အင်ပါယာအတွက် နှုတ်ဆက်ပွဲ
Vol. 13 Ch. 196
မျက်စိစူးစေသော စွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ တိတ်ဆိတ်မှု ပြန်လည်ရောက်ရှိလာခဲ့သည်။
လှည့်ပတ်နေသော လေများသည် ငြိမ်သက်လာပြီး ပျက်စီးနေသော စစ်မြေပြင်တစ်လျှောက် ဖုန်မှုန့်များ ဖြည်းဖြည်းချင်း စုပုံလာသည်။
အားလုံး၏ မျက်လုံးများသည် ရပ်နေဆဲဖြစ်သော ပုံရိပ်နှစ်ခုထံတွင် ရှိနေသည်။
နှစ်ယောက်စလုံးသည် ဤမျှအစွမ်းထက်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်နေသော်လည်း ကောင်းမွန်နေပုံရသောကြောင့် သရေကျခြင်းဖြစ်နိုင်သည်ဟု လူအများက ထင်မြင်ခဲ့ကြသည်။
ထို့နောက်
ကျွီ
နူးညံ့သော သတ္တုအသံတစ်ခု ပဲ့တင်ထပ်သွားသည်။
ဓား၏အဖျားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားချေသည်။
လူတိုင်း၏အကြည့်များသည် ပိုင်ရှင်းယွဲ့ဆီသို့ ကျရောက်သွားသည်။
တစ်ချိန်က တောက်ပပြီး ဂုဏ်ယူဝင့်ကြွားရသော သူမ၏ဓားသည် နှစ်ခြမ်းကွဲသွားခဲ့သည်။
ဓားသည် အလယ်ဗဟိုက ခွဲထွက်သွားပြီး အပေါ်ပိုင်းသည် ယခုအခါ သူမ၏ခြေရင်းတွင် ရှိနေပြီး ကျန်ရှိနေသော စွမ်းအားကြောင့် တုန်ခါနေသည်။
သူမသည် ငြိမ်နေပြီး ရွှေရောင် မီးလျှံများသည် သူမ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အားနည်းစွာ လင်းလက်နေသည်။
သူမ၏ဆံပင်များသည် ပေါ့ပါးစွာ လွင့်မျောနေပြီး သူမ၏ဝတ်ရုံများသည် အစွန်းများတွင် စုတ်ပြဲနေသော်လည်း သူမ၏အကြည့်သည် ဘယ်သောအခါမှ ယိမ်းယိုင်မသွားပေ
သူမလက်နက်၏ ကျန်ရှိနေသောအပိုင်းကို ကြည့်ရင်း သူမ၏လက်သည် အနည်းငယ်တုန်ခါနေသည်။
သူမ၏တစ်ဖက်တွင် ပိုင်ကျီဟန်သည် တည်ငြိမ်စွာ ရပ်နေ၏
သူ့၏ထာဝရဝိညာဉ်ဓားသည် သူ့လက်ထဲတွင် တိတ်ဆိတ်စွာ ညည်းညူနေပြီး ဓားရည်ရွယ်ချက်နဲ့ မှိန်ဖျော့ဖျော့ တောက်ပနေဆဲသာ
သူ့အဝတ်အစားများတွင် ခြစ်ရာများနှင့် ပါးပြင်ပေါ်၌ ပြတ်ရှဒဏ်ရာများ ရှိပေမဲ့ ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
စကားတစ်လုံးမှ မပြောခဲ့ပေ
မလိုအပ်ခဲ့ပေ
ရလဒ်က ရှင်းနေသည်။
နှစ်ယောက်စလုံး မကျဆုံးရင်တောင်၊ နှစ်ယောက်စလုံး ရပ်နေရင်တောင်၊ လက်နက်တစ်ခု ကျိုးသွားချေပြီ။
ကျင့်ကြံသူ ကမ္ဘာမှာတော့ လက်နက်များသည် ဝိညာဉ်၏တိုးချဲ့မှုဖြစ်ပြီး ၎င်းက အရာအားလုံးကို ပြောပြနေ၏
ပါးစပ်အဟောင်းသားနဲ့တီးတိုးပြောဆိုသံများသည်
ကြည့်ရှုသူများ ကြား၌ ပျံ့နှံ့သွားသည်။
"သူမ ရှုံးသွားပြီလား?"
