ကံကြမ္မာဖြတ်တောက်ခြင်းဓား
Vol. 14 Ch. 197
ပြိုင်ပွဲကွင်းသည် နောက်ဆုံးတော့ တိတ်ဆိတ်သွားသည်။
သေနတ်သံမျိုး မရှိပေ။
စစ်ပွဲအော်သံများလည်း ပျောက်ကွယ်သွားချေပြီ
ပိုင်မျိုးနွယ် တပည့်များသည် စစ်ပြင်အတွင်း လျှောက်လှမ်းသွားကြနေပြီး ကျိုးသွားသော လက်နက်များ၊ ဆုတ်ပြဲသွားသော အလံများနှင့် စစ်ပွဲလက်ကျန်များကို ရှင်းလင်း ခဲ့ကြသည်။
ယခင်က သတ်ဖြတ်မှုနဲ့ အလွန်ပြင်းထန်ခဲ့သော လေထုသည် ယခုတွင် တိတ်ဆိတ်အေးမြသော လေတိုက်သံသာ ရှိနေ၏
မျိုးနွယ်စုနဲ့ ဂိုဏ်းများမှ ကြည့်ရှုသူ အများစုသည် မိမိတို့ သက်ဆိုင်ရာ အဖွဲ့သို့ ပြန်သွားကြပြီး အချို့ကတော့ ပိုင်မျိုးနွယ်ကို စောင့်ကြည့်ရန် ကျန်ရှိနေသေးသည်။
ပိုင်မျိုးနွယ်ကတော့ သူတို့ကို လျစ်လျူရှုထားပြီး မိမိတို့လုပ်ရမည့် အရေးကြီးသော ကိစ္စရပ်များကိုသာ အာရုံစိုက်နေကြသည်။
သူတို့လုပ်ရမည့် အလုပ်များလည်း မနည်းပေ။
ပထမဦးစွာ ကျိုးပဲ့သွားသော ကာကွယ်ရေးကို ပြန်လည်တည်ဆောက်ရမည်။
ဒုတိယအနေနဲ့ ပိုင်မျိုးနွယ်ကို ကာကွယ်ရင်း အသက်ပေးခဲ့သူများအား ဂုဏ်ပြုပေးပြီး ဝမ်းနည်းမှုအခမ်းအနား ကျင်းပရန်လိုသည်။
တတိယအနေနဲ့ ပိုင်မျိုးနွယ်၏ လမ်းကြောင်းကို ပြန်လည် ဆွေးနွေး ဆုံးဖြတ်ရမည်။
ထိုအချိန်ကာလအတွင်း ပိုင်ကျီဟန်သည် တစ်ကိုယ်တော် ကျင့်ကြံနေ၏ သူ့ဒဏ်ရာများကြောင့် မဟုတ်ဘဲ တခြားအရာများကြောင့်သာ
[ မယူထားရသေးသော ဆုများ ]
လီဖန်းကို အနိုင်ရသည် : [၁၀ဆ ကျင့်ကြံမှု
အမြန်နှုန်းကတ်(၃ရက်) ]
လီဖန်းကို အနိုင်ရသည် : [အမှတ် ၃ထောင် ]
ဆုများ များစွာရှိသော်လည်း သူ့အား စိတ်ဝင်စားစေသည့် အရာတစ်ခုသာရှိ၏
ပိုင်ရှင်းယွဲ့ကို အနိုင်ရသည် :[ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်]
စစ်ပွဲကို စနစ်မှ “အနိုင်” ဟု သတ်မှတ်ထားပြီး နောက်ထပ်ဆုတစ်ခုကိုလည်း ရရှိခဲ့သည်။
(ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်၊ နာမည်ကြားရတာနဲ့တင် အတော်လေး စွမ်းအားရှိသလိုပဲ)
သူသည် ရန်သူကို တစ်ချက်တည်းနဲ့ သတ်နိုင်မည့် အင်အားကြီးသော နည်းတစ်ခုကို အမြဲရှာနေသူဖြစ်သည်။
အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓားသည် သန်မာသော်လည်း ထိပ်တိုက်တွေ့ဆြံမှုအတွက် မသင့်တော်ပေ
ထိုကြောင့် ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်သည် သူရှာနေသော နည်းစနစ် ဖြစ်နိုင်သည်။
မဟုတ်ပါက သူ့အတွက် အသုံးမဝင်ဘဲ အခြားတစ်ဦးကို ပေးရမည်သာ
ထိုနည်းစနစ်၏ အမည်ကဲ့သို့ သန်မာမှုရှိမရှိ စစ်ဆေးရန် အသေးစိတ်ဖော်ပြချက်ကို ဖွင့်ကြည့်လိုက်သည်။
ကံကြမ္မာ ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်( သူတော်စင်အဆင့်)
မိုးကောင်းကင်သည် တုန်ခါနေသည်။ ကံကြမ္မာ က ငြိမ်သက်နေ၏ မျှော်မှန်းထားသည့် အဆုံးသတ်ကို ရောက်ရှိနေပြီ
“သူတော်စင် အဆင့် “
သူ၏ အံ့အားသင့်မှုသည် မယုံကြည် နိုင်စရာပင်။ ကောင်းကင်အဆင့်လောက်သာ မျှော်လင့်ထားခဲ့သည်ကို သူတော်စင်အဆင့်အထိ မြင့်မားနေမည်ဟု မည်သူမျှ မထင်ခဲ့ပေ
၎င်း၏ ဖော်ပြချက်သည် မရှင်းလင်းဘဲ တိုတောင်းသော်လည်း 'အရာအားလုံးသည် ၎င်းတို့၏ကံကြမ္မာနှင့် ကြုံတွေ့ရသည်' ဟူသော စကားစုကြောင့် သူ့စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။ ၎င်းသည် ချက်ချင်းသေဆုံးခြင်းကို ဆိုလိုသည်။
ထို့နောက် တွန့်ဆုတ်နေရန် မလိုအပ်ပေ
"ဒါက ငါ့ရဲ့ အပြီးသတ်လှုပ်ရှားမှုပဲ”
အသက်ပြင်းပြင်းရှူပြီး ပိုင်ကျီဟန်သည် ဆုလာဘ်ကို နှိပ်ပြီး လက်ခံလိုက်သည်။
[ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် - ရရှိခဲ့သည်]
နည်းစနစ်ကို ပိုင်ရှင်၏
အသိစိတ်ပင်လယ်ထဲသို့ ထည့်ပေးနေသည်။
သူသည် ကျောက်စိမ်း တရားထိုင်စင်ပေါ်တွင် ခြေချင်းချိတ် ထိုင်နေ၏
စနစ်၏ကမ္ဘာသည် လက်တွေ့ဘဝကို လွှမ်းမိုးလာပြီး စိတ်ထဲသို့ ဆွဲခေါ်လာသည်နှင့်အမျှ အခန်းသည် မှိန်ဖျော့သွားသည်။
အရာအားလုံးသည် လုံးဝမှောင်မိုက်သွားသည်။
ထို့နောက်
နေရာတွင် ငွေရောင်ချည်မျှင်တစ်ခု ပေါ်လာသည်။
ထို့နောက် တစ်စက္ကန့်ကြာ၏
ထို့နောက် စက္ကန့်တစ်ထောင်။
ထို့နောက် တစ်သောင်း။
မိုးကုပ်စက်ဝိုင်းတစ်လျှောက်တွင် ကံကြမ္မာချည်မျှင်များသည် အချိန်နှင့် တည်ရှိမှု၏ အထည်ပေါ်တွင် တောက်ပနေသော ပင့်ကူပိုးများကဲ့သို့ အဆုံးမရှိ ဆန့်တန်းနေသည်။
(ဒါတွေက... ကံကြမ္မာမျဉ်းကြောင်းတွေလား?)
