← Chapters

  မိန်းမဒေါသထွက်နေပြီး ယောကျာ်းက ထိတ်လန့်နေ၏

Vol. 14 Ch. 202

  မိန်းမဒေါသထွက်နေပြီး ယောကျာ်းက ထိတ်လန့်နေ၏

Vol. 14 Ch. 202

ပျံသန်းနေတဲ့သင်္ဘောသည် စစ်ပွဲတစ်ခုဆီ သွားနေသလို ကောင်းကင်ကို အရှိန်အပြည့်နဲ့ ဖြတ်သွားပေမဲ့ တစ်ယောက်တည်းကိုပဲ ရပ်တန့်ဖို့ပင်

ပျံသန်းနေတဲ့သင်္ဘောသည် အရှိန်အပြည့်နဲ့ သွားနေပေမဲ့ မူယွဲ့လန်၏ အရှိန်က ပိုမြန်ပေ၏

သူမ၏ ဗလာသန့်စင်ခြင်းအဆင့်နဲ့အတူ ပျံသန်းရုံဖြင့် သူမချီ ကုန်ဆုံးသွားမည်ကို စိတ်ပူစရာမလိုပေ

ပိုင်ကျီဟန်သည် သင်္ဘော ရှေ့နားတွင် ရပ်နေပြီး လက်ပိုက်ကာ မျက်ခုံးတွန့်ရင်း အဆုံးမရှိသော မိုးတိမ်တွေကို ငေးကြည့်နေမိ၏

ပိုင်မျိုးနွယ် နယ်မြေသည် အဝေးကြီးတွင် ရှိနေသေးသည့်တိုင် သူတို့ဖြုန်းတီးသော စက္ကန့်တိုင်းသည် ကပ်ဘေးနဲ့ နီးကပ်လာသလို ခံစားရပေ၏

သူ့နောက်တွင် အကြီးအကဲကြီး ပိုင်ရမ်သည် အင်္ကျီလက်ထဲမှ တင်းကျပ်နေသောလက်မောင်းနဲ့ လက်ရန်းကို ပျင်းရိစွာ မှီထားပြီး ပေါ့ပါးနေ၏

"တစ်ခုခု လုပ်သင့်တာ မဟုတ်ဘူးလား"

ပိုင်ကျီဟန်သည် နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး မေးလိုက်၏။

"ဟင်?"

ပိုင်ရမ်သည် မျက်လုံးတစ်ဖက် ဖွင့်လိုက်၏။

"အမေ့ကို သွားတားသင့်တာ မဟုတ်ဘူးလား"

ပိုင်ကျီဟန်သည် ဆက်ပြောလေ၏

"အဖေ့ကို သတ်ဖို့ လုပ်နေတာ။ အဲဒါက အကြီးအကဲတစ်ယောက် ဝင်ပါသင့်တဲ့ ကိစ္စလို့ ထင်ရတယ်။"

ပိုင်ရမ်သည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။

"ငါ သူမကို ခဏတာပဲ ရပ်တန့်လို့ရမှာ။ ဘယ်လိုလုပ်မလဲ။ သူမက ဒေါသထွက်နေဦးမှာပဲ။ ပြဿနာက ရှိနေဦးမှာပဲ။ ပဋိပက္ခကို ရွှေ့ဆိုင်းလိုက်တာက ပဋိပက္ခကို မဖယ်ရှားပေးဘူး—နောက်ကျ ပေါက်ကွဲသွားစေမှာ။ သူတို့ကိုယ်တိုင် ဖြေရှင်းခွင့်ပေးလိုက်တာက ပိုကောင်းတယ်။"

ပိုင်ကျီဟန်သည် သူ့ကို စိုက်ကြည့်နေသည်။

"အကြီးအကဲရဲ့ ဆင်ခြေလား?"

"ဆင်ခြေတဲ့လား။ ဉာဏ်ပညာပဲကွ”

ပိုင်ရမ်သည် ပြုံးလိုက်သည်။

ပိုင်ကျီဟန်သည် သက်ပြင်းရှည်ကြီး ချပြီး မျက်နှာလွှဲလိုက်သည်။

သူ ညည်းညူနေပေမဲ့ အကြီးအကဲတွင် ကိစ္စတစ်ခုရှိသည်ကို သူသိ၏

ထိုရှုပ်ထွေးမှုတစ်ခုလုံးသည် သူနဲ့မသက်ဆိုင်ပါက သူလည်း ဝင်မပါလောက်ပေ။

သူက စိတ်ပျက်လက်ပျက်နဲ့ ဆံပင်ကို လက်နဲ့ သပ်လိုက်၏

"ချီးပဲ အမေက အရှိန်မြှင့်ပြန်ပြီ။"