"သူမရဲ့ဓား... ကျိုးသွားပြီလား?"
"ပိုင်ကျီဟန်... အနိုင်ရသွားပြီလား?"
တချို့က မယုံနိုင်လောက်အောင် ဖြစ်ကြပြီး ပိုင်မျိုးနွယ်စုက အောင်ပွဲခံ ကြွေးကြော်နေကြသည်။
ယွဲ့ဝူရွှမ်း မျက်နှာအမူအရာသည် ခန့်မှန်းရခက်နေ၏
သူမ တိတ်ဆိတ်နေခဲ့သည်။
သူမတောင် ရလဒ်ကို ငြင်းလို့မရပေ။
ပိုင်ရှင်းယွဲ့ အလားအလာကို ဘယ်လောက်ပဲ တန်ဖိုးထားခဲ့ပါစေ ၊ ပိုင်ကျီဟန်သည် စကားလုံးတွေနဲ့ မဟုတ်ဘဲ လုပ်ရပ်နဲ့ သက်သေပြခဲ့၏
သို့တိုင် ၎င်းသည် ပိုင်ရှင်းယွဲ့ တန်ဖိုးကို လျော့ကျစေတာ မဟုတ်ပေ
အဆုံးစွန်အားဖြင့် ၎င်းသည် သူမ၏ ခန္ဓာကိုယ် သို့မဟုတ် ပါရမီတစ်ခုတည်းတင် မဟုတ်ဘဲ သူမ၏ နည်းစနစ်ကို နားလည်သဘောပေါက်မှုသည်လည်း အလွန်မြင့်မားပေသည်။
ထို့အပြင် ပိုင်ရှင်းယွဲ့ ရှုံးနိမ့်ရခြင်းမှာ သူမ အားနည်းသောကြောင့် မဟုတ်ဘဲ သူမ၏ လက်နက်အရည်အသွေးသည် ပိုင်ကျီဟန်၏ အရည်အသွေးနှင့် မယှဉ်နိုင်သောကြောင့်သာ
သူမသည် မြေကမ္ဘာအဆင့်ဓားကို အသုံးပြုခဲ့ပြီး ပိုင်ကျီဟန်၏ ထာဝရဝိညာဉ်ဓားကို ယွဲ့က တော့ ကောင်းကင်အဆင့် ရတနာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည် - စီးဆင်းနေသော လမင်းဂိုဏ်းတွင်ပင် ရှားပါးသောအရာတစ်ခုဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပိုင်ရှင်းယွဲ့၏ မီးလျှံများ လျော့ပါးသွား၏
သူမ၏ လက်ကို နှိမ့်ချလိုက်ပြီး ကျိုးနေသော ဓားတစ်ဝက်ကို မြေပြင်ပေါ်သို့ ချလိုက်သည်။
သူမ၏ နှလုံးသားသည် လေးလံနေသော်လည်း ခါးသီးမှုဖြင့် မဟုတ်ပေ
သူမသည် ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။
သူမ၏ အသံသည် တည်ငြိမ်နေပေသည်။
"နင်ရဲ့ စကားတွေက လှည့်စားမှုတစ်ခု မဟုတ်ဘူးလို့ ငါထင်ပြီးသား”
အစောပိုင်းကတော့ ပိုင်ကျီဟန်သည် သူမ၏ တာအိုအရိုးကို ထုတ်ပြီးနောက် ပြင်းထန်သော ဒဏ်ရာများကို ဖုံးကွယ်ထားသည်ဟု သူမ ထင်ခဲ့သည်။
သို့တိုင် ၎င်းက အထင်လွဲမှုတစ်ခုသာ
သူ တကယ်အဆင်ပြေ၏