တစ်ခုစီသည် အသက်တစ်ခုနှင့် ချိတ်ဆက်ထားသည်။ ကျင့်ကြံသူတစ်ဦးထံသို့ပင်။ သားရဲတစ်ကောင်ထံသို့ပင်။ တောင်တစ်တောင်၊ မြစ်တစ်စင်း၊ မင်းဆက်တစ်ခု၊ ဂိုဏ်းတစ်ခုထံသို့ပင်
ထို့နောက် အသံတစ်ခု ထွက်ပေါ်လာသည်။
ရှေးခေတ် ၊ အေးစက်မှုနဲ့ ခံစားချက်မဲ့မှု။
"ကံကြမ္မာကို ဖြတ်တောက်ခြင်းက လမ်းစဉ်အားလုံး အဆုံးသတ်ကို ဆုံးဖြတ်ခြင်းပဲ”
ရုတ်တရက် သူ့ရှေ့တွင် ဝိညာဉ်တစ်ခု ပေါ်လာသည် ။ စုတ်ပြဲနေသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး အလင်းရောင်ဖြင့် ဖုံးကွယ်ထားသော နတ်ဘုရားဓားသမားတစ်ဦး။
သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းရှိသည် ။ ၎င်း၏ဓားသွားသည် အက်ကွဲသွားသော်လည်း ၎င်း၏ အရှိန်အဝါသည် ပြိုင်ဘက်ကင်း၏
"အနီးကပ်ကြည့်ရမယ်”
ထိုလူသည် ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေ၏
အချိန်သည် ရပ်တန့်သွားသည်။
ကံကြမ္မာချည်မျှင်များပင် တုန်ခါမှု ရပ်တန့်သွားသည်။
ထို့နောက်
ရွှမ်!
တစ်ချက်တည်းသော လှုပ်ရှားမှု။ ရိုးရှင်း၏ အလှဆင်ခြင်း မရှိပေ
သို့သော် ၎င်း ဖြတ်သွားသည်နှင့် သူ့ရှေ့ရှိ ချည်မျှင်အားလုံး မည်မျှထူထဲသည်ဖြစ်စေ၊ တောက်ပသည်ဖြစ်စေ ဖြတ်တောက် ခံလိုက်ရသည်။
သန့်ရှင်းစွာ။
လွယ်ကူစွာပင်
ကံကြမ္မာကိုယ်တိုင်က ကွဲအက်သွားသကဲ့သို့ပင်
ပိုင်ကျီဟန်မျက်လုံးတွေ ကျုံ့သွားချေသည်။
သူ အလိုလို နားလည်သွားချေပြီ။ ကံကြမ္မာ ဖြတ်တောက်ခြင်း ဓားသည် ခန္ဓာကိုယ်ကို တိုက်ခိုက်ရုံတင် မကပေ ။ ပုံသဏ္ဍာန်ကို ကျော်ဖြတ်ပြီး ကံကြမ္မာကို တိုက်ခိုက်ပေ၏
တစ်ယောက်ယောက်သည် မသေနိုင်သူ ဖြစ်လာ၏ ထိုဓားသည် ကံကြမ္မာကို ပျောက်ကွယ်သွားစေနိုင်၏
သူ့စိတ်သည် ဓားစက်ဝိုင်း၊ ကံကြမ္မာ၏ ပဲ့တင်သံ၊ ချီအာရုံစူးစိုက်မှုပုံစံများနဲ့ ပိုနက်ရှိုင်းသော တစ်ခုခု …ရှင်းပြလို့မရသော တစ်ခုခုအကြောင်း ဗဟုသုတတွေနဲ့ ပြည့်
နှက်နေ၏
ကြောက်စရာကောင်းသော နည်းစနစ်တစ်ခု...
ပိုင်ကျီဟန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ ချွေးတွေနဲ့ ရွှဲနစ်နေ၏
သူ့ပတ်ဝန်းကျင်ရှိ ကြမ်းပြင်သည် အက်ကွဲသွားပြီး ဓားရည်ရွယ်ချက်သည် ယိုစိမ့်ထွက်လာကာ သူ့ဘေးနားရှိ ကျောက်ကြမ်းပြင်ကို ရှည်လျားသော ဓားတစ်ချောင်း ထိုးဖောက်သွားချေသည်။
အသက်ကို ပြင်းပြင်းရှူပြီး တိုးတိုးလေး ပြောလိုက်၏ "ဒါဆို ဒါက သူတော်စင်အဆင့် နည်းစနစ်ပဲ... တကယ်ကို ရူးသွပ်စေတာ”
သူသည် မျက်လုံးများကို တစ်ဖန် ပြန်မှိတ်လိုက်သည်။
သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု အမြစ်တွယ်နေချေပြီ။
သူသည် စစ်မြေပြင်ကို တည်ငြိမ်စွာ လျှောက်သွားပြီး ဓားကိုင်ထားကာ မျက်လုံးများက အေးစက်ပြီး အထီးကျန်နေ၏
တစ်ချက်တည်းသော ဓားချက်။ထို့နောက် ရန်သူတစ်ယောက် ကံကြမ္မာ... ကမ္ဘာကနေ သုတ်သင်ရှင်းလင်းခံလိုက်ရချေပြီ။
ထိုနည်းစနစ် ဖြစ်သော ကံကြမ္မာကို ဖြတ်တောက်ခြင်းသည် သူ့ကို စိန်ခေါ်ရဲသူတိုင်းအတွက် နောက်ဆုံးအဖြေ ဖြစ်မည်သာ
"ငါ စမ်းကြည့်သင့်လား?"