မူမျိုးနွယ်စုမှ ပိုင်မျိုးနွယ်စုဆီ ပြန်လာဖို့ အချိန်လေးပုံတစ်ပုံတောင် မကြာလိုက်ပေ

အကြောင်းရင်းကတော့ ရှင်းနေ၏

မူယွဲ့လန်သည် ကောင်းကင်ယံတွင် ဒေါသတကြီး ပျံသန်းနေပြီး သူမ ဝိညာဉ်ရေးရာ အရှိန်အဝါသည် မိုးတိမ်ပေါ်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခုလို ပျံ့နှံ့နေပေသည်။

မကြာခင်မှာပဲ သူမသည် အစွမ်းထက်သော ကျင့်ကြံသူများ စောင့်ကြပ်နေသည့် ပိုင်မျိုးနွယ်စု၏ တံခါးပေါက်ကို ရောက်ရှိခဲ့သည်။

အစပိုင်းမှာတော့ အစောင့်တချို့သည် ၎င်းကို တိုက်ခိုက်မှုတစ်ခုဟု အလိုလို ယူဆပြီး သူမကို ရပ်တန့်ဖို့ ပြင်ဆင်ခဲ့ကြပေသည်။

သို့ပေမဲ့ မူယွဲ့လန်ဆိုတာ သိလိုက်ရသည်နဲ့ သူတို့ မြန်မြန်ပဲ ရပ်တန့်သွားကြသည်။

မျိုးနွယ်စုခေါင်းဆောင်၏ ဇနီးနဲ့ ရာထူးမြင့်မားသူတစ်ယောက် အနေနဲ့ အထူးသဖြင့် သူမ ထိုကဲ့သို့ ဒေါသထွက်နေချိန်တွင် မည်သူမှ သူမလမ်းကြောင်းကို မပိတ်ဆို့ရဲကြပေ

"ဟူး”

ပိုင်ကျီဟန်သည် စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ပင် အစောင့်များ တွန့်ဆုတ်နေတာကို ကြည့်ရင်း ခါယမ်းလိုက်သည်။

သူတို့၏ တွန့်ဆုတ်မှုကို သူ နားလည်၏

၎င်းက သနားစရာကောင်းသည်ဟု ထင်မိသည်။

တကယ်တော့ သူတို့နေရာမှာ သူသာဆိုလည်း ထိုသို့ လုပ်မိမှာပင်။

"ကျွန်တော် အမေနောက်ကို လိုက်သွားလိုက်မယ်”

ပိုင်ကျီဟန်သည် ပြောရင်း ပျံသန်းနေသော သင်္ဘောပေါ်ကနေ ခုန်ဆင်းကာ သူ့အဖေစာကြည့်ခန်းဆီ တန်းသွားလေ၏

ပိုင်မျိုးနွယ်စုရှိ ပိုင်ထျန်းဟမ်၏ စာကြည့်ခန်းတွင်

ဘန်း!

မျိုးနွယ်စုခေါင်းဆောင် စာကြည့်ခန်း၏ လေးလံသော နှစ်ထပ်တံခါးသည် ပွင့်ထွက်သွားပြီး နံရံများသည် ပြင်းထန်စွာ ရိုက်ခတ်သံနဲ့အတူ ဆူညံစွာ ကွဲအက်သွားချေ၏

ဝိညာဉ်ရေးရာဖိအားများ ခန်းမဆောင်ထဲစီးဝင်လာသည်နှင့်အမျှ သစ်သားအစအနများသည် ကြမ်းပြင်ပေါ် ပြန့်ကျဲနေပေသည်။

ကျောက်စိမ်းစားပွဲနောက်တွင် ထိုင်နေသော ပိုင်ထျန်းဟမ်သည် ချက်ချင်းပဲ မတ်တပ်ရပ်လိုက်လေသည်။

သူသည် မျိုးနွယ်စုမှတ်တမ်းများအားတည်ငြိမ်စွာ ပြန်ကြည့်နေခဲ့ပေမဲ့ အခုတော့ သူ့မျက်လုံးများက ကျဉ်းမြောင်းပြီး သတိထားနေ၏

"ဘယ်သူလဲ”

ပျက်စီးနေသော တံခါးဝတွင် ရပ်နေသည့် ပုံရိပ်ကို သူမှတ်မိသွားသောအခါ စကားတွေ ပြတ်တောက်သွားချေသည်။