ပြီးတော့ ဒီထက်ပိုတာက သူမတွေးထားတာထက် သူက ပိုအားကောင်းနေ၏
ယခု သူ့ကိုရင်ဆိုင်ရသည့်အခါ သူ့ကို "အမှိုက်" ဟု စော်ကားမှုနဲ့ ကောလာဟလအားလုံးသည် ရယ်စရာကောင်းသော ဟာသတစ်ခုလိုပင်
အမွေအနှစ်ကိုရရှိပြီး သူမ တာအိုအရိုးကိုနိုးထစေကာ သူမ၏ ဖီးနစ်ဖွဲ့စည်းပုံကို အသက်သွင်းပြီးနောက်မှာပင် သူမသည် သူ့ကို မကျော်နိုင်သေးပေ
သူမသည် အသက်ကို ပြင်းပြင်းရှူပြီး အတွေးများကို စုစည်းလိုက်၏ သူမ မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်မှုအသစ်တွေနဲ့ ပြည့်နှက်နေ၏
"ငါသွားတော့မယ်”
ရှုံးနိမ့်ပြီးနောက် သူမ ဆုံးဖြတ်ချက်ချပြီးပြီဟု ထင်ရသည်။
"ပြီးတော့ ငါတို့ပြန်တွေ့တဲ့အခါ နင့်ကို ငါအနိုင်ယူမယ်" ပိုင်ရှင်းယွဲ့က ပြောလေ၏
"အေး..အိပ်မက်ကြီးကြီးမက်တာ ကောင်းတယ်" ပိုင်ကျီဟန်က ပြန်ဖြေလေ၏
ထို့နောက် ယွဲ့ဝူရွှမ်းရှေ့ကိုတိုးလာသည်။
"မင်းဆုံးဖြတ်ချက်ချပြီးပြီ ထင်တယ်" သူမကပြောလေ၏
ပိုင်ရှင်းယွဲ့သည် ခေါင်းညိတ်ပြလိုက်လေသည်
"ဒီမှာ လုပ်စရာရှိသေးလား"
ယွဲ့က မေးလိုက်၏
ပိုင်ရှင်းယွဲ့ သည် ခေါင်းခါလိုက်သည်။
"သေချာလား။ ဂိုဏ်းထဲဝင်လိုက်တာနဲ့ အတော်ကြာတဲ့အထိ ပြန်မလာနိုင်ဘူး။"
"ရတယ်။ လုပ်ရမယ့်အရာအားလုံးကို လုပ်ပြီးသွားပြီ" ပိုင်ရှင်းယွဲ့ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ။"
ယွဲ့ဝူရွှမ်း ကျေနပ်သွားသည်။ သူတို့ ဒီမှာ အချိန်မဖြုန်းတာ ပိုကောင်း၏
သို့တိုင် ထွက်မသွားခင် ပိုင်ကျီဟန်ဘက် လှည့်လိုက်သည်။
"မင်းက အတော်လေး အရည်အချင်းရှိတယ်"
"ဟုတ်တယ်။ ကျွန်တော် သိတယ်။"
ပိုင်ကျီဟန်သည် မာနထောင်လွှားစွာ ပြန်ဖြေလိုက်သည်။
ယွဲ့ဝူရွှမ်း မျက်လုံးများ အနည်းငယ် လှုပ်သွားပေမဲ့ ဒီတစ်ခါတော့ သူ့၏ဓားရည်ရွယ်ချက်ကို ထည့်တွက်ပြီး ခွင့်လွှတ်နိုင်သည်ဟု သူမ ထင်မိသည်။
သူမသည် သူ့ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီး ပိုင်ရှင်းယွဲ့ဘက် ပြန်လှည့်လိုက်သည်။
"သွားကြစို့”
ယွဲ့ဝူရွှမ်းသည် လက်ကို မြှောက်လိုက်သည်။