ဘာကြောင့်မဖြစ်ရမည်နည်း။ သို့ပေမဲ့ ထိုနည်းစနစ်ကို နားလည်ရုံနဲ့တင် ခံနိုင်ရည်အများကြီး လိုအပ်ပေသည်။
သူ အခန်းအလယ်ကို ခြေလှမ်းလိုက်ပြီး ထာဝရဝိညာဉ်ဓားကို ထုတ်လိုက်ကာ နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။
မြင်ကွင်းကနေ ပေါ်လာသော ပုံရိပ်သည် ကြည်လင် ပြတ်သားနေဆဲပင်။ ကံကြမ္မာချည်နှောင်မှုအားလုံးကို ဖြတ်တောက်လိုက်သော တစ်ချက်တည်းသော တိုက်ခိုက်မှု
သူသည် ဓားကို မြှောက်လိုက်ပြီး ဝိညာဉ်ဓားသမား၏ နှေးကွေးပြီး အတိုင်းအဆရှိသော လှုပ်ရှားမှုကို အတုယူလိုက်ပေ၏
လေထုက ငြိမ်သက်သွားချေပြီ
ဓားရည်ရွယ်ချက် မြင့်တက်လာပြီး သူ့ပတ်လည်ရှိ မြေပြင်သည် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ထို့နောက်
ရွှမ်
ဓားသည် ထက်မြက်သော တိကျမှုနဲ့ ရှေ့ကို ခုတ်ထစ်သွားချေသည်။
အနီးနားက သစ်ရွက်တွေ နှစ်ခြမ်း ကွဲကုန်၏
လေတစ်ချက် တိုက်ခတ်သွားချေသည်။
သို့တိုင် ဒါပင်
၎င်းသည် အစွမ်းထက်သော ဓားတိုက်ခိုက်မှုသာ - ကံကြမ္မာကို ဖျက်ဆီးသော အရှိန်အဝါတော့ မရှိပေ။
သူ အားလုံးလုပ်ခဲ့သည့်တိုင် တကယ့် အနှစ်သာရတော့ မရှိပေ
ပိုင်ကျီဟန် မျက်မှောင်ကြုတ်လိုက်လေသည်။
"ဟူး ကောင်းကင်နဂါးဟိန်းသံကို တစ်ကြိမ်ကြားရုံနဲ့ ကူးယူလိုက်သလိုပါပဲ" သူညည်းညူလိုက်ချေ၏
သူ စိတ်ဓာတ်မကျပေ ။ သို့တိုင် နည်းနည်းတော့ စိတ်ပျက်မိပေသည်။
သူ့၏ ဓားရည်ရွယ်ချက် အလယ်အလတ် အဆင့်နဲ့ သူကြိုက်နှစ်သက်သည့် မည်သည့် ဓားနည်းစနစ်မဆို ချက်ချင်းသုံးနိုင်သည်ဟု သူထင်ခဲ့သည်။
သို့တိုင် သူတော်စင်အဆင့်သည် သူကျင့်သားရနေသော အရာများနဲ့ မတူပေ
သူသည် နောက်တစ်ခါ ကြိုးစား ချိန်ညှိဖို့ပြင်နေချိန်
အနီးတစ်ဖက်တွင် အလင်းလှိုင်းတစ်စင်း ထွက်ပေါ်လာသည်။
သူသည် ချက်ချင်း လှည့်ပြီး ရိုက်ရန် အဆင်သင့် ဖြစ်နေသော်လည်း
သူမကို မြင်လိုက်ချိန်တွင် အားလျော့သွားခဲ့သည်။
ရွှေရောင်နှင့်ငွေရောင်ရောစပ်ထားသည့် ရှေ့ခေတ်ဝတ်စုံနဲ့ တိမ်တွေလို ပျံလွင့်နေသော ဆံပင်နဲ့အတူ ဝိညာဉ်အကြွင်းအကျန်သည် ထွက်ပေါ်လာခဲ့သည်။
