သွားတော့သည်။

."ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

လူအိုလီမှာ တိုက်ပွဲကို မယုံနိုင်စွာ စိုက်ကြည့်နေမိ​လေသည်။ အကျဉ်းချ ကောင်းကင်လက်ချောင်းသည် မိုင်ပေါင်းများစွာ ဆန့်ထွက်ခဲ့ပြီး ၎င်း၏ စွမ်းအားမှာလည်း ကြောက်မက်ဖွယ်ကောင်းကာ ချိချင်းရှန်းနဲ့ လျိုဝူရွှမ်းတို့ကို ထောင်ချောက်ဆင်ထားနိုင်ခဲ့သည်။

.ဒါပေမယ့် အခု အဲဒါကို အလွယ်တကူ ချေဖျက်လိုက်ပြီလား?

ဒီ မဟာမိတ်ခေါင်းဆောင်ရဲ့ အင်အားက ဘယ်လောက်တောင် မြင့်နေတာလဲ?

."တစ်နေ့.…"

လီကျစ်ရွှမ်းသည် သူမ၏ ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူမမျက်လုံးထဲ၌ အမြင့်မြတ်ဆုံး မဟာမိတ်ခေါင်းဆောင်၏ အသွင်သာ ထင်ဟပ်နေသည်။

“တစ်နေ့တော့ ဒီဓားနဲ့ သူတို့အားလုံးကို သတ်ပစ်မယ်!”

သူမ တိတ်တဆိတ် ကတိပြုပြီး သူမ၏ တိုက်ခိုက်ရေး စိတ်ဓာတ်များ တဟုန်ထိုး ခုန်တက်လာသည်။

လီချင်းဟဲကလည်း ဘေးမှာရပ်နေကာ သူမရဲ့ စိတ်လှုပ်ရှားမှုက လုံးဝ ပြိုကျသွားခဲ့သည်။

"ပြီးပြီ... ပြီးသွားပြီ ဒီကောင်ကြီးက မယုံနိုင်လောက်အောင်ကို အားကောင်း​နေတယ်..."

"ငါတို့ဂိုဏ်း သွားတော့မှာလား"

...

လူအုပ်ထဲမှ ဦးစီးချုပ်ကလည်း ကောင်းကသ်အထက်က အခြေအနေကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေပါသည်။

"ဦးစီးချုပ်?"

သူ့နောက်ကွယ်မှ ရင်းနှီးသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဦးစီးချုပ် လန့်သွားပြီး ချာကနဲ လှည့်ကြည့်လိုက်သည်။ ချင်းယန် တိုက်ခန်းထဲမှ ထွက်လာကာ သူ့နောက်တွင် တိတ်တဆိတ် ရပ်နေ၏။

ဦးစီးချုပ်: "ဘာလို့ဆင်းလာတာလဲ"

ထိတ်လန့်တုန်လှုပ်သွားသူ ဦးစီးချုပ် တည်ငြိမ်သော အမူအရာဖြင့် :“မင်းကို တိုက်ခန်းထဲမှာပဲ နေဖို့ ပြောထားတယ်လေ..”

"ရပါတယ်"

ချင်းယန်သည် အနီးနားရှိ လူအုပ်ကို လှည့်ကြည့်လိုက်သည်။

"လူတိုင်းကို မြန်မြန် ကယ်ထုတ်သွားဖို့ ခင်ဗျားကို တောင်းဆိုချင်တယ်"

"အခုလား?"

"ဟုတ်တယ် ကျ​နော့်ဦးငယ်လေးနဲ့ အကြီးတန်း ဦး​လေး​တွေက အမိန့်ပေးထားတယ်... မကြာခင် တိုက်ပွဲကြီးဖြစ်တော့မှာ"

ချင်းယန် သူ့မျက်လုံးတွေကို မှိတ်ပြီး သက်ပြင်းချလိုက်သညိ။

"ခဏနေအထိ ထွက်သွားဖို့ နည်းလမ်းရှာမတွေ့ရင် တိုက်ပွဲစပြီးချိန်မှဆို တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

သူ့စကားတွေ​ကြောင့် ဦးစီးချုပ် အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

"ကောင်းပြီ ငါနားလည်ပါတယ်... မင်းရဲ့ အကြီးတန်း ဦးလေးတွေကို ခဏလောက်ကြာအောင် ထိန်းထားပေးဖို့ တောင်းဆိုပေးပါဦး ဒါပေမယ့်… ဒီနေရာကနေ ရွှေ့ပြောင်းဖို့ဆို အချိန်ယူရလိမ့်မယ် ငါ အခု လူအင်အားနဲ့ စီစဉ်ပေးမယ်”

တိုက်ပွဲကို ကြည့်ရှုသူဦးရေက တိုးများလာကာ အခြေအနေကလည်း မျှော်လင့်ထားသည်ထက် များစွာ ဖရိုဖရဲ ဖြစ်နေသည်။ လူစုလူဝေးကို အပြီးတိုင် ဖြိုခွဲပစ်ချင်ပါက လျင်လျင်မြန်မြန်နဲ့ ပြီးမယ့် အလုပ်မဟုတ်ပေ။