"ယွဲ့လန်”

မူယွဲ့လန်သည် သူ့ကို မနှုတ်ဆက်ဘဲ

မနေပေ

"ပိုင်ထျန်းဟမ်”

သူမအသံသည် မိုးကြိုးပစ်သလို ကျယ်လောင်စွာ ထွက်ပေါ်လာပေသည်။

ချက်ချင်းဆိုသလိုပဲ သူမသည် အခန်းကိုဖြတ်ပြီး သူ့ဝတ်ရုံကော်လာကို ဆွဲကိုင်လိုက်တာကြောင့် ထိုင်ခုံပေါ် မှ ပြုတ်ကျလုနီးပါးဖြစ်သွားကာ အားနဲ့ ရှေ့ကို ရောက်သွားသည်။

"မင်းက ဘာလဲ—“

ပိုင်ထျန်းဟမ်သည် ယိုင်ထိုးပြီး အံ့အားသင့်သွားသည်။

မဟာ ကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် အနေနဲ့တောင် သူ လုံးဝအံ့အားသင့်သွားသည်။

သူ့ဇနီးသည် ဗလာသန့်စင်ခြင်း နယ်ပယ်တွင်သာ ရှိနေသေးပြီး ဖြတ်ကျော်ဖို့ ခြေတစ်လှမ်းပဲ လိုတော့သည့်တိုင် သူမအစွမ်းသတ္တိကို ပြသနေသည်။

သူသည် သူမကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏

ပိုင်ရှင်းယွဲ့၏ တာအိုအရိုးကို ပိုင်ကျီဟန်ဆီ ယူသွားတုန်းကတောင် သူ့အနေနဲ့ ထိုသို့ ဆူပူကြိမ်းမောင်းခဲ့တာမျိုး မလုပ်ပေ

သူ့ရင်တွေ တုန်သွား၏

(ဒီတစ်ခါ ကျီဟန် ဘာလုပ်လိုက်တာလဲ။)

သူ့ဇနီး ထိုသို့ဒေါသထွက်နေသည်ကို

အခြေခံပြီး သူ့၏ယူဆချက်ပင်

သူတို့သားသည် မကြာသေးခင်က ပိုပြီး ရဲရင့်လာပေမဲ့ ယွဲ့လန်ကို ဒေါသတကြီးနဲ့ ပျံသန်းလာလောက်အောင်အထိ ပြင်းထန်သော တစ်စုံတစ်ခုကို သူဖြစ်စေခဲ့သည်လား။

"ခဏနေဦး ယွဲ့လန်..စိတ်အေးအေးထားပါ—ဘာဖြစ်သွားလဲဆိုတာ ငါ့ကိုပြောပြပါ”

"ဘာဖြစ်သွားလဲဆိုတာ မေးရဲလား”

သူမ အော်ပြောလိုက်ကာ သူမဝိညာဉ်ရေးရာဖိအားတွေ ပြန်ပေါ်လာ၏ နံရံများသည် တင်းမာမှုကြောင့် တကျွီကျွီမြည်သွားချေသည်။

ပိုင်ထျန်းဟမ် စိတ် လှုပ်ရှားနေပေ၏။

"တစ်ယောက်ယောက်က မူမျိုးနွယ်စုကို တိုက်ခိုက်ခဲ့တာလား?"

"မဟုတ်ဘူး”

သူမသည် သူ့ကို ထပ်ခါတလဲလဲ ခါယမ်းလိုက်၏။

"ဒါဆို ဘာလဲ? ကျီဟန်က ဘေးအန္တရာယ်တစ်ခုခု ဖြစ်အောင် လုပ်ခဲ့တာလား?"

"မဟုတ်ဘူး”

"ဒါဆို ဘာလဲ”

"ငါတို့သားရဲ့ စေ့စပ်ပွဲကို ငါ့နောက်ကွယ်မှာ စီစဉ်ခဲ့တာလား”

တိတ််ဆိတ်သွား၏

လုံးဝတိတ်ဆိတ်နေတာပင်

ပိုင်ထျန်းဟမ် ရပ်တန့်သွားပေသည်။

မူယွဲ့လန်၏ ဆုပ်ကိုင်မှုသည် ပိုမို တင်းကျပ်သွားသည်။

"ငါ့မှာ ငါ့အကြောင်းပြချက်တွေ ရှိတယ်။" ပိုင်ထျန်းဟမ်သည် သတိထားပြီး ပြန်ဖြေနေ၏။

"ကျေးဇူးပြုပြီး ပြောပြပါ။"