“နင်တော်တော် အလုပ်များနေသလိုပဲ” သူမ အေးစက်စွာ ပြောလိုက်သည်။
ပိုင်ကျီဟန်က မျက်ခုံး ပင့်ပြလိုက်သည်။
“နိုးပြီလား”
အချိန်အတော်ကြာ သူမသည် တိတ်တိတ်ဆိတ်ဆိတ်ရှိနေသည်။ သူမဝိညာဉ်သည် ဝိညာဉ်ချုပ်နှောင်ပစ္စည်းထဲတွက် ပြန်လည် ကုသနေတုန်းဟု ပိုင်ကျီဟန် ထင်နေခဲ့သည်။
ထို့အပြင် ပိုင်ရှင်းယွဲ့အား ခေါ်ဆောင်သွားစဉ်ကင် သူမ ကြားမဝင်ခဲ့ပေ
ပိုင်ကျီဟန် ထင်တာက သူမသည် ကုသနေတုန်းဖြစ်ပြီး အင်အားမပြည့်သေးတာကြောင့် လက်မလှမ်းနိုင်တာ သို့မဟုတ် ပိုင်ရှင်းယွဲ့သည် စီးဆင်းနေသော လမင်းဂိုဏ်းတွင် ပိုလုံခြုံမည်ကို သူမသိနေလို့သာပင်
“ငါ တစ်လျှောက်လုံး အိပ်မနေပါဘူး။နင်သုံးနေတဲ့ ရတနာက အရမ်းထူးခြားတယ်” သူမ ပြန်ကြားခဲ့သည်။
“ဒါဆို… ဘာကြောင့် တိတ်တိတ်လေးနေတာလဲ။ ပိုင်ရှင်းယွဲ့ကို စီးဆင်းနေတဲ့လမင်းက ခေါ်သွားတာကို သဘောတူခဲ့တာလား? ”
ပိုင်ကျီဟန်က မေးခဲ့သော်လည်း အကြွင်းအကျန်ဝိညာဉ် သဘော မတူတောင် ဘာမှလုပ်မရသည့်အရာမှန်း သူသိသည်။
ပိုင်ရှင်းယွဲ့သည် ထွက်သွားချေပြီ။ သူမတောင်းဆိုရင်တောင် သူပြန်ခေါ်လို့မရပေ
အကြွင်းအကျန်ဝိညာဉ်သည် မျက်နှာနည်းနည်း တင်းကျပ်သွားသည်။
“မဟုတ်ဘူး.. ငါ အနီးအနားမှာ အင်အားကြီးတဲ့တစ်စုံတစ်ယောက်ကို အာရုံခံမိနေတယ်။ ငါထွက်လာရင် သူက ငါ့ဝိညာဉ်ကို အနည်းဆုံး အာရုံခံမိနိုင်မလားဆိုပြီး စိုးရိမ်ခဲ့တာ”
ပိုင်ကျီဟန်၏ မျက်မှောင်ကျုံ့သွားသည်။
“ယွဲ့ဝူရွှမ်းလား”
မေးသည့်တိုင် သူမကို ဒီလောက် အန္တရာယ်များသည်ဟု မထင်ပေ
သူမအသက်အရွယ်အရ သူမသည် အသန်မာဆုံးများထဲမှ တစ်ယောက်ဟု ခေါ်ဆိုနိုင်သည်။ သို့တိုင် သူမအသက်အရွယ်တွင် ပါရမီရှင်တစ်ယောက်ဖြစ်ရုံသာမက ပိုင်မျိုးနွယ်စု၏ အကြီးအကဲကြီးများသည်လည်း သူမ ကျင့်ကြံမှုအဆင့်တွင် ရှိနေကြသည်။
သူမသည် သာလွန်ကောင်းမွန်သော နည်းစနစ်နဲ့ ရှေးဟောင်းလက်နက်များကြောင့် ပိုအားကောင်းနေသည့်တိုင် ပိုင်မျိုးနွယ်စု အကြီးအကဲတွေထက် အတော်လေးမြင့်မားသည်ဟု သူ မထင်ပေ
သူမ ခေါင်းခါလိုက်ချေသည်။