သူမ၏ လက်ချောင်းထိပ်များမှ ခမ်းနားထည်ဝါသော ချီစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်သော်လည်း အကန့်အသတ်မရှိ ကျယ်ပြောလှသော ပင်လယ်ကြီးသည် ချည်မျှင်တစ်ခုတည်းအဖြစ် ဖိသိပ်သွားသကဲ့သို့ပင်။
လေထု တုန်ခါသွားချေသည်။
ထို့နောက်
ဂျွတ်
လေထဲတွင် အက်ကွဲကြောင်းတစ်ခု ပွင့်သွားပေသည်။
ကမ္ဘာ၏ ချည်ထည်ပေါ်တွင် ရေးဆွဲထားသော မျဉ်းတစ်ကြောင်းကဲ့သို့ လေထုသည် ကွဲထွက်သွားပြီး မြူနှင့်အလင်းတို့၏ လှည့်ပတ်နေသော တံခါးပေါက်တစ်ခု ပေါ်လာသည်။ ကောင်းကင်အင်ပါယာမှ ဝေးကွာသော နေရာတစ်ခုသို့ ဝင်ပေါက်တစ်ခုဖြစ်ပေသည်။
ပိုင်ရှင်းယွဲ့သည် ပတ်ဝန်းကျင်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်မိသည်။
သူမအကြည့်များသည် စစ်မြေပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်၏ ပျက်စီးနေသောမြေပြင် ၊ သူမအတွက် တိုက်ခိုက်သော စစ်ပွဲအကြွင်းအကျန်များ။
သူမ သွေးထွက်ခဲ့သော ၊ တိုက်ခိုက်ခဲ့သော အရှက်ရစေခဲ့သော၊ ပိုမိုအားကောင်းလာသော နေရာ။
ပြီးတော့ သူမမျက်လုံးများသည် ဝေးလံသော တောင်တန်းတွေဆီ…တစ်ချိန်က သူမကမ္ဘာကြီးဖြစ်ခဲ့သော အင်ပါယာဆီ လှည့်ပတ်သွားသည်။
ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ
၎င်းသည် သူမနှုတ်ဆက်ပွဲ—ခဏတာအတွက်သာ
နောက်ဆုံးတော့ သူမမျက်လုံးများသည် ပိုင်ကျီဟန်ဆီ ရောက်သွားလေ၏
သူ အဝေးမှာရပ်နေ၏ သူ့ဓားကို ဓားအိမ်ထဲထည့်လိုက်ချေပြီ။ သူ့ကိုယ်ဟန်သည် ဖြောင့်မတ်ပြီး သူ့မျက်နှာအမူအရာက တည်ငြိမ် နေ၏ သို့တိုင် မာနထောင်လွှားသော အရိပ်အယောင်သည် သူ့မျက်လုံးတွေထဲတွင် ကျန်နေတုန်းသာ
ပိုင်ရှင်းယွဲ့သည် သူ့ကို တိတ်ဆိတ်စွာစိုက်ကြည့်နေ၏ သူမနှုတ်ခမ်းများက ခိုင်မာသောမျဉ်းကြောင်းတစ်ခုလို တင်းတင်းစေ့ထားချေသည်။
သူမမျက်လုံးတွေထဲ၌ မုန်းတီးမှုမရှိပေ
နောင်တမရှိပေ
စိတ်ပိုင်းဖြတ်မှုသာရှိ၏
(နောက်တစ်ခါ ကျွန်မက အပေါ်ဆုံးမှာ ရပ်နေမဲ့သူပဲ...)