သူမသည် လှောင်ပြောင်သော လေသံနဲ့ ပြောလိုက်လေသည်။

သူ လည်ချောင်းရှင်းလိုက်ချေ၏

"ပထမဆုံးအနေနဲ့... ကျီဟန်ရဲ့ အမွေဆက်ခံသူအဖြစ် ရာထူးက အမြဲတမ်း မတည်မငြိမ်ဖြစ်နေတယ်ဆိုတာ မင်းသိပါတယ်။ အကြီးအကဲတွေက သူ့ကို မေးခွန်းထုတ်ခဲ့ကြတယ်။ ချူကျီယန်နဲ့ ဒီဆက်ဆံရေးက သူ့ရဲ့ရာထူးကို ခိုင်မာစေပြီး အစွမ်းထက်တဲ့ မဟာမိတ်တစ်ယောက်ကို ပေးစွမ်းခဲ့တယ်။ သူမက ပါရမီရှိပြီး အနာဂတ်မှာ သူ့ကို ကာကွယ်ဖို့ ကူညီပေးနိုင်တယ်။"

"ဒါကြောင့် မျိုးနွယ်စုအတွက် အာဏာကို လုံခြုံစေဖို့ နိုင်ငံရေးလက်ထပ်ပွဲကို စီစဉ်ပေးခဲ့တယ် ဆိုပါတော့”

သူမသည် အေးစက်စွာပြုံးလိုက်၏ "အခြေခံအားဖြင့် ရှင်က ချူးမျိုးနွယ်စုရဲ့ အကူအညီနဲ့ သူတို့ရဲ့ ပါရမီကို မျိုးနွယ်စုထဲ ဝင်ဖို့ ကျွန်မ သားကို ရောင်းစားတာပေါ့.. ရပါပြီ”

(မင်း ဘာမှမသိဘူး)

ပိုင်ထျန်းဟမ်သည် စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

ဒါပေမယ့် ယခု ဒေါသကို ပြသခြင်းသည် အခြေအနေတွေကို ပိုဆိုးစေလိမ့်မည်သာ။

"ယွဲ့လန်၊ မင်း အတွေးလွန်နေတယ်။ ဟုတ်ပါတယ်၊ ငါ မင်းကို တိုင်ပင်သင့်တယ် ။ ဒါပေမယ့် မင်းက တံခါးပိတ်ကျင့်ကြံနေပြီး အခြေအနေက အရေးတကြီးဖြစ်နေတယ်။ ကျီဟန်က အသက်အရွယ်ရောက်နေပြီ။ အိမ်ထောင်ပြုတာက နောက်ထပ် သဘာဝကျတဲ့ ခြေလှမ်းပဲ။ ပြီးတော့ ချူကျီယန်က ငါတို့သားနဲ့ လိုက်ဖက်ပါတယ်။"

၎င်းသည် သူမကို စိတ်ငြိမ်စေလိမ့်မည်ဟု သူထင်ခဲ့သည်။

သူ မှားသွားချေပြီ

သူမမျက်နှာအမူအရာသည် ပိုမှောင်မိုက်သွားလေပြီ

" ပိုင်ထျန်းဟမ် ၊ ကျွန်မကိုမပြောပြလို့ ဒေါသထွက်နေတယ်လို့ တကယ်ထင်နေတာလား"

"...ဒါပဲမဟုတ်ဘူးလား"

ပိုင်ထျန်းဟမ်သည် တကယ်ကိုစိတ်ရှုပ်ထွေးနေပြီး မေးလိုက်၏

သူမက ခေါင်းကိုဖြည်းဖြည်းချင်း ခါလိုက်သည်။

"ဒါဆို ဘာလို့လဲ"

သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်လေ၏

"ကျွန်မတို့သားကို တခြားတစ်ယောက်ယောက်နဲ့ လက်ထပ်ပေးဖို့ ကတိပေးထားတာ။"

ပိုင်ထျန်းဟမ်သည် မျက်တောင်ခတ်လိုက်လေသည်။

"မင်းဘယ်သူ့ကိုကတိပေးထားတာလဲ"

"ချင်ဝူလိန်”

ယွဲ့လန်ကဖြေလိုက်၏

ပိုင်ထျန်းဟမ်သည် ထိုနာမည်ကိုကြားတော့ ပိုအံ့ဩသွားပေသည်။

"မင်းဆိုလိုတာက... ကျီဟန်ကိုလက်ထပ်ခိုင်းမှာ..."

"ဟုတ်တယ်၊ ရှင်းယွဲ့နဲ့”

All Chapters