"အဲဒီမိန်းကလေးက အထင်ကြီးစရာကောင်းပေမယ့် အဲဒီအဆင့်ကို မရောက်သေးပါဘူး။ သူမရဲ့ဂိုဏ်းက အကြီးအကဲ တစ်ယောက်ဖြစ်ရမယ်—သူမကို ကြည့်ရှုဖို့ စေလွှတ်တာ ဒါမှမဟုတ် တစ်ခုခုဖြစ်ရမယ်။"
(ယွဲ့ဝူရွှမ်းမဟုတ်တဲ့ တခြားတစ်ယောက်ရှိနေတာလား။)
ပိုင်ကျီဟန် အံ့အားသင့်သွားပေသည်။
သူသည် အရာအားလုံးကို တတ်ကျွမ်းပြီး ညအရာအားလုံးကို သိသည်ဟု မထင်ရဲတော့ပေ။ ဒါက အတော်လေး ထိတ်လန့်စရာကောင်းသည်ဟု သူထင်သည်။
စီးဆင်းနေသော လမင်းဂိုဏ်းမှအကြီးအကဲတစ်ယောက်ဆိုပါက သူတို့ထဲက မည်သူမဆို ပိုင်မျိုးနွယ်စုကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်သည်။ သူတို့ဘိုးဘေးတွေ ပါဝင်ပတ်သက်နေရင်တောင်ပေါ့။
ထိုပျက်စီးမှုအစွန်းတွင် ရှိနေသည်ဟု သူသတိမထားမိပေ။ တစ်ချက်မှားလိုက်တာနဲ့ သူသေသွားနိုင်၏
သူမက ဆက်ပြောလေသည်။
"အဲဒီလူက ငါ့ကို သတိထားမိရင် မင်းအတွက် ဒုက္ခရောက်စေမယ်လို့ ငါထင်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်ရှင်းယွဲ့ကို ခေါ်ဆောင်သွားပါပြီ - ဒါပေမယ့် သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ မရှိဘူးလို့ ငါထင်တယ်။ သူမ အဲဒီမှာ ဘေးကင်းနေမှာပါ။ သူမ အန္တရာယ်ကြုံနေရရင် ငါသိလိမ့်မယ်။"
အကြွင်းအကျန်ဝိညာဉ်သည် မှိန်ဖျော့ဖျော့ပြုံးလိုက်ပြီး သူမမျက်လုံးများသည် သူ့ဓားဆီ ရောက်သွားခဲ့သည်။
"မင်းက အန္တရာယ်များတဲ့ တစ်ခုခုကို လေ့ကျင့်နေတာ" သူမပြောလေသည် "ဒါက သူတော်စင်အဆင့် နည်းစနစ်တစ်ခုလို့ ထင်ရတယ်။ မင်းရဲ့အင်ပါယာက အတော်လေး အားနည်းတဲ့နေရာလို့ ငါထင်တယ်။ မင်း ဒီလိုနည်းစနစ်ကို ဘယ်ကရလာတာလဲ"
ပိုင်ကျီဟန်က ပြုံးလိုက်သည်။
"အဲဒါက လျှို့ဝှက်ချက်ပဲ”
အကြွင်းအကျန်ဝိညာဉ်သည် သူ့ကိုကြည့်လိုက်ပေမဲ့ ထပ်မမေးတော့ပေ
"ဘာပဲဖြစ်ဖြစ်၊ ငါ ပြန်နားနေဦးမှာ..မင်း ငါ့ကို လိုအပ်ရင် ခေါ်လို့ရတယ်။"
သူမသည် ဝိညာဉ်ချုပ်နှောင်ပစ္စည်းထဲကို ပြန်သွားရင်း ပြောလိုက်၏
ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်ပြန်သည်။
ထို့နောက် သူ့အာရုံကို ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်ဆီသို့ ထပ်မံရွှေ့လိုက်သည်။