"ခင်ဗျား မြန်မြန်လုပ်သင့်တယ်... အဲဒီ မဟာမိတ်အဖွဲ့ခေါင်းဆောင်က ရန်လိုနေတာ.. ကျနော့်ဦးလေးတွေက သည်းမခံနိုင်​လောက်

ဘူး"

ကောင်းကင်က တိုက်ပွဲကို ကြည့်လိုက်ပြီး လူစုလူဝေးကို စကင်န်ဖတ်ရန် သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်ရာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ လူတစ်ယောက် ပျောက်နေပြီ။

ရှဟဲ လူအုပ်ထဲတွင် မရှိနေချေ။

"ရှဟဲဘယ်မှာလဲ ဘာလို့ မလာသေးတာလဲ"

"မင်းက အဲ့က​လေးကို ပြောတာလား?"

ဦးစီးချုပ်က ခေတ္တရပ်လိုက်ပြီး ရှဟဲနှင့် ချင်းယန်ရဲ့ ဆက်ဆံရေးကို သတိရကာ နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။

"ငါ သူ့ကို အနားယူဖို့ စီစဉ်ပေးထားတယ် သူ အခု အပြင်မှာ ရှော့ပင်းမောလ်မှာ ရှိနေလောက်တယ်..."

"မဟုတ်ဘူး... သူမသွားလောက်ဘူး"

ချင်းယန် မျက်လုံးတွေကိုမှိတ်ပြီး ခေါင်းယမ်းလိုက်သည်။ သူ့ရဲ့ ပင်ကိုယ်စရိုက် အတိုင်းဆို သူလာမှာ သေချာသည်။

"သူ နောက်ကျရင် ဦးစီးချုပ်ကပဲ တားပေးထားပါဦး..."

"သူက နောက်ဖွားနယ်ပယ်လေ.. ဒီမှာ ဘာလုပ်နေတာလဲ"

ဦးစီးချုပ်က လျင်မြန်စွာ လုပ်ဆောင်​လေသည်။ ကြယ်သိုင်းရဲစခန်းထံမှ တိုတောင်းသော မက်ဆေ့ချ်ကို ကျန်းဟိုင်မှ နိုင်ငံသားအားလုံးထံ SMS ပေးပို့ခဲ့သည်။

[နိုင်ငံသားအားလုံး သတိထားပါ... အထူးသတင်း 】

【ဆင်ခြေဖုံးနယ်စပ်ဧရိယာသည် ကြိုမမြင်နိုင်သော အခြေအနေများကြောင့် ပိတ်ထားရမည်။ နိုင်ငံသားများ ကွေ့ဝိုက်၍ မချဉ်းကပ်ကြပါရန် အကြံပြုအပ်ပါသည်။】

[ဤစာကို သင့်သူငယ်ချင်းများနှင့် မိသားစုထံ ပေးပို့ပါ။]

ချက်ချင်းဆိုသလိုပင် နိုင်ငံသားများအကြား ဆွေးနွေးမှု ပျာယာခတ်သွားသောအခါတွင် အဆိုပါ မက်ဆေ့ချ်ကို အွန်လိုင်းပေါ်တွင် တင်ခဲ့သည်။

"အဓိပတိနယ်ပယ်က ကျွမ်းကျင်သူတွေကြားထဲမှာ တိုက်ပွဲ ဖြစ်​နေတယ်လို့ ငါကြားတယ်!"

"သူတို့ ဘာလို့ရုတ်တရက်ကြီး တိုက်ခိုက်လာတာလဲ... အကြီးအကဲ လျိုဝူရွှမ်းက လူကောင်းကို မဟုတ်ဘူး"

"အဓိပတိမဟာမိတ် ဆိုတာ ဘာလဲ သိလား"

အွန်လိုင်းတွင် ထင်မြင်ယူဆချက်များ ကွဲလွဲလာခဲ့ပြီး လူတိုင်းက အခြေအနေနှင့် ပတ်သက်၍ မှန်းဆကြသည်။ ထိုအချိန်တွင် ရဲမှူးများကလည်း အမိန့်အတိုင်း စတင် တပ်ဖြန့်ခဲ့၏။

သံချပ်ကာ ရဲတပ်ဖွဲ့ဝင်အမြောက်အမြားကို လမ်းမများတစ်လျှောက် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ခဲ့သည်။ ၎င်းတို့သည် လမ်းဆုံများတွင် တန်းစီပြီး ထိုဧရိယာကို ပိတ်ဆို့ရန် အလုံအလောက်ဖြင့် တန်းစီထားကာ ကြည့်ရှုသူ အများအပြား လူစုခွဲခဲ့ကြသည်။

ထိုသို့သော ဘေးဥပဒ်မျိုးတွင် အဓိပတိနယ်ပယ်က စူးစူးဝါးဝါး ထိုးနှက်လိုက်ရုံဖြင့် ၎င်းတို့​ပြည်သူများကို ထိခိုက်ပျက်စီးစေနိုင်ကာ တိုက်ရိုက်ထိမှန်ပါက အသက်ဆုံးရှုံးနိုင်သည်။

"ဟေ့! မင်းအဲဒီကို သွားလို့မရဘူး!"