သူမ ဘာမှမပြောပေ။ သို့တိုင် သူမခံစားရသမျှအရာအားလုံးသည် သူမမျက်နှာအမူအရာတွင် ရှင်းရှင်းလင်းလင်းရှိနေ၏
ထို့နောက် ယွဲ့ဝူရွှမ်းသည် စစ်မြေပြင်အစွန်တွင် တည်ငြိမ်အေးချမ်းစွာ ရပ်နေသည့် ချင်းလန်ဘက်သို့ လှည့်လိုက်သည်။
ယွဲ့သည် သူမ၏ သူငယ်ချင်းဟောင်းအား ရိုးသားသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ချင်းလန်" ဟု သူမ ညင်သာစွာ ပြောလိုက်သည်။ "နင်မရှိရင်... ဒီလိုရတနာမျိုး ငါဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။"
ချင်းလန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"သူမကို ခေါ်သွားလို့ရပါတယ်။ ဒါပေမယ့် မှတ်ထားပါ - ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူမကို ကာကွယ်ပေးရမယ်နော်”
"ငါ တခြားနည်းနဲ့ မနေချင်ဘူး။"
ယွဲ့၏ အပြုံးသည် ပိုမိုနက်ရှိုင်းလာသည်။
"နောက်တစ်ခါ ငါတို့ ပြန်ဆုံကြမယ်။ ငါ နင့်ကို နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိုင်တစ်ခွက် တိုက်မယ်။"
ချင်းလန်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
"ကောင်းပြီ၊ အဲ့တာကိုမှတ်ထားမယ်။"
ထို့နောက် သူမသည် ပိုင်ရှင်းယွဲ့ကို ကြည့်လိုက်သည်။
"ကောင်းကောင်း ကျင့်ကြံပြီး ခွန်အားတိုးလာအောင် လုပ်ပါ။ မင်း အခက်အခဲနဲ့ ရင်ဆိုင်ရရင် ယွဲ့ဝူရွှမ်းကို ရှာပါ။ သူမက မင်းကို ကူညီပေးလိမ့်မယ်။"
ပိုင်ရှင်းယွဲ့သည် လေးစားစွာ ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ ချင်းလန်... အရာအားလုံးအတွက်။"
သူမ တကယ်ပြောတာပင်။
ချင်းလန်သည် အမွေအနှစ်ရပြီးကတည်းက သူမကို ကာကွယ်ပေးခဲ့၏ သူမဆက်သွယ်မှုတွေကို အသုံးပြုပြီး ယွဲ့ဝူရွှမ်းကို ခေါ်ကာ စီးဆင်းနေသော လမင်းဂိုဏ်းကို ဝင်ရောက်ဖို့ အခွင့်အရေးပေးခဲ့သည်။
ပိုင်ရှင်းယွဲ့သည် အတိတ်က ပိုင်မျိုးနွယ်နဲ့ ပဋိပက္ခကြောင့် ချင်းလန်တောင်ထိပ်ကို ငြင်းပယ်ခဲ့သည့်အတွက် နောင်တရမှု အနည်းငယ်တောင် ခံစားခဲ့ရသည်။
ထို့နောက် ယွဲ့ဝူရွှမ်းသည် ပိုင်ရှင်းယွဲ့ဆီ ပြန်လှည့်သွားချေသည်။
သူမပခုံးပေါ် လက်တစ်ဖက်ကို ညင်သာစွာ တင်လိုက်ပြီး အင်္ကျီလက်ကို လှုပ်လိုက်ရာသူတို့နှစ်ယောက်စလုံး ရှေ့ကို တိုးသွားကြပေသည်။