ထိုအချိန်တွင် ရဲအရာရှိနှစ်ဦးသည် လမ်းဆုံတွင် ရပ်ကာ ကြိုးဝိုင်းကိုဖြတ်၍ အပြေးအလွှားသွားနေသည့် လူတစ်ဦးကို လှမ်းတားနေ၏။ ထိုလူသည် ရွှေရောင်မျက်မှန်၊ ချမ်းသာသော သခင်ငယ်နှင့်တူသော ဝတ်စုံကို ၀တ်ထားသည်။

"မဟုတ်ဘူး အစ်ကိုတို့ မင်းတို့ငါ့ကို မမှတ်မိဘူးလား?"

ရှဟဲလည်း နောက်ဆုံးတွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့သည်။ သူရဲ ID အတွက် သူ့အိတ်ကပ်ထဲမှာ လျှောက်ရှာဖွေနေခဲ့ကာ ယောင်းယောင်းနဲ့ ချိန်းတွေ့နေရင်း ပြေးလာတာမို့ သူ့အဝတ်အစားတွေကို မပြောင်းခဲ့ရချေ။

ရဲ ID ကို ပြလိုက်တော့မှ အရာရှိများက သတိဝင်သွားကာ။

"အရာရှိရှလား?!"

အရာရှိနှစ်ယောက်သည် ID ကိုယူ၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောင်မြောက်စွာ ဝတ်ထားသော ရှဟဲကို ကြည့်လိုက်သည်။

"ခွင့်လွှတ်ပါ... မင်း ကခါတိုင်းနဲ့ မတူအောင် ဝတ်ထားတော့ ငါတို့... မင်းကို သတိမထားမိလိုက်ဘူး"

"ကောင်းပြီ ငါ့ကိုနောက်နေတာ ရပ်လိုက်တော့ အထဲမှာ ဘာဖြစ်နေတာလဲ"

ရှဟဲ သူ့ရဲ ID ကို ဖယ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ စိုးရိမ်စွာ မေးလိုက်သည်။

"ဘာလို့လူတွေကို ရုတ်တရက် ကယ်ထုတ်လာခဲ့တာလဲ ပြီးတော့ အဆင့်တစ် သတိပေးချက်ပဲ"

ယုတ္တိဗေဒအရပြောရရင် သူ့မှတ်ဥာဏ်ထဲမှ အဓိပတိမဟာမိတ်သည် ကောင်းမွန်သော အဖွဲ့ဖြစ်သင့်သည် မဟုတ်လော။

သူတို့ ဘာကြောင့် လောင်ချင်းတို့ဂိုဏ်းနဲ့ ရုတ်တရက် ကွဲလွဲနေကြတာလဲ။

ယခုအချိန်တွင် ကျန်းဟိုင်မြို့ နယ်နိမိတ်အတွင်းတွင် နက်မှောင်သော တိမ်တိုက်များ လွင့်ပျံလာသည်။ ပြင်းထန်သော လေတိုက်သံက ထူထဲသော ဖုန်မှုန့်များကို မှုတ်ထုတ်ကာ အပေါ်က ကိန်းဂဏာန်းများကို ဖုံးကွယ်ပစ်သဖြင့် အတွင်းပိုင်းအခြေအနေကို ပိုင်းခြားရန် မဖြစ်နိုင်တော့ပေ။

ဒီမြင်ကွင်းက ရှဟဲကို ပိုပြီး ထိတ်လန့်သွားစေသည်။

"လောင်ချင်း မင်း လုံးဝ သေလို့မရဘူး! ငါ့မင်္ဂလာဆောင်ကို လာရဦးမယ်"

သူ့ဘေးနားက ရဲအရာရှိတွေသည် မက်ဆေ့ချ်လက်ခံရရှိပြီးနောက် ဒီတစ်ခါတော့ သူတို့ရဲ့ လေသံက ပိုလေးနက်သွားသည်။ သူတို့သည် ရှဟဲကို အကြိမ်အနည်းငယ် တွန်းထုတ်ကာ ထွက်ခွာရန် အချက်ပြ​နေခဲ့သည်။

"ဒါက ဘာကိုဆိုလိုတာလဲ"

"အရာရှိရှ... ဒါက ဦးစီးချုပ်ရဲ့အမိန့်ပဲ... လူတိုင်းကို ဘေးလွတ်ရာ ဖယ်ခိုင်းရမယ် အထူးသဖြင့် မင်းက လုပ်ရည်ကိုင်ရည်ရှိတဲ့သူတစ်ယောက်... မင်း စစ်မြေပြင်နဲ့ ဝေးဝေးနေရမယ်"

ရှဟဲ : "..."

All Chapters