အက်ကွဲကြောင်းသည် တုန်ခါသွားချေ၏
အလင်းတန်းတစ်ခု။
ထို့နောက်
သူတို့ ပျောက်ကွယ်သွားကြသည်။
တံခါးပေါက်သည် သူတို့နောက်တွင် တခါမှမရှိဖူးသလိုပင် တိတ်ဆိတ်ငြိမ်သက်စွာ ပြိုကျသွားခဲ့သည်။
စစ်မြေပြင်က တစ်ဖန် တိတ်ဆိတ်သွားပြန်၏
မှော်ပညာ ပျက်သွားသည့်အထိ အားလုံးက ခဏလောက် ရပ်နေကြသေးသည်။
တချို့က သက်ပြင်းချနေသည်။ တချို့ကတော့ မရေမရာ အကြည့်တွေနဲ့ ကြည့်နေကြသည်။
မေးခွန်းက ရှင်းနေ၏
အခု ဘာလုပ်ကြမည်နည်း
ပိုင်၊ လီ နဲ့ ကျောက်မျိုးနွယ်စုတွေ ဘာဖြစ်ကြမည်နည်း
သူတို့ စစ်ပွဲကို ဆက်လုပ်ကြမည်လား။
သို့တိုင် တိုက်ပွဲဝင်ရသည့် အကြောင်းရင်း ပျောက်သွားတာကြောင့် သူတို့ ဆက်လုပ်ကြလိမ့်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိ၏
အခု ကျန်နေတာက ဖြစ်ပျက်ခဲ့သမျှအရာများကို ဆင်ခြင်သုံးသပ်ပြီး ပြန်လည်အကဲဖြတ်ဖို့ပင်
အနည်းဆုံးတော့ အမတ်ယန်သည် အစီအစဉ်တွေ ရေးဆွဲနေချေပြီ။
ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ဘုရင်မင်းမြတ်ထံ အစီရင်ခံဖို့ လိုအပ်လိမ့်မည်။
အထူးသဖြင့် ယိုးဝူရွှမ်း ဝင်ရောက်စွက်ဖက်မှုသည် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ ဟန်ချက်ညီမှုကို လှုပ်ခါစေခဲ့သည်။
လီကျန်းဟုန်နဲ့ ကျောက်ဝူထျန်းတို့သည် လေထဲတွင် ရပ်နေပြီး ပိုင်မျိုးနွယ်စု အိမ်ယာကို ကြည့်နေကြသည်။
သူတို့ ဖယ်ရှားပစ်ချင်သူကို အလွယ်တကူ ခေါ်ဆောင်သွားခဲ့ပြီး တစ်နည်းအားဖြင့် ပြီးမြောက်သွားသော မစ်ရှင်တစ်ခုလို့ပင်
တစ်ဖက်မှာတော့ သူတို့ဆုံးရှုံးမှုသည် ပိုင်မျိုးနွယ်စုထက် သိသိသာသာ ပိုများပြီး သူတို့ဂုဏ်သတင်းလည်း အကြီးအကျယ် ထိခိုက်နိုင်၏
"ဆက်လုပ်သင့်လား"
လီကျန်းဟုန်က မေးလေ၏
၎င်းသည် အဓိပ္ပာယ်မရှိမှန်း သူသိပေမဲ့ ပိုင်မျိုးနွယ်စုကို ဖျက်ဆီးဖို့သည် မဖြစ်နိုင်ပေ။ သူတို့အကြီးအကဲများကလည်း သူတို့ကို ကာကွယ်နိုင်စွမ်း ရှိနေသေး၏
ထို့အပြင် သူတို့နှစ်ယောက်ပေါင်းပြီးရင်တောင် ပိုင်ထျန်းဟမ်အား အနိုင်ယူလို့ မရသေးပေ။
သူ မေးရခြင်းသည် အပြီးအပိုင် ဆုတ်ခွာဖို့ အကြံပြုသူ မဖြစ်ချင်လို့ပင်။
မည်သို့ပင် ဖြစ်စေ လီကျန်းဟုန်သည် သူ့ကိုယ်သူ ရဲရင့်သူ၊ တွန့်ဆုတ်မှုမရှိသည့်အပြင် အကျိုးဆက်တွေကို မကြောက်ဘဲ ရှေ့ကို တိုးဝင်တဲ့သူအဖြစ် အမြဲပုံဖော်ခဲ့သည်။
ကျောက်ဝူထျန်းသည် သူ့ရည်ရွယ်ချက်ကို မြင်သည့်တိုင် သူ့ကို စကား မခေါ်ခဲ့ပေ။
"ဆုတ်ခွါကြစို့”
သူက ရိုးရိုးလေး ပြောလိုက်သည်။
"အားလုံးပဲ၊ ငါတို့ ဆုတ်ခွာကြမယ်။"
သူ ကြေငြာလိုက်ချေသည်။
ဖြစ်ပျက်ခဲ့သော ရှုပ်ထွေးမှုနဲ့ ပြင်းထန်မှုများကြောင့် လီနဲ့ ကျောက်မျိုးနွယ်စု စစ်သားများနဲ့ အကြီးအကဲများသည် မှင်သက်နေဆဲဖြစ်ပြီး ချက်ချင်း နောက်ဆုတ်သွားကြသည်။
သူတို့ခြေလှမ်းသည် စနစ်တကျရှိသည့်တိုင် သူတို့ ဆုတ်ခွါမှုတွင် ခါးသီးမှုများ ကျန်ရှိနေသည်ကို ငြင်းလို့မရပေ။
ကောင်းကင်ယံတွင် ကျောက်ဝူထျန်းသည်
ပိုင်ထျန်းဟမ်ကို နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သည်။
၎င်းတို့၏ အကြည့်များသည် ထိပ်တိုက်တွေ့ဆုံသွားသည် ။ စစ်ပွဲတစ်ခု၏ ဆန့်ကျင်ဘက်တွင် ရပ်နေသော ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦးသည် ခဏတာမျှ ၎င်းတို့ထိန်းချုပ်၍မရသော အင်အားစုများကြောင့် ရပ်တန့်သွားခဲ့သည်။
ကျောက်ဝူထျန်း၏ မျက်နှာအမူအရာသည် တည်ငြိမ်သော်လည်း မောပန်းနွမ်းနယ်မှု အရိပ်အယောင်မပြပေ
" ပိုင်ထျန်းဟမ်၊ သိပ်စိတ်မပူပါနဲ့!"
သူကပြောလိုက်သည်။
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက... မလွဲမသွေပဲ။ မင်းလည်း အဲဒီလိုပဲ လုပ်မှာပဲ။"
ပိုင်ထျန်းဟမ်သည် ပိုင်မျိုးနွယ်စု၏ အက်ကွဲနေသော အိမ်ခေါင်မိုးပေါ်တွင် လက်များကို နောက်ဘက်ပစ်ရင်း သူ၏ဝတ်ရုံများသည် လေထဲတွင် ညင်သာစွာ လွင့်မျောနေသည်။
သူ ချက်ချင်း မတုံ့ပြန်ပေ
သို့သော် သူ တုံ့ပြန်လိုက်သောအခါ သူ့အသံသည် တည်ငြိမ်ပြီး အေးစက်နေ၏
"ဟားဟား... ဟုတ်တယ်။ မလွဲမသွေပဲ!"
သူ့အကြည့်သည် ယိမ်းယိုင်ခြင်း မရှိပေ။
"နောက်တစ်ခုလည်း ဒီလိုပါပဲ။"
သူ့လေသံတွင် ဒေါသ မပါပေ။ တည်ကြည်သော ကတိတစ်ခုသာ ပါဝင်သည်။
"ပြင်ဆင်ထားပါ။ ပိုင်မျိုးနွယ်စုက ဒီနေ့ကို မေ့မှာ မဟုတ်ဘူး”
သူ ခဏရပ်လိုက်သည်။
"စာရင်းရှင်းတမ်းထွက်လာလိမ့်မယ်။ အဲဒါလည်း... မလွဲမသွေပဲ။"
သူတို့ကြား၌ လေအေးတစ်ချက် တိုက်ခတ်သွားချေသည်။
ကျောက်ဝူထျန်းသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ဘာမှ ထပ်ပြောစရာ မရှိတော့ပေ